Wai Min Hein Construction & Real Estate Co.,Ltd

Wai Min Hein Construction & Real Estate Co.,Ltd Construction, Real Estate & Law Firm

🏠ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းမကြီးပေါ်ရှိ (၂၅' x ၅၀' )အကျယ်ရှိသောမြေကွက် တစ်ကွက်ရောင်းရန်ရှိပါတယ်ခင်ဗျ။📍မြေအမျိုးအစား- ...
23/10/2022

🏠ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းမကြီးပေါ်ရှိ (၂၅' x ၅၀' )အကျယ်ရှိသော
မြေကွက် တစ်ကွက်ရောင်းရန်ရှိပါတယ်ခင်ဗျ။

📍မြေအမျိုးအစား- နှစ် ၆၀ ဂရန်မြေ၊ အရှုပ်အရှင်းကင်း

📍တည်နေရာ- မင်းနန္ဒာလမ်းမကြီးဘေး၊ fortune plaza အနီး၊

📍 ရောင်းဈေ- သိန်း ၄၅၀၀ ကျပ် (ညှိနှိုင်း)

📞ဆက်သွယ်ရန်- ၀၉ ၂၆၂၉၀၈၀၆၀၊ ၀၉- ၇၅၇၆၉၀၁၉၀

🙂အကျိုးဆောင်ကြီးများလည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

✋မြေကွက်ကြည့်ချင်ရင် အချိန်ကြိုတင်ချိန်းပေးပါခင်ဗျ။လမ်းကြုံဝင်ကြည့်ခြင်းများ သည်းခံပေးပါခင်ဗျာ။

အိမ်ခြံမြေတိုက်ခန်းများကို ဝယ်သူနှင့်ရောင်းချသူ နှစ်ဦးနှစ်ဖက်တွေ့ဆုံ
ညှိနှိုင်းပေးပြီး စာရွက်စာတမ်းများသေချာစွာစစ်ဆေးပေးပါတယ်ခင်ဗျ။

စာချုပ်စာတမ်း ခိုင်မာမှုရှိပြီး အမှားအယွင်းမဖြစ်စေရန် လိုအပ်ပါက
ကျွန်တော်များ WMH Companyမှ အတွေ့အကြုံရင့်ကျက်သော
တရားလွှတ်တော်ရှေ့နေများ၊အထက်တန်းရှေ့နေများဖြင့်စာချုပ်စာတမ်း
မှစ၍ အမည်ပေါက်ရရှိသည်အထိ တာဝန်ယူလုပ်ဆောင်ပေးပါသည်။

23/10/2022

“အပျောက်စနစ်နှင့် အပျောက်တိုက်ခန်းများ အကြောင်း"

၁။ "အပျောက်စနစ်"

ယခုအခါ နေအိမ် တိုက်ခန်းများကို အပျောက်စနစ်ဖြင့်
ဝယ်ယူနေထိုင်လျက် ရှိကြသည်။

အပျောက်စနစ်ဖြင့် ဝယ်ယူသူသည် အပျောက်ငွေကို
အခန်းလက်ရှိနေသူသို့ ပေးချေကာ
အခန်းကို လက်ပြောင်း လက်လွှဲရယူနိုင်သည် ။

နေထိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကို
လွဲှပြောင်းရယူသည့် စနစ် ဖြစ်သည်။
တိုက်ခန်းကို လုံးဝပိုင်ဆိုင်ခြင်း မဟုတ်ဘဲ
တိုက်ခန်းပိုင်ရှင် ရှိပေသည်။

တိုက်ခန်းကို ရောင်းမည်ဆိုလျှင် တိုက်ခန်းပိုင်ရှင်ကို
အသိပေးပြီး ရောင်းခွင့်ရှိသည်။
ထိုသို့ အခန်းကိုလက်ပြောင်း လက်လွဲှပြုရာတွင်
အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန် လိုအပ်သည်။
သတ်မှတ်သည့် အိမ်လခ ရှိ၍ အဆိုပါ အိမ်လခကို
တိုက်ရှင်သို့ ပေးဆောင်ရသည်။

ထိုကဲ့သို့ တိုက်ခန်းကို အပျောက်စနစ်ဖြင့် ရောင်းချရာတွင်
အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန်အတွက်
ရောင်းသူက အမည်ပြောင်းခ အဖြစ် အိမ်ရှင်သို့
ပေးရသည်။

ထိုအခါတွင်မှ အိမ်ရှင်က နောက်ဝယ်သူကို အသိအမှတ်
ပြုသည်။ အပျောက်စနစ်ဖြင့် ဝယ်ယူသော်လည်း ဝယ်သူသည်
အိမ်ဌားသာလျှင် ဖြစ်သည်။

အပျောက်တိုက်ခန်း ပိုင်ဆိုင်သူမှာ နေထိုင်ခွင့်နှင့် ထပ်ဆင့်
လွဲှပြောင်းဌားရမ်းပိုင်ခွင့် ရှိသော အိမ်ဌားတစ်ဦးပင် ဖြစ်သည်။
အပျောက်တိုက်ခန်း ဝယ်ယူရာတွင် မြေပိုင်ဆိုင်မှု
မပါဝင်သဖြင့် ဝယ်ယူသူသည် မြေပိုင်ရှင် ( တိုက်ပိုင်ရှင်) အား
အိမ်လခပေးရသော အိမ်ဌားတစ်ဦးသာ ဖြစ်သည်။

အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူရာတွင်
မြေပိုင်ရှင် (တိုက်ပိုင်ရှင်) ၏ လက်မှတ်ပါဝင် ရေးထိုးပေးရန်
အရေးကြီးသည်ဖြစ်ရာ မြေပိုင်ရှင် ၊ တိုက်ပိုင်ရှင်ဖြစ်ကြောင်း ၊
၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်နှင့် အတူ ပြသ စိစစ် စုံစမ်း
နိုင်ရန်နှင့် အရောင်းအဝယ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး
ပေးနိုင်ရန် ရောင်းချသူအနေဖြင့် ကြိုတင်ညှိနှိူင်းဆောင်ရွက်
ထားရန် လိုအပ်ပါသည်။

