MOE HTEE Real Estate

Call Directions

MOE HTEE Real Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MOE HTEE Real Estate, Estate agent, Yangon.

📌ဗထူးလမ်းမကြီးအနီး ပြည်ထောင်စုလမ်းမကြီးနဲ့ ကျန်စစ်သားလမ်းမကြီး ဒဲ့ပေါက် အတွင်းလမ်းမကြီးဖြစ်တဲ့ စဝ်စံထွန်းလမ်းမကျယ်ပေါ်  ...
25/08/2026

📌ဗထူးလမ်းမကြီးအနီး
ပြည်ထောင်စုလမ်းမကြီးနဲ့ ကျန်စစ်သားလမ်းမကြီး ဒဲ့ပေါက် အတွင်းလမ်းမကြီးဖြစ်တဲ့
စဝ်စံထွန်းလမ်းမကျယ်ပေါ် ပေကျယ်အရောင်း

•••အရှေ့ဒဂုံ (၄)ရပ်ကွက်
•••စဝ်စံထွန်းလမ်းမကြီးပေါ်
•••၄၀×၆၀ (၂ ကွက်တွဲ ) မြေသီးသန့်

💰 ၃၃၀၀၀ ပါးပါးညှိနှိုင်း

📌ဂရမ်အမည်ပေါက်သက်ရှိမို့ စိတ်ချမ်းသာစွာ ဝယ်ယူနိုင်စေရန်
အရောင်းတာဝန်အားလုံး အရောင်းမှလုပ်ပေးပါမည်ရှင် 📌

မိုးထိအိမ်ခြံမြေ
📞📞 *** 09965418484
📞📞 *** 09684077630

05/07/2026

မြေကွက် တစ်ကွက်ကို အမှားအယွင်း မရှိအောင် ဘယ်လိုဝယ်ရမလဲ ? (အပိုင်း-၁) 📌

🎾 မြေကွက်တွေဝယ်တဲ့ အခါမှာ မြေအမျိုးအစား
အလိုက် စာရွက်စာတမ်းတွေ စစ်ဆေးရတာမတူသလို စာချုပ် ချုပ်ရတဲ့ ပုံစံတွေလည်း မတူကြပါဘူး။

🎾 ၁/ ဦးစွာ အကြံပေးချင်တာသည် ဘယ်မြေ မျိုးကိုမဆို ဝယ်ယူပါက သက်ဆိုင်ရာ မြေစာရင်း ဌာနတွင် မည်သည့်မြေအမျိုးအစား၊ မည်သူ့အမည်ပေါက်ဖြစ်ကြောင်း နဲ့ ကန့်ကွက်အရှုပ်အရှင်းတစ်စုံတစ်ရာရှိ မရှိကို သေချာပေါက်စစ်ဆေးသင့်ပါတယ်။
( ကန့်ကွက် အရှုပ်အရှင်းတစ်စုံတစ်ရာရှိခဲ့သည်
ရှိသော် စရန်ငွေမချခင် နောက်ဆုတ်သင့်သည်ကို နောက်ဆုတ်လိုက်ခြင်းဖြင့် ဆုံးရှုံးမှု နည်းသွားမှာဖြစ်ပါတယ်။)
ဒါကြောင့် မြေရာဇဝင်စစ်ဆေးစစ်ဖြစ်အောင်စစ်ထားသင့်ပါတယ်။

🎾 ၂/ ဝယ်ယူမည့် မြေအမျိုးအစားအလိုက် ပိုင်ဆိုင်မှု စာရွက်စာတမ်း များကို သက်ဆိုင်ရာ ဌာန မှာ စစ်ဆေးသင့်ပါတယ်။
(ဥပမာ -စလစ်၊ ပါမစ်၊ဂရန် )

ရှေ့နေပါတာဘဲ ရှေ့နေပါရင် အားလုံးစစ်ဆေးပေးမှာဘဲ လို့ပြောလို့မရပါဘူး။ ရှေ့နေတိုင်းလည်း ပါမစ်၊
ဂရန် တွေကို သက်ဆိုင်ရာဌာန က လူတွေလောက် ကောင်းစွာ မသုံးသပ်တတ်ပါဘူး။
စာချုပ် ချုပ်လာတဲ့အတွေ့အကြုံတွေအရ နားလည်တဲ့ရှေ့နေများက စစ်ဆေးဝယ်ယူပေးလိုက် ကြတာလဲ ရှိကြပါတယ်။ အကောင်းဆုံးကတော့ သက်ဆိုင်ရာ ဌာနမှာ တိုက်ဆိုင်
စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။

🎾 ၃/ ဥပဒေနှင့်အညီ စာချုပ် ချုပ်ဖို့အတွက် ရှေ့နေဌားပါ။ အပေါ်ကအချက်တွေ မှန်ကန်ရင် စတိုးဆိုင်က စာချုပ်လောက်နဲ့လည်း ချုပ်လိုက်လို့ရပါတယ်လို့ တွေးနေကြပြီမဟုတ်လား။ မတူပါဘူး။ ဘာမတူတာလဲ ဆိုရင် ရှေ့နေနဲ့ချုပ်ဆိုခြင်းဟာ ဥပဒေပါ ရောင်းသူ၊ဝယ်သူ အခွင့်အရေး တွေကိုအပြည့်အဝရယူနိုင်မှာဖြစ်ပါတယ်။

