Soe Min Real Estate

Soe Min Real Estate Mingalar par

05/06/2024
အရှေ့ဒဂုံ 7/8 လမ်းဆုံအနီး နေချင်သူများ တစ်ထပ်တိုက်သစ် ရောင်းမည် ပေ 2060 အကျယ်အိပ်ခန်း Master 1, Single 2Aircon 2 လုံးပါ ...
05/06/2024

အရှေ့ဒဂုံ 7/8 လမ်းဆုံအနီး နေချင်သူများ
တစ်ထပ်တိုက်သစ် ရောင်းမည်

ပေ 2060 အကျယ်

အိပ်ခန်း Master 1, Single 2

Aircon 2 လုံးပါ

ခြံထဲကားထားရ

ပိုင်ဆိုင်မှု ပါမစ်မူရင်း

ဈေး 2450 ညှိနှိုင်း

ဆက်သွယ်ရန် - 09420008687

#အရှေ့ဒဂုံအိမ်ခြံမြေ #မြောက်ဒဂုံအိမ်ခြံမြေ

မြောက်ဒဂုံ ၄၁ရပ်ကွက်ဗိုလ်မင်းရောင်လမ်းမကြီးအနီး ပေ ၄၀ ၆၀ ဂရံမြေအုတ်ပတ်ကားခတ်ပြီးနေရာကောင်း အဝင်အထွက်သာစျေး ၆၀၀၀ သိန်း (ည...
04/06/2024

မြောက်ဒဂုံ

၄၁ရပ်ကွက်

ဗိုလ်မင်းရောင်လမ်းမကြီးအနီး

ပေ ၄၀ ၆၀ ဂရံမြေ

အုတ်ပတ်ကားခတ်ပြီး

နေရာကောင်း အဝင်အထွက်သာ

စျေး ၆၀၀၀ သိန်း (ညှိနှိုင်းစျေး)

09420008687

မြောက်ဒဂုံ 30 ရပ်ကွက်၊ ပင်လုံအနီး40'60' 5200 ညှိနှိုင်း ဂရန်အမည်ပေါက်မန်းလေးဈေးအနီး၊ ပင်လုံလမ်းမအနီး အုတ်တံတိုင်းခတ်ထား ...
03/06/2024

မြောက်ဒဂုံ 30 ရပ်ကွက်၊ ပင်လုံအနီး
40'60' 5200 ညှိနှိုင်း
ဂရန်အမည်ပေါက်

မန်းလေးဈေးအနီး၊ ပင်လုံလမ်းမအနီး
အုတ်တံတိုင်းခတ်ထား

Admin အိမ်ခြံမြေ အရောင်းတင်ခွင်ပြုပါ 🙏အမှတ် ၁၁၃၇ အောင်တံခွန်လမ်း (ပုဂံလမ်းကျောကပ်) ၅၆ ရပ်ကွက် တောင်ဒဂုံပေ ၁၀ ၆၀  ပါမစ်မိ...
03/06/2024

Admin အိမ်ခြံမြေ အရောင်းတင်ခွင်ပြုပါ 🙏

အမှတ် ၁၁၃၇ အောင်တံခွန်လမ်း (ပုဂံလမ်းကျောကပ်)
၅၆ ရပ်ကွက် တောင်ဒဂုံ
ပေ ၁၀ ၆၀ ပါမစ်မိတ္တူ(မိုးတွင်းရေမတင်ပါ)
စျေးသိန်း ၄၅၀ ညှီနိူင်း
စျေးနီးကျောင်းနီး ပီးတော့ လူစည်ရပ်ကွက် မို့ စီးပွားရေးလုပ်ချင်သူများလည်း အဆင်ပြေပါတယ်
အိမ်လေးကတော့အမြင်တိုင်းပါ

လူကြီးမင်းတိုရဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှားလိုသော တိုက်ခန်း ဆိုင်ခန်း လိုင်းခန်း တွဲများပါ အမြန်ဆုံး အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးပါသည်
Messenger Viber(Chat box) တိုကနေလည်း ဆက်သွယ်ပီးအသေးစိတ်စုံစမ်းနိင်ပါတယ်ခင်ဗျာ
09420008687

