Ariya Midas - Hospitality

Ariya Midas - Hospitality Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ariya Midas - Hospitality, Property management company, 56B, KabarAye Pagoda Road, Yangon.

ကိုဗစ်ဖြစ်အပြီး ၂၁ ရက်မြောက်နေ့မှာတော့ Covid Antibody ထွက်လို့လာပါပြီ။ 🥰IgG Antibody ထွက်ရင် ကိုယ်ထဲမှာ ကိုဗစ်ပိုးတွေမရှ...
06/08/2021

ကိုဗစ်ဖြစ်အပြီး ၂၁ ရက်မြောက်နေ့မှာတော့ Covid Antibody ထွက်လို့လာပါပြီ။ 🥰
IgG Antibody ထွက်ရင် ကိုယ်ထဲမှာ ကိုဗစ်ပိုးတွေမရှိတော့သလို နောက်သုံးလကနေ ခြောက်လအထိလည်း တော်ရုံနဲ့ ကိုဗစ်မကူးနိုင်တော့ပါဘူး။

Antibody ထွက်မထွက်ကို Rapid Antibody Test Kit လေးနဲ့ စစ်လို့ရပါတယ်။ ကိုဗစ်ဖြစ်ပြီးသူများ Antibody ထွက်မထွက်စစ်သင့်ပါတယ်။ ဈေးက ၁၅၀၀၀ ဝန်းကျင်ဖြစ်ပြီး အိမ်မှာတင် အလွယ်တကူစစ်လို့ရပါတယ်။

• Antigen Test Kit နဲ့ မတူတာက Antigen Test က နှာခေါင်းတို့ဖတ်ယူစစ်ရတာဖြစ်ပြီး ကိုဗစ်ပိုးရှိမရှိ စစ်တာပါ။ Test kit မှာ နှစ်ကြောင်းပဲပါပြီး တစ်ကြောင်းပဲပေါ်ရင် -ve (ကိုဗစ်မရှိ)၊ နှစ်ကြောင်းပေါ်ရင် +ve (ကိုဗစ်ရှိ) ပါ။

• Antibody Test Kit ကတော့ သွေးဖောက်စစ်ရတာပါ။ လက်ထိပ်ကို ဆီးချိုစစ်သလို သွေးဖောက်စစ်ပြီး စစ်ရတာပါ။ လိုင်း ၃ လိုင်းပါပြီး ပေါ်တဲ့လိုင်းပေါ်မူတည်ပြီး လက်ရှိ ကိုဗစ်ဖြစ်နေလား။ ပျောက်ပြီးတော့ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ Antibody ထွက်နေပြီလားဆိုတာ သိနိုင်ပါတယ်။ အဖြေဘယ်လိုဖတ်ရလဲ ဘယ်လိုသုံးရလဲဆိုတာကိုတော့ အောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။

Covid Antibody Test Kit ဆိုတာ ❓
=======================

Covid Antibody Test Kit ဆိုတာ Covid နလံထစ လူနာတွေအနေနဲ့ ကိုဗစ်ဖြစ်ပြီးနောက် ခန္ဓာကိုယ်က ကိုဗစ်ပိုးကို အလိုအလျောက်တုန့်ပြန်တဲ့ ကိုယ်ခံအား Antibody ထွက်မထွက်ကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ရှင်းချင်လို့ပဲဖြစ်ဖြစ် Covid ဖြစ်သွားပြီးနောက် ကိုယ်ခံအားရမရ သိချင်လို့ပဲ ဖြစ်ဖြစ် စစ်ကြည့်နိုင်ပါတယ်။

ဘယ်အချိန်မှာ စစ်သင့်လဲ❓
================

Antibody Test Kit ကို စစ်သင့်တဲ့အချိန်ကတော့ နှာခေါင်းတို့ဖတ်ယူစစ်ရတဲ့ Antigen Test kit နဲ့ စစ်လို့ Covid (+)ve ဖြစ်ပြီး ၁ ပတ်ကနေ ၃ ပတ်ကြားပါ။ Antibody က အစောဆုံး နှစ်ပတ်အကြာမှာ ထွက်တာမလို့ နှစ်ပတ်ကျော်မှ စစ်ရင်တော့ အကောင်းဆုံးပါ။

ဘယ်လို စစ်မလဲ ❓
========

Antibody Test Kit တစ်ခုဝယ်ရင် တစ်ခါသုံးအပ်၊ အရက်ပြန်သုတ်ထားတဲ့ဂွမ်း (Alcohol Pad) ၊ သွေးယူတဲ့ပြွန်တံ၊ ဆေးရည်ဗူး၊ စစ်တဲ့အပြား (Test Kit) ပါပါတယ်။

1. လက်ချောင်းထိပ်ကို အရက်ပြန်ပါတဲ့ဂွမ်းနဲ့သုတ်ပြီး တစ်ခါသုံးအပ်နဲ့ ဆီးချိုစစ်ရင်ဖောက်သလို တစ်ချက်ဖောက်လိုက်ပါ။
2. ပထမဆုံးထွက်တဲ့သွေးကို မသုံးဘဲ သုတ်ပစ်လိုက်ပါ။
3. ညှစ်လို့ ထပ်ထွက်လာတဲ့သွေးကို သွေးယူတဲ့ပြွန်တံနဲ့ ယူလိုက်ပါ။
4. Rapid Test Kit ထဲကို သွေး ၁ စက်ချ ဆေးရည်ဘူးထဲက ဆေးရည်ကို ၂ စက်ချပါ။ တချို့ Test Kit မှာတော့ သွေး ၂ စက် ဆေးရည် ၁ စက် ထည့်ရပါတယ်။ ကိုယ်ဝယ်တဲ့ Test Kit အညွှန်းကို သေချာဖတ်ပါ။
တချို့ Test Kit မှာတော့ သွေးထည့်ရမယ့်နေရာနဲ့ ဆေးထည့်ရမယ့်နေရာ ၂ နေရာ ပါပါတယ်။ ကိုယ်ဝယ်တဲ့ဆီက အညွှန်းသေချာမေးပေးပါ။
5. အဖြေကို ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ကြည့်လို့ရပါပြီ။
6. စစ်ပြီးသား ပစ္စည်းတွေကို ပါတဲ့ပလတ်စတစ်အိတ်ထဲ သေချာထည့်ပိတ်ပြီးမှ စွန့်ပစ်ပါ။

အဖြေဘယ်လိုဖတ်မလဲ ❓
================

Test Kit မှာ C ရယ် IgG ရယ် IgM ရယ်ဆိုပြီး သုံးနေရာ တွေ့ရပါမယ်။
C က Control ပါ။ စစ်တိုင်း C မှာလိုင်းပေါ်ရပါမယ်။ Covid 19 မှာ Antibody နှစ်မျိုး ရှိပါတယ်။ IgG နဲ့ IgM ပါ။ IgM က ရောဂါပိုးဝင်ပြီးမကြာခင် သွေးထဲမှာပေါ်ပြီး IgG က နောက်ပိုင်းမှပေါ်တာပါ။

🔸C တစ်လိုင်းထဲမှာပဲ ပေါ်နေရင်🔸
C တစ်ခုထဲပေါ်ပြီး IgG ရော IgM ရော မပေါ်ရင် ရောဂါပိုးကူးစက်မခံရသေးတာပါ။ ဒါမှမဟုတ် အရမ်းစောလို့ မပေါ်သေးတာလည်း ဖြစ်နိုင်ပါတယ်။

