NYB - Real Estate Company Limited New Yangon Business

NYB - Real Estate Company Limited New Yangon Business Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NYB - Real Estate Company Limited New Yangon Business, Real Estate Company, No. 39, 1st Floor, Ou Yin Street, Ma Gyi Tan, Near Kannar Zay, Yangon.

31/12/2020

မကြခင် ပေါ်ထွက်လာတော့မည့် အဆင့်မြင့် ရန်ကုန်မြို့တော်သစ် (Yangon Smart City) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

23/11/2020

မြန်မာအမျိုးသားညီနောင်များအကျိုးတူပူးပေါင်းအဖွဲ့အပါအဝင် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း (၉) ခုအား ရန်ကုန်မြို့....

21/11/2020

မြန်မာအမျိုးသားညီနောင်များအကျိုးတူပူးပေါင်းအဖွဲ့အပါအဝင် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း (၉) ခုအား ရန်ကုန်မြို့သစ်စီမံကိန်း၏ အဆိုပြုဖိတ်ခေါ်လွှာ ထုတ်ပေး+++++++

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) တင့်ပြခဲ့ကြတဲ့ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းအဖွဲ့ (၁၆) ခုထဲက အဆိုပြုဖိတ်ခေါ်လွှာ(RFP) ဝယ်ယူခဲ့တဲ့ အဖွဲ့အစည်း (၉)ခုကို အဆိုပြု ဖိတ်ခေါ်လွှာတွေ ထုတ်ပေးလိုက်ပြီလို့ Swiss Challenge တင်ဒါကော်မတီက ကြေညာထားပါတယ်။

အဲ့ဒီအထဲမှာ ပြည်တွင်းက နိုင်ငံသားဆောက်လုပ်ရေးလုပ်ငန်းရှင်များနဲ့ ဖွဲ့စည်းထားတဲ့ Myanmar National Brotherhood Consortium ၊ UMG Group ပိုင်ဆိုင်တဲ့ Dragon Power Company Limited နဲ့ ဒလတံတားစီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ Southern Metal Industry Co. Ltd တို့ ပါဝင်ခဲ့ပြီး ပြင်သစ်အခြေစိုက် Bouygues Construction Group နဲ့ အကျိုးတူပူးပေါင်းထားတဲ့ နိုင်ငံသားကုမ္ပဏီ BYMA Myanmar Limited ၊ ပြင်သစ်အခြေစိုက် SUEZ Group ၊ EDF HQ Singapore Pte Ltd တို့နဲ့ ထိုင်ဝမ်အခြေစိုက် BES Engineering Corporation တို့ ပါဝင်လာခဲ့ပါတယ်။

ဒီအဖွဲ့အစည်းတွေအနေနဲ့ လက်ရှိ ဖွဲ့စည်းထားမှုအတိုင်း ဖြစ်စေ၊ နည်းပညာနဲ့ ငွေကြေးလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်တယ်လို့ ကြေညာထားပါတယ်။ အဆိုပြုလွှာတွေကိုတော့ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပြီး သိရှိလိုတဲ့ အချက်များ မေးမြန်းဖြေကြားခြင်းကို ဒီဇင်ဘာလလယ်အထိ ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။



https://www.facebook.com/pyimyanmarnews/posts/3451122428256858
25/10/2020

https://www.facebook.com/pyimyanmarnews/posts/3451122428256858

ရန်ကုန်မြို့သစ်စီမံကိန်းတွင်အဆောက်အဦများဆောက်လုပ်ခွင့်ရရေးဆောက်လုပ်ရေးအသင်းသုံးသင်းပူးပေါင်းပြီး စိတ်ဝင်စားမှုအဆိုပြုလွှာတင်
==========================================

ရန်ကုန်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက် ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)ကို ဆောက်လုပ်ရေးအသင်းသုံးသင်းပူးပေါင်းပြီးတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအသစ်တွင် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများတည် ဆောက် ရန် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရ Swiss Challenge တင်ဒါကော်မတီကပြီးခဲ့သည့် အောက်တိုဘာ လ(၁၅)ရက်က စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ကိုခေါ်ယူခဲ့ရာ မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာအသင်း များဖြစ်ကြသည့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEA)၊ မြန်မာနိုင်ငံလိုင်စင် ရကန်ထရိုက်တာများအသင်းချုပ် (MLCA) နှင့် မြန်မာနိုင်ငံ မြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များအသင်း (MDA)တို့ ပူးပေါင်းထားသည့် Myanmar National Brotherhood အမည်ရအဖွဲ့က စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြောင်း EOT ကို တင်သွင်းခဲ့ကြ ခြင်း ဖြစ်သည်။

