PYAE SONE

PYAE SONE ပြည့်စုံ အိမ်ခြံမြေ စာချုပ်အမျိုးမ?

တောင်ဥက္ကလာ(၁၀)ရပ်ကွက်ကားမှတ်တိုင်နီးပါတယ်လမ်းသွယ်မြေညီထပ်တိုက်ခန်းအရောင်းလေးအကျယ်အဝန်း(အလျား၁၈ပေအနံပေ၅၀)အခန်းတစ်ခန်းဖွဲ...
28/04/2023

တောင်ဥက္ကလာ(၁၀)ရပ်ကွက်
ကားမှတ်တိုင်နီးပါတယ်လမ်းသွယ်မြေညီထပ်တိုက်ခန်းအရောင်းလေး
အကျယ်အဝန်း(အလျား၁၈ပေအနံပေ၅၀)အခန်းတစ်ခန်းဖွဲ့ပြီးသား
မြေပိုင်ဆိုင်မှုဂရန်ပါမယ် bccကျပြီးသား အရှုပ်အရှင်းကင်းပါတယ်
စျေးနှုန်းသိန်း(၁၆၀၀)အလျော့တင်းပါးပါးရှိပါတယ်
၀၉ ၄၂၀၄၂၃၄၃၈

23/07/2022

ဒီတစ်ပတ်ကတော့

မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်းစာချုပ်

နှင့်

မိသားစုစီမံမှုစာချုပ်

အကြောင်းလေးတွေကို ရှင်းပြပေးပါမယ်ရှင့်

မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်းစာချုပ် ကတော့

မရွေ့မပြောင်းနိုင်တဲ့ပစ္စည်း ဥပမာ အိုးအိမ်ခြံမြေ

လိုပစ္စည်းကာလပေါက်စျေးတန်ဖိုး ကျပ်

သိန်း၁၀၀ အထပ်ဆိုလျှင် သက်ဆိုင်ရာ

မြေစာရင်းရုံးမှာ မြေပုံကူးပြီး နိုင်ငံတော်ကို

တံဆိပ်ခေါင်းခွန် ၄% ဆောင်ပြီး တရားဝင်

မှတ်ပုံတင် စာချုပ်ကြီးဖြင့် ပေးကမ်း ချုပ်ဆို

ပိုင်ဆိုင်နိုင်ပါသည်။

မိသားစု စီမံမှုစာချုပ် ကတော့

ပစ္စည်းရှင် မသေဆုံးမီ

ပစ္စည်းရှင် နှင့် မိသားစုဝင်တို့ သဘောတူညီမှုဖြင့်

ချုပ်ဆိုသောစာချုပ် ဖြစ်ပါတယ်ရှင့်

“ပစ္စည်းရှင် ကွယ်လွန်ပြီးနောက် အမွေပစ္စည်းများ

ကို မည်ကဲ့သို့ ခွဲဝေ ယူကြမည်ဆိုသော မိသားစု

တစ်စု၏ သဘောတူ စီမံမှု ကို မိသားစု စီမံမှု

ဟုခေါ် ပါတယ်ရှင့် “

မိသားစု စီမံမှု တွင် ပါဝင်ချုပ်ဆိုသူများ ဟာအမွေ

ပုံပစ္စည်း၏ အခွင့်ရေးရှိသူများ ဖြစ်ရမည်

၎င်းအပြင် ထိုသူများမှာလည်း အချင်းချင်း

သဘောတူညီမှု ရရှိရန် လိုအပ်ပါတယ်

ဤစီမံမှုကို အကြောင်းပြပြီးတော့ အမွေစားအမွေခံ

များက ပစ္စည်းရှင် ဖြစ်သူ မိဘ မသေမီ ပစ္စည်းရရန်

တရားစွဲဆိုခွင့် မရှိကြောင်း

“မသစ် နှင့် မောင်တိုးအောင် (အက်ဂျေ ၁၉၇)

စီရင်ထုံး၌ တွေ့နိုင်ပါသည်။”

08/07/2022

စာချုပ်တွေလက်မအားရအောင်ချုပ်နေရလို့ဖြစ်မယ်ထင်ပါရဲ့page မှာဘာမှမတင်ဖြစ်
ဖြစ်နေတယ် 😁