ဥပမာ ကိုယ်ဝယ်ယူမဲ့ မြေကွက်ဟာ နောင်တချိန် အရှုပ်အရှင်းဖြစ်လာလို့ တရားတဘောင်ရင်ဆိုင်ခဲ့ရရင် ရှေ့နေချုပ်ပေးတဲ့ စာချုပ်ဟာ
ဥပဒေပါ ရရှိမဲ့သက်သာခွင့်၊ အခွင့်အရေးတွေကို အပြည့်အဝရရှိတဲ့အတွက် ဆုံးရှုံးမှုကို
ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
စတိုးဆိုင်က စာချုပ်တွေကတော့ ဘာလာလာ တစ်ပုံစံတည်းဘဲ ဖြစ်ပါတယ်။ အရောင်းအဝယ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဝယ်ယူတဲ့ပုံစံ ချင်း
မတူကြတာမို့ ဘာလာလာ စာချုပ်ပုံစံတစ်မျိုးကိုဘဲ အားကိုးပြီးမချုပ်သင့်ပါဘူး။

🎾 ၄/ သတင်းစာကြော်ငြာထည့်ပါ။
ဒါဟာလည်း အရေးကြီးပါတယ်။ အခုခေတ်မှာ သတင်းစာကြော်ငြာမဖတ်ကြတော့လို့သတင်းစာ
မထည့်ကြသူများလည်းတွေ့ရပါတယ်။ ဒါဟာ ကိုယ့်ဥပဒေပါ အခွင့်အရေးကို ကိုယ့်ဘာသာ စွန့်လွှတ်လိုက်တာပါ။

ကိုယ်မမြင်နိုင်တဲ့ အရှုပ်အရှင်းပြဿနာတွေဆိုတာ သတင်းစာမှတဆင့် ပေါ်ပေါက်လာတာလည်းရှိသလို သတင်းစာထည့်လိုက်ခြင်းကြောင့် ရောင်းမှား၊ဝယ်မှား မဖြစ်ခဲ့ရတာမျိုးလည်း သာဓက များစွာရှိခဲ့ဖူးတာကြောင့် သတင်းစာလည်း ကြော်ငြာဖြစ်အောင်ကြော်ငြာသင့်ပါတယ်

🎾 ၅/ လက်ရောက် ယူပါ။

ငွေအကြေချေပြီးတာနဲ့တပြိုင်နက် ဝယ်ယူထားတဲ့မြေကွက် အလွတ်(သို့) အိမ် အလွတ် ကို လက်ရောက်ရယူထားသင့်ပါတယ်။အချို့က မြေကွက်အလွတ်မို့လို့ ခြံမခတ်ချင်ဘူး၊ ကိုယ်တိုင်လဲသွားမကြည့်နိုင်ဘူး ။ အဲ့လိုအချိန်တွေမှာ အခွင့်အရေးကို စောင့်နေသူတွေက ကို့မြေကွက်ကိုကျူးသွားတာမျိုးတွေရှိတတ်ကြပါတယ်။
တချို့က ရောင်းသူကို ပြန်ထား ထားတာကြောင့်ရောင်းသူက အိမ်ပေါ်ကမဆင်းလို့ တရားစွဲပြီးနှင်ရတာမျိုးတွေလည်း ရှိကြတာမို့ ငွေချေပြီးတာနဲ့ အလွတ် လက်ရောက်ရယူပါ။

#အိမ်ခြံမြေဗဟုသုတ
#ရှေ့နေ
#ဂရန်
#ပါမစ်

25/06/2026

အိမ်ခြံမြေဘဏ်ချိတ်ဘယ်လိုဝယ်ရလဲ ပြောပြပေးမယ်
‎
1.သိန်း100မြေဝယ်မယ်ဆိုရင် ကိုလက်ထဲမှာသိန်း30ရှိရမယ် ကျန်တာ70သိန်း ဘဏ်ကချေးပေးမှာပါ

‎2. ဝယ်ယူမည်သူကလစာ10သိန်းအထက်ရှိရမယ်
သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့သူနဲ့ ပေါင်းပြလို့ရပါတယ် (ကိုယ်ပိုင်လုပ်ငန်း လုပ်သူဆိုရင်လုပ်ငန်းဝင်ငွေပြလို့ရတယ်)
‎

3.ကိုဝယ်မဲ့အိမ်က ဂရံအမည်ပေါက်ဖစ်ရမယ်

4. (၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)

(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စားရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)
‎
(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
‎
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)
‎
(ဂ)။ ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
‎
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုပ္မဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
‎
‎
Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက် ဘာတွေလိုအပ်လဲ❓
‎
(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။
‎
‎‎
✅ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့အိမ်ကို ရာဖြတ်ဌာနမှ ဆင်းကြည့်မှာဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေ ပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး၊ bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည် ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်

______________________

လူကြီးမင်းတို့ လိုအပ်လျှက်ရှိသည့် အိမ် / ခြံ / မြေ / ကွန်ဒို / တိုက်ခန်း / စက်မှုဇုန် / ဟိုတယ် / စက်ရုံ /စရင်းများ
ငှားလို ရောင်းလို ဝယ်လို ပါက ဖုန်းဆက်မေးမြန်နိုင်ပါတယ်

Credit...Original uploader

 #ခုပြေစာမျိုးNနဲ့ထွက်တဲ့ပြေစာတွေကဘာအတွက်ထုတ်ပေးထားပါသလဲ?ဦးပိုင်အမှတ် N နဲ့က မမြဲဦးပိုင်လို့ ပြောကြလို့ N အကြောင်းအရာအမှ...
25/06/2026

#ခုပြေစာမျိုးNနဲ့ထွက်တဲ့ပြေစာတွေကဘာအတွက်ထုတ်ပေးထားပါသလဲ?