ယင်းသို့ ယခုကဲ့သို့ အဆိုပြုလွှာတင်ခြင်းမှာ မြန်မာနိုင်ငံ ဆောက်လုပ်ရေးသမိုင်းတွင် သမိုင်းဝင်သွားစေမည့် ဆောင်ရွက်ချက်တစ်ခုဖြစ်သွားမည်ဟု ဆောက်လုပ်ရေးအသင်းသုံးသင်းမှ တာဝန်ရှိသူတို့က ပြည်မြန်မာကို တညီတညွတ်တည်း ပြောဆိုကြသည်။

“ယခုလို ညီညွတ်စွာ ပူးပေါင်း ပါဝင်ဆောင်ရွက် ရတာ ကတော့မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ မှာ ဆောင်ရွက်တဲ့ ရန်ကုန်မြို့သစ်ဖြစ် တဲ့အတွက်ကြောင့် မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေနဲ့ ဒီသမိုင်းမှာ ပါဝင်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယုံကြည်ချက် ကြောင့် လည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံသားကုမ္ပဏီများနဲ့ စာချုပ် ချုပ်ပြီးခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ Swiss Challenge ဆိုတာကနဦး အဆိုပြုသူကို ပေးရတဲ့အခွင့် အရေး ဖြစ်ပါတယ်။ စာချုပ် ချုပ်ထားတဲ့ မြန်မာနိုင်ငံသား ကုမ္ပဏီ များက ဒီအခွင့်အရေးကို မရဘဲ နိုင်ငံခြားကုမ္ပဏီကို ဒီအခွင့် အရေးပေးထား တယ်ဆိုတာကို မခံချင်ဖြစ်ကြ တာလည်း ပါပါတယ်”ဟု Myanmar National Brotherhood တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပြုလွှာကို လက်ခံပြီး ဆောင်ရွက်ခွင့်ပေးလျှင် အခြေခံလုပ်သားကစ၍ မြန်မာနိုင်ငံသားများ လုပ်ကိုင် ဆောင်ရွက်တတ်သည့် လုပ်ငန်းများအား မြန်မာနိုင်ငံသားများနှင့် မြန်မာကုမ္ပဏီများ ရရှိလုပ်ကိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းတို့က ပြောကြသည်။

“ ဒီလိုလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်ကြောင့် အလုပ်အကိုင်ဆုံ းရှုံးသွားတဲ့ မြန်မာနိုင်ငံသားများကို အလုပ် အကိုင်ဖန်တီးရာ ရောက်သလို၊ မြန်မာကုမ္ပဏီများအနေဖြင့်လည်း လုပ်ငန်းပိုင်း၊ နည်းပညာပိုင်းတွေမှာ အတွေ့ အကြုံနဲ့ အဆင့်အတန်းတစ်ခုကို ရောက်ရှိစေနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာအဆင့်မြင့်ပြီး၊ မြန်မာနိုင်ငံသား များက မလုပ်ကိုင်နိုင်တဲ့ အပိုင်းကိုသာ နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြား ပညာရှင်များကို ငှားရမ်းပြီး၊ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာကုမ္ပဏီများ လုပ်ကိုင်ခွင့် ရရှိခြင်း လုပ်ငန်း စီမံကိန်းများရဲ့ ငွေကြေးစီးဆင်း မှုများဟာ ပြည်ပသို့ မစီးဆင်းဘဲ၊ ပြည်တွင်း၌ လည်ပတ် စီးဆင်းခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူ ကြီးစွာ ဖြစ်စေပါမယ်။ နောက်ဆုံးအနေနဲ့ကတော့ ရန်ကုန်မြို့သစ်တည်တဲ့အခါမှာ မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်များနဲ့ ပညာရှင်များ မပါဘူးဆိုတဲ့ သမိုင်းကို မိမိတို့လက်ခံမှာ မဟုတ်ပါဘူး”ဟု ယင်းကပြောသည်။

