FANCY India food&snack

FANCY India food&snack Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FANCY India food&snack, Real Estate, Yangon.

24/05/2026
19/01/2026

ခင်ဗျား အထီးကျန်နေတာ "ပေါင်းသင်းဆက်ဆံရေး" ညံ့လို့ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ "အမြင့်" (Altitude) က သာမာန်နဲ့မတူပဲ များနေလို့ပါ။ 🦅☁️

ကမ္ဘာကျော် စကားတစ်ခွန်း ရှိပါတယ်။
"Eagles don't fly with Pigeons." (လင်းယုန်တွေဟာ ခိုတွေနဲ့ အတူမပျံသန်းဘူး)
ဒီစကားက ရက်စက်တယ်လို့ ထင်ရပေမယ့်၊ ဒါဟာ ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုရဲ့ ပြင်းထန်တဲ့ အမှန်တရား (Brutal Truth) တစ်ခုပါပဲ။

🦅 လင်းယုန် (The Eagle)
လင်းယုန်ဆိုတာ တိမ်တိုက်တွေရဲ့ အထက်မှာ ပျံသန်းတယ်။
မုန်တိုင်းလာရင် ကြောက်လန့်မနေဘဲ မုန်တိုင်းလေကို စီးပြီး ပိုမြင့်တဲ့နေရာကို တက်လှမ်းတယ်။
သူ့မျက်လုံးက သားကောင် (ပန်းတိုင်) ကိုပဲ အာရုံစိုက်တယ်။

🕊️ ခို (The Pigeon)
ခိုဆိုတာ မြေပြင်နား ကပ်ပျံတယ်။
အုပ်စုဖွဲ့ပြီး "ဂူဂူ... ဂူဂူ" နဲ့ အမြဲတမ်း ဆူညံနေတတ်တယ်။ (အတင်းပြောမယ်၊ ညည်းတွားမယ်၊ အပြစ်တင်မယ်)။
သူတို့က အစာလိုက်ကောက်ဖို့ (Comfort Zone) ကိုပဲ စိတ်ဝင်စားတယ်။

⚠️ The Problem (ပြဿနာ)
လင်းယုန်တစ်ကောင်က ခိုတွေနဲ့ အတူပျံချင်ရင် ဘာလုပ်ရမလဲ?
သူ့ရဲ့ အမြင့် (Altitude) ကို လျှော့ချပြီး မြေပြင်နားကို ဆင်းရပါမယ်။
သူ့ရဲ့ အမြန်နှုန်း (Speed) ကို လျှော့ချရပါမယ်။
ဒါကြောင့် ခင်ဗျားရဲ့ ဘဝမှာ...
"ငါ ဒီလူတွေနဲ့ အဆင်ပြေအောင် နေမှဖြစ်မယ်" ဆိုပြီး ခင်ဗျားရဲ့ စံနှုန်း (Standard) တွေကို လျှော့ချနေမိသလား?
ခင်ဗျားရဲ့ ရည်မှန်းချက်ကြီးကြီးမားမားတွေကို သူတို့နားလည်အောင် ပြောပြရင်း မောပန်းနေသလား?

မှတ်ထားပါ။
"You cannot change the people around you, but you can change the people you choose to be around."
(ခင်ဗျားဘေးက လူတွေကို လိုက်ပြုပြင်လို့ မရပါဘူး။ ဒါပေမဲ့ ဘယ်သူ့ဘေးမှာ နေမလဲဆိုတာကိုတော့ ရွေးချယ်လို့ ရပါတယ်)။

💡 The Message
ခင်ဗျားက ကြီးမားတဲ့ ပန်းတိုင်တွေရှိတဲ့ "လင်းယုန်" တစ်ကောင်ဆိုရင်...
မြေပြင်မှာ အစာလိုက်ကောက်နေတဲ့ "ခို" တွေရဲ့ စကားကို နားမယောင်ပါနဲ့။
အထီးကျန်တာကို မကြောက်ပါနဲ့။ ကောင်းကင်အမြင့်ပိုင်းဆိုတာ လူရှင်းပါတယ်။
ခင်ဗျားနဲ့ တောင်ပံခတ်နှုန်း တူညီတဲ့၊ အမြင့်ချင်း တူညီတဲ့ လင်းယုန်အချင်းချင်းကိုပဲ ရှာဖွေပါ။

🚀 Where to find Eagles? (လင်းယုန်တွေ ဘယ်မှာ ဆုံကြလဲ?)
သာမန်စကားဝိုင်းတွေမှာ လင်းယုန်တွေ မရှိပါဘူး။
သူတို့က ကိုယ့်ကိုယ်ကိုယ် မြှင့်တင်မယ့်နေရာ (Growth Environment) တွေမှာပဲ ရှိပါတယ်။

Soe Lin Tun
Professional Hypnotist

26/07/2025

“ဒီပုံထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ? 🤔
သေချာစူးစမ်းကြည့်ပြီး ဖြေနိုင်တဲ့သူကတော့ ဆရာကြီးပဲဖြစ်နိုင်ပါတယ်။👨‍🏫🔍”👌👌👌

