OH MY HOME - Real Estate

OH MY HOME - Real Estate Your Dream Home Awaits.

🙏မဂ်လာပါ🙏   #ကမာရွတ်_မြေညီ_တိုက်ခန်းအရောင်း📣ကမာရွတ်မြို့နယ် (1)ရပ်ကွက်နီလာလမ်း🎴ဗဟိုလမ်း ကျောကပ် PISM ကျောင်းအနီးလမ်းကျယ်...
31/05/2024

🙏မဂ်လာပါ🙏



#ကမာရွတ်_မြေညီ_တိုက်ခန်းအရောင်း📣

ကမာရွတ်မြို့နယ် (1)ရပ်ကွက်
နီလာလမ်း🎴
ဗဟိုလမ်း ကျောကပ် PISM ကျောင်းအနီးလမ်းကျယ် လမ်းကောင်းတွင် အသင့်နေပြင်ဆင်ထားသောအခန်းကောင်းလေးပါ

🎴12.6'x50' (နောက်ဖေးမြေပိုပါ)
🎴မြေညီထပ်
🎴ထပ်ခိုးပါ
🎴အရှေ့လှည့်
🎴ပါကေးခင်း
🎴မီးဖိုချောင်ပြင်ဆင်ပီး
🎴Toilet ဗိုလ်ထိုင် ကြွေပြားကပ်
🎴ရေချိုးခန်း ကြွေပြားကပ်
🎴ကိုယ်ပိုင်မီတာ ၊ ကိုယ်ပိုင်ရေစက်၊
🎴Bcc ရှိ၊စာရွက်စာတမ်းစုံ

#စျေးနှုန်း - [1,950]သိန်း ပါးပါးညှိ💎💎

🎴အကျိုးဆောင်ခ_နှုန်းထားများ
#အရောင်း •[2%] [ရောင်းချသူမှ ပေးရပါမည်]
#အဌား •(1)လစာ{အိမ်ရှင်/အိမ်ဌား နှစ်ဖက်စလုံးမှပေးရပါမည်]
စရံချ-အကျိုးဆောင်ခ ပေးချေရပါမည်။

------------------------------
Contact agent.....
📲09750055451

လိုင်းပေါ်မှာအမြဲမရှိလို့...
ဖုန်းဖြင့်ဆက်သွယ်၍မေးမြန်းနိုင်ပါတယ်

ချစ်ကာကာတို့ 🙆🏻
#စိတ်ဝင်စားလို့အခန်းကြည့်မယ်ဆိုကြိုချိန်းပေးရပါမယ်နော်

လူကြီးမင်းတို့
ရောင်းလို၊ဝယ်လို၊ငှါးလိုသော
အိမ်၊ခြံ၊မြေ၊တိုက်ခန်းများကိုလည်း
ယုံကြည်စွာဖြင့် အပ်နှံနိုင်ပါတယ်နော်

🎴
OH MY HOME - Real Estate

29/05/2024

🎴ဂရန်မြေကို ဝယ်ယူလျှင် ဤအဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

အောက်ပါ အဆင့်(၁၀) ဆင့်ကို(၁)ဆင့်မျှ ဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေအကြုံကိုရေးတာပါ။)

အရောင်းအဝယ် စရံကြီး(စရံငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1️⃣ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2️⃣စရံကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာလျှင် စရံချပါ။

3️⃣စရံချပြီးသည်နှင့်တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

အောက်ပါ ၄-မျိုး ရမှငွေအကြေချေပါ။

1️⃣အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2️⃣မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3️⃣မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4️⃣မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

ဝယ်ယူပြီးနောက် အောက်ပါ ၃-ဆင့်။

1️⃣ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်စောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2️⃣ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

4️⃣ အားလုံးပြီးမှ မြို့တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

- ဆရာ ကြည်စိုး IC

OH MY HOME - Real Estate

 💎ဘဏ်ချိတ်ရ💎သစ္စာလမ်းမကြီးအနီး ၊ တောင်ဥက္ကကလာပမြို့နယ်ထဲက ပြင်ဆင်ပြီတိုက်ခန်းအရောင်းလေးပါ🎴တည်နေရာတောင်ဥက္ကလာ ၁၀ ရပ်ကွက် ...
14/05/2024