မြန်မာ နိုင်ငံ ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ မြို့ပြဖွံံ့ဖြိုးရေးစီမံကိန်းတွင် မြန်မာနိုင်ငံသားတိုင်း ရင်းသား လုပ်ငန်း ရှင်များပါဝင်ဆောင်ရွက်ခွင့်မရလျှင် ရင်နာစရာကောင်းမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။

“စီလေးလုံးက ဒါ Swiss Challengeခေါ်တာပေါ့။သူက တစ်ပန်းသာတယ်။နောက်EOIခေါ်ထားတာကလည်း ၇ရက်ထဲ တကယ်ကို အံ့သြသင့်ဖို့ကောင်းတယ်။ဒီလို ကိုဗစ်ကာလကြီးမှာ ဒီလောက်ရက်တိုတို နဲ့ ခေါ်တာ အံ့သြစရာကောင်းတယ်။သိန်း ၁ထောင်ကျော်တဲ့ တင်ဒါေ တွတောင် နိုင်ငံတော်သမ္မတရုံးရဲ့ ကြေညာချက်အရ အနည်းဆုံး အချိန် ၁လရတယ်။အခု ၇ ရက်ထဲနဲ့ တင်ဒါခေါ်ထားတာ။ ကျွန်တော်တို့ တိုင်းရင်းသားလုပ်ငန်း ရှင် တွေ ဒီစီမံကိန်းကို ရသင့်တယ်လို့ ထင်တယ်။မရခဲ့ရင် အင်မတန်ဝမ်းနည်းစရာကောင်းတယ်လို့ ပြောချင်ပါ တယ်”ဟု ဦးမျိုးမြင့်က ဆက်လက် ပြောသည်။

20/10/2020

NYDC CEO ဦးသိမ်းဝေ၏ အပတ်စဉ်စာစဉ် (၃၅)

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ စီမံကိန်းအတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

Swiss Challenge တင်ဒါကော်မတီမှာ ကော်မတီဝင်ငါးဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗရတ်ဆင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီး ဦးရဲမင်းဦးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့မှ အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

ကော်မတီရဲ့ရည်ရွယ်ချက်ကတော့ စနစ်ကျပြီး ပွင့်လင်းမြင်သာတဲ့ Swiss Challenge လုပ်ငန်းစဥ်ကို ဖော်ဆောင်နိုင်ရုံသာမကဘဲ ပုဂ္ဂလိကကဏ္ဍက ပိုမိုပါဝင်နိုင်ပြီး ယှဥ်ပြိုင်မှုကိုအားပေးဖို့ ရည်ရွယ်ပါတယ်။
ဒါကြောင့် Swiss Challenge တင်ဒါလုပ်ငန်းစဥ်ကို ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအကြံပေး လုပ်ငန်းအဖွဲ့ဖြစ်တဲ့ Roland Berger ကို ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စီမံကိန်းရဲ့ ခြေလှမ်းသစ်အတွက် ဝမ်းမြောက်ရသလို လာမယ့်ရက်သတ္တပတ်အတွင်း မှာလည်း တင်ဒါကော်မတီအနေနဲ့ နိုင်ငံတကာအကြံပေးလုပ်ငန်းအဖွဲ့ရဲ့ အကူအညီနဲ့အတူ စီမံကိန်းလုပ်ငန်းစဥ်တွေစတင်နိုင်ဖို့အတွက် အသင့်တော်ဆုံးကုမ္ပဏီကို ရွေးချယ်နိုင်ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံသားများအတွက် စီးပွားရေးနှင့်လူမှုရေးအရ ကောင်းကျိုးဖြစ်ထွန်းစေမယ်ဆိုတာ ယုံကြည်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ@ Serge Pun
CEO ၏ အပတ်စဉ်စာစဉ်များကို ဖတ်ရှုလိုပါက:https://nydc.com.mm/mm/ceo-weekly-blog/

ZAW GYI

NYDC CEO ဦးသိမ်းဝေ၏ အပတ်စဉ်စာစဉ် (၃၅)

ပထမအဆင့်လုပ်ငန်းစဉ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ စီမံကိန်းအတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

Swiss Challenge တင်ဒါကော်မတီမှာ ကော်မတီဝင်ငါးဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗရတ်ဆင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီး ဦးရဲမင်းဦးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့မှ အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

