Kwee Htun Real Estate

Kwee Htun Real Estate Real Estate Agent

တောင်ဒဂုံ မြို့နယ်  (၇၂) ရပ်ကွက် ရတနာပုံလမ်းမတည့်ပေါက်၊ကျန်စစ်သားလမ်းမအနီး၊ စက်မှူဇုန် အနီး #ပေ (20 × 60)  #ပါမစ်မူရင်း ...
15/08/2025

တောင်ဒဂုံ မြို့နယ် (၇၂) ရပ်ကွက်
ရတနာပုံလမ်းမတည့်ပေါက်၊ကျန်စစ်သားလမ်းမအနီး၊ စက်မှူဇုန် အနီး
#ပေ (20 × 60) #ပါမစ်မူရင်း ၊ စည်ပင်အိုးအိမ်စစ်ပြီး
၁၀ပေ ပျဥ်ထောင်အိမ် ၊ မီးပါ၊ လဂွမ်းအိမ်ရေ လျှောက်ထားပြီး။
လက်ရှိအငှားချထား (တလ တသိန်းခွဲရ)
#စျေးသိန်း ၁၂၅၀ ( ညှိနှိုင်း)

ဆက်သွယ်ရန် အကျိုးဆောင်
Phone and Viber 09956606541

ရောင်းမည်။မြို့နယ်  # ဒဂုံမြို့သစ် (တောင်ပိုင်း)ရပ်ကွက်  # (၂၁) ရပ်ကွက် လမ်း   # ပညာရေးလမ်းကျယ် ( မြိတ်လမ်းမ အနီး)အကျယ်အ...
08/08/2025

ရောင်းမည်။

မြို့နယ် # ဒဂုံမြို့သစ် (တောင်ပိုင်း)
ရပ်ကွက် # (၂၁) ရပ်ကွက်
လမ်း # ပညာရေးလမ်းကျယ် ( မြိတ်လမ်းမ အနီး)
အကျယ်အဝန်း # ပေ ၂၀* ၆၀
ပိုင်ဆိုင်မှူ # ပါမစ် ( မူရင်း)
အဆောက်အဉီး # ( ၁၈ ပေ * ၃၀ ပေ ) ဂိုထောင်အပါ၊ ရေ၊ မီး အပါ
ခေါ်ဈေး # သိန်း ( 2800 ) ကျပ် ( ညှိနှိုင်း )
ဆက်သွယ်ရန် # Phone & Viber 09 956 606 541

ဒဂုံမြို့သစ်တောင်ပိုင်းရဲ့ အဓိ က လမ်းမကြီး ဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီး၊လှော်ကားလမ်းမကြီး၊ မြိတ်လမ်းမကြီး၊ ဧရာဝဏ် လမ်းမကြီးတွေ ခြံရံထားတဲ့ ( ၂၁) ရပ်ကွက် ထဲက မြေကွက် လေးတကွက်ရောင်းဖို့ရှိပါတယ်။
အဓိက လမ်းမကြီးတွေထဲက တခုဖြစ်တဲ့ မြိတ်လမ်းမ ကြီး တည့်ဆင်း လမ်းကျယ်ပေါ်တည်ရှိပြီး၊ မြိတ်လမ်းမကြီးမှ တကွက်ငုတ်ဖြစ်လို့ မြိတ်လမ်းမမှ လှမ်းမြင်နေရပါတယ်။
အနီးအနားမှာ အင်းဝ လုံးချင်း အိမ်ယာ ၊ တောင်ဒဂုံ City Mart ၊ ရုပ်ရှင်ရုံ ၊ မနက်ပိုင်းစည်ကားတဲ့ ( ၂၀) ဈေး ၊
ပြည်ထောင်စုလမ်းမ မေးတင်ရပ်ကွက်တခုလည်းဖြစ်ပါတယ်၊ တောင်ဒဂုံ စက်မှုဇုန်၊ ဘဏ်များ၊ ရုံးများသို့ လွယ်လင့်တကူ သွားရောက်နိုင်ပြီး၊ စီးပွားရေးလုပ်ရန် နေရာ အကွက်အကင်းကောင်းပါတယ်။

🌻🌻🌻 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဒီနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မ...
08/07/2025

🌻🌻🌻 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
ဒီနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုစကားရှိခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့မှာ တုသိတာနတ်ပြည်ကနေသက်ဆင်းပြီး လူ့ပြည်မှာ ပဋိသန္ဓေနေတော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့ခြင်းနဲ့ ဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကိုပြသတော်မူခြင်းတို့ပဲ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ဟာ ဘုရားအဖြစ်ရောက်ရှိကြောင်းဝန်ခံတော်မူတဲ့နေ့၊ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းတဲ့နေ့၊ ဧဟိ ဘိက္ခု ဆိုတဲ့ စကားကို စတင်ကြားရသောနေ့ ဆိုရင်လဲ မမှားပါဘူး။ ဓမ္မစကြာတရားဟောတော်မူတဲ့ “ဝါဆိုလပြည့်နေ့” ကို “ဓမ္မစကြာအခါတော်နေ့” လို့လဲ နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ထားပြီး ဘုရားရှင်ရဲ့ ဓမ္မစကြာတရားတော်ကို ပဉ္စဝဂ္ဂီ (၅) ဦးနဲ့ အတူ နတ်ဗြဟ္မာ (၁၈) ကုဋေတို့ နာယူကြတယ်လို့ ကျမ်းဂန်မှာ ဆိုထားပါတယ်။