🔸C ရယ် IgG ရယ် နှစ်လိုင်းပေါ်နေရင်🔸
ကိုဗစ်ဖြစ်ခဲ့ဖူးပြီး ကိုယ်ခံအားထွက်နေတာပါ။ ရောဂါကိုခုခံကာကွယ်နိုင်စွမ်းရှိတဲ့ အဆင့်လို့ ပြောနိုင်ပါပြီ။
ဒီအဖြေဟာ လူတစ်ယောက်အတွက် အကောင်းဆုံးအဖြေလို့တောင် ပြောနိုင်ပါတယ်။ Covid 19 ကို ကိုယ်ခံအားရသွားတဲ့ သူတစ်ယောက်ဖြစ်သွားပြီး အခုလိုပေါ်နေသမျှ ကာလပတ်လုံး Covid 19 ကို ဖြန့်ဝေသူလည်း မဖြစ်နိုင်သလို ကူးစက်သူလည်း မဖြစ်နိုင်တော့ပါဘူး။ IgG က ခြောက်လလောက်အထိ ပေါ်နေနိုင်ပေမဲ့ Antibody ဆိုတာ ကိုယ်မသိလိုက်ဘဲ အချိန်မရွေးပျောက်သွားနိုင်လို့ ဂရုစိုက်တာတော့ အကောင်းဆုံးပါ။

🔸C ရယ် IgM ရယ် နှစ်လိုင်းပေါ်နေရင် 🔸
ကိုဗစ်ရောဂါပိုး ကူးစက်ပြီးခါစဖြစ်လို့ အများကို မကူးစက်အောင် ဘယ်သူနဲ့မှ မတွေ့ဘဲ နှစ်ပတ်ကြာ Isolate လုပ်ရပါမယ်။

🔸 ၃ လိုင်းလုံးပေါ်နေရင် 🔸
Antibody ထွက်နေပေမဲ့ ရောဂါပိုးရှိနေတုန်း ဖြန့်နိုင်တုန်းမလို့ Isolate လုပ်ပေးရပါမယ်

🔸တစ်လိုင်းမှ မပေါ်ရင် 🔸

ဘာမှမပေါ်ရင်တောင် C ကတော့ ပေါ်ကိုပေါ်ရပါတယ်။ C လုံးဝမပေါ်ရင် သွေးထည့်တာနည်းတာ၊ ဆေးထည့်တာနည်းတာ ဖြစ်နိုင်ပါတယ်။ Test kit error တက်တာလည်းဖြစ်နိုင်လို့ နောက်တစ်ခေါက်ပြန်စစ်ရပါမယ်။

Antibody ထွက်ပြီးပြီဆို Mask တပ်စရာမလိုတော့ဘူးလား ❓❓

တခြားရောဂါတွေဆိုရင်တော့ Antibody ထွက်ပြီးရင် တော်ရုံမကူးပါဘူး။ ဒါပေမဲ့ မာယာများတဲ့ ကိုဗစ်ဖြစ်နေတော့ လုံးဝမကူးနိုင်တော့ဘူးလို့ ကြိမ်းသေမပြောရဲပါဘူးတဲ့လေ။ နောက်ဆုံးပေါ် ရောဂါဆိုတော့ စူးစမ်းလေ့လာနေကြတုန်းပါပဲ။

ဒါကြောင့် Antibody ထွက်လည်း သတိထားပါ။
🔸အပြင်ထွက်ရင် Mask မတပ်ဘဲမနေပါနဲ့ ။ Mask တပ်ပေးပါ။
🔸လူစုလူဝေးရှောင်ပါ။
🔸လက်လည်း မကြာခဏဆေးပေးရပါမယ်။
🔸ပစ္စည်းတွေ ဝယ်လာလည်း ပိုးသတ်ပေးပါနော်။

သတိဆိုတာပိုတယ်လို့ မရှိပါဘူး…

အားလုံးကျန်းမာပြီး ကိုဗစ်ကင်းစင် ပြုံးပျော်ရွှင်နိုင်ကြပါစေ

Credit
ဒေါက်တာနုမြတ်သိင်္ဂီဦး

ယနေ့ ထူးမြတ်လှတဲ့ 🌝 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ မှစ၍ မြန်မာပြည်သူ ပြည်သားအပေါင်းတို့ ရင်ဆိုင်ကြုံတွေ့နေရသောဘေးဒုက္ခအမ...
23/07/2021

ယနေ့ ထူးမြတ်လှတဲ့ 🌝 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ မှစ၍ မြန်မာပြည်သူ ပြည်သားအပေါင်းတို့ ရင်ဆိုင်ကြုံတွေ့နေရသောဘေးဒုက္ခအမျိုးမျိုးမှ အမြန်ဆုံးကင်းလွတ်၍ အေးချမ်းကြပါစေကြောင်း Ariya Midas မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🙏🙏

#ဝါဆိုလပြည့်​​

ကိုဗစ်ကာလတွင်း Oximeter နဲ့ အောက်ဆီဂျင် တိုင်းနည်း … အဖြေဖတ်နည်း … ကိုဗစ်က တစ်ခါတလေ ကိုယ့်ဟာကိုယ် အောက်ဆီဂျင်ကျလို့ကျမှန...
12/07/2021

ကိုဗစ်ကာလတွင်း Oximeter နဲ့ အောက်ဆီဂျင် တိုင်းနည်း … အဖြေဖတ်နည်း …
ကိုဗစ်က တစ်ခါတလေ ကိုယ့်ဟာကိုယ် အောက်ဆီဂျင်ကျလို့ကျမှန်း မသိစေပါဘူး။ ဒါကို ဆေးပညာအရ Silent Hypoxia လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင် “အသံတိတ် တစ်သျှူးတွင်း အောက်ဆီဂျင်လျော့နည်းခြင်း” ပေါ့။
ဒီလိုအခြေအနေမှာ ကိုဗစ်ကြောင့် အဆုတ်ထိကာ ကိုယ်ထဲ အောက်ဆီဂျင်အလုံအလောက် မပေးနိုင်ပေမဲ့ ရင်ဘတ်အောင့်တာတို့၊ အသက်ရှူကြပ်တာတို့လို အောက်ဆီဂျင်ကျတဲ့ လက္ခဏာတွေ ပေါ်မလာပါဘူး။ ဒါကြောင့် အောက်ဆီဂျင်ကျနေတာကို သတိမထားမိကြတာပါ။ တဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာတော့မှ သတိထားမိတဲ့ အခြေအနေမှာ သိပ်နောက်ကျနေပါပြီ။
🔹 ဒါကြောင့် ကိုယ့်မှာ အောက်ဆီဂျင်လုံလုံလောက်လောက်ရှိရဲ့လား။ အောက်ဆီဂျင်လျော့နည်းနေပြီလားကို စစ်ဆေးပေးသင့်ပါတယ်။
🔹 ကိုယ်တွင်းအောက်ဆီဂျင်ပမာဏကို Oximeter နဲ့ အိမ်မှာတင် အလွယ်တကူတိုင်းနိုင်ပါတယ်။
🔹 ကိုဗစ်ရောဂါပိုး ကူးစက်မှုမြင့်မားနေတဲ့ကာလမှာ Oximeter ကို တိုင်းကြည့်သင့်ပါတယ်။ အထူးသဖြင့် ကိုဗစ်ပိုး ကူးစက်ခံထားရသူတွေ၊ လူကြီးတွေ၊ အဆုတ်ရောဂါရှိသူတွေမှာ နေ့တိုင်းတိုင်းကြည့်ပေးသင့်ပါတယ်။