ကော်မတီရဲ့ရည်ရွယ်ချက်ကတော့ စနစ်ကျပြီး ပွင့်လင်းမြင်သာတဲ့ Swiss Challenge လုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်ရုံသာမကဘဲ ပုဂ္ဂလိကကဏ္ဍက ပိုမိုပါဝင်နိုင်ပြီး ယှဉ်ပြိုင်မှုကိုအားပေးဖို့ ရည်ရွယ်ပါတယ်။
ဒါကြောင့် Swiss Challenge တင်ဒါလုပ်ငန်းစဉ်ကို ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအကြံပေး လုပ်ငန်းအဖွဲ့ဖြစ်တဲ့ Roland Berger ကို ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စီမံကိန်းရဲ့ ခြေလှမ်းသစ်အတွက် ဝမ်းမြောက်ရသလို လာမယ့်ရက်သတ္တပတ်အတွင်း မှာလည်း တင်ဒါကော်မတီအနေနဲ့ နိုင်ငံတကာအကြံပေးလုပ်ငန်းအဖွဲ့ရဲ့ အကူအညီနဲ့အတူ စီမံကိန်းလုပ်ငန်းစဉ်တွေစတင်နိုင်ဖို့အတွက် အသင့်တော်ဆုံးကုမ္ပဏီကို ရွေးချယ်နိုင်ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံသားများအတွက် စီးပွားရေးနှင့်လူမှုရေးအရ ကောင်းကျိုးဖြစ်ထွန်းစေမယ်ဆိုတာ ယုံကြည်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ@ Serge Pun
CEO ၏ အပတ်စဉ်စာစဉ်များကို ဖတ်ရှုလိုပါက: https://nydc.com.mm/mm/ceo-weekly-blog/

17/10/2020

ရန်ကုန်မြို့သစ်စီမံကိန်းတွင် တရုတ် စီလေးလုံးကုမ္ပဏီနှင့် ယှဉ်ပြိုင်ရန် ကုမ္ပဏီများကို EOI ခေါ်++++++++++++++++++++++++++++++++++++++++++++++++++

တရုတ် - မြန်မာစီးပွားရေးစင်္ကြန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းမှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ ရန်ကုန်တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ(NYDC)နဲ့ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် တရုတ် CCCC ကုမ္ပဏီတို့က အမေရိကန်ဒေါ်လာ (၁ ဒသမ ၅) ဘီလီယံ ပမာဏရှိတဲ့ မူဘောင်ဘဘောတူညီချက်ကို ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့် စီမံကိန်းကို အကောင်အထည်ဖော်မယ့် ကုမ္ပဏီကိုတော့ ဆွစ်ယှဉ်ပြိုင်မှုဝါဒနဲ့ ရွေးချယ်မှာကြောင်း NYDC ဘက်က အရင်ကတည်းက ထုတ်ဖော်ပြောကြားထားပြီး အခုလို ဆွစ်ယှဉ်ပြိုင်မှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်တဲ့အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) တင်သွင်းမယ့် ကုမ္ပဏီတွေအနေနဲ့ တရုတ် CCCC ကုမ္ပဏီနဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ကနဦးလုပ်ကိုင်ခွင့်ရထားတဲ့ တရုတ် CCCC ကုမ္ပဏီကို ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်းသွင်းထားပြီး တရုတ်ရေတပ်စခန်းအတွက် ကျွန်းတုတွေ တည်ဆောက်ပေးခြင်းနဲ့ BRI အတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီး နိုင်ငံငယ်တွေကို အကြွေးထောင်ချောက်ထဲ ရောက်ရှိအောင် လုပ်ဆောင်နေလို့ အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာထားပါတယ်။



05/08/2020

ဆိပ်ကြီးခနောင်တိုမြို့နဲ့ ဒလမြို့ကို ဆက်သွယ်ဖို့အတွက် တံတားတည်ဆောက်မည်
------ ------ ------ ------ ------
ရန်ကုန်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဆိပ်ကြီးခနောင်တိုမြို့နဲ့ ဒလမြို့ကို ဆက်သွယ်ဖို့အတွက် တံတားတည်ဆောက်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ခံစားချက်တွေကို အခုလိုတွေ့ဆုံမေးမြန်းထားပါတယ်။