*****

၂။ "အပျောက်တိုက်ခန်းများ အကြောင်း"

၁။ အပျောက်တိုက်ခန်း
။။။။။။။။။။။။။။။။။။။။။။။။။။

အပျောက်တိုက်ခန်းဆိုသည်မှာ
ယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍
နေထိုင်ခွင့်နှင့် ထပ်ဆင့်လွဲှပြောင်း၊ ဌားရမ်းပိုင်ခွင့်ရှိသော
အိမ်ဌား (Tenant) တစ်ဦးဖြစ်ပါသည်။

၁၉၆၀ ပြည့်နှစ်၊ မြို.ပြဆိုင်ရာဌားရမ်းခ ကြီးကြပ်ရေး
အက်ဥပဒေနှင့် အကျုံးဝင်သဖြင့်
ဝယ်ယူသူသည် မြေရှင်အား အိမ်လခပေးရန်နှင့်
ယင်းဥပဒေကို လိုက်နာရပါမည်။

၂။ အပျောက်တိုက်ခန်းအမျိုးအစားများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(က) ပုဂ္ဂလိကတိုက်ခန်း
- ပုဂ္ဂလိကပိုင်မြေကွက်ပေါ်တွင် ပုဂ္ဂလိကပိုင် ငွေဖြင့်ဖြစ်စေ၊
ကန်ထရိုက်တာနှင့် အခန်းပေး အခန်းယူဆောက်လုပ်သည့်
တိုက်ခန်းများဖြစ်ပြီး၊
- မြေရှင်အား အိမ်လခပေးနေရသော အခန်းများ ဖြစ်ပါသည်။
- အိုးအိမ်မှ ပုဂ္ဂလိကသို. အပြီးအပြတ်ရောင်းချသော
အခန်းများလည်း ပါဝင်ပါသည်။
- ယင်းတိုက်ခန်းများကိုမူ အိမ်လခ တောင်းခံခြင်း မပြုပါ။

(ခ) ပြည်သူပိုင်မှ ပြန်ပေးသောတိုက်ခန်း
- ပြည်သူပိုင် သိမ်းယူသောတိုက်ခန်းများအနက်
နိုင်ငံတော်မှ အသုံးပြုရန် မလိုအပ်သည့် အခန်းများအား
ပြန်လည်စိစစ်၍ မူလပိုင်ရှင်များအား ပြန်လည်လွဲှပြောင်း
ပေးအပ်လိုက်သည့် အခန်းအမျိုးအစား ဖြစ်ပါသည်။

(ဂ) စည်ပင်မှ ယာယီထိန်းသိမ်းထားသည့် တိုက်ခန်း
- တိုက်ခန်းနေထိုင်သူမှ ကြွေးမဆပ်နိုင်သဖြင့်
စည်ပင်က ယာယီထိန်းသိမ်းထားသည့် အခန်းဖြစ်ပြီး၊
- စည်ပင်ကြွေးကို အိမ်ဌား (တိုက်ခန်းအပျောက်ဝယ်သူ) မှ
ပေးဆပ်ရပြီး
- တိုက်ပိုင်ရှင်သို့ အိမ်လခပေးရန် မလိုဘဲ
- စည်ပင်ခွန်များကိုသာ ပေးဆောင်နေရသည့်
အခန်းအမျိုးအစား ဖြစ်ပါသည်။

(ဃ) ဘာသာရေးပိုင်အခန်းများ
- ဗလီဝကဖ်အခန်းများ၊ ဟိန္ဒူဘုရားကျောင်းပိုင် အခန်းများ၊
တရုတ်ဘုံကျောင်းပိုင်အခန်းများအား
အပျောက်စနစ်ဖြင့်ရောင်းချပြီး
- ရရှိသည့်ငွေများ၊ အိမ်လခများကို ဘာသာရေးရန်ပုံငွေ
အဖြစ် အသုံးပြုသည့်အခန်းများ ဖြစ်ပါသည်။
- အဆိုပါအခန်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊
ပိုင်ဆိုင်မှု အမည်ပြောင်းခြင်းများကို သက်ဆိုင်ရာ
ဂေါပကအဖွဲ့ လူကြီးများက စီမံခန့်ခွဲကြပါသည်။

(င) ပြည်သူပိုင် (သို့) အစိုးရပိုင်အခန်းများ

1. အိုးအိမ်ခန်း

- နိုင်ငံတော်ပိုင်မြေပေါ်တွင် နိုင်ငံတော်ပိုင်ငွေဖြင့်
ဆောက်လုပ်ပြီး
- ဝန်ထမ်းများအား နေထိုင်ခွင့် အဌားချထားသောအခန်းမျိုး
ဖြစ်သည်။
(ဥပမာ- ဦးဝိစာရအိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ ဖဆပလအိမ်ရာ)
- ၎င်းအပြင် ယခင်တိုင်းပြည်သူူ့ ကောင်စီမှ
ထိန်းသိမ်းထားသော ပြည်သူပိုင် အခန်းများအား
အိုးအိမ်သို့ လွဲှအပ်ပေးလိုက်သော အခန်းများ ပါဝင်ပါသည်။

2. ဌာနဆိုင်ရာအခန်းများ

- အစိုးရဌာနဆိုင်ရာ အဖွဲ.အစည်းအသီးသီးတို့မှ
မိမိတို့ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက်
နိုင်ငံတော်မှ စီစဉ်ဆောက်လုပ်ပေးသော
အဆောက်အဦးတိုက်ခန်းများ ဖြစ်ပါသည်။
- ပြည်သူပိုင်အဖြစ် ပြုလုပ်ထားသော အခန်းများ
ပါဝင်ပါသည်။

