7 STAR Real Estate

7 STAR Real Estate This page is about the Real Estate Knowledge Sharing Page for the people who would love to learn in

"မြေဧက တွက်နည်း"မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွ...
20/01/2021

"မြေဧက တွက်နည်း"

မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး ဧက တွက်နိုင်ပါတယ်။

၁။ လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၅၉.၈၆ = ၁ ဧက
ဥပမာ ~~~~
၁၀၀ ပေ ပတ်လည်အကွက် ဖြစ်လျင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀=၀. ၂၂၉ ဧက

၂။ နှစ်နားညီ စတုဂံပုံစံ ဖြစ်လျှင်
(လ x န)' ÷ ၄၃၅၆၀ = __ဧက
ဥပမာ ~~~~
(၄၀'×၆၀')÷၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀'×၈၀')÷၄၃၅၆၀ = ၀.၁၁ ဧက
(၆၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၃၇ ဧက
(၈၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၈၃၆ ဧက
(၁၀၀'×၁၀၀')÷၄၃၅၆၀ = ၀. ၂၂၉ ဧက

၃။ နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

၄။ တြိဂံပုံစံဖြစ်လျင်၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၅။ ထောင့်မှန် တြိဂံပုံစံဖြစ်လျှင်
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀
ဥပမာ ~~~~
၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၆။ စက်ဝိုင်းပုံစံဖြစ်လျှင်
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည်။ ထို့ကြောင့်
အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ဧက (ပုံသေမြှောက်ကိန်း .၇၈၅၄)
(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်)
ဥပမာ ~~~~
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

၇။ အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
၁ ဧက = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါသည်။
အညွှန်း....
လ = အလျား
န= အနံ
' = ပေ

Credit with respect ဦးမျိုးမင်းထွန်း

၁ ဧက = ၄၃၅၆၀ စတုရန်းပေ၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတာ မေးတဲ့ကျနော့မိတ်ဆွေတွေအတွက်ပါ။ (မသိသေးသူများအတွက်သာ သိပြီးသူများကျော...
19/01/2021

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတာ မေးတဲ့ကျနော့မိတ်ဆွေတွေအတွက်ပါ။
(မသိသေးသူများအတွက်သာ သိပြီးသူများကျော်သွားပေးပါခင်ဗျာ)

လက်မ(inch), ပေ(feet), ကိုက်(yard), သံကြိုး(Chain), ဖာလုံ(Furlong), မိုင်(Mile) စတဲ့အတိုင်းအတိုင်ယူနစ်များဟာ imperial units အတိုင်းအတာဖြစ်ပါတယ်။ (ဒီကြားထဲမှာလူသိမများတဲ့ ယူနစ်တွေလဲရှိပါသေးတယ်)

***လက်ရှိ အမေရိကန်၊ လိုက်ဘေးရီးယား နဲ့ မြန်မာ (၃) နိုင်ငံသာ မက်ထရစ်စနစ်အတိုင်းအတာကို အသုံးပြုမပြုပါ။ ***

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် ***
ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေဖြစ်ပါတယ်
၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ် ။
=========================
မြန်မာနိုင်ငံမှာ
၂ သံကြိုး × ၅ သံကြိုး = 1 ဧက
၁၁ လံ × ၁၁၀ လံ = ၁ ဧက
အဖြစ်မှတ်သားကြတာများပါတယ်။
=========================
အခြားအသုံးများတာတွေကိုလဲ ဖော်ပြပေးလိုက်ပါတယ် ။
၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မတ်ခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

#သတိ
မည်သည့် ဂရန်မြေကွက်ကိုမဆို ရောင်းချ၊ ပေးကမ်း၊ အမည်ပြောင်းရန် မျက်စာအဖွင့်အနည်းဆုံး ၂၀ ပေ နှင့် အနည်းဆုံး ၀.၀၂၇၅ဧက (သို့) ၁၂၀၀ စတုရန်းပေ ရှိရမည်။

မိမိ မိတ်ဆွေများလည်း ဗဟုသုတရအောင် မျှဝေပေးပေးပါ ခင်ဗျာ...

Credit: Htet Linn Aung

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when 7 STAR Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category