Safe Property

Safe Property Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Safe Property, Real Estate Company, (5th) Floor, Mingalar Mon Market, Set Yone Road, Mingalar Taung Nyunt Tsp, Yangon.

🏡✨ သီတင်းကျွတ် အိမ်သစ် လက်ဆောင် ✨🏡သီတင်းလဲကျွတ်ပြီဆိုတော့ အိမ်သစ်လေးနဲ့ ဘဝသစ်တစ်ခု စတင်ချင်သူတွေ၊ အကျိုးအမြတ်များမယ့် နေ...
04/10/2025

🏡✨ သီတင်းကျွတ် အိမ်သစ် လက်ဆောင် ✨🏡

သီတင်းလဲကျွတ်ပြီဆိုတော့ အိမ်သစ်လေးနဲ့ ဘဝသစ်တစ်ခု စတင်ချင်သူတွေ၊ အကျိုးအမြတ်များမယ့် နေရာကောင်းမှာ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် အထူးသတင်းကောင်း လာပါပြီ။ 📣

တောင်ဥက္ကလာပ၊ ပါရမီလမ်းမကြီးပေါ်(Innocity ရှေ့)က အရှုပ်အရှင်းကင်းပြီး BCC ကျပြီးသား မီနီကွန်ဒို အခန်းသန့်သန့်လေးတစ်ခန်းကို ရှယ် Promotion စျေးနှုန်းနဲ့ ရောင်းချပေးချင်ပါတယ်။

💯 ဝယ်သူအတွက် အကျိုးကျေးဇူးတွေကတော့...
✅ ကိုယ်တိုင်နေမလား? စိတ်တိုင်းကျ အခန်းဖွဲ့ပြီး အိမ်မက်ထဲကအတိုင်း ပြင်ဆင်နိုင်မယ်။
✅ ရင်းနှီးမြှုပ်နှံမလား? နေရာကောင်း၊ အချက်အချာကျလို့ အငှားသမား အမြဲရှိပြီး ဝင်ငွေမှန်စေမယ်။ အခုချိန်မှာ ဘယ်မှာမှ မရနိုင်တဲ့စျေးနဲ့ ရစေရမယ်။
✅ တရားဝင် BCC ကျပြီးသား ဘာအရှုပ်အရှင်းမှ မရှိဘဲ စိတ်ချမ်းသာစွာ ဝယ်ယူနိုင်မှာပါ။

ဒီအခန်းလေးက သူ့ရဲ့ ဖူးစာဖက်အစစ်အမှန်ကို စောင့်မျှော်နေပါတယ်... 🥰

💎 အခန်းရဲ့ အသေးစိတ်အချက်အလက်များ 💎

📍 တည်နေရာ
အမှတ် (၁၄၈/ခ)၊ ၈လွှာ၊ ပါရမီလမ်းမကြီးပေါ်၊ (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📏 အကျယ်အဝန်း

မြေအကျယ် - 24' x 55'

အခန်းအကျယ် - 20' x 52' (အလွန်ကျယ်ဝန်း)

🎨 အခန်းအမျိုးအစား

(မိမိစိတ်ကြိုက် အခန်းဖွဲ့နိုင်သည်)

🏗️ တည်ဆောက်မှု

Pile Foundation ဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသည်။

✨ ပါဝင်သော Facilities များ

ဓာတ်လှေကား (Elevator) 🛗

အရံမီးစက် (Backup Generator) 💡

🚌 ပတ်ဝန်းကျင်

Bus ကားဂိတ် အနီး။

ပါရမီကားဝင်း (Innocity) ရှေ့မှာမို့ သွားရေးလာရေး အထူးအဆင်ပြေ။

💰 အထူးစျေးနှုန်း
သိန်း ၃,၂၀၀ (သုံးထောင့်နှစ်ရာ)

🤩 တကယ်စိတ်ဝင်စားပြီး အဝယ်ကောင်းရင် ကောင်းသလို ရှယ်စျေးလေးနဲ့ ညှိနှိုင်းပေးမှာမို့ အမြန်ဆုံးသာ ဆက်သွယ်လိုက်ပါနော်။

စိတ်ဝင်စားလို့ အခန်းလေးကို လာကြည့်ချင်တယ်ဆိုရင်...

