Eastern Zenith Treasure

Directions Contact the business

Eastern Zenith Treasure Real Estate Agent

04/10/2026

🚨 (၁) အပူရှပ်ခြင်း မဖြစ်ခင် သိထားရမယ့် "ရှေ့ပြေးလက္ခဏာများ"
အပူရှပ်တဲ့အဆင့် မရောက်ခင် ခန္ဓာကိုယ်က အခုလို သတိပေးတတ်ပါတယ် -
* ချွေးတွေ ရွှဲနစ်နေအောင် ထွက်တာ
* ခေါင်းမူး၊ ခေါင်းကိုက်ပြီး အားကုန်ခမ်းနုန်းချိလာတာ
* ပျို့အန်ချင်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ
* နှလုံးတုန်ပြီး ကြွက်တက်တာ�(ဒီအဆင့်မှာတင် အရိပ်ထဲရွှေ့ပြီး အပူချပေးဖို့ လိုပါတယ်)

🔥 (၂) အသက်အန္တရာယ်ရှိတဲ့ "အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ"
* ချွေးလုံးဝ မထွက်တော့ဘဲ အသားအရေတွေ ပူစပ်ပြီး နီရဲခြောက်သွေ့လာတာ
* ကိုယ်အပူချိန် တက်လာတာ
* စကားတွေ ဗလုံးဗထွေးဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ
* သတိလစ် မေ့မြောသွားတာ / အတက်ရောဂါလို တက်တာ

🚑 ချက်ချင်းလုပ်ရမယ့် "အရေးပေါ် ရှေးဦးသူနာပြုစုနည်း"

ဆေးရုံမပို့ခင် ဒီ (၄) ဆင့်ကို မိနစ်ပိုင်းအတွင်း ချက်ချင်းလုပ်ပေးပါ -
1. လူနာကို နေပူထဲကနေ အဲကွန်း သို့မဟုတ် ပန်ကာရှိတဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာ ချက်ချင်းရွှေ့ပါ။

2. ကျပ်ညပ်နေတဲ့ အဝတ်အစားတွေကို ချွတ်
ပစ်ပါ သို့မဟုတ် လျှော့ပေးပါ။

3. ရိုးရိုးရေ (သို့) ရေအေးနဲ့ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ။ ပန်ကာလေခတ်ပေးပါ။

4. ရေခဲကို လူနာရဲ့ "လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ" တို့မှာ ကပ်ပေးပါ။

❌ လုံးဝ (လုံးဝ) မလုပ်ရမယ့် တားမြစ်ချက် (၂) ချက်

* ပါရာစီတမော လုံးဝမတိုက်ရပါ။
အပူရှပ်တာဟာ ပိုးဝင်လို့ဖျားတာ မဟုတ်လို့ အဖျားပျောက်ဆေး မတိုးပါဘူး။ ဆေးတိုက်ရင် အသည်းနဲ့ ကျောက်ကပ်ကို ပိုပျက်စီးစေပါတယ်။
* သတိလစ်နေရင် ရေမတိုက်ရပါ။
လူနာက စိတ်မကြည်ရင်၊ မိန်းမောနေရင် ရေလုံးဝမတိုက်ပါနဲ့။ အဆုတ်ထဲ ရေဝင်ပြီး အသက်ရှူကျပ်သွားတတ်ပါတယ်။

💡 ဘယ်လို ကြိုတင်ကာကွယ်မလဲ။

* ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့ကို ရေ (၂-၃) လီတာ ပုံမှန်သောက်ပါ။
* အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် အမြဲသုံးပါ။
* ဖရဲသီး ၊သခွါးမွှေးသီး၊သခွါးသီး စတဲ့ အသီးအနှံတွေ စားပေးပါ။
* နေ့လယ် (၁၁) နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲ ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

ဟင်းခပ်အမွှေးအကြိုင်မဆလာအပူအစပ် /မာလာအထုံအစပ်/ရခိုင်ချက်အာပူအစပ်/ငပိရည် ငံပြာရည်စပ်စပ် (ဆင်ခြင်စားပါ)


#အပူရှပ်ခြင်း

#ကျန်းမာရေး

31/08/2026
Happy Chinese New Year 2026"May this new year be filled with joy, prosperity, and new opportunities."
16/02/2026

Happy Chinese New Year 2026
"May this new year be filled with joy, prosperity, and new opportunities."


Merry Christmas! May your day be filledwith love, joy, and laughter.
25/12/2025

Merry Christmas! May your day be filled
with love, joy, and laughter.



🟡 သီတင်းကျွတ်လပြည့် 🟡🙏(အဘိဓမ္မာအခါတော်နေ့)🙏(6.10.2025)ရက်နေ့တွင်ကျရောက်သည့် "သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)"အခါသမ...
06/10/2025

🟡 သီတင်းကျွတ်လပြည့် 🟡
🙏(အဘိဓမ္မာအခါတော်နေ့)🙏

(6.10.2025)ရက်နေ့တွင်ကျရောက်သည့်
"သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)"
အခါသမယတွင် သတ္တဝါအပေါင်း ကိုယ်ကျန်းမာ
စိတ်ချမ်းသာ၍ လိုအင်ဆန္ဒဟူသမျှပြည့်စုံပါ
စေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏


မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ်၊ တန်ခူးလတွင်ကျရောက်သောမြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အခါသမယ၌ မြန်မာပြည်သူပြည်သားများအားလုံး ဘေ...
12/04/2025

မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ်၊
တန်ခူးလတွင်ကျရောက်သော
မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အခါသမယ၌
မြန်မာပြည်သူပြည်သားများအားလုံး
ဘေးဘယာဝေးကွာပြီ
အေးချမ်းပျော်ရွှင်ပါစေကြောင်း
Eastern Zenith Treasure မိသားစုမှ
ဆုတောင်းမေတ္တာပို့အပ်ပါသည် 🙏🙏🙏



ထပ်တူဝမ်းနည်းရပါကြောင်း*******************၂၈.၃.၂၀၂၅ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းပြတ်ရွေ့ကြောမှလှုပ်ခတ်သွားသ...
30/03/2025

ထပ်တူဝမ်းနည်းရပါကြောင်း
*******************
၂၈.၃.၂၀၂၅ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းပြတ်ရွေ့ကြောမှလှုပ်ခတ်သွားသည့် အင်အားအလွန်ပြင်းသည့် မြေငလျင်ကြီးကြောင့် မြန်မာပြည်သူပြည်သား မိသားစုများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ နစ်နာဆုံးရှုံးရသည့်အတွက် Eastern Zenith Treasure မိသားစုမှ ငလျင်ဘေးသင့်မိသားစုများနှင့် ထပ်တူဝမ်းနည်းရပါကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ရဲရဲဝင့်ဝင့် ဆောင်ရွက်နေကြသော စေတနာဝန်ထမ်းများအားလုံးကို အထူးလေးစားကျေးဇူးတင်ရှိပါကြောင်း…



Address

No(8/102), Ayeyeikmon(8)Street, (5) Quarter
Yangon
8/102

Website

Alerts

Be the first to know and let us send you an email when Eastern Zenith Treasure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eastern Zenith Treasure:

Shortcuts

Share

Category