One A Construction

One A Construction One Audience

22/05/2024
23/02/2024

🔰 Photoshop ကို အခြေခံမှစပြီး ကျွမ်းကျင်စွာ အသုံးပြုတတ်ချင်သူတွေအတွက်

Adobe Photoshop Cc 2020 အွန်လိုင်းသင်တန်းကို အထူးသင်တန်းကြေး ၅၀၀၀ ကျပ်ဖြင့် တက်လို့ရပြီနော်

👨‍🏫 ဘယ်လို သင်ကြားပေးမှာလဲ ???

✅ သင်ခန်းစာများကို Facebook Group မှာ Video Lesson များဖြင့် စနစ်တကျ လေ့လာသင်ယူရမှာဖြစ်ပါတယ်

🔰 သင်ကြားမည့် သင်ခန်းစာများ -

✅ Photoshop Cc 2020 software download ဆွဲနည်း
✅ Photoshop Cc 2020 software install လုပ်နည်း
✅ Photoshop အကြောင်း စတင်လေ့လာခြင်း
✅ Zoom in/out အသုံးပြုနည်း
✅ Ps file တွေကို Save လုပ်နည်း အမျိုးမျိူး
✅ Selection Tool များ ကျွမ်းကျင်စွာ အသုံးပြုနည်း
✅ Shape Tool များဖြင့် Shape အမျိုးမျိုးရေးဆွဲနည်း
✅ Color အသုံးပြုနည်း အမျိုးမျိုး
✅ Layer များအကြောင်းလေ့လာပြီး ဒီဇိုင်းများရေးဆွဲခြင်း
✅ Type Tool ဖြင့် Text Design အမျိုးမျိုးရေးဆွဲနည်း
✅ Background ချိန်းနည်း အမျိုးမျိုး
✅ ပုံဖြတ်ပုံဆက်နည်း အမျိုးမျိုး
✅ Blur အသုံးပြုနည်း
✅ Shadow အသုံးပြုနည်း
✅ ပုံတစ်ပုံမှာ မလိုတာတွေ ဖျက်နည်း
✅ Passport ပြုလုပ်နည်း အမျိုးမျိုး
✅ Guide Lines များ အသုံးပြုနည်း
✅ DVD Cover Design ပြုလုပ်နည်း
✅ Logo ရေးဆွဲနည်း
✅ Face အလှပြုပြင်နည်း
✅ Hair Color ချိန်းနည်း
✅ Cloth Color ချိန်းနည်း
✅ Pen Tool ကျွမ်းကျင်စွာ အသုံးပြုနည်း
✅ ဖိတ်စာကဒ် ပြုလုပ်နည်း
✅ လိပ်စာကဒ် ပြုလုပ်နည်း
✅ PS မှာ Template များ အသုံးပြုနည်း
✅ PS Tool များ ကျွမ်းကျင်စွာ အသုံးပြုနည်း

💥 Bonus အဖြစ် Template 1Gb အခမဲ့ ရရှိအုံးမှာ ဖြစ်ပါတယ်

သင်တန်းအပ်ရန်အတွက်

Comment မှာ " Yes " ဟု

မန့်ခဲ့ပါ

(သို့မဟုတ်)

COL Computer ရဲ့ အောက်ပါ

Messenger Link ကို နှိပ်ပြီး

m.me/computeronlineschool

သင်တန်းအပ်နိုင်ပါတယ်

ဆက်သွယ်ရန် ☎ 09 - 797543359

06/02/2024
06/02/2024

အခြေခံစသုံးသူများအတွက် စီစဉ်ထားတဲ့
အခြေခံ Excel စာအုပ်လေး ရယူလေ့လာနိုင်ပါပြီနော်။
PDF_Type အမျိုးအစားလေးမို့ Deli ခလည်း မလို။
Viber, Telegram, Gmail, WhatsApp တို့ကနေ ပေးပို့မှာဖြစ်ပါတယ်။
စာမျက်နှာ (၁၀၀) ကျော်ပါဝင်ပြီး
သင်ခန်းစာခေါင်းစဉ်(၅၀) ပါဝင်ပါတယ်။
ရယူလေ့လာလိုပါက
Page Messenger or
Viber No: 09422485448 တို့မှ ရယူလေ့လာနိုင်ပါကြောင်း ❤️

