ကိုတွတ်ပီ ကားဝပ်ရှော့ EFI VV-T I Engine Control

  • Home
  • Myanmar
  • Yangon
  • ကိုတွတ်ပီ ကားဝပ်ရှော့ EFI VV-T I Engine Control

ကိုတွတ်ပီ ကားဝပ်ရှော့ EFI VV-T I Engine Control Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကိုတွတ်ပီ ကားဝပ်ရှော့ EFI VV-T I Engine Control, Real Estate, ဗိုလ်မင်းအောင်လမ်း, Yangon.

10/09/2022
9.9.2022 ယုံကြည့်စွာနဲ့ကားများလာရောက်ပြုပြင်အားပေးတဲ့ ကား8 စီး🚘အားလုံးကျေးဇူးတင်ပါတယ်ကိုတွတ်ပီ ကား၀က်ရှော့EFI VVTI Engin...
10/09/2022

9.9.2022 ယုံကြည့်စွာနဲ့ကားများ
လာရောက်ပြုပြင်အားပေးတဲ့ ကား8 စီး🚘
အားလုံးကျေးဇူးတင်ပါတယ်

ကိုတွတ်ပီ ကား၀က်ရှော့
EFI VVTI Engine Control

09425025707 ရန်ကုန်

06/09/2022

ဘာလို့ ABS မီးလင်းတာလဲ

မဂ်လာညချမ်းလေးပါဗျ
ကိုတွတ်ပီ ကားဝပ်ရှော့မှ ကားချစ်သူများကို🚘
နွေးထွေးစွာကြိုဆိုပါတယ်🚘

Fielder 2002/3 ကားတွေမှာABS Brake System
ABS မီး Brake မီး လေဘောင်မီး EPS မီးတွေလင်းလာလျှင် မိုင်းလစ်မတက်တော့ဘူး ဂီယာအချိန်းမမှန်တော့ဘူး ဒါဆိုလျှင် ဘာတွေအရင်စစ်ဆေးပြီးတော့ပြုပြင်ရမလဲဆိုတာကို ဒီVideo File လေးမှာပြီးအောင်ဝင်ကြည့်သွားလျှင်ညီကိုများသိနိုင်ပါတယ်

တကယ်တော့ကားပိုင်ရှင်အများစုကချောဆီလဲတဲ့အခါမှာ engine oil gear oil coolant တွေပဲသတိတရလဲကြပါတယ် brake oil နဲ့ power oil ကိုတော့လဲဖို့မေ့နေကြတယ် ကားengine ခန်းထဲမှာပါဝင်တဲ့ချောဆီများကို kilo အလိုက်သတိတရလဲပေးမယ်ဆိုလျှင်ပစ်ည်းအစိတ်အပိုင်းအားလုံးကကြာရှည်စွာသုံးနိုင်မှာဖြစ်ပါတယ် အဲ့တော့ brake oil နဲ့ power oil ကိုလဲသတိတရလဲပေးဖို့အကြံပေးပါရစေ

တစ်နိုင်ငံလုံးရှိ မိတ်ဆွေတွေရဲ့တန်ဖိုးကြီးကားများကိုကျွန်တော်တို့ ကိုတွတ်ပီကားဝပ်ရှော့မှအချိန်တိုင်းအကောင်းဆုံးဖြစ်အောင်ပြုပြင်ထိန်းသိမ်းပေးနေပါပြီ🚘

ကိုတွတ်ပီကားဝပ်ရှော့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သစ္စာလမ်း 09425025707👍

အင်ဂျင်ဝိုင်ပျောက်နေလို့လာရောက်ပြုပြင်
01/09/2022

အင်ဂျင်ဝိုင်ပျောက်နေလို့လာရောက်ပြုပြင်

Toyota Probox /Succeed အကြောင်း  ခိုင်းမှာဆို Probox သာဝယ် ယနေ့ တော်တော်များများ ပြောကြသော ကားလောက အသံများ။ပရိုဘောက်က ဘာ...
27/08/2022

Toyota Probox /Succeed အကြောင်း

ခိုင်းမှာဆို Probox သာဝယ်
ယနေ့ တော်တော်များများ ပြောကြသော
ကားလောက အသံများ။
ပရိုဘောက်က ဘာကြောင့် စွတ်ခိုင်းလို့
ကောင်းနေရတာတုန်း, အများစု Probox ကို ရွေးဝယ်နေကြတာလဲ စသဖြင့် လေ့လာမိပါတော့တယ်။
အများစု အသိထပ်နေကြတာက Probox နဲ့ succeed အတူတူ ပဲ လို့ ထင်မြင်နေကြတာပါ။
ရုပ်ချင်း ဆင်တယ်ဆိုရင် ပိုမှန်မလား , အတွင်းပစ္စည်းကျတော့ရော တူနေပြန်ရော ,
ဒါပေမဲ့ နောက်မီးခွက် ကျတော့ ကွဲပြန်ရော ,
အဲ ရှေ့ မီးခွက်ကျ တူပြန်ရော။
ဘာတွေ မှန်းမသိ တော့ဘူး မောင်းကောင်းရင် ပြီးရော ကွာဆိုပြီး အလွယ်သာရွေးလိုက်ရပါလေရော။