သံဃာတော်များဟာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ကစပြီး ဝါတွင်းသုံးလကာလပတ်လုံး ဝါဆိုဝါကပ်တဲ့အခါထူး အခါမြတ်လည်း ဖြစ်ပါတယ်။ ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်ဟာ အလွန်ထူးမြတ်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူအပြီးမှာ ဦးဦးဖျားဖျားဟောကြားတော်မူတဲ့ တရားဒေသနာတော်ဖြစ်ပါတယ်။ ဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များမှာတော့ ဓမ္မစက္က ပဝတ္တန သုတ္တန် လို့လည်း ခေါ်ဆိုထားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့ဟာ ရှေးယခင်တည်းက စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တစစ်ဘက်ကလည်း ဝါဆိုလပြည့်နေ့မှာ ကျောင်းကန်ဘုရားများကိုသွားရောက်ပြီး ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအပြင် ဝါတွင်းသုံးလမှာအခြားကာလများထက်ပိုပြီး အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်းနဲ့ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း စတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

ဘုရားရှင်သာသနာတော်တွင်းက ရဟန်းတို့ဟာ ဝါဆိုလပြည့်နေ့မှာ ဝါတွင်းသုံးလပတ်လုံး မိမိတို့ရဲ့ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါ ဆိုတဲ့ ပဋိညာဉ်နဲ့ ဝါဆို ဝါကပ်မှုများကိုပြုကြရပါတယ်။ ရဟန်းတွေ ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာတရားအားထုတ်လျက်ရှိချိန်မှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ရဟန်းတွေရဲ့ သိက္ခာပုဒ်တော်များကို ကြည်ညိုပြီး လပြည့်လကွယ်နေ့တွေရောက်တိုင်း သီတင်းသီလဆောက်တည်ကာ သူတော်ကောင်းတရားပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းတို့ကို ဝါကပ်တဲ့ရဟန်းတွေကို ချမ်းမြေ့စေရန် ထောက်ပံ့ကြပါတယ်။

ဓမ္မစကြာတရားတော်မှာ ရှေးဦးစွာ ဝဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ဖို့ ဟောပြောထားပါတယ်။ ဝဲယာအစွန်းနှစ်ပါး ဆိုသည်မှာတော့ ကာမသုခလ္လိကာနုယောဂ ဆိုတဲ့ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ ဟူတဲ့ မိမိကိုယ်ကို ဒုက္ခပေးကာ ကျင့်ကြံအားထုတ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် “မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး”ကို ကျင့်ကြံအားထုတ်ဖို့ ညွှန်ပြတော်မူထားတာပဲ ဖြစ်ပါတယ်။

မဂ္ဂင်ရှစ်ပါး ဆိုတာကတော့ သမ္မာ ဒိဋ္ဌိ – ကောင်းမြတ်စင်ကြယ်သော သိမြင်မှု၊ သမ္မာ သင်္ကပ္ပ – ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု၊ သမ္မာ ဝါစာ – ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု၊ သမ္မာ ကမ္မန္တ – ကောင်းမြတ်စင်ကြယ်သော ကာယကံမှု၊ သမ္မာ အာဇီ၀ – ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု၊ သမ္မာ ဝါယာမ – ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု၊ သမ္မာ သတိ – ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု၊ သမ္မာ သမာဓိ – ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန် ဆိုတဲ့ မဂ္ဂသစ္စာ သစ္စာလေးပါးကို ဟောတော်မူခဲ့ပါတယ်။

ရဟန်းရှင်လူတို့က သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိတဲ့ သူတော်ကောင်းတရားတွေကို ငြိမ်သက်စွာအားထုတ်ခြင်း အစပြုတဲ့ ဝါဆို လပြည့်နေ့များမှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ဝါကပ်ခြင်းအမှုကို ပြုကြကုန်တဲ့ ရဟန်း သံဃာတို့ကို ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြပါတယ်။ ဝါဆို ဝါကပ်တာကို အစွဲပြုကာ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စတဲ့ ဝေါဟာရ အသုံးအနှုန်းတွေလည်း ပေါ်ပေါက်လာပါတယ်။

ရှေးက မြန်မာဘုရင်တွေလက်ထက်မှာ တစ်လကို ပွဲတော်တစ်မျိုးကျင်းပလေ့ရှိပြီး ဝါဆိုလမှာတော့ ပဉ္စင်းတော်ခံပွဲ ကျင်းပလေ့ရှိပါတယ်။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ဝင်ခွင့်ရှိကာ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့ကို ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ပေးပြီး ဘုရင်မင်းတွေကိုယ်တိုင် အလေးအမြတ်ပြုကာ ကျင်းပခဲ့တဲ့ပွဲတော်လည်း ဖြစ်ပါတယ်။

Credit: ရိုးရာလေး

မြေငှားစာချုပ်(ဂရန်) ဆိုင်ရာ သိကောင်းစရာမြို့/မြေမှဆောင်ရွက်ပေးသည် မြေငှားစာချုပ်(ဂရန်) အသစ်ထုတ်ပေးခြင်း မြေငှားစာချုပ်(...
04/07/2025

မြေငှားစာချုပ်(ဂရန်) ဆိုင်ရာ သိကောင်းစရာ

မြို့/မြေမှဆောင်ရွက်ပေးသည်
မြေငှားစာချုပ်(ဂရန်) အသစ်ထုတ်ပေးခြင်း
မြေငှားစာချုပ်(ဂရန်)မိတ္တူထုတ်ပေးခြင်း
မြေငှားစာချုပ်(ဂရန်) သက်တမ်းတိုးပေးခြင်း
မြေငှားစာချုပ်(ဂရန်) ခွဲစိတ်ပေးခြင်း
အမည်ပေါက် ပြောင်းလဲပေးခြင်း