06/02/2024

Pump Size တွက်နည်း
Pump size တွက်ချင်ရင် အရင်ဆုံး flow rate ကို အရင်ရှာရမယ် flow rate သိဖို့ over head tank size သိဖို့လိုမယ် over head tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေဖြည့်ချင်တာလဲသိဖို့လိုမယ် ဒါကြောင့် ကိုယ့်တွက်မယ့် ဆ/ဦ ရဲ့ ground tank size ကိုအရင်ရှာမယ်
e.g 2U 4 S အတွက်ဆို 1unit မှာ လူ (၅) ယောက်နေမယ် လူတစ်ယောက်က တစ်နေ့ကို gal 40 သုံးမယ်
2U4S ဆိုတော့ အားလုံး (၈)ခန်းရှိမယျ GT size တွက်ချင်ရင် (၂)ရက်စာ ထားတွက်ရမယ်
2U4Sအတွက် တစ်နေ့တာရေလိုအပ်ချက်ပမာဏ= 8ခန်း* 5ယောက်* 40 Gal = 1600 gal /day ရမယ်
GT size က (၂) ရက်အတွက်ဆိုတော့ 1600 * 2= 3200 Gal ဖြစ်သွားမယ်
OH tank size က တစ်နေ့တာရေလိုအပ်ချက် ပမာဏရဲ့ 50% ပဲရှိရမယ်ဆိုတော့ = 1600 gal/2= 800 Gal OH tank size ရမယ်
OH tank size ရပြီဆို အဲ့ tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေတင်ချင်တာလဲဆိုတဲ့ flow rate ကိုတွက်ရမယ်
e.g 800 Gal OH tank ကို 15 မိနစ်နဲ့ရေတင်ချင်ရင်
15 minute = 800 gal
1 minute = ?
= 800* 1/15
1. flow rate= 53.33 gal/min ရမယ်
2. head ရှာချင်ရင် ရေတင်ရမယ့် pump to OH tank ရဲ့ အမြင့်ပေကိုသိရမယ်
ရေတင်ရမယ့် အလျားလိုက် pipe length ကြောင့် ဆုံးရှုံးမယ့် friction losses တွေအားလုံးအပါတွက်ရမှာမို့ Head တန်ဖိုးက ဆ/ဦ ရဲ့အမြင့်ပေ ကို losses အတွက် (40%) ထပ်ပေါင်းပေးလိုက်ရင် ရေတင်ရမယ့် head တန်ဖိုးရမယ်
head = 4ထပ်တစ်ထပ်ကို 10' ထားတွက်မယ်ဆိုတော့ 40' ရမယ် အဲ့ဒါကို (40%) ထပ်ပေါင်းတော့
total head = 56' ရတယ်
3. Ep = efficiency pump power ကို 60% ထားတွက်မယ်
4. Em = Efficiency motor power ကို 80% ထားတွက်မယ်
ဒီ4 ချက်သိပြီဆို pump size တွက်လို့ရပြီ
pump size = (flow rate * Head)/(33000* Ep* Em)
flow rate ရဲ့ ယူနစ်က lb/min ဆိုတော့
ရေ 1gal =10 Lb
53.33 gal=?
= (10* 53.33) lb/min ရမယ်
pump size = (53.33*10)* 56/33000* 0.6*0.8
= 1.88 Hp~ 2Hp ရမယ်
ဒီနည်းအတိုင်းပဲ အခြား ဆ/ဦ တွေရဲ့ pump size ကို ရှာနိုင်တယ်





