Good Goal Real Estate

Good Goal Real Estate Good Prime Myanmar Real Estate Agency is always trying to be one of the best agents in Myanmar.

★ ကွန်ဒိုအငှား ★☑️ လုံမြို့နယ် ☑️ Orchid Condo ၁၀ လွှာရှိ အဆင့်မြင့် ပြင်ဆင်ပြီး အခန်းငှားမည်။☑️ Master BR ၃ ခန်း (Bathr...
14/06/2022

★ ကွန်ဒိုအငှား ★

☑️ လုံမြို့နယ်
☑️ Orchid Condo ၁၀ လွှာရှိ အဆင့်မြင့် ပြင်ဆင်ပြီး အခန်းငှားမည်။
☑️ Master BR ၃ ခန်း (Bathroom တွဲရက်)
☑️ Living Room, Kitchen များနေရာတကျ ဖွဲ့စည်းထားပြီး
☑️ ကားပါကင်၊ လုံခြုံရေး၊ ဓါတ်လှေကား
☑️ အငှား တလ ၁၀ သိန်း (၆ လချုပ်)
☑️ ဝယ်ယူရန် စိတ်ဝင်စားပါကလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🔰 အသေးစိတ် သိလိုသည်များကို Good Goal Real Estate ၏ ဖုန်းနံပါတ်
☎️ 09-754075405
☎️ 09-454449229
ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

🔷 တိုက်ခန်း အရောင်း FOR SALE !!~~~~~~~~~~အခန်း၃ ခန်းပါ ဟောင်ကောင်နှစ်လွှာတိုက်ခန်း အရောင်း !!လမ်းမတော်မြို့နယ် လမ်းသစ်လမ...
07/06/2022

🔷 တိုက်ခန်း အရောင်း FOR SALE !!
~~~~~~~~~~

အခန်း၃ ခန်းပါ ဟောင်ကောင်နှစ်လွှာတိုက်ခန်း အရောင်း !!
လမ်းမတော်မြို့နယ် လမ်းသစ်လမ်းကျယ်၊
ဈေးနှုန်း - 750 သိန်း (ကျပ်)

အကျယ်အဝန်း - 17 ပေ x 50 ပေ
🔸အလွှာ ၄ လွှာ
🔸လေဝင်လေထွက်ကောင်း၊
🔸အိပ်ခန်း ၁ ခန်း
🔸စတိုခန်း ၁ ခန်း
🔸ဘုရားခန်း ၁ ခန်း
🔸အောက်ထပ်အလွှာ စိတ်တိုင်းကျ အခန်းဖွဲ့နိုင်သည်။

🔰 အသေးစိတ် သိလိုသည်များကို Good Goal Real Estate ၏ ဖုန်းနံပါတ်
☎️ 09-754075405
☎️ 09-454449229
ကို ဆက်သွယ် မေးမြန်းလိုက်ပါ။

🏘 အိမ်ခြံမြေ အရောင်း➡️တောင်ဥက္ကလာပမြို့နယ် မြင်သာလမ်းရှိ အိမ်နှင့်ခြံအရောင်း➡️ခြံအကျယ် - ၃၇ပေ ၇၃ ပေ ကို➡️တိုက်ခံပျဥ်ထောင...
12/05/2022

🏘 အိမ်ခြံမြေ အရောင်း

➡️တောင်ဥက္ကလာပမြို့နယ် မြင်သာလမ်းရှိ အိမ်နှင့်ခြံအရောင်း
➡️ခြံအကျယ် - ၃၇ပေ ၇၃ ပေ ကို
➡️တိုက်ခံပျဥ်ထောင်အိမ်ပါပါတယ်။
➡️မိမိစိတ်ကြိုက် ပြန်ဆောက်ချင်တဲ့ ဝယ်သူတွေအတွက် အဆင်သင့်။
➡️ရောင်းချမည့်သူ အမည်ပေါက် ဂရံမြေ
➡️စျေးနှုန်း - သိန်း ၂၆၀၀ (ညှိနှိုင်း)
➡️Bank Payment ကိုလဲ ဝယ်ယူသူ အဆင်ပြေအောင် ညှိနှိုင်းပေးမှာ ဖြစ်လို့ အမြန်ဆက်သွယ်လိုက်ပါ။
~~~~~~~~~~~~~

