New World Real Estate

New World Real Estate မင်္ဂလာပါ New World Real Estate မှကြိုဆိုပါတယ်

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက်...
27/11/2023

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် ျိတ်(Home loan )

1. Bankချိတ်( )ဆိုတာ ဘာလဲ?

🏡 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

🏡 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

🏡 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။

လေးစားစွာဖြင့်
Credit to original uploader

10/07/2023

◾မြေပိုင်ဆိုင်မှု (၁-က)စာရင်း (I.A) အကြောင်း◾
◾မြေစာရင်းဌာနမှာ (၁-က) စာရင်း (I.A) ဆိုတာ မြေပိုင်ဆိုင်မှု အချက်အလက် မှတ်တမ်းတွေကို မှတ်ပုံတင်စာရင်း တစ်ခုနဲ့ ထိန်းချုပ် ထားတာကို ခေါ်တာပါ။ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ မြို့တော်စည်ပင်မှာတော့ TLR (Town Land Roll) လို့ ခေါ်ပါတယ်။ မြို့မြေရာ စာရင်းလို့ မှတ်ယူနိုင်ပါတယ်။
◾မြို့ကွက်အတွင်းက မြေကွက် တစ်ကွက်ချင်း၊ ဦးပိုင် တစ်ခုချင်းရဲ့ မြေရာဇဝင် မှတ်တမ်း ဖြစ်ပါတယ်။ မြေကွက်ပိုင်ရှင်တွေကို ဦးပိုင်အမှတ်တွေနဲ့ ခွဲခြား မှတ်တမ်းတင်ရပါတယ်။ တစ်ဦး တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု တစ်ဆက် တစ်စပ်တည်း တည်ရှိပြီး လုပ်ကိုင်ခွင့် တစ်မျိုးတစ်စားတည်း ဖြစ်တဲ့ မြေတွေကို ဦးပိုင်တစ်ခုလို့ သတ်မှတ်တာ ဖြစ်တဲ့အတွက် ပိုင်ဆိုင်မှု မတူရင်ဘဲ ဖြစ်ဖြစ်၊ ပိုင်ဆိုင်မှု တူသော်လည်း လုပ်ကိုင်မှု၊ မြေအသုံးချမှု မတူရင် ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ဆက်တစ်စပ်တည်း မဟုတ်ရင် ဖြစ်ဖြစ် ဦးပိုင် ကွဲသွားပါတယ်။
◾မြို့ကွက်တွေ အကွက်သစ် တိုင်းတဲ့အခါ ကွင်းတစ်ကွင်း ပြန်လည် တိုင်းတာပြီးရင် ဦးပိုင် ခွဲဖို့အတွက် ဦးပိုင် စုံစမ်း သတ်မှတ် ခွဲခြားခြင်း (tenure enquire) လုပ်ကြပါတယ်။ မြို့မြေမှာ တစ်ဦးတည်းက ပိုင်နေတဲ့ မြေကွက်တွေ ဖြစ်ပေမဲ့ အိမ်ရာမြေအဖြစ်သုံးနေတဲ့ အစိတ်အပိုင်းက ဦးပိုင် တစ်ခု၊ ဆွမ်းလောင်းရုံအဖြစ် သုံးနေတဲ့ မြေကွက်နဲ့ ဝပ်ရှော့ ဖွင့်ထားတဲ့ မြေကွက်တွေက ဦးပိုင် တစ်ခုစီနဲ့ ခွဲခြား သတ်မှတ်ပေးရ ပါတယ်။ အဲဒီလို ဦးပိုင် သတ်မှတ်ပြီးတဲ့ အခါမှာ ပိုင်ဆိုင်ခွင့်တွေ ခွဲခြားရတယ်။ ပိုင်ဆိုင်ခွင့်တွေ၊ လုပ်ကိုင်ခွင့်တွေ I.A မှာ မှတ်တမ်း တင်ရပါတယ်။
◾ပိုင်ဆိုင်ခွင့် (tenure) ဆိုတာကို ဘယ်လို သတ်မှတ် ထားသလဲ၊ လုပ်ကိုင်ခွင့် (status) အမျိုးအစားတွေက ဘာတွေ ရှိသလဲ၊ လုပ်ကိုင်တဲ့ အခြေအနေ (description) ဆိုတာ ဘာတွေလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်။ အဲဒီ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ အခြေအနေ ဆိုတာတွေ သိမှသာ တစ်နည်း ဆိုရရင် မြေစာရင်း ဌာနရဲ့ မြေကွက် ပိုင်ဆိုင်မှု စာရင်း (record of possession) ခေါ်တဲ့ ဦးပိုင် မှတ်ပုံတင်စာရင်း (1-A) ပုံစံတွေကို သဘောပေါက် နားလည်မှသာ (I-A) ပါ ပိုင်ဆိုင်မှု အမျိုးအစားကို မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုနိုင်မှာ ဖြစ်ပါတယ်။
