SHWE EAIN LIN

SHWE EAIN LIN We are life changers! Expect better! Your gateway to a richer life! Let us guide you home!

15/01/2020

ဒလမြို့နယ်မှာ တံတားတည်ဆောက်ပြီးရင် ဘယ်လိုစီမံကိန်းတွေ ထပ်မံပေါ်ထွက်လာဖို့ ရှိနေလဲ???
----------------------------------------------
ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်မယ့် ဒလမြို့သစ်စီမံကိန်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေနက်ဆိပ်ကမ်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ဒလ)နဲ့ လ.ဝ.က သင်တန်းကျောင်းတွေ ပေါ်ထွက်လာဖို့ ရှိနေတယ်လို့ ဒလမြို့နယ်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် BETV Business ကို ဖြေကြားထားပါတယ်။

မိစုစုမာ၊ Mg R' NoE


We are life changers!
Expect better!
Your gateway to a richer life!
Let us guide you home!

EAIN LIN
Estate, Law Firm, Development and General Services Company
-No.659, Sat Myay Quarter, Dala-Twante Main Road, Near KBZ Bank, Dala Township, Yangon.
-Tower C2B, Room-0505, Time Square Condo, Botahtaung Tsp, Yangon.
Ph and Viber- 09 50 47 317, 09 50 25 841
Email- [email protected]

#ရွှေအိမ်လင်း
#ဒလ အိမ်ခြံမြေ
real estate

15/01/2020

တရိပ်ရိပ်တက်နေတဲ့ ဒလမြေဈေး လက်ရှိဘယ်လိုပေါက်ဈေးရနေလဲ ?
-------------------------------------------
ဒလတံတားတည်ဆောက်ရေးလုပ်ငန်းစတင်ခဲ့တာ အခုဆိုရင် (၁)နှစ် ပြည့်မြောက်ခဲ့ပါပြီ။ တံတားစီမံကိန်းစတင်ခြင်းနဲ့အတူ တရိပ်ရိပ်တက်လာခဲ့တဲ့ မြေဈေးတွေက အခုဆိုရင် ဘယ်လိုနှုန်းထားမျိုးနဲ့ ပေါက်ဈေးတွေ ရနေပါပြီလဲ။ တံတားစီမံကိန်းဧရိယာမှာ ပါဝင်နေတဲ့ ကမာကဆစ်ရပ်ကွက်ရဲ့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်ဆွေရဲ့ ပြောကြားချက်အပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုနိုင်ပါပြီ။

မိစုစုမာ၊ Mg R' NoE
Crd. BETV Business

We are life changers!
Expect better!
Your gateway to a richer life!
Let us guide you home!

EAIN LIN
Estate, Law Firm, Development and General Services Company
-No.659, Sat Myay Quarter, Dala-Twante Main Road, Near KBZ Bank, Dala Township, Yangon.
-Tower C2B, Room-0505, Time Square Condo, Botahtaung Tsp, Yangon.
Ph and Viber- 09 50 47 317, 09 50 25 841
Email- [email protected]

#ရွှေအိမ်လင်း
#ဒလ အိမ်ခြံမြေ
real estate

ရန်ကုန်-ဒလ ယာယီတံတားထိုးခြင်းလုပ်ငန်း ၈ဝ ရာခိုင်နှုန်းပြီးစီး၊  ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရေလယ်တိုင် ဘိုးပိုင်တူးမည်----...
15/01/2020

ရန်ကုန်-ဒလ ယာယီတံတားထိုးခြင်းလုပ်ငန်း ၈ဝ ရာခိုင်နှုန်းပြီးစီး၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရေလယ်တိုင် ဘိုးပိုင်တူးမည်

----- ----- ------ -------

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ရန်ကုန်-ဒလတံတားစီမံကိန်း၏ ယာယီတံတားထိုးခြင်းလုပ်ငန်း ၈ဝ ရာခိုင်နှုန်း ပြီးစီးနေပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရေလယ်တိုင်ဘိုးပိုင် (Bored Pile) တူးခြင်း လုပ်ငန်း စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်မြစ်အတွင်း မြစ်အလယ် မီတာ ၃ဝဝ အကျယ်ကို ရေလမ်းကြောင်း ထားရှိပေးကာ ဒလဘက်ခြမ်းနှင့် ရန်ကုန်ဘက်ခြမ်း(ဘုန်ကြီးလမ်း)တို့တွင် ယာယီတံတားထိုးခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုလလယ်တွင် ယင်းလုပ်ငန်းစဉ်များ ပြီးစီးမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ တာ ဝန်ရှိသူတဦးက ပြောသည်။

''နောက် ၂ ပတ်လောက်မှာဆိုရင် ဘိုးပိုင်တူးမယ့် working platform ပေါ့။ ဘိုးပိုင်တူးမယ့် နေရာဘေးပတ်လည်မှာ working platform ဆောက်မယ်။ အောက်က သံပိုက်နဲ့ Foundation ကို ရေထဲမှာ ၂ဝ မီတာလောက်ရိုက်ပြီးတော့ ပတ်ချာလည်မှာ ယာယီတံတားသဘောမျိုးလုပ်မယ်။ လက်ရှိ ယာယီတံတားက တော့ အရှည်လိုက်လုပ်တာ။ working platform ကတော့ လေးထောင့်အကွက် ပုံစံဆောက်ရမှာ။ ယာယီတံတားရော၊ working platform ရောက ဒီလကုန် ပြီးမှာပါ။ ပြီးပြီဆိုရင် ဖေဖော်ဝါရီလဆန်းမှာ ရေလယ်တိုင် ၂ တိုင် PY(1)နဲ့ PY (2) လို့ခေါ်တာပေါ့။ အဲဒီ ၂ တိုင်အတွက် တတိုင်ကို ၂၃ လုံး တူးရမယ်။ အဲဒါက ဖေဖော်ဝါရီ ပထမပတ်မှာ တပြိုင်နက်တည်း စလုပ်မှာပါ''ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြစ်အတွင်း ဒလတံတား ရေလယ်တိုင်တည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်၍ ရေလမ်းကြောင်းကို အချက်ပြမီး ဗော်ယာ (Buoy)အနီ၊ အစိမ်းများချကာ ရေလမ်းကြောင်း နယ်နိမိတ်များ သတ်မှတ်သည့် လုပ်ငန်းစဉ်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ဆောင်ရွက်ထားပြီးဖြစ်၍ ပင်လယ်ကူး သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ စက်တပ်သမ္ဗန်များ၊ ငါးဖမ်းလှေငယ်များအနေဖြင့် တံတားစီမံကိန်းအနီး သတ်မှတ်ထားသည့် ရေလမ်းကြောင်းအတိုင်းသာ ဖြတ် သန်းမောင်းနှင်ရမည် ဖြစ်သည်။