ဒီမြေတွေကိုဂရန်လျှောက်နိုင်သည်
လိုင်စင်မြေ
ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
စကွာတာမြေ

ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
နိုင်ငံသားစီစစ်ရေးကတ်ပြား
ပါမစ်(သို့)လိုင်စင်မြေ
မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
နောက်ဆုံးပေးဆောင်ထားသည့် မြေခွန် ပြေစာ(မူရင်း) တို့နှင့်အတူ
ဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။
တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက (၁၄)ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။
မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။
သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်
မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင် သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။
ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင် ​မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။
နိုင်ငံသားစီစစ်ရေးကတ်ပြား
မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်
မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ
နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

စီစစ်ထုတ်ပေးခြင်း
ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။
မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးခြင်း
သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။
ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။
သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

မြေငှားဂရန်စာချုပ် ခွဲစိတ်​ပေးခြင်း
သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။
အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။
ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။
မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။
ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

အမည်ပေါက်ပြောင်းလဲပေးခြင်း
မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း (သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။


Credit to: YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)

ရောင်းရန် ရှိသည်မြို့နယ်             # ဒဂုံမြို့သစ် (တောင်ပိုင်း)ရပ်ကွက်            # (၂၁) ရပ်ကွက် လမ်း                 ...
02/07/2025

ရောင်းရန် ရှိသည်
မြို့နယ် # ဒဂုံမြို့သစ် (တောင်ပိုင်း)
ရပ်ကွက် # (၂၁) ရပ်ကွက်
လမ်း # ပညာရေးလမ်းကျယ်
အကျယ်အဝန်း # ပေ ၂၀* ၆၀
ပိုင်ဆိုင်မှူ # ပါမစ် ( မူရင်း)
အဆောက်အဉီး # ( ၁၈ ပေ * ၃၀ ပေ )
ဂိုထောင်အပါ၊ ရေ၊ မီး အပါ
ခေါ်ဈေး # သိန်း ( ၂ ###x) ကျပ် ( ညှိနှိုင်း ) (### သည် သုညမဟုတ်ပါ)
ဆက်သွယ်ရန် # Phone 09 956 606 541
Viber 09 956 606 541

ဒဂုံမြို့သစ်တောင်ပိုင်းရဲ့ အဓိ က လမ်းမကြီး ဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီး၊လှော်ကားလမ်းမကြီး၊ မြိတ်လမ်းမကြီး၊ ဧရာဝဏ် လမ်းမကြီးတွေ ခြံရံထားတဲ့ ( ၂၁) ရပ်ကွက် ထဲက မြေကွက် လေးတကွက်ရောင်းဖို့ရှိပါတယ်။
အဓိက လမ်းမကြီးတွေထဲက တခုဖြစ်တဲ့ မြိတ်လမ်းမ ကြီး တည့်ဆင်း လမ်းကျယ်ပေါ်တည်ရှိပြီး၊ မြိတ်လမ်းမကြီးမှ တကွက်ငုတ်ဖြစ်လို့ မြိတ်လမ်းမမှ လှမ်းမြင်နေရပါတယ်။
အနီးအနားမှာ အင်းဝ လုံးချင်း အိမ်ယာ ၊ တောင်ဒဂုံ City Mart ၊ ရုပ်ရှင်ရုံ ၊ မနက်ပိုင်းစည်ကားတဲ့ ( ၂၀) ဈေး ၊
ပြည်ထောင်စုလမ်းမ မေးတင်ရပ်ကွက်တခုလည်းဖြစ်ပါတယ်၊ တောင်ဒဂုံ စက်မှုဇုန်၊ ဘဏ်များ၊ ရုံးများသို့ လွယ်လင့်တကူ သွားရောက်နိုင်ပြီး၊ စီးပွားရေးလုပ်ရန် နေရာ အကွက်အကင်းကောင်းပါတယ်။

Photo Credit # Atelier Sao Design Inc
#တောင်ဒဂုံ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ

Breakfast Set Menu စားမယ်
18/06/2025

Breakfast Set Menu စားမယ်

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အခြေအနေ (သို့မဟုတ်) မြန်မာနိုင်ငံ ဈေးကွက်အခြေအနေ—-ဈေးကွက် အခြေအနေကို နားလည်ဖို့ ဆိုရင် ၁။ အရင...
16/05/2025

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အခြေအနေ (သို့မဟုတ်) မြန်မာနိုင်ငံ ဈေးကွက်အခြေအနေ
—-

ဈေးကွက် အခြေအနေကို နားလည်ဖို့ ဆိုရင်

၁။ အရင် နှစ် ဈေးကွက် အခြေအနေ
၂။ လက်ရှိ ဈေးကွက် အခြေအနေ
၃။ အနာဂတ် ဈေးကွက် အခြေအနေ ဆိုပြီး ကွဲပါတယ်။

၁။ အရင်နှစ် ဈေးကွက် အခြေအနေ

၂၀၂၄ ကာလတွေမှာ အဓိက ပြောင်းလဲသွားတဲ့ အချက်လေးတွေကို တင်ပြပေးလိုပါတယ်။

၁ - ရောင်းခွန် ဆောင်ဖို့ ဖြစ်လာတယ်
၂ - ဘဏ်ချိတ်တွေ အဆင်မပြေဖြစ်လာတယ်
၃ - SP/GP တွေ အခွန်ဆောင်မှ ပေးလာတယ်
၄ - ပါမစ် တွေ အမည်ပေါက် (သို့) အမည်ပေါက်ရဲ့ ဆွေမျိုးတွေ ရှိမှ အဆင်ပြေလာတယ်။
၅ - ငွေကြေးမတည်ငြိမ်မှုကြောင့် ရွှေဈေးနှုန်းတွေ နေချည်း၊ ညချည်း အပြောင်းအလဲ မြန်လာတယ်။

