အိမ်ခြံမြေအကြောင်းဗဟုသုတသိကောင်းစရာများ

  • Home
  • Myanmar
  • Yangon
  • အိမ်ခြံမြေအကြောင်းဗဟုသုတသိကောင်းစရာများ

အိမ်ခြံမြေအကြောင်းဗဟုသုတသိကောင်းစရာများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အိမ်ခြံမြေအကြောင်းဗဟုသုတသိကောင်းစရာများ, Hlaing Thar Yar Township, Yangon.

 #လူနေထိုင်ခွင့်ရွာမြေမှာအမြင့်ဆုံးကGပါရွာမြေ မကြိုက်လျှင်ဂရံသာဝယ်ပါပုံစံ(၇) G နဲ့ ရွာမြေ G ကတော့ ကွာတာပေါ့ ဂရံ, ပါမစ် ,...
26/03/2026

#လူနေထိုင်ခွင့်ရွာမြေမှာအမြင့်ဆုံးကGပါ
ရွာမြေ မကြိုက်လျှင်ဂရံသာဝယ်ပါ

ပုံစံ(၇) G နဲ့ ရွာမြေ G ကတော့ ကွာတာပေါ့

ဂရံ, ပါမစ် , လိုင်စင် , မြို့ပြစလစ်ကလွဲရင်

✅ကျန်ရွာမြေက G ပေါ်တည်ရွာမြေ

✅လယ်ပျက်ပေါ်တည် ရွာမြေ

✅ရွာနှင့်တစ်ဆက်တည်းလယ်မြေအား လူဦးရေတိုးတက်လာမူအရ နေထိုင်ဖို့လိုအပ်မူ တိုးချဲ့ရန်တရားဝင်တင်ပီး ခွင့်ပြုအခြားနည်းလျောက်နေထိုင်ခွင့်ရ ရွာမြေ

နိုင်ငံတော်က ပြန်လည်အသိမှတ်ပြု ကွက်စိပ်ကွက်ကျဲ
တိုင်းတာစာရင်းဝင်ထားတဲ့ ဂရမ်, ပါမစ် , လိုင်စင် , မြို့ပြစလစ်များမဖြစ်မှီ လူနေထိုင်မူနှင့် တည်ရှိမူ မြေအမျိုးစားများကို လေ့လာကြည့်ပါက ..

ကနဦး နေထိုင်ခြင်း

မြို့မြေ , ရွာမြေ .. ဥယျာဥ်ခြံမြေ .. လယ်ယာမြေ .. တောင်ယာမြေ

ပုံစံ (၁) , ပုံစံ (၈) , G , R , Yစသည်ဖြင့် အတိုကောက်မှတ်သားနိုင်သည်

မြို့မြေ , ရွာမြေ စသည်ဖြင့် လူနေထိုင်မူကို G ပေါ်တွင် အတည်များသည်

G ဥယျာဥ် စိုက်ပျိုးစားသောမြေသည် R လယ် နှင့် မြေ၏ခိုင်မာမူကျစ်လစ်သိပ့်သည်းခြင်းကွာသည်

လူနေထိုင်အဆောက်အအုံဆောက်ဖို့က G က Soil အနေထားသင့်တော်သည်

ဒါကြောင့် အဆောက်အအုံနေထိုင်မူကို Gကို လွယ်လင့်တကူ ခွင့်ပြုသတ်မှတ်ပီး စားဝတ်နေရေး
စိုက်ပျိုးမူ အတွက် Rကို အဓိကထားကြသည်

R ပေါ်တွင်လဲ စိုက်ပျိုးရေးလုပ်တာကြာလာပီး လယ်ပျက်တိမ်ကောပီး ရွာနှင့် ဆက်လျက်ရှိလျှင် ရွာမြေတိုးချဲ့အဖြစ် ခွင့်ပြုတက်သည်

ထို့ကြောင့် ဧကကျယ်ဝယ်ပီးလုပ်ငန်းလုပ်ကိုင်လိုသောသူများသည် ခွင့်ပြုမိန့်လွယ်လင့်တကူချပေးနိုင်သော Gများကိုသာ ဝယ်ယူကြသည်

ပုံစံ(၇) + ပုံစံ(၈) တွဲလျက် မည်သည့်မြေအမျိုးစားမဆို
စိုက်ပျိုးဧရိယာသာဖြစ်ပါသည်

ပုံစံ(၇)ပျောက်ပီး မှသာလူနေထိုင်ကြအခွန်ထမ်းတဲ့ မြေခွန်ပြေစာ(၈) မှသည် မှော်ဘီမြို့တွင် နေထိုင်သော ရွာနေရွာမြေဖြစ်ပါသည် ...

🚫🚫🚫G ကိုနေထိုင်ခွင့်မရှိ မခိုင်မာဘူးဆိုလျှင် မှော်ဘီမြို့၏ ၉၅% ဖျက်သိမ်းရပါမည် .. 🚫🚫🚫

( ရွာမြေ G နှင့် စိုက်ပျိုးGလဲကွာတယ်နော်)
ပုံစံ(၇)Gလောကိမြင်ဖူးပီးရမ်းတုတ်နေတာတော့အဆင်ပြေမနေဘူး

ရွာမြေဝယ်ယူရာတွင် မိမိရရှိသောစလစ် ပုံစံ(၇)ပျောက် မပျောက် မြေစာရင်းရုံးတွင် စစ်ဆေးနိုင်သည်
ပုံစံ(၇) ထွက်ရှိနေသေးလျှင် စိုက်ပျိုးရေးသာ အသုံးဝင်ပါသည် ...