🔰 Good Goal Real Estate ၏ ဖုန်းနံပါတ်
☎️ 09-454449229
☎️ 09-754075405
ကို ဆက်သွယ် မေးမြန်းလိုက်ပါ။

.,Ltd.

☞  တိုက်ခန်းအရောင်း~~~~~~~~~~~🔰 သာကတေ ထူပါရုံ 🔹 စျေးနီး မှတ်တိုင်နီး ဘဏ်နီး ရပ်ကွက်သန့် လမ်းကောင်း🔰 18 ပေ 55 ပေ ပထမထပ် တ...
24/03/2022

☞ တိုက်ခန်းအရောင်း
~~~~~~~~~~~
🔰 သာကတေ ထူပါရုံ
🔹 စျေးနီး မှတ်တိုင်နီး ဘဏ်နီး ရပ်ကွက်သန့် လမ်းကောင်း

🔰 18 ပေ 55 ပေ ပထမထပ် တိုက်ခန်းကျယ်
🔹 BCC ကျပြီး
🔹 အသင့်နေရုံ ပြင်ဆင်ပြီး အခန်းကောင်း

🔰 အိပ်ခန်း ၂ ခန်း
🔹 ပါကေး၊ ကြွေပြား အပြည့်
🔹 AC/ Water Heater/ Pressure Pump
🔹 သံပန်း၊ sunshade

🔰 အရောင်း သိန်း ၅၁၀ ညှိနှိုင်း

🔰 Good Goal Real Estate ၏ ဖုန်းနံပါတ်
☎️ 09-454449229
☎️ 09-754075405
ကို ဆက်သွယ် မေးမြန်းလိုက်ပါ။

.,Ltd.

➡️ တိုက်ခန်း အရောင်း ➡️ သမိုင်းမြို့သစ် ၁ ရက်ကွက်မှာရှိတဲ့မှန်ခန်းအပေါ်ထပ်က ပထမထပ် စစ်စစ်လေး ➡️ အကျယ် - 12ပေခွဲ ပေ50 ကို...
09/03/2022

➡️ တိုက်ခန်း အရောင်း

➡️ သမိုင်းမြို့သစ် ၁ ရက်ကွက်မှာရှိတဲ့
မှန်ခန်းအပေါ်ထပ်က ပထမထပ် စစ်စစ်လေး

➡️ အကျယ် - 12ပေခွဲ ပေ50 ကို
- ကြွေပြား အပြည့်/ သံပန်း ဆန်းရှိတ်တပ်ဆင်ပြီး
- လူမနေရသေးတဲ့ တိုက်ခန်း အသစ်ကို
- အသင့်နေရန် ပြင်ဆင်ပြီး
- ဘုရင့်နောင်လမ်းနှင့် ဗဟိုလမ်းဒဲ့ပေါက်

➡️ ရောင်းဈေး (၃၃၈) သိန်း (ညှိနှိုင်း) ကို
Bank Transfer နှင့်လည်း လက်ခံပေးမှာမို့ အမြန်ဆက်သွယ်ပါ။

🔰 Good Goal Real Estate ၏ ဖုန်းနံပါတ်
☎️ 09-454449229
☎️ 09-754075405
ကို ဆက်သွယ် မေးမြန်းလိုက်ပါ။

.,Ltd.

🏡 မြေညီ တိုက်ခန်း အရောင်း🏡 ဘုရင့်နောင် လမ်းမ၊ အင်းစိန်ပေါက်တောဝ ဆရာတော်ကြီးမှတ်တိုင် အနီး🏡 မြေညီထပ် အကျယ် ၁၅ x ၄၅ ပေ ကြွ...
03/03/2022

🏡 မြေညီ တိုက်ခန်း အရောင်း

