Golden Pacific Ocean

Golden Pacific Ocean မှန်ကန်တိကျစွာဖြင့်လူကြီးမင်းတို့?

22/12/2020
စားသောက်ဆိုင်ဖွင်ရန်    ဆိုင်ခန်း ငှားဖို့အတွက် လူကြီးမင်းတို့အနေ ဖြင့် စဉ်စားရခက်နေပါသလား 🤔❓   နေရာကလမ်း မတန်း  လိူင်သာ...
08/01/2020

စားသောက်ဆိုင်ဖွင်ရန် ဆိုင်ခန်း ငှားဖို့အတွက် လူကြီးမင်းတို့အနေ ဖြင့် စဉ်စားရခက်နေပါသလား 🤔❓

နေရာကလမ်း မတန်း လိူင်သာယာ မှာ ဘဲ စီးပွားရေး လုပ်ချင်သူတွေ ဈေးသပ်သပ်သာသာလေး နဲ့ ဆိုင်ခန်းငှားပြီး စားသောက် ဆိုင် ဖွင်ချင်သူများ အတွက် ...........

ယခင် စားသောက်ဆိုင်ဖွင့်ထား
ဆိုင်ခန်း အကျယ် (15’ x 25 ) ၂ထပ်ဆိုင်ခန်း😱😱

♦️ လမ်းမတန်း ဘေး ၊ ကားလမ်း ဘေး စားသောက်ဆိုင်ဖွင့်ရန်
သင့်တော် သော နေရာ♦️

😱 အငှာဈေး 1 လ = 8L😱

♦️ကြော်ငြာ No - 30♦️
......
GPO ( Golden Pacific Ocean )
Real Estate Service Co.,Ltd
Tel :774708860 09-961862613, 09-961862781

တွံတေးမြို့ နယ်အတွင်းရှိ  ရွာမြေ  =  25 ' x  60’ရွာတိုးချဲ့မြေprice = 85 L♦️♦️ကြောငြာ No - 89......GPO ( Golden Pacific ...
07/01/2020

တွံတေးမြို့ နယ်အတွင်းရှိ
ရွာမြေ = 25 ' x 60’
ရွာတိုးချဲ့မြေ
price = 85 L

♦️♦️ကြောငြာ No - 89......
GPO ( Golden Pacific Ocean )
Real Estate Service Co.,Ltd
Tel :774708860 09-961862613, 09-961862781

"အိမ်ခြံမြေဈေးကွက် ပိုကောင်းလာဖို့ မျှော်လင့်နေကြတဲ့ ၂၀၂၀"အပြောင်းအလဲတွေ၊ အရှုပ်အထွေးတွေနဲ့ ပြည့်နေတဲ့ ၂၀၁၉ ခုနှစ်ကို ကျ...
07/01/2020

"အိမ်ခြံမြေဈေးကွက် ပိုကောင်းလာဖို့ မျှော်လင့်နေကြတဲ့ ၂၀၂၀"

အပြောင်းအလဲတွေ၊ အရှုပ်အထွေးတွေနဲ့ ပြည့်နေတဲ့ ၂၀၁၉ ခုနှစ်ကို ကျော်လွန်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် မှာ အိမ်ခြံမြေကဏ္ဍအတွက် ဘယ်လိုအပြောင်းအလဲမျိုး တွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

၂၀၁၉ မှာဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေဟာ ၂၀၂၀ မှာ တိုးတက်လာဖို့ အရှိန်ယူနေသယောင်ရှိတယ် လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ အိမ်ခြံမြေကဏ္ဍတိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်ခဲ့ကြပေမဲ့ ထင်သလောက် ခရီးမရောက် ခဲ့တာကြောင့် နောက်နှစ်တွေမှာလည်း ပုံမှန်အတိုင်းပဲဆက်သွားနေနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကလည်း ရှိနေပြန်ပါတယ်။

အစိုးရက တိကျခိုင်မာတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်း တွေနဲ့ မူဝါဒတွေကို စနစ်တကျ ချမှတ်အကောင်အထည် ဖော်ပေးနိုင်မှသာ ၂၀၂၀ တစ်နှစ်လုံးအတွက် အိမ်ခြံမြေ ကဏ္ဍ ပိုမိုတိုးတက်လာနိုင်မှာဖြစ်ပြီး တစ်ဆက်တည်း မှာပဲ ဆောက်လုပ်ရေးကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်လို့ Success Property Consultant ကုမ္ပဏီမှ Property Sales Director ဦးကျော်စည်သူက ပြော ပါတယ်။

အိမ်ခြံမြေလောကရဲ့ အရေးကြီးကဏ္ဍတစ်ခုဖြစ်တဲ့ ကွန်ဒိုဈေးကွက်အတွက် ကွန်ဒိုဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းဥပဒေကို ၂၀၁၈ ခုနှစ်အတွင်းက ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေအရ နိုင်ငံခြားသား ဝယ်ယူခွင့်ရှိတာကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးလာပြီး အိမ်ခြံမြေကဏ္ဍတိုးတက်လာဖို့ မျှော်လင့် ခဲ့ကြပေမဲ့ လက်ရှိအချိန်ထိ ဈေးကွက်ထဲကို ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုချက်ရထားတဲ့ စီမံကိန်းတစ်ခုမှဝင်ရောက်မလာသေးပါဘူး။

ကွန်ဒိုမှတ်ပုံတင်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲ ရေးကော်မတီကို ၂၀၁၉ ခုနှစ် အစောပိုင်းက စတင်ဖွဲ့စည်းခဲ့ပေမဲ့ ဥပဒေပါလက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲတဲ့ အချက်တွေကြောင့် ယခုအချိန်ထိ ခွင့်ပြုချက်တွေကို ထုတ်ပေးနိုင်ခြင်း မရှိသေးပါဘူး။

ရန်ကုန်မှာ လက်ရှိအကောင်အထည်ဖော်နေတဲ့ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး ကွန်ဒိုစီမံကိန်းတွေ ထဲက စီမံခန့်ခွဲရေးကော်မတီကို ဥပဒေအရမှတ်ပုံတင်ဖို့ လာရောက်လျှောက်ထားတဲ့ စီမံကိန်းစုစုပေါင်း ၁၁ ခုသာရှိနေတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမ·းချုပ် ဦးမျိုးမြင့်က ဆိုပါတယ်။