မှော်ဘီသည် ဥယျာဥ်/ လယ်ပေါ်ရွာတည်မြေဖြစ်ပါသည် ..

Gမြေပေါ်နေထိုင်ခွင့်ရှိမရှိကို အပေါ်ကဖော်ပြပါအကြောင်းရာများအရ ဖော်ပြထားပါသည်

✅ကိုယ်ဝယ်မည့်မြေက ပုံစံ(၇)မရှိဖို့ပဲပိုအရေးကြီးပါတယ် ပုံစံ(၇)ဆို ဘာမြေဖစ်ဖစ် စိုက်ပျိုးစားရပါမယ်

မခိုင်မာသောမြေမရှိပါ အကုန်ခိုင်မာသည်
ကိုယ်သုံးစွဲမယ့်အခြေနေပေါ်မူတည်ပီး ခွငိ့ပြုခြင်းမပြုခြင်းပဲရှိတာပါ

ပုံစံ(၇)/မြေပုံမြေရာဇဝင် ၁၀၅/ ၁၀၆
ပေကျဉ်းကွက်ရိုက်တွေ အိမ်ဆောက်ရန်ဝယ်လို့မရပါနော်
၁၀၅ က ပိုင်ဆိုင်မူမဟုတ်ပါ..

အောက်တွင်ဆက်လက်ဖော်ပြမည့်စာများကတော့
ဗဟုသုတရအောင် ကူးယူထည့်သွင်းပေးခြင်းဖြစ်သည်

#မြေအမျိုးစားများ...........................

ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။

အစိုးရမြေဆိုရင် သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆို
တာကို ခွဲခြားလို့ရပါတယ်။ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။
မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM
၅ ။ မူရင်းလယ်မြေဆိုရင် M/MY
၆ ။ ချောင်းရေဝင်မြေဆိုရင် c
၇ ။ ယာမြေဆိုရင် Y
၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉ ။ တောင်ယာမြေဆိုရင် TY/YY
၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY
၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY
၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃ ။ ဓနိမြေဆိုရင် D
၁၄ ။ အပိုင်ရမြေဆိုရင် O
၁၅ ။ အပိုင်ဂရန်မြေဆိုရင် G
၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

#အကျယ်တဝင့်ဖော်ပြချက်

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်းစျေးတွေနဲ့ရတဲ့မြေတိုင်းကတော့ 100% အာမမခံနိုင်ပါဘူး

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်းများစွာရှိပါသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည် ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျနှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့်မှအပ အခြားစီးပွား
ရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေးပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင်အိမ်ဂရံ 🔹
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ်ပြုရန်သော်၄င်း လုံးဝကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ
များသော ဂရံ မြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါကသိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရပါသည်)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသောမြေပါ သို့သာ် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံးရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင်ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။(မှတ်ချက်-ပါမစ်မြေသည် အတုပေါများသည်)

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹ပုံစံ၅ပြေစာ🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့
ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေ
မယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်
သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်
(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင်အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ 7သာ ထွက်ရှိထားသော လယ်များရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအားစုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား
ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ်ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည် သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံး
ပါမည်။ ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည် လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိသည်