◾ပိုင်ဆိုင်ခွင့် (tenure) ဆိုတာကို I-A မှာ အောက်ပါအတိုင်း အမျိုးအစား ခွဲထားပါတယ်။
(၁) အပိုင်ရထားမြေ၊ ဘိုးဘွားပိုင်မြေကို O၊ အချို့အရပ်မှာ B၊
(၂) မြေပိုင်အခြေအနေရရှိတဲ့ (လယ်ဝယ်ထားရှိပိုင်ခွင့်ရှိသော) မြေကို C
(၃) အပိုင်ဂရန်ရထားမြေကို G
(၄) အငှားဂရန်မြေကို L
(၅) လိုင်စင်မြေကို H
(၆) အခွင့်မရဘဲ ဝင်ရောက် ကျူးကျော် နေထိုင်တဲ့ squarter ကို A လို့ ဖော်ပြ သတ်မှတ်ပါတယ်။
လုပ်ကိုင်ခွင့် (status) အခြေအနေကို ခွဲခြားရာမှာ...
(၁) သီးစားနှင့် ကိုယ်တိုင် ပိုင်ဆိုင် လုပ်ကိုင်သူကို O၊
(၂) လွှဲပြောင်းအပေါင်ခံ လက်ရောက် ရရှိသူများကို M လို့ ခွဲပါတယ်။
လုပ်ကိုင်မှု အခြေအနေ (description) ကို သုံးမျိုး ခွဲခြားထားပါတယ်...
(၁) စိုက်ပျိုးမှု မလုပ်ကိုင်ဘဲ မြေပေါ် နေသူ R
(၂) နေလည်း မနေ၊ လုပ်လည်း မလုပ်သူ N
(၃) စိုက်ပျိုး လုပ်ကိုင်သူ AG လို့ ခွဲခြားသတ်မှတ် ဖော်ပြထားပါတယ်။
အချို့နေရာတွေမှာ "န"တွေနဲ့ ပြတာလည်း ရှိပါတယ်။ အထက်က ဖော်ပြခဲ့သလို I.A မှာ ပိုင်ဆိုင်မှု၊ လုပ်ကိုင်မှုများ သတ်မှတ်ထားတဲ့ အင်္ဂလိပ် သင်္ကေတတွေအပြင် မြန်မာအက္ခရာနဲ့ သင်္ကေတတွေ ရှိသေးတာကိုလည်း တွေ့ရတတ်ပါတယ်။ မြို့ကွက်တွေမှာ သိပ်မတွေ့ရပေမဲ့ တောကွင်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ O တွေ၊ B, M, G L, H တွေ ဖော်ပြထားတဲ့ I.A တွေ ရှိသလို ပိုင်ဆိုင်မှု (tenure) ကို (က)၊ (၀)၊ (ရ) တွေနဲ့ ဖော်ပြတဲ့ I.A တွေလည်း ရှိပါသေးတယ်။
အဲဒီလို မြန်မာသင်္ကေတ တွေကို I.A စာရင်းက ပိုင်ဆိုင်မှုပြ (tenure) ခေါင်းစဉ်အောက်မှာ တွေ့ရတဲ့အခါ I.A မှာ B, O, C, H, A, M စသဖြင့်သာ ရေးသွင်း အညွှန်းပြတာ တွေ့နေကျ ကြောင့်ပါ။ ဒီလိုမြန်မာ သင်္ကေတတွေ I.A မှာ ရှိလာရခြင်းဟာ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးလုပ်ငန်းကြောင့် ဖြစ်လာ ရတာပါ။ လယ်/နိုင်လုပ်ငန်းဆောင်ရွက် တဲ့အခါ တစ်ဦးတစ်ယောက်တည်းက ပိုင်နေတဲ့ ဧက ၅၀ အထက် လယ်မြေတွေ၊ ၂၅ ဧကအထက် ယာမြေတွေကို အစိုးရက သိမ်းယူပြီး မြေယာ ချို့တဲ့နဲ့ မြေမဲ့ယာမဲ့တွေကို တစ်တုံးထွန်စီ ပြန်ဝေပါတယ်။
◾ဒါပေမဲ့ ၁၉၅၃ ခုနှစ် လယ်/နိုင် ဥပဒေက လယ်ယာမြေဆိုတိုင်း သိမ်းယူခံရတာ မဟုတ်ဘဲ သိမ်းယူခြင်းကနေ ကင်းလွတ်ခွင့် ပြုခဲ့တဲ့ မြေတွေလည်း ရှိပါတယ်။ ဥပဒေ အာဏာတည်စဉ် ရွာဖြစ်နေတဲ့ နေရာတွေ၊ သာသနာ အဆောက်အအုံ အသုံးပြုနေတဲ့ မြေတွေ၊ ဧက ၅ဝ အောက် လယ်၊ ၂၅ ဧကအောက် ယာမြေ စသဖြင့်ပေါ့။ အဲဒီမြေတွေကို မသိမ်းပါဘူး။ သိမ်းတဲ့ လယ်ယာမြေတိုင်း ကိုလည်း ပေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီရွာမှာ ဝေမရလို့၊ ဝေဖို့ မလိုအပ်လို့၊ လယ်ပိုင်ရှင်ကိုယ်တိုင်က စွန့်လွှတ်လို့ အစိုးရဆီ ပြန်အပ်မြေတွေ ရှိပါသေးတယ်။ အဲဒီ မြေမျိုးကို ပြန်လည် ဝေငှခြင်း မပြုဘဲ အစိုးရမြေလို့ သတ်မှတ်လိုက်တဲ့မြေလို့ ခေါ်ပါတယ်။ လယ်/နိုင် ဆောင်ရွက်တာက တစ်နိုင်ငံလုံး ဆောင်ရွက်မပြီးစီးခဲ့ပါဘူး။ အခက်အခဲတွေ၊ ပြဿနာတွေမျိုးစုံ တွေ့ရတာကြောင့် ၁၉၅၇ ခုနှစ်လောက်မှာ လယ်/နိုင် လုပ်ငန်း ဆက်မဆောင်ရွက်နိုင်ဘဲ ရပ်ဆိုင်းသွားရ ပါတယ်။