ဆက်သွယ်ရန်
☎️ 09767776778
☎️ 0943888881










ရွှေတိဂုံဘုရား နှင့် ကျိုက်က္ကစံဘုရား ကို နေ့တိုင်းဖူးမြော်နိုင်သည့် Penthouseအခန်းကျယ်လေး ပါ40’x60’ မြေအကျယ်မှာ ဆောက်ထာ...
24/02/2025

ရွှေတိဂုံဘုရား နှင့် ကျိုက်က္ကစံဘုရား ကို နေ့တိုင်းဖူးမြော်နိုင်သည့် Penthouseအခန်းကျယ်လေး ပါ
40’x60’ မြေအကျယ်မှာ ဆောက်ထားတဲ့
အပြည့် Penthouse အခန်းကျယ် #တောင်ဥက္ကလာပမြို့နယ်၊ဘရဏီလမ်းမပေါ် ထောင့်တိုက် ၊၁၂ ရပ်ကွက်
မေတ္တာလမ်းမ အနီး စျေးနီးကျောင်းနီး
❤အခန်းကျယ်
❤ဓာတ်လှေကားတစီး
❤ဘီစီစီရရှိပီး
❤မီတာရပီး မီးအားကောင်း တိုက်ရှေ့ထရန်စဖော်မာရှိ
❤လေဝင်လေထွက်အရမ်းကောင်း
❤အိပ်ခန်း ၃ခန်းပါ Master တစ်ခန်း kid room တစ်ခန်း နှစ်ယောက်အိပ်တစ်ခန်း
❤ မြေပိုင်ရှင်သဘောကောင်း
❤တိုက်နေထိုင်သူတွေကလည်း အနေအေးဆေးကြ
❤ပြင်ဆင်ပြီး အထုပ်ဆွဲလက်တင်နေယုံပါပဲ
❤Fully Furnished ပါနော်
❤အခန်းက Quality ကောင်း ပစ္စည်းတွေနဲ့ ရှယ်ပြင်ထားတာနော်
💸ဈေးနှုန်းကတော့ (သိန်း၃၆၀၀)ပါ
လူကြီးမင်းတို့ရဲ့ မိသားစုနဲ့ နေဖို့ပဲဖြစ်ဖြစ်
ဒါမှမဟုတ် လူကြီးမင်းတို့ရဲ့ သားသမီးလေးတွေရဲ့ နောင်ရေးအတွက်ပဲဖြစ်ဖြစ် စိတ်ချရတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးကို အမြန်ဆုံးရွေးချယ်လိုက်ပါလို့ မှ အကြံပြုလိုက်ပါရစေရှင့်
လူကြီးမင်းတို့အနေနဲ့ အိမ်လေးတလုံးဝယ်ဖို့ စိတ်ကူးရှိနေတယ်ဆိုရင်တော့ ဆက်သွယ်လိုက်တော့နော်
အသင့်နေ အခန်းလေးဖြစ်တာကြောင့် ပုံလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်ရှင့်
ဒီပိုစ့်လေးကို မြင်တွေ့နေရတဲ့ လူကြီးမင်းတို့အားလုံးလည်း စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေရှင်...
စိတ်ဝင်စားလို့အသေးစိတ်လေးကို စုံစမ်းမေးမြန်းလိုလျှင်ဖြင့်
Safe Property Chat Box မှကြိုဆိုလျှက်ပါရှင်
ဖုန်းဖြင့်ဆက်သွယ်လိုလျှင်လည်း
📞 09 43 88888 1 သို့ အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်


🎆 Happy New Year 🎆🎇 Welcome to 2025 🎇🎊 နှစ်သစ်မှာ လိုတိုင်းတ ရနိုင်ကြပါစေ ✨🎉 ယနေ့ကျရောက်သော 2025 ခုနှစ်ှမစတင်၍ ကိုယ်ကျန်...
01/01/2025

🎆 Happy New Year 🎆

🎇 Welcome to 2025 🎇

🎊 နှစ်သစ်မှာ လိုတိုင်းတ ရနိုင်ကြပါစေ ✨

🎉 ယနေ့ကျရောက်သော 2025 ခုနှစ်ှမစတင်၍ ကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းတို့နဲ့အတူ လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း မိတ်ဟောင်းမိတ်သစ်များအားလုံးကို Safe Property မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် .....



new year
to 2025

🎅 Merry Christmas to You All 🎅🎄 ခရစ်စမတ် အချိန်အခါသမယလေးမှာ 🎄​​မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပ...
25/12/2024

🎅 Merry Christmas to You All 🎅

🎄 ခရစ်စမတ် အချိန်အခါသမယလေးမှာ

🎄​​မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အေးချမ်းမှု၊ ပျော်ရွှင်မှုများရရှိကာ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေကြောင်း Safe Property မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်