ာလုံးထွက်ပြေစာများအတွက်

💢💢💢💢💢 မမြဲဦးပိုင် 💢💢💢💢💢
အခုတလော မြေကွက်ပေါချောင်ကောင်းလေးတွေ လိုင်းပေါ်ကနေ ရှာပြီး ဝယ်ဖို့ စိတ်ကူးယဉ်တဲ့သူအများသား။
ပေါချောင်ကောင်းလေးဝယ်ပြီး ရင်းနှီးထားလိုက်မယ်ဆိုတဲ့အတွေးပေါ့ ၊ ပိုက်ဆံက အများကြီးလည်းမတတ်နိုင် ၁ဧက သိန်း ၁၀၀ လောက်ရှာ ၊ တွေ့တော့ စျေးတန်သားဟ ၁ဧက ဆိုတော့ ကျယ်ကလည်းကျယ် နောက်လူတွေနေလာရင် ထောပြီဆိုတဲ့အတွေးပေါ့။ ပွဲစားက အပြောကောင်း ဝယ်တဲ့သူကလည်း ရှေ့နေခ မပေးချင် ဝယ်လိုက်ကြတာ ဝယ်ပြီးတော့မှ မှားမှန်းသိမယ်။
အခုပြောချင်တာ ရှေ့နေမှ မဟုတ်ဘူး အပြင်ကလူတွေလည်း မြင်တာနဲ့ သိဖို့ ဗဟုသုတ မျှဝေခြင်းပါ။
⏩ ဝယ်မယ်ဆို ဘာပိုင်ဆိုင်မှုရှိလဲ အရင်တောင်းကြည့်ပါ။
အခုတင်ထားတဲ့ မြေခွန်ပြေစာ ပြတယ်ဆိုပါစို့ ။ ဦးပိုင်အမှတ်မှာ (N)လို့ ရေးသားထားတာတွေ့ရင် မဝယ်သင့်ပါဘူး ။ (N)ဆိုတဲ့ အခေါ်အဝေါ်က 💢 မမြဲဦးပိုင်💢 လို့ ခေါ်ပါတယ် ။
မမြဲဦးပိုင် မှ ➡️အမြဲဦးပိုင် လျှောက် ➡️ပြီးမှ ပုံစံ ၇ လျှောက်လို့ရတာပါ ။ မမြဲဦးပိုင်က ပုံစံ၇ တန်းလျှောက်လို့မရပါဘူး။
မမြဲဦးပိုင်ကနေ အမြဲဦးပိုင်လျှောက်ဖို့ အဲဒီမြေမှာ ၄/၅နှစ် အပင်စိုက်ရမှာပါ။ အဲဒါမှ လုပ်ကွက်ဟာ တည်ငြိမ်ခိုင်မြဲပြီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်မှ အမြဲဦးပိုင်မှတ်ပုံတင်စာရင်းမှာ သွင်းပေးတာပါ။
ဥပဒေနားလည်တဲ့သူခေါ်မသွားတော့ ပွဲစားက ဝယ်ပြီး လူနေအိမ်ဆောက် လို့ရတယ် ပြောလို့ပြော မွေးမြူရေးလုပ်လို့ရတယ်ပြောလို့ပြော ယုံပြီး ဝယ်မိမှာစိုးလို့ ။
တချို့တွေ မြေကွက်ရောင်းရင် ပိုင်ဆိုင်မှုအနေနဲ့ 💢ပုံစံ ၁၀၅ 💢ရှိတယ်ပြောလေ့ရှိတယ်။ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှုမဟုတ်ပါဘူး ။ ၁၀၅ ဆိုတာ တည်နေရာသတ်မှတ်ထားတဲ့ မြေပုံပါ။ မြေပိုင်ကြောင်း အာမခံချက်အဖြစ် ထုတ်ပေးထားတဲ့စာရွက်မဟုတ်ပါဘူး ။
💢ပုံစံ ၇ 💢ကလည်း စျေးဆိုင်က ဝယ်တဲ့စာချုပ် နဲ့ ချုပ်ရတာမဟုတ်ပါဘူး။ ပုံစံ ၇ က လယ်စိုက်ဖို့ပါ။ အိမ်ဆောက်နေလို့မရဘူး ၊ တိရစ္ဆာန်မွေးမရဘူး၊ လုပ်ချင်ရင် ပုံစံ ၇ ကနေ အခြားနည်းအသုံးပြုခွင့်လျှောက်ပါ။
(အခု အခြားနည်းလျှောက်တာတွေ ပိတ်ထားဆဲပါ)
တချိုလယ်မြေတွေက အခြားနည်းလျှောက်ထားတယ် မကျသေးဘူးပေါ့ ၊ ဒါပေမဲ့ အခြားနည်းလျှောက်ထားတော့ အားသာတယ်ဆိုပြီး ပြောရောင်းပါတယ် ။ မကျသေးသရွေ့ လယ်ယာမြေထဲမှာပဲ အကျုံးဝင်တုန်းက အလိမ်မခံရဖို့ ဗဟုသုတအဖြစ် မျှဝေရေးသားခြင်းပါ…

#မြေခွန်ပြေစာအကြောင်း....

ပြေစာ အကြောင်းလေးတွေ ခုနောက်ပိုင်းမှာ...
သဘောထားမတူတာတွေ....အယူအဆ ကွဲလွဲတာ
လေးတွေကြောင့် အမေးများလာလို့ တင်လိုက်ရပါ
တယ်....

ပြေစာအရွယ်အစား ဟာ ၄" ၅" ထက်မပိုကြပါဘူး.
ယခုအခါ မြန်မာနိူင်ငံ နယ်ပယ်ဒေသ အချိူ့မှာ
ပြေစာ စာတွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးတယ်...

အချို့သောသူတွေက ...ပြေစာဆိုတာနဲ့
လယ်ယာမြေ လို့ တစ်ထစ်ချ ပြောဆိုတတ်ကြပါ
တယ်....

ရွာမြေ ၊ဘိုးဘွားပိုင်မြေ၊ဥယျာဉ်ခြံမြေ တွေဟာလဲ
ပြေစာ နဲ့ဘဲ အသုံးပြု ထားကြပါတယ်...

ပြေစာ ဟာ ....အောက်ပါပုံမှ မြင်ရတဲ့အတိုင်း
ကော်လ်ိတ္တော်အရာရှိလက်မှတ် ပါမယ်..
သက်ဆိုင်ရာ မြို့နယ် ခရိုင် အမှတ်အသားပါမယ်

မြေလုပ်ကိုင်သူ အမည်နဲ့ ဧရိယာ အကျယ်အဝန်း
ပါပါမယ်...:

ပြေစာ နဲ့မြေ ကို အချို့က သုံးမရဘူး....
ရောင်းမရဘူး... ဘာမှအသူံးမဝင်ဘူး လို့ယူဆ
ထားကြတာ တွေ တွေ့ခဲ့ရပါတယ်...

အမှန်တကယ်တော့....ပြေစာဟာ
ရောင်းဝယ်ခွင့်ရှိပြီးနေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစား
တစ်ခုပါဘဲ....

ပြေစာ ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေ
ဆောင်ရွက်လို့ရပါတယ်....

မြေခွန်ပြေစာအကြောင်းရသိရှိနားလည်သူများက
ကောင်းစွာ အသုံးချတတ်ကြပြီး.....အချို့သော
နားမလည်သူများက .....တရားမဝင်မြေ ဟု
ယူဆ ထားကြသည်ကိုတွေ့ရှိရပါတယ်.:.