Oximeter အသုံးပြုပုံပြုနည်း
-------------------------------
Oximeter နဲ့ အောက်ဆီဂျင်တိုင်းမယ်ဆိုရင်
(၁) လက်သည်းနီဆိုးထားရင်ဖျက်ပါ။ လက်သည်းတုတပ်ထားရင် ဖယ်ပါ။
(၂) လက်အေးနေရင် နွေးအောင် လက်နှစ်ဖက်ကို ပွတ်လိုက်ပါ။
(၃) မတိုင်းမီ ၅ မိနစ်လောက် ငြိမ်ငြိမ်နေပါ။
(၄) လက်ကို ရင်ဘတ်၊ နှလုံးနဲ့တစ်တန်းထဲနေရာမှာထားပြီး ငြိမ်နေပေးပါ။
(၅) Oximeter ခလုတ်ကို ဖွင့်ပြီး လက်ညှိုး (သို့) လက်ခလယ်ထည့်တိုင်းပါ။ လက်ချောင်းကို မှောက်လျှက်ထည့်ရပါမယ်။ ကလေးတွေမှာ လက်သေးလွန်းရင် လက်မထည့်ပေးလည်း ရပါတယ်။
(၆) အဖြေဖတ်ဖို့ အချိန်အနည်းငယ် ယူပါလိမ့်မယ်။ တစ်မိနစ်လောက် အနည်းဆုံး ငြိမ်ငြိမ်လေးနေပေးပါ။
(၇) အဖြေပေါ်လာတဲ့အခါ အမြင့်ဆုံးအဖြေကို ဖတ်ပါ။
(၈) တစ်နေ့ကို နှစ်ကြိမ်တိုင်းပေးပါ။ တစ်နေ့နဲ့တစ်နေ့ တိုင်းတဲ့အချိန်တူပါစေ။

🔺Oximeter ဖတ်နည်း
-------------------------
Oximeter က စက္ကန့်ပိုင်းအတွင်း ကိုယ်တွင်း အောက်ဆီဂျင်ပမာဏ(SPO2) အပြင် သွေးခုန်နှုန်း (BPM) ပါ တိုင်းပေးပါတယ်။
🔹SP02 % ဆိုတာ အောက်ဆီဂျင်ပမာဏပါ။ ပုံမှန်ဆိုရင် 95% အထက်ရှိသင့်ပါတယ်။ နာတာရှည်အဆုတ်ရောဂါသည်တွေနဲ့ Sleep Apnea ရှိသူတွေမှာတော့ 90% ဝန်းကျင်မှာ ရှိတတ်ပါတယ်။ 90% အောက်ဆို စိုးရိမ်ရပါပြီ။
🔹PR & BPM ဆိုတာကတော့ သွေးခုန်နှုန်းပါ။ တစ်မိနစ်မှာ ဘယ်နှချက်ခုန်လဲဆိုတာ တိုင်းပေးတာပါ။ 60 ကနေ 100 ကြားဆို ပုံမှန်ပါ။ ကလေးငယ်တွေမှာ နှလုံးခုန်မြန်တတ်ပြီး အားကစားသမားတွေ၊ လူငယ်ပိုင်းတွေမှာ နှလုံးခုန်နှေးတတ်ပါတယ်။
🔹PI% ဆိုတာကတော့ သွေးခုန်အားပါ။ 0-5 ဆိုရင်အားပျော့ပြီး 5 ထက်ကျော်ရင် အားပြင်းပါတယ်။
🔹တချို့ စက်တွေမှာ RR ဆိုတာ ပါတတ်ပါတယ်။ RR ဆိုတာ Respiratory Rate ပါ။ တစ်မိနစ်မှာ အသက်ရှူတဲ့အကြိမ်ရေကို တိုင်းတာပါ။ ပုံမှန်ဆို ၁၂ နဲ့ ၂၀ ကြားရှိရပါတယ်။ ၂၅ အထက်နဲ့ ၈ အောက်ဆို စိုးရိမ်ရပါတယ်။
ဥပမာ - ဒီပုံမှာဆိုရင် အောက်ဆီဂျင် ၉၉၊ သွေးခုန်နှုန်း ၉၇ နဲ့ သွေးခုန်အား ၃.၅ ဖြစ်ပါတယ်။

အားလုံးကျန်းမာပြီး ရောဂါကပ်ဆိုးကြီးကနေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေ..

Crd.

ဒေါက်တာနုမြတ်သိင်္ဂီဦး
Dr. Nu Myat Theingi Oo


လက်ရှိအခုအချိန်မှာ COVID-19 တတိယလှိုင်း ကူးဆက်ပျံ့နှံ့မှုနှုန်းဟာဆိုရင် ပြန်လည်မြင့်တက်လာ​နေပြီဖြစ်တာ​ကြောင့် အတတ်နိုင်ဆ...
03/07/2021

လက်ရှိအခုအချိန်မှာ COVID-19 တတိယလှိုင်း ကူးဆက်ပျံ့နှံ့မှုနှုန်းဟာဆိုရင် ပြန်လည်မြင့်တက်လာ​နေပြီဖြစ်တာ​ကြောင့် အတတ်နိုင်ဆုံး အိမ်ထဲမှာ ​နေပါ၊ မဖြစ်မ​နေ အိမ်ပြင်ထွက်ရမယ်ဆိုပါက Mask နှစ်ထပ် တပ်ပါ၊ လက်​ကို မိနစ် (၂၀) တစ်ကြိမ် ​ဆေးပါ၊ ကိုယ်ခံအား​ ကောင်းမွန်​​အောင်​နေပါ ❤

👉မြန်မာနိုင်ငံအတွင်းလက်ရှိဖြစ်ပွား​နေတဲ့ COVID-19 တတိယလှိုင်း နှင့် ပတ်သက်ပြီး

- လိုက်နာသင့်သည့် အချက်များ
- Mask နှစ်ထပ်တပ်နည်း
- COVID-19 Virus ပိုး အ​ဟောင်း နှင့် အသစ် ၏ ​ရောဂါလက္ခဏာများ
- ရာသီတုပ်​ကွေး နှင့် COVID-19 ၏ ကွဲပြား​သော ​ရောဂါလက္ခဏာရပ်များ
- အကယ်၍ P ဖြစ်ခဲ့လို့ ​ဆေးရုံမသွားနိုင်တဲ့အခါ
အိမ်တွင်းပြုစုကုသနိုင်မယ့် နည်းလမ်းများကို
မျှဝေပေးလိုက်ပါတယ်။👈

မြန်မာနိုင်ငံသူ နိုင်ငံသား များအားလုံး ယခုကြုံ​တွေ့​နေရတဲ့ ကပ်ဆိုး အ​ပေါင်းများ အမြန်ဆုံး လွတ်​မြောက်ကြပါ​စေ​​ကြောင်း Ariya Midas မှ ဆုမွန်​ကောင်း​တောင်း​လိုက်ပါတယ်🙏

Yathar Central Condominium ရဲ့ တည်​နေရာက ဘယ်မှာလဲ?အနီးအနားမှာ ဘာ​တွေရှိသလဲဆိုတာကို ​ပြောပြ​ပေးချင်ပါတယ်Yathar Central Co...
29/06/2021

Yathar Central Condominium ရဲ့ တည်​နေရာက ဘယ်မှာလဲ?
အနီးအနားမှာ ဘာ​တွေရှိသလဲဆိုတာကို ​ပြောပြ​ပေးချင်ပါတယ်