❤ ပျော်ရွှင်သော ခရစ်စမတ် အချိန်ကာလဖြစ်ပါစေ ❤


🌕 မင်္ဂလာရှိသောတန်ဆောင်မုန်းလပြည့်နေ့ အခါသမယအချိန်မှာ ကျန်းမာ ချမ်းသာပါစေကြောင်း Safe Property မိသားစုမှ ဆုမွန်ကောင်း တေ...
15/11/2024

🌕 မင်္ဂလာရှိသောတန်ဆောင်မုန်းလပြည့်နေ့ အခါသမယအချိန်မှာ ကျန်းမာ ချမ်းသာပါစေကြောင်း Safe Property မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🧨🎆🎇


#တန်ဆောင်မုန်းလပြည့်နေ့
#တန်ဆောင်တိုင်

🕯🪔🧨 မင်္ဂလာရှိသော သီတင်းကျွတ် အခါသမယမှာ ကျန်းမာ ချမ်းသာပါစေကြောင်း Safe Property မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါ...
16/10/2024

🕯🪔🧨 မင်္ဂလာရှိသော သီတင်းကျွတ် အခါသမယမှာ ကျန်းမာ ချမ်းသာပါစေကြောင်း Safe Property မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🕯🎆🎇

#သီတင်းကျွတ်

🙏🙏🙏 ဝါဆိုလပြည့်နေ့ 🙏🙏🙏🙏 ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိ...
20/07/2024

🙏🙏🙏 ဝါဆိုလပြည့်နေ့ 🙏🙏🙏

🙏 ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်း ဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။ ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

🙏 ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

🙏 ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည် ။

🙏 ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

🙏 ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။

🙏 မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။

Credit : Wiki


#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

(၇၇) ကြိမ်မြောက် အာဇာနည်နေ့အား Safe Property မိသားစုမှ ဦးညွတ်အလေးပြုပါသည်။    # အာဇာနည်နေ့
19/07/2024

(၇၇) ကြိမ်မြောက် အာဇာနည်နေ့အား Safe Property မိသားစုမှ ဦးညွတ်အလေးပြုပါသည်။


# အာဇာနည်နေ့

🕌 အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်သော အစ်နေ့အား Safe Property မိသားစုမှ ပျော်ရွှင်စရာအစ်နေ့ဖြစ်ပါ...
18/06/2024

🕌 အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်သော အစ်နေ့အား Safe Property မိသားစုမှ ပျော်ရွှင်စရာအစ်နေ့ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။



#အစ်နေ့

🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🙏 ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။🌳 ဘုရားအလောင်းတော် သုမေဓာရှင်...
22/05/2024

🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏

🙏 ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

🌳 ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

🙏 မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

🙏 မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

🌳 မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

🌳 ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

🌳 ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့

🙏 ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
🙏 ဖွား-က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
🙏 ပွင့်-က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
🙏 စံ-က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

🙏 က‌ဆုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့် ထိုနေ့သည် ထူးမြတ်သောနေ့ ဖြစ်သည်။ ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့သည်။ [၁] ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာ ခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။


#ဗုဒ္ဓနေ့
#ကဆုန်လပြည့်နေ့
#ညောင်ရေသွန်းပွဲ

ယနေ့ကျရောက်သော အလုပ်သမားနေ့အား Safe Property မိသားစုမှ ကြိုဆိုဂုဏ်ပြုပါသည်။    #အလုပ်သမားနေ့
01/05/2024

ယနေ့ကျရောက်သော အလုပ်သမားနေ့အား Safe Property မိသားစုမှ ကြိုဆိုဂုဏ်ပြုပါသည်။



#အလုပ်သမားနေ့

မြန်မာနှစ်သစ်ကူး အချိန်ကာလမှ စတင်၍ ကျန်းမာချမ်းသာစွာနဲ့ လိုအင်ဆန္ဒပြည့်ဝပါစေကြောင်း Safe Property မိသားစုမှ နှစ်သစ် ဆုမွ...
17/04/2024

မြန်မာနှစ်သစ်ကူး အချိန်ကာလမှ စတင်၍ ကျန်းမာချမ်းသာစွာနဲ့ လိုအင်ဆန္ဒပြည့်ဝပါစေကြောင်း Safe Property မိသားစုမှ နှစ်သစ် ဆုမွန်ကောင်း ပို့သလိုက်ရပါတယ်ရှင့် 🙏🙏🙏


#နှစ်သစ်ဆုတောင်း
#နှစ်ဆန်း ၁ ရက်နေ့
#မြန်မာသက္ကရာဇ် ၁၃၈၆

Address

(5th) Floor, Mingalar Mon Market, Set Yone Road, Mingalar Taung Nyunt Tsp
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:30

Telephone

+95943888881

Website

Alerts

Be the first to know and let us send you an email when Safe Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Safe Property:

Share