အချူပ်အားဖြင့်ဆိူသော် မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ဖြစ်ပြီး ပါမစ်မြေ
ဂရန်မြေ ထက် အဆင့်နိမ့်သောမြေ အမျိူးအစား
တစ်ခုဖြစ်ပေမဲ့ .....နားလည်သူများ ကကောင်းစွာ
အသုံးချလေ့ရှိပါတယ်

Credit 😍

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့ =========================================ဆရာရေ အင်းစိန်မြို့နယ...
24/03/2026

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့
=========================================

ဆရာရေ အင်းစိန်မြို့နယ်မှာ ဘိုးဘပိုင်မြေလို့ပြောတာပဲ၊ အဲ့ အိမ်ဝန်ခြံလေးဝယ်ယူဖို့ပါ၊ဝယ်ယူပြီတော့လည်းအမည်ပေါက်ပြောင်းလို့ရပါသလား။

ဘိုးဘပိုင်မြေဆိုရင်တော့ အမည်ပေါက်က ဘယ်သူလဲ၊ ဘာစာရွက်စာတမ်းတွေရှိလဲပေါ့မေးကြည့်ရာဝယ်... မှတ်ပုံမတင်ထားသည့် (အရပ်)အရောင်းအဝယ်စာချုပ် အဆက်အစပ်တွေပဲ ရှိပါတယ်ဆရာ။

အမည်ပေါက်ပြောင်းလို့ရလားဆိုသည့် မေးခွန်းနဲ့ပတ်သက်လို့
---------------------------------------------------------------------------------
အမည်ပေါက်ပြောင်းလို့တော့ရပါတယ်
၊ လုပ်ငန်းစဥ်ကတော့ နည်းနည်းရှုပ်ပြီးအချိန်ပို၍ ပေးရပါမယ်။
အခွန်တွေဆောင်ရန်ငွေအ နည်းငယ်ကုန်ပါမည်။
ဘာမို့လဲဆိုတော့ မူလအမည်ပေါက်ကဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ သက်ရှိထင်ရှား ရှိသေးလားဆိုပြီး စုံစမ်းရပါမည်။

- သက်ရှိထင်ရှားရှိရင် အမည်ပြောင်း လုပ်ဖို့အ တွက် ၎င်းကဌာနဆိုင်ရာတွင် လိုက်လံဆောင်ရွက်ပေးနိုင်မလား?
- သက်ရှိထင်းရှာမရှိရင် ၎င်း၏အမွေစား၊ အမွေခံများဖြစ်ကြသည့် သားသမီးများက လိုက်လံဆောင်ရွက်ပေးနိုင်မလား?
ညှိနှိုင်းဆောက်ရွက်ပြီးရင်မြေပုံရာဇဝင်ကူး၊အမည်ပေါက်ပြောင်းလို့ရပါမယ်။
- ဒုတိယနည်းလမ်းကတော့ တရားတစ်ထုံးစွဲဆိုပြီး တရားရုံးအမိန့်၊ ဒီဂရီနဲ့ ပြုလုပ်မလား?
စသည့် အထက်ပါအချက်အလက်တွေကိုအခြေခံပြီးအမည်ပေါက်ပြောင်းရမရလေ့လာစုံစမ်းလို့ရပါတယ်။
မြို့မြေထဲမှာလည်းပါတယ်၊လူနေထိုင်ခွင့်လည်းရှိတယ်၊ဆက်စပ်စာချုပ်လည်းအပြည့်အစုံရှိတယ်၊မူလအမည်ပေါက်တွေလည်းလိုက်ပါကူညီဆောင်ရွက်ပေးတယ် / တရားရုံးအနိုင်ဒီဂရီလည်းရှိတယ်ဆို အမည်ပေါက်ပြောင်းလို့ရပါတယ်။

🗣️ဟုတ်ကဲ့ဆရာရယ် စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလို့ ကျေးဇူပါ။

ဘိုးဘပိုင်မြေနဲ့ပတ်သတ်၍ အနည်းငယ်ဖော်ပြပေးပါရစေ။
------------------------------------------------------------------------------
၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို အဂ်လိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဥ်းဥပဒေအရ မြန်မာမင်းများလက်ထက်ကမင်းညီ၊မင်းသား၊ မှူးကြီးမတ်ကြီးများနှင့် မင်းမှုထမ်းများကို ပေးကမ်းခဲ့သော မြေများအတွက် ပိုင်ဆိုင်မှုကို ဆက်လက်အသိအမှတ်ပြုသည့်အပြင်၊ အဘိုးအဘလက်ထက်ကပင် ဓါးမဦးချလုပ်ကိုင်ပြီး ပိုင်ဆိုင်မှုရှိခဲ့ကြသော မြေများကို ဘိုးဘပိုင်မြေ (Bobabaing Land) ဟုခေါ်ဆိုပြီး ဘိုးဘပိုင်မြေနှင့် လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ (Land of Holder) ကို အသုံးပြုခွင့်ရသူတို့သည် မြေရှင်အခွင့်အရေး ရရှိကြပါသည်။ ဘိုးဘပိုင်မြေ၊ လက်ဝယ်ထားရှိပိုင်ခွင့်မြေ၊ မြေပိုင်မြေနှင့် အပိုင်ဂရန်မြေတို့ကို မြို့မြေ ပုံများပေါ်တွင်အပြာရင့်ရောင်ဖြင့်အနားသတ်ရေးဆွဲမှတ်သား သည်။

မြန်မာနိုင်ငံမြေစာရင်းလက်စွဲ၊ အပိုဒ် ၈၁၂။ (ဆရာဦးကျော်မြင့်စာအုပ်မှ ကောက်နုတ်ချက်)

Credit to ဦးဇင်လင်းအောင်

#ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၁။ ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်−
(၁)အမည်ပြောင်း၊(၂)ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း)(၃)အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)(၄)အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။

၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-
(၁)လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊(၂)မြေပုံ၊ မြေရာဇဝင်မူရင်း၊(၃)အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊(၄)အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊(၅)အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊(၆)တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ)(၇)အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊(၈)အိမ်ထောင်စုဇယား မိတ္တူမှန်၊(၉)အဆောက်အဦဓါတ်ပုံ၊(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။
၃။ အထက်ဖော်ပြပါအထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။
#ပြန်လည်ဝေမျှဗဟုသုတ

#ကျေးဇူးတင်ပါတယ်ရှင့်

ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုးရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှ...
23/03/2026

ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၉) မျိုး အကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။

၁။ မြေပိုင်မြေ
==========
မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း
စနစ္တက် မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယယွူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

၂။ ဘိုးဘပိုင်မြေ
===========
ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ္မခြဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးခ်" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကို ဆိုလိုသည်။

၃။ ဂရန်ရှိမြေပိုင်မြေ
==============
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒပုဒ္မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကို ဆိုလိုသည်။

၄။ လိုင်စင်မြေ
==========
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာ မြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့် ပေးထားသော မြေကို ဆိုလိုသည်။

၅။ ပါမစ်မြေ
=========
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့်
စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့ "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကို ဆိုလိုသည်။

၆။ မြေငှားဂရန်မြေ
=============
မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့်
အငှားချထားသည့် မြေကိုဆိုလိုသည်။

၇။ စကွာတာမြေ
===========
စကွာတာမြေဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေကို
ဆိုလိုသည်။

၈။ ကျူးလွန်ခြင်းမြေ
==============
ကျူးလွန်ခြင်းမြေ ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံသည့် မြေမျိုးကို ဆိုလိုသည်။

၉။ ကျူးကျော်မြေ
=============
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရွိသူမ်ား ၀ငရွောကနွထေိုငလွှှကရွှိသော မြေကို ဆိုလိုသည်။

မြို့ကွက်မြေပုံ
==========
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ m ဖြင့် စနစ္တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။

မြို့မြေစာရင်း
==========
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရ မြို့ကွက် မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။တင်ပြပြီးနောက်

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများ ဖြစ်ပါသည်။

ယင်းသို့မြေ အမျိုးမျိုးအကြောင်း သာသနာမြေ (၄) မျိုး အကြောင်းလည်း ရှင်းပြလိုပါသေးသည်။

၁။ အခွန်လွတ်သာသနာ့မြေ
===================
အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကို ဆိုသည်။

၂။ အခွန်လွတ်သာသနာ့မြေဂရန်
======================
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူ အလို့ငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင် ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။
(၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) (အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

၃။ အခွန်လွတ်ဗဒ္ဓသိမ်မြေ
==================
အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့် ရှိသည့် မြေကိုဆိုသည်။

၄။ အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
=====================
အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "ဝိသုံဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကို ဆိုသည်။
(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင် ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ
လျှောက်ထားခွင့်ရှိသော မြေနှင့် "ဝိသုံဂါမသိမ်" အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါ၀င်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

ရွာမြေ ရွာမြေ ဆိုသည် မှာ ခေတ်ကာလအဆက်ဆက် တွင်  #လူအများနေထိုင်ရန်  #သီးသန့်သတ်မှတ်ထားသောမြေအမျိုးအစားများ ထဲ မှ တစ်မျိုးဖ...
14/11/2025