💎ဘဏ်ချိတ်ရ💎

သစ္စာလမ်းမကြီးအနီး ၊ တောင်ဥက္ကကလာပမြို့နယ်ထဲက ပြင်ဆင်ပြီတိုက်ခန်းအရောင်းလေးပါ

🎴တည်နေရာ
တောင်ဥက္ကလာ ၁၀ ရပ်ကွက် ဇေယျာ၉လမ်း

🎴ပေအကျယ် ၁၈×၅၄ပေ

🎴 ပထမထပ်

🎴Master 1ခန်း

🎴Single 1ခန်း

🎴ပါကေးလှလှလေးခင်းပြီး

🎴သံပန်း/ဆန်းရှိတ်အကုန်တပ်ဆင်ပြီး

🎴နောက်ဖေးမီးဖိုချောင်ကြွေပြားခင်း

💎💎💎ဈေး - သိန်း 1,980 (ညှိနှိုင်း)💎💎

OH MY HOME - Real Estate
09750055451

သန်လျင်တံတားကြီး ပြီးတော့မယ်နော်ဒါလေး ဈေးပြောင်းထားပါတယ်နော်(Home Loan ဘဏ်ချိတ်လည်း ရပါတယ်)💎💎💎သိန်း ၃၇၀၀ 💎💎💎(ညှိုနိုင်း)
07/05/2024

သန်လျင်တံတားကြီး ပြီးတော့မယ်နော်
ဒါလေး ဈေးပြောင်းထားပါတယ်နော်
(Home Loan ဘဏ်ချိတ်လည်း ရပါတယ်)

💎💎💎သိန်း ၃၇၀၀ 💎💎💎
(ညှိုနိုင်း)

07/05/2024

အရပ်စာချုပ်(တရားနည်းလမ်းတကျ)ဖြင့် လယ်ယာမြေဝယ်ယူထားသူများ ဖတ်ရှုထားသင့်သည်များ
🎴🎴🎴🎴🎴🎴🎴

နယ်ဘက်က မိတ်ဆွေတစ်ဦးက ဆရာရေ လယ်ယာမြေကို အ ရပ်စာချုပ်ဝယ်ယူပြီး၊ ပုံစံ (၇)အပါအဝင် ပိုင်ဆိုင်မှုစာရွက် စာ တမ်းများနှင့် ယင်းလယ်ယာမြေအား လက်ရောက်ရယူ၍ လုပ် ကိုင်နေပါတယ်။ ရောင်း/ဝယ်စာချုပ်တော့ မှတ်ပုံတင် မထားပါဘူး။
မှတ်ပုံတင်မထားရင် တရားမဝင်ဘူးပြောနေတာ ကြားနေရပါတယ်။ ဒါဆို ရောင်းချသူက ယင်းလယ်ယာမြေအား ပြန်လည်တောင်းဆိုခွင့်ရှိပါသလား။ တောင်းဆိုခဲ့ရင်ကော???

အထက်ပါမေးခွန်းနဲ့ပတ်သတ်လို့ ဖြေရရင်...
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴

၁။ လယ်ယာမြေအား ရောင်း/ဝယ်ပြုလုပ်မယ်ဆိုရင် လယ်ယာမြေဥပဒေပုဒ်မ ၁၂- (ဂ) အရ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်အား ရောင်း၊ ပေါင်း၊ ပေးကမ်း၊ လွှဲပြောင်းမည်ဆိုပါက ကျသင့်သည့်အခွန်များ ထမ်းဆောင်၍ စာချုပ်မှတ်ပုံတင်ရုံးတွင် ရောင်း/ဝယ်စာချုပ်အား မှတ်ပုံတင်ရမည်ဟု ပြဌာန်းထားတာတွေ့ရှိရ။

