Mya Mingalar

Mya Mingalar Welcome To Mya Mingalar Real Estate

အရှုပ်အရှင်းကင်း အဆောင် နှင့် ခြံရောင်းမည်။ ပါမစ်မြေ မိတ္ထူရေ(ရေတင်ဖို့ compressor)၊  မီး အစုံ ဧရိယာ-20'x60'ရိုးရိုးမီတာ...
13/12/2023

အရှုပ်အရှင်းကင်း အဆောင် နှင့် ခြံရောင်းမည်။
ပါမစ်မြေ မိတ္ထူ
ရေ(ရေတင်ဖို့ compressor)၊ မီး အစုံ
ဧရိယာ-20'x60'
ရိုးရိုးမီတာ
လစဥ် 1ခန်း ၉၀၀၀၀ကျပ်နဲ့လူပြည့်နေတဲ့ အဆောင်ပါ။ ၁၄’ x ၉’ ပေ ၁၀ခန်း
အိမ်သာ အပေါ် ၂ခန်း အောက်၁ခန်း
အဆောင်မှူးအခန်းက တော့ မျက်နှာစာလေးပေါ့ အင်္ကျီဆိုင်တို့ ဘာတို့ ဖွင့်လို့ရတယ်
ဆောက်ထားတာ ၂နှစ်ကျော်ပဲ ရှိပါသေးတယ်။
အပေါ်ကိုပါ စလပ် လောင်းထား​ပြီး ရေကန်ကိုအုတ်နဲ့ သေချာကန်လုပ်ထားပါတယ် ရေကန်ဘေးမှာ ဝရန်တာလို့ သဘောမျိုးကို စတီးလက်ရန်းတပ်ပေးထားပါသေးတယ်။ သုံးထားတဲ့ သစ်တွေကလည်း ပျဥ်းကတိုးနဲ့ ကျွန်းသက်သက်ပါပဲ။
အပေါ်ထပ် လူနေဆောင်မှာဆိုလည်း လျှာထိုးခင်းထားပါတယ်။
ဝယ်ပြီး အဆင်သင့် ငှားစားရုံပါပဲ။ လက်ရှိလည်း ငှားနေပါတယ်။
ဖုန်း 09787823488
အဆောင်ကြည့်ချင်လျှင် ၃နာရီကြိုပြောပေးပါနော်
လိပ်စာ ဗိုလ်အေးချိုလမ်း လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီး.။
သိန်း၂၀၀၀ (ညှိနှိုင်းနိုင်ပါတယ်)
အကျိုးဆောင်ပါ

 #အကျိုးတူရပါတယ် 1:1 #အရောင်းပါ  #မြောက်ဒဂုံ 35 ရပ်ကွက် နဝဒေးလမ်း📍တစ်ထပ်တိုက် (အိမ်အရမ်းမကောင်း)ပတ်ဝန်းကျင်အလွန်ကောင်း ပ...
15/05/2023

#အကျိုးတူရပါတယ် 1:1
#အရောင်းပါ
#မြောက်ဒဂုံ 35 ရပ်ကွက် နဝဒေးလမ်း

📍တစ်ထပ်တိုက် (အိမ်အရမ်းမကောင်း)
ပတ်ဝန်းကျင်အလွန်ကောင်း ပြီး
📍ဗိုလ်မင်းရောင်လမ်းမ ဒဲ့ပေါက်လမ်း
📍 လောပိတလမ်းမ ဒဲ့ပေါက်လမ်း
📍 40 ပေ* 60ပေ
📍 အရှေ့လှည့်

☑️စျေးနှုန်း - 4600 သိန်း (ညှိနှိုင်း)
09787823488
#ပိုင်ရှင်နဲ့တိုက်ရိုက်စျေးညှိလို့ရပါတယ်

30/11/2022

ဆရာ ကြည်စိုး IC ၏ တစ်ချက် မှ

ချန်၍မရသော ပုံသေနည်း

🙏🙏🙏🙏🙏

27/11/2022

ဒီရက်ပိုင်း မြေကွက်ဝယ်ယူပြီး လက်လွတ်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ
အများကြီးသတင်းတက်လာတာစိတ်မကောင်းစရာတွေတွေ့ရပါတယ်။

