Dana One Real Estate and Properties

Dana One Real Estate and Properties Home for you

“𝐁𝐂𝐂အကြောင်း သိကောင်းစရာ”(BCC)စာရွက်ဆိုတာ Building Complete Certificate (လူနေထိုင်ခွင့်ပုံစံ)စာရွက် ဖြစ်ပါတယ်။BCCအကြောင်...
11/12/2023

“𝐁𝐂𝐂အကြောင်း သိကောင်းစရာ”

(BCC)စာရွက်ဆိုတာ Building Complete Certificate (လူနေထိုင်ခွင့်ပုံစံ)စာရွက် ဖြစ်ပါတယ်။
BCCအကြောင်း လေ့လာချင်သူများအတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

- သူငယ်ချင်းတစ်ယောက် တိုက်ခန်းဝယ်လို့လိုက်ခဲ့ပါဆိုလို့ လိုက်သွားဖြစ်တယ်။
- တိုက်ခန်းနေရာရောက်တော့ စာရွက်စာတမ်းအရှုပ်အရှင်းကင်းတယ်။ ဘာမှစိတ်မပူနဲ့လို့ ရောင်းသူနှင့် အကျိုးဆောင်က ပြောပါတယ်။
- ကျွန်တော်က BCC ကျပြီးသားလားလို့ မေးပါတယ်။
- မကျသေးဘူးတဲ့။ အဲအထိ အဆင်ပြေပါတယ်။
- အဆင်မပြေတာက BCC က ဘာအရေးကြီးလို့လဲ။ အားလုံးဒီလိုပဲ နေနေကြတာပဲဆိုပြီး ကြားက အကျိုးဆောင်က ဝင်ပြောတာကို သဘောမကျတာပါ။
- BCC ဆိုတာ တိုက်ခန်းမှာအရေးအကြီးဆုံးပါပဲ။ သူတို့ပြောသလို စာရွက်စာတမ်းအရှုပ်အရှင်း မရှိဘူးဆိုတာ နေထိုင်သူတွေ၊ ပိုင်ဆိုင်သူတွေနဲ့တော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရနဲ့တော့ ပြဿနာအကြီးကြီးကို ရှိတာပါ။
- အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ (၇၇) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ်ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။
နောက်ပြီးတော့…
- ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ (အဲဒါတွေက မှန်ခန်းတို့၊ ဒါဘာတို့နဲ့ ဆိုင်ပါတယ်။ နောက်တင်ပေးပါဦးမယ်)
- ပုဒ်မ ၆၁ (င) တွင် မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါသည်။
- ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) မှာ ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်အသုံးပြုလျှင် နေ့စဉ်ငွေဒဏ်ကျပ် (၁)သောင်း မှ (၅) သောင်းအထိ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတာလည်း ရှိတယ်။
- အဲဒါကို အရေးမကြီးဘူးဆိုတော့ အဲလိုအကျိုးဆောင်မျိုးတွေကို တော်တော်ရင်နာမိပါတယ်။ စကားကို လက်လွတ်စပယ်ပြောလိုက်တာက မသိတဲ့သူမှာ နောက်ပိုင်းတော်တော်နစ်နာ ရပါလိမ့်မယ်။ BCC မကျသေးဘူး အဲဒါကြောင့် ဒီဈေးနဲ့ရတာ ညီလေး ဝယ်ရဲရင် ဝယ်သင့်တယ်။ အဲလိုအကြံပေးတာမျိုးက လက်ခံပါသေးတယ်။
- ရပ်ကွက်က ကောင်းလို့ ပတ်ဝန်းကျင်က ကောင်းလို့ မတိုင်လို့သာ ဘာမှမဖြစ်သေးတာပါ။ တစ်ယောက်ယောက်ကများ စည်ပင်ကို သွားတိုင်လိုက်ရင် တကယ့်ကို သပွတ်အူပါ။
- အပေါ်က စည်ပင်ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) အရဆိုရင် ဝယ်ထားသူက အငှားထားထားရင် ငှားနေရတဲ့သူပါ တိုင်ပတ်မယ့်ကိန်းရှိပါတယ်။ တစ်နေ့ကို ၁ သောင်းကနေ ၅ သောင်းအထိ ဒဏ်ရိုက်လို့ ရတယ်ဆိုတော့ တိုက်သက်တမ်းနဲ့ တစ်နေ့ချင်းတွက်ပြီးသာ မြောက်ကြည့်လိုက်ရင် ဆုံးရှုံးမှုက နည်းတဲ့ပမာဏမဟုတ်ပါဘူး။
- နိုင်ငံတော်ကလည်း ဒီအတိုင်းရေရှည်မှာ နေမှာမဟုတ်ပါဘူး။
- အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်းကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး သတ်မှတ်ချက်ကို ပြောရရင် –
- ပထမတန်းစား အာစီ ၈ ထပ်နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ။
- ပထမတန်းစား အာစီ ၈ ထပ် အောက်မှာတစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ် ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။
- မြေရှင် ဒါမှမဟုတ် ကန်ထရိုက်သမားက အစိုးရကို ဆောင်ရမယ့် ပမာဏပါ။ ရန်ကုန်မြို့မှာ တိုက်ခန်းပေါင်း ၃ သိန်းကျော်ရှိပါတယ်။ အဲအထဲမှာ BCC မကျတာတွေက အများကြီးပါ။ နိုင်ငံတော်အနေနဲ့လည်း အခွန်ငွေတွေ အများကြီး ဆုံးရှုံးရပါတယ်။ အဲဒါကို အစိုးရက ရေရှည်ခွင့်ပြုထားမယ်ထင်နေပါသလား?
- တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်ပြီးတော့ ကြပ်မှတ်လာတဲ့အခါ BCC မရှိတဲ့ အခန်းတွေကို လက်ဝယ်ရှိနေတဲ့သူတွေ မီးခဲကိုင်မိသလို ဖြစ်နိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။
အဲဒါကို BCC ကအရေးမကြီးပါဘူး။ ဒီအတိုင်းပဲ နေနေကြတာပါပဲ ဆိုတာကြီးကို ဖြစ်နိုင်ရင် မသိတဲ့ ဝယ်သူတွေကို ပြောပြီးမရောင်းစေချင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောပြီး ရောင်းစေချင်ပါတယ်။ အချို့က BCC မရှိလည်း ဝယ်တဲ့သူတွေအများကြီးပါ။


#အိမ်ခြံမြေ
#ကန်ထရိုက်တိုက်

credit original owner

🪔“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”🪔ထူးမြတ်လှတဲ့ သီတင်းကျွတ်လပြည့်အခါသမယမှာ မိတ်ဆွေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန...
28/10/2023

🪔“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”🪔

ထူးမြတ်လှတဲ့ သီတင်းကျွတ်လပြည့်အခါသမယမှာ မိတ်ဆွေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း “Dana One Real Estate and Properties” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


#သီတင်းကျွတ်လပြည့်နေ့
#အဘိဓမ္မာအခါတော်နေ့

👏 မြောက်ဥက္ကလာ အဝိုင်းထိပ်ဝေပုလ္လ ၄ လမ်းက အခန်းတွေကို မကြာခင် အရောင်းဖွင့်ပါတော့မယ်ဗျာ👏👉ကြိုပွိုင့် လေးနဲ့ ပေ အကျယ် တိုက...
23/10/2023

👏 မြောက်ဥက္ကလာ အဝိုင်းထိပ်ဝေပုလ္လ ၄ လမ်းက အခန်းတွေကို မကြာခင် အရောင်းဖွင့်ပါတော့မယ်ဗျာ👏

👉ကြိုပွိုင့် လေးနဲ့ ပေ အကျယ် တိုက်အသစ်/အခန်းပေအကျယ်လဲလိုချင်တဲ့ မိတ်ဆွေ များအတွက် မကြာခင် Foundation စတူးတော့မည်။

👉မြောက်ဥက္ကလာ အဝိုင်းထိပ် (တိုက်ရှေ့လမ်းကျယ်၊ စျေးနီး၊ကျောင်းနီး၊ကားဂိတ်နီးပါတယ်။)

👉အခန်းအကျယ်အဝန်း ကတော့ ၁၃.၅ ပေ× ၅၄ပေ ဖြစ်ပါမယ်။

👉 ရေချိူးခန်းနဲ့အိမ်သာကိုနံရံအမြင့်(၄)ပေထိ ကြွေပြားကပ်ပေးပြီး၊ မီးဖိုခုံကိုလည်း ကြွေပြားခင်းပြီးသားဖြစ်ပါမယ်။ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာတပ်ဆင်ပေးပါမယ်။

👉တိုက်ခန်းအသစ်၊First Owner ဖြစ်ပါမယ်။

👉 ငွေပေးချေမှုပုံစံ ကတော့ အခန်းရဲ့တန်ဖိုး (၁၀%)စတင်ပေးသွင်းပီ ကျန်ငွေကို (၁၈)လ အရစ်ကျသွင်းသွားရမှာပါ။

👉 Foundation စတူးတာနဲ့ အခန်းလေးတွေရောင်းထွက်တာမြန်တာမို့ အခုထဲက မိတ်ဆွေတို့ စိတ်ကြိုက်လိုချင်တဲ့အခန်းလေးတွေရအောင် မြန်မြန်လေး Booking လုပ်ထားလိုက်ပါဗျာ။