ဦးပိုင်အမှတ် N နဲ့က မမြဲဦးပိုင်လို့ ပြောကြလို့ N အကြောင်းအရာအမှတ်အသားအတွက် သိရှိသူများ မျှဝေ ပြောပြပေးကြပါ

#မြေအကြောင်းသိလိုပါကဝင်လေ့လာပါ

#လူနေထိုင်ခွင့်ရွာမြေမှာအမြင့်ဆုံးကGပါ

ရွာမြေ မကြိုက်လျှင်ဂရံသာဝယ်ပါ

ပုံစံ(၇) G နဲ့ ရွာမြေ G ကတော့ ကွာတာပေါ့

ဂရံ, ပါမစ် , လိုင်စင် , မြို့ပြစလစ်ကလွဲရင်

✅ကျန်ရွာမြေက G ပေါ်တည်ရွာမြေ

✅လယ်ပျက်ပေါ်တည် ရွာမြေ

✅ရွာနှင့်တစ်ဆက်တည်းလယ်မြေအား လူဦးရေတိုးတက်လာမူအရ နေထိုင်ဖို့လိုအပ်မူ တိုးချဲ့ရန်တရားဝင်တင်ပီး ခွင့်ပြုအခြားနည်းလျောက်နေထိုင်ခွင့်ရ ရွာမြေ

နိုင်ငံတော်က ပြန်လည်အသိမှတ်ပြု ကွက်စိပ်ကွက်ကျဲ
တိုင်းတာစာရင်းဝင်ထားတဲ့ ဂရမ်, ပါမစ် , လိုင်စင် , မြို့ပြစလစ်များမဖြစ်မှီ လူနေထိုင်မူနှင့် တည်ရှိမူ မြေအမျိုးစားများကို လေ့လာကြည့်ပါက ..

ကနဦး နေထိုင်ခြင်း

မြို့မြေ , ရွာမြေ .. ဥယျာဥ်ခြံမြေ .. လယ်ယာမြေ .. တောင်ယာမြေ

ပုံစံ (၁) , ပုံစံ (၈) , G , R , Yစသည်ဖြင့် အတိုကောက်မှတ်သားနိုင်သည်

မြို့မြေ , ရွာမြေ စသည်ဖြင့် လူနေထိုင်မူကို G ပေါ်တွင် အတည်များသည်

G ဥယျာဥ် စိုက်ပျိုးစားသောမြေသည် R လယ် နှင့် မြေ၏ခိုင်မာမူကျစ်လစ်သိပ့်သည်းခြင်းကွာသည်

လူနေထိုင်အဆောက်အအုံဆောက်ဖို့က G က Soil အနေထားသင့်တော်သည်

ဒါကြောင့် အဆောက်အအုံနေထိုင်မူကို Gကို လွယ်လင့်တကူ ခွင့်ပြုသတ်မှတ်ပီး စားဝတ်နေရေး
စိုက်ပျိုးမူ အတွက် Rကို အဓိကထားကြသည်

R ပေါ်တွင်လဲ စိုက်ပျိုးရေးလုပ်တာကြာလာပီး လယ်ပျက်တိမ်ကောပီး ရွာနှင့် ဆက်လျက်ရှိလျှင် ရွာမြေတိုးချဲ့အဖြစ် ခွင့်ပြုတက်သည်

ထို့ကြောင့် ဧကကျယ်ဝယ်ပီးလုပ်ငန်းလုပ်ကိုင်လိုသောသူများသည် ခွင့်ပြုမိန့်လွယ်လင့်တကူချပေးနိုင်သော Gများကိုသာ ဝယ်ယူကြသည်

ပုံစံ(၇) + ပုံစံ(၈) တွဲလျက် မည်သည့်မြေအမျိုးစားမဆို
စိုက်ပျိုးဧရိယာသာဖြစ်ပါသည်

ပုံစံ(၇)ပျောက်ပီး မှသာလူနေထိုင်ကြအခွန်ထမ်းတဲ့ မြေခွန်ပြေစာ(၈) မှသည် မှော်ဘီမြို့တွင် နေထိုင်သော ရွာနေရွာမြေဖြစ်ပါသည် ...