Probox

First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။
Commercial compact car အမျိုးအစား
တံခါး ၅ ပေါက် နဲ့ ရှေ့ယက် သို့ 4WD နှစ်မျိုး
ထုတ်ပါတယ်။အင်ဂျင်ကတော့ ၂ မျိုးထုတ်ပါတယ် 1.3 L နဲ့ 1.5 L တွေပါ။

1.3 L 2NZ-FE I4
1.5 L 1NZ-FE I4 တွေတပ်ဆင် ထုတ်လုပ်ပါတယ်။
1.3 L အင်ဂျင်တပ် ပရိုဘောက်မှာ
chassis အနေနဲ့ UA-NCP50 လို့ ထွက်ပြီး
1.5 L အင်ဂျင်တပ်ရင်တော့ UA-NCP58G / NCP55 / NCP51လို့ ထွက်ပါတယ်
( 4WD ဆိုရင် NCP59G )။

ဘာဂရိတ်မှ မဖေါ်ပြတဲ့ ကတုံး ဆိုရင်တော့
NCP50 နဲ့ ထွက်လေ့ရှိပြီး မှန်လက်လှည့်/ မှန်ချိုး မပါ/ ဘက်မှန်အသေး နဲ့ လာလေ့ရှိပါတယ်
( DX လို့လည်းတပ်တတ်ပါတယ်)။

DX grade အမှန်အကန် ဆိုရင်တော့
ဒရိုင်ဘာ မှန်တစ်ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိန် ပါလာမယ်,
ဘက်မှန်အကြီး ဖြစ်လာမယ်,
radio FM ပါပါတယ်။

GL grade ကတော့
ရှေ့တံခါး ၂ ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိုး မှန်ခေါက် ခလုပ်လေး ပါလာမယ်,
နောက်wiper ပါလာမယ်,
ကျန်တာကတော့ DX နဲ့ အားလုံးတူပါတယ်။

F grade မှာတော့ 1.3 အနေနဲ့ မလာတော့ပဲ
၁.၅ သာလာတာတွေ့ရပါတယ်။
မန်နူရယ် ဂီယာ ၅ ချက်နဲ့လည်း ထုတ်သလို
ကတုံးလည်း ထွက်ပါတယ်။
မှန်းရအခက်ဆုံး ဂရိတ် လို့တောင် ပြောချင်ပါတယ်။

F extra package မှာတော့
GL နဲ့ ဆင်တူ ပါတယ် ထူးခြားတာကတော့
နောက်ထိုင်ခုံ ခေါင်းမှီ ပါလာတာပါ။
F extra မှာ တံခါး ၄ ပေါက် ပါဝါနဲ့လည်း လာပါတယ်။

Succeed

Succeed မှာတော့ Probox ကို အဆင့်မြှင့်ထားတဲ့ လူစီး wagon အမျိုးအစား ဖြစ်သွားပါပြီ။ နောက်ဖုံးတံခါး , ရှေ့မီးခွက် , နောက်မီးခွက် နဲ့ အတွင်း ထိုင်ခုံတွေ မတူပါဘူး။

UL, ULX , TX, TXG ဆိုပြီး ဂရိတ် ၄ မျိုး လောက်တွေ့ရလေ့ရှိပြီး
chassis ကတော့ Probox နဲ့ သွားတူနေပါတယ်။ Succeed မှာကတော့
အင်ဂျင်ပါဝါ 1.5L 1NZ-FE I4 ဟာ
standard ပါပဲ( တခြား အင်ဂျင်မတပ်ပါ)။

UL ဂရိတ်မှာ က
အကွဲ ၂ မျိုးလောက်တွေ့ရပါတယ်။
ရှေ့ပါဝါ ၂ ပေါက် , မှန်ချိန် နဲ့ လာသလို ,
လက်လှည့်နဲ့လည်း လာပါတယ်။

ULX ကတော့
ရှေ့ပါဝါ ၂ ပေါက် သို့ ၄ ပေါက် ပါပြီး
ကျန်တာကတော့ အားလုံး နီးပါးပါဝင်ပါတယ်။