#ဉာဏ်စမ်းပုံ #မျက်စိလွှဲပုံ #စူးစမ်းသူများအတွက် #ဖြေနိုင်ရင်_ဆရာ

29/04/2025

🚨တန်ဖိုးကြီးတဲ့အသက်တွေ... ကာကွယ်ကြ/
စောင့်ရှောက်ကြပါ။
■■■■■■■■■■■■■■■■■■
💟Dr.Lamp-Lady

📣 ဒီလို အချိန် ရောက်လာပြီဆိုရင်ဖြင့် ->
ဒီလို စိုးရိမ်ပူပန် သတိပေးစကားတွေ ...
ရေးသားရတာ..အစဥ်အလာလို ဖြစ်နေငြား-
--------------------------------------
👉- အထူးအားဖြင့်- ယခုနှစ်မှာ- ယခုရက်သတ္တ
တပတ်အတွင်း ... ->

■💥"နေ" မှ -> ပြင်းထန်တဲ့ဆိုလာမီးတောက်များ
ကမ္ဘာမြေသို့- ထုတ်လွှတ်နိုင်ကြောင်း
နာဆာက ထုတ်ပြန်ထားပါတယ် - *

■"နေ့အပူချိန်များမှာ မနှစ်ကဧပြီလကုန်ပိုင်းထက်
ပိုမိုမြင့်ကာ တရိပ်ရိပ်မြင့်တက်နေရာ ...
အခုဧပြီလ(၂၆)ရက်နေ့မှ စတင်ပြီး..
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ ချင်းတွင်း
မြစ်ဝှမ်းဒေသများမှာ အပူချိန် ၄၂ ဒီဂရီအထိ
မြင့်တက်ဖွယ်ရှိနေတယ်လို့ သိရပါတယ် -။

💢အခုဧပြီ(၂၇)ရက်မှ- (၃၀)ရက်အတွင်း...
လက်ရှိအပူချိန်ထက်- (2-3)°C ပိုပူလာနိုင်
ကြောင်းနဲ့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း
လည်း ကြောက်ခမန်းလိလိ,မြင့်တက်နေ
ကြောင်း သိရှိရပါတယ်-။

📣 အသက်-ဥာဏ်စောင့်တာမို့ -
ဒါလေးများ... သတိထားပေးကြပါလို့ ->

● မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီအတွင်း..
အတတ်နိုင်ဆုံး- အပြင်မထွက်ပါနဲ့-။
လိုအပ်လို့-အပြင်ထွက်ရရင်လည်း...
အလွန်အေးတဲ့- Air con:ဖွင့်ထားတဲ့နေရာမှ-
ပူတဲ့​နေရာကို ရုတ်တရက်,ထွက်ခြင်း ရှောင်ပါ-။

● မဖြစ်မနေ- အပြင်ထွက်ရတဲ့အခါတိုင်း..

☆ ရေ ဝဝ,သောက်ပြီး ထွက်ပါ-

☆ ထီး၊ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ-

☆ တတ်နိုင်သမျှ- အရိပ်ရတဲ့နေရာမှ သွားပါ-

☆ အပူကိုအလွန်စုပ်ယူနိုင်တဲ့- အနက်/အနီရောင်
အဝတ်များနဲ့ တင်းကျပ်သော၊ပူသောအဝတ်များ
ဝတ်ခြင်းရှောင်ကြဥ်ပါ-

☆ အရောင်နုဖျော့သော- ချည်ထည်အဝတ်
ပွပွချောင်ချောင်သာ- ဝတ်ဆင်ပါ-

☆ ရေသောက်ဖို့ မမေ့ပါစေနဲ့နော်-

*[ရေသောက်ဖို့မေ့နေတတ်တာမို့- သတိထားပြီး၊
ရေ ခဏခဏ,သောက်ပါနော့်- ]*
ရေခဲရည်/အချိုရည်သောက်မယ့်အစား..
ပုံမှန်ရေသန့်သာ- သောက်ပါ-

☆ (အေးလွန်းခြင်း/ပူလွန်းခြင်းမဟုတ်သော-)
ပုံမှန်ရေသန့်- များများ,သောက်ပေးခြင်းဖြင့်-

* ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးရာမှာ-
အထောက်အကူဖြစ်စေတာကြောင့်-
ရေသောက်ဖို့မမေ့ကြပါနဲ့လို့.. ထပ်ခါထပ်ခါ,
အထူး,သတိပေးပါရစေ🥰

☆ ချွေးထွက်များရင် -> အုန်းစိမ်းရည်၊
ဓါတ်ဆားရည် သောက်ပေးသင့်ပါတယ် -

☆ အရက်သေစာသောက်စားခြင်းရှောင်ကြဥ်ပါ-

☆ မိမိနေထိုင်ရာနေရာမှာ -> အတတ်နိုင်ဆုံး,
အေးမြနေအောင်.. စီစဥ်ပြင်ဆင်ပါ-
ဥပမာ- (မိမိတို့အဆင်ပြေသလို..)
Air con: ,ပန်ကာ၊မီးပျက်တဲ့အခါ-ဆိုလာစံနစ်၊
ဘက်ထရီပန်ကာများ..စသဖြင့်စီစဥ်ထားရှိခြင်း၊
လေဝင်လေထွက်ကောင်းအောင်-
ပြတင်းပေါက်များ..ဖွင့်ထားခြင်း၊
ပတ်ဝန်းကျင်တခွင်တပြင်-ရေဖြန်းထားခြင်း၊
စိမ်းလန်းတဲ့-သစ်ပင်ပန်းပင်၊ပန်းအိုးများ
စိုက်ပျိုးထားရှိခြင်း...

