Yangon Metropolitan Development Public Co.,Ltd.

Yangon Metropolitan Development Public Co.,Ltd. YMD

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှုငွေပေးအပ်၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇ ရက်ကိ...
17/08/2021

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှုငွေပေးအပ်

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇ ရက်

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ ကျပ်သိန်းငါးထောင် တိတိကို Yangon Metropolitan Development Public Co., Ltd မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံ ယနေ့ (၁၇.၈.၂၀၂၁) ရက်နေ့တွင် ပေးအပ် လှုဒါန်းခဲ့ပါသည်။

03/02/2021
28/01/2021

မြနန္ဒာ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ
"နေရေး လုံခြုံမှုမှသည် တက်ကြွသော လုပ်ငန်းခွင်၊ ထိရောက်သော ပြည်သူ့ဝန်ဆောင်မှု"

မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲ အခမ်းအနား ကျင်းပ ရန်ကုန်မြို့၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက် ရန်ကုန်တိုင်း...
28/01/2021

မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်မြို့၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ အနီးကပ် စီမံကြီးကြပ်မှုတို့ဖြင့် တည်ဆောက် ပြီးစီးခဲ့သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲ အခမ်းအနားကို ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ မြေတိုင်းရပ်ကွက် အမှတ်(၇၃)၊ မြနန္ဒာလမ်းရှိ အဆိုပါ အိမ်ရာ တည်ရှိရာ ဥပစာ၌ ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပခဲ့ပါသည်။


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇင်မင်းထွေး၊ မြိုပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကို၊ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Yangon Metropolitan Development Public Co., Ltd ဥက္ကဋ္ဌ ဒေါ်မေမေသွယ်၊ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်၊ အမှုဆောင်ဒါရိုက်တာ ဦးသူရိန်အောင်နှင့် တာဝန်ရှိသူများ၊ တည်ဆောက်ရေးလုပ်ငန်းနှင့် အရည်အသွေးစစ်ဆေးမှု လုပ်ငန်း ဆောင်ရွက်ခဲ့သည် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။


နိုင်ငံ့ဝန်ထမ်းများအတွက် “ပိုမိုကောင်းမွန်သည့် အလုပ်ခွင်ဖန်တီးပေးရန်နှင့် မိသားစုအတွက် လုံခြုံစိတ်ချရသည့် နေထိုင်မှု အခြေအနေ ဖြစ်လာစေရေးကို ဦးစားပေးဆောင်ရွက်ရန်” နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ မြေတိုင်းရပ်ကွက် အမှတ်(၇၃)၊ မြနန္ဒာလမ်းရှိ မြေဧရိယာ (၅.၃၄) ဧကပေါ်တွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ငွေလုံးငွေရင်း ခွင့်ပြု ဘဏ္ဍာရန်ပုံငွေ (၄.၉၉) ဘီလျံကျပ်ဖြင့် (၈) ခန်းတွဲ (၅) ထပ် တိုက် (၈) လုံး ကို စီမံကိန်း ပထမအဆင့် အနေဖြင့် ဖော်ဆောင်ခဲ့ပြီး Yangon Metropolitan Development Public Co., Ltd အနေဖြင့် စီမံကိန်း ပထမအဆင့်ပါ (၈) ခန်းတွဲ (၅) ထပ် တိုက် (၈) လုံး အား Main Contractor အဖြစ် ဆောင်ရွက်ခဲ့ပါသည်။


