Sum41 Real Estate & Construction

Sum41 Real Estate & Construction Construction Solution

18/09/2024
မွေးရက် မွေးလ နေ့နံ အလိုက် အဆောင်ကျောက် များ အကြောင်း ----------------------------------------------------ဇန်နဝါရီ      ...
07/10/2022

မွေးရက် မွေးလ နေ့နံ အလိုက် အဆောင်ကျောက် များ အကြောင်း
----------------------------------------------------

ဇန်နဝါရီ - ဥဒေါင်(garnet)
ဖေဖော်ဝါရီ - ခရမ်းစွဲ(amethyst)
မတ် - မြပြာ(aquamarine)
ဧပြီ - စိန်(diamond)
မေ - မြ (emerald) ကျောက်စိမ်း (jade)
ဇွန် - ပုလဲ(pearl) မျော (moonstone)
ဇူလိုင် - ပတ္တမြား (ruby)
သြဂုတ် - ပြောင်ခေါင်းစိမ်း (peridot)
စက်တင်ဘာ - နီလာ (sapphire)
အောက်တိုဘာ - ရွဲ (opal)
November. - ထပ်တရာ (topaz)
ဒီဇင်ဘာ - ဂေါ်မိတ်(zircon)

~~~~~~~~~~~~~ ~~~~~~~~~~~~~~

Date of gemstons(နေ့အလိုက်အဆောင်ကျောက်)
---------- -------
တနင်္ဂနွေ - ပတ္တမြား
တနင်္လာ - ပုလဲ
အင်္ဂါ - သန္တာ
ဗုဒ္ဓဟူး - မြ
ကြာသပတေး - ဥဿဖရား
သောကြာ - စိန်
စေန - နီလာ
ရာဟု - ဂေါ်မိတ်

~~~~~~~~ ~~~~~~~~~~

နဝရတ်ကိုးပါး
----------------
" ပတ္တမြား ဘုန်းတောက်
မြကျောက် အေးချမ်း
စိန်စွမ်း ဂုဏ်ရောင်
ကြောင်ကား သိဒ္ဓိ
မဏိ နီလာ မေတ္တာလွန်စိတ်
ဂေါ်မိတ် စွမ်းအား
ဥဿဖရား ကျန်းမာ
သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ
ဆိပ်ပြေ မဟူရာ
မင်္ဂလာ ကျောက်စိမ်း

ကျောက်စိမ်းအကြောင်း သိကောင်းစရာ💚💚💚===============================..    ကျောက်စိမ်း ဟာ ကမ္ဘာပေါ် မှာ ၃ နေရာ ပဲ တွေ့ရပါတယ်...
04/10/2022

