MAHAR MOE MYAY Co.,Ltd.

MAHAR MOE MYAY Co.,Ltd. ယုံကြည်၊ စိတ်ချ ရသော အဖွဲ့စည်းတစ်ခု?

23/10/2025
23/10/2025
၂၀၂၅
31/12/2024

၂၀၂၅

01/12/2023
သတိပြုပါ
01/12/2023

သတိပြုပါ

10/09/2023

⚪️ ဝယ်ခွန် - ရောင်းခွန် ⚪️

ဝယ်သူသည်ဝယ်ခွန်ဆောင်ရမည့်တာဝန်ရှိသလို၊ ရောင်းသူသည်လည်းရောင်းခွန်ဆောင်ရမည့်တာဝန်သည် နဂိုမူလကတည်းကရှိထားပြီးသားပါ။

မြေကွက်တစ်ကွက်ကိုအခွန်ဆောင်အမည်ပြောင်းမည်ဆိုပါက ပုံမှန်အားဖြင့် ဝယ်သူသည်သာ ဝင်ငွေခွန် ၊တံဆိပ်ခေါင်းခွန် ၊မှတ်ပုံတင်ကြေး စသည်အခွန်တို့ကို ဆောင်ရပါတယ်။
ယခင်ကဆိုလျှင် သက်ဆိုင်ရာအခွန်ရုံးမှ ရောင်းသူများထံ ရောင်းခွန်(အမြတ်တော်ခွန်) အား
လာရောက်ဆောင်ရန် အကြောင်းကြားစာပေးပို့တယ်။ ဆောင်သူရှိသလို မဆောင်သူများလည်းရှိပါတယ်။
ရောင်းသူဘက်မှ ရောင်းခွန်ဆောင်ဆောင်၊ မဆောင်ဆောင် ဝယ်သူကတော့ ဝင်ငွေခွန်ဆောင်ပြီးသည့်အခါ အချိန်တန်လျှင် တံဆိပ်ခေါင်းခွန်ဆောင်ပြီးဆိုသည့်နှင့်တပြိုက်နက် ပတခ(ဝင)-၈ စာရွက်အားထုတ်ပေးပါတယ်။ ထိုအခါမှသာ တံဆိပ်ခေါင်းများဖြင့် မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုကြပါတယ်။

ယခုကတော့ အရင်လိုမဟုတ်တော့ပါဘူး။
အခွန်ဦးစီးဌာနတွေက ရောင်းသူဘက်ကိုလည်း အခွန်လိုက်နေပါတယ်။ ရောင်းခွန်လိုက်တာပြဿနာမဟုတ်ပေမဲ့ ဝယ်သူအနေဖြင့်ဆိုလျှင်
ကိုယ့်ဝယ်ခွန် ကိုယ်ဆောင်ရတာပင်လျှင် အခက်အခဲတချို့ကြုံနေရပါတယ်။ ဒါဟာဘာလဲဆိုရင် ဝယ်သူဟာဝင်ငွေခွန်အရင်ဆုံးဆောင်ပါတယ်။ ဝင်ငွေခွန်ဆောင်ပြီးလို့ တံဆိပ်ခေါင်းခွန်ဆောင်ရန်အတွက်ယခင်ကလို သတ်မှတ်ရက်နေ့လာဆောင်
ပါလို့အခွန်ရုံးမှ မချိန်းပေးတော့ပါဘူး။

အခွန်ရုံးအနေဖြင့် ရောင်းသူဘက်ကို မိမိရောင်းချထားသည့်မြေကွက်နှင့်စပ်လျဥ်းပြီးရောင်းခွန်လာရောက်ဆောင်ဖို့ကို ရုံးစာဖြင့် စာတိုက် ကနေတစ်ဆင့်ပေးပို့ ပြီး လာရောက်ဆောင်ခိုင်းနေပါပြီ။
(အောက်တွင် ပူးတွဲဖော်ပြပေးထားပါတယ်။)

ထိုအခါမှာ ဝယ်သူအနေနဲ့အချိန်ကြန့်ကြာမှုတွေဖြစ်ပေါ်လာပါပြီ။ တချို့အရောင်းအဝယ်တွေမှာဆိုရင်ရောင်းသူ( sp)ကိုင်ထားသူမှ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်ကြီးလိုက်ချုပ်ပေးသည့်နေ့တွင် ကျန်ငွေအချို့အားပေးချေရန် ကတိကဝတ်ထားပြီး အရောင်းအဝယ်မပြတ်သေးသည့် ကိစွရပ်မျိုးတွေမှာဆိုရင် ...ရောင်းသူဘက်မှ ရောင်းခွန်လာမဆောင်ပေးပါ ဝယ်သူအနေနဲ့ ဒုက္ခရောက်ရတာမျိုးတွေရှိနိုင်ပါတယ်။
အချို့ဝယ်သူတွေဆိုရင် ရောင်းသူဘက်မှရောင်း ခွန်လာမဆောင်မချင်း စာချုပ်ကြီးမချုပ်သေးဘဲ စောင့်ဆိုင်းပေးတာမျိုးလည်းရှိပါတယ်။