သို့ပေမဲ့ လယ်/နိုင် ဆောင်ရွက်ပြီးခဲ့တဲ့ ဒေသတွေမှာ (၁-က) စာရင်းပုံစံကို မြေစာရင်းပုံစံ-၂ နဲ့ ရေးသွင်းရမယ့်အစား မြေစာရင်း ပုံစံ ၂-က နဲ့ ပြောင်းလဲ ရေးသွင်းစေခဲ့ပါတယ်။ လယ်/နိုင် လုပ်ပြီးဒေသအတွက် I.A ပုံစံသစ် ဖြစ်ပြီး လယ်/နိုင် မလုပ်ရသေးတဲ့ ဒေသတွေအတွက် ကတော့ မူရင်း I.A ပုံစံကို ဆက်အသုံးပြု ရပါတယ်။ အဲဒီလို လယ်/နိုင် လုပ်ပြီး ဒေသက I.A ပုံစံသစ်မှာ မြန်မာလို ရေးသွင်းချက်တွေကို အောက်ပါအတိုင်း ရေးသွင်းဖို့ ညွှန်ကြားခဲ့တဲ့ အတွက် I.A တချို့မှာ မြန်မာသင်္ကေတတွေ တွေ့ရခြင်း ဖြစ်ပါတယ်။
* "က" ကင်းလွတ်ခွင့်ပြုသည့် လယ်ယာမြေများ၊
* "ဝ" ဝေငှသည့် လယ်ယာမြေများ၊
* "ခ" နိုင်ငံတော် အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာ စိုက်ပျိုးလုပ်ငန်းလုပ်ခွင့် သို့တည်းမဟုတ် အခြားနည်းဖြင့် သုံးစွဲခွင့်ပြုထား သည့်မြေ၊
* "ရ" လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၅ အရ သိမ်းယူပြီး ဝေငှခြင်း မပြုနိုင်သဖြင့် ကျန်ရှိသည့် မြေနှင့် နိုင်ငံတော်အစိုးရထံ ပြန်အပ်မြေများ။
I.A မှာ အင်္ဂလိပ်စာလုံး သင်္ကေတတွေနဲ့ မျက်စိယဉ်နေရာက ခုလို မြန်မာ သင်္ကေတတွေ တွေ့တဲ့အခါ "ဝ" လုံးက ဘာလဲ၊ "ရ" ကောက်က ဘာလဲ။ "က" ကြီးကို ဘယ်လို ယူဆရမှာလဲ ဆိုပြီး ဇဝေဇဝါ ယောင်တောင်တောင် ဖြစ်တတ်ပါတယ်။ အမှန်ကတော့ လယ်/နိုင်လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ကွင်းတွေ၊ ဧရိယာတွေ မှာသာ အဲဒီ မြန်မာသင်္ကေတတွေ ရှိခဲ့ပါတယ်။
ရန်ကုန် တောင်ပိုင်းခရိုင်တို့၊ ကျောက်ဆည်ခရိုင်တို့မှာ အများဆုံး တွေ့လေ့ရှိပါတယ်။ လယ်/နိုင် လုပ်ငန်းကလည်း ၁၉၅၇ လောက်မှာ ရပ်သွားတော့ “လန” မလုပ်ရသေးတဲ့ ကျန်ဒေသ နေရာတွေမှာ ရှေးက သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာလုံး သင်္ကေတများသာ I.A မှာ ရှိပါတယ်။ ပြီးတော့ အထူးသိစေလိုတဲ့ အချက်ကတော့ လယ်/နိုင်လုပ်ငန်း ဆောင်ရွက်တယ် ဆိုကတည်းက လယ်ယာမြေကို သိမ်းယူခြင်း၊ ပြန်လည် ဝေငှခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း ဆောင်ရွက်တာ ဖြစ်လို့ လ/န ဆောင်ရွက်ခဲ့တဲ့ မြေဆိုတာ လယ်ယာမြေသာ ဖြစ်ပါတယ်။ မြို့မြေ မပါပါဘူး၊ တောမြေသာ ဖြစ်တယ်ဆိုတာ သိဖို့ပါ။
◾မြို့တွေ၊ #ရွာတွေက ချဲ့ချဲ့လာတော့ကာ လက်ရှိ မြို့ကွက်တွေ ထဲက I.A မှာ ဒီလို “ဝ"တွေ၊ “က”တွေ၊ “ရ"တွေ၊ "ခ"တွေ တွေ့ပြီ ဆိုရင် ၁၉၅၃ ခုနှစ်က လယ်/နိုင် လုပ်ခဲ့တဲ့မြေ၊ တစ်နည်း ပြောရရင် အဲဒီမြေဟာ ၁၉၅၃ လယ်/နိုင် ကာလတုန်းက လယ်ယာ မြေသာ ဖြစ်ခဲ့တယ် ဆိုတာ အသိဝင်ဖို့ပါ။ ဒီမြေတွေကို ဂရန် တန်းပေးလို့ မရပါဘူး။ "ဝ"လုံးကို O (အို) လို့ သွားမထင်ပါနဲ့။ လယ်/နိုင်လုပ်ပြီး ဒေသတွေအတွက် I.A မှာ ရေးသွင်းရမယ့် ညွှန်ကြားချက်တွေကို ကြေး/မြေ မင်းကြီးရုံးက ညွှန်ကြား သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ပြန်လည်ကူးယူမျှဝေခြင်း ဖြစ်ပါသည်။