ဒီထဲက ဥပဒေနဲ့မကိုက်ညီတဲ့ စီမံကိန်း သုံးခုကိုပယ်ဖျက်လိုက်ရင် ခွင့်ပြုပေးနိုင်တဲ့စီမံကိန်း ရှစ်ခုသာ ရှိပြီး မှတ်ပုံတင်ခွင့်ပြုချက်တွေကို ၂၀၂၀ အစောပိုင်းမှာ ထုတ်ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်အနေအထားအရ တန်ဖိုးသင့်တိုက်ခန်းတွေက အရောင်းအဝယ်သွက်တဲ့အနေအထားမှာရှိနေပြီး အဆိုပါတိုက်ခန်းတွေကို ရောင်းဝယ်နေကြသူတွေအတွက် တိကျခိုင်မာတဲ့ ဥပဒေတွေကို လက်ရှိအချိန်ထိ တရားဝင်ပြဋ္ဌာန်းမပေးနိုင်သေး ပါဘူး။ တိုက်ခန်းဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေဆိုင်ရာကျွမ်းကျင်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ အစိုးရက သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ၂၀၁၈ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာ တိုက်ခန်းဥပဒေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြထားပြီး လာမယ့် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တိုက်ခန်းဥပဒေကို လာမယ့်နှစ်ထဲမှာ စတင်အကောင်အထည်ဖော်ကျင့်သုံးနိုင်ခဲ့ရင် ရောင်းသူနဲ့ ဝယ်သူကြား ယုံကြည်မှု၊ ပိုင်ဆိုင်မှုတွေ ပိုခိုင်မာလာပြီး ဈေးကွက်ပိုမိုကောင်းမွန်လာမယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

အစိုးရရဲ့ မူဝါဒတွေအရ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတိုင်းအိမ်ပိုင်ဆိုင်နိုင်ဖို့ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွေကို ဒီနှစ်ပိုင်းတွေမှာ အင်တိုက်အားတိုက် အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြပြီး စိတ်ဝင်စားသူတွေလည်း အများအပြားရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ရာ အဓိကလိုအပ်နေသူတွေဟာ အခြေခံနဲ့ လူလတ်တန်းစားတွေဖြစ်တဲ့အတွက် အစိုးရရဲ့စီမံကိန်းတွေက ထိရောက်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်ထိလည်း အစိုးရက အိမ်ရာတွေကို နှစ်ရှည်ချေးငွေတွေ၊ အလှည့်ကျစနစ်တွေနဲ့ ရောင်းချပေးနေဆဲ ဖြစ်ပါတယ်။

စီးပွားရေးအရ ပုဂ္ဂလိကပိုင်းက ဆောက်လုပ်လာကြတဲ့ အဆင့်မြင့်အိမ်ရာ စီမံကိန်းကြီးတွေကတော့ ကြိုက်ရောင်းကြိုက်ဝယ် အနေအထားနဲ့သာ ရှိနေပြီး ဈေးကွက်လှုပ်ရှားမှု မရှိသေးတဲ့ အခြေအနေမှာပဲ ရှိနေ ပါတယ်။

အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး အဆိုပါကဏ္ဍတွေနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ နားလည်မှုလက်မှတ် ရေးထိုးတာတွေကို၂၀၁၉ ခုနှစ်အတွင်းမှာ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာ ခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်။

"ဒီအသင်းတွေပူးပေါင်းလာတာ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ လက်မှတ်ထိုးတာက ထိုးတာပဲရှိသေးတယ်။

လက်တွေ့မှာတော့ အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ဘာမှ တက်တကြွ်ကြွကလှုပ်ရှားတာ မရှိသေးဘူး"လို့ဦးမျိုးမြင့်က ပြောပါတယ်။

အိမ်ခြံမြေကဏ္ဍထဲမှာ အရောင်းအဝယ် ပိုဖြစ်လာဖို့ အတွက် ဝန်ဆောင်မှုတွေကို အပြိုင်အဆိုင်ပိုပေးလာ ကြပြီး ဝယ်ယူသူတွေအနေနဲ့ ရွေးချယ်စရာပိုမိုများပြားလာတဲ့ အနေအထားမှာ ရှိနေကြောင်း၊ ဝယ်သူတွေရဲ့ခေတ် ဖြစ်နေတဲ့ အတွက် လက်ရှိအချိန်ဟာ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးအချိန်တစ်ခုဖြစ်တယ်လို့ ShweProperty.com ရဲ့ တည်ထောင်သူ ဦးကောင်းသူဝင်းက ပြောပါတယ်။

ကွန်ဒိုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့သူတစ်ယောက်က တစ်နှစ်အတွင်းမှာ ကွန်ဒိုမှာ ရင်းနှီးလိုက် တဲ့ ပမာဏရဲ့ ဘယ်လောက်ရာခိုင်နှုန်း ပြန်ရမလဲဆိုတာ တွက်ချက်ကြပါတယ်။ ဒီတော့ အငှားဈေးနှုန်းကျသွားလေ ကွန်ဒိုဘက်ကို ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေက နည်း နည်း တွန့်ဆုတ်သွားလေဖြစ်တတ်ပါတယ်။

လက်ရှိမြန်မာပြည်ရဲ့ ကွန်ဒို အခန်းအရေအတွက်က နိုင်ငံ တကာနဲ့ယှဉ်ရင် အလွန်နည်းပါးတဲ့ အနေအထားမှာရှိနေပါတယ်။ ရန်ကုန်မှာ နှစ်စဉ်ပျမ်းမျှ ငှားရမ်းနိုင်တဲ့ ကွန်ဒိုအခန်းအရေအတွက်က ၆,ဝ၀ဝ နဲ့ ၈,ဝ၀ဝ ကြားသာရှိတဲ့အတွက် သောင်းဂဏန်းဝန်းကျင်ခန့်ရှိတဲ့ နိုင်ငံခြားသား အရေအတွက်ကို လုံလောက်အောင် ငှားရမ်းပေးနိုင်ခြင်း မရှိသေးကြောင်း၊နောက်ထပ် ငါးနှစ်နဲ့ ၁၀ နှစ်ခန့် ကြိုးစားဆောက်လုပ်ရဦး မှာ ဖြစ်တယ်လို့လည်း ဦးကျော်စည်သူက ဆိုပါတယ်။