ကျောက်စိမ်းအကြောင်း သိကောင်းစရာ💚💚💚
===============================.. ကျောက်စိမ်း ဟာ
ကမ္ဘာပေါ် မှာ ၃ နေရာ ပဲ တွေ့ရပါတယ် ။
.. အမေရိကန် နိုင်ငံ က
တက္ကဆက်စ် ပြည်နယ် ၊
တရုတ် က ကွမ်ကျိုးပြည်နယ် ရယ် နဲ့
ကျွန်တော် တို့ မြန်မာ နိုင်ငံ က ကချင်ပြည်နယ် တို့မှာပါပဲ
(ကွမ်ကျိုး ဟာ မှားနေရင် ပြင်ပေးကြပါ)
မှတ်ချက် ။ ။ ခန္ဒီး ဒေသ အပါအဝင်။
ဒီ ၃ နေရာ မှာ ပဲ တူးဖော် တွေ့ရှိနိုင်ပါတယ် ။
.. ယနေ့ထိ ၊ ဒီ၃ နေရာ က လွဲ လို့
တခြား ဘယ်နေရာ မှာ မှ မတွေ့ရသေးပါဘူး ။
.. ဒီ၃နေရာ ထဲ မှာ မှ ၊
ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း ကို
မြန်မာ နိုင်ငံ မှာပဲ တူးဖော် ရရှိနိုင်ပါတယ် ။
.. ဆိုလိုချင်တာ က
ကျန် ၂ နေရာ က ထွက်တဲ့ ကျောက်စိမ်းဟာ မဖြစ်စလောက် အနည်းအကျဉ်းသာ ဖြစ်ပြီး ၊ အရည်အသွေး ကြ တော့ လည်း မြန်မာနိုင်ငံ ကို မမှီပါဘူး ။
.. ဒါကြောင့်မို့လည်း
မြန်မာ့ကျောက်စိမ်း ဟာ ကမ္ဘာမှာ နာမည် ကျော်ကြား နေရတာပါ ။
.. ကျောက်စိမ်း ကို
ဘယ်နေရာ တွေ မှာ သုံးသလဲ ဆိုရင်….
ပုတီး၊လက်ကောက် ၊ဆွဲပြား ၊ ဘုရားဆင်းတု ၊ ပန်းပု ထုခြင်း ၊ ကျောက်စိမ်းပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ် ။
.. ယနေ့
တိုးတက်လာတဲ့ ခေတ်ကြီး မှာတော့
ပိုက်ဆံ တတ်နိုင်သူများ ဟာ
ကျောက်စိမ်းကို ပါကေးပြား အရွယ်
ထုတ်လုပ် ပြီးနေအိမ်တွေ မှာ
ပါကေးတွေ ခင်းလာပါတယ် ။
.. ( ချမ်းသာကြွယ်ဝ မှုပေါ့)
အိမ်တွေ မှာ မီးဆိုင်းတွေ ကို
ကျောက်စိမ်း တွေ နဲ့ထုတ်လုပ်လာတယ် ။
.. ကားတွေ ထဲ က ဖင်ထိုင်ခုံ အောက်မှာ ကျောက်စိမ်းလုံးလေး တွေ ကို အခင်းသဖွယ် ယက်ပြီး ခင်းကြတယ် ။
.. ကျောက်စိမ်း ရဲ့သဘောသဘာဝ က အအေးဓါတ်ရှိပါတယ် ။
.. ရေနံသူဌေး နိုင်ငံတွေ ဖြစ်တဲ့ ၊
အာရပ် တွေ ဆီ မှာ ဆိုရင် ကျောက်စိမ်းကုတင် ၊ ကျောက်စိမ်း ထိုင်ခုံ စသည်ဖြင့် သုံးစွဲ ကြပါတယ် ။
. ကျွန်တော် သိခဲ့ ရတဲ့ ယမ်း ( crystal ) အကြောင်းလေး ရေးပြပါမယ် ။
.. သာမန်
လမ်းဘေး က ကျောက်တုံး တစ်တုံး နဲ ့ ကျောက်စိမ်း တုံး(အရိုင်းတုံး)နဲ့၊
ဘယ်လို ခွဲ ခြား မလဲ ဆိုရင်…
ဒီ ယမ်း ပါမပါ ကို ကြည့်ပြီး ခွဲ နိုင်ပါတယ် ။
.. ကျောက်စိမ်းတုံး အရိုင်းတုံး တွေ ကို နေရောင်အောက် မှာ
အနီးကပ် ကြည့်လိုက်မယ် ဆိုရင် ၊
လက်လက် လက်လက် နဲ ့လက်နေတဲ့
အမှုန် လေး တွေ ကို မြင်ရပါမယ်
(ဟင်းချိုမှုံလို အဖတ်လေးများ)
.. အနီးစပ်ဆုံး ဥပမာ ပေးရရင် ၊
စာရွက် အဖြူ တစ်ရွက်ပေါ်မှာ ဘောပင် နဲ့အစက်ကလေးတွေ ချလိုက်သလို ပါ ။ အစက်လေးတွေ ပါ ။ လက်နေပါတယ် ။

.. မှောင်တဲ့ နေရာမှာဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီး နဲ့ထိုးကြည့်ရင် မြင်ရမှာပါ ။

( ဒီနေရာ မှာ ပြောချင်တာ တစ်ခု က တော့ ၊ ရွှေတို့ငွေတို့အစရှိသဖြင့် အခြား သတ္တု များ ပါဝင်တဲ့ ကျောက်ရိုင်းတုံး မှာလည်း လက်လက် လက်လက် တောက်နေပေမယ့် ၊
ကျောက်စိမ်း နဲ့တော့ တခြား စီပါ ။
ရွှေ တို့ငွေ တို့မှာ လက်လက် လက်လက် က သူ့အရောင် အလိုက် တောက်ပါတယ် ။ )
.. အဲဒီ လက်လက် လက်လက် လေးတွေ ကို
ယမ်း လို့ခေါ်ပါတယ် ။
ကျောက်စိမ်းအရိုင်းတုံး ကို ယမ်းပါဝင်မှု ၊
ယင်း ပါရှိမှု ပုံစံ ကို ကြည့်ပြီး ကျောက်စိမ်းအရိုင်းတုံး ကို
အခုလို ခွဲခြား လို့ရပါတယ် ။
.. ယမ်းချောရင်
အတွင်းက ကျောက်စိမ်းသား ချောပါမယ် ။
( ဆိုလိုချင်တာ ယမ်း က မှုန်မှုန်လေး တွေ နဲ့စုနေတာပါ )
ယမ်းကြမ်း ရင် အတွင်းက အသားကြမ်းပါမယ် ။ ( လက်လက် လက်လက် ယမ်းတွေ ဟာ ကျဲနေတာပါ )
ယမ်းစိပ် ရင် ကျောက်သား တင်းပါမယ် ၊ ကျောက်သား ကောင်းပါမယ်
( လက်လက်လေးတွေ စုနေတာပေါ့ )