Yathar Central Condo က ရန်ကုန်မြို့ရဲ့ စီးပွား​ရေး အချက်အချာအကျဆုံး ​နေရာတစ်ခုဖြစ်တဲ့ ပန်းပဲတန်းမြို့နယ်, မဟာဗန္ဓုလလမ်းမကြီးနဲဲ့ ၃၁လမ်း​ထောင့်မှာ တည်ရှိပါတယ်

စီးပွား​ရေးအချက်အချာ​အကျဆုံး နေရာတစ်ခုဖြစ်တာ​ကြောင့် အခုလိုအချိန်မျိုးမှာ ငွေသားလက်ထဲထားတာထက်​ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ထားမယ်ဆိုရင်လည်း အ​​ကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်

Yathar Central Condominium ရဲ့
အနီးအနားပတ်ဝန်းကျင်မှာဆိုရင်

ရန်ကုန်မြို့လယ်​ခေါင်ရှိ အထင်ကရဖြစ်​​သော ဆူး​လေဘုရားကြီး နှင့် ရန်ကုန်ဘူတာကြီး

​လူသွားလူလာစည်ကား​ပြီး Shopping ထွက်လို့အ​ကောင်းဆုံး Bo Gyoke ​Market, Junction City နှင့် Sule Square

International ရုံးများတည်ရှိရာ Sakura Business Tower

အပန်း​ဖြေ လည်ပတ်သူများနှင့် စည်ကား​နေတဲ့ မဟာဗန္ဓုလပန်းခြံ, ​နေပြည်​တော်ရုပ်ရှင်ရုံကြီး နှင့် မြို့​တော်ခန်းမ

International Hotel ကြီးများဖြစ်​သော Pullman Hotel နှင့် Sule-Shangrila

စတာ​တွေ ဝန်းရံလို့ထားပါတယ်။

လူ​စည်ကားတဲ့ မြို့လယ်​ခေါင်မှာတည်ရှိ​နေတာ​
ကြောင့် စီးပွား​ရေးလုပ်ဖို့ အ​ကောင်းဆုံး​နေရာတစ်ခုဖြစ်တဲ့အပြင် သွားလာရအလွယ်ကူဆုံး ​နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒါ​ကြောင့် ရန်ကုန်မြို့ရဲ့ ​တကယ့်နေရာ​ကောင်းမှာ ရှိ​နေတဲ့ Yathar Central Condominium ဟာဆိုရင်
ဝယ်ယူဖို့ လက်လွှတ်မခံသင့်တဲ့အရာတစ်ခုပါပဲ...

✅၁၀၀% ပြီးစီးနေသော
✅၁၀၀% ပိုင်ဆိုင်မှု ခိုင်မာသည့်
✅၁၀၀% Location ကောင်း
✅၁၀၀% Quality
✅၁၀၀% Privacy
✅၁၀၀% Customer Service
✅၁၀၀% နေထိုင်သူများ၏ ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်သော
✅ ၁၀၀% ရင်းနှီးမြှပ်နှံမှု အ​ကောင်းဆုံး​နေရာ
"Yathar Central Condo"

🔶️🔸️Yathar Central Condominium🔸️🔶️
မဟာဗန္ဓုလလမ်းမကြီးနှင့် ၃၁ လမ်း​ထောင့်,
ပန်းပဲတန်းမြို့နယ်

အ​သေးစိတ်သိရှိလိုပါက
Messenger Chat Box မှ တဆင့် (သို့မဟုတ်) ဖုန်းနံပါတ် ☎️ 09-940 597 372 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်​ရှင်...

🎯 တခါလက်လွတ်ပြီးရင် နောက်ဘယ်တော့မှပြန်မရနိုင်သော အထင်ကရ နေရာတခု၊ ဝယ်ပြီးဘယ်တော့မှမရှုံးသော ရင်းနှီးမြှုပ်နှံမှုအကောင်းဆု...
09/06/2021

🎯 တခါလက်လွတ်ပြီးရင် နောက်ဘယ်တော့မှပြန်မရနိုင်သော အထင်ကရ နေရာတခု၊ ဝယ်ပြီးဘယ်တော့မှမရှုံးသော ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးနေရာကို လိုချင်ရင် "Yathar Central Condominium" ကိုသာ လာလိုက်ပါ

အခုလိုအချိန်မျိုးမှာ ​ငွေသား လက်ထဲထားတာထက် သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်ထားချင်တယ်ဆိုရင်​တော့ 100% Bank Transfer နဲ့ ဝယ်ယူလို့ရပြီး ပိုင်ဆိုင်မှု ခိုင်မာတဲ့ "ရသာကွန်ဒို" တိုက်ခန်း​​များကို ဝယ်ယူပါ...

🌇 တည်​နေရာ - အချက်အချာကျတဲ့ ရန်ကုန်မြို့လယ်​ခေါင်ရှိ ဆူး​လေဘုရားကြီး​ဘေး၊ ပန်းပဲတန်းမြို့နယ်၊ မဟာဗန္ဓုလ လမ်းမကြီးနှင့် ၃၁ လမ်း​ထောင့်မှ
🔰" #ရသာကွန်ဒို"🔰

🔺️Unit A - 1560 sqft (1 Master, 1 Single)
2000 Lakhs (Nego)

🔺️Unit B - 1950 sqft (1 Master, 2 Single)
2500 Lakhs (Nego)

🔺️Unit C - 2250 sqft (1 Master, 2 Single)
2900 Lakhs (Nego)

🔺️Unit D - 1560 sqft (1 Master, 2 Single)
2000 Lakhs (Nego)

🔺️Unit E - 2250 sqft (1 Master, 2 Single)
2900 Lakhs (Nego)

✅ 100% Bank Transfer
✅ အခန်းဖွဲ့ပြီး/ အခန်းတွင်းပြင်ဆင်ပြီး
✅ ပါကေး/ ကြွေပြားအပြည့်ခင်းပြီး
✅​ အလင်းရောင်/ လေ၀င်လေထွက်ကောင်း
✅ 24 Hrs Security
✅ Car Parking
✅ 2 Elevators
✅ 2 Stairs
✅​ ရေပူ၊ ရေ​အေးစက်
✅ EPCမီတာ
✅ BCC ကျပြီး
✅ ပိုင်ရှင်အမည်ပေါက် First Owner Book
✅ Company developer direct sales ဖြစ်တာ​ကြောင့် ပိုင်ဆိုင်မှု 100% စိတ်ချရ

🏞 ဆူး​လေဘုရား View ၊ မဟာဗန္ဓုလ ပန်းခြံ,
မြို့​တော်ခန်းမ View ​တွေကို စိတ်ကြိုက်​ရွေးချယ် ဝယ်ယူနိုင်ပါတယ်

စိတ်၀င်စားလို့ အ​သေးစိတ်ဆက်သွယ်​မေးမြန်းချင်တယ်ဆိုရင်​တော့ Messenger Chat Box မှ တဆင့် (သို့မဟုတ်) ​အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်​မေးမြန်းနိုင်ပါတယ်​

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးနေရာတွေကို Ariya Midas မှာ ♦️"၀န်ဆောင်ခ အခမဲ့"♦️ ဖြင့် ငှားရမ်း၀ယ်ယူနိုင်ပါပြီ။
အနွေးထွေးဆုံး၀န်ဆောင်မှုနဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်ခန်းရုံးခန်း ၀ယ်ယူမှုငှားရမ်းမှုတွေကို Ariya Midas - Hospitality မှ အပြည့်အ၀တာ၀န်ယူပါရစေ။

🤝Ariya Midas - Hospitality🤝

☎️ 09-940 597 321

မင်္ဂလာပါ။ Ariya Midas Hospitality ကို သင်သိပြီးပြီလား? Ariya Midas Hospitality ဟာ ရန်ကုန်မြို့ရှိ ကွန်ဒို တိုက်ခန်း ရုံ...
29/12/2020

မင်္ဂလာပါ။ Ariya Midas Hospitality ကို သင်သိပြီးပြီလား?