စီးပွားရေးကဏ္ဍတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာဖြစ်တဲ့အတွက် နိုင်ငံရဲ့စီးပွားရေး ကောင်းလာဖို့ အစိုးရက ခိုင်မာပြီး အကျိုးရှိတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို မြန်မြန်သွက်သွက် ချထားပေးဖို့ လိုအပ်တယ်လို့လဲ ဦးကျော်စည်သူက ပြောပါတယ်။

အိမ်ခြံမြေကဏ္ဍအတွက် ၂၀၁၉ ခုနှစ်မှာ အစိုးရဘက် က ဖြေလျှော့ပေးမှုတစ်ခုအဖြစ် အခွန်စည်းကြပ်မှုကကင်းလွတ်နေတဲ့ ဝင်ငွေခွန်တွေနဲ့ အိမ်ခြံမြေဝယ်ယူတဲ့သူတွေကို ကောက်ခံတဲ့ အခွန်နှုန်းထားတွေကို ၂၀၁၉−၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေနဲ့ လျှော့ချပေးခဲ့ပါတယ်။

အဆိုပါဥပဒေကို ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ တရားဝင်အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အောက်တိုဘာမှာ စတင်ကျင့်သုံးခဲ့ပါတယ်။ ဥပဒေ စတင်ကျင့်သုံးပြီးနောက် အရောင်းအဝယ်က တဟုန်ထိုး တိုးတက်မလာခဲ့ပေမဲ့ အရောင်းအဝယ် ထိုက်သင့်သလောက်တော့ တိုးတက်လာတာ တွေ့ရတယ်လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

၂၀၁၉ ခုနှစ် တစ်နှစ်လုံးအတွက်တော့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကဏ္ဍဟာ အများမျှော်လင့်ခဲ့သလို အလွန် ကောင်းမွန်ခဲ့တဲ့ နှစ်တစ်နှစ်အဖြစ် သတ်မှတ်လို့မရနိုင်ခဲ့ဘဲ အလားအလာမကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

လာမယ့် ၂၀၂၀ မှာတော့ ၂၀၁၉ မှာ ပြောင်းလဲသွား ခဲ့တဲ့ အပြောင်းအလဲတွေရဲ့ အကျိုးဆက်ကို စတင်ခံစားကြရမှာဖြစ်တဲ့အတွက် ယခုနှစ်ထက် ပိုမိုကောင်းမွန်လာမယ့် နှစ်အဖြစ် မျှော်လင့်နေကြပါတယ်။ အစိုးရက ပိုမိုကောင်း မွန်တဲ့ မူဝါဒတွေကို ၂၀၂၀ မှာ ချမှတ်လာနိုင်တယ်လို့ လည်း အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထား ကြပါတယ်။

မျှော်လင့်ချက်အပြည့်နဲ့ မကြာခင်မှာ ရောက်ရှိလာတော့မယ့် ၂၀၂၀ ပြည့်နှစ်မှာ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကဏ္ဍဟာ အများမျှော်လင့်ထားသလို အပေါင်း လက္ခဏာဆောင်တဲ့ အဖြစ်အပျက်တွေ စောင့်ကြိုနေမလားဆိုတာတော့ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
Credit: MMTime
GPO Real Estate

လိူင်သာယာမြို့နယ်အတွင်းရှိ Land = 20' x  60‘အိမ်    = 18’x 25‘အုပ်ညှပ်အိမ် ပါမစ်မြေ price  =  1550Lလမ်းမတန်း အနီး ၊ သွား...
07/01/2020

လိူင်သာယာမြို့နယ်အတွင်းရှိ
Land = 20' x 60‘
အိမ် = 18’x 25‘
အုပ်ညှပ်အိမ်
ပါမစ်မြေ
price = 1550L

လမ်းမတန်း အနီး ၊ သွားလာရလွယ် ကူပြီး ၊ ဈေး ၊ ကျောင်းတို့ နှင့် အနီးအနားတွင် ရှိသော နေရာအချက်ချာကျသော နေရာလေး ဖြစ်ပါတယ်ရှင့်....
♦️ကြောငြာ No - 93
.......
GPO ( Golden Pacific Ocean )
Real Estate Service Co.,Ltd
Tel :774708860 09-961862613, 09-961862781

"ကွန်ဒိုမီနီယံ အဆောက်အအုံအဆင့်ရှိမရှိ စိစစ်ရန်ဆောင်ရွက်နေမှု ၈ဝ ရာခိုင်နှုန်းကျော်ပြီးစီး"ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ...
07/01/2020

"ကွန်ဒိုမီနီယံ အဆောက်အအုံအဆင့်ရှိမရှိ စိစစ်ရန်ဆောင်ရွက်နေမှု ၈ဝ ရာခိုင်နှုန်းကျော်ပြီးစီး"

ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက်အအုံအဆင့် ရှိမရှိ စိစစ်ရန်ဆောင်ရွက်နေမှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ ကြီးကြပ်ရေးကော်မတီမှ သိရသည်။

"လက်ရှိမှာ အစည်းအဝေးတွေလုပ်နေတာ။ တချို့ အချက်အလက်လေးတွေက နည်းနည်းလေးလုပ်ဖို့ကိုင်ဖို့ လိုနေလို့။ အဖွဲ့အစည်းပေါင်းစုံနဲ့ ညှိနေတယ်။ ဆောင် ရွက်နိုင်ဖို့ကတော့ မကြာတော့ပါဘူး။ ရာခိုင်နှုန်းအားဖြင့် တော့ ဆောင်ရွက်နေမှုတွေက ၈၀ ရာခိုင်နှုန်းကျော်လောက် ပြီးသွားပါပြီ။ အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်ဆေးမှု တွေမှာ တကယ်တမ်းကွန်ဒိုမဟုတ်ရင်တော့ နောက်ပိုင်း ကျရင် ကွန်ဒိုတပ်ခွင့် မပေးတော့ဘူး" ဟု ရန်ကုန်တိုင်း ဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီဝင်၊ မြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ဒီဇင်ဘာ ၂ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကွန်ဒိုမီနီယံ ဥပဒေထွက်ပေါ်ခဲ့ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကိုထုတ်ပြန်ခဲ့ကြောင်း၊ နည်းဥပဒေထုတ် ပြန်ပြီးနောက် ကွန်ဒို မီနီယံဥပဒေကို အကောင်အထည် ဖော်နိုင်ရန် ကြီးကြပ်ရေးကော်မတီရှိရန် လိုအပ်ခြင်း ကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒို မီနီယံနှင့်ပတ်သက်သော ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံတိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက် အအုံအဆင့်ရှိမရှိစိစစ်ပြီး သတ်မှတ်ချက်နှင့်မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