3. တိုင်းချခန်း

- ယခင်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊
တစ်ဖန် တိုင်းပြည်သူ့ကောင်စီသည် တိုင်းအဆင့်စီမံခန့်ခွဲမှု၊
အုပ်ချုပ်မှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား
ချပေးသောအခန်း ဖြစ်ပါသည်။

4. နိုင်ငံခြားပြန် အခန်း

- နိုင်ငံခြားသားပိုင် အခန်းဖြစ်ပြီး မိမိတို့၏နိုင်ငံသို့
အပြီးအပိုင် ပြန်ကြရာတွင် ယင်းအခန်းများကို
နိုင်ငံတော်သို့ အပ်နံှခြင်း(သို့) နိုင်ငံတော်မှ
သိမ်းယူထားသော အခန်း ဖြစ်သည်။

5. စည်ပင်ယာယီထိန်းအခန်း

- စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ၊
ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီခြင်း
- ညွှန်ကြားချက်များအားမလိုက်နာခြင်းတို.ကြောင့်
စည်ပင်သာယာရေးကော်မတီမှ
ယာယီထိန်းသိမ်းထားသောအခန်း ဖြစ်ပါသည်။

(စ) အခြားအခန်းများ

- ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ
(မူးယစ်ဆေးဝါး၊ ချဲထီစသည်)
အရေးယူခံရပြီး နိုင်ငံဘဏ္ဍာအဖြစ်သိမ်းခြင်းခံရသည့်
အခန်းများ ဖြစ်ပါသည်။

(ဆ) DB တိုက်ခန်းများ

အန္တရယ်ရှိ အဆောက်အဦ DB(Dangerous Building)မှာ
အချိန်မရွေး ပြိုကျနိုင်ပြီး နေထိုင်သူနှင့်
အနီးအနားရှိသည့်လူများ၏ အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်သည့် အဆောက်အဦကို ခေါ်ပါသည်။

အန္တရာယ်ရှိအဆောက်အဦကို အိမ်ရှင်ဖြစ်စေ၊ နေထိုင်သူဖြစ်စေ၊
ပတ်ဝန်းကျင်မှဖြစ်စေ မြို.တော်စည်ပင်သာယာရေးကော်မတီသို့
လျှောက်ထားနိုင်ပါသည်။

လျှောက်ထားမှုအပေါ် ရှေးဦးစွာ ပဏာမအဖွဲ့ဖြင့်
စစ်ဆေးပြီး အသေးစားပြင်ဆင်ရန် (သို့)
အကြီးစားပြင်ဆင်ရန်ဆုံးဖြတ်ပါသည်။

ထိုသို့ မဟုတ်ဘဲ အန္တရာယ်ရှိ အဆောက်အဦဖြစ်က
အဖွဲ.ဝင်(၁၂) ဦး ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ကြီးဖြင့်
ထပ်မံစစ်ဆေး ဆောက်ရွက်ပါသည်။

ထိုအဖွဲ.၏ စစ်ဆေးချက်ကို မြို.တော် စည်ပင်သာယာရေး
ကော်မတီသို့ တင်ပြအတည်ပြုချက် ရယူပြီးနောက်
မြို.တော်သတင်းစာ(သို့) အခြားနည်းဖြင့် မြေရှင်မှ
လာရောက်၍ပိုင်ဆိုင်မှုတင်ပြရန်
အကြောင်းကြားပါသည်။

ပိုင်ဆိုင်မှုမှန်က မြေရှင်မှ မိမိကြိုက်ရာစည်ပင်အသိအမှတ်ပြု
လိုင်စင်ရကန်ထရိုက်တာဖြင့် အန္တရာယ်ရှိအဆောက်အဦးကို
ဖြိုဖျက်၍ အသစ်ပြန်လည်တည်ဆောက်ရေးကြီးကြပ်အဖွဲ့ မှ
နေထိုင်သူများအားခေါ်၍ နေရာချထားပေးပြီး
ဆောက်လုပ်စေပါသည်။

အိမ်ရှင်မြေရှင်နှင့် နေထိုင်သူများ၊ စပေါ်ဖြင့်နေသူ (သို့)
အခြားနည်းဖြင့်နေသူများ၏ အခွင့်အရေးမှာ-

1 - နေထိုင်သူများကို လက်ရှိအခန်းများ၏ အကျယ်အဝန်း
အတိုင်း ပြန်လည်နေရာ ချထားပေးပါသည်။
2 - အခန်းရသူများမှ ကန်ထရိုက်တာကို(၃)ရစ်ခွဲ၍
အလိုက်ငွေပေးရပါမည်။ ပျက်ကွက်လျှင် အခန်းရယူသူ
စာရင်းမှ ပယ်ဖျက်ပါသည်။
3 - စည်ပင်၏ သတ်မှတ်အခွင့်အရေးမှအပ
အခြားမည်သည့်အခွင့်အရေးမျှ မရရှိပါ။

အန္တရာယ်ရှိအဆောက်အဦးမှ ဖယ်ရှားမပေးသူကို
တည်ဆဲဥပဒေအရ အရေးယူပါသည်။

၃။ နိုင်ငံတော်ပိုင် (ပြည်သူပိုင်/အစိုးရပိုင်) အခန်းများကို
ရောင်းဝယ် လွှဲပြောင်းပိုင်ခွင့် မရှိပါ။

၄။ ပုဂ္ဂလိကပိုင်တိုက်ခန်းများနှင့်
အိုးအိမ်နှင့် ဆောက်လုပ်ရေးကုမ္ဗဏီတို့
အကျိုးတူဆောက်လုပ်ပြီး
ပုဂ္ဂလိကများသို. အပြီးအပိုင် ရောင်းချသည့်တိုက်ခန်းများကို
ပုဂ္ဂလိကအချင်းချင်း ရောင်းပိုင်၊ ဝယ်ပိုင်၊
လွဲှပြောင်းပိုင်ခွင့်ရှိပါသည်။

