Dr Ye Naing Real Estate Service

Dr Ye Naing Real Estate Service warmly wecome new family members မိတ်ဆွေ များ။ယုံ ကြည်မူ။အတွက် ဆက် လက် ကြိုးစား။သွားမည်

10/12/2025

ဖာမွန်းကျေးရွာထဲ ခြံကျယ်၂အဝယ် ရှိသည် 💸💸💸💸💸💸💸
အကျိုးဆောင်များလည်းဆက်သွယ်နိူင်ပါတယ

တောင်ကြီးကအမျိုးတို့ရေ ဂရုစိုက်ကြပါနော်🫂🫂🫂
02/12/2025

တောင်ကြီးကအမျိုးတို့ရေ ဂရုစိုက်ကြပါနော်🫂🫂🫂

မျှော်နေမယ် ဆောင်း ☃️❄️🌨🌨🌧🌧
01/12/2025

မျှော်နေမယ် ဆောင်း ☃️❄️🌨🌨🌧🌧

အရမ်းအေးတယ် baby ရေနွေးနွေးထွေးထွေးနေ #ဦးစစ်
23/11/2025

အရမ်းအေးတယ် baby ရေ
နွေးနွေးထွေးထွေးနေ

#ဦးစစ်

တောင်ကြီး တန်ဆောင်တိုင်ပွဲကို စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးရှုထောင့်ကနေ မျှတစွာ မြင်ပေးစေလိုပါ တယ်။မီးပုံးပျံပွဲတော...
02/11/2025

တောင်ကြီး တန်ဆောင်တိုင်ပွဲကို စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးရှုထောင့်ကနေ မျှတစွာ မြင်ပေးစေလိုပါ တယ်။

မီးပုံးပျံပွဲတော်ဟာ သိန်းရာချီကုန်ကျတယ်ဆိုပေမယ့်၊ ဒီငွေတွေဟာ နိုင်ငံခြားကို ထွက်သွားတာ မဟုတ်ဘဲ ဒေသစီးပွားရေး စက်ဝန်းထဲမှာပဲ လည်ပတ်နေပါတယ်။

ပွဲတော်ကာလ အတွင်း ဆိုင်ခန်း၊ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဟာ ဝင်ငွေ သိသိသာသာ တိုးတက်လာပါတယ်။

ဒေသခံ ရာပေါင်းများစွာဟာ မီးပုံးပျံပြုလုပ်ရာကနေစပြီး ပွဲတော်မှာ ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်း စတဲ့ ယာယီ အလုပ်အကိုင်များ ရရှိကြပါတယ်။

ရှမ်းစက္ကူ လက်မှုလုပ်ငန်းရှင်များဟာလည်း နှစ်စဉ် ဝင်ငွေ ရရှိကြပါ တယ်။

ပွဲတော်ဟာ ပြည်တွင်း/ပြည်ပ ဧည့်သည်များကို တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်အလှကို ဆွဲဆောင်ရာကနေ ဒေသတစ်ခုလုံးရဲ့ ဝင်ငွေတိုးတက်မှုကို အထောက်အကူပြုပါတယ်။

ယဉ်ကျေးမှုနှင့် လူမှုရေး ရှုထောင့် အရ တောင်ကြီးတန်ဆောင်တိုင်ဟာ ဘာသာရေးနှင့် ရိုးရာဓလေ့ အမွေအနှစ်တစ်ခုပဲ ဖြစ်ပါတယ်။ ပျောက်ကွယ်လုနီးပါး ရိုးရာ လက်မှုပညာ (ဥပမာ- ရှမ်းစက္ကူနှင့် မီးပုံးပျံ အနုပညာ) ကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းရာမှာ အထူးအရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု အမွေတစ်ခု ဖြစ်ပါတယ်။

မီးပုံးပျံတစ်လုံးကို အောင်မြင်အောင် လွှတ်တင်နိုင်ဖို့အတွက် အဖွဲ့လိုက် စည်းလုံးညီညွတ်မှုနဲ့ စည်းကမ်းလိုက်နာမှုဟာ အဓိကပဲပါ။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းဟာ လူမှုအသိုင်းအဝိုင်းရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ပြီး ယူတတ်ရင်ပညာရပါတယ်။။