မြေကွက်ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ သေချာစစ်ဆေးပါ

မိမိဝယ်မယ့်မြေဟာ လယ်ယာမြေဆိုလည်း အခြားနည်းသုံးစွဲခွင့် လန(လန၃၀)ကျပြီးသားမြေလား
အရင်ကြည့်ရမယ်

…အခြားနည်းသုံးစွဲခွင့် လန- ၃၀ ကျပြီးသားဆိုရင်….ဘာအတွက်ကျတာလည်း
၁။ သာသနမြေအတွက်လား
၂။ စက်ရုံမြေအတွက်လား
၃။ နှစ်ရှည်အတွက်လား
၄။ အိမ်ယာဆောက်လုပ်ခွင့် အတွက်လားဆိုတဲ့…အကြောင်းအရာတွေရှိပါတယ်အခြားနည်းသုံးစွဲခွင့်ရတိုင်း မြေကွက်ရိုက်ရောင်းပြီးဝယ်လို့မရပါဘူးပုံစံ ၁၀၅. ၁၀၆ ရှိရုံနဲ့မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားမဟုတ်ပါဘူး.. မြေနယ်နမိတ်သက်မှတ်ချက်နဲ့မြေရာဇဝင်သာဖြစ်ပါတယ်
နောက်ဆုံးပြောချင်တာကတော့…ကိုယ်ချွေးနဲစာနဲ့ဝယ်ယူမဲ့ မိတ်ဆွေများသည်.ကိုယ်ဝယ်ယူမဲ့မြေအကြောင်းသိရှိနားလည်မှသာဝယ်ယူရန်အကြံပေးချင်ပါသည်။

တစ်လက်စတည်း မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမယ်။

အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ

မြေပိုင်မြေ ။ ။မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်‌ဖော်ထုတ်ကာ ရောင်းချခဲ့စဥ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။

ဘိုးဘွားပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

ဂရန်ရှိမြေပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ ‌မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။
လိုင်စင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀ ၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့် အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။

ပါမစ်မြေ ။ ။ ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါသည်။
မြေငှားဂရန်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါသည်။

စကွာတာမြေ ။ ။ “စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါသည်။

ကျူးလွန်ခြင်းမြေ ။ ။ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါသည်။
ကျူးကျော်မြေ ။ ။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါသည်။

စာတွေ့တင်မကပဲအနီးနားပတ်ဝန်းကျင်မှာ
လည်း ဝယ်ယူမယ့်မြေကွက်အကြောင်း ကိုယ်တိုင်ကွင်းဆင်းပြီး အပင်ပန်းခံ စုံစမ်းဖို့မမေ့သင့်ကြောင်း အကြံပေးပါရစေ။

ဗဟုသုတရရှိစေရန်
ဥပဒေရေးရာ Page မှ ကူးယူဖော်ပြပါတယ် ခင်ဗျာ

🌸🌲ပြင်ဦးလွင် ရေသယောက်ကုန်း ရွာမြေစစ်စစ်▶ ရွာလည်ကတ္တရာလမ်းမပေါ်မေးတင်၊▶ မန်း-လားရှိုး လမ်းမကြီးမှ ပေ (၁၀၀၀) ခန့်အကွာ ▶ နေ...
16/08/2022

🌸🌲ပြင်ဦးလွင် ရေသယောက်ကုန်း ရွာမြေစစ်စစ်
▶ ရွာလည်ကတ္တရာလမ်းမပေါ်မေးတင်၊
▶ မန်း-လားရှိုး လမ်းမကြီးမှ ပေ (၁၀၀၀) ခန့်အကွာ
▶ နေရာကောင်း စျေးတန် ၊ ရှုခင်းလှလှ ရွာမြေစစ်စစ် နေချင်သူများအတွက်

🏠 ပေအကျယ် နှင့် စျေးနှုန်း
▶ပေ (၄၀×၇၀) = ၃၄၀ သိန်း (ရွာလယ်ကတ္တရာလမ်းမေးတင်)
▶ပေ ၆၀ x ပေ ၆၀ = ၃၈၀ သိန်း (ရွာလယ်ကတ္တရာလမ်းမေးတင်)
▶ပေ ( ၄၀ x ၃၅ ) x ပေ ၆၀ = ၁၈၀ သိန်း
▶ပေ ၄၀ x ပေ ( ၆၀ x ၅၅) = ၁၉၀ သိန်း
▶ပေ ၄၀ x ပေ ၆၀ = ၂၁၀သိန်း
▶ ပေ ၄၀ x ပေ ၆၅ = ၂၂၀ သိန်း
▶ပေ ၄၀ x ပေ (၇၈ x ၇၀) = ၂၄၀သိန်း