10/07/2023

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊
၄င်းတို့မှာ-
(၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊
(၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)
(၃) ဂရန်သက်တမ်းတိုး( ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)
(၄) သက်တမ်းတိုး၊ အမည်ပြောင်း( အမည်လည်းပြောင်းမည်၊ သက်တမ်းလည်းတိုးမည်။)
(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း ( ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)
(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း( သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်းလျှောက်ထားခြင်း)
(၇) ဂရန်မိတ္တူလျှောက်ထားခြင်း( ဂရန်မူရင်းပျောက်ဆုံးသွား၍ အမည်ပြောင်းခြင်း မပြုဘဲ ဂရန် မိတ္တူ လျှောက်ထားခြင်း)
(၈) တောမှ မြို့ပြောင်းလျှောက်ထားခြင်း( ယခင် ပုသိမ်ကြီးမြို့နယ် နှင့် အမရပူရမြို့နယ်ပြင်ပရှိမြေတို့ကို ထုတ်ပေးထားသည့် တောဂရန်မြေ များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ် အတွင်းကျရောက်လာသဖြင့် တောဂရန်မြေမှ မြို့ဂရန်မြေအဖြစ်လျှောက်ထားခြင်း)
(၉) တောမှ မြို့ပြောင်း၊ အမည်ပြောင်း ( တောဂရန်မြေမှ မြို့ဂရန်မြေအဖြစ်ပြောင်းလဲခြင်းအပြင် အမည်ပါပြောင်းလဲပေးရန် လျှောက်ထားခြင်း)
ဟူ၍ ဂရန်လျှောက်ထားနည်း အမျိုးမျိုးရှိကြပါသည်။
# လျှောက်ထားနိုင်သူများ #
$ အမည်ပေါက်ကိုယ်တိုင် (သို့မဟုတ်)
$ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ဖြင့် ဆက်စပ်ပိုင်ဆိုင်သူ
# လျှောက်လွှာပုံစံ
ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရပါမည်။
ဥပမာ- မဟာရန်ကုန်မြို့တော်တွင် ဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံ ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်လည်း အလားတူ သက်ဆိုင်ရာဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန် ဖြစ်ပါသည်။
# လျှောက်ထားရမည့် ကာလ #
ဂရန်သက်တမ်းကုန်ဆုံးရန် (၃) လအလိုကပင် လျှောက်ထားနိုင်ပါသည်။
# ဂရန်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) ဂရန်စာချုပ်မိတ္တူမှန်၊
(၃) အမွေဆက်ခံခြင်းဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြောညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊
(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ် စာချုပ်မိတ္တူမှန်၊
(၅) တရားမမှုခင်းဖြစ်ပွားသည့် မြေအမျိုးအစားဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ (၁၀၆)၊
(၆) မြေခွန်ပြေစာမိတ္တူမှန်၊
(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊
(၈) အဆောက်အအုံဓာတ်ပုံ၊
(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ၊
(၁၀) အမည်ပေါက်၊ အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။
# ကြာမြင့်ချိန်- #
မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာတွင် ကြော်ငြာပြီး၊ ကန့်ကွက်သူမရှိ၊ အရှုပ်အရှင်းတစ်စုံ တစ်ရာ မရှိပါက (၁) လအတွင်း ဂရန်လျှောက်ထားမှုကို ရနိုင်ပါသည်။

ဆရာကြီးမိုးထက် ( ၉.၇.၂၀၂၁) ရက်နေ့၊ နေ့လည် (၁၁) နာရီ (၁၇) မိနစ်

ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်

08/07/2023

တိုက်ခန်း

တိုက်ခန်းဝယ်တော့မယ်ဆိုရင်.
တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။

အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။

ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။

စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။ ဝယ်ယူသူတွေအနေနဲ့
တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။

ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။
ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။

တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး စလွယ်လုပ်တတ်ကြပါတယ်။

ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။

ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။

မြေရှင်လက်မှတ်ယူပါ။
တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။

အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး (တစ်ရာခိုင်နှုန်း/နှစ်ရာခိုင်နှုန်း)ပေးရပါတယ်။

မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။
စာကြွင်း(မြေရှင်လက်မှတ်ပါမှ တရားဝင်သည်ဟု
မည်သည့်ဥပဒေမှာမှမသတ်မှတ်ထားပါ
မြေရှင်လက်မှတ်မပါလည်း အရောင်းဝယ်ပြီးမြောက်ပါတယ်)

ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်။

 #စလစ်၊  #ပါမစ်၊  #ဂရန် မြေကွက်များကို ဝယ်မည်ဆိုလျှင်----------​ဆောင်းပါးရှင် - ထီယု (ဥပဒေအတိုင်ပင်ခံ)ပြီးခဲ့သည့် ရက်ပို...
07/07/2023

#စလစ်၊ #ပါမစ်၊ #ဂရန် မြေကွက်များကို ဝယ်မည်ဆိုလျှင်
----------
​ဆောင်းပါးရှင် - ထီယု (ဥပဒေအတိုင်ပင်ခံ)

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်သည်။ စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦးရောက်လာပြီး -
''ပါမစ်မြေကို အရောင်းအဝယ်လုပ်ရင် အရပ်စာချုပ်နဲ့ ချုပ်ဆိုလို့ရပါသလား။ မြေအမည်ပြောင်းလို့ရပါသလားဟု မေးမြန်းဆွေးနွေးပါသည်။

''ပါမစ်မြေက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ အရပ်စာချုပ် သဘောမျိုး မြေအရောင်းအဝယ် စာချုပ် ချုပ်ဆိုလက်ရောက်ရယူပြီး သက်ဆိုင်ရာ မြေယာဌာနမှာ မြေငှားဂရန်လျှောက် ထားရမှာဖြစ်ပါတယ်''