Admin အိမ်ခြံမြေ အရောင်းတင်ခွင်ပြုပါ 🙏မြောက်ဥကလာ မြိုနယ်တွင် လူနေအိမ်ဆိုင်ခန်း တွဲရက်ရှာ နေသော လူကြီးမင်းများအတွက် စျေးသ...
03/06/2024

Admin အိမ်ခြံမြေ အရောင်းတင်ခွင်ပြုပါ 🙏

မြောက်ဥကလာ မြိုနယ်တွင် လူနေအိမ်ဆိုင်ခန်း တွဲရက်ရှာ နေသော လူကြီးမင်းများအတွက် စျေးသင့်တင့် လူစည်းကားပီး မိသားစုလိုက်နေထိုင်လို့ရ စီးပွားရေး လုပ်လို့ရတဲ့ သူများအတွက် အဆင်ပြေပါတယ်

မြောက်ဥက္ကလာစိန်ခြယ်လမ်းမကြီးပေါ် /လမ်းဆုံ
စျေးရောင်းစားလို့ရပြိးဆိုင်ခန်း၂ခန်းထိဖွင့်လို့ရ
၂ ထပ်အိမ်ပါ
ကိုယ်ပိုင်ရေစက် မီး အကုန်ရပါတယ်
စိုက်ပျိုးရေးမြေ
ရိုးရိုးစာချူပ်/နေတာနှစ်၆၀ ရှိပါပြီ။

#ပေ ၁၇ ၆၀
#စျေး သိန်း ၁၁၅၀ အလျော့အတင်း

လူကြီးမင်းတိုရဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှားလိုသော တိုက်ခန်း ဆိုင်ခန်း လိုင်းခန်း တွဲများပါ အမြန်ဆုံး အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးပါတယ်
Messenger Viber(Chat box) တိုကနေလည်း ဆက်သွယ်ပီးအသေးစိတ်စုံစမ်းနိင်ပါတယ်ခင်ဗျ

အိမ်ခြံမြေ နဲ့ ပတ်သတ်ပီး အကြောင်းအရာများသိလို့ပါက follow လေးနှိပ်ပေးခဲ့ပါ အားလုံးကျေးဇူးတင်ပါတယ် 😘

03/06/2024

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit : Ra Wai

03/06/2024

#မြေအမျိုးအစားကိုအလွယ်တကူသိစေရန်

မြေနဲ့ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ (၁၀၅)မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်

၁။ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်

၂။ ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်

၃။ အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်

၄။ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပြီးတော့

၅။ သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း

ဘာမြေအမျိုးအစားဖြစ်နိူင်တယ်

၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား

၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်

ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊

ကျနော်လည်း စုပီးသားဖြစ်သွားအောင်

သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပြီး

ပထမတန်းစားဆိုရင် R1

ဒုတိယတန်းစားဆိုရင် R2

တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3

တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

Credit Sayar Gyi U KYI SOE IC
#ဒေါ်လတ်လတ်မြင့်
#အိမ်ခြံမြေသင်တန်း
09-5104041
09-796111456(Ph/Viber)

03/06/2024

မြေခွန်ပြေစာ ဆိုသည်မှာ
။။။။။။။။။။။။။။။။။။။။။။။။။။။။
မြေခွန်ပြေစာပြပြီး မြေအရောင်းအဝယ် ပြုနေသူများ သတိပြုနိုင်ဖို့ တင်ပြချင် ပါတယ်။ အွန်လိုင်းမှာ မြေခွန်ပြေစာပြ ရောင်းဝယ် နေတာတောင် တွေ့နေရ ပါတယ်။ မစိစစ်ပဲ ဝယ်မိလို့ အရှုပ်အရှင်း ဖြစ် လာရင်တော့ ရှင်းကြ၊ ဆုံးရှုံးကြ၊ တရားရင်ဆိုင် ကြရမှာပါ။