Special thanks to original uploader

06/02/2024

Total Station အကြောင်းအခြေခံစာအုပ်လေးပါ။ အောက်ပါlinkတွင် down ပါ။ မူရင်းရေးသားသူအားလည်း Credit ပေးပါတယ်ခင်ဗျာ့။
https://www.mediafire.com/file/w63paircp18zijg/Total+Station(Myanmar).pdf/file
ကျွန်တော်တို့ Page မှ ArcGIS အသုံးပြုခြင်းနှင့်ပတ်သက်တဲ့သင်တန်းကို မတ်လအတွင်းမှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းပြီးပါက သင်တန်းပြီးဆုံးကြောင်း Certificate ရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ Assignment များထပ်ရမည်ဖြစ်ပြီး ၊ သင်တန်းအောင်လက်မှတ်ရရှိဖို့ Project တစ်ခုဆောင်ရွက်ရမည်ဖြစ်ပါသည်။ ArcGIS အသုံးပြုပြီး မြေပုံတစ်ချပ်ထုတ်နိုင်သည်အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုထပ်မံတင်ပြပေးပါမည်။ ကျွန်တော်တို့ Survey Group မှ မြေပုံများရေးဆွဲပေးခြင်း၊ Civil3D ဖြင့် လမ်း design များရေးဆွဲပေးခြင်း၊ Cutting / Filling Volume များတွက်ချက်ပေးခြင်း ၊ Land Survey (Topo, Road, Construction, Levelling) များတိုင်းတာပေးခြင်းအစရှိတဲ့တိုင်းတာရေးလုပ်ငန်းများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ။ Quality ကောင်းတဲ့ Data တွေရရှိဖို့အာမခံသလို၊ Quality ကောင်းတဲ့ မြေပုံတစ်ချပ်ထွက်ရှိလာဖို့လဲအာမခံပါတယ်ခင်ဗျာ။ လုပ်ငန်းအပ်လို၍ ဆက်သွယ်လိုပါက Page Messenger တွင်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

06/02/2024

Engineering Surveying (မြန်မာဘာသာ)

အဆိုပါစာအုပ်သည် Max Myanmar Construction Co.,Ltd.

ရဲ့ Engineering Refresher Course ဖြစ်ပြီး

Online ပေါ်မှရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျား....

https://drive.google.com/file/d/1VZVLH0fihugIUT3TQjV2CA7ajDhLKAZj/view?usp=drivesdk

👉Telegram channel link👈
https://t.me/ocpl2018

Admin Phyo Wai Soe

Online Civil Pdf Library

06/02/2024
06/02/2024
06/02/2024

၃.၁၁။ အဆောက်အအုံများတွင် movement joints များ ထည့်သွင်းဆောက်လုပ်ခြင်း

အဆောက်အအုံများတွင် movement joints များ စီမံဖန်တီးပေးခြင်းအားဖြင့် အဆောက်အအုံ၏ မည်သည့် အစိတ်အပိုင်းတွင်မဆို လွန်လွန်ကဲကဲ ပြင်းပြင်းထန်ထန် ခံစားရမည့် ဒဏ်အားများ လျော့ပါး သက်သာသွားခြင်း၊ ဥပဓိရုပ်ဆိုးစေနိုင်သည့် cracks ပြဿနာများ လျော့ပါးကောင်း လျော့ပါးသွားစေတတ်ခြင်း အစရှိသည့် ကောင်းကျိုးတို့ ရရှိစေသည်။

အဆက် (joint) တစ်ခုသည် ကျုံ့ခြင်းကို ဖြစ်စေ၊ ဆန့်ခြင်းကို ဖြစ်စေ အလိုက်သင့် ရုန်းခွင့်ရအောင် ဖြစ်တည်ခွင့်ပေးပါက ၎င်းအဆက် (joint) ကို “expansion joint” ဟုခေါ်သည်။

အစိတ်အပိုင်းတခုပေါ်တွင် တင်၍ တပ်ဆင်ဆောက်လုပ်ထားသော်လည်း အသေတပ်ဆင်ထားခြင်းမဟုတ်ဘဲ ချော်ခွင့်/ ရွေ့ခွင့် (sliding movement) ကို ဖြစ်တည်ခွင့်ပေးပါက “slip joint” ဟုခေါ်သည်။

၃.၁၁.၁။ Expansion joint - တဆက်တည်းဖြစ်နေသော အဆောက်အအုံတစ်လုံး (the continuity of a structure) တွင်လည်းကောင်း၊ အဆောက်အအုံ တစ်လုံးရှိ တဆက်တည်းဖြစ်နေသော အစိတ်အပိုင်း (continuity of a component of a structure) တွင်လည်းကောင်း အပိုင်းအခြားများ ဖြစ်အောင် ကြိုတင်စီမံထားသည့် (pre-planned break) တွင် expansion joint အမျိုးအစားလည်းပါဝင်သည်။