ယမ်းကျဲ ရင်တော့ ကျောက်သား မကောင်းပါဘူး ။ (ဒီလိုကျောက်မျိုး ကို ဝယ်ရောင်း မလုပ်သင့်ပါဘူး )
.. အဓိက ယမ်း (၃) မျိုး ရှိပါတယ်

ယမ်းလုံး ၊ ယမ်းရှည် နဲ့ယမ်းပြား ပါ
.. ယမ်းလုံး ဆိုတာ က
ကျောက်ရိုင်းတုံး ရဲ့အခွံ ၊ မျက်နှာပြင်မှာ လက်လက် လက်လက်လေး တွေ က ၊ သကြားပွင့် ဆားပွင့်လေးတွေ လို ဖြစ်နေတာပါ ။ အဲဒီ ကျောက်ဟာ အရည် ကောင်း ပါတယ် ။
.. ယမ်းရှည် ဆိုတာ က
ကျောက်ရဲ့မျက်နှာပြင် မှာ
အပ်ချောင်းလေးတွေ လို ၊
ဟင်းချိုမှုန်ရှည်ရှည်လေးတွေလို မြင်ရတာပါ ။ အဲဒါမျိုး တွေ ့ရရင်တော့ အဲဒီကျောက် ဟာ အသား ကောင်းပါတယ် ။
.. ယမ်းပြား ဆိုတာ ကတော့ လက်လက် လက်လက် လေးတွေ ဟာ အရမ်းကြီး အရွယ် ကြီးနေမယ် ။( ဆားပွင့် ၊ သကြားပွင့် အရွယ် ထက် ပိုမယ် ) ဒါဆိုရင် အရည်ရော အသားရော မကောင်းနိုင်ပါဘူး ။
.. ယမ်းပြား မှာ ကို ၃ မျိုး ထပ်ခွဲ နိုင်ပါတယ် ။

(၁)ယင်ထောင်ယမ်း

(၂)မာယားယမ်း

(၃)ခွေးရိုးထိုး ဆိုပြီး ပေါ့
.. ယင်ထောင်ယမ်း ဆိုတာ က
လက်လက် လက်လက် တောက်နေတဲ့ ယမ်းပေါ့ ။ ယင်ကောင် တစ်ကောင် အရွယ် ခန့်ရှိပါတယ် ။ သူပါရင် အရည်အသား မကောင်းဘူး ။ ဈေးအများကြီး မပေးသင့်ပါဘူး ။
.. မာယား ဆိုတာ က
ယင်ကောင် အရွယ်ထက် ပိုကြီးမယ် ။ ရှောင်ရပါမယ် ။
.. ခွေးရိုးထိုး ဆိုတာ က တော့
မာယား ထက် အရွယ်ပိုကြီးတယ် ။
သူ ့ကို တွေ့ရင် အဲဒီကျောက် ကို ရှောင်ရပါမယ် ။
.. ယမ်း ဆိုတဲ့ သဘာဝ ဟာ ၊
ကျောက်စိမ်း အရိုင်းတုံး ( မဖြတ်မှီ ) ရဲ ့အခွံ မှာ မြင်ရတဲ့ အတိုင်း ကျောက်သား အတွင်း မှာ ရှိတတ်ပါတယ် ။
.. ယမ်း ကို
ကျွမ်းကျင် ပိုင်နိုင် မယ် ဆိုရင် ၊
ကျောက် ကို မခွဲ မဖြတ် မှီ..
ပြင်ပ က ကြည့်ရုံ နဲ ့ပင် ၊
အထဲ က ကျောက်သား ကောင်းမကောင်း ဖောက်ထွင်း သိမြင် နိုင်မှာ ဖြစ်ပါတယ် ။
.. ကျောက်စိမ်းအရိုင်းတုံး
ဝယ်မယ်ဆိုလျှင်ကျောက်စိမ်း အခွံ အကြောင်း တွေ ကိုသိဖို့လိုအပ်ပါတယ် ။
.. ကျောက်စိမ်း အခွံ ဟာ
အဓိက အားဖြင့် ရေခွံ နဲ ့ကုန်းခွံ ဆိုပြီး (၂)မျိုး ရှိပါတယ် ။
.. အခွံ ရဲ ့အရောင်တွေ ပေါ်မှာ မူတည် ပြီး အသေးစိတ်ကို လည်း ရေးပါမယ် ။
.. ရေခွံ = ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင် များ မှ ထွက်ရှိတဲ့ ကျောက်ရဲ ့အခွံ ပါ ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ် ။ အရွယ်အစား အမျိုးမျိုး ရှိပါတယ် ။
ပြောင်ချော နေပါတယ် ။
.. ကုန်းခွံ = သူ ကတော့ တောင်တွေ ၊
မြေကြီးတွေ အောက် က တူးလို ့ရတဲ့ ကျောက်ရဲ ့အခွံ ပေါ့ ၊
(၁) မြေမှန် နဲ ့(၂)ကုဋေကျောက် ဆိုပြီး ကွဲပါတယ် ။

(၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ် ။
အခွံ အမျိုးမျိုး ရှိပါတယ် ။

(၂) ကုဋေကျောက် = ကျောက်ရဲ ့အခွံ က
အခွံ မဲ ဖြစ်ပါတယ် ။ ချော်ကပ်နေတတ်ပါတယ် ။ ချော်ကပ်တယ် ဆိုတာ ၊ ကပ်တရာစေး ကပ်နေသလို ၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေ ပါတာ ကို ချော်ကပ် တယ် လို ့ခေါ်တာပါ ။ မော်ဝမ်းလေး ၊ မော်ဝမ်းကြီး ၊ မော်မောင်းကုန်း တို ့မှ အဓိက ထွက်ပါတယ် ။
.. အခွံ များ မှာ
.. သံချေးခွံ = သံထည် ပစ္စည်း များ သံချေး တက်နေတဲ့ ပုံသဏ္ဌာန် မျိုး ဖြစ်နေတာပါ ။
ဒီလို အခွံ ရှိရင် ကျောက် က မျိုးရင့်တတ်ပါတယ် ။ အခွံ ကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ် တယ်လို ့သိရပါတယ် ။
.. ဝါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်း နဲ ့တူပါတယ် ။ ကျောက်မျိုး ကောင်းတတ်ပါတယ် ။
.. သစ်တော်ခွံ (ခ) အာလူးခွံ = သစ်တော်သီး ခွံ အရောင် သို ့အာလူးသီး အခွံ အရောင်ပါ ၊ သူလည်း မျိုးကောင်းတတ်ပါတယ် ။
.. အင်္ဂတေခွံ = နာမည် အတိုင်း
အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သား ပျက်တတ်ပါတယ် ။ မျိုးမကောင်းတတ်ပါ ။
.. ဖွဲနုခွံ = စပါးခွံ ဖွဲ အရောင်မျိုး ဖြစ်ပါတယ် ၊ အခွံက နုပါတယ် ။ အခွံ ကို လက်ချောင်းထိပ်လေး တွေ နဲ ့ပွတ်ကြည့် ရင် နုပါတယ် ။
.. ( ဒီနေ ရာ မှာ ဝါးဖတ်ခွံ ၊
ဖွဲနုခွံ နဲ ့ဆက် လာမယ့် ဖွဲလတ်ခွံ ၊ ဖွဲကြမ်းခွံ ၊ မုံထုခွံ တို ့ရဲ ့အရောင်တွေ ဟာ ၊ စာထဲ မှာ အရ တူညီ နိုင်တာ ကို ဖတ်ရနိုင်ပါတယ် ။ ဒါပေမယ့် အပြင် မှာ တစ်ကယ်လက်တွေ ့ကျောက်ကို မျက်မြင် ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး ၊ အခွံ ရဲ ့မျက်နှာပြင် ကို လက်ချောင်းလေး တွေ နဲ ့ပွတ်သပ် စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် )
.. ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင် ပါပဲ ။
အခွံ ကို စမ်းကြည့်ရင် အခွံ က ကြမ်းပါတယ် ။
.. ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ ။
.. ဒီ ဖွဲနု ၊ ဖွဲလတ် ၊ ဖွဲကြမ်း
သုံးမျိုး လို ့ပြောပေမယ့် ၊ အရောင် က အတူတူပါပဲ ၊ အခွံကို လက်ချောင်းလေးတွေ နဲ ့ပွတ်သပ် စမ်းမှ ကွဲသွားတာပါ ။ ဒီ ၃ မျိုး လုံး ဟာ မျိုးရင် ့ရင် ကျောက် အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ် ။ မျိုးနု လျှင်တော့ အသားမရ တတ်ပါ ။
.. ဖယောင်းခွံ = ဖယောင်းရည်
သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ် ။
.. မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ် ။ မျိုးကောင်းတတ်ပါတယ် ။
.. မုံထု ခွံကြွေ = လက်နဲ ့ကိုင်ကြည့် လိုက် ရင်
အခွံ အစအန လေး တွေ ပါလာမယ် ။ မျိုးကောင်းတတ်ပါတယ် ။
.. ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ် ။
.. ခွံထူ = အခွံ မှာ သိသိသာသာ ထူနေတတ်ပါတယ် ။ အရည်အသား ကောင်းမကောင်း နဲ ့တော့ မသက်ဆိုင်ပါ ။
.. ခွံကျစ် = အခွံ မှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ် ။ အသား ပျက်တတ်ပါတယ် ။
.. ခွံပျက် = ကျောက် တစ်တုံးထဲ ရဲ ့
တစ်နေရာ မှာ အခွံ တစ်မျိုး ၊ အခြား နေရာ မှာ အခွံ တစ်မျိုး ဖြစ်တာကို ခွံပျက် လို ့ခေါ်ပါတယ် ။ အသားပျက်တတ်ပါတယ် ။
.. ဒါကတော့
အခွံ များရဲ ့သဘော သဘာဝ အကြောင်းပါ ။
.. ရေမဆေး ကျောက် ဆိုတာ မျိုး ကို ဝယ်တော့မယ် ဆိုရင် ၊ သူ ့ရဲ ့အခွံလေး ကို နဲနဲပွတ်တိုက်ကြည့် ၊ ပွတ်သပ်ကြည့်ပြီး မှ သေချာ လေ့လာ ဝယ်ယူရပါတယ် ။