နောက်ထပ် (၈) ခန်းတွဲ (၅) ထပ် တိုက် (၆) လုံးနှင့် လိုအပ်သည့် အခြေခံအဆောက်အဦများပါဝင်သည့် စီမံကိန်း ဒုတိယအဆင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေ (၅.၂၁) ဘီလျံကျပ်ဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ခဲ့သည့်အတွက် အဆိုပါ နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာ စီမံကိန်းတွင် လူနေအိမ်ခန်း (၄၄၈) ခန်းပါ (၈) ခန်းတွဲ (၅) ထပ် တိုက် (၁၄)လုံးနှင့် ဝန်ထမ်းအိမ်ရာနေ ပြည်သူများ၏ လူမှုစီးပွားဆိုင်ရာများ အသုံးပြုနိုင်မည့် အခန်းပေါင်း (၂၈) ခန်း၊ စုစုပေါင်း (၄၇၆) ခန်း ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ငှားရမ်း နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခု တည်ဆောက်ဖွင့်လှစ်ခဲ့သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းနှင့် ဆက်စပ်မြေဧရိယာ (၁၈၃) ဧကခန့်ပေါ်တွင် ဝင်ငွေနည်းနှင့် ဝင်ငွေ အလယ်အလတ်ရှိ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများ ကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း Yangon Metropolitan Development Public Co., Ltd ၏ တတိယ အကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည...
31/12/2020

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း Yangon Metropolitan Development Public Co., Ltd ၏ တတိယ အကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး (3rd Annual General Meeting) သို့ တက်ရောက်
==============================

ရန်ကုန် ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ ၃၁ ရက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့၊ နေ့လည် (၁၄၀၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသော “Yangon Metropolitan Development Public Co., Ltd ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး (3rd Annual General Meeting) သို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် Yangon Metropolitan Development Public Co., Ltd ဥက္ကဋ္ဌ၊ ဒေါ်မေမေသွယ်က ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာအား ရှင်းလင်းတင်ပြခြင်း၊ ကုမ္ပဏီ၏ ဘဏ္ဍာရေး ရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာများကို ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး ဦးဝင်းအောင်က ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းဖော်ဆောင်မှုဆိုင်ရာများကို အမှုဆောင်ဒါရိုက်တာ ဦးသူရိန်အောင်က ရှင်းလင်းတင်ပြခြင်းနှင့် ဒါရိုက်တာအဖွဲ့က အတည်ပြုမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒါရိုက်တာအဖွဲ့ဝင် သုံးပုံနှစ်ပုံ နှုတ်ထွက်ခြင်း၊ ဒါရိုက်တာအဖွဲ့ဝင် အသစ် ခန့်အပ်အတည်ပြုခြင်းနှင့် ပြင်ပ စာရင်းစစ် အတည်ပြု ခန့်အပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ယနေ့ကျင်းပ ပြုလုပ်သည့် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး (3rd Annual General Meeting) ဆုံးဖြတ်ချက်အရ ဒါရိုက်တာအဖွဲ့ဝင်များအား အောက်ပါအတိုင်း တာဝန်ပေး ရွေးချယ်ခန့်အပ်ခဲ့ကြပါသည်။

(၁) ဒေါ်မေမေသွယ် ဥက္ကဋ္ဌ
(၂) ဦးသာဌေး ဒုတိယ ဥက္ကဋ္ဌ (၁)
(၃) ဦးရှိန်ဝင်း ဒုတိယ ဥက္ကဋ္ဌ (၂)
(၄) ဦးစိုးစိုးဇော် ဒါရိုက်တာအဖွဲ့ဝင်
(၅) ဦးမြင့်နိုင် ဒါရိုက်တာအဖွဲ့ဝင်
(၆) ဒေါက်တာသန်းသန်းသွယ် ဒါရိုက်တာအဖွဲ့ဝင်
(၇) ဦးမျိုးခိုင်ဦး ဒါရိုက်တာအဖွဲ့ဝင်
(၈) ဦးမျိုးမြင့် ဒါရိုက်တာအဖွဲ့ဝင်
(၉) ဦးသက်လင်း ဒါရိုက်တာအဖွဲ့ဝင်
(၁၀) ဦးသူရအောင် ဒါရိုက်တာအဖွဲ့ဝင်
(၁၁) ဦးဝင်းအောင် ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး
(၁၂) ဦးသူရိန်အောင် အမှုဆောင် ဒါရိုက်တာ

