Dolphin Real Estate

Dolphin Real Estate 🔹သာကေတ အထူးကျွမ်းကျင်🔹

👉 ဥပဒေနဲ့အညီ အိမ် ၊ ခြံ ၊ မြေ ဝယ်ယူနည်း💁အိမ် ၊ ခြံ ၊ မြေတွေကိုဥပဒေနဲ့အညီဝယ်ယူဖို့အတွက် အရေးကြီးတဲ့ အချက်အလက်တွေကို လေ့လာ...
29/08/2023

👉 ဥပဒေနဲ့အညီ အိမ် ၊ ခြံ ၊ မြေ ဝယ်ယူနည်း

💁အိမ် ၊ ခြံ ၊ မြေတွေကိုဥပဒေနဲ့အညီဝယ်ယူဖို့အတွက် အရေးကြီးတဲ့ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်....

အိမ် ၊ ခြံ ၊ မြေတွေကို ဥပဒေနဲ့ဝယ်ယူဖို့ကိုလိုရင်းတိုရှင်းပြောရမယ်ဆိုရင်တော့...😊
(၁) စာချုပ်ချုပ်ရမယ်။
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။
(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။

ဒါမှသာ အပြည့်အဝ၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်း ဖြစ်ကြောင်း၊
- ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊
- စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊
- အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ တရားဝင်ပြဌာန်းထားပါတယ်။🤗

ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူ ပြီးနောက် -
* ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊
မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့မြေအမျိုး အစားအလျောက်
အမည်ပြောင်းပြီးဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။

* ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ
မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာပါမယ်။
ဒါဆိုရင် မိမိကဝယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ်
စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။
အပြည့်အဝ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အဝ
တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်ဆိုတာကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။



#အိမ်ခြံမြေဗဟုသုတ

ဂရန်စာချုပ်❌✅  အတုအစစ် ဘယ်လိုခွဲမလဲ ?🏡 Property တစ်ခုကိုဝယ်ယူတော့မယ်ဆိုရင် ကိုယ်ဝယ်မယ့် Property ရဲ့အကြောင်းကို သေသေချာခ...
23/08/2023

ဂရန်စာချုပ်❌✅ အတုအစစ် ဘယ်လိုခွဲမလဲ ?

🏡 Property တစ်ခုကိုဝယ်ယူတော့မယ်ဆိုရင် ကိုယ်ဝယ်မယ့် Property ရဲ့အကြောင်းကို သေသေချာချာသိထားရင်မှားပြီးဝယ်မိစရာအကြောင်းမရှိပါဘူး။ ✅

ဂရန်မြေကိုဝယ်ယူတော့မယ်ဆိုရင်စီစစ်ရမည့်အချက်တွေတော့များစွာထဲကမှအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ ဂရန်စာရွက်အစစ်ဟုတ်မဟုတ်ဆိုတာကိုတော့ ထိုဂရန်ကို
စည်ပင်(သို့)မြို့နယ်အထွေထွေအုတ်ချုပ်ရေးမှုးရုံးတို့မှာစီစစ်ရပါမယ်။ ဂရန်ကိုစစ်တဲ့အခါမှာဆိုရင်လည်း ကိုယ်တိုင် ဒါမှမဟုတ် အကျိုးဆောင်၊ပွဲစား၊ရှေ့နေတို့ကို အဆင်ပြေမပြေ စစ်ဆေးဆောင်ရွက်စေနိုင်ပါတယ်။💯

✴️ မိမိဝယ်ယူမည့်ဂရန်မြေမှာရောင်းတဲ့သူက ဂရန်စာရွက်မှာလည်း အမည်မပေါက်၊အမည်ပေါက်တဲ့သူထံမှလည်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်ထားသော စာရွက်စာတမ်းများတွင် SP/GP ရရှိထားခြင်းမရှိဘူးဆိုလျှင် အဲဒီအိမ်ခြံမြေကို❌ မဝယ်ယူသင့်ပါဘူး။

များသောအားဖြင့်တော့ ဂရန်မြေဝယ်ကြတဲ့သူတွေဟာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ဝယ်လေ့မရှိကြပါဘူး။အရပ်စာချုပ်ဖြင့်ချုပ်ဆိုပြီး SP/GP ရယူထားခြင်းကိုသာ ပြုလုပ်လေ့ရှိကြပါတယ်။