🚫🚫🚫G ကိုနေထိုင်ခွင့်မရှိ မခိုင်မာဘူးဆိုလျှင် မှော်ဘီမြို့၏ ၉၅% ဖျက်သိမ်းရပါမည် .. 🚫🚫🚫

( ရွာမြေ G နှင့် စိုက်ပျိုးGလဲကွာတယ်နော်)
ပုံစံ(၇)Gလောကိမြင်ဖူးပီးရမ်းတုတ်နေတာတော့အဆင်ပြေမနေဘူး

ရွာမြေဝယ်ယူရာတွင် မိမိရရှိသောစလစ် ပုံစံ(၇)ပျောက် မပျောက် မြေစာရင်းရုံးတွင် စစ်ဆေးနိုင်သည်
ပုံစံ(၇) ထွက်ရှိနေသေးလျှင် စိုက်ပျိုးရေးသာ အသုံးဝင်ပါသည် ...

မှော်ဘီသည် ဥယျာဥ်/ လယ်ပေါ်ရွာတည်မြေဖြစ်ပါသည် ..

Gမြေပေါ်နေထိုင်ခွင့်ရှိမရှိကို အပေါ်ကဖော်ပြပါအကြောင်းရာများအရ ဖော်ပြထားပါသည်

✅ကိုယ်ဝယ်မည့်မြေက ပုံစံ(၇)မရှိဖို့ပဲပိုအရေးကြီးပါတယ် ပုံစံ(၇)ဆို ဘာမြေဖစ်ဖစ် စိုက်ပျိုးစားရပါမယ်

မခိုင်မာသောမြေမရှိပါ အကုန်ခိုင်မာသည်
ကိုယ်သုံးစွဲမယ့်အခြေနေပေါ်မူတည်ပီး ခွငိ့ပြုခြင်းမပြုခြင်းပဲရှိတာပါ

ပုံစံ(၇)/မြေပုံမြေရာဇဝင် ၁၀၅/ ၁၀၆
ပေကျဉ်းကွက်ရိုက်တွေ အိမ်ဆောက်ရန်ဝယ်လို့မရပါနော်
၁၀၅ က ပိုင်ဆိုင်မူမဟုတ်ပါ..

အောက်တွင်ဆက်လက်ဖော်ပြမည့်စာများကတော့
ဗဟုသုတရအောင် ကူးယူထည့်သွင်းပေးခြင်းဖြစ်သည်

#မြေအမျိုးစားများ...........................

ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။

အစိုးရမြေဆိုရင် သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆို
တာကို ခွဲခြားလို့ရပါတယ်။ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။
မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM
၅ ။ မူရင်းလယ်မြေဆိုရင် M/MY
၆ ။ ချောင်းရေဝင်မြေဆိုရင် c
၇ ။ ယာမြေဆိုရင် Y
၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉ ။ တောင်ယာမြေဆိုရင် TY/YY
၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY
၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY
၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃ ။ ဓနိမြေဆိုရင် D
၁၄ ။ အပိုင်ရမြေဆိုရင် O
၁၅ ။ အပိုင်ဂရန်မြေဆိုရင် G
၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

#အကျယ်တဝင့်ဖော်ပြချက်

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်းစျေးတွေနဲ့ရတဲ့မြေတိုင်းကတော့ 100% အာမမခံနိုင်ပါဘူး

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်းများစွာရှိပါသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည် ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျနှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့်မှအပ အခြားစီးပွား
ရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေးပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင်အိမ်ဂရံ 🔹
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ်ပြုရန်သော်၄င်း လုံးဝကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ
များသော ဂရံ မြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါကသိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရပါသည်)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသောမြေပါ သို့သာ် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံးရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင်ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။(မှတ်ချက်-ပါမစ်မြေသည် အတုပေါများသည်)

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်
ရိုက် ရာင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့
ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေ
မယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်
သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်
(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင်အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ 7သာ ထွက်ရှိထားသော လယ်များရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအားစုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား
ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ်ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည် သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံး
ပါမည်။ ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည် လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိသည်

ာလုံးထွက်ပြေစာများအတွက်

💢💢💢💢💢 မမြဲဦးပိုင် 💢💢💢💢💢
အခုတလော မြေကွက်ပေါချောင်ကောင်းလေးတွေ လိုင်းပေါ်ကနေ ရှာပြီး ဝယ်ဖို့ စိတ်ကူးယဉ်တဲ့သူအများသား။

ပေါချောင်ကောင်းလေးဝယ်ပြီး ရင်းနှီးထားလိုက်မယ်ဆိုတဲ့အတွေးပေါ့ ၊ ပိုက်ဆံက အများကြီးလည်းမတတ်နိုင် ၁ဧက သိန်း ၁၀၀ လောက်ရှာ ၊ တွေ့တော့ စျေးတန်သားဟ ၁ဧက ဆိုတော့ ကျယ်ကလည်းကျယ် နောက်လူတွေနေလာရင် ထောပြီဆိုတဲ့အတွေးပေါ့။

ပွဲစားက အပြောကောင်း ဝယ်တဲ့သူကလည်း ရှေ့နေခ မပေးချင် ဝယ်လိုက်ကြတာ ဝယ်ပြီးတော့မှ မှားမှန်းသိမယ်။

အခုပြောချင်တာ ရှေ့နေမှ မဟုတ်ဘူး အပြင်ကလူတွေလည်း မြင်တာနဲ့ သိဖို့ ဗဟုသုတ မျှဝေခြင်းပါ။