"ဒီတစ်လလောက်အတွင်းမှာပဲ ဆောင်ရွက်မှာပါ။ ပရောဂျက် ၂၄ ခုရှိတဲ့ဟာက နောက်လမှာစပြီးတော့ ပရောဂျက် ၁၅ ခုလောက် စတင်ပါပြီ။ သူတို့က တင်ပြ မယ်။ ဒီနှစ်မကုန်ခင်မှာ စတင်နိုင်ပါမယ်။ သူတို့ရဲ့ တင်ပြလာတဲ့ ပရောဂျက်ကို အခန်းတွင်းတန်ဖိုးနဲ့တွက် ချက်ပြီးတော့ အကြမ်းဖျင်းတွဲတင်ရမယ်။ တင်တဲ့အခါမှာ ခံဝန်ထိုးပြီးရင် ကျွန်တော်တို့က လိုအပ်တာတွေ စိစစ် ပြီးတော့ အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ စတင်ခွင့်ပြုသွားမှာပါ"ဟု ၎င်းက ပြောသည်။

ကွန်ဒိုတိုက်ခန်း တစ်ခန်းချင်းစီ၏ တန်ဖိုးများကို တွက်ချက်နိုင်သည့် ပညာရှင်များမရှိသေးသည့်အတွက် မွေးထုတ်ရန်ပြင်ဆင်နေပြီး စင်ကာပူနိုင်ငံမှ ပညာရှင်က သင်ကြားပေးမည်ဖြစ်ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီက PE ရရှိထားသူများနှင့် မြန်မာနိုင်ငံဗိသုကာ ကောင်စီမှ SLA ရရှိထားသူများ ယင်းသင်တန်းသို့ တက်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ ကြီးကြပ်ရေးကော်မတီမှ စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးထားပြီးဖြစ်သော်လည်း ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်း တစ်လုံးမျှတည်ဆောက်ခြင်းမရှိသေး ကြောင်း သိရသည်။

ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုမီနီယံများမှာ အနည်း ဆုံး ခြောက်ထပ်နှင့်အထက်ရှိရမည်ဖြစ်ကာ အကျယ် အဝန်းအားဖြင့် ၂၀ဝ၀ဝ စကွဲယားဖိ အထက်ကျော်လွန် သောမြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက် အအုံဖြစ်ရမည်ဖြစ်ကြောင်း၊ ကွန်ဒိုမီနီယံဥပဒေသစ်အရ ယခင်ကဲ့သို့ မြေပိုင်ရှင်တစ်ဦးတည်း အမည်ပေါက်မဟုတ် တော့ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကို အပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင်မြေမှ အများ ပိုင်မြေအဖြစ် လွှဲပြောင်းရမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ကွန်ဒိုမီနီယံအဆောက်အအုံတစ်ခုတွင် ထွက်ရှိလာမည့် တိုက်ခန်း၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံ ခြားသားများအနေဖြင့် မိမိနိုင်ငံဘဏ်မှ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘဏ်သို့ တရားဝင်ငွေလွှဲပြောင်းဝယ်ယူရ မည်ဖြစ်ကြောင်း သိရသည်။

Credit: MMTime
GPO Real Estate

လိူင်သာယာ မြို့နယ် ထဲမှာ လူကြီးမင်းတို့ မိမိကိုပိုင်အိမ်လေးကို မိမိတိုယ်တိုင်စိတ်တိုင်း ကျ ဆောက်လုပ်ပြီးနေထိုင်ချင်သူတွေ...
07/01/2020

လိူင်သာယာ မြို့နယ် ထဲမှာ လူကြီးမင်းတို့ မိမိကိုပိုင်အိမ်လေးကို မိမိတိုယ်တိုင်စိတ်တိုင်း ကျ ဆောက်လုပ်ပြီးနေထိုင်ချင်သူတွေ မြေနှင့်ခြံသီးသန့် ဝယ်,ယူလိုသူများအနေဖြင့် မြေ နှင့်ခြံ ကို ခြံကလည်းခတ်ထားရမယ် မြေနေရာကျယ်ကျယ်လေးနဲ့ ဈေးနူန်းကလည်း အသင့်သင့်ရှိရမယ် ဆိုတဲ့ လူကြီးမင်းများ ရှင့်...

လိူင်သာယာ မြို့နယ်ထဲ ၌ သွားလာရလွယ်ကူပြီး ၊ ကားဂိတ်၊ ကျောင်း ၊ city mart များ ဆေးရုံ များ အနီးအနားတွင် ရှိသော......

♦️ land = 140 x 60

♦️ဂရန်အမည်ပေါက်

♦️ခြံခတ်ပြီး

♦️ price = 2500L


အဆိုပါ မြေ နှင့် ခြံ ကို လူကြီးမင်းများ အနေ စိတ်ပါဝင်စား ဝယ်ယူ ပိုင်ဆိုင်လို ပါ က အောက်ဖော်ပြ ပါ ဖုန်း No များကို ဆက်သွယ် စုံစမ်း မေးမြန် ဝယ်ယူနိင်ပါပြီ ရှင့်.....
♦️ကြော်ငြာ No -79......
GPO ( Golden Pacific Ocean )
Real Estate Service Co.,Ltd
Tel :774708860 09-961862613, 09-961862781

''နေထိုင်ဖို့ အိမ်ငှားသူတွေ ဈေးသက်သာတာ ရှာငှားလာ''နေအိမ်နဲ့ တိုက်ခန်းတွေကို နေထိုင်ဖို့အတွက် ငှားရမ်းကြရာမှာ ဈေးနှုန်းသက...
07/01/2020