🏡 ဘုရင့်နောင် လမ်းမ၊ အင်းစိန်ပေါက်တောဝ ဆရာတော်ကြီးမှတ်တိုင် အနီး

🏡 မြေညီထပ် အကျယ် ၁၅ x ၄၅ ပေ
ကြွေပြားအပြည့်ခင်းထားပြီး၊ ထပ်ခိုး ၂ ခုပါပါတယ်။
AC ၂ လုံးပါ။

🏡 အရောင်း သိန်း ၆၉၀ (ညှိနှိုင်း) ကို လစဉ်အရစ်ကျ ပေးသွင်းလို့ရတဲ့ အစီအစဉ်လဲရှိတာမို့ စိတ်ဝင်စားရင် ဆက်သွယ်မေးမြန်းပေးပါ။

🔰 Good Goal Real Estate ၏ ဖုန်းနံပါတ်
☎️ 09-454449229
☎️ 09-754075405
ကို ဆက်သွယ် မေးမြန်းလိုက်ပါ။

.,Ltd.

~ တိုက်ခန်းရောင်းမည် ~သိန်း ၄၈၀ ညှိိနှိုင်း၁၈×၅၄ ပေ 🔸တောင်ဥက္ကလာ (၁၀)ရပ်ကွက်🔸သံသုမာလမ်းမနီး၊မေတ္တာလမ်းမနီး၊ဈေးနီး🔸ကားမှတ...
23/02/2022

~ တိုက်ခန်းရောင်းမည် ~

သိန်း ၄၈၀ ညှိိနှိုင်း
၁၈×၅၄ ပေ

🔸တောင်ဥက္ကလာ (၁၀)ရပ်ကွက်

🔸သံသုမာလမ်းမနီး၊မေတ္တာလမ်းမနီး၊ဈေးနီး

🔸ကားမှတ်တိုင်နီး၊ဘဏ်နဲ့လည်းနီးပါတယ်

🔸အဿက ၃၁ လမ်း၊သံသုမာလမ်း တည့်(ဒဲ့)ပေါက်
🔸တောင်ဥက္ကလာ အမျိုးသမီးဆေးရုံဘေးလမ်းက
🔸ဝင်လည်းရပါတယ်။၃ လွှာ/ အပေါ်ဆုံးထပ်
🔸(ရင်ကွဲမဟုတ်)မြောက်ဖက်လှည့်၊အဝီစိ ၊ဂျိုးဖြူ
🔸ကြိုက်ရာပြောင်းသုံးနိုင်သည်။

🔸ပါကေးခင်းပြီး/ဝရံတာသံပန်းပြည့်/ရေပူရေအေး၊
🔸Pressure pump /Aircon ၂လုံး၊အခန်း ၂ခန်းဖွဲ့၊
🔸ဘိုထိုင်အိမ်သာ၊

🔸ဘေးတိုက်မရှိလို့လေဝင်လေထွက်ကောင်း
🔸ပြင်ဆင်ပြီး အသင့်နေရုံပဲ

တိုက်သက်တမ်း (၄)နှစ်
BCC ကျပြီး၊ အရှုပ်အရှင်းကင်း

💰💰💰
Mobile banking ဖြင့် ညှိနှိုင်းလက်ခံပေးသည်။

***တိုက်ရှေ့ကားရပ်နားရန် အဆင်ပြေသည်***
***လမ်းအကျယ်***ကား၂စီးရှောင်၍ရသည်။

Good Goal Real Estate ၏ ဖုန်းနံပါတ်

☎️ 09-454449229
09-754075405

ကို ဆက်သွယ် စုံစမ်းမေးမြန်းလိုက်ပါ။

.,Ltd.

#အိမ်ခြံမြေ
#တောင်ဥက္ကလာ
#ရောင်းမည်
#တိုက်ခန်း
#အိမ်