မြေခွန်ပြေစာ တွေမှာ အသုံးများတာ နှစ်မျိုးလောက်ပဲ ရှိပါတယ်။ လယ်ယာမြေ မြေခွန်ပြေစာနဲ့ မြို့မြေ မြေခွန်ပြေစာတို့ ဖြစ်ပါတယ်။

လယ်ယာမြေ အတွက် အများအခေါ် (ပုံစံ ၈)၊ မြို့မြေ အတွက် (ပုံစံ ၁) တို့ဖြစ်ပါ တယ်။

ပြေစာရဲ့ ဘယ်ဘက် အပေါ်ထောင့် ကိုကြည့်ပါ။ လယ်ယာမြေ အတွက် (မြေစာ ရင်း ၈ မြေခွန်ပြေစာ LR.😎 နဲ့ မြို့မြေအတွက် (မြေခွန်ပုံစံ ၃/ ပြေစာ ၁ Receipt.I ) ပုံစံနမူနာပူးတွဲ တင်ပြထား ပါတယ်။

ရောင်းဝယ်ရင် မြေခွန်ပြေစာ တွေထဲက ဘယ်ပြေစာကိုပဲ ပြပြ၊ မြေခွန် ပြေစာလေးကြည့်ပြီး မဝယ်ပါနဲ့၊ ပြေစာပြရင် ပိုင်ဆိုင်မှု ပြခိုင်းရပါမယ်၊ ဒါက ဝယ်ယူသူရဲ့ အခွင့်အရေးပဲ၊ လယ်ယာမြေဆိုရင် (ပုံစံ ၇) ရှိရပါမယ်၊ (ပုံစံ ၇)ရှိမှ ရောင်း ဝယ်ခွင့် ရှိတယ်လို့ ဥပဒေမှာ အတိအလင်း ပြောထား ပါတယ်၊ ဝယ်ရင် လယ် ယာမြေ တည်ရှိတဲ့ ကျေးရွာ လယ်စီရှေ့မှောက်မှာ စာချုပ် ချုပ်ဆိုပါ၊ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်ဆိုင်ရာ မြို့နယ် မြေစာရင်းဦးစီး ဌာနမှူးရုံးမှာ တင်ပြပြီး မှတ်ပုံတင်ပြု လုပ်ပါ (အဲလိုချုပ်ဖို့ တင်ပြဖို့က ကို့တာဝန်၊ တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ကိစ္စ သူတို့တာဝန်)။ (ပုံစံ ၇)ရအောင် လျောက်ထား ရယူဖို့ကလည်း မူလပိုင်ရှင်ရဲ့ တာဝန်ပဲ။

၂၀၁၂ လယ်ယာမြေ ဥပဒေပြဌာန်းပြီး နောက်ပိုင်း (ပုံစံ ၇) တွေထုတ်ပေးခဲ့ ပါတယ်။

နောက်တစ်ခုက မြို့မြေဆိုရင် ဂရန် ရှိရပါမယ်၊ ပိုင်ဆိုင်မှု အထောက်အထား တစ်ခုခုကို ဆိုလိုတာပါ။ ဂရန်မရှိ ရင်လည်း အရှုပ်အရှင်း ရှိမရှိ စစ်ဆေး ရပါမယ်။ မြို့မြေ၊ လယ်ယာမြေ မြေခွန်ပြေစာရှိလို့ အခွန်ဆောင်တယ် ဆိုရင် အဲဒီအခွန်ကို ဆောင်ရတဲ့ အကြောင်းအရင်း ရှိနေပြီပေါ့။ သူအဲဒီမြေခွန်ပြေစာ ဘယ် လိုရသလဲ၊ ဘယ် လိုပိုင်လို့လဲ၊ ဌာနက ဘာလို့ အခွန်စည်းကြပ်သလဲ၊ ဌာနမှာ ဘယ်လို စာရင်းဝင်နေသလဲ၊ ဒါတွေစစ်ဆေး ကြည့်ပါ။ ဌာနတွေမှာ သွားရောက် မေးမြန်း စုံစမ်းကြည့်ပါ။ ဘာလို့လဲ ဆိုတော့ ဝယ်ရင် ငွေပေးရတော့ မယ်လေ၊ အလကား ငွေအဆုံးအရှုံးမခံချင်ရင် ဝယ်မည့်သူက ဒီလောက်တော့ အားစိုက် မေးမြန်းစုံစမ်း ရတော့မှာပေါ့။ (မြေခွန်ပြေစာ ပုံစံ ၈)ဟာ လယ်ယာ စိုက်ပျိုးမြေအပေါ် စည်းကြပ် ကောက်ခံတဲ့ မြေခွန်ပြေစာ ဖြစ်ပါတယ်။