Ariya Midas Hospitality ဟာ ရန်ကုန်မြို့ရှိ ကွန်ဒို တိုက်ခန်း ရုံးခန်း ဆိုင်ခန်းများ အငှား/အ၀ယ်များအတွက် ပြီးပြည့်စုံစွာ ၀န်ဆောင်မှုပေးလျက်ရှိတဲ့ Real Estate ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ကြည့်ရှုရွေးချယ်နိုင်မယ့် နေရာများအတွက် ရန်ကုန်မြို့ရှိ သွားလာရလွယ်ကူပြီး နေထိုင်မှုအတွက်လည်း ပြည့်စုံကောင်းမွန်တဲ့ အချက်အချာနေရာတွေနဲ့ ချိတ်ဆက်ထားတာမို့ အကောင်းဆုံးအတန်ဆုံးနေရာတွေထဲကမှ သင်နှစ်သက်သဘောအကျဆုံးနေရာကို ရွေးချယ်၀ယ်ယူ/ငှားရမ်းနိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့ကြီးမှာ သင်နဲ့သင့်မိသားစုနေထိုင်ဖို့ပဲဖြစ်ဖြစ် ရုံးခန်းဆိုင်ခန်းများဖွင့်ဖို့ပဲဖြစ်ဖြစ် သက်တောင့်သက်သာလွယ်ကူစွာနဲ့ ငှားရမ်း၀ယ်ယူနိုင်ဖို့ နွေးထွေးပြူငှာမှုနဲ့အတူ အစအဆုံးတာ၀န်ယူဆောင်ရွက်ပေးတဲ့ Ariya Midas နဲ့သာချိတ်ဆက်လိုက်ပါနော်။ လူကြီးမင်းဘက်မှ ကြိုက်နှစ်သက်တဲ့နေရာကိုရွေးချယ်ဖို့နဲ့ ရွေးချယ်ပြီးလျှင် ပြောင်းရွှေ့နေထိုင်ဖို့ပဲ လိုအပ်ပါတယ်။

♦️“We Charge No Agent Fees for Tenants!”♦️

🤝 Ariya Midas Hospitality 🤝
☎️ 09 940 597 321
ရုံးခန်းလိပ်စာ - အမှတ် (၅၆)B ၊ ငွေလမင်းရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်းမ၊ Fancy House အဆောက်အဦး၊ ရန်ကင်းမြို့နယ်။ (ချမ်းမြေ့ရိပ်သာတရားစခန်း မျက်နှာချင်းဆိုင်)
Email - [email protected]

---

Hello. Do you know about Ariya Midas Hospitality?

Ariya Midas Hospitality is a real estate company in Yangon that provides the service of finding your dream home or ideal office/commercial place in Yangon and managing the process of renting or buying.

At Ariya Midas, you can choose from a range of locations in Yangon, that are with various offerings such as size and facility, but with the decent standard of Ariya Midas.

Looking for a dream home for a decent living with your family? Or for the most suitable place to launch a new office or shop? All you have to do is connect with Ariya Midas. With competent services, Ariya Midas will take care of the process; you just choose the place and then take the keys.

♦️“We Charge No Agent Fees for Tenants!”♦️

🤝 Ariya Midas Hospitality 🤝
☎️ 09 940 597 321
Office - No. (56)B, Ngwe Lamin Yaiktha Street, Kabar Aye Pagoda Road, Fancy House Building, Yankin Township, Yangon.
Email - [email protected]

🏠"ပြည်ရိပ်မွန်အိမ်ရာ" (ဗဟိုလမ်းမကြီးပေါ်) ရှိ လုံးချင်း၃ထပ်တိုက် "ငှားရန်" ရှိသည် 🏠တည်နေရာ - အိမ်အမှတ် (၃၀)၊ ပြည်ရိပ်မွန...
16/12/2020

🏠"ပြည်ရိပ်မွန်အိမ်ရာ" (ဗဟိုလမ်းမကြီးပေါ်) ရှိ လုံးချင်း၃ထပ်တိုက် "ငှားရန်" ရှိသည် 🏠

တည်နေရာ - အိမ်အမှတ် (၃၀)၊ ပြည်ရိပ်မွန်အိမ်ရာ၊ ဗဟိုလမ်းမကြီး (မေးတင်)၊ MMM Car showroom ဘေး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

✅ အကျယ်အ၀န်း

• တိုက် - ၁လွှာလျှင် 2000 sqft, ၃လွှာစုစုပေါင်း 6000 sqft
• ခြံ - 55'×65'

✅ ပါ၀င်မှု Facility များ

• Master Bedroom = (၇)ခန်း
• Bedroom = (၂)ခန်း
• Toilet & Bathroom = (၉)ခန်း
• Air-con = (၁၀)လုံး
• ဧည့်ခန်းနှင့်နားနေခန်းများ
• မီးဖိုခန်း
• ထမင်းစားခန်း
• ကျယ်၀န်းသော balcony (လေသာခန်း)
• ကားပါကင်

အသင့်နေထိုင်ရန် နှင့် ပရိဘောဂများပါ၀င်ပြီးဖြစ်ပါတယ်။

✅ ဈေးနှုန်း

$5000 / month (ညှိနှိုင်း)

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးနေရာတွေကို Ariya Midas မှာ ♦️"၀န်ဆောင်ခ အခမဲ့"♦️ ဖြင့် ငှားရမ်း၀ယ်ယူနိုင်ပါပြီ။
အနွေးထွေးဆုံး၀န်ဆောင်မှုနဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်ခန်းရုံးခန်း ၀ယ်ယူမှုငှားရမ်းမှုတွေကို Ariya Midas - Hospitality မှ အပြည့်အ၀တာ၀န်ယူပါရစေ။

အသေးစိတ် သိချင်ရင်တော့ Chat Box ကို ကြွခဲ့ပေးပါရှင်။
အောက်ပါဖုန်းနံပါတ်တွေကိုလည်း ဆက်သွယ်လို့ ရပါတယ်နော်။
☎️ 09 940 597 321
Email - [email protected]

---

🏠 “Pyi Yeik Mon Housing” (Baho Main Road) 3-stories House “For Rent” 🏠

Location - No. 30, Pyi Yeik Mon Housing, Baho Main Road (Beside MMM Car showroom), Kamayut Township, Yangon

✅ Area

• Building – 2000 sqft each floor, Total 6000 sqft
• Compound – 55’x65’

✅ Facilities

• Master Bedroom = (7) units
• Bedroom = (2) units
• Toilet & Bathroom = (9) units
• Air-con = (10) units
• Living rooms & Family rooms
• Kitchen
• Dining room
• Spacious Balcony
• Car park

Fully furnished and ready-to-move-in.

✅ Price
$5000 / month (negotiable)

Enjoy the best deals in Yangon with Ariya Midas, with ♦️No agent fees♦️.
Ariya Midas – Hospitality will take care of your complete rent/buy process with the warmest hospitality.

