Shwe Real Estate

Shwe Real Estate rental & sales

21/07/2023

📜 တခါတုန်းက ပညာရှိပါမောက္ခကြီးတစ်ဦး ရှိသတဲ့။ အနယ်နယ်အရပ်ရပ်ကနေ သူ့ဆီမှာ ပညာလာဆည်းပူးကြတဲ့ စာသင်သားတပည့်တွေလည်း အများကြီးပေါ့။

တစ်နေ့တော့ ပါမောက္ခကြီးက စာသင်ခန်းထဲကို ဖန်ပုလင်းအလွတ်တစ်လုံး လက်ထဲပိုက်ပြီး ဝင်လာတယ်။ တပည့်တွေက "မင်္ဂလာပါ ဆရာ" လို့ မတ်တပ်ထပြီး နှုတ်ခွန်းဆက်ကြတာပေါ့။ ပါမောက္ခကြီးက အားလုံးပြန်ထိုင်ကြလို့ လက်အမူအရာ ပြလိုက်သတဲ့။

ပြီးတော့ သူ့စားပွဲရှိရာကို လျှောက်သွားပြီး ယူလာတဲ့ ဖန်ပုလင်းအလွတ်ကို စားပွဲကို တင်လိုက်တယ်။ တဆက်တည်းမှာပဲ ဘာမှမပြောသေးဘဲ ဖန်ပုလင်းအလွတ်ထဲကို 🗿 ကျောက်တုံးတွေ ထည့်ပါလေရော။ တစ်တုံးပြီးတစ်တုံး၊ ဖန်ပုလင်း ပြည့်သွားတဲ့အထိပေါ့။ ပါမောက္ခကြီးက မေးလိုက်တယ် ...

❝ဖန်ပုလင်း ပြည့်သွားပြီလား❞

တပည့်တွေက ပြည့်နေပါပြီလို့ ပြန်ဖြေကြတယ်။ အဲ့တာနဲ့ ပါမောက္ခကြီးက ဘာမှ ဆက်မပြောသေးဘဲ ဖန်ပုလင်းထဲကို 🪨 ကျောက်စရစ်ခဲသေးသေးလေးတွေ ထပ်ထည့်ပြန်တယ်။ ဖန်ပုလင်း ပြည့်သွားတဲ့အထိပေါ့။ ပါမောက္ခကြီးက ထပ်မေးတယ် ...

❝အခုရော ပြည့်သွားပြီလား❞

တပည့်တွေက သူတို့ဆရာ ဘာကို ဆိုလိုချင်လဲဆိုတာ နားမလည်သေးဘူး။ ဖန်ပုလင်းကို ကြည့်လိုက်တော့လည်း ပြည့်နေပြီလေ။ အဲ့တာနဲ့ ပြည့်နေပါပြီလို့ပဲ ပြန်ဖြေကြတာပေါ့။

ဒီတော့ ပါမောက္ခကြီးက ဖန်ပုလင်းထဲကို ⏳ သဲတွေထပ်ဖြည့်ပြန်တယ်။ အခုဆို ဖန်ပုလင်းထဲမှာ ကျောက်တုံးတွေရော ကျောက်စရစ်ခဲတွေရော သဲတွေရော ပြည့်သွားပြီ။ တပည့်တွေကလည်း သူတို့ဆရာ ဘာကိုဆိုလိုချင်လဲဆိုတာ စိတ်ဝင်စားနေကြတာပေါ့။ ပါမောက္ခကြီးက ခပ်ပြုံးပြုံး မေးလိုက်တယ် ...

❝အခုရော ဖန်ပုလင်း ပြည့်သွားပြီလို့ ထင်လား❞

တပည့်တွေက ရယ်ပါလေရော။ ပြည့်သွားပါပြီလို့ ထပ်ဖြေကြတာပေါ့။ ဖန်ပုလင်းက တကယ်ကို နေရာလွတ်မရှိအောင် ပြည့်နေပြီလေ။ ပါမောက္ခကြီးက လက်ညှိုးတစ်ချက် ထောင်ပြလိုက်တယ်။ ခဏနေဦးဆိုတဲ့ အဓိပ္ပါယ်ပေါ့။

ဘေးနားမှာရှိတဲ့ ရေခွက်ကိုယူပြီး ဖန်ပုလင်းထဲကို 🫗 လောင်းချလိုက်တော့ ရေက သဲထဲကို စိမ့်ဝင်သွားတယ်။ ဒီတစ်ခါတော့ ပါမောက္ခကြီးက သူ့တပည့်တွေကို မမေးတော့ဘူး။ အခုမှ ဖန်ပုလင်းက တကယ်ကို ပြည့်သွားပြီလို့ ပြောလိုက်သတဲ့။ ဆက်ပြီးတော့ သူတပည့်တွေကို အခုလို ရှင်းပြတယ် ...