● ဆီးချို၊သွေးတိုး၊နှလုံး၊ကျောက်ကပ်..စတဲ့
ရောဂါအခံရှိသူများ၊ အဝလွန်သူများ..နဲ့
သက်ကြီးရွယ်အိုများ၊ ကလေးငယ်များမှာ -
အပူဒဏ်ကြောင့် ပိုပြီးထိခိုက်နိုင်တာမို့-
အထူးဂရုစိုက်စေချင်ပါတယ် -။

● ကိုယ်ခန္ဓာအပူချိန်- အလွန်မြင့်တက်လာပြီး..
ခေါင်းမူးခေါင်းကိုက်၊ ပျို့ချင်အန်ချင်၊
အကြောတက်၊ မူးမေ့သတိလစ်..ဖြစ်လာတာနဲ့-
အပူရှပ်ခြင်း(Heat Stroke)အန္တရာယ်
အချက်ပေးသံမြည်လာတာမို့...အနီးဆုံးဆေးရုံ/
ဆေးခန်း၊ တတ်ကျွမ်းနားလည်တဲ့-ဆရာဝန်/
ဆရာမများထံ အမြန်ဆုံးပြသပြီး၊
စောင့်ရှောက်ကုသမှုခံယူသင့်ပါတယ်-။
အဲ့လိုလူနာများ...တွေ့ ခဲ့ပါကလည်း ->

*( တန်ဖိုးမဖြတ်နိုင်တဲ့-လူ့အသက်များ...
အလဟဿ,မဆုံးရှူံးရလေအောင်.. )
ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါလို့-
မေတ္တာရပ်ခံ တိုက်တွန်းပါရစေ-။


#ရွှေမိတ်သစ်

21/04/2025

💢“လူတွေ သတိမထားမိတဲ့ အန္တရာယ်ရှိတဲ့ #အိမ်မြှောင်ချေး အကြောင်း”💢

အိမ်မြှောင် ချေးတစ်ခုမှာဆိုရင် ထိပ်မှာကပ်လျက်ရှိနေတဲ့ အဖြူရောင်အစေ့လေးကို သိသိသာသာ မြင်ကြရမှာပါ။

အိမ်မြှောင် ချေးတုံးလေးကိုနှစ်ပိုင်းခွဲရင် အောက်ဘက်မည်းနေတဲ့အပိုင်းက မစင်ဖြစ်ပြီးတော့အပေါ်က အဖြူရောင် အစေ့လေးက ဆီးဖြစ်ပါတယ်။

လူအပါအဝင် တော်တော်များများသတ္တဝါတွေမှာ ဆီးကို အရည်အဖြစ်နဲ့သွားပေမယ့် အိမ်မြောင်တွေကတော့ အခဲပုံစံနဲ့သွားကြပါတယ်။

အဲ့သည်အဖြူရောင်လေးဟာ သူတို့ရဲ့ဆီးကထွက်တဲ့ ယူရစ်အက်ဆစ်တွေနဲ့ဖွဲ့စည်းထားတဲ့ Crystal လေးတစ်ခုပဲဖြစ်ပါတယ်။

မြွေတွေရဲ့ချေး ဖွဲ့စည်းပုံစနစ်ကလည်း အိမ်မြှောင်တွေနဲ့ဆင်တူ ပါတယ်။ အိမ်မြှောင်ရဲ့ ချေးက အန္တရာယ်ရှိလားဆိုရင်အင်မတန်အန္တရာယ်ရှိပါတယ်။ #ဆာမိုနဲလား လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ အလွန်များပြားစွာပါဝင်နေလေ့ ရှိပါတယ်။

အင်းဆက်တွေမှာ ရှိတတ်ကြတဲ့အခြားဘက်တီးရီးယားတွေလည်းပါဝင်နေပါသေးတယ်။ဒါကြောင့် အိမ်မြှောင်ချေးကိုင်မိပြီးသွားရင် ဆပ်ပြာနဲ့ လက်ကို သေချာစွာ ဆေးကြောဖို့လိုအပ်ပါတယ်။

အစားစားမိရင်မပါသွားအောင်ဂရုစိုက်ဖို့အရေးကြီးပါတယ်။

#ရွှေမိတ်သစ်

12/03/2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when FANCY India food&snack posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category