အိမ်ဝယ်ဖို့ စဉ်းစားနေပြီလား? သင့်ကို ဒီ (၁၀) ချက်က ကူညီပေးပါလိမ့်မယ် ❕▪️သင့်ရဲ့ဘဏ်စုငွေနှင့် ချေးငွေစာရင်းကို အရစ်စစ်ဆေး...
19/02/2022

အိမ်ဝယ်ဖို့ စဉ်းစားနေပြီလား? သင့်ကို ဒီ (၁၀) ချက်က ကူညီပေးပါလိမ့်မယ် ❕

▪️သင့်ရဲ့ဘဏ်စုငွေနှင့် ချေးငွေစာရင်းကို အရစ်စစ်ဆေးသင့်ပါတယ်
ငွေချေးကုမ္ပဏီကို မဆက်သွယ်ခင် သင့်မှာရှိတဲ့ ချေးငွေကို ဦးစွာစစ်ထားပါ။ သင့်သုံးစွဲမှုအတွက် ကျသင့်ငွေတောင်းခံလွှာ (Bill) ပုံမှန်ပေးရဲ့လား၊ လက်ရှိမှာ သင့်ဆီမှာ အကြွေးဘယ်လောက်ရှိလဲ။ ငွေချေးခဲ့တာဘယ်လောက်ကြာပြီလဲ၊ အပေါင်စာချုပ်နဲ့ ငွေချေးပေမယ့်သူဟာ သင့်ရဲ့ အကြွေးစာရင်း အဟောင်းတွေကို သိချင်ပါတယ်။ ဒါကြောင့် အကုန်စစ်ထားပါ။ နောက်ထပ် အကြွေးကဒ် ထပ်ရှိသေးလား။ ငွေချေးမယ့်သူတွေဟာ သင့်ရဲ့ ဘဏ်ကဒ်တွေ၊ ကားနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ ကျောင်းသားတွေအတွက် ချေးငွေတွေကို စစ်ဆေးမှာမို့ ကြိုပြင်ဆင်ထားပါ 🤩

▪️သင်ဘယ်လောက် ပမာဏသုံးမလဲဆိုတာ ကြိုတင်မှန်းထားပါ။
သင်ဘယ်လောက်သုံးဖို့ ဆန္ဒရှိလဲဆိုတာ ကြိုတွက်ပြီးရင် ကိုယ်သုံးမယ့်ပမာဏအတွက် အပေါင်စာချုပ်နဲ့ ချေးငွေယူနိုင်မှာ ဖြစ်ပါတယ်။ အခုချိန်ဟာ အိမ်ရာစျေးကွက်ကို သုတေသနပြုလေ့လာဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး အိမ်နီးနားချင်းတွေက နေတစ်ဆင့် အကြံဉာဏ်ရယူပြီး ဘယ်လိုအိမ်မျိုးကိုသင်သက်သာစွာနဲ့ဝယ်နိုင်ဖို့ ဘယ်လို ချေးငွေယူရမလဲ ဆိုတာတွေကို လေ့လာထားပါ 🧐

▪️ သင့်ရဲ့ အိမ်ဝယ်မယ့်လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကူညီပေးဖို့ အကျိုးဆောင်တစ်ယောက်ရှာပါ။ သိပ်မကြာသေးခင်ကထိ အိမ်ခြံမြေအကျိုးဆောင်တွေကို တကူးတကရှာဖွေပြီး ရွေးချယ်တဲ့အလေ့အကျင့်မရှိပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ကိုယ်နဲ့အဆင်ပြေမယ့် အကျိုးဆောင်ဆီသွားပြီး စကားပြောကြည့်ပါ။ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အကျိုးဆောင်ကို ရွေးချယ်ငှားပါ 😇