ဒီနေ့မြေကွက်အရောင်းအဝယ်စာချုပ်လေးတစ်ခုချုပ်ပေးရင်း ဝယ်ယူသူများရဲ့ အားနည်းချက်လေးတွေကိုဥပဒေနှင့်အညီထောက်ပြပေးပါရစေ

မြေ ဖြစ်ဖြစ် တိုက်ခန်း ဖြစ်ဖြစ် ဝယ်တော့မယ်ဆိုလျှင်ရှေ့နေ နဲ့မှဝယ်ချင်ကြပြီး အာယ်ပြီးလျှင်သူတို့ဘဲကိုယ်တိုင်ခေါ်လာတဲ့ရှေ့နေထပ် စောတကတက်ပြီး ရောင်းသူရှေ့မှာ ချက်ချင်း ဒီမြေကွက်မှငွေမချေရလျှင် မနက်ဖြန်အဲ့ပိုက်ဆံတွေဘဲဓါးမြတိုက်ခံရတော့မလို😅

ထားလိုက်ပါတော့ အကြံပေးချင်တာလေးကတော့ဒီလိုပါ

လင်မယားနှစ်ဦးပိုင်ပစ္စည်းတွေကိုဝယ်ယူတဲ့အခါမှာ ရောင်းသူသည် အိမ်ထောင်ရှိသလားဆိုတာ အရင်မေးမြန်းရမှာ ဖြစ်ပါတယ်

အိမ်ထောင်မရှိသူဆိုပါကရောင်းသူနေရာတွင်၎င်းတစ်ဦးတည်းလက်မှတ်ရေးထိုးလျှင်စိတ်ချရပါပြီ
ရှင်

အိမ်ထောင်ရှိသူဆိုပါကလင်နှင့်မယားနှစ်ဦးစလုံးအရောင်းအဝယ်စာချုပ်တွင် လက်မှတ်ရေးထိုးရခြင်းကို အထူးသတိပြုရမှာဖြစ်ပါတယ်ရှင့်

လင်အမည်တစ်ခုတည်းဖြစ်ဝယ်ဝယ် သို့မဟုတ် မယားအမည်တစ်ခုတည်းဖြစ်ဝယ်ဝယ်
လင်မယားနှစ်ဦးစလုံးပိုင်ဆိုင်ပါသည်။

လင်းမယားနှစ်ဦးပိုင်ပစ္စည်းအား
ဝယ်ယူခဲ့ပါက

တစ်ဦးက ရောင်းချသွားသည့်ပစ္စည်းကို
ကျန်တစ်ဦးက မသိ၍ သို့တည်းမဟုတ် သဘောမတူပါလျှက် အရောင်းအဝယ်အထမြောက်ခဲ့ပါက
နောင်တစ်ချိန်တွင်
ဝယ်ယူသူအားတရားစွဲဆိုနိုင်ပါသည်။
စီရင်ထုံးများလည်းရှိပါသည်။

မိမိကတော့ဒီနေ့
ရောင်းသူကယောကျ်ား အိမ်ထောင်နဲ့ပါဆိုတာကို
မိန်းမကခရီးသွားလို့လက်မှတ်ထိုးဖို့အစဉ်မပြေဘူးပြောနေပါလျှက် မိမိဧည့်သည်ကအတင်းဇွတ်တွေ
စရံချမယ်ဆိုလို့
Body ပြပြီးဟိန်းလိုက်ဟောက်လိုက်ရသေးတယ်😂

19/04/2022

Home Loan နဲ့ အိမ်၀ယ်မယ်ဆိုရင် ဥပဒေ နှင့်အညီ ဝန်ဆောင်မှုပေးပါတယ်နော်

Home Loan နဲ့ အိမ်၀ယ်မည်ဆိုလျှင်

ဥပမာ
တိုက်ခန်း ၀ယ်မယ်ဆိုပါစို့ ၀ယ်တော့မယ်ဆို ကိုယ်၀ယ်မယ့် တိုက်ခန်းပိုင်ရှင်ကလည်း Home Loan ကျဖို့ အချိန်ကို စောင့်ပေးသူ လက်ခံသူဖြစ်ရပါမယ်​ေနာ်
ဒါကအရေးအကြီးဆုံးအချက်ပါ။ (ချေးငွေကျဖို့ ရက်ပေါင်း 30 သို့မဟုတ်45ရက်ကြာပါတယ်။)