အဲဒီလယ်ယာမြေပြေစာရဲ့ မူရင်း သတ်မှတ်ပုံစံ အပြည့်အစုံကို မြန်မာ အင်္ဂလိပ်ပုံစံနဲ့ ပူးတွဲတင်ပြထားပါ တယ်။ ပြေစာမှာ ကြော်ငြာစာကို သတိပြုပါ “ဤဖြတ်ပိုင်းသည် အခွန်တော်ပြေစာသာ ဖြစ်သည်။ မြေပိုင်ရှင်ဖြစ်ကြောင်း သက် သေခံ လက်မှတ် မဟုတ်။” လို့ အတိအလင်းပါရှိနေတာကို သတိပြုပါ။
ခုခေတ် လယ်ယာမြေပြေစာ ကျောဘက်မှာ အဲဒီလို ရေးထားပါတယ်။ မြေကို ပိုင်ပိုင် မပိုင်ပိုင် သုံးနေရင် မြေခွန်ကောက်တယ်၊ ဒါကြောင့် ကျူးကျော်ခွန်ဆိုတာ ရှိတာပေါ့။ မြေကို ဥပဒေအရ ပိုင်ဆိုင်လို့ အခွန် ကောက်တာ ရှိသလို ကျူးကျော်နေလို့ အခွန်ကောက်တာလဲ ရှိကြတာပဲ။ စားကျက်မြေမှာ ကျူး ကျော် စိုက်နေရင် အခွန်ကောက်သလိုပေါ့။ ဥပမာ စားကျက်မြေကို စားကျက် မြေအဖြစ်က ဥပဒေအရ ပယ်ဖျက်ခွင့် မရမချင်း ကျူးကျော်သူက ဘယ်လိုနည်းနဲ့မှ မပိုင်နိုင်ပါဘူး။

အခုပူးတွဲ (အနီရောင်စတား) ပြထားတဲ့ ပြေစာကိုကြည့်ပါ။ ပုံစံက လယ်ယာမြေ ပြေစာပါ။ ဒါပေမဲ့ အကြံ အဖန် လုပ်ထားတဲ့ ပြေစာ ဖြစ်နိုင်ပါတယ်။ ပြေစာအရ ဆိုရင် မြို့မြေအတွင်း ရောက်နေတဲ့ လယ်ယာမြေ သို့မဟုတ် လယ်ယာမြေမှ မြို့ကွက်သစ်ရိုက်ထားမြေ ဖြစ်နိုင်ပါတယ်။ မြို့သစ်၊ မြို့ မြေဖြစ်ရင် LR.8 (ပုံစံ ၈) ပြေစာမသုံးကြပါဘူး။

Receipt.I (ပုံစံ ၁) ကိုသာ သုံးကြရပါတယ်။ မြို့တွင်းမှာ မူလကတည်းက လယ် ယာမြေမျိုးကြီး (မြို့တွင်း လယ်ယာမြေ) ပေါက်နေမှသာ မြေစာရင်း (ပုံစံ ၈) ဖြင့် စည်းကြပ်ရပါတယ်။ အခုပြေစာ အနေအထားအရ မြို့တွင်း လယ်လည်း မဟုတ်နိုင်ပါဘူး၊ မြေက (ဝ.၀၃) ဧက သာရှိတဲ့အတွက် စိုက်ပျိုးမြေလည်း မဖြစ်နိုင်ပါ ဘူး။ မြေကွက်လပ်တစ်ခုကို အကြံအဖန်လုပ် ပြေစာထုတ်ထားတဲ့ သဘောသာ ဖြစ်နိုင်ပါတယ်။