▪️ချေးငွေယူမယ်ဆိုရင် ငွေထုတ်ချေးမယ့် ကုမ္ပဏီဆီက ကြိုတင်ခွင့်ပြုချက် ရယူထားပါ။
သင့်ကို ငွေထုတ်ချေးမယ့်ကုမ္ပဏီဆီက ကြိုတင်ခွင့်ပြုချက်ရယူထားခြင်းဟာ စိတ်ချရပြီးစမတ်ကျတဲ့ စီစဉ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ ငွေကြေးအခက်အခဲကိုဖြေရှင်းပေမယ့် ငွေချေးမယ့်ကုမ္ပဏီဆီက ကြိုတင်ခွင့်ပြုချက်ရထားပြီဆိုရင် သင်ဝယ်မယ့် အိမ်ပိုင်ရှင်အနေနဲ့ သင့်အပေါ်မှာ ယုံကြည်မှုရှိမှာဖြစ်လို့ လွယ်ကူစေပါတယ် 😉

▪️အိမ်စရှာလို့ ရပါပြီ
သင့်ရဲ့ အိမ်ရှာရှော့ပင်းအစီအစဉ်ကို စတင်လို့ရပါပြီ။ ဒီအချိန်မှာ သင်ငှားထားတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ စကားပြောဖို့ လိုအပ်ပြီး သင်တို့နှစ်ယောက်လုံး ခေါင်းချင်းဆိုင်ဆွေးနွေးရမယ့် အချိန်ပါပဲ။ သင်လိုချင်တဲ့အချက်အလက်တွေနဲ့ အနီးစပ်ဆုံးကိုက်ညီမယ့် အိမ်ရာတွေကို အကျိုးဆောင်က ယူလာခဲ့မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေ၊ Listing တွေကို လိပ်စာတွေအတိုင်းသွားရောက်ကြည့်ရှုရမှာဖြစ်ပါတယ် ☺️

▪️သင့်တော်တဲ့ငွေကြေးပေးမယ်လို့ ပြောထားပါ။
အိမ်ဝယ်မယ့်သူအများစုအတွက် ဒီအချက်ဟာ လိုအပ်ပါတယ်။ တကယ်လို့သင်လိုချင်တဲ့အိမ်ကို ရှာတွေ့ခဲ့ပြီဆိုရင် သင့်တော်တဲ့ငွေကြေးပေးမယ်လို့ ပြောပါ။ ဒီနေရာမှာ သင့်အကျိုးဆောင်ပေးထားတဲ့ အိမ်ခြံမြေအရောင်းအဝယ် Listing ထဲမှာ ဖော်ပြထားတဲ့ စျေးနှုန်းကို သတိရပါ။ သင့်ရဲ့ အကျိုးဆောင်က စျေးကွက်ကိုနားလည်ပြီး သင့်ကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။ သင်ကြိုက်တဲ့အိမ်ကို တကယ်တွေ့ပြီဆိုရင်တော့ ရွေးချယ်နိုင်မှာဖြစ်ပြီး၊ မကြိုက်သေးဘူး ဆိုရင်တော့ အဆင့်(၅)ကို ပြန်လည်လုပ်ဆောင်ပါ 🥰