ရွာမြေ
ရွာမြေ ဆိုသည် မှာ ခေတ်ကာလအဆက်ဆက် တွင်
#လူအများနေထိုင်ရန်
#သီးသန့်သတ်မှတ်ထားသော
မြေအမျိုးအစားများ ထဲ မှ
တစ်မျိုးဖြစ်ပါသည်။
#ပါမစ်
#ဂရန် တို့ ကဲသို့ စာရွက်စာတမ်းအနေ နှင့်သီးခြား ပုံသေ သတ်မှတ်
ထားခြင်းမရှိသော်လည်း
ရှေးအစဉ်အဆက် က ဘိုးဘွားများ လက်ထက် မှ သတ်မှတ်လာခဲ့သော နယ်နိမိတ်အတိုင်း
#မျိုးဆက်တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး
စာချုပ်အနေ နှင့် အရောင်းအ၀ယ်ပြုလုပ်လေ့ရှိကြပါသည်။
ရွာ နှင့် ဆက်စပ် လျက်ရှိသော ဧရိယာများ မှာ တခါတလေတွင်
#လယ်မြေများဖြစ်နေတတ်ပြီး #ကျွဲနွားလွှတ်ကျောင်း ရန် ချန်လှပ်ထားသော #စားကျက်မြေ များလည်း ဖြစ်နေတတ်ပါသည်။
#ဥယျာဉ်ခြံမြေများလည်း
တဆက်တစပ်တည်း တည်ရှိနေသည် ကို တွေ့မြင်ရ ဖူးပါသည်။
ရွာမြေ ကို ၀ယ်ယူရာ တွင် သတိထားစရာအချက်အလက်များမှာ
********************************************************************
၁.
#ရွာမြေဖြစ်ကြောင်း #သက်ဆိုင်ရာအုပ်ချုပ်ရေးမှုး၊
#အနီးအပါးတွင်နေထိုင်သောရွာခံလူကြီးများ၊
#ပါတ်၀န်းကျင်ရှိရွာမြေတွင်နေထိုင်လာခဲ့သောနယ်ခံလူထုများ
အား မေးမြန်း စုံစမ်းပြီး နေရာနှင့် တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု၀ယ်ယူသင့်ပါသည်။
၂.
အချို့ မြေကွက်ရောင်းချသူများမှာ
#လယ်မြေအား
ရွာမြေ၊
ဘိုးဘွားပိုင်မြေ သဖွယ်
စိတ်ပိုင်းရောင်းချ တတ်ပါသည်။
ထို မြေကွက်များကို ၀ယ်ယူ မိသူများမှာ
#အိမ်ရာဆောက်လုပ်ခွင့်မရ၊ #အမည်ပေါက်လဲပြောင်းလဲမရသဖြင့်
#အခက်အခဲကြုံ
#ငွေလဲဆုံးရူံးခဲ့ကြရသည်ကိုကြားသိခဲ့ဖူးပါသည်။
၃.
အချို့
#ကျူးကျော်နေထိုင်သူများမှာ #သက်တမ်းရှည်ကြာစွာနေထိုင်ခဲ့သဖြင့်
ရွာမြေဖြစ်သယောင် နှင့်ရောင်းချသော်လည်း
အမှန်တကယ်မှာ
လယ်မြေ တွင်
ဆောက်လုပ်ထားသော
အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည်။
၄.
ရွာမြေရောင်းချရန်
ကမ်းလှမ်းလာခြင်း ကို
သေချာစွာစီစစ်ရာ မှ
#ဘုန်းတော်ကြီးကျောင်းနယ်နိမိတ်ဧရိယာတွင်နေထိုင်နေကြသောကျူးးကျော်အိမ်များ
ဖြစ်နေသည်ကို ကြုံတွေခဲ့ပါသည်။
၅.
ရွာမြေ ကို
#၀ယ်ယူပြီးပါက
#ခြံခတ်ရန်အလွန်အရေးကြီးပါသည်။
ဧရိယာသတ်မှတ်ချက် မှာ ပါမစ်
ဂရန် တို့ကဲ့သို့ အတိအကျ
မရှိတတ် ပဲ ခန့်မှန်း၍သာ
အဆင့်ဆင့်ရောင်းချခဲ့ခြင်း
သို့မဟုတ်
ခန့်မှန်းဖြင့် သာ
နေထိုင်ခဲ့ခြင်းတို့ကြောင့်
#ရွာခံများပင်
တိကျစွာသိရန် ခက်ခဲခြင်းများကြုံတွေ့ရတတ်ပါသည်။
#ခြံမခတ်ပဲထားမိပါက
နောင်နှစ်ပေါင်းများ စွာ မှ
အရှုပ်အရှင်းများ ရင်ဆိုင်ရတတ်ပါသည်။
အချို့သော
သူများက သစ်ပင်များ
စိုက်ပျိုးခြင်း
ဝါးပင်များဖြင့်စိုက်ပျိုးပြီး
ဧရိယာ ကို ပိုမို
ကျော်လွန်အောင်
ဆောင်ရွက်တတ်ခြင်း
တို့ကြောင့် ပိုင်ဆိုင်မှု အငြင်းမပွားရလေအောင်
#စတင်၀ယ်ယူစဉ်ကတည်းကခြံခတ်ထားသင့်ပါသည်။
#လူတိုင်းမဟုတ်ပါ
#ရိုးသားသောနယ်ခံများစွာရှိပါသည်။
၆.
ရွာမြေ များ သည်
ဧရိယာအမျိုးမျိုး ဖြင့်
ရှိနေနိုင်ပါသည်။
50'x60'
45'x90'
60'x120' စသည် ဖြင့် ပြန်လည် စိတ်ပိုင်းရောင်းချသောသူများ ၏ ဆန္ဒအတိုင်း ဧရိယာ သတ်မှတ်ချက်အတိုင်း၀ယ်ယူရန်သာဖြစ်ပါသည်။
#မိမိတနိုင်တပိုင်
ဘတ်ဂျက်ဖြင့်၀ယ်ယူလိုသူများအတွက် အနည်းငယ် မျှ အထောက်အကူဖြစ်နိုင်ပါစေဟု ဆန္ဒမွန်ဖြင့်...။

အရောင်းအ၀ယ်အားလုံးအဆင်ပြေချောမွေ့ပါစေ။

 ဲ့ချိတ်ဆက်ပြီး ( Home Loan)ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ...
07/11/2025

ဲ့ချိတ်ဆက်ပြီး ( Home Loan)ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ
(မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ
(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ
(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ
(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့်
Pay slip (or) Salary slip
(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement
(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ
(မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ
(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)
(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ
(ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ
(မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ
(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)