ရပ်ကျေးနဲ့ မြေတိုင်းစာရေးတို့ ပေါင်းပြီး ပြေစာထုတ်ပေးထားတဲ့အသွင် ဖြစ်နေပါတယ်။ လယ်ပိုင်ရှင်လို့ လည်း ပြောမရပါဘူး၊ မြေက စိုက်ပျိုးရေးအတွက် အသုံးချမြေလို့ ပြမထား ပါဘူး။ မြေမျိုး၊ အတန်းအစား၊ စိုက်သီးနှံ၊ မြေမျိုးနှုန်းအရ သင့်ငွေ စတဲ့အချက်များ ဖြည့်ထားမှုမတွေ့ရ ပါဘူး၊ ဂရန်မကျသေး၊ လယ (၃၀) လည်း မရှိ၊ မြေကို မြို့မြေကွက်လပ်ဟု ပြေစာ ထုတ်ထားခြင်းသာဖြစ်နိုင်ပါတယ်၊ မြေခွန်ဥပဒေ လုပ်ထုံး လုပ်နည်း၊ မြေစာရင်း လုပ်ထုံးလုပ်နည်း မကိုက်ညီပါဘူး။ အကြံအဖန် လုပ်ထားတဲ့ ပြေစာသာ ဖြစ်ပါမယ်။
မြေစာရင်းရုံးမှာ စာရင်းမှတ်တမ်း မရှိနိုင်ပါဘူး။ မြေစာရင်းဌာနမှာ လယ်ယာမြေဖြစ်ပါက သီးစားခံလှပ် နှုန်းပြည့်၊ ကြေညာကွင်း လှပ် ၁၃ ပြားနှုန်း၊ အခြားနည်းသုံးလှပ် ၂ ဆနှုန်းစတဲ့ လုပ်ထုံးလုပ်နည်းများ ရှိပါ တယ်။ ယခုပြေစာမှာ မတွေ့ရပါဘူး။ မြေကွက် (ပလှပ်ကွက်)ကို ဦးပြီး ပြေစာဖောက် ရောင်းရန် ဖန်တီး မှုဖြစ်ဖို့ သေချာ ပါတယ်။ (မြေခွန်ပြေစာ ပုံစံ ၈) ပေါ်မှာ မြို့မြေဆိုတဲ့ စာသားကိုလည်းရေးခွင့်မရှိပါဘူး။ ပြောရရင် ပြေစာအတု အဆင့်ပါပဲ။ ဒီလိုပြေစာမျိုးနဲ့ မစိစစ်ပဲ ရောင်းဝယ်မိရင်တော့ ရမှာက ပြဿနာ တွေပါပဲ။ ဒါကြောင့် မြေရောင်း ဝယ်ရင် စိစစ်ကြပါ၊ ဌာနတွေကလည်း စာရင်း သွင်းတာ၊ ပြေစာထုတ်တာ၊ စာရင်းစစ် တာ၊ မှတ်တမ်းထားတာတွေ သေချာ လုပ်ပြီးမှ ပေးကြပါ။ ဌာနတွင်း အောက်ခြေ ဝန်ထမ်းက မသမာသော နည်းနဲ့ ထုတ်ပေးတာ၊ အရပ်ထဲမှာ အတုလုပ်တာတွေ ရှိနိုင်တဲ့အတွက် အထူးသတိထား ဆောင်ရွက်ကြစေ လိုပါကြောင်း.....။

အိမ် ခြံ မြေ များကို ရောင်း ၊ဝယ် ၊ငှား ပြုလုပ်လိုတဲ့
မည်သူမဆို Yuzanarland Application မှာ
အခမဲ့ အရောင်းကြော်ငြာများ တင်နိုင်ပါတယ်။
Application Download Link
� Android အတွက် Play Store မှ ဒေါင်းရန် 👇-
yuzanarland.com/g/pwipE
� IOS အတွက် App Store မှ ဒေါင်းရန် 👇-
yuzanarland.com/g/zuMK5
#အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ငှား

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09420008687

Website

Alerts

Be the first to know and let us send you an email when Soe Min Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category