▪️နေရာအထားအသိုအတွက် အိမ်ကိုစစ်ဆေးတိုင်းတာခြင်း။
အဆင့်(၆)အတိုင်းသင့်ရဲ့ သင့်တော်တဲ့ငွေကြေးကို သဘောကျလို့ သင့်ကိုရောင်းမယ်သူက လက်ခံလိုက်ပြီဆိုရင်တော့ သင့်အနေနဲ့ အိမ်ကိုစစ်ဆေးမယ့်သူကို ရှာပါ။ ဘယ်နေရာမှာ ဘယ်ပစ္စည်းတွေထားမလဲဆိုတာကို တိုင်းတာပြီး နေရာချဖို့ အချိန်ယူပြင်ဆင်ပါ 😇

▪️အာမခံရယူခြင်းနှင့် အသုံးဝန်ဆောင်လုပ်ငန်းစတင်ပါ။
အိမ်ပိုင်ဆိုင်သွားပြီဆိုရင်တော့ အာမခံကုမ္ပဏီဆီမှာ သင့်ရဲ့အိမ်အတွက် အာမခံထားပါ။ သင်က အိမ်ရှင်အသစ်ဖြစ် ကြောင်း အာမခံကုမ္ပဏီကိုပြောပြီး မူဝါဒအသစ်တွေ ရေးဆွဲခိုင်းပါ။ တကယ်လို့သင့်ဆီမှာ အာမခံကုမ္ပဏီမရှိရင်တော့ အခုချက်ချင်းရှာရတော့မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သင့်ရဲ့ ငွေချေးကုမ္ပဏီရဲ့စည်းကမ်းချက်ထဲမှာ အာမခံလုပ်ဖို့ ကိစ္စ ပါဝင်လို့ဖြစ်ပါတယ်။ သင်သုံးစွဲမယ့် လျှပ်စစ်မီး၊ ရေ၊ လျှပ်စစ်ဓာတ်အား စတဲ့ အသုံးဝန်ဆောင်မှုတွေအတွက် အသုံး ဝန်ဆောင်လုပ်ငန်းတွေဆီသွားပြီး သင်အိမ်ပေါ် စ နေမယ့် နေ့ကို အသိပေးပါ 🤗

▪️စာချုပ်ချုပ်မယ့်နေ့ ‌ရောက်ပါပြီ။
အထက်ပါလုပ်ဆောင်ချက်တွေ ပြီးသွားပြီဆိုရင်တော့ သင်အိမ်ပိုင်ဆိုင်မယ့်အကြီးမားဆုံးနေ့တစ်နေ့ကို ရောက်လာပါပြီ။ သင့်အနေနဲ့ လက်မှတ်ထိုးဖို့ စာချုပ်ကို သေချာဖတ်ပါ။ ပြီးရင်လက်မှတ်ထိုးပါ။ သင့်အနေနဲ့ စိတ်ပင်ပန်းနေမယ်ဆိုပေမယ့် ဒီအဆင့်ကတော့ သင့်ရဲ့အိမ်ကိစ္စ ရှာပုံတော်ပြီးဆုံးဖို့နီးစပ်လာခဲ့ပါပြီ 😘

▪️နောက်ဆုံးမှာတော့ အိမ်သော့ယူပြီး ပစ္စည်းတွေစရွှေ့ပါတော့နော်။
ကဲ! ဒါဆိုရင် သင်အိမ်တစ်လုံးပိုင်ဆိုင်သွားပါပြီ။ သင်ကိုယ်တိုင်ရွေးချယ်ထားတဲ့ အကြိုက်ဆုံးအိမ်တစ်လုံးရသွားပါပြီ။ အိမ်ဝယ်ခြင်း ခရီးစဉ်ကနေ အိမ်ပိုင်ခြင်းခရီးစဉ်ကို စတင်လိုက်ပါတော့ 😊
Credit : Home Buyer Guide
~~~~~~~~~~~