TX grade ကတော့
ပါဝါ ၂ ပေါက် နဲ့ ထူးခြားချက် အဖြစ် မှန်ချိုး
မပါဝင်ပါဘူး။

TXG ကတော့
အစုံဆုံး ဂရိတ်လို့သာ သတ်မှတ်ရမှာပါ။
ပါဝါ ၂ ပေါက် / ၄ ပေါက် , မှန်ချိုး, မှန်ချိန်, Alloy , back mirror heater စသဖြင့် တော်တော်စုံပါတယ်။

Succeed တိုင်း ရဲ့ ထူးခြားချက်
အနေနဲ့ကတော့
နောက်တုတ် ဂရိတ်တိုင်းမှာပါသလို /
ပါဝါ တစ်ပေါက် မရှိပါဘူး
( လက်လှည့် သို့ ၂ ပေါက် သို့ ၄ ပေါက်)။

Succeed မှာ ဒီဇယ် အင်ဂျင်တပ်
အမျိုးအစားလည်းထုတ်ပါတယ်

1.4L 1ND-TV I4 D4-D ဒီဇယ်အင်ဂျင်ကို
မန်နူရယ် ဂီယာ ၅ ချက်နဲ့ တွဲလာပါတယ်။
Probox ရဲ့ ဆီစားနှုန်း ကလည်း သက်သာလှပါတယ်။ ယနေ့ ရန်ကုန်မြို့လို့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာမှာ Probox ရဲ့ ဆီစားနှုန်းဟာ တခြားသော ကားအမျိုးအစားတွေထက် သာလွန် သက်သာနေပါတယ်။

အောက်မှာ ပျှမ်းမျှ ဆီစားနှုန်းလေးတွေ
ယှဉ်ပြထားပါတယ်,

Probox 41.8 mpg
ADvan 39.9 mpg
Passo 44.8 mpg
Note 48.8 mpg
Fielder 42.8 mpg
Fit GD1 51.4 mpg
Fit GE6 52.3 mpg
Fit GP1 64.0 mpg ( hybrid)
Insight 64.2 mpg ( hybrid)

• 2014 July မှာတော့
ပုံပြောင်း Probox နဲ့ Succeed ကို စတင်ရောင်းချ ခဲ့ပါတယ်။ လက်ရှိ ဂျပန်မှာ ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပါတယ်။
F, GL, DX comfort , DX ဆိုပြီး ရောင်းချလျှက်ရှိပါတယ်,
chassis အနေနဲ့ကတော
့ NCP50 / 51/55/58/59 စသဖြင့် သုံးစွဲနေပါသေးတယ်။

F grade မှာ ကတော့
ပါဝါ ၄ ပေါက် , နောက်ထိုင်ခုံ ခေါင်းမှီ, စီယာရင် logo နီကယ်, ဘီးဖုံး , တံခါးလက်ကိုင် ကားအရောင်တူ, ဘက်မှန် ကားအရောင်တူ,
မှန်မည်း, remote key နဲ့ audio-less cover
တွေ ပါဝင်မှာပါ။

GL မှာတော့
ဘီးဖုံး မပါတော့ပါဘူး, ပါဝါ ရှေ့တံခါး ၂ ပေါက်ပဲ ပါမယ်, FM radio ပါလာမယ်, နောက်ခေါင်းမှီ
မပါတော့ဘူး, စီယာရင် logo ကတော့ နီကယ်
မပါတော့ပါဘူး။ ကျန်တာ အားလုံးကတော့
F grade အတိုင်းပါပဲ။

DX comfort မှာတော့
သံဂွေဘီးဖုံးမပါ, လက်ကိုင် နဲ့ နောက်တံခါး လက်ကိုင်, စီယာရင် လိုဂို အားလုံး အမည်းရောင် , ဘက်မှန် အမည်းရောင် ( အသေး) ဖြစ်သွားပြီး GL နဲ့ ကျန်တာ အားလုံးတူပါတယ်။
DX ကတော့ အနိမ့်ဆုံး ဂရိတ် ပါဝါ တစ်ပေါက် , ရိုးရိုးကီး , နဲ့ မှန်ချိုး မပါတော့ပါဘူး။

Dashboard မှာ
slide table, ABS , driver cup holder
စတာတွေကတော့ ကားအားလုံးမှာပါဝင်ပါတယ်။
1.3L နဲ့ 1.5L အင်ဂျင် ၂ မျိုး ကို
super CVT-i transmission
တပ်ဆင်ထုတ်လုပ်ပါတယ်။ 1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါတယ်။