(ဃ)။ နိုင်ငံခြားတွင်အလုပ်လုပ်ကိုင် နေသောသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ
(မူရင်းပြရန်)
(၅) Visa OR PR certificate must be submitted
(၆) S pass OR E pass must be submitted
(၇) Employed Contact OR recommend
(.၈ ) Pay slip OR Salary slip
(၉ ) Yearly Tax slip
( ၁၀) Active Bank Statement For Salaried Income
( ၁၁ ) Grantee(Local )
~~~~~~~~~~~~~~~~~~~

Crd

ခြံမြေဝယ်ရင် ဘာကြောင့် သတင်းစာထည့်ကြေညာထည့်သွင်းကြရတာလဲ။=========================================အိမ်ခြံမြေ၊ တိုက်ခန်းဝယ...
04/11/2025

ခြံမြေဝယ်ရင် ဘာကြောင့် သတင်းစာထည့်ကြေညာထည့်သွင်းကြရတာလဲ။
=========================================

အိမ်ခြံမြေ၊ တိုက်ခန်းဝယ်ယူကြရာတွင် သတင်းစာထဲထည့်သွင်းကြေညာလေ့ရှိတတ်ကြပါတယ်။ ဘာအကြောင်းကြောင့် ကြေညာကြတာလဲဆိုတာ မသိကြသူများရှိကြသလို၊ သိရှိတဲ့သူများလည်း ရှိကြပါတယ်။
မရွေ့မပြောင်းနိုင်သည့်ပစ္စည်းများဖြစ်သည့် အိမ်ဝန်ခြံမြေ၊ တိုက်ခန်းများအရောင်းအဝယ်ပြုလုပ်ရာတွင် အပြီးသတ်စာ ချုပ်မချုပ်ခင် စရံပေးစာချုပ် ချုပ်ဆိုလေ့ရှိတတ်ကြပါတယ်။ ယင်းစရံပေးစာချုပ် ချုပ်ဆိုပြီးနောက်-

- ဝယ်ယူသူမှ မိမိဝယ်ယူမည့်ပစ္စည်းဟာ ပိုင်ဆိုင်မှုပတ်သတ်၍ အရှုပ်အရှင်းရှိ မရှိသိရှိစေရန် ထိုက်သင့်သော လုံလပြုရပေမည်။
- စရံမချခင်ကတည်းက သတင်းစာထဲထည့်သွင်းကြေညာမယ်လို့ပြောလိုက်တာနဲ့ အဖြစ်အမှန်ကိုဖုံးကွယ်၍ လိမ်ညာရောင်း ချသူများအနေဖြင့်လည်း အနည်းနှင့်အများဆိုသလို အရောင်း အဝယ်အားပျက်သွားတတ်ကြသဖြင့်လိမ်လည်မှုရန်မှ အတော် အသင့်ကင်းဝေးသွားတတ်ပါတယ်။
- အကယ်၍ ရောင်းချသူသည် အခြားသူတစ်ဦးအား ရောင်းချထားပြီးဖြစ်လျှင် တစ်ဖက်မှကန့်ကွက်လာခဲ့ပါက အထိုက်အလျှောက်ရှင်းရလွယ်နိုင်ပြီး ဆုံးရူံးနစ်နာမှုကြီးကြီးမားမားမဖြစ်နိုင်ပေ။
- အရောင်းအဝယ်ပြီးမြောက်ပြီး လက်ရောက်ရရှိခဲ့သူဖြစ်ပါက နောင်တစ်ချိန်တွင် အမွေဆိုင်တစ်ဦးဦးမှ အဆိုပါအရောင်းအ ဝယ်သည်ကျန်အမွေဆိုင်များမသိရှိဘဲရောင်းချခြင်းဖြစ်သည့်အတွက် အရောင်းအဝယ်ပြုလုပ်ထားသည့်စာချုပ်အား ဖျက် သိမ်းပေးစေလိုမှုအနေဖြင့် တရားမမှုစွဲဆိုလာပါကကာလစည်း ကမ်းသတ်ဥပဒေအရ ဝယ်ယူသူ သတင်းစာကြေညာထည့်သွင်းသည့်နေ့ရက်မှ (၃)နှစ်အတွင်းတရားစွဲဆိုရမှာဖြစ်ပါတယ်။
ထိုသို့ (၃)နှစ်အတွင်းတရားစွဲဆိုခဲ့ခြင်းမရှိဘဲကာလစည်းကမ်း သတ်ကျော်လွန်သွားခဲ့မည်ဆိုလျှင် အဆိုပါ အချင်းဖြစ်အိမ်ခြံမြေ၊ တိုက်ခန်းအတွက် တရားစွဲဆိုဆောင်ရွက်လို့ ရမည်မဟုတ်တော့ပါ။

စာဖတ်မိတ်ဆွေများလည်း အိမ်ခြံမြေ၊ တိုက်ခန်းဝယ်ယူပါက ဘာကြောင့် သတင်းစားထဲထည့်သွင်းကြေညာသင့်သလဲဆိုတာ အထိုက်အသင့် သိရှိနားလည်းလောက်ပြီး ထင်ပါတယ်။

စီအာဒီ
Credit

#အိမ်ခြံမြေဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်း အကြောင်း အသေးစိတ်ကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။📌 မြေငှားဂရန် လျှောက်ထားခွင့်ရ...
03/11/2025

မြေငှားဂရန်သက်တိုးခြင်း အကြောင်း အသေးစိတ်ကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

📌 မြေငှားဂရန် လျှောက်ထားခွင့်ရှိသော မြေအမျိုးအစားများမှာ -
စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသောမြေ၊ ဥပဒေနှင့်အညီ လွှဲပြောင်းရယူ ထားပြီး ကော်မတီအမည်ပေါက်ရှိသော မြေ၊လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ စနစ်တကျ မြို့ကွက် ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ၊ ဂရန်ပေး စီမံချက်မြေ တို့မှာ မြေငှားဂရန် လျှောက်ထားခွင့်ရှိသော မြေများဖြစ်ပါသည်။

📌 မြေငှားဂရန်များမှာ (၁၀)နှစ် ဂရန်၊ နှစ်- (၃၀)၊ (၆၀)၊ (၉၀) ဂရန်ဟူ၍ အမျိုးမျိုးရှိပြီး ဂရန်သက်တမ်း ကာလအတွင်းသာ အမည်ပေါက်မှ နှစ်ကာလအပိုင်းအခြားဖြင့် နေထိုင်ခွင့်ရှိပါသည်။ ခွင့်ပြုမြေငှားစာချုပ်ဂရန်အား သက်တမ်းမကုန်ဆုံးခင် (၃)လ အလိုတွင် သက်တမ်းတိုးလျှောက်ထားရန် လိုပါသည်။

📌 မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ
မြေငှားဂရန် အမည်ပေါက်၊ မှတ်ပုံတင် စာချုပ်စာတမ်းအဆင့်ဆင့်ဖြင့် လွှဲပြောင်းဆက်ခံသူ၊ တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့ လျှောက်ထားနိုင်ပါသည်။
မြေငှားဂရန် အမည်ပေါက်မဟုတ်ပါက မြေငှားဂရန် သက်တမ်းတိုးရာတွင် ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်စာတမ်း သက်သေခံအထောက်အထားများရှိမှသာ မြေငှားဂရန် သက်တမ်းတိုးနိုင်မည်ဖြစ်ပါသည်။

📌 မှတ်ပုံတင်စာချုပ်ဆိုသည်မှာလဲ အရောင်းအဝယ်စာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်၊ ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်၊ လှူဒါန်းခြင်းစာချုပ် စသဖြင့် မှတ်ပုံတင် စာချုပ်စာတမ်း များဖြင့် ပိုင်ဆိုင်သူမှ ဂရန်သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။

📌သက်တမ်းတိုး လျှောက်ထားရာတွင်လိုအပ်သည့်စာရွက်စာတမ်းများမှာ-
ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထား ရမည်ဖြစ်ကာ အထောက်အထားအဖြစ် သက်တမ်းကုန်ဆုံးမည့် မြေငှားစာချုပ်ဂရန်၊ မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ၊ မြေပိုင်ဆိုင်မှုနှင့် စပ်လျဉ်းသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းကြောင်း လက်မှတ်စာ၊ အမည်ပေါက် လျှောက်ထားသူ၏ မှတ်ပုံတင်၊ မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမူရင်းတို့ လိုအပ်ပါသည်။

📌 မြေငှားဂရန်မှာ ပျောက်ဆုံးနေခြင်းဖြစ်ပါက ကျမ်းကျိန်လွှာ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ကိုယ်တိုင်ခံဝန်ချက်တို့ ပူးတွဲတင်ပြပေးကာ သတ်မှတ်ဒဏ်ကြေးလဲ ထမ်းဆောင်ရန်လိုပါသည်။
လျှောက်ထားသူ တင်ပြလာသော အထောက်အထားများမှာ မြေစာရင်းပုံစံများဖြင့် ကိုက်ညီလျှင် တရားရုံးမှ တားဝရမ်း၊ ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက်၊ တားမြစ်ချက်များ ရှိမရှိစီစစ်မည်ဖြစ်ပါသည်။

📌 ကန့်ကွက်ရှိမရှိ ကြေငြာစာလဲ မြေပေါ်တွင် (၁)စောင်၊ လျှောက်ထားသူ ကာယကံရှင် (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် (၁)စောင် လျှောက်ထားသူအား ပေးပို့စေရာ သက်ဆိုင်ရာမှ လက်ခံရရှိကြောင်း အထောက်အထားများ လျှောက်ထားသူအား ပြန်လည် တင်ပြစေပါသည်။

ထို့ပြင် နိုင်ငံပိုင် နေ့စဉ် သတင်းစာတွင်လဲ ကန့်ကွက်ရှိမရှိ ကြေငြာစေကာ ကန့်ကွက်မရှိပါက ဂရန်သက်တမ်းတိုး ခွင့်ပြုပေးနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားပေးလိုက်ပါသည်။

📌 ဂရန်သက်တမ်းတိုး လျှောက်ထားရာ၌ ဌာနမှ ပြည်တွင်းအခွန်ဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက်များ၊ ကြွေးကျန်များ၊ တရားရုံးတားဝရမ်း၊ ဘဏ်ကန့်ကွက်ချက်များ၊ ဂရန်စည်းကမ်းပျက် မှတ်ချက်ရှိမရှိ စီစစ်မည်ဖြစ်ကာ လျှောက်ထားသူ၏ အချက်အလက်များနှင့် ဌာနမှ မြေယာမှတ်တမ်းများ ကိုက်ညီမှုရှိမှသာ သက်တမ်းတိုးခြင်းအား ခွင့်ပြုပေးမည်ဖြစ်ပါသည်။

📌 နိုင်ငံပိုင်နေ့စဉ်သတင်းစာတွင် (၁၄)ရက်အတွင်း ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေငြာစေခြင်း၊ ကန့်ကွက်ကြေငြာအား မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူအား (၁)စောင်၊ မြို့နယ်အုပ်ချုပ်မှူးရုံးတွင် (၁)စောင် ပေးပို့ရန် ထုတ်ပေးမည်ဖြစ်ကာ ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လက်ခံရရှိကြောင်း အထောက်အထားအား ဌာနသို့ ပြန်လည်တင်ပြ စေပါသည်။

📌 မြေငှားဂရန်ပျောက်ဆုံးပြီး သက်တမ်းတိုးလျှောက်ထားခြင်းအား ဌာနမှ ခွင့်ပြုပါက လျှောက်ထားသူမှ မြေငှားစာချုပ်ရရန် မြို့နယ်အလိုက် ဝန်ဆောင်ခအား ပေးသွင်းခြင်း၊ သက်တမ်းပြတ် ဒဏ်ကြေးပေးသွင်းစေခြင်း နှင့် ဂရန်ပျောက်ဝန်ဆောင်ခတို့ ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်သည့် အထူးကပ်တံဆိပ်ခေါင်းတန်ဖိုးအား ထမ်းဆောင်ရမည် ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။


soesanlynnrealestate

#မြေငှားဂရန်သက်တမ်းတိုးခြင်း

Address

Hlaing Thar Yar Township
Yangon

Website

Alerts

Be the first to know and let us send you an email when အိမ်ခြံမြေအကြောင်းဗဟုသုတသိကောင်းစရာများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share