Credit

ပြန်လည်ကူးယူဖော်ပြပါသည်။

🏠ဒေါပုံမြို့နယ်၊မင်းနန္ဒာလမ်းမကြီးပေါ် တွင်ရှိသောဒေါင့်ကွက် (၂၅'x၅၀')     နှစ်ထပ်RCတိုက်တစ်လုံးရောင်းချင်ပါတယ်ခင်ဗျာ။📍 မ...
19/10/2022

🏠ဒေါပုံမြို့နယ်၊မင်းနန္ဒာလမ်းမကြီးပေါ် တွင်ရှိသောဒေါင့်ကွက် (၂၅'x၅၀')
နှစ်ထပ်RCတိုက်တစ်လုံးရောင်းချင်ပါတယ်ခင်ဗျာ။

📍 မြေအမျိုးအစား- ဂရန်မြေ၊ အရှုပ်အရှင်းကင်း၊ပါဝါယူလို့ရပါတယ်ခင်ဗျ

📍ရေနှင့်မီး- ဂျိုးဖြူရေရတဲ့အပြင် ငမိုးရိပ်ဆည်ရေ(ရှစ်သောင်းရေ) နှစ်မျိုး
စလုံးရပါတယ်ခင်ဗျ။ မီးလည်း ခလုတ်နှိပ်ရုံပါပဲနော်။

📍 တည်နေရာ- မင်းနန္ဒာလမ်းမကြီးပေါ်၊ Capital Hyper Market
ကြီးအနီးမှာပါခင်ဗျ။မှတ်တိုင်နီး၊ ကျောင်းနီး ၊ ၁ဈေးနဲ့လည်းနီးပါတယ်။

📍အိမ်ကတော့ပုံမှာပြထားတဲ့ပြောစရာမလိုအောင်ကောင်းပါတယ်ခင်ဗျ။
အောက်ထပ်မှာအိပ်ခန်းတစ်ခန်း၊အပေါ်မှာ နှစ်ခန်းဖွဲ့ထားပါတယ်။

📍ကားကောင်းစီးတဲ့ လူကြီးမင်းတို့အတွက် ပါကင်လဲမပူရတော့ပါဘူးနော်။

📍တည်နေရာလေးကကောင်းလို့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများနှင့်
ရင်းနှီးမြှုပ်နှံထားလိုသူများ၊ ဘဏ်လုပ်ငန်းအတွက်နေရာငှားလိုသူများ
Company ရုံးခန်းဖွင့်လိုသူများအတွက် အထူးပင်သင့်တော်ပါတယ်။

💰ရောင်းဈေး- ကျပ်သိန်းရှစ်ထောင် (၈၀၀၀) ညှိနှိုင်းပါ ခင်ဗျာ။

📞ဆက်သွယ်ရန်- 09- 262 908060 , 09-7576 90190
အိမ်ကြည့်လိုသောလူကြီးမင်းများ ကြိုပြောပြောကြားပေးပါခင်ဗျာ။
အကျိုးဆောင်ကြီးများလည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

✋စာသားများအားကူးယူဖော်ပြခြင်း ခွင့်မပြုပါခင်ဗျာ။ကျေးဇူးပါ။

အိမ်ခြံမြေတိုက်ခန်းများကို ဝယ်သူနှင့်ရောင်းချသူ နှစ်ဦးနှစ်ဖက်တွေ့ဆုံ
ညှိနှိုင်းပေးပြီး စာရွက်စာတမ်းများသေချာစွာစစ်ဆေးပေးပါတယ်ခင်ဗျ။

စာချုပ်စာတမ်း ခိုင်မာမှုရှိပြီး အမှားအယွင်းမဖြစ်စေရန် လိုအပ်ပါက
ကျွန်တော်များ WMH Companyမှ အတွေ့အကြုံရင့်ကျက်သော
တရားလွှတ်တော်ရှေ့နေများ၊အထက်တန်းရှေ့နေများဖြင့်စာချုပ်စာတမ်း
မှစ၍ အမည်ပေါက်ရရှိသည်အထိ တာဝန်ယူလုပ်ဆောင်ပေးပါသည်။

လုပ်ငန်းများအပ်နှံဆောင်ရွက်လိုပါကအိမ်တိုင်ရာရောက်ညှိနှိုင်း
ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

သပ်ရပ်လှပပြီးခိုင်ခန့်တဲ့တိုက်သားနဲ့ကျယ်ဝန်းမှုကိုလိုချင်တဲ့လူများအတွက် 🏠 သာကေတမြို့နယ်၊ (၆)အရှေ့ ရပ်ကွက် ၊ရှုခင်းသာမြို...
03/10/2022