ဆီစားနှုန်းကတော့
F & GL ( 1.5L, 2WD) - 18.2 km/L
F & GL ( 1.5L,4WD) - 15.8 km/L
DX ( 1.3L, 2WD) - 17.6 km/L
အသီးသီးရှိတယ်လို့ တိုယိုတာ ဂျပန် မှာ
ပြောထားပါတယ်။

Succeed အနေနဲ့ ထူးခြားသွားတာကတော့
ပုံပြောင်းချိန်မှာ လုံးဝ ပုံစံတူသွားတာပါပဲ။
ဂရိတ်လည်း ၄ မျိုး အတူတူ ထွက်ပါတယ်
TX, UL-X, UL နဲ့ U ပါ။
U = DX , UL= DX comfort, UL-X=GL, TX= F လို့ သတ်မှတ်လို့ ရပါတယ်။
တစ်ခုပါပဲ Succeed မှာ
1.5 L အင်ဂျင်နဲ့သာ ထုတ်ပါတယ်။
အရောင်အနေနဲ့ ၆ ရောင်ထိ ရရှိနိုင်ပြီး
အဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ ဖြစ်ပါတယ်

Credit original upload

#ကားအကြောင်း

ရေတက်နေတဲ့နေရာတွေမှာ ကားမောင်းရင် ဒါလေးသတိထားပါမတော်တဆ ကားရေမြုပ်ခဲ့ရင်ရော ဘာတွေလုပ်ရမလဲ ? မနေ့ညက ရန်ကုန်မှာ မိုးအတော်ရွ...
18/08/2022

ရေတက်နေတဲ့နေရာတွေမှာ ကားမောင်းရင် ဒါလေးသတိထားပါ
မတော်တဆ ကားရေမြုပ်ခဲ့ရင်ရော ဘာတွေလုပ်ရမလဲ ?

မနေ့ညက ရန်ကုန်မှာ မိုးအတော်ရွာတယ် ။ ရွာတယ်ဆို ရန်ကုန်မြို.ပြရဲ. ထုံးစံအတိုင်း မိုးသည်းတဲ့နေရာတွေမှာ ရေတွေ၀ပ် ပြီး ကားလမ်းမပေါ်တွေမှာ ကားအင်ဂျင်ခန်းမြုပ်လုနီးပါးရေတွေတင်နေတတ်ပါတယ် အဲ့ဒီလိုရေကြီးနေတဲ့ နေရာတွေ ၊ ရေတွေတက်လာပြီး ရေကျော်နေတဲ့ကားလမ်းမတွေမှာ သင့်ကားကိုမောင်းတော့မယ်ဆိုရင်ဖြစ်တတ်တဲ့ပြဿနာတရပ်ရှိပါတယ် ။

အများအားဖြင့်တော့ အင်ဂျင်ခန်းအနိမ့်ကားတွေမှာဖြစ်တတ်ပါတယ် ။ အဲ့ပြဿနာကတော့
(Hydro lock) လို့ခေါ်တဲ့အင်ဂျင်မီးလောင်ခန်းထဲမှာရေတွေဝင်ပြီး ပိတ်လှောင်မိတဲ့ပြဿနာပါ ။

Hydro lock ဆိုတာဘာလဲ?

Hydro lock ဆိုတာက သင်ရေထဲမှာကားမောင်းနေလို့ သင့်အင်ဂျင်ခန်းက ရေထဲမြုပ်သွားမယ်ဆို အင်ဂျင်တလုံးရဲ့ လည်ပတ်ပုံစနစ်ဖြစ်တဲ့ လေနဲ့ဆီ အရောအနှော (ဝါ ) လေဝင်တဲ့ Inlet ပေါက်ကနေ ရေတွေဝင်လာပြီး ၊ နောက် အဲ့ရေတွေက Cylinder ထဲရောက် ၊အဲ့အချိန် Piston ကနေ အဲ့ဒီရေတွေကိုသွားပြီး ဖိသိပ်မိရာကနေ ရေ
ထောင်ချောက်မိတဲ့ ပြဿနာပါပဲ ။ ဘာကြောင့် လဲဆိုရင် ရေဆိုတာဟာ Hydraulic အမျိုးအစားထဲပါဝင်ပြီး ပမာဏအနည်းငယ်မှလွဲ၍ ဖိသိပ်၍မရနိုင်ပါဘူး ။ ဖိသိပ်လို့ မရတဲ့ရေကို ဖိသိပ်မှုအားပြင်းတဲ့အင်ဂျင်ထဲထည့်ပြီး ဖိသလိုဖြစ်သွားရင် ဘာဖြစ်သွားမလဲဆိုတော့ ။

ဘာပြဿနာတွေရှိနိုင်လဲ ?