ဒါက ကျွန်တော်သတိထားမိသလောက် အပြောင်းအလဲဖြစ်ပြီးတော့ ဒီအပေါ်မှာ အိမ်ခြံမြေ ဝယ်သူတွေ အပြင် ဝယ်ရောင်း လုပ်နေတဲ့ သူတွေလဲ ထိခိုက်မှု ပိုများလာတာကို တွေ့ရပါတယ်။

၁ - ရောင်းခွန် ဆောင်ဖို့ ဖြစ်လာတဲ့ နောက်မှာ အရင်က သိန်း ၁၀၀၀ နဲ့ ရောင်းတဲ့ မြေကွက်က ၁၀% အတွက် ဈေးကို ပိုတင်လာပြီးတော့ သိန်း ၁၁၀၀ ဖြစ်သွားတယ်။ ပုံမှန်ထက် ဈေး ပိုတက်လာတယ်။

၂ - ဘဏ်ချိတ်တွေ အဆင်မပြေ ဖြစ်လာတဲ့ နောက်မှာ ဘဏ်ချိတ်လေးနဲ့ သိန်း ၄၀၀၀ တန်လေးကို ဝယ် ပြီးတော့ သိန်း ၄၅၀၀ လောက်နဲ့ ပြန်ရရင် ရောင်း ဆိုတဲ့ ပုံစံတွေ နည်းလာတယ်။ ဘဏ်ချိတ် အဆင်မပြေ ဆိုတာက အတိုးနှုန်းတွေ မြင့်တက်လာတာလဲ ပါသလို၊ ဘဏ်တွေဘက်က ချပေးတဲ့ Home Loan တွေကလဲ အရင်လို မလွယ်ကူတော့ဘူး။ အထူးသဖြင့် Home Loan တွေနဲ့ ဈေးကစားသူတွေက မြောက်ဒဂုံဘက်မှာ ပိုများတယ်။ ဘဏ်ချိတ်နဲ့ ရလား? ဘဏ်ချိတ်နဲ့ ရလား? ဆိုတဲ့ မေးခွန်းနဲ့ အဝယ်တော်တော်များများ က မေးကြသလို ဘဏ်ချိတ်မရတဲ့ အိမ်ဆို ရောင်းထွက်နှုန်း နည်းတယ်။ နယ်ဘက်တွေ မသိသာပါဘူး။ ဘာလို့လဲဆို ဘဏ်ချိတ် ရတဲ့ အိမ်နဲ့ ရဖို့အတွက် သတ်မှတ်ချက်တွေ ကိုက်ညီဖို့ဆိုတာ မလွယ်လို့ပါဘဲ။

(ကြားဖြတ်ပြောလိုတာက အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲခြင်း Real Estate Market Bubble အကြောင်းလေးပါ။ ၂၀၀၇ - ၂၀၀၈ မှာ အမေရိကန်မှာ အိမ်ခြံမြေ ပူဖောင်းပေါက်တဲ့ အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက အထိအနည်းဆုံးထဲမှာပါပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာ Down Payment ချပြီးတော့ ဝယ်တာထက် အိမ်လိုချင် အကြွေး၊ ကားလိုချင် အကြွေး၊ ဘာလိုချင်လဲ အကြွေးနဲ့ ဝယ်လို့ရပါတယ်။ ဒါကြောင့် ဘဏ်တွေထိပြီဆိုတာနဲ့ အိမ်ခြံမြေ ဈေးကလဲ ကမောက်ကမ တွေ ဖြစ်ပေါ်နိုင်ပါတယ်။)

၃ - SP/GP အပိုင်းမှာပြောရမယ် ဆိုရင် လူတွေက ဝယ်ပြီး ပြန်ရောင်းဖို့လဲ လုပ်ချင်တယ်။ အထူးသဖြင့် ဝယ်ရောင်းတွေက အခွန်ဆောင်၊ အမည်ပြောင်းရမဲ့ Process တွေကို မလုပ်ချင်ဘူး။ ဒီတော့ အလွယ်လဲရ ပိုင်ဆိုင်မှုလဲ ခိုင်မာအောင် SP/GP နဲ့ပဲ ဝယ်ကြတယ်။ ဒါကို အစိုးရကိုယ်တိုင်ကလဲ သိလို့ အခွန်ဆောင်ပြီးမှ Power ရမယ် ဖြစ်လာတော့တယ်။ ဒီတော့ အခွန်တွေလဲ ဆောင်ပြီးခါမှတော့ မထူးဘူး ဂရန် အမည်ပြောင်းပဲ လုပ်တော့ မယ် ဆိုပြီးဖြစ်လာတော့တယ်။ ဒါလဲ ထပ်ပြီးစဉ်းစားနေပါသေးတယ် SP/GP ကနေ အခွန်ရှောင် မရရင် ပါမစ်တွေ ဘက်ကို လှမ်းလာပါတော့တယ်။