နှစ်ပတ်လည် အထွေထွေ အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးရဲမင်းဦး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားပြု အစုရှယ်ယာရှင် ဒါရိုက်တာများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် လက်အောက်ခံ မြန်မာ ဆောက်လုပ်ရေး၊ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MCD) ကိုယ်စားပြု အစုရှယ်ယာရှင် ဒါရိုက်တာများ၊ Yangon Metropolitan Development Public Co., Ltd မှ ဒါရိုက်တာ၊ အမှုဆောင်ဒါရိုက်တာများ၊ Win Thin & Associates မှ ဦးဝင်းသင်၊ ဦးမိုးကျော်၊ ဒေါ်နှင်းစုမွန်နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

28/12/2020

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် Yangon Metropolitan Development Public Co., Ltd ၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) သို့ တက်ရောက်
===============================
ရန်ကုန် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်သည် ယနေ့၊ နေ့လည် (၃:၀၀) နာရီ တွင် အမှတ် ၅၅၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၌ ပြုလုပ်သော “Yangon Metropolitan Development Public Co., Ltd ၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) သို့ တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးနှင့်အတူ Yangon Metropolitan Development Public Co., Ltd ဥက္ကဋ္ဌ ဒေါ်မေမေသွယ်၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးရှိန်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းအောင်၊ ဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးစိုးစိုးဇော် (ကိုယ်စား) ဦးအောင်ကျော်ခိုင်၊ ဦးမြင့်နိုင်၊ ဦးမျိုးမြင့်၊ ဦးသူရအောင်၊ ဦးအေးသီဟ၊ Executive Director ဦးသူရိန်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ သန်းသန်းသွယ်နှင့် ဦးမျိုးခိုင်ဦး၊ Win Thin & Associates မှ ဦးဝင်းသင်၊ ဦးမိုးကျော်နှင့် တာဝန်ရှိသူများမှ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကုမ္ပဏီ၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ကျင်းပနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဒါရိုက်တာ အဖွဲ့ဝင် နှုတ်ထွက်ခြင်းနှင့် ပြောင်းလဲ တာဝန်ပေးအပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲ စီမံကိန်း လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။

ကြို့ကုန်း အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း ပန္နတ်တင် မင်္ဂလာ ကျင်းပ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်ဆောက်လုပ်ရေး ဝန်က...
26/12/2020

ကြို့ကုန်း အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း ပန္နတ်တင် မင်္ဂလာ ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် ကြို့ကုန်း အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းကို Yangon Metropolitan Development Public Co. Ltd က Government Agent အဖြစ် စီမံကိန်း Master Plan ရေးဆွဲ၍ တင်ဒါလုပ်ငန်းစဥ်များ ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ တင်ဒါခေါ်ယူခဲ့မှုအရ တင်ဒါအောင်မြင်သည့် Myanmar Thilawa SEZ Holding Public Co., Ltd ကုမ္ပဏီမှ ရင်းနှီးဖော်ဆောင်‌တော့မည့် "ကြို့ကုန်း ပြည်သူ့အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း" ပန္နတ်တင် မင်္ဂလာကို ယနေ့ နံနက် (၈) နာရီအချိန်က အဆိုပါ စီမံကိန်းတည်ရှိရာ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအိမ်ရာစခန်း၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ပန္နတ်တင် မင်္ဂလာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြို့ကုန်း ပြည်သူ့ အိမ်ရာနေ တိုက်ကိုယ်စားလှယ်များ၊ Yangon Metropolitan Development Public Co., Ltd ဥက္ကဋ္ဌ ဒေါ်မေမေသွယ်၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးရှိန်ဝင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမြင့်၊ MTSH ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

ကြို့ကုန်း အိမ်ရာစခန်း ဧရိယာမှာ မူလက ၁၁.၂၆၃ ဧကသာ ကျယ်ဝန်းသော်လည်း အင်းစိန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ပြည့်စုံသည့် စီမံကိန်းအဖြစ် ဖော်ဆောင်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ရေစက်ဝင်းနှင့် သိုလှောင်ရုံမြေ ဧရိယာ ၆.၇၈ ဧကကို လွှဲပြောင်းပေးခဲ့သည့်အတွက် စုစုပေါင်း စီမံကိန်း ဧရိယာ ၁၈ ဧကခန့် ပေါ်တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ
ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