ယာယီတံတားထိုးခြင်းနှင့်အတူ တံတားစီမံကိန်းတခုလုံးအတွက် ဆောင်ရွက်နေမှုအခြေအနေအရ ဒလနှင့်ရန်ကုန်ဘက်ခြမ်းတို့တွင် Bored Pile တူးခြင်း၊ တံတားတစင်းလုံးအတွက် လိုအပ်သည့် သံချောင်းတန်ချိန် ၂ သောင်းကျော်ကို ကိုရီးယားသမ္မတနိုင်ငံမှ သင်္ဘောဖြင့် အသုတ်လိုက်ခွဲကာ ၃ နှစ်အတွင်း အပြီး သယ်ယူရန်ဆောင်ရွက်နေခြင်း၊ လိုအပ်သည့်တံတားပေါင်၊ ရက်မများကို စက်ဆန်းရှိ မြန်မာ့မီးရထားပိုင်မြေနေရာတွင် ထုတ်လုပ်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်နေခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း တံတားဦးစီးဌာနမှ သိရသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားအမျိုး အစားမှာ သံမဏိကြိုးဆိုင်းတံတား၊ အမြင့် ၄၉ မီတာ၊ အကျယ် ၁၅၁ မီတာ၊ ပင်မ တံတားအရှည် ၁၉၃၆ ပေ(စုစုပေါင်း တံတားအရှည် ၆၁၄၃ ပေ၊ လေးလမ်းသွား တံတားဖြစ်ပြီး တည်ဆောက်ရေးကာလ ၃၉ လ သတ်မှတ်ထားကာ လက်ရှိအခြေ အနေအရ စီမံကိန်းကာလ ၃၄ လဝန်း ကျင် ကျန်ရှိနေသးကြောင်း သိရသည်

ကိုလင်း

(zawgyi)

ရန်ကုန်-ဒလ ယာယီတံတားထိုးခြင်းလုပ်ငန်း၈ဝ ရာခိုင်နှုန်းပြီးစီး၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရေလယ်တိုင် ဘိုးပိုင်တူးမည်

----- ------ ------- ---------- ------ -------

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ရန်ကုန်-ဒလတံတားစီမံကိန်း၏ ယာယီတံတားထိုးခြင်းလုပ်ငန်း ၈ဝ ရာခိုင်နှုန်း ပြီးစီးနေပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရေလယ်တိုင်ဘိုးပိုင် (Bored Pile) တူးခြင်း လုပ်ငန်း စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်မြစ်အတွင်း မြစ်အလယ် မီတာ ၃ဝဝ အကျယ်ကို ရေလမ်းကြောင်း ထားရှိပေးကာ ဒလဘက်ခြမ်းနှင့် ရန်ကုန်ဘက်ခြမ်း(ဘုန်ကြီးလမ်း)တို့တွင် ယာယီတံတားထိုးခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုလလယ်တွင် ယင်းလုပ်ငန်းစဉ်များ ပြီးစီးမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

''နောက် ၂ ပတ်လောက်မှာဆိုရင် ဘိုးပိုင်တူးမယ့် working platform ပေါ့။ ဘိုးပိုင်တူးမယ့် နေရာဘေးပတ်လည်မှာ working platform ဆောက်မယ်။ အောက်က သံပိုက်နဲ့ Foundation ကို ရေထဲမှာ ၂ဝ မီတာလောက်ရိုက်ပြီးတော့ ပတ်ချာလည်မှာ ယာယီတံတားသဘောမျိုးလုပ်မယ်။ လက်ရှိ ယာယီတံတားက တော့ အရှည်လိုက်လုပ်တာ။ working platform ကတော့ လေးထောင့်အကွက် ပုံစံဆောက်ရမှာ။ ယာယီတံတားရော၊ working platform ရောက ဒီလကုန် ပြီးမှာပါ။ ပြီးပြီဆိုရင် ဖေဖော်ဝါရီလဆန်းမှာ ရေလယ်တိုင် ၂ တိုင် PY(1)နဲ့ PY (2) လို့ခေါ်တာပေါ့။ အဲဒီ ၂ တိုင်အတွက် တတိုင်ကို ၂၃ လုံး တူးရမယ်။ အဲဒါက ဖေဖော်ဝါရီ ပထမပတ်မှာ တပြိုင်နက်တည်း စလုပ်မှာပါ''ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြစ်အတွင်း ဒလတံတား ရေလယ်တိုင်တည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်၍ ရေလမ်းကြောင်းကို အချက်ပြမီး ဗော်ယာ (Buoy)အနီ၊ အစိမ်းများချကာ ရေလမ်းကြောင်း နယ်နိမိတ်များ သတ်မှတ်သည့် လုပ်ငန်းစဉ်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ဆောင်ရွက်ထားပြီးဖြစ်၍ ပင်လယ်ကူး သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ စက်တပ်သမ္ဗန်များ၊ ငါးဖမ်းလှေငယ်များအနေဖြင့် တံတားစီမံကိန်းအနီး သတ်မှတ်ထားသည့် ရေလမ်းကြောင်းအတိုင်းသာ ဖြတ် သန်းမောင်းနှင်ရမည် ဖြစ်သည်။