#ကျောက်စိမ်းတွင်ပါဝင်သောအပြစ်အနာများ

၁။ ရှင်းမည်း၊ ရှင်းနက် - အခွံပေါ်တွင်အမည်းစက်များရှိသည် ။ထိုအမည်းစက်များ
သည်အခွံ့ပေါ်ကအတိုင်း ကျောက်သားတွင်းတွင် တည်ရှိနေသည်။
ဖျက်အားကောင်းသည်။

၂။ ရှင်းစိမ်း - ချကြည့်လျှင်မည်းနေပြီး နေရောင်တွင် ကာဖျင်ဖြင့်ကြည့်လျှင်စိမ်း
နေသည်။ သိပ်မဆိုးသေးပါ

၃။ စိုက်ရှင်း - အခွံ့ပေါ်မှရှင်းမဲသည် ကျောက်သားတွင်းသို့စိုက်ဝင်နေသည်။
ဖျက်အားကောင်းသည်။

၄။ ကပ်ရှင်း - ကျောက်စိမ်းတုံး၏ အခွံ့ပေါ်မှာသာရှိသည်။ အတွင်းသို့မဝင်ပါ
သိပ်မဆိုးရိမ်ရ။

၅။ အက်ကြောင်း - အခွံ့ပေါ်တွင် ရှိသကဲ့သို့ ကျောက်သားအတွင်းသို့ဝင်နိုင်သည်
အရည်/ အသားကို ဖျက်သည်။

၆။ မြင်းမြှီးရိုက် - ကမ္ဘာ့မြေပုံကဲ့သို့ ကျောက်စိမ်းတစ်တုံးလုံး အနာများ ရှုပ်ယှက်ခတ်
နေသည်။ သတိထားရှောင်ရမည်။

၇။ ရှိုနာ - သဘာဝအတိုင်း အက်ကွဲနေသောအနာကြီးဖြစ်သည်။
သိပ်မဆိုးရိမ်ရပါ

၈။ ရို့နာ - ဖြတ်သားတွင် အပ်ချည်မျှင် အပိုင်းအစကဲ့သို့ အက်ရာအနာ အသေး
လေးများ ဖြစ်ပေါ်နေသည် ။ အရည် အသားကောင်းသော်လည်း သွေးလျှင်
အရောင်မတက်ပါ။

၉။ ယင်ထောင် - လချေးပြား ကပ်ထားသကဲ့သို့ အခွံ့ပေါ်တွင် ယမ်းပြားငယ်များ
ကပ်နေသည်။ အရည်/ အသားကို ဖျက်သည်

၁၀။ မာယား - ယင်ထောင်ထက်ကြီးသည်။ ပိုဆိုးသည်။

၁၁။ ခွေးရိုးထိုး - မာယားယမ်းထက်ကြီးသည်။ ပို၍ပို၍ ဆိုးသည်။

၁၂။ ဆန်ပြုတ်၊ ဆန်နှစ် - ကျောက်စိမ်းအသားထဲတွင် ဆန်ပြုတ်ဖက်၊
ဆန်နှစ်ဖက်များကဲ့သို့ အဖြူပွင့်များဖြစ်နေသည်။ အရည်/ အသားကို
ဖျက်သည်။

၁၃။ ဖြုတ်ချေး - အခွံ့နှင်အသားတွင် အမဲစက်များ ထင်ရှားစွားဖြစ်နေသည်
အဖျက်ဖြစ်သည်။

၁၄။ ဝက်မြှင် - ဝက်ကိုယ်ပေါ်မှ အမွှေး အမြှင်များ ကဲ့သို့ အက်ရာအနာများ
ဖြစ်သည်။ အဖျက်ဖြစ်သည်။

၁၅။ မှည့် - အသားထဲတွင် မှည့်ကဲ့သို့ အမဲစက်များ ဖြစ်ပေါ်နေသည်။
အရည်နေရာတွင်ရှိလျှင် အရည်မပွင့်ပါ။

၁၆။ ဖားမျက်စံ - ဖားမျက်စံကဲ့သို့ အလယ်မှာ အမဲစက် ဖြစ်ပေါ်နေသည်
အရည်/ အသားကို ဖျက်သည်။

သိထားသမျှလေးပြန်လည်မျှဝေပေးပါတယ်။
မူရင်းဆရာသမားများကို creditပေးပါတယ်။

Credit : Photo & text
ဒီပို့စ်လေးဖတ်ပြီး ဗဟုသုတ ရရှိနိုင်ပါစေလို့ဆန္ဒပြုရင်း......