" တကယ်လို့ Property တစ်ခုကိုမှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ ဝယ်ယူရင်
ဥပဒေအရပိုင်ရှင်အဖြစ်မရောက်ရှိတာ ၊နောက်အချိန်မှာ မိမိအရပ်စာချုပ်ဖြင့်ဝယ်ယူလိုက်သော အိမ်ခြံမြေအား မှတ်ပုံတင်စာချုပ်ဖြင့်ရောင်းချခွင့်မရှိတာ ၊ဘဏ်မှာ အပေါင်ထားပြီး ချေးငွေယူလို့မရတာ စတဲ့အခက်အခဲ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

✌️အဲ့တာကြောင့် Property တစ်ခုကိုဝယ်ယူတော့မယ်ဆိုရင် သေချာနားလည် တတ်ကျွမ်းတဲ့ အကျိုးဆောင်၊ ရှေ့နေ၊စသည့်သူတို့နှင့် မိမိကိုယ်တိုင်အတူလိုက်ပါပြီး မှန်မမှန်စစ်ဆေးပြီး ကိုယ်တိုင် သိနားလည်အောင် လုပ်ဆောင်သင့်ပါတယ်။

👌 ရောင်းမှား ၊ ဝယ်မှားမဖြစ်အောင် အိမ် ၊ ခြံ ၊ မြေ ဝယ်ယူ‌တော့မယ်ဆိုရင် သင့်အတွက်ယုံကြည်စိတ်ချရဆုံး Property Advisor Dolphin Real Estate ကိုသတိရလိုက်ပါခင်ဗျာ...

📲 09 - 796009074



#အိမ်ခြံမြေဗဟုသုတ

✴️ အိမ်ခြံမြေစာချုပ်ချုပ်ဆိုရာတွင်ပါဝင်ရမည့်အချက်များ စာချုပ်စာတမ်းဆိုသည်မှာ  နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို အခိုင်အမာဖြစ...
21/08/2023

✴️ အိမ်ခြံမြေစာချုပ်ချုပ်ဆိုရာတွင်ပါဝင်ရမည့်
အချက်များ

စာချုပ်စာတမ်းဆိုသည်မှာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို အခိုင်အမာဖြစ်စေရန် စာဖြင့်ရေးသား ဖော်ပြကာ ကတိပြု ချုပ်ဆိုခြင်းဖြစ်ပါသည်။ ✅

🏡 အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာတွင်
အရပ်စာချုပ်နှင့် အ‌ရောင်းအဝယ်ပြုလုပ်ခြင်း၊
သက်ဆိုင်ရာ ရုံးဌာနများတွင် အခွန်တံဆိပ်ခေါင်းနှင့် မှတ်ပုံတင်ကြေးပေးဆောင်၍ ချုပ်ဆိုသော မှတ်ပုံတင်စာချုပ်ဟူ၍ နှစ်မျိုးရှိပါသည်။

👉 ရောင်းသူနှင့်ဝယ်သူတို့သည် မ‌ရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေကို လွှဲပြောင်းရောင်းချဝယ်ယူပိုင်ခွင့်
ရှိသူဖြစ်ရပါမည်။

👉 ရောင်းသူနှင့်ဝယ်သူတို့သည် မြန်မာနိုင်ငံသားဖြစ်ရပါမည်။

👉 အိမ်ခြံမြေအ‌ရောင်းအဝယ် စာချုပ်တွင် နိုင်ငံသားစီစစ်‌ရေးကဒ်ပြားအမှတ်၊ နေရပ်လိပ်စာနှင့် လွှဲပြောင်းရောင်းချသူနှင့် ဝယ်ယူသူတို့၏ အမည်တို့ကို
ပြည့်စုံစွာ ထည့်သွင်းဖော်ပြပါရှိရမည်။

👉 ရောင်းချသည့် မြေကွက်သည် ဂရန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သည့်မြေအမျိုးအစားဖြစ်စေ
ရောင်းချမည့်မြေကွက်သည် ရောင်းသူလက်ဝယ်၌
အမှန်လက်ဝယ်ပိုင်ဆိုင်နေခြင်း ဖြစ်ရမည်။

👉 ရောင်းချသူသည် မြေကွက်ကို အမှန်တကယ်ပိုင်ဆိုင်ကြောင်း၊ အရှုပ်အရှင်းကင်းရှင်းကြောင်း၊
ရောင်းချပိုင်ဆိုင်ခွင့်ရှိကြောင်းကိုလည်း
ဖော်ပြရပါမည်။