သပ်ရပ်လှပပြီးခိုင်ခန့်တဲ့တိုက်သားနဲ့ကျယ်ဝန်းမှုကိုလိုချင်တဲ့လူများအတွက်

🏠 သာကေတမြို့နယ်၊ (၆)အရှေ့ ရပ်ကွက် ၊
ရှုခင်းသာမြို့ပတ်လမ်းမကြီးနှင့်၇ဈေးလမ်းမကြီးတည့်ပေါက်၊ ရှုခင်းသြာမြို့ပတ္တာလမ်းကျောကပ်၊ ၆/၇ ဂိတ်ဟောင်းမှတ်တိုင်အနီး
📍အလက ကျောင်းနှင့် မျက်နှာချင်းဆိုင်
📍ဒုတိယထပ် (​မှန်ခန်းပါ)..
📍၁၉x၅၄ ပေ ရှေ့နောက်ဝရံတာ(၂)ခုပါ(နောက်ဝရံတာ မီးဖိုချောင်လုပ်
လို့ရ).
📍လှေကားကျယ်ပြီး လှေကားထစ်ပြေပါတယ်(အသက်ရွယ်ကြီးသူတွေ
အထူးပင်သင့်တော်ပါတယ်ခင်ဗျ)
📍ဘေးတိုက်မရှိလို့ အလင်း‌ရောင်ပိုရပြီး လေဝင်လေထွက်အလွန်ကောင်း)..ရန်ကုန်ပူအိုက်တဲ့နွေရာသီအတွက်အထူးသင့်တော်ပါတယ်..
📍ရှေ့နောက်ဝရံတာ၊ ဧည့်ခန်း၊ အိပ်ခန်း မီးဖိုချောင်အပါ အားလုံး ကြမ်းခင်းကြွေပြားခင်းထား...
📍နံရံတောက်လျောက် ၃ပေအမြင့်ထိကြွေပြားကပ်ထား...
📍မျက်နှာကျက် အလှဆင်းထားပြီး
📍အိပ်ခန်းကျယ် ၁ ခန်းပါ..၊ AC တစ်လုံးပါဝင်ပါတယ်
📍ကိုယ်ပိုင်မီတာ၊ ရေမော်တာပါပြီး၊
📍အဝီစိရေ - မြေရှင်ကအောက်ရေကန်ဖြည့်ထားပြီးသားကိုရေတန်းတင်ရုံပဲ
📍အခန်းတံခါးအားလုံး သစ်သားတံခါးတပ်ထား
📍မီးဖိုချောင်ခုံ ကြွေပြားအ‌ပြည့်ကပ်ထား
📍ရေခဲသေတ္တာ၊အဝတ်လျှော်စက်တွေအတွက် မီးကြိုးသီးသန့်ပြေးထားပါတယ်..
🏠ဘေးပြတင်း‌ပေါက်အားလုံးသံပန်းတပ်ပြီး၊ဆန်းရှိုတ်အကုန်တပ်ပြီး၊ အနောက်ဝရံတာလဲ သံပန်းတပ်ထားပါတယ်..
🚗 ကားပါကင်မရှားတဲ့ ကားပါကြောင့် စိတ်ညစ်မှုမရှိတော့ပါ။
💰ဝယ်သူမှ ဘာမှထပ်ထည့်စရာမလို အိတ်ဆွဲပြီးတက်နေရုံပါပဲခင်ဗျာ။

🏠BCCကျပြီး စာရွက်စာတမ်းအစုံပါ အရှုပ်အရှင်းလုံးဝမရှိပါ

💰ရောင်းဈေး - ကျပ် သိန်း ၆၇၀( ညှိနှိုင်းဆောင်ရွက်ပေးပါ့မယ်)

(Home Loan ဘဏ်ချိတ် မရပါခင်ဗျာ)
အမှန်တကယ်စိတ်ဝင်စားရင် ဆက်သွယ်ပေးပါ📞
အကျိုးဆောင်ကြီးများလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျ

☎️☎️ ဆက်သွယ်ရန် - ၀၉-၂၆၂ ၉၀၈၀၆၀၊ ၀၉- ၇၆၇၅၉၀၁၉၀

✋ချက်ချင်းလိုက်မပြနိုင်သဖြင့် ကြိုတင်ဆက်သွယ်ပြီး ကြည့်မည့်အချိန်‌ကို ကြိုချိန်းပေးပါရန်🙏

🏠Wai Min Hein Construction & RealEstateCo.,Ltd
အိမ်ခြံမြေတိုက်ခန်းများကို ဝယ်သူနှင့်ရောင်းချသူ နှစ်ဦးနှစ်ဖက်တွေ့ဆုံ
ညှိနှိုင်းပေးပြီး စာရွက်စာတမ်းများသေချာစွာစစ်ဆေးပေးပါတယ်ခင်ဗျ။

စာချုပ်စာတမ်း ခိုင်မာမှုရှိပြီး အမှားအယွင်းမဖြစ်စေရန် လိုအပ်ပါက
ကျွန်တော်များ WMH Companyမှ အတွေ့အကြုံရင့်ကျက်သော
တရားလွှတ်တော်ရှေ့နေများ၊အထက်တန်းရှေ့နေများဖြင့်စာချုပ်စာတမ်း
မှစ၍ အမည်ပေါက်ရရှိသည်အထိ တာဝန်ယူလုပ်ဆောင်ပေးပါသည်။

လုပ်ငန်းများအပ်နှံဆောင်ရွက်လိုပါကအိမ်တိုင်ရာရောက်ညှိနှိုင်း
ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

,🏠ရပ်ကွက်သန့် နေရာကောင်းလေးမှာရှိတဲ့ နှစ်ထပ်အိမ်လုံးချင်း       အရောင်းလေးပါခင်ဗျာ📍အကျယ်- ၂၀' * ၆၀' ပါ။လမ်းမကြီးထောင့်ကွ...
02/10/2022

,🏠ရပ်ကွက်သန့် နေရာကောင်းလေးမှာရှိတဲ့ နှစ်ထပ်အိမ်လုံးချင်း
အရောင်းလေးပါခင်ဗျာ

📍အကျယ်- ၂၀' * ၆၀' ပါ။လမ်းမကြီးထောင့်ကွက်မို့ မြေပိုက ၅ ပေ
လောက်အကျယ်ထပ်ရှိပါတယ်။မျက်နှာစာ၂၀' နှင့် အရှည် ပေ ၆၀
မျက်နှာစာရှိပါသည်။(ပုံပါအတိုင်း)


📍မြေ- နှစ်၆၀ဂရန်မြေ ၊ အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင်ရှိပါတယ်ခင်ဗျ။
စာရွက်စာတမ်း အရှုပ်အရှင်း ကင်းပါတယ်ခင်ဗျ။

📍နေရာ- သာကေတ၊ ၁/ထူပါရုံရပ်ကွက်လမ်းမကြီးပေါ်ရှိ ‌ဒေါင့်ကွက်
လမ်းကျယ်လမ်းကောင်း၊ အရှေ့ဘက်ထွက်လျှင် မြင်တော်သာလမ်း
မကြီးနှင့် ဧရာဝဏ်လမ်းမကြီး၊ အနောက်ဘက်သည် အနော်မာရပ်ကွက်
တိုက်ရိုက်ပေါက်ပါ။
၇ဈေးနီး၊ ကျောင်းနီး၊ မှတ်တိုင်နီး၊ ဇိနမာရ်အောင်ဘုရားအနီး