🤝အိမ်အသစ်ကလေးနဲ့ နေဖို့ ဓနဝမ်းကို ဆက်သွယ်ကြပါစို့🤝

👉 အသေးစိတ်ထပ်မံ စုံစမ်းချင်တယ်ဆိုရင်တော့…

☎️ 09959712048

🏡 အမှတ် (ပ /၁၆၁)၊ ပြည်ထောင်စုလမ်းမကြီး၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

👏တောင်ဒဂုံ ၂၄ ရပ်ကွက်က အခန်းတွေကို မကြာခင် အရောင်းဖွင့်ပါတော့မယ်ဗျာ👏👉ကြိုပွိုင့် လေးနဲ့ ပေ အကျယ် တိုက်အသစ်/အခန်းပေအကျယ်လ...
23/10/2023

👏တောင်ဒဂုံ ၂၄ ရပ်ကွက်က အခန်းတွေကို မကြာခင် အရောင်းဖွင့်ပါတော့မယ်ဗျာ👏

👉ကြိုပွိုင့် လေးနဲ့ ပေ အကျယ် တိုက်အသစ်/အခန်းပေအကျယ်လဲလိုချင်တဲ့ မိတ်ဆွေ များအတွက် မကြာခင် Foundation စတူးတော့မည်။

👉တောင်ဒဂုံမြို့နယ်၊ ၂၄ ရပ်ကွက် (လမ်းကျယ်၊ စျေးနီး၊ကျောင်းနီး၊ကားဂိတ်နီးပါတယ်။)

👉အခန်းအကျယ်အဝန်း ကတော့ ၁၇ပေ×၅၄ပေ ဖြစ်ပါမယ်။

👉 ရေချိူးခန်းနဲ့အိမ်သာကိုနံရံအမြင့်(၄)ပေထိ ကြွေပြားကပ်ပေးပြီး၊ မီးဖိုခုံကိုလည်း ကြွေပြားခင်းပြီးသားဖြစ်ပါမယ်။ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာတပ်ဆင်ပေးပါမယ်။

👉တိုက်ခန်းအသစ်၊First Owner ဖြစ်ပါမယ်။

👉 ငွေပေးချေမှုပုံစံ ကတော့ အခန်းရဲ့တန်ဖိုး (၅%)စတင်ပေးသွင်းပီ ကျန်ငွေကို (၂၄)လ အရစ်ကျသွင်းသွားရမှာပါ။

👉 Foundation စတူးတာနဲ့ အခန်းလေးတွေရောင်းထွက်တာမြန်တာမို့ အခုထဲက မိတ်ဆွေတို့ စိတ်ကြိုက်လိုချင်တဲ့အခန်းလေးတွေရအောင် မြန်မြန်လေး Booking လုပ်ထားလိုက်ပါဗျာ။

🤝အိမ်အသစ်ကလေးနဲ့ နေဖို့ ဓနဝမ်းကို ဆက်သွယ်ကြပါစို့🤝

👉 အသေးစိတ်ထပ်မံ စုံစမ်းချင်တယ်ဆိုရင်တော့…

☎️ 09959712048

🏡 အမှတ် (ပ /၁၆၁)၊ ပြည်ထောင်စုလမ်းမကြီး၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

🤝မြေကွက် ပိုင်ရှင်များကို ဖိတ်ခေါ်ပါတယ်🤝“မိသားစုနောင်ရေးစိတ်အေးရစေဖို့ Dana One Real Estate and Propertiesနဲ့ အကျိုးတူလက...
23/10/2023

🤝မြေကွက် ပိုင်ရှင်များကို ဖိတ်ခေါ်ပါတယ်🤝

“မိသားစုနောင်ရေးစိတ်အေးရစေဖို့ Dana One Real Estate and Propertiesနဲ့ အကျိုးတူလက်တွဲလိုက်ပါ”
အိမ်ဆိုတာ လူနေမှုဘဝမြင့်မားဖို့၊ နှလုံးသားတွေနွေးထွေးဖို့၊ ဘဝအမောတွေပြေပျောက်ဖို့အတွက် ခိုလှုံရာ အရိပ်အာဝါသတစ်ခုပဲ မဟုတ်လား။ မိသားစုဘဝနောင်ရေးစိတ်အေးချမ်းသာစေဖို့ လုံခြုံနွေးထွေးတဲ့ အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ချင်ကြတာ မိသားစုတိုင်းရဲ့ စိတ်ကူးအိပ်မက်တစ်ခုပါ။

ဒါကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ ယနေ့ခေတ်မှာ မိတ်ဆွေတို့လက်ထဲ မြေတစ်ကွက်ရှိတယ်ဆိုရင် တိုက်ခန်းတွေဖော်ဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်သင့်ပါတယ်။ မိမိပိုင်ဆိုင်တဲ့ မြေကွက်ကို ရောင်းချစရာလည်း မလို၊ တိုက်ဆောက်ဖို့အတွက် ငွေကြေးစိုက်ထုတ်ဖို့လည်း မလိုတဲ့အပြင် ထပ်ပေါင်းငွေကြေးတွေ တိုးပွားချင်ရင်တော့ ကျွန်တော်တို့ “Dana One Real Estate and Properties”နဲ့အတူ အကျိုးတူ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Dana One Groupမှ အကျိုးတူ ပူးပေါင်းပြီး အထပ်မြင့်ကန်ထရိုက်တိုက်များကို အခန်းပေး အခန်းယူစနစ်ဖြင့် တည်ဆောက်ပေးလျက်ရှိတဲ့ ရန်ကုန်မြို့အတွင်းက မြို့နယ်တွေကတော့…

(၁)တောင်ဥက္ကလာပမြို့နယ် (၂)သင်္ကန်းကျွန်းမြို့နယ် (၃)ရန်ကင်းမြို့နယ် (၄)တာမွေမြို့နယ်
(၅)လှိုင်မြို့နယ် (၆)ကမာရွတ်မြို့နယ် (၇)မရမ်းကုန်းမြို့နယ် (၈)အင်းစိန်မြို့နယ်
(၉)ဗဟန်းမြို့နယ် (၁၀)ကြည့်မြင်တိုင်မြို့နယ် (၁၁)စမ်းချောင်းမြို့နယ် (၁၂)ဒဂုံမြို့နယ်
(၁၃)အလုံမြို့နယ် (၁၄)လမ်းမတော်မြို့နယ် (၁၅)လသာမြို့နယ် (၁၆)ပန်းပဲတန်းမြို့နယ်
(၁၇)ကျောက်တံတားမြို့နယ် (၁၈)ပုဇွန်တောင်မြို့နယ် (၁၉)မြောက်ဥက္ကလာမြို့နယ်
(၂၀)မြောက်ဒဂုံမြို့နယ် (၂၁)တောင်ဒဂုံမြို့နယ် (၂၂)အရှေ့ဒဂုံမြို့နယ်(တချို့ရပ်ကွက်များ)
(၂၃)သာကေတမြို့နယ် (၂၄)ဒေါပုံမြို့နယ် တို့ပဲ ဖြစ်ပါတယ်။

ရေရှည်ခိုင်ခံ့မှု ၁၀၀%အာမခံပြီး ခေတ်နဲ့အညီ လှပဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ တိုက်လှလှလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်
Dana One Real Estate and Properties နဲ့ အမြန်ဆုံးလက်တွဲပြီး စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လိုက်တော့နော်။

👉 အသေးစိတ်ထပ်မံ စုံစမ်းချင်တယ်ဆိုရင်တော့…

☎️ 09959712048

🏡 အမှတ် (ပ /၁၆၁)၊ ပြည်ထောင်စုလမ်းမကြီး၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။


#ကန်ထရိုက်တိုက်
#အိမ်ခြံမြေ

ရန်ကုန်မြို့လယ်က တိုက်ခန်းအရောင်း မြေရှင်အသိအမှတ်ပြုခ များများတောင်း****************************************************...
22/10/2023

ရန်ကုန်မြို့လယ်က တိုက်ခန်းအရောင်း မြေရှင်အသိအမှတ်ပြုခ များများတောင်း
*******************************************************************************************************************************************************************************************

လွှတ်တော်ရှေ့နေ “မောင်ကောင်းဖေ”

☎️ 09251015089

အိမ်ခြံမြေ “တိုက်ခန်း “ရောင်း ဝယ် ဌား သိထား ရ မည့် အချက် များ…စာအုပ် မှ ကောက်နှုတ် ဖော်ပြချက်
“””””””””””””””””””””””””””””””””””””””

“””””””””””””””””””””””””””””””””””””””

မကြာမီအချိန်ပိုင်းအတွင်းက မနက် (၉) နာရီ အချိန်တွင် ''မောင်ကောင်းဖေ''၏ ညီဝမ်းကွဲတော်သူ ''ညီညီ''တစ်ယောက် အရေးတကြီးဖုန်းဆက်လာသည်။

“အကိုကြီးရေ…. ကျွန်တော်တော့ တိုက်ခန်းတစ်ခန်းဝယ်ဖို့ စရန်ပေးထားပြီးပြီ။ ဒီနေ့ အပြီးငွေချေမှာဖြစ်လို့ တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်ချုပ်ဖို့ အစ်ကိုကြီး လိုက်ခဲ့ပါဦး။ နေ့လယ် (၂ )နာရီလောက်မှာ ရောင်းသူရော ၊ ဝယ်သူပါ အိမ်ရှင်ရဲ့ရှေ့မှာ စာချုပ်ချူပ်ပြီး (၃) ဦးစလုံး သဘောတူလက်မှတ်ရေထိုးကြမယ်လေ။စာချုပ်လည်း အဆင်သင့်လုပ်ပေးထားပါဦး။ ကျွန်တော် ကားနဲ့လာခေါ်မယ်”