တကယ်တော့ အလှူအတန်းလုပ်ခြင်း (မရှိသူကို ကူညီခြင်း) နဲ့ ယဉ်ကျေးမှုပွဲတော် ကျင်းပခြင်း ဟာ ရွေးချယ်စရာ နှစ်ခု မဟုတ်ဘဲ၊ နှစ်ခုစလုံးက ဒေသရဲ့ လူနေမှုဘဝတိုးတက်ဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေပါတယ်။ ပွဲတော်ကနေ ရရှိတဲ့ ဝင်ငွေ (အခွန်) တွေဟာ ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုနိုင်ပါတယ်။

လူတစ်ဦးတစ်ယောက်စီတိုင်းဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ဝင်ငွေကို မိမိတို့ရဲ့ ဆန္ဒနဲ့ စေတနာအရ လွတ်လပ်စွာ သုံးစွဲခွင့်ရှိတာကို လေးစားသင့်ပါတယ်။။ ဒီလို ရှုထောင့်ကနေကြည့်ရင် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ရဲ့ အကျိုးကျေးဇူးကို အခြားပွဲတော်များနဲ့ ယှဉ်ပြီး မြင်ပေးစေလိုပါတယ်။

မြန်မာ့ (၁၂) လ ရာသီပွဲတော်တွေဟာ ရိုးရာဓလေ့အရ အဖိုးတန်သလို တောင်ကြီး တန်ဆောင်တိုင်လိုမျိုး မီးရှူးမီးပန်းနဲ့ ယမ်းအသုံးပြုတဲ့ ညမီးကြီးပြိုင်ပွဲ၊ လက်မှုပညာ အဆင့်မြင့်တဲ့ နေ့လွှတ် အရုပ်များဟာ နိုင်ငံခြားသား ခရီးသွားများရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ဆွဲဆောင်နိုင်တဲ့ တစ်ခုတည်းသော ပွဲတော်ပဲ ဖြစ်ပါတယ်။

ဒီပွဲတော်ရဲ့ ကမ္ဘာကျော်မှုကြောင့် ရှမ်းပြည်နယ်တစ်ခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ ယဉ်ကျေးမှုနဲ့ ဖန်တီးမှု စွမ်းရည်ကို ကမ္ဘာက အသိအမှတ်ပြုစေတဲ့ ဂုဏ်ဆောင်ပွဲလည်းပဲ ဖြစ်ပါတယ်။ ဒီလို ဂုဏ်သိက္ခာ တန်ဖိုးကို ငွေနဲ့ တိုက်ရိုက် တိုင်းတာလို့ မရနိုင်ပါဘူး။

လူပုဂ္ဂိုလ်တစ်ဦးစီရဲ့ လွတ်လပ်တဲ့ စေတနာနဲ့ ယုံကြည်ချက်ကို လေးစားပေးဖို့ လိုအပ်ပါ တယ်။

ဒီတော့ တောင်ကြီးတန် ဆောင်တိုင်ကို "ပိုက်ဆံဖြုန်းတီးခြင်း" လို့ မြင်မယ့်အစား၊ "ဒေသခံစီးပွားရေးကို အားကောင်းစေပြီး ရိုးရာဓလေ့ကို ကမ္ဘာအထိ ချပြနေတဲ့ ရင်းနှီးမြှုပ်နှံမှု" လို့ အကောင်းမြင် ရှုထောင့်ကနေ မြင်ပေးစေလိုပါ တယ်။

#မောင်စွယ်စုံကျမ်း #တောင်ကြီးတန်ဆောင်တိုင်

02/11/2025
နေဝင်ချိန်တွေ🌞🌥🌤 အတူ ရှိချင်တယ် ဘေဘီ
27/10/2025

နေဝင်ချိန်တွေ🌞🌥🌤 အတူ ရှိချင်တယ် ဘေဘီ

ဘဝဆိုတာ ရွေးချယ်မှုတွေလုပ်ရတဲ့ခရီးရှည်တစ်ခုပဲ။ ဘဝထဲမှာ ဘာရလဒ်တွေရသွားချင်လဲ။ဒီပေါ်မူတည်ပြီး ရွေးချယ်မှုတွေပြုလုပ်ရတယ်။ဘာ...
26/10/2025