📍စီးပွားရေးအတွက်ရင်းနီးမြှပ်နှံရန် နေရာကောင်းပါ။လက်ရှိမြေညီထပ်
ဆိုင်ခန်းများမှ ဝင်ငွေ ၁လ ၉သိန်း၊ အပေါ်ထပ် ၁လ ၂သိန်းခန့် ဝင်ငွေ
ပြန်လည်ရရှိနိုင်တာကြောင့် ရင်းနီးမြှပ်နှံရန်သင့်တော်ပါတယ်ခင်ဗျ။
စားသောက်ဆိုင်၊စတိုးဆိုင်နှင့်လက်ဖက်ရည်ဆိုင်ဖွင့်ချင်သူများအတွက်
လည်းနေရာကောင်းလေးပါခင်ဗျာ။

💰ရောင်းဈေး- သိန်း ၃၅၀၀ကျပ်( ညှိနှိုင်း )
ဘဏ်ချိတ်နှင့်လဲ လက်ခံဆောင်ရွက်ပေးပါ့မယ်။

📞၀၉- ၂၆၂ ၉၀၈၀၆၀ ကိုဆက်သွယ်နိုင်ပါတယ်။အကျိုးဆောင်များလည်း
ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
ကြည့်ရှုလိုရင်တော့ အချိန်ကြိုပြောပြီး ချိန်းပေးပါခင်ဗျာ။

🏠Wai Min Hein Construction & Real Estate Co.,Ltd
အိမ်ခြံမြေတိုက်ခန်းများကို ဝယ်သူနှင့်ရောင်းချသူ နှစ်ဦးနှစ်ဖက်တွေ့ဆုံ
ညှိနှိုင်းပေးပြီး စာရွက်စာတမ်းများသေချာစွာစစ်ဆေးပေးပါတယ်ခင်ဗျ။

စာချုပ်စာတမ်း ခိုင်မာမှုရှိပြီး အမှားအယွင်းမဖြစ်စေရန် လိုအပ်ပါက
ကျွန်တော်များ WMH Companyမှ အတွေ့အကြုံရင့်ကျက်သော
တရားလွှတ်တော်ရှေ့နေများ၊အထက်တန်းရှေ့နေများဖြင့်စာချုပ်စာတမ်း
မှစ၍ အမည်ပေါက်ရရှိသည်အထိ တာဝန်ယူလုပ်ဆောင်ပေးပါသည်။

လုပ်ငန်းများအပ်နှံဆောင်ရွက်လိုပါကအိမ်တိုင်ရာရောက်ညှိနှိုင်း
ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

🏠 သာကေတ၊ရှုခင်းသာလမ်းမကြီးပေါ်ကမြေကွက်နှင့်      တိုက်အိမ် အရောင်းလေးပါခင်ဗျ။ ☑️ အကျယ်- ၂၄’ x ၆၀’ ၊ ဂရန်မြေ☑️ရေ/ မီးအစုံ...
28/09/2022

🏠 သာကေတ၊ရှုခင်းသာလမ်းမကြီးပေါ်ကမြေကွက်နှင့်
တိုက်အိမ် အရောင်းလေးပါခင်ဗျ။

☑️ အကျယ်- ၂၄’ x ၆၀’ ၊ ဂရန်မြေ

☑️ရေ/ မီးအစုံ

☑️စီးပွါးရေးလုပ်ရန် နေရာကောင်းလေးပါ။
Emerald Bay Residence အနီးကနေရာလေး
ဆိုတော့ရင်နှီးမြုပ်နှံမှုလုပ်ကိုင်ဖို့အဆင်ပြေပါတယ်။
Restaurant ဖွင့်ချင်တဲ့ မိတ်ဆွေတွေအတွက်လဲ
အဆင်သင့်ပါပဲခင်ဗျ။

☑️စျေးနီး၊ ကျောင်းနီးတဲ့ အပြင် ရှုခင်းသာ water boom
နဲ့လည်း နီးပါတယ်ခင်ဗျ။ ရန်ကုန်မြို့ထဲကိုလည်း
လွယ်ကူစွာ သွားလာနိုင်တဲ့နေရာလေးပါ။

💸 ရောင်းစျေး - သိန်း ၇၅၀၀ (ညှိနှိုင်း)

📞 ၀၉- ၂၆၂ ၉၀၈၀၆၀

🤝အကျိုးဆောင်ကြီးများလည်းဆက်သွယ်နိုင်ပါတယ်။

🏠 ဝါထွက်အခါသမယ သီတင်းကျွတ်ကာလတွင်       အိမ်ခန်းရှာနေသူများအတွက် အငှါးခန်းလေးပါ။🏠 company ရုံးခန်း၊ ဆိုင်ခန်းများနှင့် m...
27/09/2022

🏠 ဝါထွက်အခါသမယ သီတင်းကျွတ်ကာလတွင်
အိမ်ခန်းရှာနေသူများအတွက် အငှါးခန်းလေးပါ။

🏠 company ရုံးခန်း၊ ဆိုင်ခန်းများနှင့် mini mark
ဖွင့်ပြီး စီးပွါးရေးလုပ်ဖို့ နေရာကောင်းလေးပါခင်ဗျ

📌 နေရာ- ဗိုလ်မြတ်ထွန်းလမ်းမကြီး(အရင်-ခရစ်လမ်း)
ဗိုလ်တစ်ထောင်မြို့နယ်
အနော်ရထာလမ်းမကြီးနှင့် နီးပါသည်။

📌 အခန်းကျယ်- ၁၈’ x ၅၄’ ( ရေမီးစုံ)

📌 မြေညီထပ်၊ မှန်ခန်းအပါ ( တစ်လ- ၁၈ သိန်းကျပ်)