၄ - ပါမစ် တွေ အမည်ပေါက် (သို့) အမည်ပေါက်ရဲ့ အမွေးစား အမွေခံ တွေ ရှိမှ အဆင်ပြေလာတယ်။ ပါမစ် က အရင်က အခွန်လဲ ဆောင်စရာမလိုဘူး၊ ဆက်စပ်စာချုပ် အနေနဲ့ ကိုင်ထားနိုင်ရင် ဂရန် တောင် တန်းလျောက်လို့ရတယ်။ ဒီတော့ အခွန်ရှောင် အရောင်း အဝယ်လုပ်ဖို့ ပါမစ်တွေ ဘက်ကို ပြောင်းလာပြီးတော့ ပါမစ်တွေက လူစိတ်ဝင်စားမှု များလာပါတော့တယ်။ ဒါကလည်း ရေရှည်မခံလိုက်ပါဘူး။ အစိုးရက ပါမစ်တွေဆိုရင် မူလပိုင်ရှင် လိုလာတယ် ထက်ထုတ်ပြန်လိုက်တယ်။ ဒီတော့ လွန်ခဲ့တဲ့ နှစ် ၆၀၊ နှစ် ၁၀၀ နီးပါး ထုတ်ထားတဲ့ ပါမစ်တွေဟာ မူလပိုင်ရှင် ဆိုတာ မလွယ်ကူတော့သလို၊ သူ့ရဲ့ အမွေစား အမွေခံ ဆိုတာကလည်း ရှာဖို့ ခဲယဉ်းလာပါတဘ်။ ဒါကြောင့် ပါမစ် ဘက်ကို ကူးလာတဲ့ လူတစ်ချို့ကလည်း ပေါက်ဈေးထက် ဈေးတအားသက်သာတဲ့ ဂရန် ကတုံးလို အိမ်ခြံမြေ တွေဘက် ရောက်လာခဲ့ပါတယ်။ (နယ်ဘက်တွေမှာ ပါမစ် အမည်ပေါက်မှ ဂရန်လျောက်လို့ ရတယ်ဆိုတာကတော့ ကြာပါပြီ။ )

၅ - ငွေကြေးမတည်ငြိမ်မှုကြောင့် အိမ်ခြံမြေ ဈေးထက် အတက်အကျ ပိုကြမ်းတာက ရွှေဈေးနှုန်းတွေပါ။ ရွှေဈေးနှုန်း အတက်အကျ ကြမ်းတဲ့ အပေါ်မူတည်ပြီး အိမ်ခြံမြေကို ကစားခဲ့တာတွေလဲ ရှိခဲ့ပါတယ်။ အဓိကက ထိုအချိန်တွေမှာ ကြောက်လန့်တကြား ဝယ်၊ ရောင်းတာတွေ တွေ့ရပြီး လူတော်တော်များများကလဲ ပစ္စည်း ဆို ဘာဝယ် တန်တယ်ဆိုပြီး ကုန်လှောင်တဲ့ သူက လှောင်၊ ငွေကို ငွေအတိုင်း မထားချင်ဘဲ နီးစပ်ရာ အိမ်ခြံမြေ တွေကို ဝယ်တာတွေလဲ ရှိပါတယ်။

၂။ လက်ရှိဈေးကွက် အခြေအနေ

ဒီနှစ် ၂၀၂၅ မှာ အပြောင်းအလဲကြီး ဖြစ်ခဲ့တာကတော့ ငလျင် ပါပဲ။ ငလျင် ဟာလူတိုင်းကို တုန်လှုပ်သွားစေသလို မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလောက အကြောင်းကိုပါသိသာ မြင်သာ သွားစေတယ်ဆိုတာ အတိအလင်းဖြစ်ပါတယ်။

ငလျင် အခြေအနေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ

၁ - တိုက်ခန်း၊ ကွန်ဒိုတွေ ဝယ်ချင်တဲ့ သူတွေ အနေနဲ့ အရောင်း တွေ သိသိသာသာ နည်းသွားတယ်။
၂ - ထပ်ပြီးတော့ ဆောက်လုပ်ဖို့ အတွက် Investment Opportunities တွေ နည်းသွားတယ်။
၃- အားလုံးက လုံးချင်း၊ မြေကွက် တွေကို ဦးစားပေးလာပြီးတော့ ဥယျာဉ်ခြံမြေ၊ လယ်မြေတွေ ဘက်ပါ ရောက်လာတဲ့ သူတွေ အရင်ကထက် များလာပါတယ်။
ဒီနေရာမှာ မြေနေရာ ခိုင်မာမှု ဆိုတာ ဘာလဲ မကြည့်တော့ဘဲ မိသားစု အဆင်ပြေဖို့အတွက် မြေနေရာ ကိုအဓိကထားလာပါတယ်။

အရောင်းများနေလား? အဝယ်များနေလား?

ဒီမေးခွန်းကို ဖြေရမယ် ဆိုရင် ငလျင် နောက်ဆက်တွဲလို့ ပြောရမှာပဲ

ငွေနိုင်တဲ့ သူကတော့ လုံးချင်းမြေကွက် တွေကို ရန်ကုန် မြို့တွင်းပိုင်းတွေ ဝယ်နိုင်ပေမယ့်။ ငွေအလယ် အလတ်သမားတွေကတော့ တိုက်ခန်း ရွေးမလား? ရန်ကုန်မြို့တွင်းနဲ့ မနီးမဝေး မြို့တွေမှာ ဝယ်မလား ဆိုတာ မေးစရာရှိပါတယ်။

တိုက်ခန်း ကိုတော့ မဖြစ်မနေမှ ရွေးလေ့ရှိပြီးတော့ အထပ်မြင့်တွေဆို မနေရဲဘဲ အရောင်းများပြီး အဝယ်လိုက်တာနည်းတာ၊ မရှိသလောက် ဆိုပြီးတော့လဲ မြေပြင်လုပ်ကိုင်နေတဲ့ သူတွေစီကနေလဲ သိရပါတယ်။

ရန်ကုန် မြို့နဲ့ မနီးမဝေး မြို့တွေမှာတော့ အဝယ်လိုက်တယ်။ အရောင်းတွေက ဈေးအပြောင်းအလဲ လုပ်နေကြောင်းလဲ သိရပါတယ်။ ဒီတော့ ငလျင် ရဲ့ Impact က ဘယ်လောက်တောင် ရှိသလဲ သိနိုင်ပါတယ်။