အထက်ဖော်ပြပါအတိုင်း မပြုလုပ်ထားရင် မိမိဝယ်ထားတဲ့ လ ယ်ယာမြေက တရားမဝင်ဘူးဆိုတော့ ရောင်းချသူက ပြန်လ ည်တောင်းဆိုနိုင်ရင် မိမိ (ဝယ်သူ) ဘက်ကဘယ်လိုကုစားနိုင်တဲ့အခွင့်အရေးရှိမလဲ။

၂။ အရပ်စာချုပ် (တရားဝင်နည်းလမ်းတကျ) ဖြင့် ရောင်း/ဝ ယ်ပြုလုပ်ထားပါက ပဋိညာဥ်အက်ဥပဒေပုဒ်မ ၆၅ အရ အခွင့်အရေးရရှိပါတယ်။

(ပဋိညာဥ်အက်ဥပဒေပုဒ်မ ၆၅ တွင် သဘောတူညီချက် တစ်ရ ပ်သည် ပျက်ပြယ်ကြောင်းတွေ့ရှိသည့်အခါဖြစ်စေ၊ ပဋိညာဥ်တစ်ရပ်သည် ပျက်ပြယ်သည့်ဆိုက်ရောက်သည့်အခါဖြစ်စေ ထိုသဘောတူညီချက် (သို့) ပဋိညာဥ်အရ အကျိုးခံစားခွင့်ရသူ (ရောင်းသူ)သည် အကျိုးကျေးဇူပြုသူ(ဝယ်သူ) ထံသို့အကျိုး အမြတ်ကို ပြန်ပေးရမည် (သို့) လျော်ကြေးပေးရမည်ဟု ပြဌာ န်းထားတာ တွေ့ရှိရပါတယ်။

၃။ ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေ ၅၃ အရ ဝယ်သူအနေဖြင့် အကာအကွယ်ရှိပါတယ်။

💎မူရင်းရေးသားသူအား လေးစားသမှုဖြင့် ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်💎

 🙏မင်္ဂလာပါ🙏သိန်း ၂ ထောင်ကျော်နဲ့ဒီဈေးနဲ့ ဒီလိုအိမ်မျိုး ခုချိန်ရှာဖို့မလွယ်ဘူးနော်💎 သိန်း ၂၉၉၀ 💎ရန်ကုန်မြို့ရဲ့ ဒုတိယ D...
30/04/2024


🙏မင်္ဂလာပါ🙏
သိန်း ၂ ထောင်ကျော်နဲ့

ဒီဈေးနဲ့ ဒီလိုအိမ်မျိုး ခုချိန်ရှာဖို့မလွယ်ဘူးနော်

💎 သိန်း ၂၉၉၀ 💎

ရန်ကုန်မြို့ရဲ့ ဒုတိယ Downtown တစ်ခု
ဖြစ်လာတော့မယ့်
အရှေ့ဒဂုံ မြို့သစ်ထဲမှာ အေးချမ်းတိတ်ဆိတ်ပြီး ပတ်ဝန်းကျင်လဲကောင်းတဲ့ အိမ်ကောင်းလေး တစ်လုံးရှာနေတယ်ဆိုရင်
(11) ရပ်ကွက် - သခင်စံရွှေလမ်းမှာ

💎Golden Park အနီး , Maxi Mall အနီး💎
အရှေ့တောင်လှည့်

🍄ပေ 20x60
တအိမ်လူံးပါကင်းပြည့်ခင်းထားပြီး
အရောင်းမြေပုံခွဲ,SP
ပါယူထားတဲ့

🍄၂ထပ်ခွဲတိုက်လေး အရောင်းရှိပါတယ်

ဈေးလေးလည်း ပြင်ဆင်လိုက်ပြီမို့

ဈေး 💎💎💎 သိန်း 2,990 💎💎💎

နဲ့ဝယ်ယူနိုင်ပါပြီ

🍄အခြားနီးစပ်ရာများ
Golden park ကို ၃မိနစ်နဲ့ရောက်ပြီးGolden park ကနေဝင်သွားမယ်ဆို 3မိနစ်ပဲကြာပါတယ်
အိမ်ရှေ့မျက်နှာစာမှာ လဲ မြေကွက်အလွတ်များသာရှိလို့ မျက်နှာစာရှင်းလင်းပါတယ်

