Global Asia Myanmar Real Estate & Consultancy Firm

Global Asia Myanmar Real Estate & Consultancy Firm Real Estate & Consultancy Firm

15/01/2024

🍀 မြောက်ဥက္ကလာရှိ မြေကွက်များ ရောင်းမည်

☎️ ကြော်ငြာပိုင်ရှင်နဲ့ တိုက်ရိုက်ဆက်သွယ်ရန် ==>
https://www.imyanmarhouse.com/s/y1hnjnh0

ကန်ထရိုက်တာလူကြီးမင်းများအတွက်သတင်းကောင်းလေးလာပါပြီရှင့်😘

☘️ မြောက်ဥက္ကလာ၊ ဂရုဏာလမ်းမ(ဒဂုံကြိုးတံတားဒဲ့ပေါက်လမ်း)
- ( 80 x 60 ) ၊ မြေ
💰 5700 သိန်း
-------

-( 40 x 60 ) ၊ မြေ
💰 2850 သိန်း

🔰 Minicondo ပဲဆောက်ဆောက်၊ အထပ်အမြင့်ပဲဆောက်ဆောက် ၊လုံးချင်းပဲဆောက်ဆောက် တကယ်အကျိုးအမြတ်များစွာရရှိနိုင်မဲ့နေရာကောင်းတစ်ခုဖြစ်ပြီး ကြိုးတံတားလမ်းဆုံ၊ သုဓမ္မာလမ်းမ၊ သုနန္ဒာလမ်းမ၊ စိန်ဂေဟာ၊ ကန်သာယာလမ်းဆုံတို့နှင့် အနီးဆုံး နေရာမှာတည်ရှိလို့ သွားရလာရလွယ်ကူပြီး အဆင်ပြေချောမွေ့တဲ့နေရာကောင်းတစ်ခုဖြစ်တဲ့ မြေကွက်အရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်💁

🔰 မြောက်ဒဂုံမှာ(40 x 60)တစ်ကွက်ကို သိန်း (4 ၊ 5 ထောင်) ဖြစ်နေတဲ့အချိန်၊ အရှေ့ဒဂုံမှာ တစ်ကွက်ကို သိန်း 3000 ကျော်ဖြစ်နေတဲ့အချိန်မှာ မြောက်ဥက္ကလာနေရာမျိုး လမ်းကျယ်ပေါ်မှာ (40 x 60)ကို သိန်း 2800 ဝန်းကျင်နဲ့ရမှာမို့အရမ်းကိုတန်နေပါပြီနော်

iMyanmarHouse.com
အလားတူအိမ်ခြံမြေကြော်ငြာပေါင်း ၃၅၀,၀၀၀ ကျော်ကို iMyanmarHouse.com တွင် ရှာဖွေလိုက်ပါ

#အိမ်ခြံမြေ
#ဘဏ်အရစ်ကျ




#မြောက်ဥက္ကလာပမြို့နယ်မြေကွက်အရောင်း
#ဂရုဏာလမ်းမမြေကွက်အရောင်း
#ကြိုးတံတားအနီးမြေကွက်အရောင်း
#သုဓမ္မာလမ်းမအနီးမြေကွက်အရောင်း
#သုနန္ဒာလမ်းမအနီးမြေကွက်အရောင်း
#ကန်သာယာလမ်းဆုံအနီးမြေကွက်အရောင်း
#ကန်သာယာစိန်ဂေဟာအနီးမြေကွက်အရောင်း

03/09/2023

#သတိပြုရန်

(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝယ်နဲ့။
(၄) ယခင် အိမ်ရှင်ကို ဝယ်ပြီးရင်မထားနဲ့။
(၅) ယခင် အိမ်ရှင်ကို အိမ်ငှါးပါတယ်လို့လဲ စာချုပ်မချုပ်နဲ့။

အဘယ်ကြောင့်ဆိုသော်:-

(၁) အိမ်ငှါးနေထိုင်နေသည့် အိမ်နှင့်မြေကို မည်သို့မျှ မဝယ်နှင့်။ လက်ရောက်ရယူတယ်လို့ မခေါ်နိုင်။ အရောင်းအဝယ်စာချုပ် မမြောက်။ ဝယ်တဲ့သူက အိမ်ငှါးကို ဖယ်လို့မရ။ ဟန်ဆောင်စာချုပ်လို့ သတ်မှတ်နိုင်။ ရောင်းတဲ့သူကသာ အိမ်ငှါးကို ဖယ်ရှားခွင့်ရှိ။

(၂) ရောင်းသူက အိမ်ရောင်းသည် သို့ပေမဲ့ ကျန်းမာရေးမကောင်းလို့ မဖယ်ပေး။ လက်ရောက်မရသေး ရင် နှင်လိုမှုစွဲလို့မရ။ လက်ရှိဖြစ်မှ သီးခြားသက်သာခွင့် (၉) အရ လက်ရောက်ရယူလိုမှုစွဲလို့ရ။ အိမ်ရှင်ကို အိမ်ပေါ်မထားရ။

