Shwe Kanote Real Estate & Law Firm

Shwe Kanote Real Estate & Law Firm Real Estate & Law Firm

📣အလုပ်ခေါ်စာ📣 Shwe Kanote Real Estate & Law Firm Company အတွက် စာရင်းကိုင် မ (1)ဦးလိုအပ်‌သောအရည်အချင်းများ✔️✔️✔️🔴အသက်-2...
17/10/2023

📣အလုပ်ခေါ်စာ📣

Shwe Kanote Real Estate & Law Firm Company အတွက် စာရင်းကိုင် မ (1)ဦး

လိုအပ်‌သောအရည်အချင်းများ✔️✔️✔️

🔴အသက်-20နှစ်အထက်

🔺စာရင်းပိုင်းနှင့်ပတ်သတ်သော certificate တစ်ခုခုရှိထားသောသူ (အတွေ့အကြုံရှိသူကို ပိုဦးစားပေးပါမည် )

🔺စာရင်းပိုင်းကို ကျွမ်းကျင်စွာလုပ်ကိုင်နိူင်သောသူ။

🔺FB page ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သောသူ။

🔺စိတ်ရှည်ပြီး team နဲ့အတူ အလုပ်လုပ်တတ်သူ။

🔺ရေရှည်တွဲပြီး အလုပ်လုပ်နိူင်သူ။

🔺 10တန်းအောင် / ကျောင်းကိစ္စကင်းရှင်းသူ

🔺လစာ- 150000 lto 180000

🔺စိတ်ဝင်စားပါက cv ဖောင်နှင့်တကွ page cb တွင် လျှောက်ထားနိူင်ပါသည်။

Viber-09698036027/ 09955155120
(Or)
messengerတွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

💢 ပါရမီ မဥ္ဇုလမ်းမကြီးစပယ်ရုံလမ်းသွယ်💢 ပေ 40 × 80💢 ဂရန်အမည်ပေါက်💢 သိန်း (19000) #အမြန်ရောင်းမည် contacts - 09772368676/ ...
28/09/2023

💢 ပါရမီ မဥ္ဇုလမ်းမကြီး
စပယ်ရုံလမ်းသွယ်
💢 ပေ 40 × 80
💢 ဂရန်အမည်ပေါက်
💢 သိန်း (19000)

#အမြန်ရောင်းမည်

contacts - 09772368676/ 09401283136

လွစ်လမ်း66*60တိုက်ပါ သိန်း(35000)43လမ်း 50×50ဂိုထောင်ပါ သိန်း(20000) #အမြန်ရောင်းမည် contacts - 09772368676/ 09401283136
28/09/2023

လွစ်လမ်း
66*60
တိုက်ပါ သိန်း(35000)

43လမ်း
50×50
ဂိုထောင်ပါ သိန်း(20000)

#အမြန်ရောင်းမည်

contacts - 09772368676/ 09401283136

♦ဒါဘာတိုက်ခန်းတွေ နဲ့ ပထမထပ် အပေါ်က မှန်ခန်းတွေ ကဥပဒေ အရ ပိုင်ဆိုင်ခွင့်ခိုင်မာမှု ရှိသလားလို့ သိချင်ပါတယ်ခင်ဗျား။ နောက်...
24/09/2023

♦ဒါဘာတိုက်ခန်းတွေ နဲ့ ပထမထပ် အပေါ်က မှန်ခန်းတွေ ကဥပဒေ အရ ပိုင်ဆိုင်ခွင့်ခိုင်မာမှု ရှိသလားလို့ သိချင်ပါတယ်ခင်ဗျား။ နောက်ပြီး တိုုက်ခန်း က သဘာ၀ ဘေး ကြောင့် ပဲဖြစ်ဖြစ်၊ အခြားကြောင်းကြောင့် ပဲဖြစ်ဖြစ် ပျက်ဆီး သွားလို့ တိုက်သစ် ပြန်ဆောက်ရင် ငွေ ထပ်ပေးရပါသေးလား သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