“ညီညီရာ …. မင်းကိစ္စကလည်း အလောတကြီးပါလာကွာ”

“ မလောလို့မရဘူး အစ်ကိုကြီးရေ......ဒီ(၁)ရက်၊ (၂)ရက်အတွင်း ကျွန်တော်က ကုမ္မဏီတာဝန်နဲ့နယ်ကိုသွားရမှာ ။ နယ်မြို့တွေမှာနေရမှာ ကြာမယ်ဆိုတော့ မိသားစုနေဖို့အတွက် ခုလိုစီစဉ်လိုက်ရတာ”

“ကောင်းပြီလေ….. ဒါဆိုရင်လည်း (၂ )နာရီထိုးခါနီးမှာ အစ်ကိုကြီးကို လာခေါ်လိုက်လေ”

ဟု ပြောပြီးဖုန်းချလိုက်သည်။ ''မောင်ကောင်းဖေ'' လည်း လာခေါ်လှည့်သာပြောလိုက်ရသည်။ ဝယ်မည်တိုက်ခန်းက ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက်၊ ဘယ်လမ်းဟု မမေးလိုက်ရ။ ရောင်းမည်သူကိုတောင် မသိလိုက်ရသဖြင့် ဘယ်လိုစီစဉ်ရမည်ဟု စဉ်းစားနေမိသည်။

"မောင်ကောင်းဖေ''၏ အတွေ့အကြုံအရ အိမ်ခြံမြေဝယ်ယူသူများနှင့် တိုက်ခန်း ဝယ်ယူသူ တော်တော်များများသည် မိမိဝယ်ယူမည့် အိမ်ခြံမြေတိုက်ခန်းတို့နှင့် ပတ်သတ်၍ အရှုပ်အရှင်းကင်း၊မကင်းနှင့် ရောင်းမည့်သူ တာဝန်ယူမှုတို့နှင့် ပတ်သတ်၍ အကြိမ်ကြိမ်ပြောဆို ညှိနှိုင်းလေ့ရှိကြသည်။ ပြီးမှ စရန်ပေးစာချုပ်ရာတွင် ပွဲစားများကိုသက်သေအဖြစ် လက်မှတ်ရေးထိုးခိုင်းကြသည်။ သို့သော် ငွေအပြေအကျေ ပေးချေမည့်ရက်နီးမှသာ ရှေ့နေကိုသတိရကြသည်၊ စာချုပ်အဆင်သင့်ပြုလုပ်ထားပေးရန် ပြောဆိုလေ့ရှိကြသည်။ ယခုလည်း ''မောင်ကောင်းဖေ''၏ညီပြောဆိုပုံက ယခင်တွေ့ကြုံဖူးသည့်ဝယ်သူများထက်ပို၍ပင် အလောတကြီး နိုင်လှသည်။

ယင်းသို့ ဝယ်ယူသူများ အရေးတကြီး လုပ်ဆောင်လေ့ရှိသည့် အလေ့အထကိုသိထားသဖြင့် ''မောင်ကောင်းဖေ''လည်း အဆင်သင့်ပြုလုပ်ထားသော တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်တွင် ရောင်းသူဝယ်သူသက်သေနှင့် မြေရှင်အပါအဝင် အရောင်းအဝယ်ပြုလုပ်သည့် ပစ္စည်းစာရင်းတည်ရှိရာလိပ်စာ၊ တိုက်ခန်းတန်ဖိုးနှင့် မြေရှင်အသိအမှတ်ပြုခပေးဆောင်ရသည့် ငွေရာခိုင်နှုန်းတို့ကို စာချုပ်ပေါ်တွင် ကွက်လပ်ထားပြီး ယခု(၃၀၀)ကျပ်တန် တံဆိပ်ခေါင်းဖြင့် စာချုပ်ထုတ်ယူပြီး ''ညီညီ'' ဖုန်းဆက်မည့်အချိန်ကို စောင့်နေလိုက်တေ့ာသည်။

မကြာမီ ညီညီရောက်လာပြီး…….

“ အစ်ကိုကြီး….. သွားမယ် ”

ဟုဆိုသဖြင့် ၎င်းနှင့်အတူ ကားဖြင့် အရောင်းအဝယ်ပြုလုပ်မည့် တိုက်ခန်းသို့ လိုက်သွားခဲ့တော့သည်။တိုက်ခန်းတည်ရှိရာနေရာ ၂၉ လမ်း ၊(၃) လွှာတိုက်ခန်း၌ အရောင်းအဝယ် ပြုလုပ်ကြရန်ဖြစ်သည်။ တိုက်ခန်းရောက်သည့်အခါ တိုက်ခန်းရောင်းမည့်သူက အဆင်သင့်စောင့်နေသည်။

ပစ္စည်းများကိုသိမ်းဆည်း၍ အခန်းသော့အပ်ရန် အိမ်တွင်း သန့်ရှင်းရေးများ လုပ်ပေးထားသည်ကို တွေ့ရသည်။ စာချုပ်ကို တိုက်ခန်းတွင် မချုပ်ဘဲ မြေရှင်ရှေ့တွင် ချုပ်ရန် မြေရှင်ရှိရာ ဗိုလ်အောင်ကျော်လမ်း သို့ ကားဖြင့်ထပ်သွားကြသည်။အိမ်ရှင်မိသားစုမှာ အတော်ပြည့်စုံချမ်းသာပုံပေါ်သည်။ အခန်းကျယ်ကြီးတွင် သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး အထက်တန်းကျကျပြင်ဆင်ထားသော အသုံးအဆောင်များကို ကြည့်ချင်းအားဖြင့် သိနိုင်သည်။

ထိုနေ့က ဖြစ်ပုံမှာ စာချုပ်မည့်နေ့ နံနက်ပိုင်းတွင် အကြောင်းကြား၍ နေ့လယ်တွင် မြေရှင်အိမ်၌ အပြီးစာချုပ်ခြင်းဖြစ်၍ အစီအစဉ်တကျ မရှိလှပေ။ မြေရှင်အိမ်ရောက်မှ စာချုပ်တွင် ရောင်းသူ၊ ဝယ်သူ နှင့်သက်သေများကို ဖြည့်သွင်းရသည်ဖြစ်၍ အချိန်အနည်းငယ်ကြာသွားသည်။ အသက် (၇၀) နီးပါးခန့်မြေရှင်က စရန်ပေးစာချုပ်များကို တောင်းယူကြည့်ရှုသည်။ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ရာတွင် မြေရှင်အသိအမှတ်ပြုခ (၁) ရာခိုင်နှုန်းသာပေးရသည်ကို (၃) ရာခိုင်နှုန်းတောင်းဆိုသည်။ ထို့နောက်တဖန် ဝယ်ယူသူက တဆင့်ပြောင်းရောင်းလျှင်(၄) ရာခိုင်နှုန်းပေးရန်အထိ တောင်းဆိုလာသည်။ ''ဝယ်သူညီညီ''မပြောနှင့် ''မောင်ကောင်းဖေ'' ၏ စိတ်ထဲတွင်ပင် မြေရှင်ကို အတော်မကျေမနပ်ဖြစ်သွားသည်။

မြေရှင်မှအသက်ကြီး၍ အိမ်တိုင်ရာရောက်သွား၍ အသိအမှတ်ပြုခပေးသည်ကို ကျေးဇူးမတင်သည့်အပြင် ဝယ်သူပြန်ရောင်းလျှင် (၄) ရာခိုင်နှုန်းပေးရမည်ဟုတောင်းဆိုခြင်းမှာ ဓလေ့ထုံးစံကိုကျော်လွန်၍ တောင်းဆိုခြင်းဖြစ်သည်။ ဝယ်သူကလည်း စိတ်သဘောထားကြီးသူဖြစ်၍ မြေရှင်လက်မှတ်ထိုးရင်ပြီးတာပဲဟု သဘောထားပြီး လက်ခံသဘောတူခဲ့ရသည်။ နောက်မှ ဥပဒေနှင့် ညီမညီ စဉ်းစားဖို့ ဆုံးဖြတ်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။ အပြန်လမ်းတစ်လျှောက်တွင် အိမ်ရှင်၏ မတော်လောဘကြီးပုံကို မျက်မြင်ကိုတွေ့ကြုံခဲ့ရသော ရောင်းသူ၊ဝယ်သူနှစ်ဦးမှာ အတော်စိတ်မချမ်းမသာဖြစ်နေသည်။ စာချုပ်တွင် မြေရှင်အသိအမှတ်ပြုခ ( ၁) ရာခိုင်နှုန်းပေးမည်ဟု စာသားပါလာသဖြင့် ယင်းသို့ လောဘတက်သွားခြင်းဖြစ်သည်ဟု ''မောင်ကောင်းဖေ''အား အပြစ်တင်ကြသည်။ ယင်းစာသား ထည့်သွင်းထားခြင်းမှာ ရှေ့နေ၏အားနည်းချက်ကြောင့်ဖြစ်သည်ဟုလည်း ''မောင်ကောင်းဖေ''အား အပြစ်တင်ကြသည်။