ရတုနှစ်တွေအလိုက် စုရမယ့်ကျောက်လေးတွေပါနော် အမျိုးတို့ သိရအောင် Knowledge Sharing လုပ်ပေးတာပါနော်ပထမနှစ်ဆို Bronzeဒုတိယနှ...
03/10/2022

ရတုနှစ်တွေအလိုက် စုရမယ့်ကျောက်လေးတွေပါနော် အမျိုးတို့ သိရအောင် Knowledge Sharing လုပ်ပေးတာပါနော်

ပထမနှစ်ဆို Bronze
ဒုတိယနှစ်ဆို Garnet ဆိုပြီး နံပါတ်စဉ်လိုက် ပုံလေးနဲ့တကွပြထားပေးပါတယ်နော် 🥰

Crd :

01/10/2022

GP နှင့် SP အကြောင်းသိကောင်းစရာ

GP ( General Power )

အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ်ပါယျရပွီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်ရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P (ခေါ် )အထွေထွေ ကိုယ်စားလှယ်လွှဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

SP ( Special Power )

အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ်ပါယျရပွီး လူတစ်ဦးမှ မိမိပိုင်ရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။

S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။

S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။

S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး..စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့မရပါ။

လယ်မြေ နှင့် ဥယျာဉ်ခံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။

S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။

G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

GP ၊ SP ဘာကွာလဲ. . ?

General Power ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲအပ်စာ၊
Special Power ဆိုတာ အထူးကိုယ်စားလှယ်လွှဲအပ်စာ စာကို ခေါ်ကြတာပါ။

(၁) တစ်စုံတစ်ယောက်ကိုယ်စား ၊သူကိုယ်တိုင်လုပ်ရမဲ့ကိစ္စရပ်များအပေါ်မှာ ၊သူ့ကိုယ်စား၊သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် ၊သက်ဆိုင်ရာရုံးတွေမှာ သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ လက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိူင်စေရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) လွှဲအပ်ရယူကြပါတယ်။

(၂) တရားစွဲဆိုခြင်းကိစ္စရပ်များအတွက်လည်း အခြားသူတို့နှင့်အမှုကိစ္စဆောင်ရွက်ရာ၌ သူ့ကိုယ်စားဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၃) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်တွေမှာလည်း ချက်ချင်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၊အခွန်ဆောင်ကိစ္စရပ်များမလုပ်ကိုင်နိူင်သေးသည့်အခြေအနေတွင် ၊အဆင်ပြေသည့်အချိန်တွင် လုပ်ကိုင်ဆောင်ရွက်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၄) ရုံးလုပ်ငန်းကိစ္စဆောင်ရွက်စရာရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ သူလုပ်ကိုင်ရမဲ့နေရာမှာ အဆင်သင့်မရှိ တဲ့အချိန် ဥပမာ....

- ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့အချိန် ရုံးကိစ္စလုပ်စရာပေါ်လာတာ
- နိူင်ငံခြားရောက်နေတာ၊ကျောင်းသွားတက်နေတာ၊အလုပ်သွားလုပ်နေတာ၊တစ်ခြားအရပ်ဒေသမှာ တာဝန်ထမ်းဆောင်နေရတာ
- ကံမကောင်းစွာနဲ့ အချုပ်ကျနေတာ၊ ထောင်ကျနေတာ၊ထောင်ထဲရောက်နေတုံး ကျန်ခဲ့တဲ့မြေကွက်လေးငွေလိုလို့ရောင်းချင်တာ
- တရားစခန်းဝင်နေတာ၊ သီလရှင်ဝတ်နေတာ၊ဘုန်းကြီးခဏဝတ်နေတာ....စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လို့အဆင်မပြေတဲ့အခါမျိုးတွေမှာ အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၅) ရုံးအမျိုးမျိုးမှာ၊ အကြောင်းအရာအမျိုးမျိုးနဲ့ လိုအပ်ရင်လိုအပ်သလို အသုံးပြုလို့ရအောင်လည်း အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၆) (S.P)လည်းဒီလိုပဲ လွှဲအပ်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အမျိုးမျိုးအပေါ်မှာ မဟုတ်ပဲ လွဲအပ်သူလွဲအပ်တဲ့ အကြောင်းအရာ ၊အထူးပြုတဲ့ အကြောင်းအရာအပေါ်ပဲကိုယ်စားဆောင်ရွက်စေလိုတဲ့အခါ အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။ဥပမာ...