ယာယီတံတားထိုးခြင်းနှင့်အတူ တံတားစီမံကိန်းတခုလုံးအတွက် ဆောင်ရွက်နေမှုအခြေအနေအရ ဒလနှင့်ရန်ကုန်ဘက်ခြမ်းတို့တွင် Bored Pile တူးခြင်း၊ တံတားတစင်းလုံးအတွက် လိုအပ်သည့် သံချောင်းတန်ချိန် ၂ သောင်းကျော်ကို ကိုရီးယားသမ္မတနိုင်ငံမှ သင်္ဘောဖြင့် အသုတ်လိုက်ခွဲကာ ၃ နှစ်အတွင်း အပြီး သယ်ယူရန်ဆောင်ရွက်နေခြင်း၊ လိုအပ်သည့်တံတားပေါင်၊ ရက်မများကို စက်ဆန်းရှိ မြန်မာ့မီးရထားပိုင်မြေနေရာတွင် ထုတ်လုပ်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်နေခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း တံတားဦးစီးဌာနမှ သိရသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားအမျိုး အစားမှာ သံမဏိကြိုးဆိုင်းတံတား၊ အမြင့် ၄၉ မီတာ၊ အကျယ် ၁၅၁ မီတာ၊ ပင်မ တံတားအရှည် ၁၉၃၆ ပေ(စုစုပေါင်း တံတားအရှည် ၆၁၄၃ ပေ၊ လေးလမ်းသွား တံတားဖြစ်ပြီး တည်ဆောက်ရေးကာလ ၃၉ လ သတ်မှတ်ထားကာ လက်ရှိအခြေ အနေအရ စီမံကိန်းကာလ ၃၄ လဝန်း ကျင် ကျန်ရှိနေသးကြောင်း သိရသည်။

ကိုလင်း
Crd. News Watch

We are life changers!
Expect better!
Your gateway to a richer life!
Let us guide you home!

EAIN LIN
Estate, Law Firm, Development and General Services Company
-No.659, Sat Myay Quarter, Dala-Twante Main Road, Near KBZ Bank, Dala Township, Yangon.
-Tower C2B, Room-0505, Time Square Condo, Botahtaung Tsp, Yangon.
Ph and Viber- 09 50 47 317, 09 50 25 841
Email- [email protected]

#ရွှေအိမ်လင်း
#ဒလ အိမ်ခြံမြေ
real estate

ဆိပ်ကမ်းမြို့သစ်ကြီးအဖြစ် မကြာခင်မြင်ခွင့်ရမည့် မြို့နယ်ဒလ==============================================ရှင်နော်၊ ဓာတ်ပု...
15/01/2020

ဆိပ်ကမ်းမြို့သစ်ကြီးအဖြစ် မကြာခင်မြင်ခွင့်ရမည့် မြို့နယ်ဒလ
==============================================

ရှင်နော်၊ ဓာတ်ပုံ -လင်းညွန့်

ရန်ကုန် မြို့လယ်ဧရိယာ ပန်းဆိုးတန်းလမ်း နှင့် ကမ်းနားလမ်းဆုံနေရာသို့ ရောက်တိုင်း ကားလမ်းကို အမောတကော ဖြတ်ပြေးတတ် သော လူအုပ်စုကြီး၊ ကမ်းနားလမ်းကို ကန့်လန့် ဖြတ်ထိုးထားသော လူကူးခုံးကျော်တံတား ပေါ်မှ ဖြတ်သန်းသွားလာနေကြသော လူအုပ်စုကြီး။ နေ့စဉ်နှင့်အမျှ ဤလူအုပ်စုကြီး သည် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့ သို့ အသွားအပြန်ကူးလူးနေကြသည်ကို ပန်းဆိုးတန်းတစ်ဝိုက် ကမ်းနားလမ်း ရောက်သည့်အခါတိုင်း မြင်တွေ့နေရလေ့ ရှိသည်။

ထိုမျှမက ရန်ကုန်မြစ်ကမ်း တစ်လျှောက် ဆိုက်ကပ်ထားသော စက်တပ် သမ္ဗန်ငယ်တို့ကလည်း ရန်ကုန်မြို့တစ်ဖက် ကမ်းတွင် မြင်တွေ့နေရသော သစ်ပင်အုပ် ကောင်းကောင်းရှိသည့် ဒလဟုခေါ်သော အရပ်ဒေသသို့ ခေါက်တုံ့ခေါက်ပြန် မောင်းနှင် နေကြသည်ကို တွေ့မြင်ခဲ့ရသည်။

ဒလမြို့နယ်သည် ဧရိယာ စတုရန်းမိုင် ၈၆ ဒသမ ၅၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းခွဲ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။ ဒလမြို့နယ်ကို ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်၊ ကျေးရွာပေါင်း ၅၄ ရွာရှိပြီး ကျေးရွာအုပ်စုဖွဲ့ ရာတွင် ၂၃ အုပ်စုရှိကြောင်း သိရသည်။

ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်အနက် ရပ်ကွက်ပုံစံမမှန်သည့် ရပ်ကွက် ၃ ရပ်ကွက် ရှိကြောင်း သိရသည်။ အဆိုပါ ရပ်ကွက်များ မှာ ရပ်ကွက်အဖြစ် သတ်မှတ်ထားသော်လည်း ရပ်ကွက်မြို့ပြအခြေအနေနှင့် ကိုက်ညီမှု မရှိ သည့် (ရေမပေးဝေနိုင်ခြင်း၊ အခွန်အခ မကောက်ခံနိုင်ခြင်း၊ အမှိုက်သိမ်းဆည်းမှု မပြုနိုင်ခြင်း)ကို တွေ့ရသည်။ ဒလမြို့နယ် အတွင်းရှိ ကျေးရွာများမှာ လယ်သမားအများစု နေထိုင်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်မှုများ ကြောင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်မှု၊ လျှပ်စစ်မီးလိုအပ်မှုများရှိကြောင်း သိရသည်။

ဒလတံတားသစ်ကြီး စတင်တည်ဆောက်

ရန်ကုန်တိုင်းဒေသကြီး၏ မြို့ပြစီမံကိန်း များ အကောင်အထည်ဖော်မည့် Master Plan ထဲတွင် ပါဝင်သည့် ဒလမြို့နယ်တွင် ယခုအခါ မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတား သစ်ကြီးကို စတင်တည်ဆောက်နေပြီဖြစ် သည်။

“တံတားပြီးတဲ့အခါ မြို့အနေနဲ့ ဘာတွေပြင်ဆင်ထားဖို့လိုလဲဆိုတော့ အခြေခံ အဆောက်အအုံဖြစ်တဲ့ လမ်းတွေကောင်းဖို့ လိုတယ်။ ရေစီးရေလာကောင်းဖို့လိုတယ်။ အဲဒီအပိုင်းကိုလည်း ရေဆင်းမြောင်းနဲ့ လမ်း အကျယ်ကို ဘယ်လောက်ယူမလဲဆိုတာတွေ ကို မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နဲ့ သက်ဆိုင်ရာကော်မတီတွေကို တင်ပြထားပြီး ဖြစ်ပါတယ်။ မြေပြင်လည်း တိုင်းတာထားပြီး ဖြစ်ပါတယ်။ ဘတ်ဂျက်ရဖို့အတွက်လည်း တင်ပြထားပြီး ဖြစ်ပါတယ်” ဟု ဒလမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့် မြင့်ကြည်က ပြောသည်။

ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒလမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၈ ရက်မှ ၂၃ ရက်အထိ တောင် ကိုရီးယားနိုင်ငံ ဆိုးလ်၊ အင်ချွန်း၊ ဘူဆန် တို့ရှိ ဆိပ်ကမ်းများတွင် သင်္ဘောဆိပ်ကမ်း များ တည်ဆောက်ထားမှုနှင့် ပတ်သက်၍ သွားရောက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြသည်။ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က “သင်္ဘော ဆိပ်ကမ်းအသစ်လည်းပဲ တည်ဆောက်မယ်၊ ဒလတံတားကြီးကလည်း ပြီးသွားတဲ့အခါ လမ်းအနေနဲ့ ဖွံ့ဖြိုးမှုကြံ့ခိုင်မှု အားနည်း ပါတယ်။ ဒါကြောင့် အဆင့်မြင့်တဲ့လမ်းတွေ အကောင်အထည်ဖော်ပေးဖို့ပေါ့။ ၂၀၂၀ ပြည့်နှစ်ကစပြီး အခြေခံလမ်းတွေ၊ တံတား တွေကို အဆင့်မြှင့်တင်ပေးဖို့အတွက်ကို အစိုးရဘတ်ဂျက်အနေနဲ့တော့ မဖြစ်နိုင်ဘူး ပေါ့။ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုနဲ့ နည်းပညာ ပိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မည်ဆိုရင် ဆိပ်ကမ်းတည်ဆောက်ပြီးတဲ့ အချိန်၊ တံတား ကြီးပြီးစီးသွားမယ့်အချိန်တွေမှာ လမ်းတွေရဲ့ အခြေအနေဟာလည်း အဆင့်မြင့်တဲ့လမ်း တွေ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်”
“ဒုတိယအချက်အနေနဲ့က ကျွန်မတို့ ဒလ မြို့ဟာ ဖွံ့ဖြိုးဆဲမြို့လည်း ဖြစ်တယ်။ အလုပ် လက်မဲ့ လူငယ်တွေလည်းပေါတဲ့အတွက် ကြောင့် ဖွံ့ဖြိုးလာတဲ့အခြေအနေနဲ့အတူ သူတို့ ရဲ့ ဘဝရပ်တည်ချက်ခိုင်မာဖို့အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို ဖွင့်ပေးဖို့လိုတယ်။ အခုသင်္ဘောဆိပ်ကမ်း အသစ်ကြီးတည်ဆောက်မှာမို့လို့ သင်္ဘော ဆိပ်ကမ်းနဲ့သင့်တော်မယ့် အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်မယ့် စက်ပြင်သင် တန်းကျောင်းမျိုး၊ နောက်ကုန်စည်စီးဆင်း ဖို့အတွက် နည်းပညာပိုင်းတွေကို ပံ့ပိုးပေးတဲ့ သင်တန်းတွေကိုကြိုပြီး ဖွင့်ထားပေးမယ်ဆိုရင် လူငယ်တွေအနေနဲ့ ဆိပ်ကမ်းတည်ဆောက်ပြီး တဲ့အချိန်မှာ ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းတွေ အနေနဲ့ ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ အခွင့်အရေး တွေပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် သူတို့ကို ကြိုပြီး သင်တန်းတွေပေးဖို့ လိုတယ်ဆိုတာ လည်း ပြောခဲ့တယ်”
ဘဝတွေအဆင့်မြင့်အောင်
“နောက်ပြီး ကျွန်မတို့က ရေရှားပါတယ်။ ရေချိုရဖို့က နည်းတဲ့အတွက်ကြောင့်မို့လို့ လယ်သမားတွေရဲ့ လယ်ယာပိုင်ဆိုင်မှု ကလည်းများတယ်။ ကျေးရွာကလည်း ၅၄ ရွာ ရှိတယ်။ ဒါကြောင့်မို့လို့ ရေချိုရရှိပြီးတော့ နှစ်သီးစား၊ သုံးသီးစားစိုက်နိုင်အောင် နည်းပညာတွေ အဆင့်အတန်းမြင့်အောင်၊ စိုက်ပျိုးရေးတွေအဆင့်မြင့်အောင်၊ လယ်သမား တွေရဲ့ ဘဝတွေအဆင့်မြင့်အောင်အတွက် လယ်သမားတွေကို နည်းပညာပိုင်းရော၊ စိုက်ပျိုးရေးအတွက် ငွေအားပါ၊ သွင်းအားစု၊ ကုန်ထုတ်စွမ်းအား၊ ပြည်ပပို့ကုန်အထိပါ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အကျိုးတူ လုပ်ငန်းတွေလည်း လုပ်ကိုင်ဆောင်ရွက်မယ် ဆိုရင် ကျွန်မတို့ကျေးရွာက လူတွေ၊ မြို့နယ် က ပြည်သူတွေ အချိန်မရွေးကြိုဆိုနေမှာပါ။ အဲဒီ ၃ ချက်ပေါ့။ အခြေခံလမ်းတွေကောင်းဖို့ ကျွန်မတို့ကြိုပြီး လုပ်ထားပေးဖို့လိုတယ်။

နည်းပညာပိုင်းမှာဝင်ပြီး တာဝန်ထမ်းဆောင် နိုင်အောင် အရည်အသွေးပြည့်မီတဲ့ သင်တန်း ကျောင်းတွေကို လူငယ်တွေအတွက် ဖွင့်ထား ပေးဖို့လိုတယ်။ နောက်လယ်သမားတွေအတွက် စိုက်ပျိုးဖို့ နည်းပညာမြှင့်ပြီး ပြည်ပပို့နိုင်တဲ့ အထိ သူတို့လုပ်အား၊ စွမ်းအား၊ ခွန်အားတွေနဲ့ မရတဲ့အတွက် နည်းပညာပိုင်းကော၊ ငွေအား ပိုင်းပါ အကျိုးတူပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ကျွန်မတို့ နယ်ခံလူငယ်တွေ မြို့ခံတွေ၊ လယ်သမားတွေရဲ့ ဘဝဟာ ငါးနှစ်နဲ့ ၁၀ နှစ် အတွင်းမှာ အလျင်အမြန်တိုးတက် ဖွံ့ဖြိုး လာမယ်ဆိုတာကို ကျွန်မက တင်ပြဆွေးနွေး ခဲ့တဲ့အတွက်ကြောင့် သူတို့ကလည်း ဒါကို သဘောကျတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အတွက်လည်း စိတ်ကူးတွေရှိပါတယ်”လို့ ပြောသည်။