အရှိန်များများနဲ့မောင်းနေရင်
ကရိုင်း (crankshaft) နဲ့ ပစ်စတင်( Piston) ကြားထဲမှာရှိတဲ့ (connecting rod )ကွန်းနက်တင်း တွေကွေးကောက်သွားမယ် ၊ ဒါမှမဟုတ်ကျိုးပဲ့သွားပါမယ် ။

ကရိုင်း (crankshaft) ကွေးသွားမယ် ကောက်သွားမယ် ။

ဆလင်ဒါဟက် (cylinder head) နဲ့ အင်ဂျင် ဘလောက် (engine block) တွေကိုတွဲထားတဲ့ မူလီတွေ ဆွဲဆန့်သလိုဖြစ်သွားမယ် ၊ ပျော့သွားမယ် အဝင်နဲ့အထွက်ဘားတွေ (intake and/or exhaust valves) ကသူတို့ရဲ့ဘားအထိုင်တွေကို ထိုးပြီးထွက်သွားမယ် ပလပ် (spark plug) အရစ်တွေပျက်ဆီးပြီး အပြင်ကိုရုတ်တရက်ထွက်သွားမယ်ပစ်စတင်( piston )ရဲ့အပေါ်မျက်နှာပြင်တွေ ကွေးသွားမယ်
ဆလင်ဒါဟက်(cylinder head) လည်း ကွေးသွားမယ် ၊ ကွဲသွားမယ်ကင်းရှပ် (Camshaft) တွေလည်းကျိုးသွားနိုင်ပါတယ်။ အင်ဂျင် ဘလောက်လည်းကွဲတာအက်တာဖြစ်နိုင်ပါတယ် ။

ရေထဲမှာအရှိန်နဲ့မောင်းနေတုန်း ရေဝင်ပြီး Hydro lock ဖြစ်သွားရင် အထက်ပါအချက်တွေထဲကတခုထဲ ဖြစ်စေ ဒါမှမဟုတ်မောင်းတဲ့အရှိန်ကိုမူတည်ပြီး အင်ဂျင်တခုလုံးပျက်စီးမှုတွေဖြစ်နိုင်ပါတယ် ။

ဒါဆိုရင်တော့ ကားကိုဝပ်ရှော့ပို့ အင်ဂျင်ချပြီး
အင်ဂျင်အစိတ်အပိုင်းတွေ အများကြီးပြုပြင်ရပါမယ် ။ အင်ဂျင်တခုလုံးလဲရတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။

အရှိန်နည်းနည်းနဲ့မောင်းနေရင်

အင်ဂျင်အစိတ်အပိုင်းတွေမပျက်စီးဘဲ ရုတ်တရက်ကားစက်ထိုးရပ်သွားတာမျိုးပဲဖြစ်နိုင်ပါတယ် ။
အဲ့ဒါဆိုရင်တော့ပထမဆုံး ပလပ်အားလုံးကိုချွတ်လိုက်ပြီး အတွင်းမှာအောင်းနေတဲ့ဖိအားတွေကို ပလပ်အပေါက်တွေကနေ လျော့သွားပါစေ။

အင်ဂျင်ကို လက်နဲ့ဖြစ်စေ ၊ Starter Motor နဲ့ဖြစ်စေ အပတ်ရေအနည်းငယ်လှည့်ပေးပါ ။
နောက်ဆလင်ဒါထဲက ရေတွေကို အဆင်ပြေတဲ့နည်းနဲ့ စုပ်ထုတ်ရပါမယ် ။
ပလပ်တွေကိုခြောက်သွေ.အောင်လုပ်ပေးပါ ။

အခြားချို.ယွင်းချက်များမရှိပါက ပြန်တပ်ပြီးစက်ပြန်နိုးလို့ရနိုင်ပါတယ် ။

ကားရပ်ထားတုန်း အင်ဂျင်ထဲရေဝင်သွားရင်ရော

ကားရပ်ထားတုန်း အင်ဂျင် ဆလင်ဒါထဲ ရေတွေဝင်နေမယ် ၊ အဲ့ဒါကိုသတိမမူဘဲကားစက်နှိုးမယ်ဆိုရင်တော့ ကားအင်ဂျင်အစိတ်အပိုင်းတွေဘာမှမဖြစ်ပါဘူး ၊ သင့်ရဲ့ starter ပဲလောင်သွားပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုရင် starter mechanism's torque လို့ခေါ်တဲ့ starter motor ရဲ့ လည်ကိန်းဟာ engine's operating torque အင်ဂျင်အလုပ်လုပ်တဲ့လည်ကိန်းထက်နည်းနေတာမို့ မနိုင်ဝန်ကိုအတင်းထမ်းခိုင်းသလိုဖြစ်ပြီး လောင်သွားတာပါ။

