Yadanar Eain Real Estate ရတနာအိမ် အိမ်ခြံမြေ

  • Home
  • Myanmar
  • Yangon
  • Yadanar Eain Real Estate ရတနာအိမ် အိမ်ခြံမြေ

Yadanar Eain Real Estate ရတနာအိမ် အိမ်ခြံမြေ ရတနာအိမ်အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း

09/12/2023
09/12/2023
လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️🧑🏻‍💻မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည...
23/01/2023

လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🧑🏻‍💻မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ....(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

🧑🏻‍💻"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

🧑🏻‍💻ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

🧑🏻‍💻ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ စျေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။
စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။
အမှန်တော့ "စျေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။"စျေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

🧑🏻‍💻လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဉ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ဝှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်း၀င်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။

🧑🏻‍💻ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံ၀င်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

🧑🏻‍💻ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။
~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။

🧑🏻‍💻~ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အ၀င်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။

🧑🏻‍💻~အိမ်၀မှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

🧑🏻‍💻အရေးကြီးဆုံးကတော့ ...👍 ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ

🧑🏻‍💻မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ🙏🙏🙏

📌ယနေ့ခေတ်မှာတော့ ရှေးထုံးတမ်းတွေကို 100% လိုက်နာနိုင်ဖို့ဆိုတာတော့မလွယ်တော့ပါဘူးရှင်
အိမ်ဆောက်ချင်သူမိတ်ဆွေတို့အတွက် ဗဟုသုတအဖြစ်မျှဝေခြင်းသာ...
---------------------------

မိန်းမဖြစ်သူ၏အမည်ဖြင့်မြေကွက်ဝယ်ယူခြင်း နှင့် လင်ဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်မြေကွက်  အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ...
16/11/2022

မိန်းမဖြစ်သူ၏အမည်ဖြင့်မြေကွက်ဝယ်ယူခြင်း နှင့် လင်ဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

မြေကွက် အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ့ပါတယ် ဝယ်သူကလင်မယား ၂ ယောက်ပါ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်းနာမည်သာ ထည့်လိုကြောင်းပြောလာပါတယ်။

ဘာကြောင့် လင်မယား၂ ယောက်အမည်မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှု့ပါ။ သူတို့အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။

ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါဆရာတဲ့ နားလည်မှု့ရှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။ ဒီလိုနဲ့ ဝယ်သူနေရာမှာ မိန်းမဖြစ်သူအမည်ကိုပဲထည့်ပြီး သက်သေနေရာမှာတော့ ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။

မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ ဒါပေမယ့် ဥပဒေဗဟုသုတ ဆက်ပြီးတင်ပြလိုက်ပါတယ်။ မြန်မာဗုဒ္ဓဘာသာလင်မယားများဖြစ်ပါကမည်သူ၏ အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦးအညီအမျှပိုင်ဆိုင်ပါတယ်။ မယားအမည်ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။

ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကိုမခွဲရသေးလျင် ကွာရှင်းပြီး နောက်မှ လင် (သို့မဟုတ်) မယားအမည်ဖြင့် ဂရန်အမည်ပေါက်သွားဦးတော့။ အဆိုပါ ဂရန်အမည်ပေါက်သူ တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးစလုံးပိုင်ဆိုင်ခွင့်ရှိပါသည် ။ ( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။

ထို့ကြောင့် အချုပ်ဆိုရသော် လင် (သို့မဟုတ်) မယားတစ်ဦးဦးအမည်ဖြင့်ဝယ်ယူသော်ငြား လက်ထက်ပွားပစ္စည်းဖြစ်ပါက အမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှပိုင်ဆိုင်ပါကြောင်း တင်ပြအပ်ပါသည်။

Credit: စာချုပ်ရှေ့နေ (U Aung Zay Ya)

ပြန်လည်ကူးယူဖော်ပြပါသည်။

အိမ်ခြံမြေအားမေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုမည့်သူများအတွက်- မိခင်၊ဖခင် မှ သားသမီးများ- အကို၊အမ မှ ညီ...
16/11/2022

အိမ်ခြံမြေအားမေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုမည့်သူများအတွက်

- မိခင်၊ဖခင် မှ သားသမီးများ
- အကို၊အမ မှ ညီ၊ညီမ သို့ပေးကမ်းလိုသော
သူများအတွက်လမ်းညွန်

၁--မေတ္တာဖြင့်ပေးကမ်းခြင်း‌မြေပုံ
-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မိမိပိုင်ဆိုင်သော ဂရန်‌မြေ၊မြေပိုင်‌။မြေများ
ကိုအထောက်ထားပြုပြီး မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံမြေရာဇဝင်လျောက်ထားကူးယူရပါမည်။ကြာချိန် ၃၀ ရက်။