''စလစ်မြေဆိုတာက ရောင်းဝယ်လို့ရပါသလား၊ ဘယ်လိုမြေ အမျိုးအစားပါလဲ''

''စလစ်မြေဆိုတာကလည်း အိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။ များသောအား ဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါပဲ''
''မြို့သစ်ဆောက်တဲ့ သဘောပေါ့''

''ဒီလိုလဲပြောလို့ရပါတယ်။ ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ် လှိုင် သာယာ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိတယ်''

''မြေချစလစ်ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ်စာချုပ် ချုပ်ဆိုဝယ်ယူလို့ရတယ်ဆိုပါတော့''

'' စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ် မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက်စုံစမ်းဖို့ လိုပါတယ်''

''စာရွက်စာတမ်းအတုတွေဖြစ်နိုင်လို့လား''

''ဟုတ်ပါတယ်။ အမှန်တကယ် မြေကွက်ဟုတ် မဟုတ်။ မြေကွက် တည်နေရာကိုလည်း သွားရောက်ကြည့်ရှုရပါ မယ်။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက်နေထိုင်ကျူးကျော်နေသူတွေ ရှိတတ်တယ်။ သေချာလေ့လာကြည်ရှုဖို့တော့ လိုတယ်''

''အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်''

''ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ ဈေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာတယ်''

''ပြေစာနဲ့ ငွေသွင်းပြီးရရှိထားတဲ့ မြေကွက်ဆိုတာလည်းရှိသေးတယ်လို့ ပြောတယ်။ ဘယ်လိုကွာခြားပါသလဲ''

''ရှင်းရမယ်ဆိုရင်တော့ ပထမဆုံး စလစ်မြေဆိုတာကို စတင်ပြီး ဆွေးနွေးရမယ်ထင်တယ်''

''ဟုတ်ကဲ့ ဆရာ၊ ဗဟုသုတအဖြစ် ပြောပြပါဦး''

#စလစ်မြေ

စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်''
မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

''နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်''

#ပါမစ်မြေ

''ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်'

#ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်''

''အချို့က ဝယ်ခွန်ဆောင်ရမှာစိုးလို့ မြေအမည်ပေါက်သူထံက ကိုယ် စားလှယ်လွှဲစာယူထားတာမျိုးရှိတယ်လို့ သိရတယ် ဆရာ''

''မှန်ပါတယ်။ ဒါက ရေတိုဖြေရှင်းနည်းဖြစ်တယ်။ ကိုယ်စားလှယ်လွှဲစာပေးအပ်ထားတဲ့ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားရင် ကိုယ်စားလှယ်စာလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။ ဝယ်ရောင်းသမားကလွဲပြီး အမှန် တကယ်နေထိုင်မည့် သူဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုကာ မြေအမည်ပေါက်ပြောင်း လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်''

''ကျွန်တော်ဝယ်ဖို့ကြည့်ထားတဲ့ မြေကွက်က စလစ်စာရွက်ပဲရှိလို့ ဝယ်သင့်မဝယ်သင့် စဉ်းစားနေတာပါ ဆရာ''

''စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါ''လို့ အကြံပေးချင်ကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်။

06/07/2023

🏗️🏗️🏗️စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦ ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှူကိစ္စ
အဝဝ ပြီးမြောက်၏။
------------------------------------------------

ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်

03/07/2023

အိုးအိမ်က Owner Book နဲ့ ၀ယ်ထားတယ်ဆိုတဲ့ သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ။
ဘယ်လို အရှုပ်အရှင်းတွေ ရှိနိုင်လဲ? မှန်ကန် ခိုင်မာမှု ရှိမရှိ ဘယ်လို စစ်လို့ရမလဲ သိချင်ပါတယ်။

အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။
စာချုပ်ပြီးတာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။
တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ ရတယ်။
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။
Owner Book အမည်ပေါက်ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက Special Power(SP)ဖြစ်စေ၊ General Power(GP)ဖြစ်စေ ယူထားလိုက်ရင် ရပါတယ်။
အဲ့ဒီလို ကိုယ်စားလှယ်လွှဲစာယူရင် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှခေါ်ပြီး ယူထားတဲ့ လွှဲစာမှသာလျှင် တရားဝင် အတည် ဖြစ်ပါတယ်။
အရှုပ်အရှင်း ရှိ/မရှိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပထမ စုံစမ်းသင့်ပါတယ်။
ဒုတိယအနေနဲ့ကတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားတဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။
အိုးအိမ်မှာ ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊ ဒါမှမဟုတ် ပိုပြီးသေချာအောင် လူသိရှင်ကြား ကြော်ငြာချင်ရင်တော့ မြန်မာ့အလင်း/ကြေးမုံ သတင်းစာတစ်စောင်စောင်မှာ ထည့်လိုက်ပေါ့။
(၁၄)ရက်အတွင်း ကန့်ကွက်ချက်မရှိဘူး ဆိုရင် အပြီးအပိုင် ဝယ်လို့ရပါတယ်။
ဝယ်ပြီး အမည်ပြောင်းရင်လည်း မြေခွန်ဆောင်ရသလို အများကြီးမကုန်ပါဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
(Edit - အမည်ပြောင်းမယ်ဆိုရင် အစိုးရ
ဘဏ်ကိုငွေသွင်းထားတဲ့ ငွေသွင်းချလန်မူရင်းကတော့ မပါမဖြစ် လိုပါတယ်။
မမေ့မလျော့ တောင်းယူထားကြပါ။)

ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်

ရွာမြေ၊ဥယျဉ်ခြံမြေတွေမှာ ဆောက်လုပ်ခွင့် နေထိုင်ခွင့် ရှိသလားမေး။ ။ရွာမြေ၊ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုဆောင်...
30/06/2023

ရွာမြေ၊ဥယျဉ်ခြံမြေတွေမှာ ဆောက်လုပ်ခွင့် နေထိုင်ခွင့် ရှိသလား

မေး။ ။ရွာမြေ၊ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုဆောင်ရွက်နိုင်သလဲ။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရပါသလား။ ဂရန်လျှောက်နိုင်ပါသလား။
ဖြေ။ ။ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ.ဆက်စပ်နေတဲ့မြေလား၊ ရွာမြေလား ဒါမှမဟုတ် ဥယျာဉ်ခြံမြေပါ၊
လို. မြို.နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနက G အမှတ်အသားပြပြီး တရားဝင်သတ်မှတ်ထားတာလား သိဖို.လိုတယ်။ ရွာမြေ ဒါမှမဟုတ်ရွာနဲ.ဆက်စပ်မြေတို.ကို ဝယ်မယ်ဆိုရင် နှစ်ဦးသဘောတူ
အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်နဲ. ဝယ်လို.ရတယ်။ စာချုပ်ရုံးမှာသွားပြီး မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်လို.မရပါဘူး။
အကြောင်းက တရားဝင်လွှဲပြောင်းနိုင်အောင် ရောင်းသူအမည်ပေါက် ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ အထောက်အထားမရှိလို.ပါ။ လက်လွှဲလက်ပြောင်းပြုလုပ်ထားကြောင်း သက်သေအနေနဲ. ကျေးရွာအုပ်ချုပ်ရေးမှူးရှေ.မှာ ပြုလုပ်ထားသင့်ပါတယ်။ G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အမည်ပေါက်ဆီက
တိုက်ရိုက်ဝယ်ရင်တော့ မြို.နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ
အမည်ပြောင်းပေးဖို.လျှောက်နိုင်တယ်။
ဝယ်သူမှတ်ပုံတင်၊ အရောင်းအဝယ်စာချုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဝယ်သူရဲ. အိမ်ထောင်စု
စာရင်း၊ နောက်ဆုံးလမှာ ဆောင်ထားတဲ့ ဥယျာဉ်မြေလုပ်ကိုင်သူအဖြစ် ဝယ်သူရဲ. အမည်နဲ.ထွက်လာပါလိမ့်မယ်။ ၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ခုနှစ်မှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အဖြစ်ဝယ်သူရဲ.နာမည်နဲ. ထွက်လာပါလိမ့်မယ်။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရအောင်တော့ မိမိဝယ်ထားတဲ့ မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆီမှာ တင်ပြရမှာပါ။ ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံရင် နှစ်ထပ်တိုက်လောက်အထိ
ခွင့်ပြုထားတယ်လို. သိရပါတယ်။
Ref : The Kumudra
Photo (google)
ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်

29/06/2023

#မြေအမျိုးအစားများ

မြေအမျိုးအစားများအလိုက် အောက်ပါအတိုင်း သတ်မှတ်ဖော်ပြပါတယ်။

လယ်မြေ = R,M,S
ယာမြေ = Y
ကိုင်းမြေ = K/KA/KY

ဥယျာဉ်မြေ = G/U
ဓနိမြေ = D
အခြားမြေ = OA
အပိုင်ရမြေ/ဘိုးဘွားပိုင်မြေ = O ၊
အချို့အရပ်တွင် = B

မြေပိုင်အခြေအနေရရှိတဲ့(လက်ဝယ်ထားရှိပိုင်ခွင့်ရှိသော) မြေကို = C
အငှားဂရန်မြေ (သို့) ဂရန်မြေ = L
လိုင်စင်မြေ = H
အခွင့်မရဘဲဝင်ရောက်ကျူးကျော်နေထိုင်သည့် squarter = A

မိုးကောင်းလယ်မြေ = R
ပ အတန်းစားမိုးကောင်းလယ်မြေ = R1
ဒု အတန်းစား မိုးကောင်းလယ်မြေ = R2
တ အတန်းစားမိုးကောင်းလယ်မြေ = R3 (အထွက်နှုန်းစပါး ၃၀ အောက်)
စ အတန်းစား မိုးကောင်းလယ်မြေ = R4 (အထွက်နှုန်းစပါး ၂၀ အောက်)

အစိုးရ ဆည်ရေသောက် လယ်မြေ = RG
ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ = RP
မူရင်း သို့မဟုတ် နွေရာသီစိုက်လယ်မြေ = M

ကင်းလွတ်ခွင့်ပြုသည့်လယ်ယာမြေ = က
ဝေငှသည့်လယ်ယာမြေ = ၀
နိုင်ငံတော်အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာမြေသုံးစွဲနိုင်သည့်လုပ်ပိုင်ခွင့် သို့မဟုတ် အခြားနည်းဖြင့်သုံးစွဲခွင့်ပြုထားသည့်မြေ = ခ

လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ(၅)အရ သိမ်းယူပြီး၊ ဝေငှခြင်းမပြုနိုင်သဖြင့် ကျန်ရှိသည့်မြေနှင့် နိုင်ငံတော်အစိုးရထံပြန်အပ်မြေများ = ရ

ဒီလောက်ဆို မြေအမျိုးအစားကို
မည်သို့ခေါ်ဝေါ် သုံးစွဲကြောင်း သိနိုင်မည်ဖြစ်ပါသည်

ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်

27/06/2023

အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက
#ဂရန်ပျောက်​ကိုပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ
_____________________