မျှော်မှန်းထားသော အရွေ့အပြု/ အကျုံ့-အဆန့် ပမာဏနှင့် တည်ဆောက်ရေးလုပ်ငန်းစိတ်များ (construction details) အပေါ်မူတည်ပြီး ၎င်းအဆက်၏ အကျယ်/ အဟ (gap) သည် (၆) မီလီမီတာ မှ (၄၀) မီလီမီတာအထိ ရှိတတ်သည်။

“ငလျင်ဒဏ်ခံအဆောက်အအုံများ ဒီဇိုင်းထုတ်တွက်ချက်ခြင်းနှင့် တည်ဆောက်ခြင်းအတွက် အိန္ဒိယ စံချိန်စံညွှန်း သတ်မှတ်ချက် ကိုဓဥပဒေ (IS:4326-1976) (ပထမအကြိမ် ပြင်ဆင်ထုတ်ဝေခြင်း) တွင် ငလျင်ဇုန် (III, IV နှင့် V) တို့ရှိ အဆောက်အဦများအဖို့ ၎င်း joints ဆက်များ၏ အကျယ်/အဟ ကို ပို၍ ကျယ်ကျယ်ထားပေး သင့်သည်ဟု ရည်ညွှန်းထားသည်။

၎င်း joint ဆက်၏ “ဟ” နေသော နေရာတွင် ကျုံ့နိုင်-ဆန့်နိုင်သော ပစ္စည်းတမျိုး (a flexible material) ဖြင့် တပ်ဆင်/ ဖြည့်သိပ်ပေးရသည်။

အဆက်တစ်ခုတွင် လာရောက်တွေ့ဆုံသော အစိတ်အပိုင်း အသီးသီးသည် ကိုယ်စီကိုယ်ငှ ဆန့်ထွားကြသောအခါ ကြားထဲရှိ အဖြည့်ခံပစ္စည်းသည် နဂိုမူလထက် ကြပ်ညပ်ပြီး ပြားသွား နိုင်စွမ်းရှိရမည်ဖြစ်ပြီး၊ တဖန် ၎င်းအစိတ်အပိုင်းအသီးသီးသည် ကိုယ်စီကိုယ်ငှ ကျုံ့ဝင်သွားကြသော အခြေအနေ မျိုး၌ ကြားထဲရှိ အဖြည့်ခံပစ္စည်းသည် ကျုံ့သွားသည့် အစိတ်အပိုင်းတို့၏ နောက်သို့ တွယ်ကပ်ပြီး ပါသွားနိုင်စွမ်း ရှိရမည်ဖြစ်သည်။

အကယ်၍ joint ဆက်နေရာသည် မိုးရေစိမ့်ဝင်နိုင်သည့် နေရာတွင် ဖြစ်နေပါက ရေလုံ ဘားတန်း (water bar) သို့မဟုတ် ရေလုံပစ္စည်း (a sealant) သို့မဟုတ် ရေကာအဖုံး (a protective cover) သို့မဟုတ် အထက်ဖော်ပြပါ ပစ္စည်းများကို သင့်တော်သလို တွဲဖက်-ပေါင်းစပ်ဖန်တီးပြီး လိုအပ်သည့်နေရာတွင် လိုအပ်သလို အသုံးပြုကြသည်။

ဆောင်းရာသီတွင် လုပ်သောလုပ်ငန်းများအတွက် စီမံဆောက်လုပ်သော expansion joint တို့၏ အကျယ်ထက် နွေရာသီတွင် လုပ်သော လုပ်ငန်းများအတွက် joint ဆက်တို့၏ အကျယ်ကို ပိုကျဥ်းပေးထားနိုင်သည်။

သက်ဆိုင်ရာအထပ်အလိုက်/ သက်ဆိုင်ရာအစိတ်အပိုင်းအလိုက် အလေးဝန်များအား နံရံထုများကိုသာ ထမ်းဆောင်စေသည့် စနစ်ဖြင့် တည်ဆောက်ထားသော load-bearing structures များတွင် ၎င်းအလျားလိုက် ရှည်လျားသည့် အုတ်ရိုးရှည်များ (long walls) ကို ကန့်လန့်ဖြတ်-ဦးတိုက် ထိဆက်နေသော နံရံများ (cross walls) ရှိတတ်ကြသည်။