ဘဝဆိုတာ ရွေးချယ်မှုတွေလုပ်ရတဲ့
ခရီးရှည်တစ်ခုပဲ။

ဘဝထဲမှာ ဘာရလဒ်တွေရသွားချင်လဲ။
ဒီပေါ်မူတည်ပြီး ရွေးချယ်မှုတွေပြုလုပ်ရတယ်။

ဘာရလဒ်ရချင်လဲဆိုတာ
ပညာနဲ့ဆိုင်ပြီး၊
ဘယ်လိုရွေးချယ်မှုတွေပြုလုပ်ရမလဲဆိုတာ
ဥာဏ်နဲ့ဆိုင်တယ်။

ကျွန်တော်ကတော့ ဒီဘဝမှာ
အချုပ်အနှောင်ကင်းကင်းနဲ့
ဘဝမှာ လေ့လာချင်တာကိုလေ့လာပြီး၊
ကမ္ဘာကြီးရဲ့ ကိုယ်ကြိုက်တဲ့ဘယ်နေရာမှာမဆို
အခြေချနိုင်တဲ့သူဖြစ်ချင်တယ်။
ဘဝရဲ့ဖြတ်သန်းမှုတွေကို
မှတ်တမ်းတစ်ခုတင်ခဲ့ချင်တယ်။

စွန့်ဦးတီထွင်တစ်ယောက်၊​
စွန်းဆောင်ရည်မြင့်၊
ဥာဏ်ရည်မြင့်တဲ့
ကိုယ်လုပ်တဲ့အလုပ်မှာ
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူတစ်ယောက်
နှစ်အလိုက် မတူညီတဲ့အတွေ့အကြုံတွေကို
စုစည်းသူတစ်ယောက်အဖြစ်
ဘဝကြီးကို အသက်မွေးချင်တယ်။
သမာအာဇီဝနဲ့ မတူညီတဲ့နည်းလမ်းတွေနဲ့
ဝင်ငွေတွေအများကြီးရှာချင်တယ်။

နောက် သဘာဝတရားရဲ့ဖြစ်တည်မှုကိုသိပြီး
သံသရာက လွတ်မြောက်ချင်တယ်။

ဘဝရဲ့ရွေးချယ်မှုအနေနဲ့
အရင်းနှီးဆုံးသူ၊
နေတဲ့နေရာ၊
လုပ်တဲ့အလုပ်၊
ပေါင်းသင်းတဲ့အပေါင်းအသင်း၊
ကျင်လည်မည့်စျေးကွက်၊
နေ့စဥ်ဘဝဖြတ်သန်းမည့်ပုံစံ၊
နှစ်အလိုက်ဖြတ်သန်းမည့်ပုံစံ၊
ဆယ်စုနှစ်တစ်ခုအလိုက်ဖြတ်သန်းမည့်အကြမ်းပုံစံကို
စဥ်းစားကြံဆရပြန်တယ်။

ဘဝဆိုတာ လိုချင်တဲ့ရလဒ်အတွက်
နေ့စဥ်၊ အပတ်စဥ်၊ လစဥ်၊ နှစ်စဥ်
ရွေးချယ်မှုကောင်းတွေကို
ပြုလုပ်ရတဲ့နေရာတစ်ခုလို့စဥ်းစားမိတယ်။
အထူးသဖြင့် နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေသွားချင်ရင်ပေါ့။

drphyopaing

24/10/2025

Look Expensive ဖြစ်တဲ့လူ၊ တန်ဖိုးမြင့်တဲ့လူဖြစ်ဖို့
ငွေသိန်းသန်းပေါင်းများစွာ ချမ်းသာနေစရာမလိုပါဘူး။

လက်ရှိ ကိုယ့်ရဲ့အနေအထားနဲ့တင် Look Expensive ဖြစ်ဖို့
ပြုပြင်ပြောင်းလဲနိုင်တာတွေ အများကြီးပါပဲ။
ဒီစာဟာ အခြေခံလိုအပ်ချက်တွေပြည့်စုံပြီးသား
ဝင်ငွေအနည်းငယ်ပိုလျှံတဲ့သူတွေအတွက် ဖြစ်ပါတယ်။