👉 ရောင်းသူဘက်မှ အချို့အချက်အလက်များ
ချို့ယွင်းချက်များရှိနေပါကလည်း ဝယ်သူအား ပွင့်လင်းမြင်သာစွာ ပြောပြရမည်၊ စာရွက်စာတမ်းများအားလုံးကို ပြသရမည်။

👉 ရောင်းချသည့် မြေကွက်၏ဦးပိုင်အမှတ်
အရပ်လေးမျက်နှာ ဓာတ်ပုံနှင့်အတူ မြေဧရိယာအတိုင်းအတာတို့ကို ဂရန်၌ ဖော်ပြပါရှိသည့်အတိုင်းဖြစ်ရမည်။

👉 စရန်ပေးကာလအတွင်း အိမ်ခြံမြေကို
ဝယ်သူဘက်သို့ လက်ရောက်ပေးအပ်ခြင်း
မပြုမီကာလအတွင်း ရောင်းသူဘက်မှ
ထိန်းသိမ်းစောင့်‌ရှောက်ထားရှိရမည်။

👉 ဝယ်ယူသူ၏ ငွေပေးချေသည့်နေ့တွင် ရောင်းချသည့်မြေကို ပိုင်ဆိုင်မှုအထောက်အထားစာရွက် စာတမ်း မူရင်းများနှင့်အတူ ရောင်းသူမှဝယ်ယူသူလက်ဝယ် လက်ရောက်ပေးအပ်ရမည်ဖြစ်ပြီး
သက်ဆိုင်ရာရုံးဌာနများတွင် တရားဝင်လွှဲပြောင်းပေးရမည်။

👉 အိမ်ခြံမြေကို မိမိလက်ရောက် မလွှဲပြောင်းမီကာလအတွင်း အခွန်အခများကို ရောင်းသူဘက်မှ
ပေးဆောင်စေရမည်။

👉 စပ်တူစုပေါင်းဝယ်ယူခြင်းမျိုးဖြစ်ပါက
ရှယ်ယာအများဆုံးပါဝင်ထားသော ဝယ်ယူသူက စာရွက်စာတမ်းကို ပိုင်ဆိုင်ရမည်။

👉 အိမ်ခြံမြေကို ဝယ်ယူသူထံ လက်‌ရောက်
မလွှဲ ပြောင်းမှီကာလအတွင်း ထိုအိမ်ခြံမြေနှင့်
ပက်သက်သည့် အကျိုးခံစားခွင့်အဝဝကို ရောင်းချသူမှ ခံစားခွင့်ရှိသည်။

👉 ဝယ်ယူသူသည် စာရွက်စာတမ်းကို သေချာပြည့်စုံမှုရှိ/မရှိစစ်ဆေးပါ၊ စာချုပ်၌ပါရှိသော အသေးစိတ်အချက်အလက်များကို သေချာစွာ ဖတ်ရှုစစ်ဆေးပါ၊

👉 စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းကိစ္စကို
ဝယ်ယူသူမှ ကိုယ်တိုင်ပြုလုပ်ရပါမည်။

👉 ဝယ်ယူသူမှ အိမ်ခြံမြေကို လက်ရောက်ရယူပိုင်ဆိုင်ထားပြီးပါက ထိုခြံမြေနှင့် သက်ဆိုင်သည့် အခွန်အခများကို ဝယ်ယူသူမှ ပေးဆောင်ရပါမည်။

👉 ကိုယ်စားလှယ်ဖြင့် ရောင်းချဝယ်ယူခြင်းပြုလုပ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော
ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် ပြုလုပ်ထားသော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်စာမူရင်းကို တင်ပြရမည်။

👉 ရောင်းချသူ (သို့မဟုတ်) ဝယ်ယူသူသည်
နိုင်ငံခြားသို့ ရောက်ရှိနေပါက မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။


တိုက်ခန်းဝယ်ဖို့စဉ်းစားနေတဲ့မိတ်ဆွေများ🤔 ✅တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် သေချာစစ်ဆေးသင့်တဲ့အချက်တွေကို Dolphin Realestate မ...
15/08/2023