စီမံကိန်း Master Plan အရ ယနေ့ ပန္နတ်တင် မင်္ဂလာကျင်းပခဲ့သည့် မြေနေရာတွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည် နေရာချထားပေးမည့် အိမ်ခန်း (၆၃) ခန်းပါ (၁၀) ထပ် လူနေအဆောက်အဦ တစ်လုံး၊ အိမ်ခန်း (၆၃) ခန်းပါ (၁၁) ထပ် လူနေအဆောက်အဦ တစ် လုံးနှင့် အိမ်ခန်း (၅၆) ခန်းပါ (၁၀) ထပ် လူနေအဆောက်အဦတစ်လုံးတို့ကို စီမံကိန်းပထမအဆင့်အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ခွင့်ပြုချက်နှင့် အခြားလိုအပ်သည့် ခွင့်ပြုမိန့်များ ရရှိသည့်နေ့မှ ၂ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

25/12/2020

ပြည်တော်သစ် ပြည်သူ့အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း

ပိုမိုကောင်းမွန်သော လူနေမှုဘဝ၊
ဖွံ့ဖြိုးတိုးတက်သည့် လူမှုပတ်ဝန်းကျင်




ပြည်တော်သစ် ပြည်သူ့အိမ်ရာ ဖွင့်ပွဲ ကျင်းပ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ ရက်ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီ...
25/12/2020

ပြည်တော်သစ် ပြည်သူ့အိမ်ရာ ဖွင့်ပွဲ ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ ရက်

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် Yangon Metropolitan Development Public Co. Ltd က Main Developer အဖြစ် ဆောင်ရွက်၍ M.K.T Construction Co., Ltd မှ တည်ဆောက်ပြီးစီးခဲ့သော ပြည်တော်သစ် ပြည်သူ့အိမ်ရာဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါ အဆောက်အဦတည်ရှိရာ ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းရှိ ပြည်တော်သစ် ပြည်သူ့အိမ်ရာ၌ ကျင်းပခဲ့ပါသည်။

အဆိုပါဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ အိမ်ရာနေ တိုက်ကိုယ်စားလှယ်များ၊ Yangon Metropolitan Development Public Co., Ltd နှင့် M.K.T ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

ပြည်တော်သစ် ပြည်သူ့အငှားအိမ်ရာကို ၁၉၅၆ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာသည့်အတွက် နေထိုင်သူများ၏ တောင်းဆိုမှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ပေါင်းစပ် ညှိနှိုင်းမှုများအရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ်၍ ပြန်လည် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံခဲ့ပါသည်။

စီမံကိန်း Master Plan အရ စီမံကိန်းပထမအဆင့်တွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည် နေရာချထားပေးမည့် ၁၂ ထပ်ခွဲ လူနေအဆောက်အဦ တစ်လုံး တည်ဆောက်ရန်နှင့် စီမံကိန်း ဒုတိယအဆင့်တွင် အဆင့်မြင့် လူနေ အဆောက်အဦများ၊ ဈေးဝယ်စင်တာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦများကို ဆက်လက် ဖော်ဆောင်သွားရန် စီမံထားရှိပါသည်။

စီမံကိန်း ဒုတိယအဆင့် ဖော်ဆောင်သည်နှင့် တစ်ပြိုင်နက် ပုဇွန်တောင်ချောင်း၏ ရှုခင်းသဘာဝနှင့် ကမ်းနားအလှအပတို့ကို အကျိုးရှိထိရောက်စွာ အသုံးချ၍ အများပြည်သူအတွက် အနားယူ အပန်းဖြေနိုင်မည့် ဥယျာဉ်များပါဝင်လာမည့်အပြင် Yangon Water Bus နှင့် Yangon Bus Service တို့ကို ချိတ်ဆက်၍ အနာဂါတ် Transit Oriented Development အဖြစ် ပေါ်ထွန်းလာစေနိုင်ရန်လည်း ရည်မှန်းထားရှိပါသည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် ပြည်တော်သစ် ပြည်သူ့အိမ်ရာ၊ ၁၂ ထပ်ခွဲ လူနေ အဆောက်အဦမှာ COVID-19 ကမ္ဘာ့ကပ် ရောဂါ ကူးစက် ပြန့်ပွားနေသည့် အခြေအနေများကြောင့် မူလက စီစဉ်ထားသည်ထက် သုံးလ နီးပါး နောက်ကျခဲ့ရသော်လည်း စတင်တည်ဆောက်ချိန်မှ တစ်နှစ်နှင့် ရှစ်လအကြာ (၃၁.၈.၂၀၂၀) နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် မူလနေထိုင်သူ ပြည်သူများထံ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အိမ်ခန်းများ ပြန်လည် နေရာချထားခဲ့ပြီး ဖြစ်ပါသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်း သို့ သွားရောက်စစ်ဆေးရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘ...
10/09/2020