''နေထိုင်ဖို့ အိမ်ငှားသူတွေ ဈေးသက်သာတာ ရှာငှားလာ''

နေအိမ်နဲ့ တိုက်ခန်းတွေကို နေထိုင်ဖို့အတွက် ငှားရမ်းကြရာမှာ ဈေးနှုန်းသက်သာတဲ့နေရာနဲ့ အထပ်မြင့်တွေကို ပိုမိုငှားရမ်းနေထိုင်လာကြတယ်လို့ သိရပါတယ်။

သာကေတမြို့နယ် အနော် မာရပ်ကွက် အိမ်ငှားလုပ်ကိုင်သူ မသီတာက “နယ်ကလာတဲ့ သူအ များစုက မိသားစုဝင်ငွေနဲ့ တွက် ချက်ပြီး ဈေးနည်းတဲ့ ရပ်ကွက်တွေ ပိုငှားဖြစ်တယ်၊ အများစုက နှစ် သိန်းဝန်းကျင်လောက်အထိပဲ ငှား တာများတယ်၊သုံးသိန်း၊ လေးသိန်း ဆို သူတို့ဝင်ငွေနဲ့ အိမ်ငှားနေစရိတ် များလို့ မငှားဖြစ်ဘူး၊ ဒါကြောင့် သာကေတ၊ တာမွေဘက်တွေ ဈေးသိပ်မများတာကြောင့် အငှား ပိုများတာမျိုး တွေ့ရတယ်”လို့ ပြောပါတယ်။

သာကေတမြို့နယ်မှာက နယ် က လာသူတွေအများစုငှားဖြစ်ကြ ပြီး ဈေးနှုန်းကလည်း အသင့်အ တင့် ရှိတယ်။ သာကေတမြို့နယ် အနော်မာရပ်ကွက်၊ ဒေါပုံ၊ သင်္ဘောကျင်းဘက်တွေမှာ နေရာ ဒေသအလိုက် အငှားဈေးနှုန်းမှာ တစ်သိန်းကနေ သုံးသိန်းကျော် ကျော်လောက်သာ အငှားဈေးရှိ နေပါတယ်။ သာကေတ အနော် မာရပ် ကွက်မှာ လုံးချင်းအိမ်အငှား တွေရော တိုက်ခန်းအငှားတွေပါ နှစ်မျိုးလုံး အငှားဖြစ်ကြ တာကို တွေ့ရပါတယ်။ လုံးချင်းအိမ် အ ငှားဈေးနှုန်းမှာ နှစ်သိန်း၊ နှစ်သိန်း ခွဲ၊ တိုက်ခန်းတွေမှာ ၁၅ ပေ x ပေ ၆၀ အကျယ်တွေဆို မြေညီ ထပ်ကို သုံးသိန်းကျော်၊ အထပ်မြင့် အ လိုက် ကွာခြားပြီး နှစ်သိန်းဝန်း ကျင်လောက်သာ ရှိပါတယ်။ အငှားအများစုမှာ နယ်ကလာပြီး ပန်းထိမ်လုပ်သူတွေ အငှားပိုများ တာကို တွေ့ရတယ်လို့ သာကေ တမြို့နယ်မှာ နေထိုင်သူ မသီသီ က ပြောပါတယ်။

ဒါ့အပြင် ဒေါပုံသင်္ဘောကျင်း ရပ်ကွက်တွေမှာ အငှားဈေးနှုန်း တွေက တစ်သိန်းကျော်လောက် ကစပြီး ရှိပါတယ်။ တချို့အခန်း တွေဆို စပေါ်သိန်း ၂၀ တင်ရင် ကျပ် ၉၀,ဝဝဝ၊ စပေါ်သိန်း ၃၀ တင် ရင် ကျပ် ၈၀,ဝဝဝ၊ တစ်သိန်း စတဲ့ ဈေးနှုန်းအနေအထားရှိ ပြီး အငှား ဖြစ်နေတာကို တွေ့ရပါ တယ်။

တာမွေမြို့နယ်တစ်ဝိုက်မှာ တာမွေဈေးဝန်းကျင်၊ ယုဇနပလာ ဇာဝန်းကျင်တွေမှာ အဆောင်စု ငှားနေသူတွေ များနေပါတယ်။ တစ်သိန်းခွဲဝန်းကျင်အခန်းလေး တွေကိုငှားပြီး သူငယ်ချင်း လေး ယောက်၊ ငါးယောက် စုပြီးနေထိုင် ကြတာတွေရှိပါတယ်။ ဒါ့အပြင် ဈေးအနီးတစ်ဝိုက်မှာ ဈေးသွား လာရ အဆင်ပြေတာကြောင့် အ ငှား ပိုဖြစ်ပြီး စုငှားတွေ ပိုဖြစ်နေကြ တာကို တွေ့ရပါတယ်။

ဒဂုံမြို့နယ်

ဒဂုံမြို့သစ် အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်းဘက်မှာဆို အ ငှားဈေးနှုန်းက ကောင်းနေပါ တယ်။ မြောက်ဒဂုံဘက်မှာဆို လူ နေထိုင်ဖို့၊ စီးပွားရေးလုပ်ကိုင်ဖို့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ အငှားဖြစ် နေပါတယ်။ ဒဂုံတောင်ပိုင်းမှာ လည်း အလုပ်သမားတွေ ပေါများ တာကြောင့် နှစ်ထပ်အိမ်တွေ ဆောက်ကာ အခန်းလေးတွေဖွဲ့ပြီး အငှားဖြစ်နေတာ တွေ့ရပါတယ်။

Author:
မေသက်

ဝရမ်းထုတ်ထားသည့် အိမ်ကို ဝယ်မိလျှင်“တားဝရမ်းထုတ်ထားတဲ့ အိမ်ကို ဝယ်မိရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်...
03/01/2020

ဝရမ်းထုတ်ထားသည့် အိမ်ကို ဝယ်မိလျှင်

“တားဝရမ်းထုတ်ထားတဲ့ အိမ်ကို ဝယ်မိရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။

“တားဝရမ်းထုတ်ဆင့်တာက အမျိုးမျိုးရှိတယ်။ အမှုတစ်ခုချင်းပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရတာဖြစ်တယ်။ အခုကိစ္စက ဘယ်လိုဖြစ်တာလဲ”