ဂီယာဘောက်(ATF) ထဲ ရေ၀င်သွားတတ်တာမျိုး

ရေတက်တဲ့နေရာတွေမှာ ကားမောင်းရင် ဂီယာဘောက်ထဲလည်း ရေ၀င်တာမျိုးလည်း ကြုံခဲ့ရဖူးပါတယ် ၊ မိုးရာသီရေတွေကြီးတဲ့ အချိန် ရေထဲဖြတ်မောင်းပြီး နောက်ရက် ဂီယာအချိန်းအပြု အဆွဲအရုန်း တမျိုးမျိုးထူးခြားတာ ဖြစ်တယ် ၊ ဂီယာစောင့်တာမျိုးဖြစ်တယ်ဆိုရင် (ATF) ဂီယာဝုိင် ဂိတ်တံက တဆင့် ဂီယာဝုိင်အခြေအနေကို တိုင်းတာစစ်ဆေးသင့်ပါတယ် ။

ကျနော်ကိုယ်တိုင်ကြုံတွေ.ဖူးတာကတော့ အရင်နှစ် မိုးရာသီတုန်းက ကားလေးတစီး ဂီယာစောင့်တယ်ဆိုပြီး ရုံမှာလာပြလို. ၊ ဂီယာဝုိင် (ATF) ဂိတ်တံက နေ ဆီအနေအထားတိုင်းတာကြည့်တော့ ATF ဆီတွေက ရေနဲ.ရောနေလို. ဂီယာဘောက် အောက် ဇကာပါခွာဆေးကြော ဆီအသစ်ပြန်ထည့်ပေးလိုက်ရပါသေးတယ် ။
ဖြစ်ဖြစ်ခြင်း သတိထားမိပြီး မြန်မြန်ဆန်ဆန် ပြုပြင်လိုက်နိုင်လို. အများကြီး အကုန်အကျသက်သာသွားတာပါ ။

ABS မီးတွေ လင်းလာတတ်ပါတယ်
ရေတက်နေတဲ့ နေရာတွေကို ဖြတ်မောင်းပြီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက် Error တမျိုးကတော့ ABS မီးလင်းလာတာမျိုးပါ ၊ ဒါမျိုးကတော့ ဖြစ်လေ့ဖြစ်ထရှိပြီး ၊ အဓိကကတော့ ABS စနစ်ရဲ. Wheel Speed Sensor တွေရေစိုသွားရင် ဖြစ်တတ်တာမျိုးပါ ။

ပုံမှန်အားဖြင့်တော့ ရေခြောက်သွားတဲ့အချိန်မှာ ABS မီးတွေ ပြန်ပျောက်သွားတတ်ပါတယ် ၊ ကားခြောက်သွေ.သွားတဲ့ထိတိုင် ABS မီးတွေလင်းနေသေးတယ်ဆိုရင်တော့ ကျွမ်းကျင်၀ပ်ရှော့တွေမှာ ပြသစစ်ဆေးရမှာဖြစ်ပါတယ် ။

ရေစိုလို.ဖြစ်တတ်တဲ့ ABS မီးလင်းတာမျိုးကတော့ Wheel Speed Sensor တွေကို ဖြုတ်ဆေးကျောရုံနဲ. ကောင်းသွားတတ်ပါတယ် ။

ဒါတွေကတော့ သင်ရေထဲကားဖြတ်မောင်းနေတုန်း လေဝင်ပေါက်ကနေ အင်ဂျင်
ဆလင်ဒါထဲကို ရေဝင်သွားရင်ဖြစ်လာနိုင်တဲ့ ကြီးမားတဲ့ ပြဿနာတွေက စပြီး အခြား စက်မှုပိုင်းဆိုင်ရာ အီလက်ထရောနစ်ပိုင်းဆိုင်ရာ အခြေခံပြဿနာတွေပါ ။ အခြားဆင့်ပွားပြဿနာတွေအများကြီးဖြစ်နိုင်ပါသေးတယ် ။

ကားဝါယာရိန်းနဲ့ သက်ဆိုင်တဲ့ ECU တွေ , BCM တွေ Fuse ခုံတွေထိပါရေမြုပ်တယ်တယ်ဆိုရင်တော့