အိမ်တွင်းအခန်းဖွဲ့စည်းထားမှုပုံစံ
🍄Master 3ခန်း,
🍄single 1ခန်း ,
🍄ဝရံတာ ၂ခု ,ဧည့်ခန်း ,မီးဖိုချောင်
🍄ရေချိုးခန်းအိမ်သာ ၄လုံး
(အိမ်သာအားလုံး ဘိုလ်ထိုင်သာသုံးထားပါသည်)

ကျောင်းနီး super marketနီး စျေးနဲ့ လဲ နီးလို့အဆင်ပြေပါတယ်နော်

ဆက်သွယ်ရန်ဖုန်း

09750055451
OH MY HOME - Real Estate
OH MY HOME - Real Estate

28/04/2024

ရွာမြေဝယ်ဖို့ စိတ်ကူးနေလား၊ ဒါလေးတော့
မဖြစ်မနေတော့ဖတ်ရှုထားကြပါ
💎💎💎💎💎💎💎💎💎💎

မေးခွန်း -
ဆရာရေ ကျနော်ရှိတဲ့ငွေလေးနဲ့ မြို့ပေါ်က အိမ်ခြံမြေကွက်တွေတော့ ဝယ်ယူဖို့မှာလည်း အလှမ်းဝေးနေတော့ မှော်ဘီမြို့နယ်ဘက်က အသိမိတ်ဆွေရွာမှာ ရွာမြေဆိုတဲ့ အိမ်ဝင်းခြံလေး ဝယ်ဖို့စိတ်ကူးနေလို့ပါဆရာ။ မှော်ဘီက ရွာမြေတွေကို သိမ်းခံနေတယ်လို့လဲ လိုင်းပေါ်ကနေ ဖတ်လိုက်ရပါသေးတယ်။ ဝယ်မယ်ဆိုရင် ဘာစာရွက်စာတမ်းတွေ ရောင်းချသူထံမှ တောင်းခံရမလဲဆရာ။

အဖြေ-
ပထမ မိမိဝယ်ယူမည့်မြေအကွက်က ရွာမြေထဲ ပါ၊ မပါ စီစစ်ဖို့ တော့လိုပါတယ်။ (သက်ဆိုင်ရာမြို့နယ် လယ်စီနှင့် ထွေအုပ်ရုံးမှာ သွားရောက်စုံစမ်းပါ။

အဲ့လိုစုံစမ်းတော့........
(မြေစာရင်းလက်စွဲ အပိုဒ် ၁၂၁၃ အရ "ကျေးရွာ" မြေအတွက် အစိုးရကအမှန်သိမ်းယူသော(သို့မဟုတ်) ပေးအပ်ချထားသောမြေများကိုမြေပုံပေါ်တွင်သေးငယ်သော စကားဝါရောင် အနား သတ်ဆေးဖြစ် ရေးဆွဲပြသရမည်။) ဖတ်ထားရပါတယ်။

သို့ဖြစ်၍ ကျေးရွာမြေဟုသတ်မှတ်နိုင်ရန် ပြည်ထဲရေးဝန်ကြီး ဌာနက အမိန့်ကြော်ငြာစာဖြင့် နယ်နိမိတ်သတ်မှတ်ထားသည့်နယ်မြေဖြစ်ပြီး ယင်းကို(လယ်စီ/မြေစာရင်း) ဌာန၏ကွင်းမြေ ပုံများတွင်စကားဝါရောင်ဖြင့် အနားသတ်ရေးဆွဲမှတ်တမ်းတင်ထားသည့် အဝိုင်းအဝန်းအတွင်းတည်ရှိရမည်ဖြစ်ပါတယ်။

သို့သော် ကျေးရွာအတွင်းမှာတော့ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြား၍ တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။