လူကြီးမင်းတို့၏အိမ်ခြံမြေ🏘၊ကွန်ဒို၊တိုက်ခန်း🏨၊ စက်ရုံ မြေနေရာများနှင့် လုပ်ငန်းလုပ်ကိုင်ရန်မြေနေရာများကို အချိန်တိုအတွင်း ရောင်း/ဝယ်/ငှားရမ်းလိုပါက Good Goal Real Estate ၏ ဖုန်းနံပါတ်
📞09 454449229/
📞09 754075405ကို
(ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်း၍ လုပ်ငန်းများအပ်နှံနိုင်ပါကြောင်း သတင်းကောင်းပါး ပါရစေ ။

🏢 Mini Condo ငှားမည်~~~~~~~~~~~⚜️ ကမာရွတ်မြို့နယ်၊▶️ လှည်းတန်း၊ ဗဟိုလမ်း၊ Time city တို့အနီးအနားမှာရှိ⚜️ Mini Condo အခန်...
18/02/2022

🏢 Mini Condo ငှားမည်
~~~~~~~~~~~

⚜️ ကမာရွတ်မြို့နယ်၊
▶️ လှည်းတန်း၊ ဗဟိုလမ်း၊ Time city တို့အနီးအနားမှာရှိ

⚜️ Mini Condo အခန်းကျယ် အခန်းသန့်
▶️ ၄ လွှာ (ထောင့်ခန်း)
▶️ 22 x 50 ပေအကျယ်
▶️ Master BR ၁ ခန်း၊ single BR ၁ ခန်း
️▶️ အသင့်ပြင်ဆင်ပြီး
▶️ Lift အပါ၊ ကားရပ်ရန် နေရာရှိ။

⚜️ အငှား - တလ ၅သိန်းခွဲ နှင့် ငှားရန်ရှိပါသည်။

Good Goal Real Estate ၏ ဖုန်းနံပါတ်
☎️ 09-454449229
09-754075405
ကို ဆက်သွယ် စုံစမ်းမေးမြန်းလိုက်ပါ။

.,Ltd.
▶️

04/02/2022

💢မြေအမျိုးအစားများ💢

အိမ်ခြံမြေအကြောင်း လုပ်ကိုင်နေသူများ သိကိုသိထားသင့်တဲ့ မြေအမျိုးအစားတွေကို ပြောပြပေးပါမယ်။
အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေက တော့.....

1️⃣ မြေပိုင်မြေ
2️⃣ ဘိုးဘွားပိုင်မြေ
3️⃣ ဂရန်ရှိမြေပိုင်မြေ
4️⃣ လိုင်စင်မြေ
5️⃣ ပါမစ်မြေ
6️⃣ မြေငှားဂရန်မြေ
7️⃣ စကွာတာမြေ
8️⃣ ကျူးလွန်ခြင်းမြေ
9️⃣ ကျူးကျော်မြေ ....စတာတွေပဲဖြစ်ပါတယ်။

⏩မြေပိုင်မြေ
မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်‌ဖော်ထုတ်ကာ ရောင်းချခဲ့စဥ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။

⏩ဘိုးဘွားပိုင်မြေ
အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

⏩ဂရန်ရှိမြေပိုင်မြေ
အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါတယ်။

⏩လိုင်စင်မြေ
အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါတယ်။

⏩ပါမစ်မြေ
ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါတယ်။

⏩မြေငှားဂရန်မြေ
အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါတယ်။

⏩စကွာတာမြေ
“စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါတယ်။

⏩ကျူးလွန်ခြင်းမြေ
လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါတယ်။

⏩ကျူးကျော်မြေ
ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါတယ်။

💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢

လူကြီးမင်းတို့၏ အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်း၊ စက်ရုံ မြေနေရာများနှင့် လုပ်ငန်းလုပ်ကိုင်ရန် မြေနေရာများကို အချိန်တိုအတွင်း ရောင်း/ဝယ်/ငှားရမ်းလိုပါက Good Prime (Myanmar) Real Estate ၏ ဖုန်းနံပါတ် ☎️ ၀၉၄၅၄၄၄၉၂၂၉ /၀၉၇၅၄၀၇၅၄၀၅
ကို (ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်း၍ လုပ်ငန်းများအပ်နှံနိုင်ပါကြောင်း သတင်းကောင်းပါး ပါရစေ ။
အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ 🙏🙏🙏

.,Ltd.
(Myanmar)RealEstate
to original writer

Address

No. 43, Shwe Hnin Si 6th Lane, 5 Ward, Mayangone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959454449229

Alerts

Be the first to know and let us send you an email when Good Goal Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Good Goal Real Estate:

Share