- ကျနော် အမည်နဲ့သုံးစွဲခွင့်ရတဲ့တယ်လီဖုန်းနံပါတ် ၀၉။။။။။။။။ အတွက်ရုံးသွားထုတ်ဖို့လိုတဲ့အခါ(ဒီကိစ္စရပ်တစ်ခုတည်းအတွက်)
- ကျနော့အမည်ပေါက်ကားလေး 5M ။။။။ သက်တမ်းကိစ္စ အတွက်ပဲ ရုံးသွားဖို့ လိုလာတဲ့အခါ(ဒီ ကားအတွက်ပဲ)
- ကျနော်ပိုင်တဲ့ မြေကွက် ၃ ကွက်အနက် မြောက်ဒဂုံမြို့နယ်၊မြေတိုင်း (-)၊ မြေကွက်(-)၊ မြေဧရိယာ (-) ကျယ်တဲ့ မြေကွက်အတွက်ပဲရုံးကိစ္စဆောင်ရွက်ဖို့ လိုလာတဲ့အခါမှာ၊အဲဒီမြေကွက်ကို အခြားသူကိုရောင်းချတဲ့အခါ(ဒီမြေကွက်အတွက်ပဲ) အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။

(၇) ကျန်တာတွေကတော့ အထက်အပိုဒ်(၁)၊(၂)၊(၃)၊(၄)ထဲကအတိုင်း အခြေအနေတွေမှာလည်း အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။

(၈) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....

- အသက် ၁၈ နှစ်ပြည့်ပီးသူတွေဖြစ်ရပါမယ်။
- ရူးနေတဲ့သူ၊စိတ်ပေါ့သွပ်တဲ့သူ မဖြစ်ရပါဘူး။
- တစ်ယောက်ထဲကနေ အများကို လွှဲအပ်နိုင်သလို၊အများကလည်း တစ်ယောက်ထဲကို လွှဲအပ်နိူင်ပါတယ်။
- G.P လွှဲမယ်ဆိုရင်တော့လူနဲ့၊မှတ်ပုံတင်၊ပဲလိုပီး S.Pလွှဲမယ်ဆိုရင်တော့ လူနဲ့ မှတ်ပုံတင်အပြင် မိမိ အထူးပြုလွှဲမဲ့ကိစ္စရပ်အတွက် မိမိပိုင်ကြောင်း ပိုင်ဆိုင်မှု အထောက်အထား(အမည်ပေါက်) စာရွက်စာတမ်းတွေလိုပါမယ်။

(၉) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....

- လွှဲတဲ့သူဖြစ်စေ၊လက်ခံတဲ့သူဖြစ်စေ သေသွားရင် ၊ ရူးသွားရင်ဖြစ်စေ ၊လွှဲတဲ့သူက ရုပ်သိမ်းလိုက်ရင်ဖြစ်စေ၊လက်ခံတဲ့သူက ငြင်းပယ်ရင်ဖြစ်စေ အဲ့ ကိုယ်စားလှယ်စာဟာ ရပ်ဆဲသွားပါတယ်။
- လွှဲအပ်တဲ့အကြောင်းအရာ ပီးသွားရင်/လွှဲအပ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပီး ဆက်လုပ်စရာမရှိတော့ရင်လည်း အဲဒီပါဝါက ရပ်ဆဲသွားပါတယ်။
- ဒါကြောင့် G.P, S.P ပဲမူလက ရယူထားပီး ငွေကြေးအဆင်ပြေတဲ့အချိန်မှ မှတ်ပုံတင်စာချုပ်ပြုလုပ်ချုပ်ဆိုဖို့ ပြင်ဆင်တဲ့အချိန်မှာ G.P, S.P ရယူထားသူအား လွှဲအပ်ထားတာမှန်ကြောင်း၊လွှဲအပ်သူသက်ရှိထင်ရှားရှိသေးကြောင်း၊ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်လွှာ/ကတိသစ္စာပြုလွှာကို ပြုလုပ်ခိုင်းတာဖြစ်ပါတယ်။