တိုက်ခန်းအရောင်းအဝယ်စာချုပ်တွင် မြေရှင် အသိအမှတ်ပြုရန် လက်မှတ်ရေးထိုးခိုင်းရခြင်းမှာတိုက်ခန်းနှင့်ပတ်သက်၍ အရှုပ်အရှင်းကင်းကြောင်းသိလို၍ ဖြစ်သည်။ မူလတိုက်ခန်းပိုင်ရှင်လည်းဖြစ် မြေရှင်လည်းဖြစ်ပြီး ၎င်းရောင်းချပြီးနောက် အဆက်ဆက်ဝယ်ယူသူများလည်း ထပ်မံရောင်းချတိုင်း မြေရှင်က သိရှိကြောင်း အသိအမှတ်ပြုပေးခြင်းသာဖြစ်သည်။

မြေရှင်က ယခုရောင်းသူ မှ ဝယ်သူထံပေးရမည့် ယခင်စာချုပ်အဆက်များကို မပေးဘဲ သိမ်းထားမည့် အနေအထားရှိနေသည့် အတွက် …

“ဒီလိုယူထားလို့မရဘူးလေ အန်တီ.....ကျွန်တော်တို့က ဒီစာချုပ်အဆက်အစပ်တွေ အပြည့်အစုံကိုင်ထားမှ နောက်လူကိုပြန်ရောင်းချင်ရင် လွယ်မှာပေါ့ ၊ အန်တီက ဒီစာချုပ်အဆက်အစပ် တွေသိမ်းထားရင် ပြန်ရောင်းတဲ့အခါ ကွင်းဆက်ပြတ်သလိုဖြစ်သွားမှာပေါ့” ဟုခပ်ပြတ်ပြတ်ပြောကာမှ မူလဝယ်သူစာချုပ်အဆက်များကိုပြန်ပေးသည်။

"မောင်ကောင်းဖေ'' စဉ်းစားမိသည်မှာ မြေရှင်က ယခင်စာချုပ်များကို သိမ်းထားခြင်းအားဖြင့် ရောင်းဝယ်လုပ်သည့်အခါတိုင်း ၎င်းထံတွင် မြေရှင်လက်မှတ်ထိုးရန်မဖြစ်မနေ လာရလိမ့်မည်ဟု စိတ်ပိုင်းဖြတ်ထားပုံပေါ်သည်။

ထိုကြောင့် ''မောင်ကောင်းဖေ''က ''ညီညီ''အား …

“မင်းက ပြန်ရောင်းရင် မြေရှင်ဆီမသွားနဲ့တော့ကွာ ၊ သူမသိဘဲ ရောင်းသွားလို့ မြေငှားရမ်းခ လာမတောင်းရင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူး (ငှားရမ်းခကြီးကြပ်ရေးဝန်) ထံမှာ ငှားရမ်းခပေးလိုကြောင်း လျှောက်ထားပြီး ပေးရင်လည်းရတာပဲ။

အခန်းလွှဲပြောင်းတဲ့စာချုပ်မှာ အိမ်ငှားက အိမ်ခန်းကို ပြန်ရောင်းလိုတဲ့အခါ အိမ်ရှင်ကိုအကြောင်းကြားရန်နှင့် အိမ်ရှင်က အလိုတူပါမှ အိမ်ငှားက လွတ်လပ်စွာရောင်းချရန် သတ်မှတ်ချက်သည်သဘောတူသတ်မှတ်ချက် ( convenant ) သာဖြစ်၍ စည်းကမ်းချက် ( condition) မဟုတ်သဖြင့် ထိုသဘောတူညီချက်ကို ဖောက်ပျက်၍ အိမ်ငှါးက အခြားသူများအား လွှဲပြောင်ပေးခြင်းသည်မပျက်ပြယ်ပေ။ တရားဝင် အတည်ပြုလုပ်နိုင်သည့်စာချုပ်ဖြစ်ကြောင်း‌ ဒေါ်ခင်သန်းဌေးနှင့် ဦးကိုဌေး -ပါ (၂) – (၂၀၀၂ ခုနှစ်တရားမ အထူးအယူခံမှုအမှတ် ၂၄) (၃ ပါစုံညီ) (ရန်ကုန်) အမှုမှာ ဆုံးဖြတ်ထားတာအထင်အရှားရှိနေတယ်လေ”

“ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ ၈ အရ ပစ္စည်းအကျိုးစီးပွားနှင့် ဥပဒေအရ ဒွန်တွဲဆက်စပ်နေသည့်အရာတွင် ထိုပစ္စည်းအား လွှဲပြောင်းခံယူသူက မိမိသဘောအတိုင်း ပြန်လည်လွှဲပြောင်းခြင်း၊ စီမံခန့်ခွဲခြင်း၊ ပြုပိုင်ခွင့်ပါဝင်နေသဖြင့် ပစ္စည်းကို လွှဲပြောင်းရာ၌ တစ်ဆင့်လွှဲပြောင်းခြင်း စီမံခန့်ခွဲခြင်းမပြုရဟု လုံးဝထားမြစ်သည့် စည်းကမ်းချက် (သို့မဟုတ်) ကန့်သတ်ချက်သတ်မှတ်ထားခြင်း မပြုနိုင်ပေ။ သတ်မှတ်ထားပါက ထိုသတ်မှတ်ချက်သည် တရားမဝင်ပျက်ပြယ်သည်လို့ ပြဠာန်းထားတယ်လေ။ ဒါကြောင့် မြေရှင်ထံမှာ အမည်ပြောင်းခ သွားမပေးရင်လည်း ဘာမှမဖြစ်ဘူး ”

“ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ -၁၀၀ (ခ) (ည) အရ အိမ်ငှားသည်တစ်ဆင့်အငှားချထားနိုင်သည်။ အခန်းကိုအပျောက်စနစ်ဖြင့် ရောင်းခြင်းသည် အမှန်တကယ် ရောင်းခြင်းမဟုတ်ဘဲ လွှဲပြောင်းပိုင်ခွင့် ဖြင့်ထပ်ဆင့်ငှားခြင်းသာဖြစ်လို့ပြဠာန်းထားချက်လည်း ရှိတယ်လေ”

“ဒေါ်ငွေသိန်းနှင့်ဒေါ်သိန်းညွှန့်အမှု(၁၉၉၃ ၊ မတစ ၁၇ )အိမ်ငှားတစ်ဦးသည်မိမိငှားရမ်းနေထိုင်သည့် ဥပစာကိုတစ်ဆင့်ပြန်လည်၍ အငှားချထားခွင့်ရှိသည်။ ထိုသို့တဆင့်ပြန်လည်၍အငှားချထားရာ၌ ရန်ကုန်မြို့၌ အများလက်ခံကျင့်သုံးလျက်ရှိသော အပျောက်စနစ် (နေထိုင်ပိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကို လွှဲပြောင်းရယူသည့်စနစ်) ဖြင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တွေ့ရသည်။

ထိုကဲ့သို့ တစ်ဆင့် ပြန်လည်၍ အငှားထားရန် ဆောင်ရွက်သည့်အခါ အဆောက်အအုံပိုင်ရှင်၏ ကြိုတင်ခွင့်ပြုချက်ကို ရယူပြီးမှဆောင်ရွက်ရမည်ဟု ပြဌာန်းချက်မတွေ့ရပေဟု တရားရုံးချုပ်စုံညီခုံရုံးက ဆုံးဖြတ်ပေးထားတဲ့ စီရင်ချက်လည်း အထင်အရှား ရှိတာပဲ။

" အဲဒီတော့ ‘ညီညီ’ ကို အစ်ကိုကြီး ပြောချင်တာကတော့ အပျောက်စနစ်နဲ့တိုက်ခန်းအရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ တိုက်ခန်းပိုင်ရှင်ကို အမည်ပြောင်းခပေးရမယ်လို့ ဥပဒေမှာတော့ မတွေ့ရဘူး။ ပိုင်ရှင်ထံက ကြိုတင်ခွင့်ပြုချက်ယူရမယ်လို့လည်းမပါဘူး။ အိမ်ရှင်အိမ်ငှား သဘောတူညီချက်အတိုင်း အခန်းငှားခ ပုံမှန်သွားပေးဖို့ပဲ လိုတယ်။ ကဲ့….. ဒါဆိုရင်တော့အတော်သဘောပေါက်သွားပြီလို့ထင်ပါတယ်ကွာ”

"အင်း….အစ်ကိုကြီးတို့ ဥပဒေသမားတွေ ပြောတော့လည်း ဝယ်သူအတွက်စိတ်ပူစရာ မလိုဘူပေါ့။ အရပ်ထဲမှာ အမည်ပြောင်းခပေးရမယ်ဆိုတဲ့ မူကြီးက ဘောင်ခက်ထားသလိုပဲနော်။ ကဲပါလေ….အစ်ကိုကြီးရာ နေဖို့ဝယ်တာဆိုတော့ ပြန်ရောင်းဖို့လည် စိတ်ကူးမရှိသေးပါဘူး။ ပြန်ရောင်းတဲ့ အခါကျရင်လည်း မီးစင်ကြည့်ပြီး ကရတော့မှာပဲ” ဟု ပြောပြီး ညီညီက သက်ပြင်းတစ်ချက်ချလိုက်သည်။

အဲဒီနောက်မှာတော့ ရောင်းသူထံက တိုက်ခန်းကို လက်ရောက်ယူပြီး မိမိသော့ပြောင်း၍ အခန်းတံခါးပိတ်လိုက်သည်။ ဝယ်သူလက်ရောက်ရပြီဖြစ်၍ ရှေ့နေတာဝန်ပြီးဆုံးသဖြင့် ''ညီညီ''ကိုနှုတ်ဆက်ကာ ရုံးခန်းသို့ ပြန်လာခဲ့တော့သည်။