If you want to know more, please visit the Chat Box. You can also call the following phone number.
☎️09 940 597 321
Email - [email protected]

🍂 SoHo Bo Myat Tun Tower ရဲ့ အရမ်းတန်တဲ့ 12.12 "Double Promotion" ကြီး လာပါပြီရှင်။ 🤩🤩နှစ်သစ်မှာ လုပ်ငန်းတွေကို အရှိန်အဟ...
11/12/2020

🍂 SoHo Bo Myat Tun Tower ရဲ့ အရမ်းတန်တဲ့ 12.12 "Double Promotion" ကြီး လာပါပြီရှင်။ 🤩🤩

နှစ်သစ်မှာ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ စတင်ဖို့အတွက် နေရာကောင်းရှာနေသူများအနေနဲ့ 💁

SoHo ရဲ့ 1,200 sqft ကျယ်ဝန်းတဲ့ Office Room (302) ကို
𝟭. အထူးဈေးနှုန်း $1,200 (ပုံမှန်ဈေးနှုန်း $1,600) နဲ့ ရရှိနိုင်မဲ့အပြင်
𝟮. 12 (+1 month FREE) အခွင့်အရေးကိုပါ ထပ်ဆောင်းရယူလိုက်ပါ။ (12 လစာပေးပြီး 13 လ နေလို့ရမဲ့ အခွင့်အရေးနော်) 📣📣

SoHo Bo Myat Tun Tower က
✅ ရန်ကုန်မြို့ရဲ့ အချက်အချာ နေရာမှာတည်ရှိပါတယ်
✅ အနီးတစ်ဝိုက်မှာ အစိုးရရုံးဌာနတွေ ဝန်းရံထားပါတယ်
✅ပတ်ဝန်းကျင်ဆူညံမှုနည်းပါးတာကြောင့် အလုပ်အပေါ် အာရုံစိုက်လို့ ကောင်းပါတယ်
✅ အလင်းရောင်ကောင်းကောင်း၊ လေဝင်လေထွက်ကောင်းကောင်းရအောင် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ဒီလိုမျိုး အားသာချက်များစွာ ရှိတဲ့ နေရာတစ်ခုမှာ လူကြီးမင်းရဲ့လုပ်ငန်းတွေကို စတင်နိုင်ဖို့ အခွင့်အရေးက လက်တစ်ကမ်းမှာပါ။ 🥰

👉 ပရိုမိုးရှင်းကာလကို ၂၀၂၀ ဒီဇင်ဘာလကုန်အထိပဲ သတ်မှတ်ပေးထားတာကြောင့် မြန်မြန်ဆက်သွယ်ထားမှ စိတ်ချရမယ်နော်။

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးအတန်ဆုံးနေရာတွေကို Ariya Midas မှာ ♦️"၀န်ဆောင်ခ အခမဲ့"♦️ ဖြင့် ငှားရမ်း၀ယ်ယူနိုင်ပါပြီ။

အနွေးထွေးဆုံး၀န်ဆောင်မှုနဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်ခန်းရုံးခန်း ၀ယ်ယူမှုငှားရမ်းမှုတွေကို Ariya Midas - Hospitality မှ အပြည့်အ၀တာ၀န်ယူပါရစေ။ 🤗

အသေးစိတ် Facilities ပါဝင်မှုတွေကို သိချင်ရင်တော့ Chat Box ကို ကြွခဲ့ပေးပါရှင်။ အောက်ပါဖုန်းနံပါတ်ကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်လို့ ရပါတယ်နော်။
☎️ 09 940 597 321
_______________

🍂 SoHo Bo Myat Tun Tower's 12.12 "Double Promotion" is coming NOW! 🤩🤩

For those of you who are looking for a great place to start your business in the new year, 💁

SoHo's 1,200 sqft Office Room (302) is
𝟭. Available for a special price of $ 1,200 (regular price $ 1,600)
𝟮. Take advantage of 12 (+1 month FREE) privileges. (Opportunity to stay for 13 months by paying 12 months salary) 📣📣

SoHo Bo Myat Tun Tower is
✅ Located in the heart of Yangon
✅ Surrounded by government offices
✅ Good to focus on work because it is less noisy
✅ Good lighting and structured for good ventilation.

It' time to grab the opportunity to start your business in a good location. 🥰

👉 The promotion period is limited to the end of December 2020, so be sure to contact us as soon as possible. 👈

Enjoy the best deals in Yangon with Ariya Midas, with ♦️No agent fees♦️.

Ariya Midas – Hospitality will take care of your complete rent/buy process with the warmest hospitality.🤗

For more details on the facilities, please kindly visit the Chat Box. You can also call the following phone number during office hours.
☎️ 09 940 597 321

💎 Diamond Condo 💎 ရဲ့ "November 11 ရက်ကနေ December 31 ရက်ထိ" ၁၁% Discount ချ‌နေတဲ့ 11.11 Promotion ကြီးရှိတာမမေ့နဲ့နော်!...
20/11/2020

💎 Diamond Condo 💎 ရဲ့ "November 11 ရက်ကနေ December 31 ရက်ထိ" ၁၁% Discount ချ‌နေတဲ့ 11.11 Promotion ကြီးရှိတာမမေ့နဲ့နော်!

1 Bedroom အခန်း
2 Bedroom အခန်း
3 Bedroom အခန်း
4 Bedroom အခန်း
Office (Groundfloor 800 sqft)
Office (4th floor 900 sqft)
စတဲ့အခန်း‌တွေအားလုံးကို "၁၁%" ဈေးချထားတာဖြစ်ပါတယ်။

🚩တည်နေရာ - ပြည်လမ်းနဲ့ နာနတ်တောလမ်းထောင့်
🌇ကောင်းမွန်တဲ့ရှုခင်း
🛋️အခန်းတိုင်းအတွက် အသုံးပြုစရာ Facility များ
🍃အလင်းရောင်နှင့် လေ၀င်လေထွက်‌ကောင်းမွန်ခြင်း

1 Bedroom အခန်း
fully furnished (internet wifi, cable TV ပါ၀င်ပြီး)
ယခင်ဈေး $950
လက်ရှိလျှော့ဈေး 👉 $845

2 Bedroom အခန်း
fully furnished (internet wifi, cable TV ပါ၀င်ပြီး)
ယခင်ဈေး $1,100
လက်ရှိလျှော့ဈေး 👉 $980

3 Bedroom အခန်း
fully furnished (internet wifi, cable TV ပါ၀င်ပြီး)
ယခင်ဈေး $1,250
လက်ရှိလျှော့ဈေး 👉 $1,113

4 Bedroom အခန်း
fully furnished (internet wifi, cable TV ပါ၀င်ပြီး)
ယခင်ဈေး $1,450
လက်ရှိလျှော့ဈေး 👉 $1,290

Office (Ground floor 800sqft)
Hall-type
Aircon
Nice and well-lit room (glass partition)
အမြင်တင့်တယ်စေမယ့် ရုံး၀င်အ၀င် Entrance
ယခင်ဈေး$1200
လက်ရှိလျှော့ဈေး 👉$1068

Office (4th floor 900sqft)
Hall-type
Aircon
Nice and well-lit room (includes private toilet inside)
ယခင်ဈေး $1,350
လက်ရှိလျှော့ဈေး 👉 $1,200

ဖော်ပြပါဈေးနှုန်းတွေမှာ ပြုပြင်ထိန်းသိမ်းရေးစရိတ်၊ လျှပ်စစ်မီးဖိုး၊ Gym နဲ့ ရေကူးကန် membership fees တွေတော့မပါ၀င်ပါဘူး။

Promotion စည်းကမ်း‌လေးတွေကတော့ အောက်ဖော်ပြပါအတိုင်းရှိတယ်နော်။
- အနည်းဆုံး (၁)နှစ် စာချုပ်သက်တမ်းချုပ်ဆိုရပါမယ်။
- ၆ လ (သို့မဟုတ်) ၁ နှစ် Payment ပေးသွင်းရမှာဖြစ်ပါတယ်။