(၁၀) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာတော့ -

- ဝယ်တဲ့သူဟာနာမည်ပေါက်လုပ်ချင်ရင် ထမ်းဆောင်ရတဲ့အခွန်ဟာ လက်ရှိအချိန်မှာ များတာကြောင့် အများအားဖြင့် မိမိကို ရောင်းတဲ့သူဟာ နာမည်ပေါက်ပိုင်ရှင်ဆိုရင် (S.P)၊လွှဲယူကြပါတယ်၊
- မိမိကိုရောင်းတဲ့သူဟာနာမည်မပေါက်သေးဘူး သူကိုယ်တိုင်ကို ရုံးကိစ္စဆက်လုပ်စရာကျန်သေးတဲ့အခြေအနေဆိုရင် (G.P) လွှဲယူကြတာများပါတယ်။
- ကိုယ်လုပ်တဲ့အကြောင်းအရာပေါ်မူတည်ပီးလည်း သင့်တော်သလို G.P သို့မဟုတ် S.P လွှဲယူကြပါတယ်။
- အိမ်ခြံမြေ နာမည်ပေါက်လုပ်ဖို့ကိစ္စရပ်တွေဆိုရင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊နယ်အခေါ် မြေစာရင်းရုံးမှာလွှဲယူကြပါတယ်။
- အဲလိုလွှဲတဲ့အခါ လွှဲချင်တဲ့သူက နယ်မြို့မှာရောက်နေရင် အဲဒီ နယ်မြို့မှာရှိတဲ့ ရုံးက လွှဲပေးလိုက်ရုံပါပဲ
- လွှဲမယ့်သူက နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား၊သတိကောင်းကြောင်း အထောက်အထားများရယူပီး သက်ဆိုင်ရာ ရုံး ကို ပြင်ပသို့လိုက်ပါမှတ်ပုံတင်ပေးရန်(visit) လျှောက်ထားပီး လွှဲအပ်ရယူလို့ရပါတယ်။ရုံးကိုထမ်းစင်ကြီးနဲ့ခေါ်လာစရာမလိုပါဘူး
- လွှဲအပ်မယ့်သူက နိူင်ငံခြားရောက်နေတာဆိုရင်တော့ သူရောက်နေနဲ့ နိူင်ငံမှာ မြန်မာနိူင်ငံဆိုင်ရာ သံရုံး တာဝန်ရှိသူရှေ့မှောက်မှာ လွှဲအပ်လို့ရပါတယ်၊သံရုံးမရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ်၊သံရုံးရော၊ကောင်စစ်ဝန်ရုံးရောမရှိတဲ့ဒေသရောက်နေတာဆိုရင်တော့ ရှိတဲ့ဆီသွားလွှဲရပါတယ်
- လွှဲတဲ့သူက ရဲအချုပ်ကျနေရင် စခန်းမှူး၊တာဝန်မှူး ရှေ့မှာ လွှဲရပါတယ်၊ထောင်ကျနေတာဆိုရင်တော့ တာဝန်ခံထောင်မှူးရှေ့မှာ လွှဲအပ်ရယူနိူင်ကြပါတယ်။
(၁၁) လက်ရှိအပြင်မှာတော့ နာမည်ကိုယ်တိုင်မပေါက်တဲ့မြေတို့၊သူကိုယ်တိုင်လည်း ပါဝါပဲယူထားတဲ့မြေတို့၊ရွေ့ပြောင်း နိူင်သောပစ္စည်းနဲ့ပတ်သက်လို့ ရုံးကိစ္စလုပ်စရာရှိရင်တော့ ၊လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးပြုလို့ရနိူင်ရန် အရပ်အခေါ်နိုတြီ( Notary Public ) G.P,S.P များ လွှဲအပ်ရယူကြပါတယ်။
တရားရုံးတရားသူကြီးရှေ့မှောက်မှာလဲ ကိုယ်စားလှယ်လွှဲစာလွှဲအပ်ရယူကြပါတယ်။ အပြင်မှာ၊အိမ်ခြံမြေလောကမှာ အများဆုံးတွေ့ရတဲ့ဟာတွေပေါ့။အဆိုပါ ပါဝါတွေနဲ့ နာမည်ပေါက်လုပ်တဲ့အချိန် တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်လို့မရပေမယ့်ကျန်တဲ့နေရာတွေမှာသုံးလို့ရနေတာကြောင့် ပါဝါလေးတော့ လွှဲယူထားမှ အဆင်ပြေကြပါတယ်လို့ အိမ်ခြံမြေလောကမှာတွေ့ကြုံနေရပါတယ်။

G.P,S.P နဲ့ ပတ်သက်လို့ အခြားအကြောင်းအရာတွေလည်း အများကြီးကျန်ပါသေးတယ်၊ဒါက မပြည့်စုံသေးပါဘူး။အခြေခံလေးတွေပဲရှိပါသေးတယ်။

တစ်ချို့ကရှိတယ် S.Pပဲလွှဲပေးနိူင်မယ်၊G.P တော့မပေးနိူင်ဘူးတို့ရှိတက်ပါတယ်

G.P နဲ့ S.P ဘာလွှဲပေးသင့်သလဲဆိုတဲ့အပေါ်မှာတော့ လက်ရှိ ကိုယ့်ဆီမှာရှိတဲ့စာရွက်စာတမ်း အနေအထားအခြေအနေနဲ့ အသုံးပြုချင်တဲ့အကြောင်းအရာပေါ်ပဲမူတည်ပါလိမ့်မယ်။



service

Emeral Ring For Lady 💃🥰ကာကာတို့ 🥰အားလုံးပိုင်ဆိုင်နိုင်ပါစေ🙏
27/09/2022

Emeral Ring For Lady 💃🥰

ကာကာတို့ 🥰အားလုံးပိုင်ဆိုင်နိုင်ပါစေ🙏

Address

AHlone Market Street
Yangon
11121

Website

Alerts

Be the first to know and let us send you an email when Sum41 Real Estate & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category