အရောင်းများနေလား? အဝယ်များနေလား? ဆိုတာ ပြန်ပြောရရင် နေရာဒေသပေါ်လိုက်ပါတယ်။

၃။ အနာဂတ် ဈေးကွက်အခြေအနေ

အနာဂတ် ဈေးကွက် အခြေအနေတွေအကြောင်း ပြောရရင်တော့
၁ - နိုင်ငံရေး အခြေအနေ
၂ - အစိုးရ ပေါ်လစီ
၃ - နိုင်ငံ စီပွားရေး
၄ - နိုင်ငံခြား မှ မြန်မာနိုင်ငံသား များ အခြေအနေ
၅ - ငလျင် ဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အဦး အခြေအနေ

၁ - နိုင်ငံရေး အခြေအနေ

လူတွေက ပြောကြတယ်။ သိန်း ၃ ထောင်လောက်ရှိရင် ထိုင်းမှာ အေးဆေးနေလို့ရတယ်။ မြန်မာနိုင်ငံက ရန်ကုန် က ဈေးတွေ ကြည့်လိုက်ရင် လန်ပျံနေတာပဲ ဆိုပြီး ပြောကြတယ်။

ဒီတော့ ဘာကြောင့် ရန်ကုန် က ဈေးများနေရတာလဲ ဆိုတာ ရှင်းပြေပေးပါ့မယ်။ ဒါက ကျွန်တော့ အမြင်ဖြစ်တဲ့ အတွက်ကြောင့် မတူညီနိုင်တာလေးတွေ ထပ်ပြောလို့ရနိုင်တာလေးတွေ ရှိပါသေးတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ စီးပွားရေး တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ လူဦးရေ တိုးပွားလာမှု အများဆုံး၊ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်တဲ့ မြို့တွေကို လက်ချိုးရေကြည့်လိုက်ပါ။ မြန်မာ နိုင်ငံကြီးက ဧရိယာသာ ကျယ်တာပါ။ တကယ် အလုပ်ဖြစ်နေတာ တိုးတက်နေတာက စင်္ကာပူနိုင်ငံ တစ်ခုစာလောက်လို့ ပြောလို့ရပါတယ်။ ဆင်းရဲ၊ချမ်းသာ၊ ပညာရေး အဆင့်အတန်း Gap က မြို့တစ်မြို့နဲ့ မြို့ သာမန်ထက် ပိုကွာပါတယ်။ ထိုင်းနိုင်ငံမှာ က သူ့နေရာနဲ့သူ ငြိမ်ပါတယ်။ ဒါကြောင့် ရန်ကုန်က ဈေးကွက်လောက်ကို ကြည့်ပြီးတော့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးက ထိုင်းနိုင်ငံထက် ပိုများတယ် ဆိုတာ သွားပြောလို့မရပါဘူး။

နိုင်ငံရေး အခြေအနေကောင်းလာမယ် ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်လို့ရတဲ့ မြို့ဟာ ရန်ကုန် တစ်မြို့တည်း ရှိတော့တာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေရောက်လာရင် ဈေးများတဲ့ ရန်ကုန်ထက် ရွေးချယ်စရာတွေ ပိုတိုးလာပါလိမ့်မယ်။

၂ - အစိုးရ ပေါ်လစီ

အိမ်ခြံမြေ ကို လူတွေ ဝယ်ချင်လာအောင် အစိုးရအနေနဲ့ အများကြီးလုပ်လို့ရပါတယ်။ ၂၀၂၄ ကာလတွေမှာ ရောင်းခွန်ကိစ္စ၊ ဂရန် ကိစ္စ၊ ပါမစ် ကိစ္စ၊ ဘဏ်ချိတ်ကိစ္စ တွေကိုပဲ ကြည့်ကြည့်ပါ။ ဒါ့အပြင် စီမံကိန်း တွေ အနေနဲ့ ဘာတွေ လုပ်ပေးသွားမလဲ ဆိုတာကလဲ အဓိကကြပါတယ်။ မီးတွေ ပုံမှန်မလာတာကို ပုံမှန်ဖြစ်အောင် ဘာတွေ လုပ်ပေးမလဲ? စီမံကိန်း အသစ်တွေ ဘာတွေ ထပ်တိုးမလဲ? ဒါတွေ က စောင့်ကြည့်စရာဖြစ်သလို အစိုးရပေါ်လစီတွေက အများကြီး အပြောင်းအလဲ တွေ ဖြစ်လာနိုင်ပါတယ်။

ဒါကို ကျွန်တော်တို့ စောင့်ကြည့်ပြီးတော့ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကို သိလာမှ တပ်အပ်ပြောလာနိုင်ပါလိမ့်မယ်။

၃ - နိုင်ငံ စီးပွားရေး

ကျွန်တော်တို့ နိုင်ငံ GDP ကို ကြည့်ကြည့်လိုက်ပါ။ Google အရ ကြည့်မယ်ဆိုရင် ၂၀၂၀ မှာ 79 Billions ထိရှိခဲ့ပြီးတော့ လက်ရှိမှာ 66 Billions လောက်ဖြစ်နေပါတယ်။ ဒါက Covid, နိုင်ငံရေး အခြေအနေ၊ ရေဘေး၊ ငလျင်ဘေး တွေရဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံစီးပွားရေးက ဒီလို တဖြည်းဖြည်းကျလာတယ် ဆိုပေမယ့်