အိုးအိမ်ဂရန်လား၊ စည်ပင်ဂရန်လား ခွဲခြားသိပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
- မိမိပျောက်ဆုံးတဲ့ မြေငှါးဂရန်မိတ္တူကို အိုးအိမ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်လား၊ ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ ဂရန်လား အသေအချာကြည့်ရပါမယ်။ ရန်ကုန်မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ဂရန်မှာတော့ (၂) မျိုး ခွဲခြားပြီး သိရပါမယ်။

(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ နေထိုင်သူများရဲ့ မြေဂရန်တွေကို ယခင်က ရန်ကုန်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် အိမ်ဂရန် ပျောက်တာ ဆိုလျှင်တော့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် လျှောက်ထားရပါမယ်။ ဂရန်ပျောက် စတင်လျှောက်ထားတဲ့ နေရာကတော့ ရန်ကုန်မြို့တော်ခန်းမ (၄၆-လမ်း) မှာ လျှောက်ရမှာဖြစ်ပါတယ်။ ရုံးဖွင့်တဲ့ သတ်မှတ်နေ့ရက်မှာ လျှောက်လို့ ရပါတယ်။

(ခ) ဒုတိယအချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ စက်မှုဇုန်မြေကွက် ဂရန်တွေကိုတော့ နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြေငှါးစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးရင် ဂရန်မိတ္တူထုတ်ပေးရန်လျှောက်ထားရာမှာ ယူဆောင်သွားရမယ့် လိုအပ်ချက်များကတော့
အနှစ် (၃၀) / အနှစ် (၆၀) / မြေငှါးစာချုပ် / အိမ်ဂရန်လျှောက်ရင် လိုအပ်ချက်များ
(၁) နိုင်ငံသားကတ်ပြားမိတ္တူ / အမျိုးသားမှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားခြင်း
(၃) မြေငှါး (ဂရန်) စာချုပ်အမှန်တကယ် ပျောက်ဆုံး / ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ (မူရင်း) နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ (မူရင်း)
(၄) မှတ်ပုံတင် စာချုပ်စာတမ်းများ
(၅) တရားစွဲလို့ အနိုင်ရခဲ့တဲ့ ဂရန်ဖြစ်ရင် တရားရုံး အမိန့်ဒီဂရီတို့အပြင် အိမ်မြေ မြေငှါး ဂရန်ပျက်စီးသွားကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။
(၆) အဲ့ဒီမှန်ကန်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှာ သွားရောက်ပြီး မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုးပေးရန် လျှောက်ထားရပါမယ်။
(၇) ပျောက်ဆုံးခြင်းဖြစ်ပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါရှိရပါတယ်။ အဲဒီထောက်ခံချက်များ ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်မှာ ဆက်လျှောက်ရပါမယ်။

ရှင်းလင်းချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(အမည်ပေါက်သေဆုံးရင် ကျန်ရစ်သူ ဇနီး/ ခင်ပွန်း (သို့မဟုတ်) ဇနီး / ခင်ပွန်း သေဆုံးရင် သား(သို့) သမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။ မြို့တော်စည်ပင်မြေယာဌာနမှာ အမွေဆက်ခံပ်ိုင်ဆိုင်ကြောင်း မြေပုံ/ မြေရာဇဝင် ကူးရပါမယ်။ အဲဒီလို မြေပုံကူးတဲ့အခါ ။ မြေအမည်ပေါက်သူရဲ့ ဇနီး (သို့) ခင်ပွန်းတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးက တရားသူကြီးရှေ့မှာ ကျမ်းကျိန်လုပ်ရပါတယ်။ ထို့အတူ ခြေရင်းခေါင်းရင်း (သို့) တစ်လမ်းတည်းနေ သူတို့ကလည်း မြေအမည်ပေါက်သူနှင့် ဇနီး / ခင်ပွန်းတော်စပ်ကြောင်း သေဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးမှာ ကျမ်းကျိန်ပြုလုပ်ပေးရပါမယ်။ မြေအမည်ပေါက်သူ မိဘနှစ်ပါးလုံးမရှိလျှင် ကျန်ရစ်သော သားသမီးများက အထက်ပါတိုင်း ကျမ်းကျိန်ရပါမယ်။

ကျမ်းကျိန်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာ ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်နှင့် မွတ်စလင်ဘာသာဝင်များအတွက်တော့ ကျမ်းကျိန်လို့မရပဲ ကတိသစ္စာပြုလွှာ လို့ရေးပါမယ်။ ဒါ့အပြင် မြေအမည်ပေါက်ကွယ်လွန်သူဟာ သူသေရင် ဘယ်သူ့ကို ပေးပါဆိုတဲ့ သေးတမ်းစာရေးသားခဲ့ခြင်း မရှိဘူးဆိုတာ ထည့်သွင်း ကတိသစ္စာပြုရပါမယ်။ ယခုရှင်းပြနေတာတွေကတော့ အမည်ပေါက် ကိုယ်တိုင်သေဆုံးခဲ့ရင် ကျန်ရစ်သူများက လျှောက်ထားပုံကို ရှင်းပြတာ ဖြစ်ပါတယ်။