🏘 ဝန်ဆောင်မှု
▶ ဒူးပိတ် အုတ်ရိုးခံ၊ သံဇကာခတ်
▶ သံပန်းတံခါး တပ်ဆင်ပေးခြင်း
▶လျှပ်စစ်မီး သွယ်တန်းပေးခြင်း

▶ အရောင်းအဝယ် အလွှဲအပြောင်း ဆက်စပ်စာချုပ် အပြည့်အစုံဖြင့် လွှဲပြောင်းရောင်းချပေးပါမည်

ဆက်သွယ်ရန်
🌸🌲🌸🌲🌸🌲
09787823488

တာမွေ တိုက်ခန်းအရောင်း12ပေခွဲ 55ပေ ဟောင်ကောင်၂ထပ် (၄လွှာမှာပါ)🙏🙏🙏သီတာလမ်း ကဝင်ရင် ဒုတိယမြောက်လမ်းအောင်ဘာလေလမ်း(ဓမ္မာရုံဘ...
13/07/2022

တာမွေ တိုက်ခန်းအရောင်း
12ပေခွဲ 55ပေ ဟောင်ကောင်၂ထပ်
(၄လွှာမှာပါ)
🙏🙏🙏
သီတာလမ်း ကဝင်ရင် ဒုတိယမြောက်လမ်း
အောင်ဘာလေလမ်း(ဓမ္မာရုံဘေး တစ်တိုက်ကျော်)
အပေါ်ထပ်လေးကလဲ
အခန်းဖွဲ့ထားတော့အေးဆေး နေလို့ရတယ်
ရေစက် - မီး ✅
ဈေး ၃၆၀ သိန်း (Banking Ok 👌)
အိမ်ကြည့်ချင်ရင် ၂နာရီကြိုပြောပေးပါနော်
အကျိုးတူလက်ခံပါတယ်
ဒေါ်မြသဉ္ဇာတင့်
မြမင်္ဂလာ အိမ်ခြံမြေအကျိုးဆောင်
09787823488

Edit sold out ရန်ကုန်မြို့ရဲ့အချက်အချာချတဲ့ ဝေဇယန္တာလမ်းအနီး စိတ်ငြိမ်ရက်ကွက်မှာရှိတဲ့ ပေ၆၀x ၆၀ ၂ထပ် RC အိမ်လေးတခုရောင်း...
11/07/2022

Edit sold out
ရန်ကုန်မြို့ရဲ့အချက်အချာချတဲ့ ဝေဇယန္တာလမ်းအနီး စိတ်ငြိမ်ရက်ကွက်မှာရှိတဲ့ ပေ၆၀x ၆၀ ၂ထပ် RC အိမ်လေးတခုရောင်းပေးချင်ပါတယ်
📌 ခြံအကျယ် _ ပေ၆၀ x ၆၀
📌 အိမ်အကျယ် - ပေ၄၀ x ၄၀
📌 ခြံထဲမှာ ဘာတွေပါလဲ
အဝီစိရေတွင်း (ဂျိုးဖြူရေလဲရ)
ဝန်ထမ်းတွေအတွက်အိမ်သေးသေးလေး
မီတာ ၂လုံး (ရိုးရိုး, စက်မီတာ)
ကားဂိုဒေါင် ( ခြံထဲမှာ ကား၄စီးလောက်ဆန့်)
📌 အိမ်ထဲမှာ ဘာတွေပါလဲ
Air con ၄ လုံး
၁၅ပေ ပတ်လည်Master bedroom ၂ ခု
Single room ၁ ခု
ပရိဘောဂ တချို့ ( အပြောကောင်းရင် ကောင်းသလို ထားခဲ့ပေးမယ်)
အိမ်နံပတ်ပေါင်းခြင်း (၆)
📌 စာချုပ်စာတမ်း
ဂရမ် (သက်တမ်းဝေး)
၄၀ x ၆၀ ဂရမ်တခု
၂၀ x ၆၀ ဂရမ် တခု
နာမည်ပေါက်တူတူပါပဲ
SPရ
📌 ပတ်ဝန်းကျင်
စိတ်ငြိမ်ရက်ကွက်
ခြံကျယ်ကျယ်တွေများ
📌 ဈေး
ယခင်ခေါ်ဈေး ၉၀၀၀သိန်း
ယခုခေါ်ဈေး ၈၆၀၀သိန်း
အလျေ့ာအတင်းရှိပါတယ်
Mobile Bankingရပါတယ်

