Shwe Oao Si - Real Estate

Shwe Oao Si - Real Estate အိမ်၊ခြံ၊မြေ ရောင်းမယ်၊ဝယ်မယ်၊ငှါးမယ် ဆိုရင်
ရွှေအိုးစည် ကို ဆက်သွယ်ပါ။

 #005Condo ကြီးတစ်ခုဆောက်ချင်သလား...Private Hospital ကြီးဆိုလည်း စဥ်းစား လို့ရ....Hotel ကြီးလည်းဆောက်လို့ရ....ခြံမြေအကျယ...
06/08/2023

#005
Condo ကြီးတစ်ခုဆောက်ချင်သလား...
Private Hospital ကြီးဆိုလည်း စဥ်းစား လို့ရ....
Hotel ကြီးလည်းဆောက်လို့ရ....
ခြံမြေအကျယ်ကြီးနဲ့ နေချင်တာပဲဖြစ်ဖြစ်.....
0.52 ဧက ကျယ်ဝန်းတဲ့ခြံကြီးကို ရွှေအိုးစည် မှ မိတ်ဆက်ပေးပါရစေ။
သုခလမ်း (လမ်းကျယ်)၊ (5) ရပ်ကွက်၊
မရမ်းကုန်းမြို့နယ်။
(1 sq-ft = 2 သိန်း)
နှစ် 60 ဂရံ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင်ရောင်းပေးမှာပါခင်ဗျာ။

ဆက်သွယ်ရန်
09450056039
09975279816

29/07/2023

ဂရန်မြေကို ဝယ်ယူလျှင်

➢ အဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

➢ ဤ(၁၀)အဆင့်ကို(၁)ဆင့် မျှ ဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေ.အကြုံကိုရေးတာပါ။)

➢ အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1. ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2. စရန်ကြီးပေးခါနီး မူရင်ဂရန်ကိုမြင်တွေ.ရမှသာလ ျှင် စရန်ချပါ။

3. စရန်ချပြီးသည်နှင့်တပြိုင်နက်နိုင်ငံပိုင်သတင်းစာတွင် ကန်.ကွက်ရန်ရှိ/မရှိ ကြော်ငြာထည့်ပါ။

➢ ၄-မျိုး ရမှငွေပြေချေပါ။

1. အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2. မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3. မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4. မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် ၃-ဆင့်။

1. တန်ဘိုးလျော့ချုပ်သည့်စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2. “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို.ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3. အားလုံးပြီးမှ မြို.တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။
Credit
_____________________
လူကြီးမင်းတို့ လိုအပ်လျှက်ရှိသည့် အိမ် / ခြံ / မြေ / ကွန်ဒို / တိုက်ခန်း / စက်မှုဇုန် / ဟိုတယ် / စက်ရုံ /စရင်းများ
ငှားလို ရောင်းလို ဝယ်လိုပါက
ဖုန်းဆက်မေးမြန်နိုင်ပါတယ်

09 2500 29 352 (PH)

09-777 555 605 (Viber )

Myanmar Home Real EstateServices Co.,ltd

 #004စီးပွါးရေးလုပ်ဖို့ မြေနေရာကျယ် ကျယ်လိုချင်ကြသော စီးပွါးရေးလုပ်ငန်းရှင် များ အတွက် ရွှေအိုးစည် မှ မြေနေရာ လေးကိုမိတ်...
28/07/2023

#004
စီးပွါးရေးလုပ်ဖို့ မြေနေရာကျယ် ကျယ်လိုချင်ကြသော စီးပွါးရေးလုပ်ငန်းရှင် များ အတွက် ရွှေအိုးစည် မှ မြေနေရာ လေးကိုမိတ်ဆက်ပေးပါရစေ။ စက်မူ့မြေပါမစ်ကြပြီးသားမို့ ရင်းနှီးမြှပ်နှံမူ့အတွက်အကောင်းဆုံးလို့အကြံပြုပါရစေ။
Location: ပဲခူးတိုင်း လေးအိမ်စုကျေးရွာ
အကျယ်အဝန်း : ၁၇.၁၉ ဧက
စျေးနုန်း : ၁ ဧက x သိန်း ၈၅၀
Google map :
https://maps.app.goo.gl/fa6pgkouc13Q2tBKA?g_st=iv
Dropped pin