အဓိကအနေနဲ့ ပြောင်းလဲနိုင်တာ ၁၀ ချက်ရှိပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ပါဝင်သလို
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ပါဝင်ပါတယ်။

ဒီအတွက် ငွေအများကြီး အကုန်ခံစရာမလိုပါဘူး။
တန်ဖိုးကြီးရတနာတွေ ဆင်စရာမလိုသလို
အလှအပခွဲစိတ်ပြုပြင်မှုတွေလည်း လုပ်စရာမလိုပါဘူး။

1. ကောင်းကောင်းမွန်မွန်ဝတ်စားပါ။
ဟောင်းနွမ်းတာတွေ မဝတ်ပါနဲ့။ တံဆိပ်အတုတွေ မဝတ်ပါနဲ့။ ကြောင်ကြောင်ကျားကျားတွေ မဝတ်ပါနဲ့။ အဝတ်အစားအများကြီး မဝယ်နိုင်သေးရင် အဖြူ၊ အနက်၊ ခဲ၊ အညိုလို neutral color တွေ ရွေးဝယ်ပါ။ ဗြောင်တွေ ရွေးဝယ်ပါ။ သူတို့က ဘယ်လောက်ဝတ်ဝတ်၊ ထပ်တယ်လို့ မထင်ရစေပါဘူး။ Accessories အနေနဲ့ အိတ်တစ်လုံး၊ နာရီတစ်ခု၊ ဖိနပ်နှစ်ရံလောက်ရှိရင် လုံလောက်ပါပြီ။ ရှိတာလေးနဲ့ပဲ ကာလံဒေသံ လိုက်ဖက်အောင်ပြင်ဆင်ပါ။ တောင်းမှာအကွပ်၊ လူမှာအဝတ်မို့ ငွေကြေးပိုလျှံတဲ့အခါ အဝတ်အစားတွေ ဝယ်ထားပါ။ အရေးကြီးရင်ကြီးသလို သေချာဝတ်ဆင်ပါ။

2. တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ။
ခြေသည်းလက်သည်းလေးတွေ သန့်ရှင်းပြီး တစ်ကိုယ်လုံး မွှေးရနံ့သင်းနေတဲ့လူဟာ တန်ဖိုး auto မြင့်ပါတယ်။ သန့်သန့်ရှင်းရှင်းမရှိဘူးဆိုရင်တော့ ရုပ်ဘယ်လောက်ချောချော နှာခေါင်းရှုံ့ခံရမှာပေါ့။ ခန္ဓာကိုယ်၊ သွား၊ ဆံပင်နဲ့ ခြေသည်းလက်သည်းလေးတွေကို အမြဲသန့်ရှင်းအောင်ထားပါ။ Roll-on သုံးပါ။ ကိုယ်တတ်နိုင်တဲ့ ရေမွှေးသုံးပါ။ အမြဲ သန့်သန့်လေးနဲ့ မွှေးမွှေးလေးဖြစ်အောင် ဂရုစိုက်ပါ။

3. ဗဟုသုတနဲ့ ဘဝအတွေ့အကြုံတွေ စုဆောင်းပါ။
လူတွေနဲ့တွေ့ဆုံတဲ့အခါပဲဖြစ်ဖြစ်၊ အလုပ်တွေလုပ်ကိုင်တဲ့အခါပဲဖြစ်ဖြစ် ပညာရဲရင့်မှ ပွဲလယ်တင့်မှာဖြစ်ပါတယ်။ ပညာဆိုတာ ကျောင်းပညာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဗဟုသုတနဲ့ ဘဝအတွေ့အကြုံတွေကို ဆိုလိုတာဖြစ်ပါတယ်။ စာတွေဖတ်ပါ။ ရုပ်ရှင်တွေကြည့်ပါ။ ခရီးတွေထွက်ပါ။ ဗဟုသုတနဲ့ ဘဝအတွေ့အကြုံတွေများလေလေ၊ တန်ဖိုးမြင့်တဲ့သူဖြစ်လေလေပါပဲ။

4. လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေ ထိန်းသိမ်းပါ။
တွေ့ရာနေရာ အမှိုက်မပစ်တာ၊ ကျော်မတက်ဘဲ အလှည့်ကျတန်းစီတာ၊ သူများကိုယ်ရေးကိုယ်တာကို မစပ်စုတာ၊ ဖုန်းမကိုင်ရင် နှစ်ခါထက်ပိုမခေါ်တာ စတဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေကို သေးသေးလေးကအစ သေသေချာချာစောင့်ထိန်းတဲ့သူဟာ လူ့ဘောင်အဖွဲ့အစည်းအတွက် တန်ဖိုးရှိတဲ့သူဖြစ်ပါတယ်။

5. မှန်မှန်ကန်ကန် ဝင်ငွေရှာဖွေပါ။
လူတိုင်း လူတိုင်း ဝင်ငွေရှာဖွေရပါတယ်။ အလုပ်လုပ်မှ ဝင်ငွေရှာတာ မဟုတ်ပါဘူး။ လမ်းဘေးမှာတောင်းစားတာလည်း ဝင်ငွေရှာတာပါပဲ။ တန်ဖိုးမြင့်တဲ့သူတစ်ဦးဖြစ်ဖို့ဆိုရင် မှန်မှန်ကန်ကန်အလုပ်လုပ်ပြီး ဝင်ငွေရှာရပါမယ်။ သူများငွေကို အချောင်မယူရပါဘူး။ သူများငွေကို လိမ်လည်မယူရပါဘူး။ သူများငွေကို မတရားမယူရပါဘူး။ သူများငွေချေးပြီးရင် ပြန်မဆပ်ဘဲ မနေရပါဘူး။ သမာအာဇီဝကျကျ အလုပ်လုပ်တဲ့သူဟာ တန်ဖိုးမြင့်တဲ့သူပါပဲ။

6. အလုပ်အကိုင်ကို တစ်ဆင့်ချင်းမြှင့်တင်ပါ။
သမာအာဇီဝကျကျ အလုပ်လုပ်ရုံနဲ့လည်း မပြီးပါဘူး။ ကိုယ့်ရဲ့အလုပ်နဲ့ ကိုယ့်ရဲ့ဘဝကို သမာအာဇီဝကျကျမြှင့်တင်ဖို့ ကြိုးစားရပါမယ်။ သူများအလုပ်မှာ ရာထူးတစ်ဆင့်တက်ဖို့ကအစ ကိုယ်ပိုင်စီးပွါးရေး လုပ်ကိုင်နိုင်ဖို့အထိ တစ်ဆင့်ခြင်းမှန်မှန် ကြိုးစားရပါမယ်။ ဘယ်နေရာရောက်သွားမှ တန်ဖိုးမြင့်မှာမဟုတ်ပါဘူး။ မရပ်မနားတစ်ဆင့်ချင်းတက်နေတဲ့သူဟာ တန်ဖိုးမြင့်နေတဲ့သူဖြစ်ပါတယ်။

7. အပြုအမူ၊ အပြောအဆိုတွေ စောင့်ထိန်းပါ။
ကိုယ်ကလုပ်တဲ့ အပြုအမူနဲ့ နှုတ်ကထွက်တဲ့ အပြောအဆိုတိုင်းကို အဆင့်အတန်းတစ်ခုရှိအောင် ပြုမူပြောဆိုဖို့ကလည်း အရေးကြီးပါတယ်။ ပြဿနာတွေကြားရောက်နေရင်တောင် ရင့်ကျက်တည်ငြိမ်စွာနဲ့ ပြုမူပြောဆိုနိုင်တဲ့သူလောက် တန်ဖိုးမြင့်တဲ့သူ မရှိနိုင်တော့ပါဘူး။ ပန်းနုသွေးတာမျိုး မဟုတ်ဘူးနော်။ သမာသမတ်ကျတာ၊ စိတ်လိုလက်ရမဖြစ်တာ၊ အေးအေးဆေးဆေးရှိတာ၊ မရိုင်းစိုင်း မကြမ်းတမ်းတာမျိုး ဖြစ်ပါတယ်။