“ကျွန်မရဲ့ ငယ်သူငယ်ချင်းတစ်ဦးက ငွေအခက်အခဲရှိနေလို့ သူ့ အိမ်ကို ရောင်းတယ် ဆရာ။ ဈေးကလည်း သင့်တာနဲ့ စရန်ငွေပေးလိုက်တယ်။ သူငယ်ချင်းကိုယုံတော့ သတင်းစာထဲလည်း မထည့်မိဘူး”

“နောက်တော့ ဘယ်လိုသိလိုက်သလဲ”

“ကျွန်မရဲ့ ညီမက အဲဒီအိမ်ကို ဝရမ်းကပ်ထားတယ်လို့ သူ့အပေါင်းအသင်းတစ်ယောက်က ပြောလို့ သိခဲ့ရ တယ်”

“ဒါနဲ့ သွားမစုံစမ်းဘူးလား”

“စုံစမ်းတယ် ဆရာ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီ သွားစုံစမ်းပါတယ်။ အုပ်ချုပ်ရေးမှူး ပြောစကားအရတော့ အမှုဖြစ်နေတယ်လို့ သိရတယ်။ တရားရုံးက အမှုဖြစ်နေစဉ်အတွင်း မရောင်းရလို့ တားမြစ်ထားတယ်လို့ သိရတယ်”

“ဒီအဆင့်ကတော့ ရှင်းလို့ရပါတယ်”

“ဟုတ်ကဲ့၊ ကျွန်မလည်း စိတ်ရှုပ်သွားတယ် ဆရာ။ စရန်ငွေကလည်း ပေးထားတော့ ဘယ်လိုဖြစ်နိုင်ပါသလဲ။ အိမ်ကို တရားရုံးက သိမ်းနိုင်သလား”

“ဒီလိုတော့ မဟုတ်ဘူး။ တရားစွဲဆိုခံထားရတဲ့အမှုက အမွေမှုလား၊ ငွေကြေးမပေးလို့ အကြွေးငွေအတွက် တရားစွဲတာလားဆိုတာ သိခဲ့လား”

“သူပြောတာတော့ ချေးထားတဲ့ ငွေကြေးမဆပ်နိုင်လို့ တရားစွဲတာဆိုပြီး သိရတယ် ဆရာ”

“ချေးငွေရလိုမှုဆိုရင်တော့ မစိုးရိမ်ရပါဘူး”

“လေလံပစ်တဲ့အထဲပါသွားရင် ကျွန်မတို့ ငွေလည်းရှုံး၊ အိမ်လည်းဆုံးဖြစ်မယ် ဆရာ”

“အမွေခွဲဝေလိုမှု၊ ပစ္စည်းလက် ရောက်ရလိုမှုတွေမှာ အမှုရှုံးလို့ ပစ်္စည်းခွဲဝေပေးရတာမျိုး။ မိမိနေထိုင် တဲ့ အိမ်က ဆင်းပေးရတာမျိုးကျတော့ ငွေကြေးပေးဆပ်လိုက်တာနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး”

“အခုကိစ္စကတော့ ငွေမပေးဆပ် နိုင်လို့ အိမ်ကို ဝရမ်းကပ်တယ်လို့ ပြောပါတယ် ဆရာ”

“ဒါဆိုရင်တော့ ရောင်းချခြင်း လွှဲပြောင်းခြင်းမပြုရဆိုတဲ့ တားဝရမ်း မဟုတ်တော့ဘူး”

“ဘယ်လို ကွာပါသလဲ ဆရာ”

“တားဝရမ်းဆိုတာက အမှုစစ်ဆေးနေစဉ်အတွင်းမှာ အချင်းဖြစ် ပစ္စည်းကို ရောင်းချခြင်း၊ လွှဲပြောင်း ခြင်း၊ ပေးကမ်းခြင်း မပြုရလို့ တရားရုံးက တားမြစ်မိန့်ထုတ်ဆင့်ပေးတာ ဖြစ်တယ်။ သက်ဆိုင်ရာ အဆောက် အအုံနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ အဲဒီတားဝရမ်းအမိန့်ကို ကပ်ရပါတယ်”

“ဟုတ်ကဲ့ ဆရာ၊ အခုကိစ်္စက ရောင်းချခွင့်ပြုတယ်ဆိုလားပဲ ဆရာ”

“အခုကိစ္စက ငွေရလိုမှု တရားစွဲဆိုတာ ဖြစ်တယ်။ တရားရှုံးက ငွေပေးဆပ်ရန် တရားရုံးရဲ့ အမိန့်ကို မလိုက်နာ လို့ တရားရှုံးပိုင်ပစ္စည်းကို လေလံတင်ရောင်းချဖို့ ပစ္စည်းကို ဝရမ်းဖမ်းဆီးကြောင်း ချမှတ်တဲ့အမိန့် ဖြစ်တယ်”

“ကျွန်မတို့ ဝယ်ထားတဲ့ ကိစ္စကို ဘယ်လိုစဉ်းစားမလဲ ဆရာ”

“အခုကိစ္စက မိန်းကလေးရဲ့ သူငယ်ချင်းအမည်ပေါက်မြေကွက်လား၊ အမည်ပေါက်က ဘယ်သူလဲ”

“သူပြောတာကတော့ သူ့အမေ အမည်ပေါက် မြေကွက်လို့ပြောတယ်။ ဒါပေမယ့် သူ့အမေနဲ့ အဖေက ကွယ်လွန် သွားပြီဆရာ။ သူ့အောက်က မောင်ငယ်တစ်ယောက်ရှိတယ် ဆရာ။ မောင်ဖြစ်သူကလည်း အစာအိမ် ကင်ဆာဆိုပြီး ခွဲစိတ်ထားရတယ်”

“ဘာပဲဖြစ်ဖြစ်လေ၊ မောင်နှမ နှစ်ဦး အမွေဆက်ခံတဲ့ မြေနဲ့ အိမ်ဖြစ်နေတာကိုး”

“ဟုတ်ပါတယ် ဆရာ။ ဒါကြောင့်မို့ ဝရမ်းကပ်ခံရတယ်လို့ သိရပါ တယ်။ ဥပဒေအရ ဘယ်လို ကုစား နိုင်ပါသလဲ ဆရာ”