(၁နှစ်စာနဲ့အထက် ကြိုတင်ငွေပေးချေမှုများအတွက်လည်း ထပ်ဆောင်းအခွင့်အရေးများနဲ့ ဈေးနှုန်းညှိနှိုင်းမှု အခွင့်အရေးများ ရရှိဦးမှာပါ။)

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးအတန်ဆုံးနေရာတွေကို Ariya Midas မှာ ♦️"၀န်ဆောင်ခ အခမဲ့"♦️ ဖြင့် ငှားရမ်း၀ယ်ယူနိုင်ပါပြီ။

အနွေးထွေးဆုံး၀န်ဆောင်မှုနဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်ခန်းရုံးခန်း ၀ယ်ယူမှုငှားရမ်းမှုတွေကို Ariya Midas - Hospitality မှ အပြည့်အ၀တာ၀န်ယူပါရစေ။ 😊

🤝 Ariya Midas - Hospitality 🤝
☎️ 09 940 597 321
ရုံးခန်းလိပ်စာ - အမှတ် (၅၆)B ၊ ငွေလမင်းရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်းမ၊ Fancy House အဆောက်အဦး၊ ရန်ကင်းမြို့နယ်။ (ချမ်းမြေ့ရိပ်သာတရားစခန်း မျက်နှာချင်းဆိုင်)
Email - [email protected]

-------------

💎Diamond Condo’s Ongoing 11.11 Promotion 💎
“from November 11 to December 31”

1 Bedroom Unit
2 Bedroom Unit
3 Bedroom Unit
4 Bedroom Unit
Office (Ground floor 800 sqft)
Office (4th floor 900 sqft)
All of these for lease are included in this promotion, and discounted 11 %!

🚩Location – Corner of Pyay Road and Nar Nat Taw Street
🌇City View
🛋️Home appliances and house fittings in every room
🍃Good ventilation and natural sunlight

1 Bedroom Unit
fully furnished (internet wifi, cable TV inclusive)
Original Price $950
Promotion Price 👉 $845

2 Bedroom Unit
fully furnished (internet wifi, cable TV inclusive)
Original Price $1,100
Promotion Price 👉 $980

3 Bedroom Unit
fully furnished (internet wifi, cable TV inclusive)
Original Price $1,250
Promotion Price 👉 $1,113

4 Bedroom Unit
fully furnished (internet wifi, cable TV inclusive)
Original Price $1,450
Promotion Price 👉 $1,290

Office (Ground floor 800sqft)
Hall-type
Aircon
Nice and well-lit room (glass partition)
Office entrance that makes good impression to your guests
Original Price $1200
Promotion Price 👉$1068

Office (4th floor 900sqft)
Hall-type
Aircon
Nice and well-lit room (includes private toilet inside)
Original Price $1,350
Promotion Price 👉 $1,200

The leasing fees do not include regular maintenance fees, electricity bill, and gym and swimming pool membership fees.

Terms and Conditions for this Promotion.
- Contract’s duration has to be minimum (1) year.
- Initial payment has to cover 6 months or 1 year.

(Those whose initial payment covers more than 1 year can enjoy additional perks and slight price negotiations.)

Enjoy the best deals in Yangon with Ariya Midas, with ♦️No agent fees♦️.

Ariya Midas – Hospitality will take care of your complete rent/buy process with the warmest hospitality.

🤝 Ariya Midas - Hospitality 🤝
☎️ 09 940 597 321
Office - No. (56)B, Ngwe Lamin Yaiktha Street, Kabar Aye Pagoda Road, Fancy House Building, Yankin Township, Yangon.
Email - [email protected]

🍂 SoHo Bo Myat Tun Tower ရဲ့ 11.11 အထူးပရိုမိုးရှင်း‼️Office အခန်းနံပါတ် (308) ကို ယခင် $1371 မှ ယခုလျှော့ဈေး $1100 ဖြင့...
11/11/2020

🍂 SoHo Bo Myat Tun Tower ရဲ့ 11.11 အထူးပရိုမိုးရှင်း‼️

Office အခန်းနံပါတ် (308) ကို ယခင် $1371 မှ ယခုလျှော့ဈေး $1100 ဖြင့် (၁၁)ရက်(၁၁)လ မှစပြီး ငှားရမ်းနိုင်ပါပြီ!

❌ BEFORE - $1371
✅ NOW - $1100

ရန်ကုန်မြို့ထဲ မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ SoHo ရဲ့ ရုံးခန်း‌ေစျးနှုန်းကို ပရိုမိုးရှင်းကာလ "ဒီဇင်ဘာလကုန်ထိ" ဒီအထူးဈေးနှုန်းနဲ့ရရှိမှာဖြစ်ပါတယ်။

🔶 Air-con တပ်ဆင်ပြီး
🔶 Meeting ခန်းပါ၀င်ပြီး (glass partition)
🔶 ၀န်ထမ်းထမင်းစားခန်း (ရေခဲသေတ္တာ၊ microwave၊ ထမင်းစားစားပွဲ)
🔶 Toilet
🔶 Hall Type (စိတ်ကြိုက်ရုံးခန်းပုံစံပြင်ဆင်နိုင်)
🔶 မြန်နှုန်းမြင့် Internet တပ်ဆင်ပြီး (လစဉ်ကြေးပါ ပါ၀င်ပြီး)
🔶 ကိုဗစ်ကာလမှာ ပိုးသတ်ဆေးဖြန်း ပိုးမွှားသန့်စင် ပုံမှန်ပြုလုပ်ခြင်း
🔶 အောက်ထပ်တွင် စားသောက်ဆိုင်များပါရှိခြင်း (ဖုန်းဆက်မှာနိုင်)

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးအတန်ဆုံးနေရာတွေကို Ariya Midas မှာ "၀န်ဆောင်ခ အခမဲ့" ဖြင့် ငှားရမ်း၀ယ်ယူနိုင်ပါပြီ။

အနွေးထွေးဆုံး၀န်ဆောင်မှုနဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်ခန်းရုံးခန်း ၀ယ်ယူမှုငှားရမ်းမှုတွေကို Ariya Midas - Hospitality မှ အပြည့်အ၀တာ၀န်ယူပါရစေ။ 😊

🤝 Ariya Midas - Hospitality 🤝
☎️ 09 940 597 321
ရုံးခန်းလိပ်စာ - အမှတ် (၅၆)B ၊ ငွေလမင်းရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်းမ၊ Fancy House အဆောက်အဦး၊ ရန်ကင်းမြို့နယ်။ (ချမ်းမြေ့ရိပ်သာတရားစခန်း မျက်နှာချင်းဆိုင်)
Email - [email protected]

---

🍂 SoHo Bo Myat Tun Tower 11.11 Special Discount ‼️

Rental price of office Unit (308) is discounted from $1371 to $1100, starting from November 11!

❌ BEFORE - $1371
✅ NOW - $1100

Located in downtown area, at the corner of Maha Bandula road and Bo Myat Tun street, SoHo’s this new promotion is available only before “31st December”.

🔶 Airconditioning
🔶 Meeting room (with glass partition)
🔶 Dining area (Refrigerator, Microwave, Dining Table)
🔶 Toilet
🔶 Hall type unit (customize your office setup)
🔶 High-speed internet (inclusive monthly bill)
🔶Regular Covid-19 protective sanitizing in the building
🔶 Restaurants at ground floor (Deliver by phone order)

Enjoy the best deals in Yangon with Ariya Midas, with no agent fees.