(၃) မြေကွက်တစ်ကွက်ကို ဦးဖြူကပိုင်ပြီး၊ ထိုမြေကွက်ကို ဦးမဲကကျူးကျော်နေထိုင်သည်။ ထိုအချိန်တွင် ဦးဖြူက ဦးပြာကိုရောင်းချသည်။ မှတ်ချက် မူလပိုင်ရှင် ဦးဖြူကသာ ကျူးကျော်သူကို နှင်လို့ရသည်။

(၄) မြေရှင်က မြေကွက်ပေါ်မှာ အခမဲ့ နေထိုင်ခွင့်ပေးထားသည်။ ယခုလို မြေမျိုး မဝယ်ပါနှင့်။ ဝယ်တဲ့သူက နှင်လို့မရ။ ဖယ်ရှားလို့မရ။ နှင်မည်ဆိုက ခွင့်ပြုချက်ပေးသူကသာ နှင်လို့ရ။

(၅) အိမ်ရှင်ထံမှ ဝယ်ပြီး၊ အိမ်ရှင်ကို အိမ်ငှါးအဖြစ် ပြန်လည်စာချုပ်ချုပ်ဆိုမည့် အိမ် မဝယ်နဲ့။ မြေပေါ်မှာ ပိုင်ရှင်ကို မထားနဲ့။ ပျက်ပြယ်လိုက ပျက်ပျယ်ခွင့်ရှိ။

(၆) ရောင်းသူက အိမ်ထောင်ရှိလျှင် လင်/မယား နှစ်ဦးလုံးကို လက်မှတ်ထိုးဝယ်ရန်။ အမည်မပေါက်တဲ့သူကို သက်သေနေရာက ရေးထိုးထားပါ။
© ဦးမောင်မောင်မင်းခေါင် (တရားလွှတ်တော်ရှေ့နေ)

Credit to original owner !

30/08/2023
ဝယ်မယ် ရောင်းမယ်
30/08/2023

ဝယ်မယ် ရောင်းမယ်

ဝယ်ပြီး ပြန်ရောင်းမယ်
30/08/2023

ဝယ်ပြီး ပြန်ရောင်းမယ်

21/05/2023

Lawyer တဦး Post မှ ကူယူဖော်ပြပါသည် ။

လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။

▪လယ်မြေ/လယ်ယာမြေတို့ကို ဝယ်လိုလျှင်
ရဲရဲသာ ဝယ်ပါ။ ဝယ်ပိုင်ခွင့်ရှိနေပါပြီ။
▪စည်းကမ်း အရတော့ "လယ်မြေ" ဝယ်ရင် လယ်စိုက်ရပါ့မယ်။ ယာမြေ ဝယ်ရင် "ယာ"စိုက်ရမည်ဖြစ်ပါသည်။
▪အဲဒီလို မစိုက်ချင်ရင်၊ မြေအမျိုးစား ပြောင်းခွင့် တင်လို့ရပါတယ်။ လယ်ယာမြေ ဥပဒေ သစ် ရဲ့ အပိုဒ်(၃၀)
အရပေါ့ (အဟောင်း လ/န ၃၉ လိုပါပဲ)
▪လ/န ၃၉ ဆိုသည်မှာ လယ်ယာမြေကို မြို့မြေ(သို့)
လူနေမြေ အဖြစ်သို့ မြေအမျိုးစား ပြောင်းလဲသတ်မှတ်နိုင်သည့် ပုဒ်မပါ။
▪ပုဒ်မ -၃၈ နှင့် ၃၉ တို့အရ မည်သည့် "လယ်ယာမြေ"ကိုမဆို သင့်တော်သောနည်းလမ်း ၏အတိုင်း မြေအမျိုးစား ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။
▪ယခုချိန်မှာ လယ်ယာမြေ ဥပဒေသစ်(၂၀၁၂)မှာက လ/န ဥပဒေ ထက်တော့ ပိုပြီး ပြည်စုံပါသည်။
▪"အခြားနည်းအသုံးပြု' လို့ခေါ်ဝေါ်တဲ့ (ပုဒ်မ-၃၀(က)(ခ)) ကိုပြောင်းလဲသတ်မှတ်အပြီး "လယ်မြေ' တွေကို (လူနေမြေ) အဖြစ်ပြောင်းလဲ လျှောက်ထားပိုင်ခွင့်၊ ရောင်း၊ ပေါင်၊ငှား၊လဲ ခွင့်နှင့် ဂရံ မြေအထိ အဆင့်ဆင့်
ပြောင်းလဲလျှောက်နိုင်ခွင့် ရမည်ဖြစ်သည်။ ယခုလို လျှောက်ထားနိုင်ရန်အတွက် နည်းဥပဒေ ရဲ့ "ပုံစံ-၁၄' ကို
သက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးတွေမှာ ဝယ်လို့ရပါသည်။