02/06/2020

Covid 19 ကာလအတွင်း ယာယီရပ်နားထားခဲ့သော ပြန်လည်နေရာချထားရေးဧရိယာ ကွင်းအမှတ်(၃) (RA 3) အတွင်းရှိ ‌‌‌မြေကွက်အမျိုးအစားများအတွက် မူလမြေပိုင်ရှင်များသို့ ယာယီမြေပေးမိန့် ပြန်လည်ပေးအပ်ခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။ ယာယီမြေပေးမိန့်ပေးအပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးခြင်းမှ ‌ရှောင်ကြဉ်နိုင်ရန်အတွက် နံနက်ပိုင်း(၉း၃၀နာရီမှ ၁၂ နာရီအထိ) အယောက်(၂၀)နှင့် ညနေပိုင်း(၁နာရီမှ ၄း၃၀နာရီအထိ) အယောက်(၂၀) နှုန်းဖြင့် တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ပါသည်။ မူလ‌မြေပိုင်ရှင်များ၏ ယာယီမြေပေးမိန့်ပြန်လည်ထုတ်ယူရမည့် နေ့ရက်နှင့်အချိန်ကို သက်ဆိုင်ရာ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

‌Covid 19 ကာလအတွင်း ယာယီရပ်နားထားခဲ့သော ပြန်လည်နေရာချထားရေးဧရိယာ ကွင်းအမှတ်(၃) (RA 3) အတွင်းရှိ ‌‌‌မြေကွက်အမျိုးအစားများအတွက် မူလမြေပိုင်ရှင်များသို့ ယာယီမြေပေးမိန့် ပြန်လည်ပေးအပ်ခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။ ယာယီမြေပေးမိန့်ပေးအပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးခြင်းမှ ‌ရှောင်ကြဉ်နိုင်ရန်အတွက် နံနက်ပိုင်း(၉း၃၀နာရီမှ ၁၂ နာရီအထိ) အယောက်(၂၀)နှင့် ညနေပိုင်း(၁နာရီမှ ၄း၃၀နာရီအထိ) အယောက်(၂၀) နှုန်းဖြင့် တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ပါသည်။ မူလ‌မြေပိုင်ရှင်များ၏ ယာယီမြေပေးမိန့်ပြန်လည်ထုတ်ယူရမည့် နေ့ရက်နှင့်အချိန်ကို သက်ဆိုင်ရာ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

24/03/2020

ပြန်လည်နေရာချထားရေးဧရိယာ ကွင်းအမှတ်(၃ နှင့် ၄) (RA- 3 and 4) အတွင်းရှိ ‌‌‌မြေကွက်အမျိုးအစားများအတွက် မူလမြေပိုင်ရှင်များသို့ ယာယီမြေပေးမိန့် ပြန်လည်ပေးအပ်ခြင်းကို ‌ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လူစုလူဝေးခြင်းမှ ‌ရှောင်ကြဉ်နိုင်ရန်အတွက် မူလ‌ကြေငြာထားသော နေ့ရက်များတွင် ယာယီမြေပေးမိန့်ထုတ်ပေးခြင်းများ ဆက်လက်ပြုလုပ်တော့မည် မဟုတ်ဘဲ ရွှေ့ဆိုင်းထားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ပြန်လည်ပေးအပ်မည့်ရက်ကို ထပ်မံကြေငြာပါမည်။

ပြန်လည်နေရာချထားရေးဧရိယာ ကွင်းအမှတ်(၃ နှင့် ၄) (RA- 3 and 4) အတွင်းရှိ ‌‌‌မြေကွက်အမျိုးအစားများအတွက် မူလမြေပိုင်ရှင်များသို့ ယာယီမြေပေးမိန့် ပြန်လည်ပေးအပ်ခြင်းကို ‌ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လူစုလူဝေးခြင်းမှ ‌ရှောင်ကြဉ်နိုင်ရန်အတွက် မူလ‌ကြေငြာထားသော နေ့ရက်များတွင် ယာယီမြေပေးမိန့်ထုတ်ပေးခြင်းများ ဆက်လက်ပြုလုပ်တော့မည် မဟုတ်ဘဲ ရွှေ့ဆိုင်းထားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ပြန်လည်ပေးအပ်မည့်ရက်ကို ထပ်မံကြေငြာပါမည်။

Address

No. 39, 1st Floor, Ou Yin Street, Ma Gyi Tan, Near Kannar Zay
Yangon
951

Telephone

+959266448181

Website

Alerts

Be the first to know and let us send you an email when NYB - Real Estate Company Limited New Yangon Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NYB - Real Estate Company Limited New Yangon Business:

Share