📌 ပထမထပ် (တစ်လ- ၈ သိန်းကျပ်)

🤝 အနည်းဆုံး ၆လ စာချုပ်ပါခင်ဗျာ။

💸 လူလည်းနေထိုင်ရင်း စီးပွါးရေးလုပ်ကိုင်လိုသူများ
အတွက်နေရာကောင်းလေးပါခင်ဗျာ။
နေထိုင်ရန် အဆင်သင့်ပါခင်ဗျ။

🤝 ဆက်သွယ်ရန်- ၀၉ ၂၆၂ ၉၀၈၀၆၀

26/09/2022

🏠 သာကေတ၊၆/ အရှေ့ရပ်ကွက်၊ဝေဇယန္တာလမ်းသွယ်
တွင်ရှိသော (၂၀’x ၆၀’) အိမ်ပါ မြေကွက်
💧ရေ၊ မီးစုံပါခင်ဗျ။

📌 ဝယ်သူ ဂရန်အမည်ပေါက်ဆောင်ရွက်ပေးပါမည်။

📌 ရှုခင်းသာ လမ်းမကြီး တိုက်ရိုက်ပေါက်ပါ။
( တစ်မိနစ်အတွင်း)

📌 5 star မှတ်တိုင်၊ အောင်သုခမှတ်တိုင်အနီး
နေရာကောင်းတဲ့ မြေကွက်လေးပါခင်ဗျ။

💸ရောင်းစျေး- သိန်း ၁၂၀၀ ကျပ် ( ညှိနှိုင်း)

📞 ၀၉- ၂၆၂ ၉၀၈၀၆၀

🤝အကျိုးတူ လုပ်ကိုင်နိုင်ပါတယ်ခင်ဗျာ။

မိတ်ဆွေရဲ့ အကျိုးစီးပွါးတိုးတက်ဖို့အတွက်နဲ့ စိတ်အေးချမ်းသာစွာရှုခင်းကောင်းလေးတွေနဲ့ နေထိုင်ချင်ရင်တော့ပြင်ဦးလွင်မြို့ မှ...
25/09/2022

မိတ်ဆွေရဲ့ အကျိုးစီးပွါးတိုးတက်ဖို့အတွက်နဲ့ စိတ်အေး

ချမ်းသာစွာရှုခင်းကောင်းလေးတွေနဲ့ နေထိုင်ချင်ရင်တော့

ပြင်ဦးလွင်မြို့ မှာ ရင်းနှီးမြှုပ်နှံပါ

🏙️𝐌𝐚𝐩𝐥𝐞 𝐕𝐢𝐥𝐥𝐚 𝟒🌆

ပြင်ဦးလွင်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ နှီးဘုရား အနီး ဂရံမြေကွက်များ

မြေဈေးနှုန်း
ပုံမှန်အကွက်များ

ပေ (၅၀×၆၆) ၁၀၄၀ မှ ၁၂၀၀ သိန်း

ထောင့်ကွက်များ

ပေ (၆၄×၆၃×၅၀×၅၀) ၁၂၅၀ သိန်း
ပေ(၆၇×၆၆×၅၉×၅၅) ၁၄၃၀ သိန်း
ပေ(၈၀×၆၆×၇၀×၇၁) ၁၉၅၀ သိန်း
ပေ(၆၈×၆၆×၆၃×၅၉) ၁၅၄၀ သိန်း

စုစုပေါင်း ၂၄ ကွက်သာ ရှိပါသည်။

🤝D1 Sold out

🏡မြေကွက်တည်​နေရာ
✅ပြင်ဦးလွင်မြို့ အနီးစခန်း ​ဖောင်း​တော
✅ဆု​တောင်းပြည့်နှီးဘုရားကြီးအနီး
✅မြို့​ရှောင်လမ်းမကြီးမှ စက္ကန့် ၃၀ ခန့်

💰 ငွေပေးချေမှု
✅အတိုးမဲ့ အရစ်ကျ ၃ လ
( 30% Down payment)
✅ ချက်ချင်းငွေချေပါက ၅% လျော့ပေးပါမည်
✅ Online Payment လက်ခံပါသည်

🟢ခိုင်ခံ့သောမြေအမျိုးအစား

✅(ဂရန်မြေ) spရပြီး သက်တမ်း ၈ နှစ်ကျန်
၂၀၃၀ နှစ်အထိ

🤝🤝ဝန်ဆောင်မှုများ

✅အုတ်တံတိုင်း CNC စက်ဖြတ် သံပန်း ဒီဇိုင်း / တံခါး
✅ရေမီးအစုံ
✅Villa အတွင်း (၂၅)ပေအကျယ် ကွန်ကရစ်လမ်း

📝စာရွက်စာတမ်း

✅မြေအရောင်းအဝယ် စာချုပ်
✅အဆင့်ဆင့် ဆက်စပ်ချုပ်
✅ဝယ်ယူသူအမည်ပေါက် မြေအပြီး​အပိုင်
✅အလွှဲအပြောင်းစာချုပ်
✅တရားလွှတ်တော်ရှေ့နေလက်မှတ်

📓 မြေစာရင်းရုံးတွင် ဝယ်ယူသူအမည်ပေါက် မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုပေးပါမည်။

ရောင်းခွန်ကိုရောင်းချသူမှပေးဆောင်ပြီးဝယ်ခွန်ကိုဝယ်ယူသူမှဆောင်ရမည်ဖြစ်ပါသည်။

ရုံးလုပ်ငန်းများကိုရောင်း ချသူဘက်မှဆောင်ရွက်ပေးပါမယ်

အ​သေးစိတ်ထပ်မံသိရှိလို၍ဖြစ်​စေ၊ ​မြေပြင်အ​နေအထား လာ​​ရောက်ကြည့်ရှုလို၍ဖြစ်​စေ

☎️ 09- 262 908060 (viber)
📞 09- 263 099904

🏠သင်္ဃကျွန်းမြို့နယ်၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်း     ထောင့်၊ရတနာရိပ်မွန်အိမ်ယာရှိ၁၃’ x ၅၅’ပထမထပ်     တိုက်ခန်း အရောင်းလေးပ...
24/09/2022