အိမ်ခြံမြေ 2020 ဈေး ၃ ထောင်တန်က 2025 မှာ သိန်း တစ်သောင်း ဝန်းကျင်ထိ ခေါ်နေတာတွေ ရှိတော့ ဘာကြောင့်လဲ ဆိုတာ အဖြေရှာဖို့ က ကျွန်တော်တို့ အပေါ်မှာ ပြောခဲ့သလော အချက်တွေကြောင့် ဖြစ်ပါတယ်။

စီးပွားရေး ကောင်းလာရင် ဒီထက်မက ထက်တိုးတက်လာနိုင်ချေရှိပါတယ်။ ပြန်ကျနိုင်ချေကလဲ ရန်ကုန်အပြင် အခြားမြို့တွေရဲ့ တိုးတက်မှုနှုန်း ဘယ်လိုသွားမလဲ ဆိုတာ သိဖို့အရေးကြီးပါတယ်။

၄ - နိုင်ငံခြားမှ မြန်မာနိုင်ငံသားများ

အခုအချိန်မှာ လူငယ်တွေ ကြည့်လိုက်ရင် နိုင်ငံခြား သွားဖို့ တက်နိုင်တဲ့သူကလဲ ဂျပန်သင်တန်း၊ ကိုရီးယားသင် တန်း တက်နေတဲ့သူတွေ အပြင် မတက်နိုင်တဲ့သူတွေကလဲ မရှိရှိတာချရောင်း၊ မတက်နိုင်လျင် အကြွေးယူ ထိုင်းဘက်ကို အောက်လမ်း၊ အပေါ်လမ်း အမျိုးမျိုး သွားနေတာတွေ တွေ့ရပါတယ်။

နိုင်ငံခြား ဝင်ငွေ ရတဲ့ ထဲမှာ နိုင်ငံခြားမှ မြန်မာနိုင်ငံသားများ အခြေအနေကို ထည့်တွက်ဖို့လိုပါလိမ့်မယ်။ အရင်က ၁၀၀ မှာ ၉၀ လောက်က ပြည်တွင်း နေထိုင်သူတွေ ဝယ်နေကြပေမယ့်၊ အခုလို အခြေအနေမှာ ၈၀ လောက်ကပဲ ဝယ်နိုင်တော့တာ တွေ့ရပါတယ်။ ဘယ်ကိန်းဂဏန်းတွေကို အခြေခံထားလဲ မေးရင် လာဝယ်တဲ့သူတွေ ရဲ့ အခြေအနေကို ကြည့်ပြီးပြန်ပြောပေးရတာပါ။ ဒါတွေကို စာရင်းဇယားနဲ့ တိတိကျကျ လုပ်နိုင်ရင် ပိုကောင်းပါတယ်။

ဂျပန်၊ ကိုရီးယား၊ ထိုင်း ရောက်တဲ့သူတွေက ပိုက်ဆံပဲရသွားတယ် ဘယ်နေရာမှ ရင်းနှီးမြှုပ်နှံရမလဲ ရွေးတဲ့ အခါ အိမ်ခြံမြေကိုပဲ အဓိက မျက်စိကြတာများပါတယ်။ ဒီတော့ သူတို့ရဲ့ အခန်းကဏ္ဍဟာ အနာဂတ်မှာ အရေးပါလာပါလိမ့်မယ်။

၅ - ငလျင် ဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အဦး အခြေအနေ

ငလျင်ဆိုတာက နှစ် ၆၀, ၈၀, ၁၀၀ ကြားခြားပြီးမှ ဖြစ်ပေါ်လာတာ ကြောင့် အခုတစ်ခါ လှုပ်ပြီးသွားရင်တောင် နောက်နှစ် ၆၀, ၈၀, ၁၀၀ လောက်မှ ပြန်လာဖို့များပါတယ်။

သာမန် ဖြစ်ရိုးဖြစ်စဉ်တွေအရ လူတွေက ငလျင်လှုပ်ပြီး ၂ နှစ်အကြာထိတော့ Panic ဖြစ်ကြပါတယ်။ ၂ နှစ်အကြာ မှာတော့ အားလုံးက Normal Stage ကို ပြန်ရောက်လေ့ရှိပါတယ်။ ဒါကလည်း သီအိုရီ အရ ဖြစ်ပြီးတော့ အခြေအနေပေါ်မူတည်ပြီး ကွာဟ မှု ရှိပါတယ်။

သို့ပေမယ့် အနာဂတ်မှာတော့ ငလျင် ဒဏ်ခံနိုင်တဲ့ အိမ်ခြံမြေ တွေက ပိုပြီး ဈေးကွက်အရ ပိုကောင်းလာနိုင်ချေများပါတယ်။

မှတ်ချက်။ ယခုဖော်ပြပါ အချက်များသည် ကျွန်တော် အောင်သူရကျော် တစ်ဦး တစ်ယောက်တည်းရဲ့ အမြင်များကိုသာ ဖော်ပြထားပြီး၊ ကူးယူဖော်ပြမှုထက် Share ပေးခြင်းကိုသာ ပြုလုပ်ပေးလို့ရပါတယ်။


#အိမ်ခြံမြေအကြောင်းလေ့လာပါ

Edit  # Rent out (23.4.25)လုပ်ငန်းသမားများအတွက် ဂိုထောင်အပါ ငှား ရန်ရှိသည် ။ #တောင်ဒဂုံမြို့နယ် #၂၁ ရပ်ကွက် #ပညာရေးလမ်းက...
20/04/2025