စီစစ်ထုတ်ပေးခြင်း တရားဝင်သေတမ်းစာရေးခဲ့ရင် သေတမ်းစာမှာပါအရ အမွေဆက်ခံသူက အထက်ပါအတိုင်း ကတိပြုရမယ်။ မြေငှါးဂရန်စာချုပ် မိတ္တူကို မူလအမည်ပေါက်ဖြင့်ပင် ထုတ်ပေးပါတယ်။ မြေငှါး ဂရန်မိတ္တူထုတ်ပေးရာမှာ မြေယာဌာနက အောက်ပါအတိုင်းဆောင်ရွက်ပေးပါတယ်။

ဆောင်ရွက်ပုံအဆင့်ဆင့်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သတ်မှတ်ထားသော ပုံစံကို အိမ်ဂရန်ပျောက်လျင် ရန်ကုန်မြို့တော်ခန်းမ မြေယာဌာန သွားရမယ်။
စက်မှုဂရန်ပျောက်ဆုံးပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (မြေနှင့်အခွန်) ဌာနတို့မှာ ပုံစံဝယ်ယူပြီး ယင်းပုံစံမှာ ဖြည့်သွင်းရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ သက်ဆိုင်ရာစာချုပ်စာတမ်း အထောက်အထားများကို တင်ပြရမယ်။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ သက်ဆိုင်ရာမြေငှါးဂရန် မိတ္တူ လျှောက်တဲ့ မြို့နယ်က ဌာနစုမှူးက မှန်ကန်မှုရှိ မရှိ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ မှန်ကန်မှုရှိရင် မူရင်းများကို ပြန်ပေးပြီး အမှုတွဲကို လက်မှတ်ထိုးပြီး လက်ခံပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ ကြော်ငြာကပ်ရမယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာရွက် (၄)ရွက်ကိုပါ တစ်ပါတည်းထည့်ပေးလိုက်ပါတယ် ။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်နှိပ်ပေးပါလိမ့်မယ်။

စာရွက် (၄) ရွက်ကတော့ မိမိလက်ခံက တစ်စောင် ၊ ရပ်ကွက်ရုံးတစ်စောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာကပ်ဖို့ (တစ်စောင်) ရန်ကုန်မြို့တော်စည်ပင်မြေယာဌာနကို ပြန်ပို့ပေးရမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က စည်းတံဆိပ်နဲ့ လက်မှတ်ပါတဲ့ ကန်ကွက်နိုင်ကြောင်း တစ်စောင် ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ကြော်ငြကို (၇) ရက်ပြည့်ရင် မြို့တော်ခန်းမ မြေယာဌာနကို ပြန်ပို့ရပါတယ်။

ကြေးမုံ/ မြန်မာ့အလင်း သတင်းစားများတွင် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးခြင်း ကို ပြုလုပ်ရပါတယ်။ မြေယာဌာနက မြေတိုင်းဆင်းပြီး ကွင်းဆင်းကြည့်ရှုမယ်။ မြေပြင်တွေ့ရှိချက်နဲ့ လျှောက်ထားမှုက မှန်ကန်မှုရှိ မရှိ အဆင့်ဆင့်တင်ပြပါတယ်။ နေ့စဉ်ထုတ်မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာလည်း မြေငှါးဂရန် မိတ္တူလျှောက်ထားမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာပေးရပါတယ်။ ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ရပါတယ်။ တရားရုံးတွင် အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတစ်ရာမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါတယ်။

ကန့်ကွက်သူမရှိရင် မြေငှါးဂရန် မိတ္တူထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်။ ကန့်ကွက်သူရှိရင်လည်း ဘာကြောင့်ကန့်ကွက်ရကြောင်း အထောက်အထားခိုင်လုံစွာနဲ့ မြို့တော်ခန်းမမှာ လာရောက် လျှောက်ထားရပါတယ်။ လိုအပ်ရင် မြေယာ ဌာနမှူးက နှစ်ဘက်ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေ အပိုဒ် (၂၅) အရ ကန့်ကွက်ရန်ကြော်ငြာ တစ်လထုတ်ရခြင်း ဖြစ်ပါတယ်။

တိုက်ဆိုင်စစ်ဆေးပြီး ဂရန်ထုတ်ပေးခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(က) တစ်လထုတ်ပြန်ပြီးပါက မြေစာရင်းနှင့် လျှောက်ထားသူရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ တိုက်ဆိုင်စစ်ဆေးခြင်း တရားရုံးက အနိုင်ရသူဖြစ်ပါက တရားရုံး အမိန့်ဒီဂရီ များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း

(ခ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းကန့်သတ်သည့် ဥပဒေနင့် ငြိစွန်းမှု ရှိ/ မရှိ စစ်ဆေးခြင်း။

(ဂ) ပြည့်စုံမှန်ကန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဂရန်ထုတ်ပေးရေး ဘုတ်အဖွဲ့သို့ တင်ပြရပါတယ်။ ပြည့်စုံမှန်ကန်ကြောင်း ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိရင် မြေငှါးဂရန် စာချုပ်မိတ္တူ ထုတ်ပေးနိုင်ရန် ဌာနတွင် သတ်မှတ်သည့် မြေငှါးခငွေ ပေးသွင်းပြီးရင် မြေငှါးဂရန် မိတ္တူ ထုတ်ယူလို့ရပါပြီ။

ဒါကြောင့် မြေငှါးဂရန် ပျောက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနနှင့် ရန်ုကုန်/ နေပြည်တော် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှာ မြေငှါးဂရန်မိတ္တူကို ကိုယ်တိုင်သွားရောက်လျှောက်လို့ရပါပြီ။

Credit​ to လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Address

Yangon
11041

Telephone

+959782736518

Website

Alerts

Be the first to know and let us send you an email when New World Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New World Real Estate:

Share

Category