“ဝရမ်းခွာပေးဖို့ ပစ်္စည်းပိုင်ရှင်က လျှောက်ထားနိုင်ပါတယ်”

“ဒါဆိုရင် ကျွန်မတို့က ကန့် ကွက်ရမယ့် သဘောလား ဆရာ”

“မှန်ပါတယ်။ မိမိကိုယ်တိုင် တရားရုံးမှာသွားရောက်ပြီး ကန့်ကွက်လွှာတင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လျှောက် ထားရင်တော့ တရားရုံးက စုံစမ်းစစ်ဆေးပြီး မှန်ကန်ရင်လေ လံတင်ရောင်းချခြင်း မပြုသေးဘဲ ဆိုင်းငံ့ထား ကြောင်း အမိန့်ချမှတ်နိုင်ပါတယ်”

“ငွေပေးဆပ်လိုက်ရင် အဆင်မပြေနိုင်ဘူးလား ဆရာ”

“အဲဒါတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ပေးဆပ်ဖို့ ငွေကြေးက အဆင်ပြေပါ့မလား။ စရန်ငွေက ဘယ် လောက်ချထားသလဲ”

“ရောင်းဖို့ငွေရဲ့ တစ်ဝက်နဲပါး ဆရာ”

“အဲဒီငွေက တရားရုံးမှာ ပေးဆပ်ထားတာရှိရင်တော့ အဆင်ပြေတာပေါ့။ ဒါမှမဟုတ်ရင် ကျန်တဲ့ အိမ်မြေ ရောင်းဖိုးငွေက တရားရုံးရဲ့ ဒီကရီအရပေးဆပ်ရမယ့် ငွေကြေးထက်နည်းနေရင် အခက်တွေ့နိုင်တယ်”

“အရစ်ကျပေးဆပ်လို့ မရဘူးလား ဆရာ”

“တရားမကျင့်ထုံးဥပဒေအမိန့် ၂၀၊ နည်း ၁၁ အရတော့ ဒီကရီကျ ငွေမှာ ငွေကြေးသက်သက်ပေးဆပ်ရန် ဖြစ်ပါက လုံလောက်သောအကြောင်းရှိလျှင် အရစ်ကျပေးဆပ်ခွင့်ကို တရားရုံးက ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထား ပါတယ်”

“ဒါဆိုရင် အရစ်ကျပေးဆပ်ခွင့်တော့ ရနိုင်တာပေါ့”

“မှန်ပါတယ်။ တရားရုံးက သင့်တော်တဲ့ အရစ်ကျပေးသွင်းဖို့ ချမှတ်နိုင်တယ်။ ဒါပေမယ့် သတ်မှတ်ရစ် အတွင်း မပေးနိုင်ရင်တော့ ပစ္စည်းကို လေလံတင်ရောင်းချခြင်း ခံရမှာဖြစ်ပါတယ်”

“ဒီလို ဆရာရယ်။ ကျွန်မက ရောင်းဖိုးငွေနဲ့ ပေးဆပ်လိုက်ရင် မရဘူးလား ဆရာ”

“ဖြစ်ပါတယ်။ မိမိကိုယ်တိုင် တရားရုံးမှာ လိုက်ပါ ငွေသွင်းရင်တော့ အဆင်ပြေမှာဖြစ်တယ်”

“အဲဒီလို လုပ်လို့ရတယ်ဆိုရင် ပြီးတာပါပဲ ဆရာရယ်။ ကျွန်မဆောင်ရွက်လို့ ဖြစ်နိုင်ပါတယ်။ စာချုပ်စာတမ်း ချုပ်ဆိုဖို့နဲ့ တရားရုံးမှာ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆရာလိုက်ပါဆောင်ရွက်ပေးနိုင်မလား ဆရာ။ အကျိုး ဆောင်ခလည်း ကျွန်မသီးခြားကန်တော့ပါမယ်”

“ဆောင်ရွက်ပေးလို့ရပါတယ်။ စရန်ငွေစာရွက်စာတမ်းနဲ့ ရုံးချိန်းကို သိရှိထားဖို့တော့ လိုတယ်”

“ဟုတ်ကဲ့။ ဆရာ့ဆီ ကြိုတင်အကြောင်းကြားဆောင်ရွက်ပါမယ်”

“အခုကိစ္စက ချေးငွေရလိုမှုဖြစ်တဲ့အတွက် ငွေပေးဆပ်လို့ အဆင်ပြေသွားနိုင်တာ ဖြစ်တယ်။ အမွေမှုတွေလို ပစ္စည်းလက်ရောက်ရလိုမှုမျိုးဆိုရင်တော့ ငွေပေးဆပ်ပြီး ဖြေရှင်းလို့ မရနိုင်ပါဘူး”

“အဲဒါမျိုးဆိုရင် ငွေကြေးဆုံးရှုံးနိုင်တာပေါ့နော်”

“မှန်ပါတယ်။ ရောင်းပိုင်ခွင့်မရှိဘဲ ရောင်းချတာမျိုးဖြစ်လို့ ရောင်းသူထံမှ ပေးချေထားတဲ့ ငွေကြေးနဲ့ နစ်နာကြေး ရလိုမှု တရားစွဲဆိုတောင်းယူရမှာ ဖြစ်တယ်”

“ဒါဆိုရင် ကျွန်မကံကောင်းသေးတယ်ဆိုရမှာပေါ့”

“ဟုတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ငွေအကြေပေးသွင်း လိုက် ရင်တော့ အမှုပိတ်မှာဖြစ်တယ်”

ဟုတ်ကဲ့ ဆရာ။ အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ ပြီးမှ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ပြုလုပ်ရမှာပေါ့နော်”

“မှန်ပါတယ်။ တရားရုံးရဲ့ ဒီကရီ ပေးဆပ်ရန် ငွေကြေးပေးသွင်းပြီးမှ သက်ဆိုင်ရာမြို့တော် စည်ပင်သာယာရေး ကော်မတီမြေယာ ဌာနမှာ မြေပုံကူးလျှောက်ထားပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာချက်ပြုလုပ်ကာ အရောင်းအဝယ်မှတ်ပုံ တင် စာချုပ် ချုပ်ဆိုရမယ်”လို့ အကြုံပြု ရှင်းပြလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
.......
GPO ( Golden Pacific Ocean )
Real Estate Service Co.,Ltd
Tel :774708860 09-961862613, 09-961862781

