15/09/2021
Motion Sensor ဆိုတာကတော့ Sensor ရဲ့အနားမှာ အရွေ့တစ်ခုခုတွေ့လျှင် မိမိကြိုက်တဲ့ မီးကို လင်းပေးတာဖြစ်ဖြစ်... တခြားသော လုပ်ဆောင်ချက်တစ်ခုခုကို ချိတ်ဆက် အသုံးပြုရတာပဲဖြစ်ပါတယ်။
Sensor နဲ့အလွယ်တကူ ချိတ်ဆက်ပြီး Sensor မှာနောက်ထပ် Function တွေဖြစ်တဲ့ Lux Sensor, Time Delay တို့ကိုလည်း လိုအပ်သလို ချိန်ငြှိနိုင်ပါသေးတယ်။
Motion Sensor မှာ AC နဲ့ DC (၂)မျိုးရှိပြီးတော့ AC က 220V နဲ့တိုက်ရိုက်ချိတ်ဆက်ပြီး၊ DC တွေကတော့ လိုအပ်တဲ့ Voltage အတိုင်း ချိတ်ပေးပြီး အသုံးပြုနိုင်ပါတယ်။ Home Automation System များနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။