⏩ ဝယ်မယ်ဆို ဘာပိုင်ဆိုင်မှုရှိလဲ အရင်တောင်းကြည့်ပါ။

အခုတင်ထားတဲ့ မြေခွန်ပြေစာ ပြတယ်ဆိုပါစို့ ။ ဦးပိုင်အမှတ်မှာ (N)လို့ ရေးသားထားတာတွေ့ရင် မဝယ်သင့်ပါဘူး ။ (N)ဆိုတဲ့ အခေါ်အဝေါ်က 💢 မမြဲဦးပိုင်💢 လို့ ခေါ်ပါတယ် ။

မမြဲဦးပိုင် မှ ➡️အမြဲဦးပိုင် လျှောက် ➡️ပြီးမှ ပုံစံ ၇ လျှောက်လို့ရတာပါ ။ မမြဲဦးပိုင်က ပုံစံ၇ တန်းလျှောက်လို့မရပါဘူး။

မမြဲဦးပိုင်ကနေ အမြဲဦးပိုင်လျှောက်ဖို့ အဲဒီမြေမှာ ၄/၅နှစ် အပင်စိုက်ရမှာပါ။ အဲဒါမှ လုပ်ကွက်ဟာ တည်ငြိမ်ခိုင်မြဲပြီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်မှ အမြဲဦးပိုင်မှတ်ပုံတင်စာရင်းမှာ သွင်းပေးတာပါ။

ဥပဒေနားလည်တဲ့သူခေါ်မသွားတော့ ပွဲစားက ဝယ်ပြီး လူနေအိမ်ဆောက် လို့ရတယ် ပြောလို့ပြော မွေးမြူရေးလုပ်လို့ရတယ်ပြောလို့ပြော ယုံပြီး ဝယ်မိမှာစိုးလို့ ။

တချို့တွေ မြေကွက်ရောင်းရင် ပိုင်ဆိုင်မှုအနေနဲ့ 💢ပုံစံ ၁၀၅ 💢ရှိတယ်ပြောလေ့ရှိတယ်။ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှုမဟုတ်ပါဘူး ။

၁၀၅ ဆိုတာ တည်နေရာသတ်မှတ်ထားတဲ့ မြေပုံပါ။ မြေပိုင်ကြောင်း အာမခံချက်အဖြစ် ထုတ်ပေးထားတဲ့စာရွက်မဟုတ်ပါဘူး ။

💢ပုံစံ ၇ 💢ကလည်း စျေးဆိုင်က ဝယ်တဲ့စာချုပ် နဲ့ ချုပ်ရတာမဟုတ်ပါဘူး။ ပုံစံ ၇ က လယ်စိုက်ဖို့ပါ။ အိမ်ဆောက်နေလို့မရဘူး ၊ တိရစ္ဆာန်မွေးမရဘူး၊ လုပ်ချင်ရင် ပုံစံ ၇ ကနေ အခြားနည်းအသုံးပြုခွင့်လျှောက်ပါ။

(အခု အခြားနည်းလျှောက်တာတွေ ပိတ်ထားဆဲပါ)
တချိုလယ်မြေတွေက အခြားနည်းလျှောက်ထားတယ် မကျသေးဘူးပေါ့ ၊

ဒါပေမဲ့ အခြားနည်းလျှောက်ထားတော့ အားသာတယ်ဆိုပြီး ပြောရောင်းပါတယ် ။ မကျသေးသရွေ့ လယ်ယာမြေထဲမှာပဲ အကျုံးဝင်တုန်း အလိမ်မခံရဖို့ ဗဟုသုတအဖြစ် မျှဝေရေးသားခြင်းပါ…

#မြေခွန်ပြေစာအကြောင်း....

ပြေစာ အကြောင်းလေးတွေ ခုနောက်ပိုင်းမှာ...
သဘောထားမတူတာတွေ....အယူအဆ ကွဲလွဲတာ
လေးတွေကြောင့် အမေးများလာလို့ တင်လိုက်ရပါ
တယ်....

ပြေစာအရွယ်အစား ဟာ ၄" ၅" ထက်မပိုကြပါဘူး.
ယခုအခါ မြန်မာနိူင်ငံ နယ်ပယ်ဒေသ အချိူ့မှာ
ပြေစာ စာ တွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးတယ်...

အချို့သောသူတွေက ...ပြေစာဆိုတာနဲ့
လယ်ယာမြေ လို့ တစ်ထစ်ချ ပြောဆိုတတ်ကြပါ
တယ်....

ရွာမြေ ၊ဘိုးဘွားပိုင်မြေ၊ဥယျာဉ်ခြံမြေ တွေဟာလဲ
ပြေစာ နဲ့ဘဲ အသုံးပြု ထားကြပါတယ်...

ပြေစာ ဟာ ....အောက်ပါပုံမှ မြင်ရတဲ့အတိုင်း
ကော်လ်ိတ္တော်အရာရှိလက်မှတ် ပါမယ်..
သက်ဆိုင်ရာ မြို့နယ် ခရိုင် အမှတ်အသားပါမယ်

မြေလုပ်ကိုင်သူ အမည်နဲ့ ဧရိယာ အကျယ်အဝန်း
ပါပါမယ်...:

ပြေစာ နဲ့မြေ ကို အချို့က သုံးမရဘူး....
ရောင်းမရဘူး... ဘာမှအသူံးမဝင်ဘူး လို့ယူဆ
ထားကြတာ တွေ တွေ့ခဲ့ရပါတယ်...