ရွာမြေဖြစ်ကြောင်း တရားဝင်အထောက်အထားစာရွက် (Leg al Documents)
---------------------------------------------------------------
၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားမှုနဲ့ ပြည် ထဲရေးဝန်ကြီးဌာနက (နှစ်ချင်းစီမံချက်အရ) တစ်မြို့နယ်လျှင် ဖြစ်နိုင်ခြေရှိတဲ့ ကျေးရွာတစ်ရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေး စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်တယ်လို့တော့ ကြားသိရပါတယ်။ အခုချိန်ထိတော့ ကျေးရွာ မြေငှားဂရန်ကတော့ ဆရာအနေဖြင့် မမြင်ဖူးသေးပါဘူး။

အထက်ပါ စာရွက်စာတမ်းမရှိပါက ဘာအထောက်အထားစာ ရွက်တောင်းခံရမလဲဆိုတော့လည်း ၂၀၁၂ လယ်ယာမြေဥပဒေ၊ပုဒ်မ ၃(က)အရလယ်ယာမြေမှ ကင်းလွတ်ကြောင်း သက် ဆိုင်ရာ လယ်/စီဌာနမှ သက်သေခံလက်မှ ရရှိဖို့ရန်လည်း မ လွယ်ကူပေ။
အဲတော့ အထောက်အထားစာရွက်ကတော့ (Nothing) လို့ပြောရင် မမှားပါဘူးလို့ ထင်ပါတယ်။

အချို့သော် ကျေးရွာအသစ်တွေမှာ အိမ်ခြေ (၁၀၀)ကျော်လောက်ရှိသော်လည်း (မြေစာရင်း/လယ်စီ) ဌာနမှာ ရွာမြေအ ဖြစ် ထည့်သွင်းထားခြင်းမရှိတာတွေလည်း ရှိပါသေးတယ်။ ယင်းရွာမြေတွေကိုတော့ ရွာသူ/သားများမှ သက်ဆိုင်ရာဌာနသို့ စာတင်၍ တောင်းခံပြီး၊ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်က နိုင် ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီးလျှင် နိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင်ရွက်သွားမည်ဟု ခြေဥမှာတော့ ပြဌာန်း ထားတာ တွေ့ရှိရပါတယ်။

နိဂုံချုပ်အနေဖြင့် ပြောရရင်တော့ မိမိဝယ်မည့် ရွာမြေသည် ရွာမြေနယ်နိမိတ်အတွင်းပါ၊ မပါ။ လယ်ယာမြေနှင့်ကင်းလွတ်နေခြင်း ရှိ၊ မရှိ သေချာစုံစမ်း၍ ကျေးရွာလူကြီး၊ ရပ်မိရပ်ဖများအပါအဝင် ဥပဒေနားလည်တတ်ကျွမ်းသူများနှင့် ဝယ်ယူဖို့ပါပဲခင်ဗျာ။

(မူရင်းရေးသားသူထံမှ ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည် )

Credit to the original writer.

OH MY HOME - Real Estate

20/04/2024

💎 မြေကွက်ဝယ်မယ်ဆိုရင်ဖြင့် 💎

မြေတစ်ကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊
ဘာတွေလိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိသာရန်အတွက် အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေးလိုက်ပါသည်။

(၁) ဝယ်ယူမည့် မြေကွက်၏ ဂရံ၊ ပါမစ်၊ စလစ် စတာတွေကို အရင်စစ်ရပါမည်။
၄င်းတို့ကိုထုတ်ပေးသည် ဌာနများဖြစ်သည့်( နေပြည်တော်၊ရန်ကုန်၊ မန္တလေးတို့တွင် ဆိုက စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန တွင်လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင်လည်းကောင်းသွားရောက်စစ်ဆေးရပါသည်။ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တို့တွင် သွားရောက်စစ်ဆေးရန်ဖြစ်သည်။

(၂) ထိုသို့စစ်ဆေးရာ ရောင်းချမည့်သူ အမည်ပေါက်မြေကွက်မှန်ကန်ကြောင်းတွေ့ရှိရပါက အဆိုပါမြေကွက်ကို ဝယ်ယူမည်ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ကြေငြာရပါမည်။