Credit to ဆရာ မောင်ကောင်းဖေ

“စရန်ငွေပေး ကတိစာချုပ်၏ အဓိကကျမှု”အိမ်ခြံမြေ တိုက်ခန်းအရောင်းအဝယ်ပြုကြရာတွင် စရန်ငွေပေးကတိစာချုပ်ကို ချုပ်ဆိုတတ်ကြသည်။ဤတ...
21/10/2023

“စရန်ငွေပေး ကတိစာချုပ်၏ အဓိကကျမှု”

အိမ်ခြံမြေ တိုက်ခန်းအရောင်းအဝယ်ပြုကြရာတွင် စရန်ငွေပေးကတိစာချုပ်ကို ချုပ်ဆိုတတ်ကြသည်။
ဤတွင် သတ်မှတ်သည့်ရက်၌ ရောင်းသူ သို့မဟုတ် ဝယ်သူတစ်ဦးဦးဘက်က ပျက်ကွက်လျှင်
ပဋိညာဉ်ဖျက်သိမ်းနိုင်ခြင်း၊ ပဋိညာဉ်ပျက်ပြယ်ခြင်းများဖြစ်ပြီး စရန်ငွေဆုံးရှုံးခြင်း၊ ပစ္စည်း လက်မဲ့ဖြစ်ရခြင်းများနှင့် ကြုံတွေ့တတ်ကြပေသည်။

"စရန်ငွေပေးကတိစာချုပ်"
ပစ္စည်းအရောင်းအဝယ်ပြုသည်ဆိုလျှင် ရောင်းသူက အဆိုပါပစ္စည်းကို အခြားသူအား မရောင်းရန် ဝယ်သူမှ စရန်ငွေအဖြစ် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ပိုင်းကို ရောင်းသူအားပေးလေ့ရှိသည်။
ထို့အတူ ပစ္စည်းရောင်းသူကလည်း အရောင်းအဝယ်မပျက်စေရန် စရန်ငွေတစ်စိတ်တစ်ပိုင်းကို ရယူထားလေ့ရှိပေသည်။
တစ်နည်းအားဖြင့် စရန်ငွေပေးခြင်းဆိုသည်မှာ အာမခံငွေအဖြစ် တစ်စိတ်တစ်ပိုင်း ပေးထားခြင်း ဖြစ်သည်။
ဥပဒေအရ နှစ်ဖက်သဘောတူ ပဋိညာဉ် (သဘောတူညီချက်) ပြုလုပ်ထားခြင်းဖြစ်သည်။

"ဥပဒေနှင့်ညီညွတ်သော ကတိစာချုပ်များ"
- ဥပဒေအရ သဘောတူညီချက် ပဋိညာဉ်တိုင်းသည် စာချုပ်စာတမ်းဟု မဆိုနိုင်သော်လည်း စာချုပ်စာတမ်းတိုင်းသည် ပဋိညာဉ်များသာဖြစ်သည်။
ဥပမာ - ပစ္စည်းအရောင်းအဝယ်စာချုပ်၊ လက်ထပ်စာချုပ်၊ စွန့်လွှတ်စာချုပ် စသည်တို့ဖြစ်သည်။
- ကတိစာချုပ် ချုပ်ဆိုရာတွင် တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန် လိုအပ်ပေသည်။
- သို့မှသာ ဥပဒေအရပိုင်ခွင့်များကို မဆုံးရှုံးနိုင်မည်ဖြစ်သည်။

ပဋိညာဉ်အက်ဥပဒေအရ တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန်မှာ-
(၁) နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရှိရမည်။
ဆိုလိုသည်မှာ တစ်ဦးက ကမ်းလှမ်းချက် သို့မဟုတ် အဆိုပြုချက်ရှိပြီး ကျန်တစ်ဦးက ယင်းအဆိုပြုချက်၊ ကမ်းလှမ်းချက်ကို လက်ခံသဘောတူညီမှု ရှိရမည်။
(၂) နှစ်ဦးနှစ်ဖက် လိမ်လည် လှည့်ဖြား မတရားသြဇာသုံး၍ သဘောတူညီချက်မျိုးမဟုတ်ဘဲ လွတ်လပ်စွာပေးသည့် သဘောတူညီချက်ဖြစ်ရမည်။
(၃) ပဋိညာဉ်ပြုလုပ်သူများသည် ပဋိညာဉ်ပြုလုပ်နိုင်သည့် အရည်အချင်းရှိသူများဖြစ်ရမည်။
အရွယ်မရောက်သေးသူ၊ ရူးသွပ်သူများ မဖြစ်စေရပေ။
(၄) ပဋိညာဉ်ပြုလုပ်သည့် အကြောင်းအရာတစ်ရပ်တွင် ပဋိညာဉ်ပြုသူတစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးပြုချက် သို့မဟုတ် ကတိနှင့် ညီညွတ်သည့် အဖိုးစားနား ပါရှိရမည်ဖြစ်ပေသည်။
သို့မှသာ ဥပဒေအရအတည်ပြုနိုင်သည့် ပဋိညာဉ် တစ်နည်းအားဖြင့် ဥပဒေနှင့် ညီညွတ်သည့် တည်မြဲခိုင်မာသော ပဋိညာဉ် စာချုပ်ဖြစ်လာမည်ဖြစ်သည်။
* ''တံဆိပ်ခေါင်းခွန် ဥပဒေအရ ကတိစာချုပ်များတွင် အခွန်တံဆိပ်ခေါင်း သုံးရာကျပ်တိတိ ထမ်းဆောင်ရပေသည်။ သို့မှသာ တရားဝင် ကတိစာချုပ်များ ဖြစ်လာပေမည်။" *

"စရန်ငွေဆုံးရှုံးရခြင်း"
ဥပဒေနှင့်အညီချုပ်ဆိုထားသော ပစ္စည်း၊ အိမ်ခြံမြေ၊ တိုက်ခန်းအရောင်းအဝယ် စရန်ငွေပေး ကတိစာချုပ်ပါ စည်းကမ်းချက်များကို မလိုက်နာ ပျက်ကွက်ပါက ပဋိညာဉ်ဥပဒေအရ စရန်ငွေဆုံးရှုံးတတ်ကြပေသည်။
သို့မဟုတ် စရန်ငွေပေးကတိစာချုပ်ပါအတိုင်း အရောင်းအဝယ် ဆက်လက်ဆောင်ရွက်အတည်ပြုရန် တောင်းဆိုခွင့်ရှိပေသည်။
စရန်ငွေပေးကတိစာချုပ်ပါအတိုင်း မလိုက်နာခဲ့သဖြင့် စရန်ငွေဆုံးရှုံးသည် သာမက ပစ္စည်းလက်ရှိမှ လက်လွှတ် ဆုံးရှုံးခဲ့ရသည့် မှုခင်းတစ်ရပ်ကို ဗဟုသုတအဖြစ် ဖော်ပြလိုပါသည်။
"ဒေါ်လှနွဲ့ (၄င်း၏အခွင့်ရ ကိုယ်စားလှယ်ဦးထွန်းအောင်) နှင့် ဦးသန်းညွန့် ၂ဝဝ၁ ခုနှစ် မြန်မာနိုငံတရားစီရင်ထုံး စာမျက်နှာ ၄ဝ၃'' အမှုမှာ - (ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်းညွန့်အပေါ် ၈.၃.၉ဝ နေ့စွဲပါ မြေရောင်းရန် စရန်ပေးကတိစာချုပ်ကို ဖျက်သိမ်း၍ ရောင်းရန် ကတိပြုထားသည့် "မြေကိုလက်ရောက် ပြန်လည်ပေးအပ်စေလိုမှု" စွဲဆိုရာ၊ ရန်ကုန်တိုင်းတရားရုံးက ဦးသန်းညွန့်မှ ဒေါ်လှနွဲ့အား နစ်နာကြေးငွေ တစ်သောင်းကျပ်ပေးစေရန် အမိန့်ချမှတ်ခဲ့သဖြင့် ဒေါ်လှနွဲ့မှ တရားမအထူးအယူခံရုံးအထိ အယူခံ ဝင်လာသော အမှုဖြစ်သည်။