♦ဒါဘာတိုက် ခန်း တွေနဲ့ ပထမထပ် ပေါ်က မှန် ခန်းတွေအားလုံး ဥပ ဒေအရ ပိုင် ဆိုင် ခွင့်ခိုင် မာမှုရှိပါတယ် ။ ဘာ ကြောင့်လဲဆို တော့ အဲဒီအခန်းတွေလည်းအခြားအခန်းတွေနဲ့ တစ် ဆက် တည်းတွဲ ဆောက် ထားလို့ပါပဲ။ တရားဝင် လူ နေထိုင်လို့လည်းရတယ် ။

♦အရောင်းအဝယ် လုပ် လို့လည်း ရပါတယ် ။ ဒါပေမဲ့ ပြောစရာတစ် ခု တော့ ရှိတယ် ။ အဲဒီ ဒါဘာအခန်းနဲ့ ပထမထပ် မှန် ခန်းဆိုတာ တွေက ကန် ထရိုက် တိုက် ဆောက် တုန်းက ၁၂ ခန်းဆောက် ခဲ့တယ် ဆိုရင် အဲဒီ ၁၂ ခန်းကသာလျှင် တရားဝင် အခန်း တွေ ဖြစ် ပါတယ် ။ ပထမထပ် မှန် ခန်းဆိုလိုက် တာနဲ့ ပထမထပ် နဲ့ တွဲလျက် ရှိတဲ့ မှန် ခန်းလို့ဘဲ ခေါ်လို့ရပါတယ် ။ ဒုတိယထပ် လို့ ခေါ်လို့မရပါဘူး။ ဒါဘာအခန်း ဆိုရင် လည်းကန် ထရိုက် တိုက် ရဲ့ အ ပေါ်ဆုံးအပိုအလွှာသာဖြစ် တယ် ။

♦အပန်းဖြေနား ရာ နေရာသာ ဖြစ် လို့ ၁၂ ထပ် တိုက် ရဲ့ အ ပေါ်ဆုံးအခန်းလို့ တော့ ခေါ်လို့မရပါဘူး။ ဒါ ကြောင့်လည်းခွဲခြားထားတဲ့အ နေနဲ့ ပထမထပ် မှန် ခန်း၊ဒါဘာခန်း(ပန် ဟောက် စ် )လို့ ခေါ်ကြတာ ပေါ့။ (ဒါက တိုက် ခန်:နဲ့ အ နေ ဝေးသူ တွေ အတွက် ရှင်းပြတာပါ။) ၀ယ် ယူ နေထိုင် တဲ့ တိုက် ခန်းဟာသဘာ၀ ဘေး ကြောင့်ဘဲဖြစ် ဖြစ် ၊ အခြား သောအ ကြောင်းအမျိုးမျိုး ကြောင့်ဘဲ ဖြစ် ဖြစ် ပျက် စီးသွားလို့ တိုက် သစ် ပြန် ဆောက် ရင် မိမိရရှိမယ့်အခန်းတန် ဖိုးကို ပြန် လည် ပေးသွင်းရပါတယ် ။ ဘာ ကြောင့်လဲဆို တော့ သဘာ၀ ဘေး ကြောင့်ပျက် စီးသွားတယ် ဆိုရင် မြေရှင် လည်းဆုံးရှံးတာပါပဲ။

♦ဒီတိုက် ကြီး တစ် ခုလုံးကို မြေရှင် က အကုန် အကျခံပြီး ပြန် ဆောက် မှာ မဟုတ် ပါဘူး။ အခန်းလက် လွတ် ဆုံးရှုံးသွားသူ တွေရဲ့ ထည့်ဝင် ငွေရမှ စု ပေါင်းပြီး ပြန် ဆောက် ပေးမှာ ပေါ့။ တကယ် လို့ မြေရှင် တစ် ယောက် တည်းအကုန် အကျခံ ပြန် ဆောက် ခဲ့ရင် တော့ အရင် က နေခဲ့တဲ့သူ တွေ တိုက် ခန်းမရနိုင် တော့ပါဘူး။ ဘာ ကြောင့်လဲဆိုရင် ဒီတိုက် သစ် မှာ အရင် က နေခဲ့တဲ့ သူတို့ ထည့်ဝင် ငွေမပါဘူး လေ။ အရင် က ကျွန် တော် တို့အခန်းပါတယ် လို့ ပြောလို့မရပါဘူး။ အဲဒီအခန်းက ပြိုကျပျက် စီးသွားလို့ ပြန် မရနိုင် တာပါ။ ဒီအချက် ကို တိုက် ခန်းဝယ် နေသူများ သတိပြု စေလိုပါတယ် ။