(၃) ကန့်ကွက်သူမရှိပါက စရံပေးစာချုပ် ချုပ်ဆိုရန်ဖြစ်ပါသည်။ ( ဥပမာ ကျပ်သိန်းတစ်ထောင်တန်သောမြေကွက်ဖြစ်ပါက ကျပ်သိန်း တစ်ရာကို ပေး၍ စာချုပ်ရန်ဖြစ်သည်။

(၄) ဝယ်ယူမည့် မြေကွက်ပေါ်တွင် ကျူးကျော်သူမရှိစေရပါ။ ( ဥပမာ ဂိုဒေါင်စောင့်လင်မယားနေတာမျိုး) အဆိုပါ နေထိုင်သူမျိုးကို ဖယ်ပေးရန်အတွက် မြေရှင်ကို ပြောရပါမည်။ ( မြေရှင်က သုံးလလောက် တော့နေထိုင်ခွင့်ပေးပါဟုဆိုလျှင် ဒါဆိုရင် ကျွန်တော်တို့လည်း အစောင့်လင်မယားဖယ်ပြီးမှ ကျန်ငွေကိုချေတော့မယ်ဟုပြောပါ။ ဒါဆိုရင်တော့ မြေရှင်ဟာ ကျန်ငွေ ကျပ်သိန်း(၉၀၀) ကိုလိုချင်သူမို့ ဖယ်ပေးပါလိမ့်မယ်။

(၅) ကျူးကျော်နေထိုင်သူတွေဖယ်ပြီးပါက ငွေကျန်ချေပြီးရင် မြေကွက်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းအကုန်ပေးရမယ်နော်ဟု ပြောရပါမယ်။ ( ဥပမာ- အဝိစိတွင်းတူးပါမစ်၊ ပါဝါမီတာ စတာမျိုးတွေဖြစ်ပါတယ်) ( စာရွက်စာတမ်းမူရင်းစာတမ်းအားလုံးကို တောင်းယူရန်ဖြစ်သည်။)

(၆) ၄င်းနောက် မြေရှင်က အက်စ်ပီ( အထူးကိုယ်စားလှယ်လွှဲစာ) ပေးရမည်ဟုပြောပါ၊ ကိုယ်စားလှယ်လွှဲစာတွင် ဝယ်ယူမည့်မြေကွက်နှင့်ပတ်သက်၍ အကုန်လွှဲအပ်သည့် အကြောင်းပါရှိရပါမည်။

(၇) ဝယ်ယူမည့်မြေကွက် မြေပုံ ( အများပြောနေကြတဲ့ ၁၀၅ ၊ ၁၀၆ ကို ) ကိုပိုင်ရှင်က ထုတ်ထားပေးပါဟုပြောရပါမည်။

(၈) ၄င်းနောက် ငွေအကြေချေသည့် စာချုပ်ပါ၊၊ အထက်ကပြောခဲ့သည့် စာရွက်စာတမ်းများ အားလုံးကိုရယူပါ။ မြေကွက်ကို လက်ရောက်ရယူပါ။

(၉) မပြီးသေးပါ၊ မိမိဝယ်ယူမည့် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားပါသည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် စံနှုန်းများ၊ အဆောက် အအုံများပါရှိပါက အဆောက်အအုံအမျိုးအစားအလိုက် သတ်မှတ်သည့် စံနှုန်းများ( တပေလျှင် မည်မျှ ကုန်ကျမည့်တွက်ချက်သည့် PAE နှုန်း) တို့ကို ဖတ်ရှုပြီး တွက်ချက်နိုင်ပါသည်။

(၁၀) ကာလတန်ဖိုးစိစစ်သတ်မှတ်နိုင်ရန် အထက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများကို အိမ်ခြံမြေတည်ရှိရာ တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်သာ တင်ပြရမည်ဖြစ်ပါသည်။ မြို့နယ်ရုံးက မိမိတန်ဖိုးသတ်မှတ်ထားသည့် နှုန်းထားဖြင့် အရောင်းအဝယ်စာချုပ်ကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် တင်ပြပါက သူက အထက်အဆင့်ဆင့်ရုံးများသို့ဆက်လက် တင်ပြသွားမည်ဖြစ်ပါသည်။