အထူးအယူခံရုံးက သုံးသပ်သည်မှာ -(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်းညွန့်သို့
အချင်းဖြစ် မြေကွက်ကို ငွေ ၈ဝဝဝဝ (ရှစ်သောင်းကျပ်) ဖြင့် ရောင်းချရန် သဘောတူညီကြပြီး၊
၈.၃.၉ဝ နေ့စွဲပါ မြေရောင်းရန် စရန်ပေးကတိစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း အငြင်းမပွားပေ။
မြေရောင်းရန်စရန်ပေး ကတိစာချုပ်တွင် ပျက်ကွက်ပါက ပေးအပ်ထားသည့် စရန်ငွေကို ဝယ်ယူက အရှုံးခံရန် သဘောတူပါသည်ဟုလည်းကောင်း၊ ငွေရှစ်သောင်းကျပ်တိတိထဲမှ စရန်ငွေအဖြစ် ၈.၃.၉ဝ နေ့တွင် ငွေကျပ်တစ်သောင်းလေးထောင်တိတိ ပေးအပ်ခဲ့သည်ဟုလည်းကောင်း၊
ပထမအရစ်အဖြစ် ငွေကျပ် သုံးသောင်း သုံးထောင်ကျပ်တိတိ ၇.၉.၉ဝ နေ့တွင်အပြီးအပြတ်ပေးချေပါမည်ဟု နှစ်ဦး နှစ်ဖက်သဘောတူညီမှုအောက်တွင် လက်မှတ်ရေးထိုးကြပါသည်ဟုလည်းကောင်း ဖော်ပြထားသည်။
ဦးသန်းညွန့်က အချင်းဖြစ် မြေနှင့်အိမ်ကို ဦးဘမောင်ထံမှ အရပ်စာချုပ်ဖြင့် ဝယ်ယူလက် ရောက်နေထိုင်လျက်ရှိသည်ဆိုသော်လည်း ဒေါ်သန်းနွဲ့နှင့် မြေရောင်းရန်စရန်ပေး ကတိစာချုပ်
ချုပ်ဆိုခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားခြင်း မရှိပေ။
ထို့ကြောင့် မြေရောင်းရန် စရန်ပေးကတိစာချုပ်တွင် ဒေါ်လှနွဲ့နှင့် ဦးသန်းညွန့်တို့သည် စာချုပ်ပါ အချိန်ကို အဓိကထား၍ စာချုပ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခဲ့ကြကြောင်း ထင်ရှားသည်။
ဦးသန်းညွန့်သည် ပထမအရစ်ငွေကို သတ်မှတ်ထားသောနေ့တွင် ပေးရန် ပျက်ကွက်သဖြင့် ပဋိညာဉ်ပါ စည်းကမ်းကို ချိုးဖောက်ရာရောက်ပေသည်။
ကတိပြုသူသည် ပဋိညာဉ် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆောင်ရွက်ရန် ပျက်ကွက် သည့်အခါ ကတိရသူက ထိုပဋိညာဉ်ကို ပယ်ဖျက်နိုင်ခွင့်၊ ဖျက်သိမ်းခွင့်ရှိကြောင်း
ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၅၅ တွင် ပြဋ္ဌာန်းထားပေသည်။
မြေရောင်းရန် စရန်ပေးကတိစာချုပ်တွင် ဝယ်သူဦးသန်းညွန့်က ရောင်းသူဒေါ်လှနွဲ့သို့ စရန်ငွေ တစ်သောင်းလေးထောင်ကျပ်ကို ပေးအပ်ရာလက်ခံရရှိကြောင်း ဖော်ပြထားသည်။
ထိုငွေမှာ ရောင်းငွေအတွက် တစ်စိတ်တစ်ပိုင်းပေးခဲ့ခြင်း မဟုတ်ဘဲ အာမခံသဘောဖြင့် ပေးခြင်းသာဖြစ်၍ ဝယ်သူက ပျက်ကွက်ပါက ထိုငွေကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပေ။
သို့ဖြစ်၍ ၈.၃.၉ဝ နေ့စွဲပါ မြေရောင်း ရန်စရန်ပေးကတိစာချုပ်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။
ထို့ကြောင့် အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ပြုကြရာတွင် အပြီးအပိုင် အရောင်းအဝယ်စာချုပ်ထက် အရောင်းအဝယ်စရန်ပေး ကတိစာချုပ်ကို ပြီးပြည့်စုံစွာချုပ်ဆိုရန် အထူးလိုအပ်ပါသည်။
အရောင်းအဝယ် စရန်ပေး ကတိစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ အရောင်းအဝယ်ကို
ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သဖြင့် စရန်ပေး ကတိစာချုပ်ပါ အချိန်နေ့ရက် အပါအဝင် စည်းကမ်းချက်တစ်ခုခုကို ဖောက်ဖျက်ခဲ့ပါလျှင် ဝယ်သူအနေဖြင့် စရန်ငွေ ဆုံးရှုံးသည့်အပြင်
တစ်ခါတရံ စရန်ငွေပေးပြီး လက်ရောက်ရယူထားမှုကိုပါ ဆုံးရှုံးသွားတတ်သဖြင့် ဝယ်သူများအနေဖြင့် စရန်ပေးကတိစာချုပ်ကို အထူးဂရုပြုချုပ်ဆိုသင့်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။


#အိမ်ခြံမြေ
Credit - ထီယု (ဥပဒေအတိုင်ပင်ခံ)

“𝐁𝐂𝐂အကြောင်း သိကောင်းစရာ”(BCC)စာရွက်ဆိုတာ Building Complete Certificate (လူနေထိုင်ခွင့်ပုံစံ)စာရွက် ဖြစ်ပါတယ်။BCCအကြောင်...
19/10/2023

“𝐁𝐂𝐂အကြောင်း သိကောင်းစရာ”

(BCC)စာရွက်ဆိုတာ Building Complete Certificate (လူနေထိုင်ခွင့်ပုံစံ)စာရွက် ဖြစ်ပါတယ်။

BCCအကြောင်း လေ့လာချင်သူများအတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

- သူငယ်ချင်းတစ်ယောက် တိုက်ခန်းဝယ်လို့လိုက်ခဲ့ပါဆိုလို့ လိုက်သွားဖြစ်တယ်။
- တိုက်ခန်းနေရာရောက်တော့ စာရွက်စာတမ်းအရှုပ်အရှင်းကင်းတယ်။ ဘာမှစိတ်မပူနဲ့လို့ ရောင်းသူနှင့် အကျိုးဆောင်က ပြောပါတယ်။
- ကျွန်တော်က BCC ကျပြီးသားလားလို့ မေးပါတယ်။
- မကျသေးဘူးတဲ့။ အဲအထိ အဆင်ပြေပါတယ်။
- အဆင်မပြေတာက BCC က ဘာအရေးကြီးလို့လဲ။ အားလုံးဒီလိုပဲ နေနေကြတာပဲဆိုပြီး ကြားက အကျိုးဆောင်က ဝင်ပြောတာကို သဘောမကျတာပါ။
- BCC ဆိုတာ တိုက်ခန်းမှာအရေးအကြီးဆုံးပါပဲ။ သူတို့ပြောသလို စာရွက်စာတမ်းအရှုပ်အရှင်း မရှိဘူးဆိုတာ နေထိုင်သူတွေ၊ ပိုင်ဆိုင်သူတွေနဲ့တော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရနဲ့တော့ ပြဿနာအကြီးကြီးကို ရှိတာပါ။
- အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ (၇၇) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ်ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ပြီးတော့…
- ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ (အဲဒါတွေက မှန်ခန်းတို့၊ ဒါဘာတို့နဲ့ ဆိုင်ပါတယ်။ နောက်တင်ပေးပါဦးမယ်)
- ပုဒ်မ ၆၁ (င) တွင် မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါသည်။
- ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) မှာ ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်အသုံးပြုလျှင် နေ့စဉ်ငွေဒဏ်ကျပ် (၁)သောင်း မှ (၅) သောင်းအထိ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတာလည်း ရှိတယ်။
- အဲဒါကို အရေးမကြီးဘူးဆိုတော့ အဲလိုအကျိုးဆောင်မျိုးတွေကို တော်တော်ရင်နာမိပါတယ်။ စကားကို လက်လွတ်စပယ်ပြောလိုက်တာက မသိတဲ့သူမှာ နောက်ပိုင်းတော်တော်နစ်နာ ရပါလိမ့်မယ်။ BCC မကျသေးဘူး အဲဒါကြောင့် ဒီဈေးနဲ့ရတာ ညီလေး ဝယ်ရဲရင် ဝယ်သင့်တယ်။ အဲလိုအကြံပေးတာမျိုးက လက်ခံပါသေးတယ်။
- ရပ်ကွက်က ကောင်းလို့ ပတ်ဝန်းကျင်က ကောင်းလို့ မတိုင်လို့သာ ဘာမှမဖြစ်သေးတာပါ။ တစ်ယောက်ယောက်ကများ စည်ပင်ကို သွားတိုင်လိုက်ရင် တကယ့်ကို သပွတ်အူပါ။
- အပေါ်က စည်ပင်ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) အရဆိုရင် ဝယ်ထားသူက အငှားထားထားရင် ငှားနေရတဲ့သူပါ တိုင်ပတ်မယ့်ကိန်းရှိပါတယ်။ တစ်နေ့ကို ၁ သောင်းကနေ ၅ သောင်းအထိ ဒဏ်ရိုက်လို့ ရတယ်ဆိုတော့ တိုက်သက်တမ်းနဲ့ တစ်နေ့ချင်းတွက်ပြီးသာ မြောက်ကြည့်လိုက်ရင် ဆုံးရှုံးမှုက နည်းတဲ့ပမာဏမဟုတ်ပါဘူး။
- နိုင်ငံတော်ကလည်း ဒီအတိုင်းရေရှည်မှာ နေမှာမဟုတ်ပါဘူး။
- အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်းကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး သတ်မှတ်ချက်ကို ပြောရရင် –
- ပထမတန်းစား အာစီ ၈ ထပ်နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ။
- ပထမတန်းစား အာစီ ၈ ထပ် အောက်မှာတစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ် ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။
- မြေရှင် ဒါမှမဟုတ် ကန်ထရိုက်သမားက အစိုးရကို ဆောင်ရမယ့် ပမာဏပါ။ ရန်ကုန်မြို့မှာ တိုက်ခန်းပေါင်း ၃ သိန်းကျော်ရှိပါတယ်။ အဲအထဲမှာ BCC မကျတာတွေက အများကြီးပါ။ နိုင်ငံတော်အနေနဲ့လည်း အခွန်ငွေတွေ အများကြီး ဆုံးရှုံးရပါတယ်။ အဲဒါကို အစိုးရက ရေရှည်ခွင့်ပြုထားမယ်ထင်နေပါသလား?
- တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်ပြီးတော့ ကြပ်မှတ်လာတဲ့အခါ BCC မရှိတဲ့ အခန်းတွေကို လက်ဝယ်ရှိနေတဲ့သူတွေ မီးခဲကိုင်မိသလို ဖြစ်နိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။
အဲဒါကို BCC ကအရေးမကြီးပါဘူး။ ဒီအတိုင်းပဲ နေနေကြတာပါပဲ ဆိုတာကြီးကို ဖြစ်နိုင်ရင် မသိတဲ့ ဝယ်သူတွေကို ပြောပြီးမရောင်းစေချင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောပြီး ရောင်းစေချင်ပါတယ်။ အချို့က BCC မရှိလည်း ဝယ်တဲ့သူတွေအများကြီးပါ။


#အိမ်ခြံမြေ
#ကန်ထရိုက်တိုက်

credit original owner

PAEစနစ်နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ်ရဲ့အကြောင်းကို အိ...
16/10/2023

PAEစနစ်နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?

ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ်ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မဲ့ အိမ်ပိုင်ရှင်တွေအတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

PAE စနစ်ဆိုတာဟာ ကန်ထရိုက်စနစ်တွေထဲက တစ်ခုဖြစ်ပြီးတော့ အလွယ်ဆုံးနဲ့ အရှင်းဆုံးပြောရမယ်ဆိုရင် PAE စနစ်နဲ့ အိမ်ဆောက်တယ်ဆိုတာ အိမ်တစ်လုံးဆောက်လုပ်ရာမှာ ပါဝင်တဲ့ ပန်းရံ၊ လက်သမား၊ မီးသမား ၊ ဆေးသုတ်သမား အစရှိတဲ့ အခန်းကဏ္ဍအသီးသီးအတွက် အသေးစားပုတ်ပြတ်စနစ်တွေကို စုပေါင်းထားတာပဲ ဖြစ်ပါတယ်။

PAE ရဲ့အဓိပ္ပါယ်
PAE ဆိုတာက "Plinth Area Estimate (PAE)" ဆိုတဲ့ စကားလုံးရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အဆောက်အဦတစ်ခုကို ဆောက်လုပ်ရာမှာ အဆောက်အဦရဲ့ ဧရိယာပေါ်မှာ အခြေပြုပြီး ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ခြင်း ဖြစ်ပါတယ်။
PAE ဆိုတာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းသုံး စကားလုံး အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ PAE ဆိုတာကို စျေးတန်းသတ်မှတ်ချက် တစ်ခုအနေနဲ့ အသုံးပြုလာကြပြီး အိမ်ရှင်နဲ့ ကန်ထရိုက်၊ ကန်ထရိုက်နဲ့ အလုပ်သမားကြားမှာ သင့်တင့်မျှတအောင် စျေးညှိနှိုင်းဖို့အတွက် အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ်။

PAEကို ဘယ်နေရာမှာ စတင်အသုံးပြုခဲ့တာလဲ?
တကယ်တော့ PAE Rate ဆိုတာကို မူလပထမက စာသင်ကျောင်းနဲ့ ဆေးရုံလို ပုံသေတွက်ချက်လို့ရတဲ့ ဧရိယာကြီးမားပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ အစိုးရပရောဂျက်လို အဆောက်အဦတွေကို တင်ဒါချပေးတဲ့နေရာမှာ စတင်သုံးစွဲခဲ့ရာကနေ နောက်ပိုင်းမှာ ကန်ထရိုက်ဆောက်လုပ်ရေးလောကကိုပါ ရောက်ရှိလာပြီး သာမန်ပုဂ္ဂလိကအဆောက်အဦတစ်ခု ဆောက်တော့မယ်ဆိုရင်လည်း PAE Rate နဲ့ စျေးစကားပြောတာတွေ လုပ်လာကြပြီပဲဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ပုတ်ပြတ်စနစ်တစ်မျိုးပဲ ဖြစ်ပါတယ်။

PAE က အိမ်ဆောက်ရာမှာပါ ဘာလို့အသုံးတွင်ကျယ်လာတာလဲ?
PAE ဆိုတာက အင်ဂျင်နီယာပညာရပ်ဆိုင်ရာအသုံးအနှုန်းဆိုပေမဲ့ ဆောက်လုပ်ရေးလောက ကန်ထရိုက်လောကမှာ အင်ဂျင်နီယာတွေချည်းပဲ မဟုတ်တော့ဘဲ အလွှာအသီးသီးကလူတွေ ဝင်ရောက်လုပ်ကိုင်လာတဲ့အချိန်မှာ ကုန်ကျစရိတ်အသေးစိတ် Detailed Estimate ကို အင်ဂျင်နီယာတွေလို အတိအကျ တွက်ချက်ဖို့ ခက်ခဲလာပါတယ်။
ဒါကြောင့် အင်ဂျင်နီယာတစ်ယောက်ဆောက်ထားတဲ့ အိမ်တ်စလုံးရဲ့ ပုံစံ၊ သုံးထားတဲ့ PAE Rate၊ အပြီးသတ်ကုန်ကျစရိတ်စတာတွေကို နမူနာယူပြီး ကန်ထရိုက်တွေက ကိုယ် ဝန်ဆောင်မှုပေးနိုင်တဲ့ စျေးနဲ့အလျှော့အတင်းပြုလုပ်ကာ အလုပ်လက်ခံလာကြ၊ စျေးစကားပြောလာကြတဲ့အတွက် အခုနောက်ပိုင်းမှာ အရမ်းတွင်ကျယ်လာတာ ဖြစ်ပါတယ်။

PAE Rate ဆိုတာကရော ဘာလဲ?
အများနားလည်အောင်ပြောရမယ်ဆိုရင်တော့ PAE Rate ဆိုတာကတော့ အဆောက်အဦတစ်ခုရဲ့ တစ်ပေပတ်လည် ဧရိယာမှာ ကျသင့်မဲ့ ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်မှုပဲ ဖြစ်ပါတယ်။ အဲဒီ PAE Rate ကိုပဲ ကန်ထရိုက်တစ်ဦးနဲ့တစ်ဦး သတ်မှတ်ထားတဲ့ ပမာဏတော့ မတူညီကြပါဘူး။
ဥပမာ PAE Rate တစ်ပေပတ်လည် ကျပ်နှစ်သောင်းနဲ့ အလျား ပေ ၂၀ × အနံ ပေ ၃၀ အကျယ်အဝန်းရှိတဲ့ အိမ်ကိုဆောက်မယ်ဆိုရင် အဲဒီအိမ်ရဲ့တန်ဖိုးက ကျပ်သိန်း (၁၂၀) ကျသင့်မှာ ဖြစ်ပါတယ်။ PAE Rate နှစ်သောင်းခွဲနဲ့ ဆောက်မယ်ဆိုရင်တော့ သိန်း (၃၀) လောက် ထပ်ဆောင်းကုန်ကျသွားမှာ ဖြစ်ပါတယ်။
PAE Rate လို့ဆိုရာမှာလည်း အိမ်တစ်လုံးရဲ့အကြမ်းထည်သီးသန့် PAE Rate နဲ့ အိမ်သုတ်ဆေး၊ ရေပိုက်သွယ်တန်းမှုစနစ်၊ လျှပ်စစ်မီးသွယ်တန်းမှုစနစ်၊ ကြမ်းခင်းနဲ့ မျက်နှာကြက်တွေပါ ပါဝင်တဲ့ အချောထည်အထိ အပြီးအစီး PAE Rate ဆိုပြီးလည်း ကွဲပြားပါတယ်။ ဒါ့အပြင် ဆောက်လုပ်သူက ပစ္စည်းဝယ်ပေးပြီး လက်ခကိုပဲ ရှင်းပေးတဲ့ Labour PAE နဲ့ ကန်ထရိုက်ဖြစ်သူက ပစ္စည်းရောလက်ခပါ အပြီးအစီးတာဝန်ယူရတဲ့ PAE ဆိုပြီးလည်း အမျိုးမျိုးကွဲပြားနေတာကိုလည်း မြင်တွေ့ရပါတယ်။