8. စိတ်သဘောထား မှန်ကန်ပါ။
အပြုအမူနဲ့ အပြောအဆိုတွေဟာ ဟန်ဆောင်တယ်ဆို ကြာကြာဟန်ဆောင်လို့မရပါဘူး။ အပြုအမူ၊ အပြောအဆိုကောင်းတယ်ဆိုတာ အတွင်းက စိတ်သဘောထားဟာလည်း မှန်ကန်ကောင်းမွန်လို့ဖြစ်ပါတယ်။ စိတ်ကောင်းပြီး အပြောကြမ်းတာမျိုးလည်းရှိပေမယ့် အပြောနောက်က စိတ်ထားကို လူတွေဟာခံစားမိပါတယ်။ စိတ်မကောင်းရင် အပြောဘယ်လောက်ချိုချို အလကားပါပဲ။ စိတ်ကောင်းဖို့ဆိုတာ မနာလို၊ လောဘ၊ ဒေါသ၊ အတ္တ၊ မာန စတဲ့ စိတ်ဆိုးစိတ်ညစ်တွေကို မကောင်းမှန်းသိပြီး ဆင်ခြင်တတ်ဖို့လိုပါတယ်။ စိတ်ထားကောင်းတဲ့သူဟာ အဖိုးတန်လေးမို့ လူချစ်လူခင်များပါလိမ့်မယ်။

9. Skincare မှန်မှန်လုပ်ပါ။
ပျက်စီးတတ်တဲ့လူ့ခန္ဓာကိုယ်ကြီးကို ထိန်းသိမ်းတာဟာ ကိုယ့်တန်ဖိုးကို မြှင့်တင်တာပါပဲ။ မထိန်းသိမ်းတဲ့ဘယ်အရာမဆို ပျက်စီးမြန်ပါတယ်။ မျက်နှာနဲ့ အသားအရေအတွက် လိုအပ်တဲ့ အခြေခံ skincare လေးတွေကိုတော့ မနှမြောဘဲဝယ်ပါ။ မပျင်းရိဘဲလုပ်ပါ။ နေ့တစ်ခါ၊ ညတစ်ခါ မှန်မှန်ထိန်းသိမ်းပါ။

10. ကျန်းမာရေးနဲ့ အလှအပကို လိုက်စားပါ။
ကျန်းမာမှ လှပမှာဖြစ်ပါတယ်။ ညဉ့်မနက်ခင် အိပ်စက်တာ၊ အိပ်ရေးဝဝအိပ်တာ၊ ရေများများသောက်တာ၊ အချိန်မှန်အစာစားတာ၊ gym ဆော့တာ၊ ကိုယ်လက်လှုပ်ရှားမှုရှိတာ၊ အသီးအနှံများများစားတာတွေက ကျန်းမာရေးရော၊ အလှအပအတွက်ပါ အကျိုးရှိပါတယ်။ တတ်နိုင်ရင် တစ်နှစ်တစ်ကြိမ်လောက် Medical Checkup လုပ်ဆောင်ပါ။ လူ့တန်ဖိုးကို သူဘယ်လောက်အသက်ရှည်ရှည်နဲ့ ကောင်းကောင်းမွန်မွန်၊ လှလှပပ နေထိုင်သွားနိုင်သလဲဆိုတာနဲ့ အဆုံးသတ်တိုင်းတာကြပါလိမ့်မယ်။

ဒီ ၁၀ ချက်ကို checklist အနေနဲ့ မှတ်သားထားပြီး
မနက်ဖြန်ကစလို့ ပြောင်းလဲမှုလေးတွေ စတင်နိုင်ပါပြီ။
ကျွန်တော်လည်း ကြိုးစားပြောင်းလဲနေဆဲပါ။

ကိုယ်ဟာ ကိုယ့်ဘဝရဲ့ အဖိုးတန် idol ပဲမို့
ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ရင်း
မှန်မှန်ကန်ကန် ရှင်သန်ရင်း
ကိုယ့်တန်ဖိုးကို အဆုံးထိ မြှင့်တင်ကြရအောင်နော်။

your secret friend
your smart guy

Crd

Address

Bahan. Yangon
Yangon
959

Telephone

+9595502581

Website

Alerts

Be the first to know and let us send you an email when Dr Ye Naing Real Estate Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr Ye Naing Real Estate Service:

Share

Category