 #003 ( Sold out)ကန်ရိပ်သာ ကွန်ဒို Kan Yeik Thar Condoအကျယ်အဝန်း 1470 sqftစျေး ၂၄၀၀ သိန်း (2400 lakhs)ကန်တော်ကြီးပတ်လမ်း
27/07/2023

#003 ( Sold out)
ကန်ရိပ်သာ ကွန်ဒို Kan Yeik Thar Condo
အကျယ်အဝန်း 1470 sqft
စျေး ၂၄၀၀ သိန်း (2400 lakhs)
ကန်တော်ကြီးပတ်လမ်း

 #002 အင်းစိန်မြို့နယ်ထဲက ခြံကျယ် လမ်းကောင်း ပတ်ဝန်းကျင်သန့်ထဲကတောင်သူကုန်းရပ်ကွက်နိဗ္ဗာန် လေးလမ်း70 ft x 60ftဂရံ အမည်ပေ...
21/07/2023

#002
အင်းစိန်မြို့နယ်ထဲက ခြံကျယ် လမ်းကောင်း ပတ်ဝန်းကျင်သန့်ထဲက

တောင်သူကုန်းရပ်ကွက်
နိဗ္ဗာန် လေးလမ်း
70 ft x 60ft
ဂရံ အမည်ပေါက်
သိန်း 3000

 #001Good morning  ရွှေအိုးစည်မှ ယနေ့ အရောင်းဖွင့်ပါရစေ။Location: Pyay Yeik Thar, 7 MileArea: 0.197 Acre Feature: Landed...
21/07/2023

#001
Good morning
ရွှေအိုးစည်မှ ယနေ့ အရောင်းဖွင့်ပါရစေ။

Location: Pyay Yeik Thar, 7 Mile
Area: 0.197 Acre
Feature: Landed house, Swimming Pool
Price: 5B (50,000 Lakhs) MMK
Type: Grant

(မိတ်ဆွေတိုရဲ့ အိမ်၊ခြံ၊မြေ တွေကို စိတ်ချမ်းသာစွာနဲ့ ရောင်း၊ဝယ်၊ငှါး လုပ်နိုင်ဖို့ ရွှေအိုးစည် ဆိုတာရှိပါတယ်။)
09 975 279 816
09 4500 560 39

20/07/2023

တိုက်ခန်းပိုင်ရှင်ရဲ့ ခိုင်မာမှု
====================
တိုက်ခန်းဝယ်ထားသူတွေ/ တိုက်ခန်းပိုင်ရှင်တွေအကုန်လုံးက မြေရှင်/တိုက်ရှင် ဆီက ထာဝရ ငှားရမ်းနေကြရသူတွေဆိုတာဟုတ်ပါတယ်။ တိုက်တစ်တိုက်လုံးရဲ့ပိုင်ရှင်က မြေရှင်ပါပဲ။ တိုက်ခန်းပိုင်ရှင်ဆိုတာက အဲဒီမြေရှင်ပိုင်တဲ့တိုက်မှာ ထာဝရငှားရမ်းနေကြသူတွေပါ။

လက်ရှိဥပဒေအရကတော့ အဲအတိုင်းပါပဲ.