အမှန်တကယ်တော့....ပြေစာဟာ
ရောင်းဝယ်ခွင့်ရှိပြီးနေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစား
တစ်ခုပါဘဲ....

ပြေစာ ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေ
ဆောင်ရွက်လို့ရပါတယ်....

မြေခွန်ပြေစာအကြောင်းရင်း သိရှိနားလည်သူများက ကောင်းစွာ အသုံးချတတ်ကြပြီး.....အချို့သော
နားမလည်သူများက .....တရားမဝင်မြေ ဟု
ယူဆ ထားကြသည်ကိုတွေ့ရှိရပါတယ်.:.

အချူပ်အားဖြင့်ဆိူသော် မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ဖြစ်ပြီး

ပါမစ်မြေ
ဂရန်မြေ ထက် အဆင့်နိမ့်သောမြေ အမျိူးအစား
တစ်ခုဖြစ်ပေမဲ့ .....နားလည်သူများ ကကောင်းစွာ
အသုံးချလေ့ရှိပါတယ်....

Credit: Original Uploader

16/06/2026

#စရံပေးစာချုပ် ချုပ်ဆိုရာတွင် အဓိက
လိုအပ်သည့်အချက်အလက်များ....

#သက်ဆိုင်ရာမြေစာရင်းရုံးများတွင်
ပိုင်ဆိုင်မှု့စာရွက်စာတမ်းများ
မှန်ကန်မှု့ရှိမရှိ၊အမည်ပေါက်မှန်မမှန်
စစ်ဆေးရန်။

#ပိုင်ဆိုင်မှူစာရွက်စာတမ်း၊ဆက်စပ်စာချုပ်စာတမ်းမူရင်းများအားတိုက်ဆိုင်စစ်ဆေးပြီးမိတ္တူတစ်စုံရယူရန်။

#ရောင်းချသူပိုင်ရှင်ကိုယ်တိုင်
လက်ဗွေနှိပ်လက်မှတ်ထိုးပြီး၊မှတ်ပုံတင်မူရင်း၊အိမ်ထောင်စုစာရင်းများနှင့်တိုက်ဆိုင်စစ်ဆေးရန်။

#အမွေဆိုင်ပစ္စည်းဖြစ်ပါက
အမွေဆိုင်များအားလုံး လက်ဗွေနှိပ်
လက်မှတ်ထိုးပေးရန်။

#အရောင်းအဝယ်ပြုလုပ်သည့်ပစ္စည်း
အား ပေအကျယ်အဝန်းတိုင်းတာရန်။

#ဝယ်ယူသူမှမိမိအမည်ပေါက်ပြောင်းမည်ဆိုပါက
ရောင်းချသူမှလိုက်ပါဆောင်ရွက်ပေးရန်နှင့်
ရောင်းခွန်၊ဝယ်ခွန်တို့အားညှိနှိုင်းကြရန်။

#ရောင်းသူဝယ်သူ ငွေပေးချေမည့်အရစ်များအားညှိနှိုင်းသတ်မှတ်ကြရန်။

#အပြီးသ-တ် ငွေပေးချေမည့်ရက်
သတ်မှတ်ရန်။

#အပြီးသ-တ်ငွေပေးချေမည့်နေ့ရက်၌
အရောင်းအဝယ်ပြုလုပ်သည့်ပစ္စည်းအပါအဝင်
ပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းများအား
လက်ရောက်ရယူရန်။

#ရောင်းချသူဘက်မှရောင်းချရန်ပျက်ကွက်ပါက
စရံငွေ ၂ဆ ပေးလျော်ရန်နှင့် ဝယ်ယူသူဘက်မှ
ဝယ်ယူရန်ပျက်ကွက်ပါက စရံငွေအဆုံးဆိုသည့်
အချက်အလက်အားလုံးတို့ကိုညှိနှိုင်းသတ်မှတ်၍
စရံပေးစာချုပ်ချုပ်ဆိုနိုင်ပါတယ်...

#အဆိုပါအရေးကြီးသောအချက်အလက်များအပြင် အခြားသောအချက်အလက်များ
ညှိနှိုင်းရန်လိုအပ်ပါကလည်း ရောင်းသူဝယ်သူ
နှစ်ဦးအဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်နိုင်ပါတယ်ရှင်....

Law Bank

Zin Wai Htun (Lawyer)