သော့ဖွင့် စက်နှိုးတာတွေ လုံး၀မလုပ်ပါနဲ့ ။

1. Battery ခေါင်း အနှုတ်ငုတ်ကို အရင်ဖြုတ်ပါ ။
2. ကားထိုင်ခုံတွေ ဖြုတ် ၊ ကြမ်းခင်း တွေခွာပြီး ဝါယာ Socket တွေပါဖြုတ်ပြီး ၊ SK တို့ WK-40 တို့လို့ ဆေးရည်တွေနဲ့ အရင်ဆေးကျောရပါမယ် ။ ပြီးရင် လေမှုတ် ၊ အခြောက်ခံရပါမယ်။
3. BCM တွေလိုဟာမျိုးတွေ ECU လိုဟာမျိုးတွေဆိုရင်လည်း အဖုံးတွေဖွင့်ပြီး Circuit Cleaner ဆေးရည်တွေနဲ့ ဆေးကျောပေးရပါမယ်။

အဲ့ဒါတွေအကုန် သန့်ရှင်းရေးလုပ် ဖြုတ်ဆေးကျော ၊ အခြောက်ခံပြီးမှ ဘတ္ထရီခေါင်းတွေပြန်တပ်ပြီး ၊ ဒိုင်ခွက်ထဲ မီးစုံမစုံတွေ စစ်ဆေးပြီး ဆက်လိုက်ရပါမယ်။
သေချာမဆေးကျော မသန့်စင်ရင် Socket တွေကြားထဲ ရွှံ့နွံတွေ ဝင်တာကစပြီး ၊ သံကြေးတက်တာတွေထိဖြစ်နိုင်ပြီး ၊ ကားခဏခဏ ပျက်တာ ၊ ချက်မီးတွေ ထထလင်းတာ ဖြစ်တတ်ပါတယ်။

Hybrid Battery ပါတဲ့ Honda Car တွေနဲ့ တချို့ Toyota Hybrid ကားတွေကို ကိုင်တွယ်တဲ့အခါမျိုးဆိုရင်တော့ နောက်မှာပါတဲ့ High Voltage Battery Line တွေကို သတိထားပါ ။ Safety ခလုတ်ကိုအရင်ပိတ်ပါနော် ။

Electronic Device တွေထဲရေဝင်နေချိန် စက်သွားနှိုးတာမျိုးလုပ်ရင်တော့ ကားမှာပါတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ဆက်စပ်လိုင်းတွေ အကုန်ပျက်စီးနိုင်တဲ့အကြောင်း အသိပေး တင်ပြပေးလိုက်ရပါတယ်။

စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
Prime Auto Technology ကထုတ်ထားတဲ့ ကားနှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
(1) လက်တွေ့အသုံးချ ကားဝါယာရိန်းနည်းပညာများစာအုပ်
https://www.facebook.com/Prime125/posts/2868462253452510
(2) လက်တွေ့အသုံးချ ကားအဲကွန်းနှင့် ဝါယာရိန်းနည်းပညာများစာအုပ်
https://www.facebook.com/1596624100636338/posts/2830034373961965/?d=n
(3) ကားရောဂါ လက္ခဏာများ စာအုပ် အတွဲ (၁) + (၂)
https://www.facebook.com/1596624100636338/posts/2859262071039195/?d=n
ကားဝါယာရိန်း နည်းပညာသင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/Prime125/posts/2906050449693690
(မှတ်ချက် ။ ပေ့စ်များ ၊ အကောင့်များတွင် ဒီစာကိုကြော်ငြာအဖြစ် ကော်ပီကူးယူတင်ပြခြင်း ၊ စာများဖြတ်တောက်ပြီး လိုသလိုအသုံးပြုခြင်း ခွင့်မပြုပါခမျာ)
Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
Lynn Za Nee ( P.T.U)
Prime Auto Technology

15/08/2022

Engine Oil အသစ်လဲတိုင်း မိမိကားကို မိမိ ကိုယ်တိုင် Restart ပြန်ချပါ
ကိုတွတ်ပီ ကား၀ပ်ရှော့။ EFI VVTI COntrol
Engine Gear Control မဂ်လာတောင်ညွန် မြိုနယ်
သစ္စာလမ်း 09 425025707. 09695425707

1ZZ engine oil ပျောက်နေတဲ့ ကားကိုကားပေါ်မှာပဲပြုပြင်ပေးလိုက်သည်ကိုတွတ်ပီ ကား၀ပ်ရှော့
15/08/2022

1ZZ
engine oil ပျောက်နေတဲ့ ကားကို
ကားပေါ်မှာပဲပြုပြင်ပေးလိုက်သည်

ကိုတွတ်ပီ ကား၀ပ်ရှော့

Engine oil ပျောက်နေတယ် မီးသံထွက်နေတဲ့ 1NZ engineလေးကို 2ရီအတွင်းအပြီးပြုပြင်
15/08/2022