အိမ်ကြည့်မယ်ဆို အချိန် ၃နာရီကြိုပြောပေးပါနော် လမ်းကြုံကြည့်ခြင်း သည်းခံပါ
အရောင်းကိုင် တစ်ယောက်ပါလို့ တူတူခွဲစားနိုင်ရင် အကျိုးတူရပါတယ်

ဒေါ်မြသဉ္ဇာတင့် ( မြမင်္ဂလာ အိမ်ခြံမြေ)
09787823488

လှိုင်မြို့နယ် ဓမ္မရုံလမ်းအနီးမျက်နှာပွင့် ပေကျယ်ပြီးသွားရလာရလွယ်ကူတဲ့ခြံလေးတစ်ခုရောင်းပါရစေ ။  🔺 ခြံအကျယ် _ ၈၀× ၅၇ (၂ကွ...
02/07/2022

လှိုင်မြို့နယ် ဓမ္မရုံလမ်းအနီးမျက်နှာပွင့် ပေကျယ်ပြီးသွားရလာရလွယ်ကူတဲ့ခြံလေးတစ်ခုရောင်းပါရစေ ။

🔺 ခြံအကျယ် _ ၈၀× ၅၇ (၂ကွက်တွဲထား)

🔺 နေရာ -ဓမ္မာရုံ ( )လမ်း (လမ်းနည်းနည်းကျဉ်း)

🔺 ခြံထဲမှာ ဘာတွေပါလဲ ❓

✔စက်ရေတွင်း၂ခု
✔ရိုးရိုးမီတာ၄လုံး
✔အုတ်ခံ အိမ် တခု
✔Air con 1လုံး
✔ဂိုဒေါင်ပုံစံ အိမ် (အရမ်းမကောင်း) ၂ခု
✔ကား၃စီးပါကင်

📌 စာချုပ်စာတမ်း
ပေ၄၀× ၅၇ပေ က ဂရမ်ပါပြီးသားပါ
တခြမ်းကတေ့ာ ဘိုးဘွားပိုင် အပ်စာချုပ်
SPရ

📌 ပတ်ဝန်းကျင်
စိတ်ငြိမ်ရက်ကွက်
ခြံကျယ်ကျယ်တွေများ

🏷ဈေး

-တခြမ်းဆီယူလဲရ
-ဂရမ် ပါတဲ့ တခြမ်း (၄၀x ၅၇) - 5500သိန်း
-ဂရမ် မပါတဲ့ တခြမ်း ( ၄၀×၅၇)- 3500သိန်း
-၂ခြမ်းလုံး ယူရင် - သိန်း၉၀၀၀

အလျေ့ာအတင်းရှိပါတယ်
Mobile Bankingရပါတယ်

❕အိမ်ကြည့်မယ်ဆို အချိန် ၃နာရီကြိုပြောပေးပါ။
❕လမ်းကြုံကြည့်ခြင်း သည်းခံပါေနာ် ။

စာရွက်စာတမ်းအရှုပ်အရှင်းအတွက် တာဝန်ယူပါသည် ။

အရောင်းကိုင် တစ်ယောက်ပါလို့ ၃ယောက်ခွဲစားနိုင်ရင် အကျိုးတူရပါတယ်နော် ။

ဒေါ်မြသဉ္ဇာတင့် @ Sweetie
မြမင်္ဂလာ အိမ်ခြံမြေအကျိုးဆောင်
09-787 823 488

Address

Mya Mingalar
Yangon
11111

Alerts

Be the first to know and let us send you an email when Mya Mingalar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mya Mingalar:

Share

Category