တိုက်ခန်းဝယ်ဖို့စဉ်းစားနေတဲ့မိတ်ဆွေများ🤔

✅တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် သေချာစစ်ဆေးသင့်တဲ့အချက်တွေကို Dolphin Realestate မှ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရောင်းသူသည် ရောင်းပိုင်ခွင့်ရှိမရှိ စုံစမ်းစစ်ဆေးသိရှိထားရပါမည်။ ရောင်းပိုင်ခွင့်မရှိသူထံမှ ဝယ်လျင် နောင်တစ်ချိန် ပြဿနာတက်လာနိုင်ပါသည်။
(ဥပမာ - အမွေဆိုင်တိုက်ခန်းကို အမွေဆိုင်အားလုံး မပါပဲ တစ်ဦးတည်းကရောင်းခြင်း | လင်မယားနှစ်ဦးပိုင်တိုက်ခန်းကို လင် သို့မဟုတ် မယားတစ်ဦးတည်းကရောင်းခြင်း ။ )

၂။ မြေရှင် (သို့မဟုတ်) ကန်ထရိုက်ဆီမှ တိုက်ရိုက်ဝယ်ယူခြင်းမဟုတ်ခဲ့လျှင် အခန်းရောင်းချသူ အဆင့်ဆင့် အဆက်စပ်စာချုပ် ပြည့်စုံမှုရှိ/မရှိစစ်ဆေးရပါမည်။

၃။ B.C.C ရှိ/မရှိစစ်ဆေးရပါမည်။ B.C.C မရှိဘဲ ဝယ်ယူ နေထိုင်သူများရှိသော်လည်း B.C.C ကျပြီးဖြစ်ပါက အကောင်းဆုံးဖြစ်ပါသည်။

၄။ ရေ၊မီး ကိုယ်ပိုင်ဖြစ်/မဖြစ် စစ်ဆေးရပါမည်။ sub မီတာဖြစ်ပါက အခက်အခဲကြုံတွေ့နိုင်ပါသည်။

၅။ ဂျိုးဖြူရေ၊ အဝီစိရေ သေချာမေးမြန်းပါ။ ရေတင်သည့်စနစ်အား မြေရှင်ထံတွင်စုံစမ်းမေးမြန်းသင့်ပါသည်။

၆။ ဝယ်ယူရန် ရည်ရွှယ်သည့် တိုက်ခန်းတွင် အိမ်ငှား ရှိနေပါက မိမိဝယ်ယူပြီးသည့် အချိန်တွင် ရောင်းချသူမှ မည်သို့ မည်သို့ဆောင်ရွက်ပေးမည်ကို သေချာရှင်းလင်းစွာမေးမြန်းပြီးမှ စာချုပ် ချုပ်ဆို ဝယ်ယူသင့်ပါသည်။

၇။ အထူးအရေးကြီးသည်မှာ စရံပေးစာချုပ်ချုပ်ဆိုသည့်အချိန်မှစ၍ အိမ်ခြံမြေကျွမ်းကျင်သည့် ဥပဒေပညာရှင်ဖြင့်သာ စာချုပ်ချုပ်ဆိုဝယ်ယူသင့်ပါသည်။

၈။ သတင်းစာတွင် မဖြစ်မနေ ကြော်ငြာထည့်သင့်ပါသည်။

၉။ မြေရှင် အမှန်တကယ် ဟုတ်/မဟုတ် သေချာစုံစမ်းပါ။ မြေရှင်လက်မှတ်အတုထိုးတာမျိုး ကြုံတွေ့နိုင်ပါသည်။ ဝယ်ယူမည့်အခန်းကိုလဲ မြေရှင်ထံမှ မဝယ်ယူခင် သေချာစုံစမ်းသင့်ပါသည်။

၁၀။ အပြီးသတ်စာချုပ်ချုပ်ဆိုပြီးလျှင် တိုက်ခန်းကို လက်ရောက်ယူပါ။

📲09-796009074


#အိမ်ခြံမြေဗဟုသုတ

11/08/2023

အိမ်ဂရန်ပျောက်သွားရင် ဘယ်လိုလုပ်မလဲ ❓

✨ မီးလောင်ခြင်း၊ ကြွက်ကိုက်ခြင်း၊ ခြစားခြင်း၊
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားခြင်း၊
ကျပျောက်ခြင်း၊ ခိုးဝှက်ခံရခြင်း စတဲ့ မမျှော်လင့်ထားတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် အိမ်ဂရန်ပျောက်ဆုံးသွားတဲ့အခါ...👇👇👇