နှစ်သစ်ဆုတောင်း 🙏🙏🙏🙏🙏😇နှစ်ဟောင်းကအဆိုးတွေမှန်သမျှအကုန်ပျောက်ဆုံး အကောင်းမှန်သမျှလည်း ဆက်လက်တည်မြဲ၍ လိုအင်ဆန္ဒပြီးပြည့်စု...
31/12/2019

နှစ်သစ်ဆုတောင်း 🙏🙏🙏🙏🙏😇
နှစ်ဟောင်းကအဆိုးတွေမှန်သမျှအကုန်ပျောက်ဆုံး
အကောင်းမှန်သမျှလည်း ဆက်လက်တည်မြဲ၍ လိုအင်ဆန္ဒပြီးပြည့်စုံပြီး အစစအရာရာ ကြံတိုင်းအောင် လုပ်တိုင်းဖြစ်ပြီး စီးပွါးဥစ္စာများဒီရေအလားတိုးတက်အောင်မြင်နိုင်ကြပါစေလို့ ကျနော်တို့
Golden Pacific Ocean Service Co.,Ltd မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးပြီး နှစ်သစ်ကိုတူတူကြိုဆိုလိုက်ကြရအောင် 🥰😍🥰😘🥰😍

Nawaday ဥယျာဉ်အိမ်ရာအတွင်းရှိ လူနေ/ရုံးခန်းဖွင့်ရန်ကောင်းသော အသင့်ပြင်ဆင်ပြီး fully furnished Master Bed Room 6 ခန်းအပါ ...
24/12/2019

Nawaday ဥယျာဉ်အိမ်ရာအတွင်းရှိ
လူနေ/ရုံးခန်းဖွင့်ရန်ကောင်းသော
အသင့်ပြင်ဆင်ပြီး fully furnished
Master Bed Room 6 ခန်းအပါ
လုံးချင်း ၃ ထပ်တိုက် ငှားရန်ရှိသည် ။
ဈေးနှုန်း - ၂၂ သိန်း
.......
GPO ( Golden Pacific Ocean )
Real Estate Service Co.,Ltd
Tel :774708860 09-961862613, 09-961862781

နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ စျေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ဟုဆိုမြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွ...
16/12/2019

နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ စျေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ဟုဆို

မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှ ဈေးကစားမှုများကိုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေ လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖ့ွံဖြိုးတိုးတက်ရေးအသင်းမှ ဗဟိုအလုပ်မှုဆောင်ဥက္ကဌ ဦးတင်မောင်ကပြောကြားသည်။

အကျိုးဆောင်ဥပဒေက တကယ်တမ်းကြတော့ အကျိုးဆောင်တွေအတွက် လိုအပ်တာမဟုတ်ဘူး။ နိုင်ငံမှာ မြေ ကစားတဲ့သူက ငွေကြေးတက်နိုင်သူတွေလုပ်ကြတာများသလို နိုင်ငံခြားသားတွေက နိုင်ငံသားတွေနဲ့ဆက်နွယ်ပြီးလာကစားတာမျိုးတွေရှိတယ်။ ဒါတွေကို အကျိုးဆောင်ကတဆင့် သွားတာဖြစ်လို့လိုင်စင်ကတဆင့်ထိန်းချုပ်လို့ရမယ် လယ်ယာမြေနဲ့အကျိုးဆောင်ဥပဒေက မြေယာဈေးထိန်းချုပ်ဖို့ အရေးကြီးဆုံးပဲ” ဟု ဦးတင်မောင်ကဆက်လက်ပြောကြားသည်။

လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အကျိုးဆောင်များအနေဖြင့် ပုံမှန်လည်ပတ်လျက်ရှိပြီး အဆိုပါဥပဒေအတည်ပြုနိုင်ပါက ဝယ်ယူသူများအတွက် အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် အကျိုးဆောင်များကို အရေးယူနိုင်မည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှသိရသည်။

အဆိုပါအကျိုးဆောင်ဥပဒေထွက်ရှိရန် အကျိုးဆောင်အသင်းများမှ ၂၀၁၇ ခုနှစ်ကစတင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ရေးဆွဲလျက်ရှိပြီး ပြည်သူလွှတ်တော်တင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။

“ အကျိုးဆောင်ဥပဒေပေါ်လာရင် အခုထက်အကျိုးဆောင်တွေကို ယုံကြည်မှုတိုးလာမယ် တခုခုရောင်းမှားဝယ်မှားဖြစ်ရင် တာဝန်ယူနိုင်မယ်”ဟု သုခံစံရာအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ရွှေဝါသွင်ကပြောကြားသည်။

လက်ရှိရေးဆွဲထားသည့် ဥပဒေတွင်အမြင်မတူမှုများရှိသည့်အတွက် ထပ်မံတွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ပြီး အများသဘောတူထားသည့်အချက်မှာ အသက် ၁၈ နှစ်ပြည့်ပြီး မြန်မာနိုင်ငံသားများကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသွားမည့် အချက်ပါဝင်ကြောင်း အဆိုပါအသင်းထံမှသိရသည်။

အကျိုးဆောင်ဥပဒေထွက်ရှိပြီးပါက သက်ဆိုင်ရာတိုင်းနယ် ပြည်နယ်များမှ အကျိုးဆောင်များကို တစ်လအတွင်း အကျိုးဆောင်လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ပြီး လက်ရှိသင်တန်းပေးနေသည့် အကျိုးဆောင်သင်တန်းများကို အဆင့်မြင့်တင်မည့် မွမ်းမံသင်တန်းများပေးပြီး တရားမဝင် မြေဈေးကစားမှုများ ကာကွယ်နိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။

Credit: iMyanmarHouse.com
.......
GPO ( Golden Pacific Ocean )
Real Estate Service Co.,Ltd
Tel :774708860 09-961862613, 09-961862781

Address

Yangon Pathein Road, Block. 49, No 12, Nawaday Garden Housing
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Golden Pacific Ocean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share