❝ဖန်ပုလင်းဆိုတာ လူတွေရဲ့ ဘဝကို ကိုယ်စားပြုတယ် တပည့်တို့။ ကျောက်တုံးတွေကတော့ မိသားစု၊ ချစ်ခင်ရသူတွေ၊ ကျန်းမာရေး၊ ရည်မှန်းချက်နဲ့ စိတ်အားထက်သန်ရာ စသဖြင့် ဘဝမှာ အရေးအပါဆုံး အရာတွေ ဖြစ်တယ်။ ကျောက်စရစ်ခဲသေးသေးတွေကတော့ ဘဝမှာအတိုင်းအတာတစ်ခုအထိ အရေးကြီးတဲ့ အရာတွေ ဖြစ်မယ်။ ဥပမာ - အိမ်၊ ကား၊ အလုပ်အကိုင်တွေပေါ့။ သဲကတော့ တခြားအရေးမကြီးတဲ့ အရာတွေ အားလုံးပဲ❞

ပါမောက္ခကြီးက ဆက်ပြောတယ် ...

❝အကယ်၍သာ ဖန်ပုလင်းထဲကို ကျောက်စရစ်ခဲတွေ၊ သဲတွေ အရင်ပြည့်အောင် ဖြည့်လိုက်မယ်ဆိုရင် ကျောက်တုံးထည့်ဖို့ နေရာရှိတော့မှာ မဟုတ်ဘူး။ ဘဝဆိုတာလည်း ဒီလိုပဲ တပည့်တို့။ လူဆိုတာ ကိုယ့်ဘဝမှာ ဘယ်ဟာက အဓိကလဲ ဘယ်ဟာက သာမညလဲဆိုတာ ခွဲခြားသိတတ်ဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ဘယ်သူမဆို တစ်နေ့မှာ ၂၄ နာရီပဲ အချိန်ရှိကြတာလေ။ အရေးမပါတာတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် အရေးပါတာတွေအတွက် ဘယ်အချိန်ပေးနိုင်တော့မလဲ❞

💭 စာသင်ခန်းဟာ တိတ်ဆိတ်လို့၊ နားထောင်နေသူတွေ အားလုံး ကိုယ်စီအတွေးတောထဲမှာ မြောသွားကြတာပေါ့။ အဲ့အခိုက်မှာ တပည့်တစ်ယောက်က ရေကရော ဘာကို ကိုယ်စားပြုတာလဲဆရာလို့ မေးလိုက်တယ်။

ပါမောက္ခကြီးက ပြုံးရယ်ရင်း ပြန်ဖြေလိုက်တာက ...
❝ရေကတော့ ရိုးရှင်းပါတယ်။ ကိုယ်တွေရဲ့ ဘဝမှာ ဘယ်လောက်ပဲ ပြည့်ကျပစကားလေးဘ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီး စကားလေးဘာလေးပြော၊ အပန်းဖြေဖို့ အချိန်ရှိရမယ် မဟုတ်လား❞ တဲ့။

21/07/2023
21/07/2023

Future Plan✨

01/07/2023
📢 ဈေးနှုန်းလည်း သင့်တင့်သည့်အပြင်သန့်ရှင်းမှုရှိပြီး ကျယ်ဝန်းတဲ့ 🏢ကွန်ဒိုကိုမှရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့.....ကမ္ဘာအေ...
30/06/2023

📢 ဈေးနှုန်းလည်း သင့်တင့်သည့်အပြင်
သန့်ရှင်းမှုရှိပြီး ကျယ်ဝန်းတဲ့ 🏢ကွန်ဒိုကိုမှ
ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့.....
ကမ္ဘာအေးဘုရားလမ်းပေါ်မှာတည်ရှိတဲ့
👍pearl condo ကိုသာ ရွေးချယ်ဖို့စဉ်းစားလိုက်ပါနော်🤔

🚗 packing, lift အစရှိသည့် facility အပြည့်အစုံပါရှိပြီး လိုချင်တာ စားချင်တာမှန်သမျှကိုလည်း Ground floor ကိုဆင်းလိုက်ရုံဖြင့် ရရှိမှာဖြစ်ပါတယ်....

- ဈေးနှုန်းကလည်းအဆင်ပြေတဲ့အပြင်
ပထမဆုံးအထပ်ဖြစ်လို့ အမြန်ဆုံးဝယ်ယူဖို့သာ ဆက်သွယ်လိုက်ပါနော်📞

အကျယ်အဝန်း - 1500Sqft
ဘေးပတ်လည်ဝရံတာအကျယ် -600Sqft
1st floor
Master bed room -1
Single room. -1
Cabinet fully

ဈေးနှုန်းလေးအနေနဲ့ကတော့...
သိန်း (3100)
အလျှော့အတင်းနည်းနည်းလုပ်လို့ရပါမယ်
#အခန်းလေးတွေစိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင်တော့အောက်ကဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးပါနော်....

📞09-750997109, 09-420070703

ဝရံတာအကျယ်က - 600Sqft

အကျယ်အဝန်း - 1000 Sqft
1st floor
Master bed room -1
Single room. -1
Cabinet fully

ဈေးနှုန်းလေးအနေနဲ့ကတော့...
သိန်း (၂၀၅၀)
အလျှော့အတင်းနည်းနည်းလုပ်လို့ရပါမယ်
#အခန်းလေးတွေစိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင်တော့အောက်ကဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးပါနော်....

📞09-750997109, 09-420070703

Address

BOTAHTAUNG
Yangon

Opening Hours

Monday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Shwe Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category