🏠အိမ်ဂရန် ပျောက်ဆုံးသွားတဲ့အခါ အနည်းနဲ့အများတော့ စိုးရိမ်ပူပန်တတ်ကြပြီး တကယ်တော့ ဂရန်ကပြန်လျှောက်လို့ တာကြောင့်အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး။ မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံးလို့ဖြစ်စေ၊ လွှဲပြောင်းပေးအပ်ခြင်းဖြစ်စေ၊ ဦးပိုင်ခွဲသည်ဖြစ်စေ၊
ဂရန်ပျောက်မိတ္တူလျှောက်၍ဖြစ်စေ၊ ဂရန်အမျိုးအစားပြောင်း၍ဖြစ်စေ လျှောက်မယ်ဆိုရင် အောက်မှာ ဖော်ပြချက်လေးတွေကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါ😊

💁 ဂရန် လျှောက်ထားပေးရာမှာ

(က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနဲ့

(ခ)မူလဂရန်ရှိပြီးမြေကို အကြောင်းအရာ အမျိုးမျိုးကြောင့် ဂရန်ထပ်မံလျှောက်ထားခြင်းဆိုပြီး
အမျိုးအစား(၂)မျိုးရှိပါတယ်။

(၁) ဂရန်အမည်ပြောင်း

(၂) ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောက်ထားခြင်း)

(၃) ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)

(၄) သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်)

(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)

(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း)

(၇) ဂရန်မိတ္တူလျှောက်ထားခြင်း(ဂရန်မူရင်းပျောက်ဆုံးသွား၍အမည် ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူလျှောက်ထားခြင်း)

(၈) တောမှမြို့ပြောင်းလျှောက်ထားခြင်း(ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထားသည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း)

(၉) တောမှမြို့ပြောင်း၊ အမည်ပြောင်း(တောဂရန်မှမြို့ဂရန်အပြင် အမည်ပါပြောင်းပေးရန် လျှောက်ထားခြင်းဖြစ်ပါသည်။)

၂။ ဖော်ပြပါ ဂရန်တွေကို လျှောက်ထားမယ် ဆိုရင် အောက်မှာဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြဖို့ လိုအပ်ပါတယ်။

(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊

(၂) ဂရန်စာချုပ်မိတ္တူမှန်၊

(၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊

(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊

(၅) တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆)

(၆) မြေခွန်ပြေစာမိတ္တူမှန်၊

(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊

(၈) အဆောက်အဦးဓါတ်ပုံ၊

(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊

(၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။

အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာထဲမှာ ထည့်ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက် ပေးနိုင်တယ်လို့ ဌာနဆိုင်ရာက ဖော်ပြထားပါတယ်။

😊 ဒါကြောင့် မတော်တဆ မမျှော်လင့်ပဲ ဂရန်ပျောက်သွားခဲ့တယ်ဆိုရင် စိုးရိမ်စရာ မလိုဘဲ ပြန်လျှောက်လို့ရကြောင်း ဗဟုသုတအဖြစ် ရေးသားဖော်ပြလိုက်ပါတယ်။


06/08/2023

သာကေတ မြို့နယ်မှာ ဘာကြောင့် Property ဝယ်ထားသင့်တာလဲ ❓

✅ အဖြေကို Video ထဲမှာရှာကြည့်ပါ 👇👇👇

✨ မိတ်ဆွေတိုအနေနဲ့ အနာဂါတ်အတွက် စိတ်ချရအောင် ရင်းနှီးမြုပ်နှံချင်တာ ဒါမှမဟုတ်
လှပသပ်ရပ်တဲ့နေရာကောင်းလေးတစ်ခုမှာနေထိုင်ဖို စိတ်ကူးပုံဖော်နေပြီဆိုရင်တော့ သာကေတမြိုနယ်က သင့်အတွက်Perfect ပါပဲ။

🔸သွားလာရလွယ်ကူပြီး ရင်းနှီးမြုပ်နှံချင်သူတွေပါးစပ်ဖျားမှာရေပန်းစားနေတဲ့ဒီမြိုနယ်လေးမှာ

လုပ်ငန်းအတွက် ရုံးခန်းဖွင့်ချင်သလား❓
မိသားစုနဲ့အတူစိတ်အေးချမ်းသာစွာနေထိုင်မလား❓
အနာဂတ်အတွက်ရင်းနှီးမြုပ်နှံထားမလား❓

🤟 ဘာပဲလိုလို Your Number 1. Property Advisor Dolphin Real Estate ကိုသတိရလိုက်ပါခင်ဗျာ။