PAE စနစ်ရဲ့ အားသာချက်
အရင်က အိမ်တစ်လုံးဆောက်မယ်ဆိုရင် ပေစားကျင်းစားနဲ့ အလုပ်လုပ်ရတာ ဖြစ်ပါတယ်။ အုတ်စီတဲ့လူက တစ်ကျင်းကို ဘယ်လောက်နှုန်း၊ ပုံဆင်ပုံရိုက်လက်သမားအဖွဲ့က တစ်ကျင်းကို ဘယ်လောက်နှုန်းစသဖြင့် အလုပ်အပ်ရတဲ့အခါမှာ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်ကို ကြိုတင်ခန့်မှန်းဖို့ မလွယ်ကူပါဘူး။ အိမ်မဆောက်ခင်လုပ်ရမဲ့ အခြေခံအဆင့်တွေက များပြားသလို လိုက်လံချိတ်ဆက်ရမဲ့ အဖွဲ့တွေကလည်း ပန်းရံ၊ လက်သမား၊ ဆေးသုတ်သမား စသဖြင့် များပြားလှပါတယ်။
ယခုခေတ်အနေအထားအရ အင်ဂျင်နီယာ သို့မဟုတ် တခြားပညာရှင်တစ်ယောက်က အိမ်တစ်လုံးဆောက်ရာမှာပါဝင်မဲ့ အဖွဲ့တွေကို စုစည်းပြီး ကန်ထရိုက်တာအနေနဲ့ ရပ်တည်လာတဲ့အခါ အိမ်ရှင်အနေနဲ့ ကိုယ်လိုချင်တဲ့ အိမ်ပုံစံနဲ့ဒီဇိုင်းကို နမူနာပြလိုက်ရုံနဲ့ အိမ်ရဲ့တန်ဖိုးကုန်ကျစရိတ်အပြီးအစီးကို PAE နဲ့ အနီးစပ်ဆုံးတွက်ချက်လာနိုင်ပါတယ်။
ဒါ့အပြင် PAE နဲ့တွက်ချက်မှုစနစ်က တွက်ရချက်ရလွယ်ကူတဲ့အပြင် PAE Rate နဲ့စကားပြောတဲ့အခါမှာ လူတိုင်းသဘောပေါက်လွယ်တဲ့အတွက် အိမ်ရှင်နဲ့ ကန်ထရိုက်ကြား၊ ကန်ထရိုက်နဲ့ လေဘာကန်ထရိုက် ကြားထဲမှာပါ သုံးရတာ အဆင်ပြေစေတဲ့ အတိုင်းအတာစနစ်တစ်ခု ဖြစ်လာပါတယ်။
အိမ်ဆောက်လုပ်မဲ့သူအနေနဲ့လည်း ကိုယ်သုံးနိုင်တဲ့ငွေနဲ့ အပြီးအစီးကျသင့်မဲ့ တန်ဖိုးကို အလွယ်တကူ ချိန်ထိုးလို့ရနိုင်ပြီး ကန်ထရိုက်တစ်ယောက်နဲ့တစ်ယောက်ရဲ့ မတူညီတဲ့ PAE Rate တွေထဲကမှ ကိုယ်မှန်းထားတဲ့ငွေနဲ့ ကိုယ်လိုချင်တဲ့ပုံစံကို အနီးစပ်ဆုံးဖြစ်အောင် တည်ဆောက်ပေးနိုင်မဲ့ အဖွဲ့ကို ရွေးချယ်ငှားရမ်းပြီး မိမိစိတ်တိုင်းကျအိမ်ကို ဆောက်လုပ်လာနိုင်ပါတယ်။

PAE နဲ့ အိမ်ဆောက်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ
PAE နဲ့ တွက်ချက်ပြီး စျေးနှုန်းသတ်မှတ်ပြောဆိုတဲ့စနစ်ဟာ ပုံမှန်အတိုင်းဆိုရင်တော့ အိမ်တစ်လုံးရဲ့အကျယ်အဝန်းဧရိယာကို သတ်မှတ်ထားတဲ့ PAE Rate နဲ့မြှောက်လိုက်ရုံနဲ့ အိမ်တန်ဖိုးထွက်လာတယ်ဆိုပေမဲ့ အဲဒီအိမ်မှာ ဘယ်လိုအတန်းအစားရှိတဲ့ ပစ္စည်းတွေကို ထည့်သုံးမယ်ဆိုတာကလည်း သတိထားစရာ အချက်တစ်ချက် ဖြစ်လာပါတယ်။
ကန်ထရိုက်တစ်ယောက်ရဲ့ PAE Rate က ကျပ်တစ်သောင်းခွဲ (၁၅၀၀၀)၊ နောက်တစ်ယောက်ရဲ့ PAE Rate က ကျပ်တစ်သောင်းရှစ်ထောင် (၁၈၀၀၀) ဆိုတာမျိုး နှိုင်းယှဉ်စရာဖြစ်လာခဲ့ရင် တစ်သောင်းခွဲကန်ထရိုက်က စျေးသက်သာပေမဲ့ အိမ်ဆောက်ရာမှာ သူထည့်သုံးပေးမဲ့
ပစ္စည်းနဲ့ တစ်သောင်းရှစ်ထောင်ကန်ထရိုက် သုံးပေးမဲ့ ပစ္စည်းက အတူတူပဲလား၊ ဘာတွေကွာခြားသလဲဆိုတဲ့အချက်က အိမ်ဆောက်သူ သေချာဂရုစိုက်သင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။

PAE တွက်ချက်မှုစနစ်ကို အသုံးပြုမယ်ဆိုရင် သတိထားရမယ့်အချက်များ
ကိုယ်တိုင်က PAE Rate နဲ့တွက်ချက်ယူပြီး အိမ်ဆောက်ပေးတာမျိုးကို သဘောကျနှစ်ခြိုက်လို့ အိမ်ဆောက်တော့မယ်ဆိုရင် အထက်မှာပြောပြသွားခဲ့သလိုပဲ PAE Rate အနည်းအများကိုပဲ ကြည့်ပြီး ရွေးချယ်ဖို့မသင့်တော်ပါဘူး။ အိမ်တစ်အိမ်ဆောက်တော့မယ်ဆိုရင် နာမည်ရှိတဲ့ ခိုင်မာတဲ့ ကန်ထရိုက်တွေကို အရင်စုံစမ်းဖို့လိုပါမယ်။
စျေးစုံစမ်းရာမှာလည်း ကိုယ်ဆောက်ချင်တဲ့အိမ်ဒီဇိုင်း၊ ကိုယ်ဆောက်မယ့် မြေအကျယ်အဝန်းကို ကန်ထရိုက်ကို ပြောပြပြီး အဲဒီအိမ်ထဲမှာ အခန်းဘယ်နှစ်ခန်းဖွဲ့ချင်တယ်၊ ဘယ်လိုဆေးမျိုး သုတ်ချင်တယ်၊ ဘယ်လိုကြွေပြားမျိုးသုံးချင်တယ်၊ အိမ်သာဘိုထိုင်တပ်မယ်ဆိုရင်လည်း ဘယ်နိုင်ငံထုတ်ကို အသုံးပြုချင်တယ်ဆိုတာကအစ အသေးစိတ်ပြောပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒီအချက်အလက်တွေအတိုင်းပါဝင်တဲ့အိမ်ကို ကန်ထရိုက်အနေနဲ့ PAE Rate ဘယ်လောက်နဲ့ ဆောက်ပေးနိုင်မလဲဆိုပြီး စျေးနှုန်းအရင်တွက်ခိုင်းသင့်ပါတယ်။
ကန်ထရိုက်ကဆောက်ပေးနိုင်တဲ့ PAE Rate က ကိုယ်သတ်မှတ်ထားတာထက် များနေရင် ဘယ်နေရာမှာ လျှော့လို့ရလဲဆိုပြီး အသေအချာပြန်ပြီး ညှိနှိုင်းတိုင်ပင်တာမျိုး လုပ်ရပါမယ်။
ဒါမှမဟုတ် ကိုယ်မှန်းထားတဲ့ နှုန်းထားနဲ့ ထပ်တူညီတဲ့ ကန်ထရိုက်ဆီမှာပဲ အလုပ်အပ်မယ်ဆိုရင်လည်း စာချုပ်ထဲမှာ ဆောက်လုပ်မဲ့အိမ်အတွက် အသုံးပြုမဲ့ ကုန်ပစ္စည်းအမျိုးအစားအသေးစိတ်ကို ထည့်သွင်းချုပ်ဆိုနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

PAE တွက်ချက်မှုစနစ်ရဲ့ အားနည်းချက်
PAE နဲ့အိမ်ဆောက်တဲ့အခါမှာ အိမ်တစ်အိမ်လုံးရဲ့ အပြီးသတ်ကုန်ကျစရိတ်ကို ကြိုတင်တွက်ချက်ထားပြီးသားဖြစ်တဲ့အတွက် တာဝန်ယူဆောက်လုပ်ပေးမဲ့
ကန်ထရိုက်ကို ငွေကြိုပေးရတတ်ပါတယ်။ အဲဒီအခါမှာ ကန်ထရိုက်တချို့က အကြောင်းအမျိုးမျိုးကြောင့် ငွေယူပြီး ထွက်ပြေးတိမ်းရှောင်တာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါကလည်း အိမ်ဆောက်လုပ်တဲ့သူတွေ သတိထားသင့်တဲ့ နောက်ထပ်အချက်တစ်ချက် ဖြစ်ပါတယ်။
ဒါ့အပြင် ကန်ထရိုက်တွေဘက်မှာလည်း သတ်မှတ်ထားတဲ့ PAE Rateနဲ့ဆောက်ဖို့ အလုပ်လက်ခံပြီး စာချုပ်ချုပ်ပြီးကာမှ ပစ္စည်းစျေးနှုန်းအတက်အကျကြောင့် တစ်ခါတလေ အရှုံးခံတည်ဆောက်ပေးရတာမျိုးလည်း ရှိတတ်တာကြောင့် ဒါကိုလည်း PAE နဲ့တွက်ချက်တည်ဆောက်ခြင်းစနစ်ရဲ့အားနည်းချက်လို့ သတ်မှတ်ရမယ်ထင်ပါတယ်။
PAE တွက်ချက်မှုစနစ်နဲ့အိမ်ဆောက်ဖို့ စဉ်းစားနေတယ်ဆိုရင် အားသာချက် အားနည်းချက်ကို တစ်ခါတည်း သိရှိနားလည်ထားခြင်းဟာ စိတ်တိုင်းကျနေအိမ်တစ်လုံးကို အမှားအယွင်းမရှိ လိုအပ်ချက်မရှိဘဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောက်လုပ်နိုင်ကြမှာပဲ ဖြစ်ပါတယ်။



CreditToOriginalWriter

Address

No. 161, Pyi Htaung Su Road, 45 Quarter, North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959959712048

Website

Alerts

Be the first to know and let us send you an email when Dana One Real Estate and Properties posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category