တိုက်ခန်း၀ယ်ရင်တော့ ဆောက်ပြီး BCCကျပီး မီတာကျပြီးအခန်းအသစ်ကို ၀ယ်တာပိုကောင်းပါတယ်။ တိုက ်မပြီးသေးလည်းရပါတယ်နော်

ကိုယ်က အရင်ဆုံး အဆောက်အဦးစျေးရဲ့ 30%အပြင်အပိုအလျှံ 5သိန်း6သိန်းလောက်ဆောင်ထားရပါမယ်​ေနာ်။

ဥပမာ ၀ယ်မယ့်တိုက်ခန်က သိန်း ၃၀၀ ဆိုပါစို့။ 30% downpayment သိန်း (၉၀)ရှိမှရပါမယ်​ေနာ်။

ဲပြီးတာနဲ့ ရောင်းသူနဲ့ဝယ်သူ ညှိနှိုင်းပြီးတော့နှစ်ဦးနှစ်ဖက်အစဥ်ပြေတဲ့amount အတိုင်းအတာလေးစရန်ချလို့ရပါပြီရှင့်

စာရွက်စာတမ်းစုံပြီဆိုရင် စောင့်နေရုံပါပဲနော်

Home Loan လျှောက်သူဘက်က လိုအပ်တဲ့စာရွက်စာတမ်းများကတော့

ချေးငွေလျှောက်သူ

၁။ မှတ်ပုံတင်မိတ္တူ

၂။သန်ခေါင်းစာရင်းမိတ္တူ

၄။အလုပ်လုပ်ကြောင်းထောက်ခံစာ(လစာ/လုပ်သက်ပါအပါအ၀င်)

၅။ရဲစခန်းထောက်ခံစာ

၆။ရပ်ကွက်ထောက်ခံစာ

ထောက်ခံသူတစ်ယောက်လိုပါတယ်။ ထောက်ခံသူဟာ ကိုယ့်မိသားစုမောင်နှမသူငယ်ချင်းအကုန်ရပါတယ်နော်

ရောင်းသူဘက်က စာရွက်စာတမ်းအပြည့်အစုံရှိရပါမယ်နော်

ချေးငွေကျခါနီးဆိုရင် ဘဏ်ကဖုန်းဆက ်မယ် တိုက်ခန်းကို အာမခံထားရမယ်ဆိုတဲ့အကြောင်းပါ။ မီးအားမခံ တစ်နှစ်စာ တစ်သိန်း၀န်းကျင်သွင်းရပါမယ်​ေနာ်။

General Power လွှဲရမယ်။ နောက်ပြီးသုံးလေးရက်ဆိုရင် ချေးငွကျကြောင်းဖုန်းလာမယ်။ ရောင်းသူစီက စရန် ငွေကို ပြန်ယူမယ် သိန်း90ကို ဘဏ်ကိုသွင်းမယ် ဘဏ်က ရောင်းသူကို အဲ့သည်နေ့ပဲ သိန်း ၃၀၀ ပေးလိုက်လိမ့်မယ်။

အဲ့ဒါပြီးတာနဲ့ အိမ်ပေါ်တက်နေလို့ရပါပြီနော်

၀ယ်သူရမှာက တိုက်ခန်းနဲ့ပတ်သက်တဲ့စာရွက်စာတမ်း ဘဏ်ကပေးတဲ့ စာရွက်စာတမ်းအပြင် အရောင်းအ၀ယ်စာချုပ်မိတ္တူပါ။

ချေးငွေက ၁၅နှစ်ထိယူလို့ရတယ်။ ကိုယ်သွင်းနိုင်သလောက် နှစ်ကိုယူလို့ရပါတယ်နော် နှစ်များများယူရင်​ေတာ ့အတိုးများများပေးရပါတယ်နော်
အတိုးနှုန်းတွေကတော့တစ်နှစ်လုံးကို 10%(or)13%ထိရှိပါတယ်နော်

၃၀၀တန်တိုက်ခန်းလေး၀ယ်မယ်ဆိုရင် အတိုးအရင်းပေါင်းသွင်းမှ လစဉ် အိမ်ငှားခသာသာလောက်လေးပဲသွင်း​​ ပေးရတာပါနော်