(၁၁) ကျသင့်ငွေ တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်း
အိမ်ခြံမြေဝယ်ယူသူအနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူသည့် တန်ဖိုးအပေါ် မိမိတင်ပြနိုင်သည့် ဝင်ငွေရလမ်းအထောက်အထားများ တင်ပြပြီး ဝင်ငွေ ခွန်စိစစ်မှု ကို ခံ ယူရန်လိုအပ်ပါသည်။ စည်းကြပ်မှု လွှတ်ကင်းနေသော ဝင်ငွေ ပေါ်ပေါက်ပါက နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ နှုန်းထားအတိုင်း ပေးဆောင် ရမည်ဖြစ်ပါသည်။

(၁၂) မြန်မာနိုင်ငံတဝှမ်းလုံး မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ်ခြံမြေကို ဝယ်ယူသည်ဖြစ်စေ၊ ပေးကမ်းသည်ဖြစ်စေ၊ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း အပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း၊ ( စုစုပေါင်း ၄ ရာခိုင်နှုန်း) ကိုထမ်းဆောင်ရပါမည်။

(၁၃) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ပေးထားသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံတို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ရပါမည်။ (မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုဘဲ တံဆိပ်ခေါင်းခွန်သာထမ်းဆောင်ရမည်ဖြစ်ပါသည်။)

(၁၄) ငွေသွင်းပြီးသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံ မူရင်း/ မိတ္တူတို့ကို မြို့နယ်အခွန်ဦးစီးဌာနရုံးတွင် ပြသ၍ စာချုပ် ချုပ်ဆိုရန် တံဆိပ်ခေါင်းထုတ်ယူရပါမည်။

(၁၅) အိမ်ခြံမြေဝယ်ယူသူအနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရ ဝင်ငွေခွန်တောင်းခံလွှာ ပုံစံ ပတခ (ဝင) - ၈ နှင့် အတူ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန်ချလံ ဖြတ်ပိုင်းမူရင်းများ၊ တံဆိပ်ခေါင်းခွန် အပြည့်အဝ ကပ်နှိပ်ထမ်းဆောင်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးများသို့ သွားရောက်၍ စာချုပ်စာတမ်းများကို မှတ်ပုံတင်ကြရပါမည်။

အထက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန်ဖြစ်ပါသည်။ နောက်မှ အမည်ပေါက်ပြောင်းတာ ဘာညာတွေကို လုပ်စရာရှိပါသေးသည်

ကျေးဇူးတင်ပါသည်
Credit to Original Writer.

#တဆင့်ပြန်လည်ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်

OH MY HOME - Real Estate

🙏မင်္ဂလာပါ🙏   #ဘဏ်ချိတ်ရ သပ်ရပ်လှပပြီး နေ့ချင့်စဖွယ်ပြင်ဆင်ပေးထားတဲ့သင်္ဃန်းကျွန်းမြို့နယ်က တိုက်ခန်းအရောင်းလေး မိတ်ဆက်ပ...
02/04/2024

🙏မင်္ဂလာပါ🙏


#ဘဏ်ချိတ်ရ


သပ်ရပ်လှပပြီး နေ့ချင့်စဖွယ်ပြင်ဆင်ပေးထားတဲ့

သင်္ဃန်းကျွန်းမြို့နယ်က

တိုက်ခန်းအရောင်းလေး မိတ်ဆက်ပေးချင်ပါတယ်

🎴တည်နေရာ
သင်္ဃန်းကျွန်း လေးထောင့်ကန်ရပ်ကွက်
ပြည်တော်အေးလမ်း

🎴ပေအကျယ်
၁၂’ပေခွဲပေ၅၀’