ဒါဆိုရင် တိုက်ခန်းပိုင်ရှင်တွေက မပိုင်ဘူးဆိုတော့ အခွင့်အရေးတွေ၊ ခိုင်မာမှုတွေ ဘာတွေရှိလဲဆိုရင် အများကြီးရှိပါတယ်။ ဆရာကြည်စိုး ic ရဲ့ စကားအရဆိုရင် စာရွက်စာတမ်းခိုင်လုံတဲ့ လိုက်နာတဲ့ တိုက်ခန်းပိုင်ရှင်ကို မြေရှင်က လက်ဖျားနဲ့တောင်တို့လို့မရဘူးလို့ ဆိုပါတယ်။

တိုက်ခန်းဥပဒေဆိုပြီးမရှိသေးတော့ တိုက်ခန်းနှင့်ပတ်သက်တဲ့ ပိုင်ဆိုင်မှုအရှုပ်အရှင်းအမှုအခင်းတွေကို မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေတွေနှင့် ပစ္စည်းလွဲပြောင်းခြင်း ဥပဒေတွေနဲ့ ဆုံးဖြတ်ကြတယ်လို့ မှတ်သားဖူးပါတယ်။ အဲဥပဒေအတိုင်း တာဝန်ယူမှုတွေရှိတဲ့ တိုက်ခန်းပိုင်ရှင်တွေဟာ အခွင့်အရေးတွေ ခိုင်မာမှုတွေ အပြည့်ရှိပါတယ်။

တိုင်ခန်းပိုင်ရှင်တွေရဲ့ တာဝန်ယူမှုအနေနှင့် ကတော့
- စည်ကမ်းချိုးဖောက်လို့မရပါဘူး။ (ဒီအခန်းငါပိုင်တယ်၊ ငါဝယ်ထားတယ်ဆိုပြီး ပတ်ဝန်းကျင်က အမြင်ကတ်လောက်အောင် စည်းပျက်၊ ကမ်းပျက်နေလို့မရပါဘူး။ သောက်စားမူးယစ်ဆူညံပြီးစည်းမရှိ၊ ကမ်းမရှိနေချင်တိုင်းနေလို့မရပါဘူး)
- အိမ်လခမပေးလို့မရပါဘူး။ (အချို့က ဒီအခန်းက ကျွန်တော်ဝယ်ပြီးကတည်းက တစ်ခါမှ မြေရှင်ကို အိမ်ငှားခ/မြေငှားခ မပေးရဘူး။ လာလည်းမတောင်းဘူး။ ပေးစရာလည်းမလိုဘူး ဆိုပြီးပျော်နေတတ်ကြပါတယ်။ အဲဒါက အချို့မြေရှင်တွေက မြေရှင်မစစ်တာတွေရှိပါတယ်။ မြေရှင်ကိုယ်စားတွေရှိပါတယ်။ အမွေဆိုင်တွေရှိပါတယ်။ ပေးရတာကလည်း ၂၀၀၀၊ ၃၀၀၀ ပါ။ သူ့ဘာသာ တိုက်ခန်းပိုင်ရှင်မကလို့ ဘာပဲဖြစ်ဖြစ် ဥပဒေအရ မပေးရင်တော့ မြေရှင်က မောင်းချလို့ရပါတယ်။)
- ဘေးအိမ်တွေကိုနှောင့်ယှက်လို့မရပါဘူး။ (အချို့က တိုက်ရိုက်တော့မနှောင့်ယှက်ဘူး။ ခွေးတွေ၊ ကြောင်တွေကို ဆယ်နှင့်ချီပြီး အများကြီးမွေးထားတယ်၊ အဲဒါလည်းဘေးအခန်းတွေကမကျေနပ်ရင်၊ မြေရှင်က မလုပ်နှင့်လို့ပြောတာကို ဆက်လုပ်ရင် မောင်းချလို့ရပါတယ်။)
- အိမ်ကိုဖျက်ဆီးတာတို့ ပျက်စီးစေတာတို့မလုပ်ရပါဘူး။ (အဲဒါကတော့ရှင်းပါတယ်။ ငါ့အခန်းငါပိုင်တယ်ဆိုပြီး ထုချင်ရာထု၊ ဖျက်ဆီချင်ရာဖျက်ဆီးနေရင် တိုက်ပြိုရင် အကုန်တိုင်ပတ်မယ့်ကိစ္စဆိုတော့ အဲလိုလုပ်ရင် မောင်းချလို့ရပါတယ်)
ဒါတွေကလည်း ကြီးကြီးမားမားမဟုတ်ပါဘူး။ စည်းကမ်းရှိတဲ့ လူအဖွဲ့အစည်းမှာနေတဲ့ လူယဉ်ကျေးတိုင်း လိုက်နာကြတဲ့ စည်းကမ်းတာဝန်ယူမှုတွေပါပဲ.. ဘာမှအပန်းလည်းမကြီးပါဘူး။

