18/01/2021
Just for knowledge sharing ပါနော်။
Bank ကနေ home loan နဲ့ဝယ်ကြတာတွေများလာတော့ ဖတ်ထားမိတဲ့အကြောင်းအရာလေးကို sharing လုပ်ပါရစေ။
မြန်မာနိုင်ငံမှာ ဘဏ်တွေ Home Loan ထုတ်ချေးတာက ဘဏ်အတွက်ပဲ အကျိုးများပြီး အသုံးပြုသူ customer အတွက် နစ်နာမှုပိုများနေပါတယ်
US မှာ အိမ်ဝယ်ရင် Down payment ကို 5% နဲ့ နှစ် 30 ဆပ်လို့ရနေတဲ့ အချိန် (ဒါတောင် government နောက်ခံ ချေးငွေဆိုရင် 3.5%ပါ) မြန်မာလို ဆင်းရဲတဲ့နိုင်ငံမှာ down payment ကို 30% အနည်းဆုံးပေးခိုင်းပြီး တစ်ခြား hidden fees တွေ insurance တွေ customer ကို ကျခံခိုင်းပါသေးတယ်
အတိုးနှုန်းကြတော့လည်း တစ်နှစ်မှာ US က 2.9 - 3.5% (နှစ်လျော့သွားရင် အတိုးနှုန်းလျော့နည်းသွား) ဝန်းကျင် ကောက်ပေမယ့် မြန်မာမှာ တော့ flat rate 10% (ဒါတောင် covid ဖြစ်လို့ 12% ကနေလျော့သွားတာ) အတိုးနှုန်း 3ဆ လောက်များနေပါတယ်
နောက်ပြီး ထောက်ခံပေးမယ့်သူ (ဒါမှမဟုတ်) ပိုင်ဆိုင်မှုတို့ကလည်း တောင်းပါသေးတယ်။ ဝယ်တည်းက ဘဏ်ကို ပိုင်ဆိုင်မှုစာရွက်စာတမ်းအားလံုးအပ်ရတဲ့အပြင် General Power (GP)ဆိုပြီး လွှဲအပ်ခိုင်းပါတယ်။ အဲ့မှာလည်း ဥပဒေ အရ တစ်ကယ်ဆို Special Power (SP) ဆိုလုံလောက်နေတာကို လူတွေ ဥပဒေကြောင်း ကောင်းကောင်းနားမလည်တာ အခွင့်ကောင်းယူပြီး GP လွှဲခိုင်းပါတယ်။ အတိုပြောရရင် GP ဆိုတာ လွှဲအပ်သူရဲ့ ကိုယ်စားအားလုံးလုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပြီး SP ကတော့ အဆိုပါ တိုက်ခန်း/ အိမ်အတွက်ပဲ လုပ်ပိုင်ခွင့်ပေးတဲ့ သဘောပါ။ ဆိုလိုတာ ဘဏ်ကို GP ပေးထားရတဲ့အတွက် ဝယ်သူရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဝင်ရောက်စီမံပိုင်ခွင့်ပေးထားသလိုဖြစ်နေပါတယ်။
ဝယ်သူ ပြန်ဆပ်ရမယ့် ငွေကို အချိန် ကာလ သတ်မှတ်ချက်အတွင်း ပြန်မဆပ်ပါက ဘဏ်က ချက်ချင်း လေလံတင်ရောင်းချပိုင်ခွင့်ရှိပါတယ်
အဲ့မှာ ပြောချင်တာ တိုက်ခန်း တစ်ခန်းကို အစတည်းက 30% အရင်းရပြီးသားကို ဝယ်သူက ဘဏ်ကြွေးမဆပ်နိုင်လို့ လေလံတင်ရောင်းရင် ရှုံးစရာ မရှိသလောက် risk နည်းပါတယ် ဒါကိုပဲ ဘဏ်ဖက်က safe side အပြည့်အဝ ယူထားတာပါ
နောက်ပြီး အလုံးစုံ အာမခံဆိုပြီး premium ကြေး အမြင့်ဆုံးကို ဝယ်သူက ဝယ်ယူရပါသေးတယ်။ ရွေးချယ်ခွင့်မရှိပါ။ အကြောင်းကြောင့် အိမ်ပျက်စီးသွားရင် ဘဏ်က အာမခံ ကနေ သူ့ပိုက်ဆံ အပြည့်အဝ ပြန်ရမှာပါ။
အဲ့မှာ ပြောချင်တာ ဒီလောက် ဘဏ်ဖက်က risk မရှိသလောက် safe ဖြစ်အောင် အမျိုးမျိုးလုပ်ထား fees တွေလည်း အဆမတန် ယူထားပြီးတာကို ဘာလို့များ ထောက်ခံပေးသူဘယ်နှစ်ယောက်တို့ ပိုင်ဆိုင်မှုရှိလားတို့ ဘဏ်မှာ ငွေအပ်ထားတာ ဘယ်လောက်ရှိတုန်းတို့ တောင်းနေတာက customer ကို အလုပ်ရှုပ်စေပြီး အချိန်ကြာမြင့်စေပါတယ်
ဘာလို့များ ခေါင်းနည်းနည်းသုံးပြီး ပေးထားတဲ့ ပိုက်ဆံနဲ့ တန်ဖိုးတူတဲ့ ဝန်ဆောင်မှုပေးဖို့ မကြိုးစားကြတာလဲ မသိပါဘူး
မြန်မာနိုင်ငံမှာက ဝန်ဆောင်မှုပေးတဲ့သူနဲ့ ဝန်ဆောင်မှုယူသူမရှင်းလင်းကြပါဘူး
Customer ကို ဘယ်လို treat လုပ်ရမယ် service ဘယ်လိုပေးရမယ် နားလည်လာအောင် customer တွေကလည်း မိမိတို့ရဲ့ အခွင့်အရေးကိုတောင်းဆိုတတ်ဖို့လိုပါတယ်
ဒါကြောင့် မြန်မာနိုင်ငံမှာ ဘဏ်တွေ အချိန်တိုအတွင်းသူဌေးဖြစ်တာ မဆန်းပါဘူး
Just sharing my thoughts.
Michael Oo
Credit
(Just for Knowledge Home Loan,.. Auto loan also.)