Engine oil ပျောက်နေတယ် မီးသံထွက်နေတဲ့
1NZ engineလေးကို 2ရီအတွင်းအပြီးပြုပြင်

06/08/2022

Chevrolte. Malibu
CHECK LIGHTလင်း ြပီး Engine တုန်ခါ ေနတဲ့ ြပသနာ ကို ြပု ြပင်ေပး လိုက်ပါ ြပီ

မိမိ ကားနဲ့ လိုက်ဖက် တဲ့ Plug ကို သာ ေရွးချယ် ြပီး အသုံး ပါ
ကိုတွတ်ပီ ကားဝပ်ေရှာ့ EFI VVTI ENGINF CONTROL
မဂ်လာ ေတာင်ညွန့် ြမိုနယ် သစ္စာ လမ်း ရန်ကုန်မြို့ 09425025707. 09695425707

03/08/2022

ယနေ့ ယုံကြည့်စွာနဲ့ လာရောက်ပြုပြင်အားပေးကျတဲ့ လှိုင်သာယာ တာမွေ တောင်ဒဂုံ အင်းတကော် တာကေတ. ဒါးပိန် လှိုင် ပုဇွန်တောင် ကားများကို
အ ေကာင်းဆုံးပြုပြင်ေပးလိုက်ပါသည်

ကို တွပ်ပီ ကားဝပ်ရှော့ EFI VVTI. CONTROL ENGINE GEAR CONTROL. မင်္ဂလာတောင်ညွှန်မြို့နယ် သစ္စာလမ်း ရန်ကုန်မြို့.
09425025707. 09695425707

01/08/2022

Eigine Oil ပျောက်နေတယ် လျှော့နေတယ် eigine မလဲချင်ဘူး မကိုင်ချင်ဘူး အချိန်မပေးနိုင်ဘူးဆိုရင် ပြင်လို့ရနေပါပြီ
Killo 100000 ကျော် ဓါတ်ဆီ engine များဟာ
Engine oil ပျောက်ခြင်း လျှော့ခြင်း မီးခိုးလိုက်ခြင်း မီးသံခေါက်ခြင်း engine အဆွဲရုန်းကျခြင်း အမြဲ့တမ်းလိုလို ပြုပြင် စစ်ဆေးပေးရတဲ့ ကားတွေများလာပါတယ် VVTI ဓာတ်ဆီ engnie တွေဟာ engine oil ပျောက်ရတဲ့ လျှော့ရတဲ့ အကြောင်းရင်း ၃ ချက် ရှိပါတယ်
၁. Engine အပြင်ပိုင်းက ဝိုက်စီးများ သက်တန်းကုန်၍ engine oil လျှော့ခြင်း
၂. Engine အတွင်းပိုင်းက ဝိုက်စီးများသက်တန်းကုန်၍ engine oil လျှော့ခြင်း
၃. Engine oil killo. ကုန်အောင်သုံးခြင်း engine နဲ့ မလိုက်ဖက်တဲ့ engine oil များ အသုံးပြုခြင်း
မိမိ စီးနေသောကား engine oil လျှော့သည် ဖြစ်စေ engine မီးခိုးလိုက်သည် ဖြစ်စေ engine oil အမြဲလိုလို ဖြည့်နေရသည်ဖြစ်စေ. အထက်ပါ အချက်များ ကို ရှာဖွေ စစ်ဆေး ကြည့်ပါ
လူကြီးမင်းတို့ အလုပ်များပြီး အချိန်မပေးနိုင်သည်ဖစ်စေ ငွေကြေး အကုန်ကျ များများ မသုံးခြင်သည်ဖစ်စေ
ကျွန်တော် တို့. ကိုတွပ်ပီ ကားဝပ်ရှော့ မှ Engine oil ပျောက်ခြင်း လျှော့ခြင်း မီးခိုးလိုက်ခြင်း မီးသံခေါက်ခြင်း engine အဆွဲရုန်းကျခြင်း များကို အမြန်ဆုံးနဲ့ ဈေးနှုန်းသက်သာစွာနဲ့. ပြုပြင် ပေးနေပါပြီ

မင်္ဂလာတောင်ညွှန်မြို့နယ် သစ္စာလမ်း ရန်ကုန်မြို့
ကိုတွပ်ပီ ကားဝပ်ရှော့
09425025707. 09695425707

Address

ဗိုလ်မင်းအောင်လမ်း
Yangon
ကိုတွတ်ပီ

Telephone

+959425025707

Website

Alerts

Be the first to know and let us send you an email when ကိုတွတ်ပီ ကားဝပ်ရှော့ EFI VV-T I Engine Control posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category