ကျေးဇူးတင်ပါတယ်ရှင့်

အားလုံး ဘဏ်နဲ့ချိတ်ဝယ်လို့ရပါတယ်
လို့ ပုံ သေမတွက်လိုက်ပါနဲ့နော်

မြေနှင့်အိမ် ဆိုလျှင်တော့ ဂရန်အမည်ပေါက်တဲ့ ပိုင်ဆိုင်မှုခိုင်မာတဲ့အကွက်တွေပဲဝယ်လို့ရတယ်ရှင့်

ဘဏ်ကတောင်းဆိုတဲ့စာရွက်စာတမ်းတွေပြည့်စုံမှန်ကန်မှုရှိရပါမယ်နော်
စာရွက်စာတမ်းပြည့်စုံရုံတင်မကရောင်းသူဘက်ကလည်း ကိုယ်ရဲ့ပိုင်ဆိုင်မှုနဲ့ပက်သတ်ပြီးမူရင်းအစစ်အမှန်တွေထုတ်ပြဖို့လိုပါသေးတယ်နော် ဘဏ်ကမိတ္တူနဲ့တိုက်စစ်ဦးမှာပါမူရင်းပြနိုင်မပြနိုင် စုံစမ်း ပြီးမှ ဝယ်တာကောင်းပါတယ်ရှင့်
အချိန်ကုန်လူပင်ပန်းမဖြစ်ရအောင်ပါ

ဘဏ်တခုနှင့်တခု အိမ်ရာဖြတ်တန်ဖိုးဖြတ်သတ်မှတ်ပုံ /ဝန်ဆောင်ခ/အတိုး/စာရွက်စာတမ်းလိုအပ်ချက်/စိစစ်ပုံ/မှတ်တမ်းထားရှိပုံမတူပါဘူးနော် ဘဏ်ကချေးငွေစိုက်ထုတ်ပေးရုံမျှသာဖြစ်ပါတယ်တစုံတရာလိုအပ်ချက်မပြည့်စုံလို့ဘဏ်ကချေးငွေခွင့်မပြုရင် ဝယ်သူဘက ်မှစရံဆုံးရှုံးရတတ်ပါတယ်နော်

18/04/2022

ဒီနေ့ကတော့ ကိုယ်တိုင်လည်း ဥပဒေနှင့်အညီဝန်ဆောင်မှုပေးနေတဲ့ GP နှင့် SP ကွဲပြားခြားနားတဲ့​အကြောင်းကို သိရအောင် ဖော်ပြပေးပါမယ်နော်

ယခုလက်ရှိမှာကိုယ်တိုင်လည်းကြုံတွေ့နေရပါတယ် အိမ်ခြံမြေတွေကိုအရောင်းဝယ်လုပ်တဲ့အခါမှာ တစ်ချို့နားမလည်တဲ့ အကျိုးဆောင်တနည်းပြောရရင် ပွဲခရ ပြီးရောဆိုတဲ့ မတောက်တခေါက်ပွဲစားလေးတွေပေါ့

တစ်ချို့( ပွဲစားကြီးတွေကတော့တော်ပါတယ် ကိုယ်တွေတောင်ပြန်အားကိုးရလောက်တဲ့ထိတော်တဲ့ပွဲစားကြီးတွေလည်းရှိပါတယ်)

အရောင်းအဝယ်လုပ်တဲ့မသိနားမလည်တဲ့ရောင်းသူနဲ့ဝယ်သူကြားမှာ အလွယ်တကူပဲ အိမ်လေးတစ်လုံးရောင်းတာ GP. ပေးခိုင်း ​တာတွေ​​ ့နေရပါတယ် တကယ်သူတို့ကို GP
SP အကြောင်းဘယ်လောက်သိလည်းမေးလိုက်တော့
ကျွန်တော်တို့အရပ်ထဲတော့ အရောင်းအဝယ်ဒီလိုပဲပေးလိုက်တာပါဘဲတဲ့ ကောင်းရော

GP ( General Power )
အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွှဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

SP ( Special Power )
အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။

SP ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပါတယ်

* မြေကွက်တစ်ခု၏ SP ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် SP ပေးလို့မရပါ *

SP ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး

လယ်မြေ နှင့် ဥယျာဥ်​ြခံ​ေ​ြမ​တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက SP ပေးလို့ရပါတယ်