လုပ်ငန်းများ စတင်ဆောင်ရွက်

လက်ရှိအချိန်တွင် ရေပေးဝေရေးအစီ အစဉ်နှင့် ပတ်သက်၍ မြေပြင် အကြိုလုပ်ငန်း များ စတင်ပြင်ဆင်ပြီး လာမည့်ဇန်နဝါရီလ တွင် လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

ကမ္ဘာ့အဆင့်မီ ဆိပ်ကမ်းသစ်ကြီး
ပေါ်လာမှာဖြစ်

ဒလမြို့နယ်အတွင်း တည်ဆောက် အကောင်အထည်ဖော်မည့် ဆိပ်ကမ်းသစ် ဧရိယာနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ သင်္ဘောကျင်းကို လျာထားတာတော့ လက်ရှိ ရှိနေတဲ့ အံ့ကြီးသင်္ဘောကျင်းပေါ့။ အဲဒီ ကမာအုံချောင်းကနေပြီး အံ့ကြီးအရှေ့ ရပ်ကွက်နဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်နေတဲ့ ဆိပ်ကမ်းအာဏာပိုင်၊ သမ္မတကမ်းခြေနဲ့ ဆက် စပ်နေတဲ့ ဆိပ်ကမ်းအာဏာပိုင်၊ စံပြတံတား ချောင်းမှာပါနေတဲ့ ဆိပ်ကမ်းအာဏာပိုင်နေရာ တွေဆိုတော့ ကမာအုံချောင်းကနေ စံပြ တံတားချောင်းဓနိတောအထိအောင် ပထမဦး စားပေး ငါးနှစ်နဲ့ ဒုတိယဦးစားပေး ငါးနှစ် ဆိုပြီး မြေပြင်တိုင်းတွာမှု လုပ်နေတဲ့အပိုင်းနဲ့ ၂၀၂၂ ခုနှစ်မှာ အကောင်အထည်ဖော်ပြီး ၂၀၂၇ ခုနှစ်မှာပြီးမယ့် ပထမပိုင်းတစ်ပိုင်း၊ သမ္မတ ကမ်းခြေနဲ့ စံပြတံတားချောင်းဓနိတောအထိဟာဆိုရင် ၂၀၂၇ ခုနှစ်ကနေ ၂၀၃၀ ပေါ့။ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ ဆယ်နှစ်တာကာလအတွင်းမှာ ကမ္ဘာ့အဆင့်မီ တဲ့ ဆိပ်ကမ်းသစ်ကြီးပေါ်လာမှာ ဖြစ်ပါတယ်” ဟု ဖြေကြားသည်။

သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၏ မထင်မရှားမြို့နယ်ငယ်လေးတစ်ခုဖြစ်သော ဒလမြို့နယ်ကို နိုင်ငံတကာအဆင့်မီ လမ်း တံတားများ၊ ခေတ်မီတိုက်တာအဆောက် အအုံများ၊ မြို့ပြဖွံ့ဖြိုးမှု အင်္ဂါရပ်များနှင့် ပြည့်စုံသော မြို့တစ်မြို့အဖြစ် မကြာမီမြင် တွေ့ခွင့်ရတော့မည်ဖြစ်သည်။ ။

Crd.Myanmaalinn

မြန်မာနိုင်ငံ အိမ် ခြံ မြေ မှာဆို ရန်ကုန်
ရန်ကုန်အိမ်ခြံမြေမှာဆို ဒလ (အလားအလာအရှိဆုံး)
ဒလဘက်ခြမ်း အိမ်ခြံမြေမှာဆို ရွှေအိမ်လင်းကို သတိရလိုက်ပါ
အကျိုးရှိမှာ အမှန်ပါ
ပြီးပြည့်စုံနေတာ
စိတ်ချမ်းသာရမှာ!

We are life changers!
Expect better!
Your gateway to a richer life!
Let us guide you home!

EAIN LIN
Estate, Law Firm, Development and General Services Company
-No.659, Sat Myay Quarter, Dala-Twante Main Road, Near KBZ Bank, Dala Township, Yangon.
-Tower C2B, Room-0505, Time Square Condo, Botahtaung Tsp, Yangon.
Ph and Viber- 09 50 47 317, 09 50 25 841
Email- [email protected]

#ရွှေအိမ်လင်း
#ဒလ အိမ်ခြံမြေ
real estate

ဒလတံတားရေလယ်တိုင် တည်ဆောက်ရေးလုပ်ငန်းစတင်၊ ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်း နယ်နိမိတ်သတ်မှတ်မြန်မာ-ကို...
03/12/2019

ဒလတံတားရေလယ်တိုင် တည်ဆောက်ရေးလုပ်ငန်းစတင်၊ ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်း နယ်နိမိတ်သတ်မှတ်

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ရန်ကုန်-ဒလတံတား ရေလယ်တိုင်တည် ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်၍ ပင်လယ်ကူးသင်္ဘောများဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းနယ်နိမိတ်များ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

လက်ရှိအချိန်တွင် ဖြတ်သန်းသွားလာခွင့်မပြုသောအပိုင်းတွင် အချက်ပြမီး အဝါများချ၍ပြသထားပြီး ယာယီတံတားပြီးစီးပါက ဖြတ်သန်းသွားလာနိုင်သည့် ရေလမ်းကြောင်းအဖြစ် ကမ်းနှစ်ဖက်မှ မြစ်အလယ် မီတာ ၃ဝဝ အကျယ် ရေလမ်း ကြောင်းထားရှိပေးမည်ဖြစ်ကာ ရေလမ်း ကြောင်းကို အချက်ပြမီး ဗော်ယာ အစိမ်း ၂ လုံး (၁ လုံးနှင့် ၁ လုံး မီတာ ၂ဝဝ အကွာ) နှင့် အနီ ၂ လုံး (၁ လုံးနှင့် ၁ လုံး မီတာ ၂ဝဝ အကွာ)ချပေးထားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဒုတိယရေကြောင်းဌာနမှူးချုပ် ဦးဝင်းမြင့်အောင်က ပြောသည်။