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်း သို့ သွားရောက်စစ်ဆေး

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၀ ရက်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့ ည ၇ နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၇၃) ရပ်ကွက်၊ မြနန္ဒာလမ်းရှိ “နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်း” လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးရာတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများ က ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထိုသို့ စစ်ဆေးစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ COVID 19 ကပ်ရောဂါ ကူးစက်ပြန့်ပွားနေမှု အခြေအနေများအရ လိုအပ်လာပါက Yangon Metropolitan Development Public Co., Ltd မှ ဆောက်လုပ်ပြီးစီးခဲ့သည့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်း ပထမအဆင့် (၈) ခန်းတွဲ (၅) ထပ် တိုက် (၈) လုံး အား Quarantine Center အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ရေး အတွက် ရေ ၊ မီး ရရှိရေးနှင့် စီမံကိန်းဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ပြည်တော်သစ်ပြည်သူ့အိမ်ရာရှိ မူလနေထိုင်သူပြည်သူများထံ အိမ်ခန်းများပြန်လည် အပ်နှံခြင်း၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၂) ရက်ရန်ကု...
22/08/2020

ပြည်တော်သစ်ပြည်သူ့အိမ်ရာရှိ မူလနေထိုင်သူပြည်သူများထံ အိမ်ခန်းများပြန်လည် အပ်နှံခြင်း

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၂) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းကို ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ Yangon Metropolitan Development Public Co., Ltd က Developer အဖြစ် တာဝန်ယူ ဆောင်ရွက်၍ M.K.T ကုမ္ပဏီမှ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ (၉၉) ရာခိုင်နှုန်းအထိ ပြီးစီးပြီ ဖြစ်သည့်အတွက် ပြန်လည် နေရာချထားရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဦးတင့်လွင်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ အိမ်ရာနေ တိုက်ကိုယ်စားလှယ်များ ၊ Yangon Metropolitan Development Public Co., Ltd နှင့် M.K.T ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ပြန်လည်ဖွံ့ဖြိုးရေးဆောင်ရွက်ပြီးစီးသည့် အဆောက်အအုံ ဒုတိယထပ်တွင် ‌ပြန်လည်နေရာချထားမည့် မူလနေထိုင်သူ ပြည်သူ (၁၇) ဦးထံ သက်ဆိုင်ရာအခန်းအလိုက် အိမ်ခန်းများ ပြန်လည်အပ်နှံခဲ့ပါသည်။

ဆက်လက်၍လည်း မူလနေပြည်သူများထံ တစ်ရက်လျှင် တစ်လွှာနှုန်းဖြင့် အိမ်ခန်းများ ဆက်တိုက် ပြန်လည်အပ်နှံသွားမည်ဖြစ်ပါသည်။

21/08/2020

နိုင်ငံတော်အစိုးရမှ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအတွက် အငှားအိမ်ရာ စီမံကိန်းများ ဖော်ဆောင်ရာတွင် Yangon Metropolitan Development Public Co., Ltd မှ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများအား ရုပ်သံသတင်းဖော်ပြခဲ့မှု

Bloomberg Myanmar ၏ မူရင်းသတင်းရုပ်သံအား အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/BloombergMyanmar/videos/3469906336567286/

Address

No. 55, Chindwin Road, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959403403466

Alerts

Be the first to know and let us send you an email when Yangon Metropolitan Development Public Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Metropolitan Development Public Co.,Ltd.:

Share