🎴၆ထပ်တိုက်ရဲ့ ဒုတိယထပ်
🎴စျေးနီးကျောင်းနီးကားဂိတိနီး
🎴လေထောင့်ကန်လမ်းမ ကျောကပ်
🎴ဘေးတိုက်မရှိ လေဝင်လေထွက်ကောင်း အရှေ့မျက်နှာစာအပွင့်

🎴ပြင်ဆင်ထားမှုများ
-ရေမီးဆေးအကုန်အသစ်
-ပုံပါပစ္စည်းအတိုင်းအကုန်ပါ
-အိပ်ခန်း (၁)ခန်းဖွဲ့ပြီး

🎴Bcc ကျပြီး
🎴စာရွက်စာတန်းအစုံ

ရောင်းဈေး 💎💎သိန်း ၁,၁၀၀💎💎 (ညှိနှိုင်း)

စိတ်ဝင်စားလို့အိမ်လေးကြည့်ချင်ပါက
09750055451
🎴🎴🎴🎴



#တိုက်ခန်း

💎အရမ်းလှတဲ့အခန်းလေး Sold out ဖြစ်သွားပါပြီ  💎
24/03/2024

💎အရမ်းလှတဲ့အခန်းလေး Sold out ဖြစ်သွားပါပြီ 💎

 အကျိူးဆောင်မိတ်ဆွေများ အကျိူးတူရပါမည်သန်လျင် Star city -Tower A3 မှာ အိပ်ခန်း (၂) ခန်းပါအခန်းကျယ်လေးရောင်းချင်ပါတယ်(ဝယ်...
24/03/2024


အကျိူးဆောင်မိတ်ဆွေများ အကျိူးတူရပါမည်

သန်လျင် Star city -Tower A3 မှာ
အိပ်ခန်း (၂) ခန်းပါ
အခန်းကျယ်လေးရောင်းချင်ပါတယ်
(ဝယ်ပြီးပြန်ငှားစားရင်တောင် အနည်းဆုံး
၇ သိန်း မှ ၁၀ သိန်းထိ ရပါတယ် )



🎴Building A3 -
၅ လွှာပါ
- Lift ၂ ခုရှိပါတယ်

🎴Fully Furnished ဖြစ်ပြီး
ပုံပါအတိုင်းပြင်ဆင်ထားပြီးသားပါနော်
-

🎴အခန်းဖွဲ့စည်းထားမှုများ
1 master ပါမယ်
1 single bedroom ပါပါမယ်
908 sqft ရှိပါမယ်

ရောင်းဈေး 3800 (nego) ညှိနိုင်းပေးပါ့မယ်

💎💎💎


OH MY HOME - Real Estate

Please call
09750055451

သန်လျင်မြို့နယ်Star City မှာ အရောင်းရှားတဲ့ အိပ်ခန်း (၃) ခန်းပါတဲ့ပြင်ဆင်ပြီး ကွန်ဒိုအရောင်းလေးပါ A5. 7လွှာLift (2) ခုရှ...
22/03/2024

သန်လျင်မြို့နယ်
Star City မှာ အရောင်းရှားတဲ့ အိပ်ခန်း (၃) ခန်းပါတဲ့
ပြင်ဆင်ပြီး ကွန်ဒိုအရောင်းလေးပါ



A5. 7လွှာ

Lift (2) ခုရှိ

၂၄ နာရီမီးရပါတယ်

အိပ်ခန်း ၃ ခန်းပါဝင်ပြီး

Fully Furnished ပုံပါအတိုင်းပြင်ဆင်ထားပါတယ်

မြောက်ဘက်လှည့် ကျနေလုံးဝမထိုးပါ။

1185 Sqft ရှိပါတယ်။

💎သိန်း4850 ညှိနှိုင်း ရပါတယ်။

အိမ်ရှင်က Bank Loan လည်းလက်ခံပါတယ်

စိတ်ဝင်စားလို့ အိမ်လေးကြည့်လိုပါက
09750055451 သို့ဆက်သွယ်ပေးပါနော်

OH MY HOME - Real Estate

Address

Yangon

Alerts

Be the first to know and let us send you an email when OH MY HOME - Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share