#အိမ်ခြံမြေစာချုပ်စာတမ်းအမျိုးမျိုး

14/06/2026

Bank Lone ဖြင့်အိမ်ဝယ်မည်ဆိုပါက

ဘဏ်ချေး ငွေ လျှောက်မယ် ဆိုရင်။.(ဒုတိယအကြိမ်)
-
၁-ပိုင်ဆိုင်မှု အမည်ပေါက် ရှိကိုရှိမှရပါမယ်..။
၂-လုပ်ငန်း လိုင်စင် ရှိရပါမယ်...။
၃-အရှုံးအမြတ် စာရင်း ၃နှစ်စာ
၄-မြေပုံရာဇဝင်
၅-မိမိ ပိုင်ဆိုင်သော အိမ်ခြံ ဓါတ်ပုံ ၆ ပုံ
ရှေ့နောက်-ဘေး-ဘယ် ညာ- အတွင်း
၆.အရေးအကြီးဆုံးဖြစ်တဲ့
အခွန်ဆောင်ထားကြောင်း စာရွက် ။
-
အခြေခံ ကျတဲ့ ဖေါ်ပြပါစာရွက်စာတမ်းတွေ ကို ကြိုတင်
လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်...။
-
ဒါတွေပြည့်စုံပြီ ဆိုရင်
ချေးငွေလျှောက်ထားရန်အတွက် အမှတ်စဉ် ၄ က
၁၀၅/၁၀၆-မြေပုံ/မြေရာဇဝင် လိုအပ်ပါတယ်....
မြေပုံ/မြေရာဇဝင် အတွက်
ရပ်ကွက်-ရဲ -(ရပ်ကွက်နေထိုင်းကြောင်း ထောက်ခံစာ)
ကြာချိန်-ရက် ၂၀ခန်.-
-
အဲဒီ မြေပုံ/မြေရာဇဝင် ရပြီဆိုရင်
ချေငွေရယူလိုတဲ့ဘဏ် သို့ အကြောင်းကြားရပါတယ်...
-
မိမိပိုင် အိမ်ခြံမြေ အတွက်
မီးအာမခံ တစ်နှစ်စာကို သက်ဆိုင်ရာ
မြို့နယ် အာမခံ ရုံးမှာ ဆောင်ပေးရပါမယ်...။
-
အားလုံးပြည့်စုံလို့ ဘဏ်ဘက်က လက်ခံရင်
တင်ထားပြီးတော့
ပိုင်ဆိုင်မှု ထားမည့် အိမ်ကို ရာဖြတ်က ကြည့်ပြီး
ဆုံးဖြတ်-ဓါတ်ပုံရိုက် ပါမယ်...။
-
အားလုံးပြီးဆုံးတဲ့အခါ မှာ
ချေးငွေ ယူနိုင်ကြောင်း ဘဏ်ကနေပြီး
လုပ်ငန်းရှင်ကို အကြောင်း ကြားပါလိမ့်မယ်....။
-
ထိုရက်မှာပဲ ဘဏ်ကို သွားပြီး
ပိုင်ဆိုင်မှု ကို အပ်ပေးရပါမယ်.....။
-
ငွေထုတ်ယူတဲ့ နေကစပြီး အတိုး နှုန်းစတွက်ပါတယ်...။
မထုတ်သေးရင် မထွက်ပါဘူး။။.
အနည်းဆုံး ၃ နှစ်ရပါတယ်.....။
တနှစ်တိတိ - ထုတ်သွင်း အကြိမ်ကြိမ်ပြုလုပ်ုလိ့ရပါတယ်...။
-
အတိုးကို ၃လ တစ်ကြိမ်သွင်းရပါတယ်...။
အရင်း မဆပ်ရသေးပါဘူးးး။
-
ကျန် ၂ နှစ်မှာ အရင်းဆပ်ရပါတယ်....။
၂နှစ် ပြည့်လို့ ငွေ ကျေရင်
-
ပြန်လည် ထပ်မံ ချေးယူလို့ ယူ လို့ရပါတယ်
ဘဏ်က ယုံကြည်စိတ်ချရသူဟု ယူဆရ လျင်
ငွေကို ယခင် နှစ်က ထက် ပိုပြီး ထုတ်ချေးလို့ ရပါတယ်...။
-
စုစု ပေါင်းကြာချိန်ဟာ ၁လ ခွဲ ခန့် ကြာနိုင်ပါတယ်...။(ခန့်မှန်း)
-
ဒီလောက်ဆိုရင်- ဘဏ်ချေးငွေအတွက်
ပြည့်စုံသလောက်ဖြစ်ပါပြီ.....။
-
အားလုံး အဆင်ပြေကြပါစေ..။
မူရင်းရေးသားသူထံမှ လေးစားစွာဖြင့် ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။
#အိမ်ခြံမြေ
#စာချုပ်စာတမ်း
ဥပဒေရေးရာများ

14/06/2026

#မြေကွက်ဝယ်ယူပြီးမှအရှုပ်အရှင်းများဖြစ်မလာစေရန်သတိထားသင့်တဲ့အချက်၅ချက်

၁။ #ပိုင်ဆိုင်မှုခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ #မြေအမျိုးအစားကိုသေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ #မြေကွက်ကိုရောင်းချသူဘယ်လိုပိုင်ဆိုင်ခဲ့တယ်ဆိုတာကိုစစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ #စာချုပ်စာတမ်းစုံမစုံစစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ #စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit :
#
#ဒေါ်လတ်လတ်မြင့်
#အိမ်ခြံမြေ

14/06/2026

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''

''အကိုက မြေကွက်ဝယ်ထား လို့လား''

''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''
''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား''
''အခုက စုံစမ်းရုံအဆင့်ပဲဆို တော့ ဂရန်ဓာတ်ပုံမိတ္တူမရခဲ့သေး ဘူး''
''စရန်ငွေမချရသေးဘူးပေါ့''
''ဟုတ်ပါတယ် ဆရာ။ ဘယ်လို အဆင့်တွေ ဆောင်ရွက်ရမယ်ဆိုတာလဲ သိချင်လို့ ပါ”