15/09/2023

မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ အမွေခွဲဝေပုံ⚖️⚖️
အခြေခံမူ (၄)ရပ်။
>>>>>>>>>>>>>>>>>>>>

အိုးအိမ်တိုက်ခန်း တရားဝင်ဝယ်ယူနည်း။===========================ဆရာရေ အိုးအိမ်တိုက်ခန်းဝယ်ယူပြီး အမည်ပြောင်းဆောင် ရွက်ချင်...
15/09/2023

အိုးအိမ်တိုက်ခန်း တရားဝင်ဝယ်ယူနည်း။
===========================

ဆရာရေ အိုးအိမ်တိုက်ခန်းဝယ်ယူပြီး အမည်ပြောင်းဆောင် ရွက်ချင်လို့ပါ။ မှန်ကန် ခိုင်မာမှု ရှိမရှိ ဘယ်လို စစ်လို့ရမလဲ၊ အမည်ပြောင်းလဲမည်ဆိုပါက ဘယ်လိုဆောင်ရွက်ရလဲ။ ဖြေ ကြားပေးပါရှင့်။

- အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။ စာချုပ်ပြီးတာနဲ့တိုက်ခန်းကိုအရယူမယ်။ ကိုယ့်သော့နဲ့ပြောင်းပြီးခတ်မယ်။ ​

အမည်ပြောင်းဆောင်ရွက်မယ်ဆိုရင် ဘယ်ရုံးသွားပြီးဆောင် ရွက်ရမလဲ။

- Owner Book အမည်ပေါက်သူ ကိုယ်တိုင်လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီးဆောင်ရွက်ပေးဖို့ လိုပါတယ်။ တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ရတယ်။ အမည်ပြောင်းလျှောက် လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။

ဟုတ်ကဲ့ဆရာ ဝယ်ယူပြီးနောက်ပိုင်းမှ အမည်ပြောင်းရင်ကော ဘာစာရွက်တွေ ရောင်းချသူထံမှ တောင်းခံထားရမလဲ။

- နောက်မှ တစ်ဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက Special Power (SP) ဖြစ်စေ၊ General Power(GP)ဖြစ်စေ ယူထားလိုက်ရင် ရပါတယ်။

ကိုယ်စားလှယ်လွှဲစာက ဘယ်မှာသွားလုပ်ရမလဲ ဆရာ။

- ကိုယ်စားလှယ် လွှဲစာယူရင် ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ ပြုလုပ်ရပါမည်။

အရှုပ်အရှင်း ရှိ/မရှိ၊ မှန်ကန်ခိုင်မာမူ ရှိ/မရှိ ဘယ်မှာစုံစမ်းရမလဲ။

- ပထမ ပတ်ဝန်းကျင်နှင့် အုပ်ချုပ်ရေးမှူးရုံးမှာ ကိုယ်တိုင်စုံ စမ်းသင့်ပါတယ်။

- ဒုတိယအနေနဲ့ကတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားမည့် ပိုင်ဆိုင်မှုစာရွက်စာတမ်းများနဲ့ တိုက် ဆိုင်စစ်ဆေးသင့်ပါတယ်။

ဒါဆိုဝယ်လို့ရပြီလား ဆရာ

- အိုးအိမ်မှာ ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊ ဒါမှမဟုတ် ပိုပြီးသေချာအောင် လူသိရှင်ကြားကြော်ငြာချင်ရင်တော့ မြန်မာ့အလင်း/ကြေးမုံ သတင်းစာတစ်စောင်စောင်မှာ ထည့်လိုက်ပေါ့။ ကန့် ကွက်ချက်မရှိဘူးဆိုရင် အပြီးအပိုင် ဝယ်လို့ရပါတယ်။

ဝယ်ပြီးအမည်ပြောင်းရင်တော့ ဝယ်ခွန်တော့ဆောင်ရပါမည်။

မူရင်း​ရေးသားသူ လွှတ်တော်ရှေ့နေမောင်ကောင်းဖေထံမှ

Crd from Owner

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Kanote Real Estate & Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category