တန်တာထက်ကိုပိုတန်တဲ့ သာကေတမြိုနယ်က
အိမ်နဲ့ ခြံကွက်လေးများကိုတော့ အောက်ပါ
ပိုစ်ကနေဝင်ရောက်ကြည့်ရှုလိုရပါတယ်။

👉 https://rb.gy/049q0

ရင်းနှီးမြုပ်နှံထားလည်းအရှုးမရှိ၊နေထိုင်ရင်လည်းစိတ်ချမ်းသာရမဲ့ သာကေတမြိုနယ်ထဲကနေရာလေးတွေမိုလုံးဝလက်လွှတ်မခံသင့်ပါဘူးနော်❣️💰📈

📲 09- 796009074

"ဓမ္မစကြာအခါတော်နေ့" မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းအပေါင်း ပြည့်စုံပါစေကြောင်း"Dolphin Real Estate" မိသားစုမှ ဆုမွန်...
01/08/2023

"ဓမ္မစကြာအခါတော်နေ့" မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းအပေါင်း ပြည့်စုံပါစေကြောင်း
"Dolphin Real Estate" မိသားစုမှ ဆုမွန်ကောင်း
တောင်းအပ်ပါတယ်ခင်ဗျာ🙏🙏🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

အခုအချိန်မှာ သင်အလိုချင်ဆုံးProperty ပိုင်ဆိုင်မှုကဘာဖြစ်မလဲ ?🤔 ကဲ... မေးကြ ...ဖြေကြတာပေါ့....😊 ✨လူတိုင်း၊ လူတိုင်းက သာယ...
31/07/2023

အခုအချိန်မှာ သင်အလိုချင်ဆုံးProperty
ပိုင်ဆိုင်မှုကဘာဖြစ်မလဲ ?🤔

ကဲ... မေးကြ ...ဖြေကြတာပေါ့....😊

✨လူတိုင်း၊ လူတိုင်းက သာယာအေးချမ်းပြီး
စိတ်ချမ်းသာတဲ့ ကိုယ့်စိတ်ကြိုက် ကိုယ်ပိုင်အိမ်လေးတစ်လုံးမှာ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ အတူနေချင်တယ်ဆိုတဲ့ အိမ်မက်လေးတွေ ကိုယ်စီရှိကြပါတယ်။ 🥰 ဒီအိမ်မက်လေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ နေ့စဥ်ဘဝမှာ အပြင်းအထန်ကြိုးစားရင်း ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခဲ့တဲ့သူတွေရှိသလို အားမလျော့ပဲ ဆက်လက်ကြိုးစားနေတဲ့သူတွေလည်းရှိပါတယ်။

✅ အဲ့တာကြောင့် ဒီနေ့မှာတော့ အခုအချိန်မှာ
သင်အလိုချင်ဆုံး Property ပိုင်ဆိုင်မှုက ဘာဖြစ်တယ်၊ဘယ်နေရာက ဖြစ်တယ်ဆိုတာကို မင်မင့်ကို
Comment မှာပြောပြပေးခဲ့ပါဦးနော်...👇👇👇


✅ မှန်ကန်တဲ့ Real Estate Agent ဘယ်လိုရွေးချယ်မလဲ ?🤔 🏡 အိမ်ခြံမြေဝယ်ယူခြင်း၊ ရောင်းချခြင်း သိုမဟုတ် ငှားရမ်းခြင်းတွေပြုလု...
24/07/2023

✅ မှန်ကန်တဲ့ Real Estate Agent ဘယ်လိုရွေးချယ်မလဲ ?🤔

🏡 အိမ်ခြံမြေဝယ်ယူခြင်း၊ ရောင်းချခြင်း သိုမဟုတ် ငှားရမ်းခြင်းတွေပြုလုပ်တော့မယ်ဆိုရင် မှန်ကန်တဲ့ အိမ်၊ ခြံ၊ မြေ
Agent သို့ ကုမ္ပဏီကိုရွေးချယ်တတ်ဖို့က အရမ်းကိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ✅

အရည်အချင်းပြည့်မှီ ၊ အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားပြီး ယုံကြည်စိတ်ချရတဲ့ အေးဂျင့် သို့ ကုမ္ပဏီက သင့်ရဲ့ အိမ် ၊ ခြံ ၊ မြေ ဝယ်ယူမှုတွေမှာ သိသာထင်ရှားသော ခြားနားချက်တစ်ခုကို ဖန်တီးနိုင်သလို🤗 အတွေ့အကြုံနည်းတာ သိုမဟုတ် ပရော်ဖက်ရှင်နယ်မကျတဲ့ ပေါချောင်ကောင်းတွေ‌နဲ့ကြုံမိရင်တော့ ငွေကုန်ကြေးကျများသော အမှားများနှင့် မလိုအပ်သော စိတ်ဖိစီးမှုများဆီသို့ သင့်ကို ဦးတည်သွားစေနိုင်ပါတယ်။ 😌