''ယာယီတံတားက ဒလဘက်ခြမ်းမှ စထိုးလာပြီ။ ရန်ကုန်ဘက်ခြမ်းကလည်း ပိုင်တွေရိုက်ပြီး စထိုးနေပြီ။ အဝါရောင်ဗော်ယာနားကို ယာယီတံတားတွေ ရောက် လာပြီဆိုရင် ဒလဘက်ခြမ်းမှာ အချက်ပြ မီးနီ ၂ လုံး၊ ရန်ကုန်ဘက်ခြမ်းမှာ အချက်ပြမီးစိမ်း၂ လုံးစီ ထပ်ချမယ်။ မီးအနီ ၂ လုံးနဲ့ အစိမ်း ၂ လုံးရဲ့ အကွာအဝေးဟာ မီတာ ၃ဝဝ ရှိတယ်။ ဒလဘက်ခြမ်းမှာဆိုရင် မီတာ ၂ဝဝ ကနေ ဒလဘက်ကမ်းအထိက လုပ်ငန်းခွင် ဧရိယာပေါ့။ ရန်ကုန်ဘက်ခြမ်းမှာလည်း ဒီလိုပဲ မီးအစိမ်း ၂ လုံးကနေပြီး ဟိုဘက်ကမ်းခြေအထိက လုပ်ငန်းခွင် ဧရိယာဖြစ်တယ်။ လုပ်ငန်းခွင်ဧရိယာတွင်းကို ရေပေါ်မှာသွားတဲ့ ပင်လယ်ကူးသင်္ဘော၊ စက်လှေ၊ ငါးဖမ်းလှေငယ်၊ ကုန်တင်ယာဉ် ဘာတခုမှ သွားလို့မရဘူး'' ဟု ၎င်းကပြောသည်။

ယင်းအတွက်ကြောင့် ရန်ကုန်မြစ်အတွင်းဖြတ်သန်းသွားမည့် ပင်လယ်ကူးသင်္ဘောများ၊ ကုန်တင် သင်္ဘောများ၊ စက်တပ်သမ္ဗန်များ၊ ငါးဖမ်းလှေငယ်များအနေဖြင့် တံတားစီမံကိန်းအနီး သတ်မှတ်ထားသည့် ရေလမ်းကြောင်း အတိုင်းသာ ဖြတ်သန်းမောင်းနှင်ခွင့်ရမည်ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

''ပင်လယ်ကူးသင်္ဘောမဟုတ်တဲ့ ကျန်တဲ့သင်္ဘောတွေဆိုရင် ကားလိုပဲ လက်ယာဘက်ခြမ်းကပ်မောင်းရမယ်။ ဗိုလ်တထောင်တို့ အဲဒီကနေ ဝင်တာတွေ၊ ကြည့်မြင်တိုင်တို့ တွံတေးတို့ သွားမှာတွေက မီးအစိမ်းဘက်ကို ကပ်မောင်းရမယ်။ အဲဒါမျိုးပဲ ကြည့်မြင်တိုင်တို့ တွံတေးဝတို့ဘက်နေ ဗိုလ်တထောင်ဘုရား ဘက်ကို သွားမှာတွေက မီးအနီဘက်ကိုကပ်မောင်းရမယ်။ ကိုယ်သွားမယ့်လားရာကို ကြည့်၊ လက်ယာဘက်ကို ကပ်မောင်းရမယ်။ ပိုင်းလော့တွေလိုက်ပါပြီး မောင်းတဲ့ပင်လယ်ကူးသင်္ဘောဖြတ်တဲ့အချိန်ကျလို့ရှိရင်တော့ ဘယ်သင်္ဘောမှ၊ ဘယ်စက်လှေမှ ဖြတ်လို့မရဘူး။ ဘာလို့လဲဆိုတော့ ပင်လယ်ကူးသင်္ဘောမောင်းတဲ့အချိန်မှာ ရှေ့ကနေ လမ်းရှင်းတဲ့လှေနှစ်စီးက ကျန်တဲ့သင်္ဘောတွေလှေတွေမဖြတ်ဖို့အတွက်ကို လိုက်လံအသိပေး ကြေညာမယ်''ဟု ဦးဝင်းမြင့်အောင်က ပြောသည်။

ထို့အပြင် ရေယာဉ်ကြီးများသွား လာချိန်တွင်ရပ်တန့်စောင့်ဆိုင်းပေးရမည့် နယ်နိမိတ်များ၊ ရေယာဉ်ကြီးများ လှည့် ပတ်ခြင်း၊ ကျောက်ချထားခြင်းပြုလုပ်ရာတွင် ကျော်လွန်ဖြတ်သန်း၍မရသည့် နယ်နိမိတ်မျဉ်း သတ်မှတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် သတိရှေ့ကိုက် ၅ဝဝ တွင် တံတားတည်ဆောက်ရေးလုပ်ငန်းခွင် ရှိသည်၊ ရေယာဉ်ကြီးများ ဖြတ်သန်းမောင်းနှင်စဉ် ရပ်တန့်စောင့်ဆိုင်းပေးရမည်၊ ဖြတ်သန်းချိန်တွင် တစီးနှင့်တစီးကျော်တက်ခြင်း မပြုရ၊ ရေယာဉ်များရေလမ်းကြောင်း၏ လက်ယာဘက်ခြမ်းကပ်၍ မောင်းနှင်ပေးရမည်၊ ဝန်ပါတွဲ/ဆွဲ ရေယာဉ်များ ရေစုန် ဖြင့် ဖြတ်သန်းမောင်းနှင်ခြင်းမပြုရ စသည့် စာသားများဖော်ပြထားသည့် သတိပေးဆိုင်း ဘုတ်များကို လည်း ဒလဘက်ခြမ်းတွင် ကုလားဘုရားအနီးနှင့် ဆာဗာချောင်အနီးတွင်လည်းကောင်း၊ ရန်ကုန်ဘက်ခြမ်းတွင် စဥ့်အိုးတန်း(၂)တံတားနှင့် ဝါးတန်း(၄)တံ တားနေရာလေးခုတို့တွင် LED ဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားစီမံကိန်း ရေကြောင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ကို တံတားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒလထွေအုပ်၊ ဆိပ်ကမ်းထွေအုပ်၊ ရေကြောင်းရဲတပ်ဖွဲ့၊ ရေတပ်၊ ပြည်တွင်းရေကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

လင်းလင်းအောင်
Crd . News Watch

We are life changers!
Expect better!
Your gateway to a richer life!
Let us guide you home!