လူနေအိမ်များ၊ အဆောင်များ၊ ဆေးရုံများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦများ အစရှိသဖြင့် အဆောက်အဦ၏ လုပ်ငန်းဆောင်တာ အမျိုးမျိုးအလိုက် အခန်းများကန့်၍ တည်ဆောက်ကြသည်ဖြစ်ရာ အဆိုပါ အခန်းကန့်နေရာ joint ဆက်တိုင်းတွင် (မူလ bearing walls ကို) အနှောင်အဖွဲ့သဘော သက်ရောက်သည့် အုတ်စီးအုတ်နင်း ချိတ်ဆက်မှုကို ရရှိစေသောကြောင့် နံရံ၏ အလျားတလျှောက် ကိန်းအောင်းဖြစ်ပျက်မည့် thermal movement သည် လျော့နည်းသွားတတ်သည်။

ဆိုလိုသည်မှာ long wall တလျှောက်ဖြစ်ပျက်မည့် thermal movement သည် cross walls နှင့် long walls ချိတ်ဆက်သည့် အုတ်စီးအုတ်နင်းမှတဆင့် cross walls ထံသို့ တစိတ်တပိုင်း ကူးပြောင်းပျံ့နှံ့ကာ လျော့နည်း သွားတတ်သောကြောင့်ဖြစ်သည်။

ထိုသို့ အခြေအနေမျိုးတွင် expansion joints များကို အတိုင်းအတာတခုအထိ ခပ်ဝေးဝေးခွာ၍/ ခြား၍ပင် စီမံဆောက်လုပ်နိုင်သည်။

အခြားတဖက်တွင်မူ ကုန်လှောင်ရုံကဲသို့ အဆောက်အအုံ များ (warehouse type structures) နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ (factory buildings) တွင်မူ အတွင်းပိုင်း အခန်းကန့်နံရံများ (cross walls) သည် အများအားဖြင့် မပါရှိကြဘဲ ခန်းမအလွတ်ချည်းသပ်သပ်သာ တည်ဆောက်ကြသည်ဖြစ်ရာ၊ သို့မဟုတ် ပါဝင်ခဲ့လျှင်လည်း အလွန်နည်းသော အရေအတွက်ဖြင့်သာ ထည့်သွင်း တည်ဆောက်ကြသည်ဖြစ်ရာ ထိုသို့ အဆောက်အအုံအမျိုးအစားများတွင် expansion joints များကို နေရာစိပ်စိပ် စီမံဆောက်လုပ်ပေးရမည်ဖြစ်သည်။

တိုင်-ထုတ်-ရက်မတို့ဖြင့် အားပြုဖွဲ့စည်းထားသော ဘောင်ခွေ အဆောက် အအုံများ (framed-structures) တွင် ၎င်း ဘောင်အစိတ်အပိုင်းများ (structural members) သည် တစ်ခုနှင့် တစ်ခု အတိုင်းအတာတစ်ခုအထိ ခြားနားပြီးမှ အဆက်နေရာများတွင် လာရောက်ထိတွေ့ ဖွဲ့စည်းကြသည်ဖြစ်ရာ thermal movement ကြောင့် ဖြစ်ပေါ်သော ဒဏ်အားများ (stresses) မှာ နည်းတတ်သည်။

ထိုသို့သော ဘောင်ခွေ အဆောက်အအုံများတွင် expansin joints များကို နေရာကျဲကျဲ စီမံဆောက်လုပ်ပေးနိုင်သည်။

သို့သော်လည်း အဆိုပါ ဘောင်ခွေအစိတ်အပိုင်းများ (components of a structure) သည် သေးသွယ်ပြီး ရာသီဥတုဒဏ်နှင့် ထိတွေ့ခံစားရမှု (slender and exposed) ရှိပါက expansion joints များကို နေရာစိတ်စိတ် စီမံဆောက်လုပ် ပေးရမည်ဖြစ်သည်။

ဥပမာ- parapets အုတ်ရိုးများနှင့် နေရောင်ကာ အစိတ်အပိုင်းများ။


Address

Building A, Room(101), Myeik Street, Innwa Housing, South Dagon
Yangon
11431

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Website

Alerts

Be the first to know and let us send you an email when One A Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category