ဒါကြောင့် ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး မှန်ကန်သော အိမ်ခြံမြေအေးဂျင့် သို့ ကုမ္ပဏီကို ရွေးချယ်တတ်ဖို့ သင်ထည့်စဉ်းစားသင့်သည့် အရေးကြီးအဆင့်များကိုဖော်ပြပေးလိုက်ပါတယ်။
👉 Research ကောင်းကောင်းလုပ်ပြီး Online ကနေဖြစ်ဖြစ် ကိုယ်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေဆီက ဖြစ်ဖြစ်ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့်နေရာကို ကြိုတင်ပြင်ဆင်လေ့လာပါ။

👉 တရားဝင်ကုမ္ပဏီ သို့ အေးဂျင့်ဟုတ် မဟုတ် ၊ လိုင်စင်ရှိမရှိနှင့် Review ကောင်းမကောင်းကို ဆန်းစစ်ပါ။

👉လုပ်ငန်းအတွေ့အကြုံတကယ်ရှိရဲ့လား ? ကျွမ်းကျင်ရဲ့လားကိုယ့်လိုအပ်ချက်ကိုတကယ်ရောဖြည့်ဆည်းပေး နိုင်မှာလားဆိုတာအရင်အတွေ့အကြုံတွေနဲ့ နှိုင်းယှဥ်လေ့လာပါ။

👉 ဆက်သွယ်ဆက်ဆံမှုကောင်းရဲ့လား ၊ ကိုယ့်အပေါ်မှာဘယ်လောက်စိတ်ရှည်လဲဆိုတာကို ကြည့်ခြင်းဖြင့်လည်းကုမ္ပဏီ (သို့) အေးဂျင့်ရဲ့အနေအထားကိုခန့်မှန်းလို့ရနိုင်ပါတယ်။

👉 အိမ် ၊ ခြံ ၊ မြေ ဥပဒေတွေနဲ့ပတ်သက်ပြီးဘယ်လောက်နားလည်လဲ ? စာရွက်စာတမ်းပိုင်းတွေရော ကျွမ်းကျင်ပိုင်နိုင်လား ? အိမ် ၊ ခြံ ၊ မြေ ဈေးကွက်ထဲမှာရော လက်ရှိအခြေအနေတွေကို ဘယ်လိုသုံးသပ်လဲ စတဲ့အချက်တွေကိုလည်း ဂရုတစိုက်လေ့လာအကဲခတ်သင့်ပါတယ်။

👉 ဆက်လက်ပြီးအကျိုးဆောင်ခယူပုံတွေနဲ့ ဈေးကွက်ထဲမှာ နာမည်ပျက်ရှိ/မရှိ

👉 နောက်ဆုံးအနေနဲ့ အကျိုးဆောင်ခရရေးပဲ ပြီးပြီးရော အလုပ်လုပ်တာလား ? ကိုယ့်ရဲ့ Customer သို့ Client အမှန်တကယ်အဆင်ပြေပြီး စိတ်ကျေနပ်စေဖို့ အလုပ်လုပ်တာလား...စတဲ့အချက်တွေကို သေချာ လေ့လာ ဆန်းစစ်ပြီးတော့မှ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် Property Agent ကိုရွေးချယ်သင့်ပါတယ်။

😊 လူကြီးမင်းတို့ရဲ့ အိမ် ၊ ခြံ ၊ မြေ အရောင်း အဝယ်တိုင်းမှာ ရောင်းမှား၊ ဝယ်မှားမဖြစ်ရအောင် ယုံကြည်စိတ်ချရပြီး
အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားတဲ့ နံပါတ် ၁ အကောင်းဆုံး Property Advisor
👉 Dolphin Real Estate 👈 မှာတိုင်ပင်ဆွေးနွေးလိုက်ပါခင်ဗျာ…

📲 09-796009074


#အိမ်ခြံမြေဗဟုသုတ

🏠 အိမ်၊ ခြံ ၊ မြေ အရောင်းအဝယ်လုပ်တဲ့အခါကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲများအခုခေတ်မှာ Property တွေကိုဝယ်တဲ့အခါ (1)မိမိဝယ်ယူမယ့်...
19/07/2023