ရောင်းသူ ဘက်မှ ရောင်းခွန်(အမြတ်တော်ခွန်) ကိုလာရောက်ဆောင်ပေးပြီးမှသာ ဝယ်သူကိုတံဆိပ်ခေါင်းခွန်ထမ်းဆောင်းခိုင်းပါတော့တယ်။ တံဆိပ်ခေါင်းတွေရမှသာ စာချုပ်ကြီးချုပ်တဲ့
အဆင့်ပြီးပါတယ်။
အချို့ရောင်းသူတွေဆိုလျှင် ငွေဖြူလိုချင်၍ မြေကွက်ရောင်းတိုင်း၊ရောင်းတိုင်းမှာ ရောင်းခွန်ဆောင်နေကြသူတွေလည်း မြင်ဖူးပါတယ်။ တချို့ရောင်းသူတွေကြ ရောင်းပြီးပြီမဆိုင်တော့ဘူးဆိုပြီး
မဆောင်ကြတာရှိပါတယ်။ (ယခုကတော့မဆောင်လို့မရတော့ပါဘူး။)

တချို့အခွန်ဆောင်အမည်ပြောင်းရာမှာ ဂရန်အမည်ပေါက်ဆီကဝယ်သူက အမည်ပေါက်နှင့်တိုက်ရိုက် အရောင်းအဝယ်စာချုပ်ချုပ်ကြတာ
ရှိသလို၊ ဂရန်အမည်ပေါက်သူစီမှ SP or GP ရယူထားသူနဲ့ အရောင်းအဝယ်စာချုပ်ကြီးချုပ်ဆိုကြတာတွေလည်းရှိကြပါတယ်။

SP or GP ယူထားသည့်ရောင်းသူဆီကို အခွန်မလိုက်ဘူးဟုမထင်ပါနှင့်။ ရာဖြတ်တင်သည့်စာချုပ်၌ sp or gp သမားနှင့် အရောင်းအဝယ်ချုပ်ဆိုထားခဲ့ပါက အဆိုပါမြေကွက်၏ ရောင်းခွန်သည်လည်း ထို sp or gp သမားထံ အခွန်ရုံးမှစာပို့ပါသည်။ ဒါကိုဘာလို့ပြောရလဲဆိုရင် အချို့ဝယ်ရောင်းကောက်သည့် သူများသိစေလိုပါတယ်။
အမည်ပေါက်ဆီကဝယ်ပြီး ပြန်ရောင်းမှာဘဲဆိုပြီး sp သာယူထားကြတယ်။ နောက်ဝယ်သူကို ကိုယ်က sp ကိုင်ပြီး လိုက်လံဆောင်ရွက်ပေးကြတဲ့အခါ ယခုလို sp သမားတွေဆီလည်းအခွန်လိုက်ကြတာကိုသိထားဖို့လိုပါမယ်။

ရှေ့နေတွေထဲမှာတောင်ရှိပါတယ် ၊ ဆရာ/ ဆရာမဘဲ အစအဆုံးလိုက်လုပ်ပေးရမှာမို့ ဆရာ/ဆရာမ ဘဲ sp ယူထားပေးပါဆိုပြီးစာချုပ်တွေချုပ်ကြတာတွေရှိပါတယ်။ ယခုလို SP သမားတွေကိုပါအခွန်လိုက်လာတော့ စိုက်ပြီးဆောင်ရမဲ့သဘောလိုဖြစ်နေပြီ

ဒါကြောင့် SP ယူထားတိုင်းလည်းမကောင်းပါဘူးနော်။ SP /GP ယူထားသူတွေ ရောင်းခွန်က
ကိုယ့်ဆီလည်းရောက်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်ဟုအကြံပြုရင်း(ဝယ်ရောင်းသမားတွေအထူးသတိထားရတော့မယ့်အခြေအနေ)

(Credit)
#မူရင်းတင်သူကိုကျေးဇူးတင်ပါသည်။

09/06/2023

လယ ၃၀ ( က / ခ)
source fb.
credit to copy.

Address

504, Ground Fl, Merchant Road, Corner Of 39th St, Kyauktada Tsp
Yangon

Telephone

+9595010437

Website

Alerts

Be the first to know and let us send you an email when MAHAR MOE MYAY Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share