''မြေဂရန်မှာ ရောင်းမယ်ဆိုသူ ရဲ့ အမည်ပေါက်လား''

''အကျိုးဆောင် အိမ်ပွဲစားပြောတာတော့ ရောင်းသူအမည်ပေါက်လို့ ပြောတယ်ထင်တယ်။

ဂရန်အမည် ပေါက်ဖြစ်လို့ အဆင်ပြေတယ်လို့ ပြောတာပဲ ဆရာ''

''ရောင်းသူကိုယ်တိုင် မြေဂရန် အမည်ပေါက်ဆိုရင်တော့ လုပ် ဆောင်ရမယ့် အဆင့်က နည်းနည်း သက်သာသွားတာပေါ့။

ဒါပေမယ့် မြေဂရန်အမည်ပေါက်ဖြစ်သူက ကွယ်လွန်သွားမယ်။

မြေဂရန်အမည် ပေါက်သူထံက မှတ်ပုံတင် အရောင်းအဝယ်စာချုပ် မပြုလုပ်ဘဲ ဝယ်ထားသူ ထပ်ဆင့်ရောင်းတာလည်း ရှိတတ် တယ်''

''ပထမဆုံးဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ဆရာ''

''ရောင်းသူက မြေဂရန်ဓာတ်ပုံ မိတ္တူမပေးရင်တော့ မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်အမည်၊ အတိုင်း အတာ၊ နှစ် ၆ဝ ဂရန် ဟုတ်မဟုတ် စတဲ့အချက်တွေကို ရေးမှတ်ယူပြီး ရန်ကုန်မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက်စုံစမ်းရပါတယ်''

''အချို့ မြေကွက်တွေက ကန့် ကွက်ထားတာတွေလည်း ရှိတတ် တယ်လို့ ပြောတယ် ဟုတ်ပါသလား''

''ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားရောက်စုံစမ်းတဲ့အခါမှာ ရောင်း သူအမည်နဲ့ ဂရန်မှာ အမည်ပေါက် နေသလား။

ကန့်ကွက်သူရှိမရှိ၊ ဂရန် သက်တမ်းကုန်မကုန်ဆိုတဲ့ အချက် တွေကို အဓိကစုံစမ်းရမှာဖြစ်တယ်''

''ဒီအချက်တွေ ပြည့်စုံရင် အ ရောင်းအဝယ်လုပ်လို့ရပြီလား''

''မြေဂရန်အမည်ပေါက်က ရောင်းမည့်သူ့ရဲ့ အမည်ဖြစ်နေပြီး၊ နှစ် ၆ဝ ဂရန် သက်တမ်းမကုန်သေး ဘူးဖြစ်မယ်။

ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင် 'စရန်ပေးစာချုပ်' ချုပ် ဆိုလို့ရပြီပေါ့''

''အရောင်းအဝယ်စရန်ပေး စာချုပ်-ချုပ်ဆိုပြီးပြီဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ''

''အဆင့်တွေကတော့များတယ်၊ အကိုနားလည်အောင် ပြောရရင်-

၁။ ဂရန်အမည်ပေါက်သူထံက တိုက် ရိုက်ဝယ်မယ်ဆိုရင်ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့တော်ခန်းမမှာသွားပြီး မြေပုံမြေရာဇဝင်ကူးပေး ရပါမယ်။

၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင် အ ရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ် ကတိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသ ကြီး ကာလတန်ဖိုး စိစစ်သတ်မှတ် ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖု့ိအတွက် တင်ပြ လျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်း ဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူ အနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင် လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုး (၁) ကျပ်မှ၊ ကျပ်သိန်း ၃ဝဝ ထိ - ၁၅ ရာခိုင်နှုန်း။ ကျပ်သိန်း ၃ဝ၁ ကျပ် မှ ကျပ်သိန်း ၁ဝဝဝ ထိ ၂ဝ ရာခိုင် နှုန်း။ ကျပ်သိန်း ၁ဝဝ၁ ကျပ်မှ အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။ တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန် ၄ ရာ ခိုင်နှုန်း စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ် ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။ မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီး ဌာနကို အကြောင်းကြားပါတယ်။ တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။

၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါ တယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အ ပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ''

''မြေဂရန်အမည်ပြောင်းမယ် ဆိုရင် ဘယ်လိုဆက်လုပ်ရမလဲ ဆရာ''
''အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့ မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွား လို့ အမည်ပြောင်းလျှောက်ထားရပါ တယ်။ မြေယာဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရှိ တစ်ပတ်၊ ၇ ရက် စောင့်ရပါ တယ်။ ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက် ဆိုင်ရာက အမည်ပြောင်းလဲမှတ်သား ပေးသွားမှာ ဖြစ်ပါတယ်''

Crd
#ဒေါ်နိုင်နိုင်ဝင်း
#တရားလွှတ်တော်ရှေ့နေ
#အခွန်
#ဂရန်
#အိမ်ခြံမြေစာချုပ်စာတမ်း

Address

Yangon
1001

Telephone

+959965418484

Website

Alerts

Be the first to know and let us send you an email when MOE HTEE Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category