🏠 အိမ်၊ ခြံ ၊ မြေ အရောင်းအဝယ်လုပ်တဲ့အခါ
ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲများ

အခုခေတ်မှာ Property တွေကိုဝယ်တဲ့အခါ

(1)မိမိဝယ်ယူမယ့်အိမ်ခြံမြေက စာရွက်စာတမ်း
အပြည့်အစုံမရှိတာ

(2)စာရွက်စာတမ်းတွင် ရောင်းချသူ၏ နာမ်မည်မှန်ကန်စွာရှိမရှိနေခြင်းနှင့် စာရွက်စာတမ်းတွင်မပါရှိပါက ပိုင်ရှင်ထံမှ SP/GPရရှိထားနေမှု့

(3)အမွေဆိုင်ပစ္စည်းကြောင့် အရှုပ်အရှင်းမကင်းခြင်း

(4)မြန်မာဗုဒ္ဓဘာသာများထံသို့ဝယ်ယူရာတွင်လင်မယားပိုင်ပစ္စည်းဖြစ်ပေမယ့်နှစ်ဦးစလုံးသဘောတူညီစွာ ရောင်းချမှုမရှိခြင်း

(5) မိမိဝယ်ယူမည့်အိမ်ခြံမြေပေါ်မှာတခြားသူတစ်ဦးဦးနေထိုင်နေမှု့ ၊

(6) တစ်ချို့အဝယ်တော်တွေက စရံစာချုပ်ချလိုက်ပြီး လုံလဝိရိယမရှိမှု့တို့ကြောင့် စရံတွေပါဆုံးရှုံးရခြင်း

(7) ကာလပေါက်ဈေးမတည်ငြိမ်ခြင်းနှင့် ညှိနှိုင်းရခက်ခဲခြင်း

(8) Liquidity နဲ့ပတ်ဝန်းကျင်အနေအထားက
ကိုယ့်စိတ်ကြိုက်မဖြစ်တာစတဲ့
💰အခက်အခဲတွေရှိတတ်တာကြောင့် အခုအချိန်မှာ အိမ်၊ ခြံ ၊ မြေဝယ်ယူကြမယ့်သူများအနေဖြင့် သတိထား ဆင်ခြင်ပြီးမှဝယ်သင့်ပါတယ်။

🏠 အိမ်ခြံမြေ ရောင်းတယ်၊ ဝယ်ယူတယ်ဆိုတာ
အဲဒီ အိမ်ခြံမြေကိုပဲ ဝယ်တာရောင်းတာ မဟုတ်ပဲ
အိမ်၊ ခြံ၊ မြေ ရဲ့ပိုင်ဆိုင်မှု့ကို ရောင်းတာ၊ ဝယ်တာပါ။

🔴 ပိုင်ဆိုင်မှုဆိုတာ စာရွက်စာတမ်းကို မူတည်ပြီး
ပြောတာဖြစ်တဲ့အတွက် ကိုယ်ဝယ်မယ့် စာရွက်စာတမ်းအားလုံးကို စနစ်တကျမှန်ကန်မှုရှိအောင်၊ ✅
အရှုပ်အရှင်းကင်းအောင် ( ညီအကို မောင်နှမ အမွေကိစ္စ၊ မိသားစုစီမံ ၊ အိမ်ထောင်ရေးနဲ့ ညှိမညှိ၊
ပတ်ဝန်းကျင်ရှိမြေကွက်အတိုင်းအတာ၊ ပိုင်ရှင်အဆင့်ဆင့် ပြောင်းလဲလာပုံ နှင့် ဒီမြေရဲ့ ရာဇဝင်နှင့်
စာရွက်စာတမ်းအတွက် သက်ဆိုင်ရာ ရုံးဌာနမှာစစ်ဆေးခြင်းနှင့် အစရှိသည့်… ) သေချာနားလည်တတ်ကျွမ်းတဲ့ ရှေ့နေများ၊😊 အကျိုးဆောင်များနဲ့ ချိတ်ဆက်
စီစစ်ပြီးမှ ဝယ်ယူပါလို့ အကြံပြုပါရစေခင်ဗျာ…


#အိမ်ခြံမြေဗဟုသုတ

Address

No. 317 Thumana (5) Street , 5 Quater, Tharketa Township
Yangon
11231

Website

Alerts

Be the first to know and let us send you an email when Dolphin Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share