Ariya Midas – Hospitality will take care of your complete rent/buy process with the warmest hospitality. 😊

🤝 Ariya Midas - Hospitality 🤝
☎️ 09 940 597 321
Office - No. (56)B, Ngwe Lamin Yaiktha Street, Kabar Aye Pagoda Road, Fancy House Building, Yankin Township, Yangon.
Email - [email protected]

🌿🌵အိမ်ခန်းထဲမှာ အပင်လေးတွေရှိတာက မျက်စိပသာဒဖြစ်တဲ့အပြင် အပင်တွေကထုတ်လုပ်ပေးတဲ့ အောက်ဆီဂျင်ကြောင့် ပိုပြီးသန့်ရှင်းလတ်ဆတ်...
28/10/2020

🌿🌵အိမ်ခန်းထဲမှာ အပင်လေးတွေရှိတာက မျက်စိပသာဒဖြစ်တဲ့အပြင် အပင်တွေကထုတ်လုပ်ပေးတဲ့ အောက်ဆီဂျင်ကြောင့် ပိုပြီးသန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်ကိုလည်း ရှိရမှာပါ။

အလုပ်ကနေပြန်လာတဲ့အချိန်မှာ စိမ်းလန်းတဲ့အပင်လေးတွေကိုမြင်လိုက်ရတာ၊ မနက်ခင်းနိုးထချိန်မှာ အပင်လေးတွေနဲ့အတူ သသဘာ၀နဲ့ထိတွေ့ခွင့်ရတာဆိုတာလည်း stress တွေများတဲ့လုပ်ငန်းဆောင်တာတွေကနေ စိတ်သက်သာရာရမယ့် ကြည်နူးစရာလေးတွေပါပဲ။ 🌵🌿

ကွန်ဒိုတွေတိုက်ခန်းတွေမှာ အပင်လေးတွေစိုက်မယ်ဆိုရင် သိထားသင့်တဲ့ ပိုပြီးထိန်းသိမ်းရစိုက်ပျိုးရလွယ်ကူစေမယ့် အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်😊

(1) အခုမှစစိုက်မယ်ဆိုရင် အပင်အသေးလေးတွေ ထိန်းသိမ်းရအလွယ်ကူဆုံးအပင်လေးတွေ (ရှားစောင်းလက်ပက်၊ ရွက်လှ) စတာလေးတွေနဲ့ စစိုက်ပါ။

(2) ကိုယ့်နေ့စဉ်ဘ၀မှာ အချိန်ဘယ်လောက်ပေးနိုင်လည်း စဉ်းစားပါ။ အလုပ်များတဲ့သူတွေအပြင်အမြဲထွက်နေသူတွေဆိုရင် ပြုပြင်ထိန်းသိမ်းရတာလွယ်တဲ့အပင်တွေကို ရွေးချယ်သင့်ပြီး အိမ်ကနေပဲအလုပ်လုပ်တဲ့သူတွေ အိမ်မှာပဲနေတဲ့သူတွေဆိုရင်တော့ ထိန်းသိမ်းရမလွယ်ကူတဲ့ အပင်အမျိုးအစားတွေကို စိုက်လို့ရတာပေါ့။ အခုလို work from home ကာလမှာဆို ကိုယ်စိုက်ချင်တာတွေ စိုက်ကြည့်ဖို့အကောင်းဆုံးအချိန်ပဲပေါ့။

(3) အခန်းထဲကိုအလင်းရောင်ဘယ်လောက်ရလဲ ထည့်သွင်းစဉ်းစားပါ။ တချို့အပင်တွေကအလင်းရောင်သိပ်မကြိုက်သလို တချို့အပင်တွေက နေရောင်တိုက်ရိုက်လိုအပ်ပါတယ်။ အခန်းထဲမှာရနိုင်မယ့်နေရောင်နဲ့ချိန်ပြီး အပင်ကိုရွေးချယ်ဖို့တော့လိုပါလိမ့်မယ်။

(4) ဟင်းသီးဟင်းရွက်ပင်လေးတွေစိုက်မယ်။ ချက်ပြုတ်ရတာကြိုက်တဲ့သူတွေအတွက် အိမ်ထဲမှာပဲစိုက်လို့ရတဲ့ သီးပင်စားပင်တွေ အများကြီးရှိတယ်နော်။

(5) အပင်များများစိုက်ချင်ရင် နေရာယူသက်သာအောင် ဒေါင်လိုက်ကြီးထွားတဲ့ အပင်လေးတွေကို ရွေးချယ်နိုင်ပါတယ်။

(6) ပန်းအိုးအရောင်ကိုလည်း အပင်နဲ့ရော သင့်အခန်းနဲ့ရော လိုက်ဖက်ပြီးဆွဲဆောင်မှုရှိတဲ့အရောင်လေးတွေ ရွေးချယ်ပြီး အလှဆင်လို့ရသေးတယ်နော်။

(7) အသုံးပြုတဲ့မြေကြီးကိုသေချာရွေးချယ်ပါ။ သာမန်မြေကြီးထက် အက်စစ်တဲ့ပိုပါတဲ့မြေကြီးကို အပင်တော်တော်များများကပိုကြိုက်ကြပါတယ်။ အဲ့အတွက်မြေဩဇာတွေသုံးတဲ့အခါမှာ အလွန်အကျွံသုံးတာလည်းမဖြစ်ရအောင် ရိုးရိုးမြေကြီးနဲ့မျှတအောင်ရောပေးဖို့လိုပါတယ်။

(8) နောက်ဆုံးတစ်ခုပြောချင်တာက ကိုယ်စိုက်တဲ့အပင်တစ်မျိုးချင်းစီအလိုက် စိုက်ပျိုးရေးနည်းလမ်းတွေနဲ့ အိမ်ခန်းတွင်းအပင်စိုက်တာနဲ့ ပက်သက်တာတွေကို အင်တာနက်မှာ wikiHow လိုမျိုး website တွေကနေရှာကြည့်နိုင်တယ်နော်။

-----
🌿🌵Houseplants truly create a tiny oasis in your apartment. Because of them, air becomes fresher and cleaner.

After a long day at work, or starting a new day, seeing the plants that you grow will set a good mood in the house and relieve the stress caused by the lifestyle of modern world. 🌵🌿

Do you have plants in your apartment? Read these ideas about indoor planting so that you don’t do wrong with your precious nature escape.😊

(1) If it is your first time growing indoor plants, start with the easiest kinds like aloe vera and zebra-plant.

(2) Think of how much time do you have in your lifestyle to do maintenance work. If you have a busy work schedule or fast-paced social life, you might want to choose low maintenance types. Homebodies and work at home freelancers, you have the advantage of time for high maintenance species.

(3) How much sunlight does the room get? Some species prefer a minimal amount of sunlight while some others need hours of direct sunlight in a day.

(4) Grow the edibles. Have an indoor garden of lettuce, tomato and more, and step up your cooking game.

(5) You can take advantage of vertical plants so that you can have much more plants in a space.

(6) Play with planter colors. Personalize the combination of your plant, its planter color and your room, to the way you prefer.

(7) Give the right soil to your plants. Many plants prefer more acidic soil rather than regular soil. You can do so by applying fertilizers but it’s important to not overuse them, meaning you’ll have to look into it according to your plant species.

(8) Online sources like wikiHow are where you get all your information and inspirations for your indoor garden.

Address

56B, KabarAye Pagoda Road
Yangon
11061

Telephone

+959940597372

Website

Alerts

Be the first to know and let us send you an email when Ariya Midas - Hospitality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ariya Midas - Hospitality:

Share