Edit # Rent out (23.4.25)
လုပ်ငန်းသမားများအတွက် ဂိုထောင်အပါ ငှား ရန်ရှိသည် ။
#တောင်ဒဂုံမြို့နယ်
#၂၁ ရပ်ကွက်
#ပညာရေးလမ်းကျယ်ပေါ် ( မြိတ်လမ်းမှ ၃ ကွက်မြောက်)
# မြေ အကျယ်ပေ ၂၀* ၆၅
#အဆောက်အဦး အကျယ် ၁၈*၃၀
# စည်ပင်ရေ၊ မီးအပါ
#လုပ်ငန်းအတွက် သင့်တော်သော နေရာ
#၃လ ချုပ် ဆို ၄ သိန်း
#၆ လချုပ် ဆို ၃ သိန်းခွဲ
#စပေါ် ၅ သိန်း
ဆက်သွယ်ရန်

phone 📱 and Viber #09956606541

 #​ရောင်းမည်  #​တောင်ဒဂုံ ​သိန်း၁၈၀၀ (ညှိနှိုင်း)တောင်ဒဂုံ ၁၄၀ ရပ်ကွက်✅အမှတ် ၂၅၃၉ ဇောတိကလမ်းမ✅အမှတ်၂ လမ်းမကြီးဒဲ့ဆင်း၊ သ...
20/04/2025

#​ရောင်းမည်
#​တောင်ဒဂုံ

​သိန်း၁၈၀၀ (ညှိနှိုင်း)

တောင်ဒဂုံ ၁၄၀ ရပ်ကွက်
✅အမှတ် ၂၅၃၉ ဇောတိကလမ်းမ
✅အမှတ်၂ လမ်းမကြီးဒဲ့ဆင်း၊ သိန်းတရာလမ်းအတိုင်း ၁၄၀​စျေး က​နေတည့်တည့်
✅​ပေ 40x60 ​ဒေါင့်ကွက်
✅မူရင်းပါမစ်
✅အိုးအိမ်စစ်​ဆေးပြီး
✅အုတ်တံတိုင်း၄ဘက်ကာပြီး
✅ခြံထဲ​မြေဖို့ပြီး
✅ခြံ​ရှေ့ခြံ​​ဘေး​ရေ​မြောင်းလုပ်ပြီး

☎️ 09956606541

 #အိမ်ငှားရန်ရှိ #မြောက်ဒဂုံမြို့နယ် #၃၈ ရပ်ကွက် #ပြည်ထောင်စု ကျောကပ်လမ်း # ၂ ထပ်အိမ်၊ ရေ၊မီးအစုံ # ပေ ၄၀*၆၀  # အငှား တလ...
02/10/2024

#အိမ်ငှားရန်ရှိ
#မြောက်ဒဂုံမြို့နယ်
#၃၈ ရပ်ကွက်
#ပြည်ထောင်စု ကျောကပ်လမ်း
# ၂ ထပ်အိမ်၊ ရေ၊မီးအစုံ
# ပေ ၄၀*၆၀
# အငှား တလ ၄ သိန်း( စပေါ် တလစာ)
# ၃ လချုပ် ၊ ၆ လချုပ်
ဆက်သွယ်ရန် အကျိုးဆောင်
Phone and Viber
09956606541

01/10/2024

🪴 #အိမ်ခြံမြေအရောင်းအဝယ်လုပ်ကြတဲ့အခါ

ဝယ်သူဘက်က လိုအပ်တဲ့ အချက်အလက်တွေ၊

စာချုပ်စာတမ်းစစ်တာမေးမြန်းတာဟာ လိုအပ်လို့

လုပ်ကြတာပါ....

🪴အဲ့ဒါကိုရောင်းသူတွေက နားလည်

သဘောပေါက်ဖို့၊ကိုယ့်ပစ္စည်းမှန်ကန်ရင်

စိတ်ကြိုက်စစ်ခွင့်ပေးဖို့ တာဝန်ရှိပါတယ်။

🪴ခုအရောင်းအဝယ်တွေမှာတွေ့နေရတာက

လိုအပ်လို့မေးမြန်းတာကို တချို့ရောင်းသူ

တွေက အောက်တယ်လို့ ခံစားနေရတဲ့ပုံနဲ့

မခံချိမခံသာပုံပြန်ဖြေတာတွေကြုံရပါတယ်

(ဥပမာ-ကျွန်မတို့ပုံစံက လူလိမ်ပုံပေါက်နေလို့လား

လို့ ပြန်မေးတာတွေလည်းကြုံရပါတယ်။)

🪴အရောင်းအဝယ် လုပ်ကြတယ်ဆိုတာအရာအား

လုံးယုံကြည်မှုနဲ့သွားလို့မရပါဘူး။အလုပ်ကိုအလုပ်

နဲ့တူအောင် သေချာလုပ်ထားမှနောက်နောင်တ

ယောက်နဲ့တယောက်အပြုံးမပျက်ဆက်ဆံနိုင်မှာပါ။

🪴ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကိုရောင်းတယ်ဆိုတာလည်း

သိမ်ငယ်စရာ၊အောက်တယ်လို့ ခံစားရစရာ

အကြောင်းကို မရှိတာပါ။သူများကိုရောင်းတယ်ဆို

တာရောင်းစရာရှိလို့သာရောင်းနိုင်တာပါ။

လူတိုင်းရောင်းသူနေရာက လက်မှတ်ထိုး

ခွင့်ရနေကြတာမဟုတ်ပါဘူး။ပိုင်ဆိုင်မှုရှိသူများသာ

ရနိုင်တဲ့အခွင့်အရေးပါဆိုတာကိုယ့်ရဲ့ရောင်းသူများ

ကိုအသိပေးလိုက်ပါရစေ။

to

-အိမ်ခြံမြေ

Address

Dagon Myo Thit
Yangon

Telephone

+959956606541

Website

Alerts

Be the first to know and let us send you an email when Kwee Htun Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kwee Htun Real Estate:

Share

Category