▪ပထမဦးဆုံး အနေနဲ့ ​ကိုယ်ဝယ်ယူမယ့် "လယ်မြေ' ရဲ့
ပုံစံ(၇)ကို မြေစာရင်းဦးစီးဌာနမှာ မှန်/မမှန် အရင်စစ်ဆေးဖို့ လိုပါသည်။ မူရင်း ပုံစံ(၇) ကိုမြင်တွေ့ပြီး စရံငွေပေးပြီး ရပ်ကျေး ဥက္ကဌ နှင့်ညှိနှိုင်းပါ။

▪လယ်မြေ အား ငွေအပြေ ပေးချေတော့မည် ဆိုလျှင်-
၁။ အရောင်းဝယ်ပြုလုပ်ရန် အတွက် ထုတ်ယူထားသော ပုံစံ-၁၀၅ တောင်းပါ။
၂။ ပုံစံ-၁၀၅ မှ ပိုင်ရှင်က ဝယ်ယူသူသို့ လွှဲ ပေးသော
SP လည်း ရရှိပါစေ။
၃။ ထို့အပြင် ပုံစံ(၇)မူရင်းလည်း ယူရပါရမည်။
၄။ အထက်ပါအကြောင်းရာများအား စီစစ်ဝယ်ယူပြီးလျှင် "တံဆိပ်ခေါင်းခွန်' နှင့်"မှတ်ပုံတင်ကြေး' တို့ပေးဆောင်၍ မြို့နယ်မြေစာရင်းမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။ ၄င်းစာချုပ်ချုပ်ဆိုပြီးပါက မိမိဝယ်ယူထားသော
"လယ်မြေ' ကွက်ကို ကိုယ့်အမည်(ဝယ်ယူသူအမည်) ပြောင်း ၍ ရပါပြီ။

▪ထိုနည်းတူ "လယ်ယာမြေ'မှ လူနေမြေ သို့ လျှောက်မည်ဆိုပါက ပုံစံ-၁၄. ဝယ်ယူအပြီး မြို့နယ် မြေစာရင်းသို့ ပုံစံ-၁၀၆ အား လိုအပ်ပါက လျှောက်ထားရမည်။
▪ အဆင့်မများပါ။ လွယ်ကူ ရိုးရှင်းပါသည်။

ဒါလေးထပ်ဖတ်ဖို့လည်း မမေ့ပါနဲ့ လယ်မြေပဲဝယ်ဝယ်၊ လယ်ယာမြေပဲ ဝယ်ဝယ် အဆင့် (၁၀) ဆင့် မဖြစ်မ ေနလုပ်ေဆာင်ပါ
▪ယခုချိန် မြေကွက်အား ရေရှည်စီမံကိန်းဖြင့် ရင်းနှီးမြုပ်နှံရန် အစီစဥ်ရှိသော မည်သူမဆို ငွေနည်းနည်းပေးပြီး မိမိပြန်ရောင်းထုတ်ချိန် စျေးကောင်းကောင်းပြန် ဖို့ရန်အတွက် လယ်မြေ များသည် အထူးစဥ်းစားရမည့် အချက်များထဲ ပါဝင်နေပါသည်။
▪အချက်ချာကျ ပြီး အရပ်လေးမျက်နှာ၌ စီမံကိန်းများ တဖြည်းဖြည်းနဲ့ တိုးတက်လာ၍ အစိုးရ ရာပြည့် Plan များ အရှိန်တင်နေသော နေရာအနီးနား လယ်မြေ များသည် နောင်တစ်ချိန်မှာ "ရွှေ' ဖြစ်လာမည်ဟု အကြံပြုရင်း။

Crd to Lawyer & Original Owner
မြေယာ ဥပဒေ များမှကူးယူဖော်ပြသည်

20/05/2023

◾အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် Bankချိတ်(Home loan )

◾1. Bankချိတ်(Home loan)ဆိုတာ ဘာလဲ?

Bank ချိတ်ဆိုတာက မိမိမွာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တစ်ချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ္ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင်BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရံအမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။

◾2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စားရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုပ္မဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(Now-Extract Form)
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~~~~
◾3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ္ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်

CRD_မူရင်းရေးသားတင်ပြသူ

Credit to Lawyer

#ဘဏ်ချိတ်_ရှေ့နေ_အိမ်ခြံမြေ_စာချုပ်စာတမ်း

Address

57 Than Lwin Road Windermere
Yangon
11043

Alerts

Be the first to know and let us send you an email when Global Asia Myanmar Real Estate & Consultancy Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category