SP ပေးလို့မ​ရ​ေသာ​​​​​ မြေများ​မှာ စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ

SP (သို့) GP ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။

GP / SP တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာဖော်ပြ၍ လက ်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

18/04/2022

သကြ ်န်ပြီးပြီဆိုတော့အလုပ်လေးတွေပြန်စလုပ်ပါတော့မယ်

27/03/2022

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ်မြေဝယ်ယူခြင်း

''အိမ်ဆောက်နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့မြေပါဆိုပြီး ဖယ်ပေးဖို့ နို့တစ်ပို့့တယ်ဆရာ၊ အဲဒါ ဘာဖြစ် လာနိုင်ပါသလဲ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးလာပါသည်။
''အကြောင်းကြားစာအရတော့ သူ့အမည်ပေါက် ပါမစ်မြေလို့ဆိုထားပါလား''
''ဟုတ်တယ်ဆရာ''
''ခင်ဗျားတို့ ဝယ်စဉ်က စာရွက်စာတမ်းတွေ သေချာမစိစစ်ခဲ့ဘူးနဲ့ တူတယ်''
''တကယ်တော့ ကျွန်တော်တို့ကလည်း တစ်ဆင့်ဝယ်တဲ့ အိမ်ဖြစ်တယ်''
''ကဲ-ဖြစ်စဉ်လေး ပြောပြပါဦး''
''ကျွန်တော်ဝယ်စဉ်က ခြံစည်း ရိုးက တစ်ခြမ်းပဲ ကာရံထားတယ်။ ဒါပေမယ့် အိမ်သေးသေးတစ်လုံးရှိ တယ်။ မီးရှိတယ်။ ရေကတော့ လက် တုန်ကင်လုပ်ပေးထားတယ်။ ဒါနဲ့ အဆင်ပြေတယ်ဆိုပြီး ဝယ်ဖြစ်သွားတာပဲ''
''ဘေးပတ်ဝန်းကျင်မှာ အိမ်တွေရှိသလား''
''ညာဘက်ခြမ်းမှာတော့ အိမ်ရှိတယ်။ လူတွေလည်းနေကြတယ်။ ဘယ်ဘက်ခြမ်းမှာတော့ မြေကွက်လပ်အနေနဲ့ရှိတယ်။ အခုတော့ အိမ် တွေနဲ့ စည်ကားနေပါပြီ''
''အခုမှလာပြီး သူ့မြေကွက်ပါ။ ဖယ်ပေးပါဆိုပြီး နို့တစ်ပေးတာမ ဟုတ်လား။ ဒါကလည်း မကြာမကြာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပဲ''
''အိမ်ဆောက်တုန်းကလည်း ဘယ်သူမှ မကန့်ကွက်ခဲ့ဘဲနဲ့ အခုမှ လာပြီးသူ့မြေပါဆိုလို့ ဥပဒေကခွင့်ပြုပါသလား''
''လောလောဆယ် စိတ်ကို တည် တည်ငြိမ်ငြိမ်ထားပြီး ကျွန်တော်မေး တာလေးဖြေပေးပါ''ဟု စာရေးသူက မိတ်ဆွေဖြစ်သူကို အေးဆေးစွာပြောလိုက်ပါသည်။
''ရုတ်တရက် စာရောက်လာတော့ စိတ်ထဲမှာ အတော်ရှုပ်သွားတယ်''
''မှန်ပါတယ်။ ကျွန်တော် ခံစား မိပါတယ်။ အခုဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ဘာစာရွက်စာတမ်း အထောက်အထားရှိပါသလဲ။ မြေဂရန် စာချုပ်ရှိသလား''
''ဂရန်တော့ မလျှောက်ရသေး ဘူးဗျာ။ သူတို့က ဒီမြေချပါမစ်ပြ တယ်။ ပြီးတော့ သူတို့ အဆင့်ဆင့် လက်လွှဲဝယ်ထားတဲ့ စာချုပ်နှစ်ခုပေး တယ်''ဟုဆိုပြီး စာရေးသူအား အရပ်စာချုပ်နှစ်ခုကို ပြသပါသည်။
''ဒီအရပ်စာချုပ်တွေကတော့ အထောက်အထားတစ်ခုအဖြစ် တင် ပြနိုင်တာပေါ့လေ။ အဓိကအချက်က အဲဒီမြေကွက်ရဲ့ ပါမစ်စာချုပ်ပါတယ် မဟုတ်လား။ သူငယ်ချင်းပြတဲ့ အခုဒီပါမစ်စာချုပ်က မိသားစုဓာတ်ပုံလည်း မပါလာပါလား''