EAIN LIN
Estate, Law Firm, Development and General Services Company
-No.659, Sat Myay Quarter, Dala-Twante Main Road, Near KBZ Bank, Dala Township, Yangon.
-Tower C2B, Room-0505, Time Square Condo, Botahtaung Tsp, Yangon.
Ph and Viber- 09 50 47 317, 09 50 25 841
Email- [email protected]

#ရွှေအိမ်လင်း
#ဒလ အိမ်ခြံမြေ
real estate

မြန်မာနိုင်ငံ အိမ် ခြံ မြေ မှာဆို ရန်ကုန်ရန်ကုန်အိမ်ခြံမြေမှာဆို ဒလ (အလားအလာအရှိဆုံး)ဒလဘက်ခြမ်း အိမ်ခြံမြေမှာဆို ရွှေအိမ်...
22/11/2019

မြန်မာနိုင်ငံ အိမ် ခြံ မြေ မှာဆို ရန်ကုန်
ရန်ကုန်အိမ်ခြံမြေမှာဆို ဒလ (အလားအလာအရှိဆုံး)
ဒလဘက်ခြမ်း အိမ်ခြံမြေမှာဆို ရွှေအိမ်လင်းကို သတိရလိုက်ပါ
အကျိုးရှိမှာ အမှန်ပါ
ပြီးပြည့်စုံနေတာ
စိတ်ချမ်းသာရမှာ!

We are life changers!
Expect better!
Your gateway to a richer life!
Let us guide you home!

EAIN LIN
Estate, Law Firm, Development and General Services Company
-No.659, Sat Myay Quarter, Dala-Twante Main Road, Near KBZ Bank, Dala Township, Yangon.
-Tower C2B, Room-0505, Time Square Condo, Botahtaung Tsp, Yangon.
Ph and Viber- 09 50 47 317, 09 50 25 841
Email- [email protected]

#ရွှေအိမ်လင်း
#ဒလ အိမ်ခြံမြေ
real estate

ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ် ဆက်သွယ်ထားသော  သခွပ်မြစ်တံတား အသစ် တည်ဆောက်မည်▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲...
11/11/2019

ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ် ဆက်သွယ်ထားသော သခွပ်မြစ်တံတား အသစ် တည်ဆောက်မည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ရန်ကုန် နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ ဆက်သွယ် တည်ဆောက် ထားသော သခွပ်မြစ်တံတားမှာ နှစ်ကာလရှည်ကြာပြီဖြစ်၍ အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ယခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

သခွပ်မြစ်တံတားကို အရှည်ပေ ၄၉၅ ပေ၊ တံတားတစ်ဖက်စီတွင် လူသွားလမ်း အပါအဝင် စုစုပေါင်း တံတားအကျယ် ၃၁ ပေ ဖြစ်ပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အုတ်မြစ်၊ တံတား၏ အပေါ်ထည်မှာ သံမဏိယက်မတို့ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ တံတား တည်ဆောက် ရေး လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃) တံတား အထူး အဖွဲ့(၁၁) မှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင်နှင့် တာဝန်ရှိသူ များက သခွပ်မြစ်တံတား တည်ဆောက်မည့် နေရာအား သွားရောက်ကြည့်ရှုခဲ့ကြသည်။

သခွပ်မြစ်တံတားသည် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ်၊ ဒေးဒရဲမြို့နယ်တို့ကို ဆက်စပ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်းလမ်းပေါ်တွင် တည်ရှိသော လမ်းဖြစ်ပြီး လက်ရှိအချိန်တွင် သခွပ်မြစ် တံတားဟောင်းပေါ်မှ နေ့စဉ် ယာဉ်အစီးရေ(၁၀၀၀) ကျော် ပုံမှန်သွားလာ အသုံးပြု လျက်ရှိကြောင်းသိရသည်။

သခွပ်မြစ်တံတားကို ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့သည်။ နှစ်ကာလရှည်ကြာမှုနှင့်အတူ တံတားကြံ့ခိုင်မှု အားနည်းခြင်းတို့ကြောင့် အသစ်ပြန်လည် တည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)
Crd. MOI Webportal Myanmar

We are life changers!
Expect better!
Your gateway to a richer life!
Let us guide you home!

SHWE EAIN LIN
Real Estate, Law Firm, Development and General Services Company
-No.659, Sat Myay Quarter, Dala-Twante Main Road, Near KBZ Bank, Dala Township, Yangon.
-Tower C2B, Room-0505, Time Square Condo, Botahtaung Tsp, Yangon.
Ph and Viber- 09 50 47 317, 09 50 25 841
Email- [email protected]

နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သည့်  ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ရာတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ထည့်သွင်းသွားမည်==...
06/11/2019

နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သည့် ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ရာတွင်
မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ထည့်သွင်းသွားမည်
===================================================

နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သည့် ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ရာတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီး ဦးအက်စ်ကေမြတ် သူက ပြောသည်။
]]အဆင့်မြှင့်တင်မှုလုပ်ငန်းတွေအ တွက် အခုစတင်လေ့လာနေပါပြီ။ ဒီထဲမှာ မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းတွေလည်း ထည့် သွင်းသွားမှာဖြစ်ပါတယ်}}ဟု ယင်းက ပြောသည်။
ဒလသင်္ဘောကျင်းသည် ၁၈၅၂ ခု နှစ် အစောပိုင်းတွင်တည်ဆောက်ခဲ့ရာ ယနေ့တွင် ၁၆၇ နှစ်တိုင်ရှိခဲ့ပြီဖြစ်သည့် အတွက် ခေတ်နှင့်အညီ စွမ်းဆောင်ရည် မြင့်မားသော ခေတ်မီသင်္ဘောကျင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန်စီစဉ် ထားခြင်းဖြစ်ကြောင်းသိရသည်။ ဒလ သ င်္ဘောကျင်းသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်း ခြောက်ခု အနက် ရှေးအကျဆုံးနှင့် အကြီး ဆုံးသ င်္ဘောကျင်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တစ် ဖက်ကမ်းရှိ ဒလမြို့တွင်တည်ရှိကြောင်း သိရသည်။ သင်္ဘောကျင်းသည် အကျယ် အဝန်းအားဖြင့် ဧက ၃၀ ခန့်ရှိပြီး ဒလသ င်္ဘောကျင်းမှ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်များကို စီမံချက်ရေးဆွဲ၍ ပြင်ဆင် မွမ်းမံခြင်း၊ ပို့ဆောင်မှုလိုအပ်ချက်နှင့် ဒေသရေကြောင်းအခြေအနေ လိုအပ် ချက်များအရ ရေယာဉ်ပုံစံထုတ်လုပ်ခြင်း နှင့် တည်ဆောက်ပေးခြင်း၊ ရေယာဉ်သစ် တည်ဆောက်မှုနှင့် မွမ်းမံပြင်ဆင်မှုများ တွင် လိုအပ်သောရေယာဉ်ဆိုင်ရာပစ္စည်း များနှင့် စက်ပိုင်းဆိုင်ရာ ပစ္စည်းများထုတ် ပေးခြင်း၊ အခြားအစိုးရဌာနများပိုင်ရေ ယာဉ်များကို လိုအပ်သလို တည်ဆောက် ပြုပြင်မှု လုပ်ငန်းများကို လက်ခံဆောင် ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိ ကြောင်းသိရသည်။
ဒလသင်္ဘောကျင်းမှ အသစ်တည် ဆောက်ခဲ့သော ရေယာဉ်များသည် ၁၉၈၈ ခုနှစ်မှ အစိုးရသစ် ဒုတိယသက် တမ်း ကာလအထိ ၃၉ စင်းရှိပြီဖြစ်ကာ ပုံ စံပြောင်း တည်ဆောက်ခဲ့သော ရေယာဉ်၊ တွဲယာဉ် အစင်း ၂၀ ရှိကြောင်း သိရ သည်။ ဒလသင်္ဘောကျင်းတွင် တာဝန်ယူ ဆောင်ရွက်သည့်လုပ်ငန်းများကို စီမံကိန်း လျာထားချက်ပါအတိုင်း ပြည့်ဝစွာ ဆောင် ရွက်နိုင်ရန်အတွက် ဝန်ထမ်း စုစုပေါင်း ၂၁၉ ဦးဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည့်ရည်ဖူး (သတင်းဓာတ်ပုံ)

(Unicode)
နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သည့် ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ရာတွင်
မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ထည့်သွင်းသွားမည်
===================================================

နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သည့် ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ရာတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီး ဦးအက်စ်ကေမြတ် သူက ပြောသည်။
]]အဆင့်မြှင့်တင်မှုလုပ်ငန်းတွေအ တွက် အခုစတင်လေ့လာနေပါပြီ။ ဒီထဲမှာ မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းတွေလည်း ထည့် သွင်းသွားမှာဖြစ်ပါတယ်}}ဟု ယင်းက ပြောသည်။
ဒလသင်္ဘောကျင်းသည် ၁၈၅၂ ခု နှစ် အစောပိုင်းတွင်တည်ဆောက်ခဲ့ရာ ယနေ့တွင် ၁၆၇ နှစ်တိုင်ရှိခဲ့ပြီဖြစ်သည့် အတွက် ခေတ်နှင့်အညီ စွမ်းဆောင်ရည် မြင့်မားသော ခေတ်မီသင်္ဘောကျင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန်စီစဉ် ထားခြင်းဖြစ်ကြောင်းသိရသည်။ ဒလ သ င်္ဘောကျင်းသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်း ခြောက်ခု အနက် ရှေးအကျဆုံးနှင့် အကြီး ဆုံးသ င်္ဘောကျင်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တစ် ဖက်ကမ်းရှိ ဒလမြို့တွင်တည်ရှိကြောင်း သိရသည်။ သင်္ဘောကျင်းသည် အကျယ် အဝန်းအားဖြင့် ဧက ၃၀ ခန့်ရှိပြီး ဒလသ င်္ဘောကျင်းမှ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်များကို စီမံချက်ရေးဆွဲ၍ ပြင်ဆင် မွမ်းမံခြင်း၊ ပို့ဆောင်မှုလိုအပ်ချက်နှင့် ဒေသရေကြောင်းအခြေအနေ လိုအပ် ချက်များအရ ရေယာဉ်ပုံစံထုတ်လုပ်ခြင်း နှင့် တည်ဆောက်ပေးခြင်း၊ ရေယာဉ်သစ် တည်ဆောက်မှုနှင့် မွမ်းမံပြင်ဆင်မှုများ တွင် လိုအပ်သောရေယာဉ်ဆိုင်ရာပစ္စည်း များနှင့် စက်ပိုင်းဆိုင်ရာ ပစ္စည်းများထုတ် ပေးခြင်း၊ အခြားအစိုးရဌာနများပိုင်ရေ ယာဉ်များကို လိုအပ်သလို တည်ဆောက် ပြုပြင်မှု လုပ်ငန်းများကို လက်ခံဆောင် ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိ ကြောင်းသိရသည်။
ဒလသင်္ဘောကျင်းမှ အသစ်တည် ဆောက်ခဲ့သော ရေယာဉ်များသည် ၁၉၈၈ ခုနှစ်မှ အစိုးရသစ် ဒုတိယသက် တမ်း ကာလအထိ ၃၉ စင်းရှိပြီဖြစ်ကာ ပုံ စံပြောင်း တည်ဆောက်ခဲ့သော ရေယာဉ်၊ တွဲယာဉ် အစင်း ၂၀ ရှိကြောင်း သိရ သည်။ ဒလသင်္ဘောကျင်းတွင် တာဝန်ယူ ဆောင်ရွက်သည့်လုပ်ငန်းများကို စီမံကိန်း လျာထားချက်ပါအတိုင်း ပြည့်ဝစွာ ဆောင် ရွက်နိုင်ရန်အတွက် ဝန်ထမ်း စုစုပေါင်း ၂၁၉ ဦးဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည့်ရည်ဖူး (သတင်းဓာတ်ပုံ)
Crd. Pyi Myanmar

We are life changers!
Expect better!
Your gateway to a richer life!
Let us guide you home!

SHWE EAIN LIN
Real Estate, Law Firm, Development and General Services Company
-No.659, Sat Myay Quarter, Dala-Twante Main Road, Near KBZ Bank, Dala Township, Yangon.
-Tower C2B, Room-0505, Time Square Condo, Botahtaung Tsp, Yangon.
Ph and Viber- 09 50 47 317, 09 50 25 841
Email- [email protected]

05/11/2019

Address

Yangon
11261

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+9595047317

Website

Alerts

Be the first to know and let us send you an email when SHWE EAIN LIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE EAIN LIN:

Share