အဲဒီလိုတာဝန်ယူမှုတွေရှိတဲ့ တိုက်ခန်းပိုင်ရှင်တွေဟာ ဘာအခွင့်အရေးနဲ့ ခိုင်မာမှုတွေရသလဲဆိုရင်
- တိုက်ပြန်ဆောက်မယ်ဆိုရင် ၁ နှစ်အတွင်း မြေရှင်က တိုက်ခန်းပိုင်ရှင်ကို ငွေပြန်အမ်းပေးရပါတယ်။ (ငွေပြန်မအမ်းခံချင်ဘူး နောက်ဆောက်တဲ့အခန်းမှာအခန်းပြန်ပါချင်တယ်ဆိုရင် ငွေဘယ်လောက်ပြန်ထည့်မယ် စသဖြင့် ငြိကြပေါ့လေ၊ သေချာတာကတော့ လေထဲက အခန်းမို့ ငါမြေရှင်/ တိုက်ရှင်မို့ငါပိုင်တယ်။ အခုပြန်ပြင်တော့မှာ မင်းတို့နဲ့မဆိုင်ဘူးဆိုပြီးလုပ်လို့မရပါဘူး၊ ဥပဒေက တိုက်ခန်းပိုင်ရှင်ဘက်က အခိုင်အမာရှိပါတယ်)
- တိုက်ပြန်ပြင်မယ်ဆိုရင်တော့ ၉ လအတွင်း မြေရှင်က တိုက်ခန်းပိုင်ရှင်ကို ငွေပြန်အမ်းပေးရပါတယ်။
- သဘာဝဘေးဖြစ်တဲ့ မီးလောင်၊ လေတိုက်၊ ရေကြီး၊ ငလျင်... စတာတွေကြောင့် တတိုက်လုံးပြိုကျသွားရင်လည်း တိုက်ခန်းပိုင်ရှင်ရဲ့ မြေရှင်/ မြေငှားစာချုပ်က ပျက်ပြယ်မသွားပါဘူး။ မြေရှင်ဆီကတော့ အလျော်မရဘူးပေါ့. သူလည်း ဆုံးရှုံးတာကိုး။ ပြီးတော့သူဆန္ဒနှင့်လုပ်တာလည်းမဟုတ်ဘူးလေ။ အဲဒါကတော့ အားလုံးဆုံးရှုံးကြရတဲ့အတူတူ အားလုံးအချိုးကျပြန်ထည့်ပီး ကိုယ့်အခန်းကိုယ်ပြန်ယူလို့ရပါတယ်. အများပြောသလို ပြိုသွားရင် မြေရှင်ကပြန်ရတယ်။ အခန်းပိုင်ရှင်တွေက ဘာမှမရဘူးဆိုတာ မဟုတ်ပါဘူး။ မဆုံးပါဘူး။ ဥပဒေက တိုက်ခန်းပိုင်ရှင်/ ထာဝရငှားရမ်းသူဘက်မှာရှိပါတယ်။

#ရန်ကုန်တိုက်ခန်း
Wutt Hmone Oo

20/07/2023

ရွှေအိုးစည် အိမ်၊ခြံ၊မြေ အကျိုးဆောင် ဆိုတာရှိတယ်။

Address

Bawga Theikdi Street
Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Oao Si - Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category