''ဟုတ်တယ်။ ကိုယ်ဝယ်စဉ်က အမည်ပေါက် တိုက်ရိုက်မဟုတ်တော့ သူပေးတာပဲယူထားလိုက်တာ''
''အင်း-လွယ်လွယ်ကူကူလုပ် တော့လည်း အမှားပါတတ်တယ် သူ ငယ်ချင်း။ ကိုယ့်အမြင်တော့ ဒီပါမစ်စာချုပ်က အတုဖြစ်မယ်ထင်တယ်။ မြေစာရင်းဌာနကို သွားမစုံစမ်းဘူးလား''
''အခုသွားစုံစမ်းတော့ နို့တစ် ပေးတဲ့ သူရဲ့ အမည်ပေါက်လို့ သိရတယ်။ ဒါကြောင့် အတော်ထိတ်လန့် သွားတာသူငယ်ချင်း''
''မိမိထံရောင်းသွားတဲ့ သူကိုဆက်သွယ်လို့ရသေးလား''
''၉ နှစ် ၁ဝ နှစ်လောက်ရှိပြီဆို တော့ လိပ်စာလည်း မသိတော့ဘူး။ ရောင်းစဉ်က အခုအိမ်လိပ်စာနဲ့ ရောင်းသွားတာဆိုတော့ ဘယ်ဆက် သွယ်ရမှန်းမသိတော့ဘူး''
''ဟုတ်ပြီလေ၊ ဥပဒေအရ ကျွန် တော်တို့ စဉ်းစားကြည့်တာပေါ့။ ပြီး တာတွေတော့ ပြီးခဲ့ပြီ။ အိမ်လည်း ဆောက်နေခဲ့ပြီ။ ဒီတော့ လက်ဝယ် ရှိနေပြီဆိုတဲ့အတွက် နည်းနည်းတော့အခွင့်အရေးရှိပါသေးတယ်''
''အချို့ကပြောတော့ ကျွန်တော် တို့က မူလပိုင်ရှင်ရှိမှန်းမသိလို့ ဝယ် မိတာဆိုရင် ဆင်းပေးရန် တာဝန်မရှိဘူးဆိုတာ ဟုတ်ပါသလား''
''အိမ်ကတော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်ထားတဲ့အတွက် မိမိပိုင်အိမ် လို့ ပြောပိုင်ခွင့်ရှိပေမယ့် မြေက ပိုင် ရှင်အစစ်ထံက ဝယ်ယူခဲ့ခြင်းမဟုတ် လို့ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး''
''တကယ်လို့ တရားစွဲဆိုလာရင် ဖယ်ပေးရမှာလား''
''ဒါနဲ့ ပတ်သက်လို့ ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်ခင်လှမူနှင့် ဒေါ်စိန်စိန် ၂ဝဝ၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင် ထုံး စာမျက်နှာ -၁ဝ၅ အမှုမှာ ပိုင် ရှင်လက်ရှိ ဝင်ရောက်နေထိုင်ခြင်းမရှိ သေးမီ အခြားသူဝင်ရောက်၍ အိမ် ဆောက်နေထိုင်ခြင်းသည် ကျူးကျော် နေထိုင်ခြင်းဖြစ်သည်။ မြေပိုင်ရှင်က မြေကွက်ကို စွန့်လွှတ်သည်ဟု မဆို နိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မြေကွက်ပိုင်ရှင်က အဆို ပါ မြေကွက်ကို စွန့်လွှတ်ထားကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်''
''အိမ်က ဆောက်လုပ်ထားတဲ့ အတွက် အမှုရှုံးရင် အိမ်တန်ဖိုးရနိုင် ပါသလား''
''ဒါကတော့ တရားရုံးရဲ့ ဆုံး ဖြတ်ချက်ပေါ်မှာ မူတည်မှာဖြစ်ပါ တယ်။ အမှုဖြစ်စဉ်က မတူညီတဲ့အ တွက် တစ်ထစ်ချတော့ မပြောနိုင်ဘူး သူငယ်ချင်း၊ ဒါပေမယ့် သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူအပေါ်မှာတော့ လျော်ကြေးတောင်းပိုင်ခွင့်ရှိမှာဖြစ်ပါ တယ်''
''သူက လိပ်စာရှာမတွေ့ဖြစ်နေတော့ အဆင်မပြေဘူး''
''ဒါကတော့ ကြိုးစားရှာရမယ်။ မဖြစ်ရင် တရားစွဲဆိုရမယ် သူငယ်ချင်း''