🏠သင်္ဃကျွန်းမြို့နယ်၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်း
ထောင့်၊ရတနာရိပ်မွန်အိမ်ယာရှိ၁၃’ x ၅၅’ပထမထပ်
တိုက်ခန်း အရောင်းလေးပါ🏠

📌ဧည့်ခန်းနှင့်အိမ်ခန်းအဆုံးထိ ကျွန်းပါကေးများခင်း
ထားပါတယ်။ ဧည့်ခန်းရှိ မျက်နှာကျက်ကို ကျွန်းလျှာ
ထိုးပြားများဖြင့် အလှဆင်ထားပါတယ်။

📌အိပ်ခန်းကျယ် ဖွဲ့ထားပြီး၊ နံရံကပ်မီးလုံးများလည်း
တပ်ဆင်ထားပါတယ်။ရေချိုးခန်း၊အိမ်သာသီးသန့်ပါ။
မီးဖိုခန်းလဲကျယ်ဝန်းပါတယ်။

📌 ပထမထပ်မို့ အသက်ကြီးတဲ့မိဘများအတွက်လဲ
နေရာသင့်တော်ပါတယ်ခင်ဗျ။

👨‍💼စာရွက်စာတမ်းအစုံရှိပါတယ်။ BCCကျပြီး။

📌အောင်ရတနာအထူးကုဆေးခန်းနှင့်ကပ်လျက်၊
မှတ်တိုင်နီး၊ စျေးနီး တကယ့်နေရာကောင်းလေးပါ။

💸 ရောင်းစျေး- သိန်း ၈၀၀ ညှိနှိုင်းပါခင်ဗျာ။

📞 အခန်းကြည့်ချင်လျှင် တစ်ရက်ကြိုပြောပေးပါ။
ဆက်သွယ်ရန်- ၀၉ ၂၆၂ ၉၀၈၀၆၀

24/09/2022

🏠သာကေတမြို့နယ်အတွင်း ပေ ၆၀ ပတ်လည် မြေကွက်ဝယ်လက်ရှိပါသည်။

🚗 လမ်းမကြီးပေါ်ဦးစားပေးကြည့်လိုပါသည်။

🤝အကျိုးတူ ပူးပေါင်း၍ လုပ်ကိုင်နိုင်ပါသည်။

📞၀၉- ၂၆၂ ၉၀၈၀၆၀

🏠သာကေတ၊ ၆/ အရှေ့ရပ်ကွက်၊ အောင်သုခ ၂၆ လမ်းပေ ၂၀’* ၆၀’မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော၁၇’* ၄၅’ နှစ်ထပ်တိုက်သစ် ရောင်းမည်🏠👨‍...
22/09/2022

🏠သာကေတ၊ ၆/ အရှေ့ရပ်ကွက်၊ အောင်သုခ ၂၆ လမ်း
ပေ ၂၀’* ၆၀’မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော
၁၇’* ၄၅’ နှစ်ထပ်တိုက်သစ် ရောင်းမည်🏠

👨‍💼ဂရန်အမည်ပေါက်အရှုပ်အရှင်းကင်း၊ စာရွက်စာတမ်း
အစုံအလင်ရှိပါတယ်။ စစ်ဆေးနိုင်ပါတယ်။


📌မြေညီထပ်တွင် ဧည့်ခန်း၊ အိပ်ခန်းကျယ်နှင့် မီးဖိုခန်း
ရေချိုးခန်း၊ အိမ်သာခန်း ပါဝင်ပါတယ်။
နှစ်ပေ ပတ်လည်ကြွေပြား အပြည့်ခင်းကျင်းထား

📌အပေါ်ထပ်တွင် SPC 6.5 mm အထူရှိ ပါကေးခင်း
ဘုရားခန်း၊ဧည့်ခန်း၊ MBR- 2 ခန်း

📌အဝီစိရေတွင်းနှင့်မီတာတပ်ဆင်ထားပြီးဖြစ်ပါတယ်။
ရေအတွက်စိတ်ပူစရာမလိုအောင် ဂါလံ ၃၀၀ကျော်
ရေလှောင်ကန်လဲပါဝင်ပါတယ်။
အခန်းတွင်းပြတင်းပေါက်များတွင် လုံခြုံရေးအတွက်
သံပန်းတံခါးများတပ်ဆင်ထားပါတယ်။
တံခါးမကြီးနှင့်နောက်ဘက်တံခါးများတွင်လည်း
သံပန်းတံခါးများတပ်ဆင်ထားပါတယ်။


📌ကားပါကင်အတွက်လဲ စိတ်ပူစရာမလိုပဲ ခြံဝန်းထဲမှာ
လုံခြုံစိတ်ချစွာ ထားရှိနိုင်ပါတယ်။

📍နေရာလေးကလဲ ရှုခင်းသာလမ်းမကြီးရဲ့ ဒုတိယ
ကျောကပ်လမ်း၊လမ်းကျယ်လမ်းသန့်ကွန်ကရစ်လမ်း
ကားမှတ်တိုင်နီး၊ စျေးနီး၊ ကျောင်းနီး နေရာလေးပါ။

💸ရောင်းစျေး- သိန်း ၂၅၀၀ ပါးပါးညှိနှိုင်း

📳ဆက်သွယ်ရန်- ၀၉ ၂၆၂ ၉၀၈၀၆၀

Address

No. 482, Aung Thapyay 6 Street, 7 East Ward, Tharkayta Township
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959262908060

Website

Alerts

Be the first to know and let us send you an email when Wai Min Hein Construction & Real Estate Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wai Min Hein Construction & Real Estate Co.,Ltd:

Share

Category