''မဖြစ်တော့ဘူးဆိုရင်တော့ ပွဲစားလုပ်ပေးတဲ့ သူကတစ်ဆင့်ရှာရမှာပဲ''
''သူငယ်ချင်းရဲ့ အရောင်းအ ဝယ် ကတိစာချုပ်မှာ အရှုပ်အရှင်း ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြေလည်သည်အထိ ဆောင်ရွက်ပေးပါမည်။ ပြေလည်ခြင်းမရှိပါက ဝယ်သူကို နစ်နာမှုမရှိစေရန် ပေးလျော်မည်လို့ ဖော်ပြထားတဲ့အတွက် တရားစွဲဆို တောင်းပိုင်ခွင့်ရှိပါတယ်''
''အခုကိစ္စက အရောင်းအဝယ် ထပ်တဲ့ သဘောမဟုတ်ဘူးလား''
''အရောင်းအဝယ်ထပ်တယ်ဆို တာက ပစ္စည်းပိုင်ရှင်က ၎င်းပိုင်မြေ နဲ့ အိမ်တို့ကို တစ်ဦးထံ ရောင်းချ လိုက်မယ်။ ဝယ်သူက ဝင်မနေဘဲ ကာလအကြာမှာ အိမ်မြေပိုင်ရှင်က အခြားတစ်ဦးကို ထပ်ရောင်းတာမျိုး ဖြစ်တယ်''
''ပိုင်ရှင်တစ်ဦးတည်းက နှစ်ခါ ရောင်းတဲ့ သဘောပေါ့''
''ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ လည်း လက်မဲ့ဖြစ်သူက ရောင်းသူ အပေါ် ဝယ်ဈေးအပြင်နစ်နာကြေးပါ ရထိုက်တယ်လို့ တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဦးအဘူနှင့် ဒေါ်ကမာလ် ဇံပါ (၄)၊ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ - ၁၁၈ အမှုမှာဆုံးဖြတ်ထားပါတယ်။ ဒါ ကြောင့် ဥပဒေနဲ့အညီ နစ်နာကြေး ရပိုင်ခွင့်ရှိပါတယ်''
''ယုံလွယ်ရင် အမှားဖြစ်တတ် တယ်ဆိုတာ သဘောပေါက်သွားပြီ။ အမှန်တော့ ဝယ်စဉ်ကတည်းက စာရွက်စာတမ်း မှန်မမှန်သေချာလေ့လာရမှာ''
''မှန်ပါတယ်။ အိမ် ခြံ မြေဆို တာက အမျိုးမျိုးရှိတယ်။ ဥယျာဉ်ခြံ မြေ၊ ပါမစ်မြေ၊ ဂရန်မြေ၊ လယ်ယာ မြေ စသဖြင့် ရှုပ်ထွေးတယ်။ ဒီအ ပေါ်မှာ အခွင့်အရေးယူပြီး အမြတ်ထုတ်တဲ့ သူတွေလည်း ရှိကြတယ်။ ဒါကြောင့် ဘယ်သူမဆို အိမ်မြေဝယ်မယ်ဆိုရင် နားလည်တတ်ကျွမ်းသူ တွေနဲ့ သေချာလေ့လာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)ါ

26/03/2022

ကူးယူ​ေဖ​ာ်​ပြပါတယ်

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ
- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ
ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ
လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ
- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်
တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်)
- မြေ ရှင်လက်မှတ်
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

Address

အမှတ်198/ခ၊ 7ရပ်ကွက်၊ တိမ်ကြားမင်းခေါင်လမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း
Yangon

Telephone

+959421035075

Website

Alerts

Be the first to know and let us send you an email when PYAE SONE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PYAE SONE:

Share

Category