လိုအပ်သောစာရွက်စာတမ်များ
- မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင်
- မူရင်း၊မိတ္တူ
- မှတ်ပုံတင် မူရင်းမိတ္တူ
- မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌မြေ
စီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ။

၂-မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်တန်ဖိုးသတ်မှတ်ခြင်း

မေတ္တာဖြင့်ပေးကမ်းခြင်း‌မြေပုံရပါကမိမိတို့နေထိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနသို့သွားရောက်ထွက်ဆိုချက်ပေးရပါမည်။
လိုအပ်သောစာရွက်စာတမ်းများ
- ပေးလိုသောမြေ၊အိမ်ဓါတ်ပုံ
- မေတ္တာဖြင့်ပေကမ်းသည့်စာချုပ်
- မေတ္တာဖြင့်ပေကမ်းခြင်းမြေပုံမြေရာဇဝင်
- မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင်
- ပေးသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
- လက်ခံသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
- မိခင်၊ဖခင်၊အကို၊အမတော်စပ်ကြောင်းကျမ်းကျိန်
- အဖိုးစားနားရယူခြင်းမရှိ၊မိမိပိုင်သော၊စီမံခန့်ခွဲလျက်ရှိသောကျမ်းကျိန်လွှာ( ပေးသူမှကျိန်ရပါမည်,)
- မိခင်ဖခင်မှ သားသမီးများရှိသည့်အနက် တစ်ဦးတည်းသာပေးပါက ကျန်မောင်နှမများ သဘောတူသိရှိ‌‌ကြောင်း၊ကန့်ကွက်ရန်မရှိကြောင်း တစ်ဦးချင်းစီမှကျန်းကျိန်တစ်စောင်ချင်းစီ(မောင်နှစ်မငါးယောက်ဆို ကျမ်းကျိန်ကုန်ကျစားရိတ်နဲ့သွားပြီ၊အချက်လက်များ၊မှတ်ပုံတင်နံပါတ်များမမှားစေရန်သတိပြုပါ)
- ပေးသူ၊ယူသူခံဝန်ချုပ်(အခွန်ရုံးမှာနမူနာတောင်းကြည့်နိုင်ပါတယ်၊၊)
- စာချုပ်ပါ သက်သေနှစ်ယောက် နဲ့ မှတ်ပုံတင်မူရင်း

bestjob

အထက်ဖော်ပြပါ အားလုံးစုံလျင်၊စာရွက်စာတမ်းများအားမိတ္တူ(၃)စုံဆွဲပါ၊

မူရင်းများအားလုံးနှင့် ပေးသူ၊ယူသူ၊အသိသက်သေများ၊ကြောင်းကျမ်းကျိန်ထားသူများပါလိုက်သွားရပါမည်။

အခွန်ရုံးရှိသက်ဆိုင်ရာအရာရှိထံမှန်ကန်‌ကြောင်းထွက်ဆိုချက်ပေး၊လက်ပွေနှိပ်၊ဓါတ်ပုံရိုက်မှတ်တမ်းတင်တာဝန်ကျအရာရှိမှလုပ်ပါသည်၊(တချို့ရုံးမှာတော့ဓါတ်ပုံမရိုက်ပါ၊၊)

တခါတရံတာဝန်ကျအရာရှိ အစည်းဝေးသွားခြင်း၊ကွင်းဆင်းသွားခြင်းများရှိပါတယ်၊ဝန်ဆောင်မူ့ပေးသူအ‌နေဖြင့်အရာရှိနှင့်ကြိုတင်ချိန်းထားသင့်ပါတယ်။

*၂/၃ပတ်ခန့်ကြာလျင်ခွင့်ပြုမိန့်ကျပါပြီ၊

တံဆိပ်ခေါင်းခွန်၄%ချလံအခွန်ရုံးတွင်ယူပြီး၊သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းပါ၊ဘဏ်မှ‌ငွေသွင်းချလံတပိုင်းပြန်ပေးပါမည်၊

အဆိုပါ‌ချလံဖြင့်အခွန်ရုံးပြန်သွားပြီးတံဆိပ်ဂေါင်းထုတ်ပါ။

၃-စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခြင်း

အဆိုပါတံဆိပ်‌ခေါင်းများရပါက ရန်ကင်းမြို့နယ်ရှိ၊စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခ
0-5%( အခွန်ရုံးမှသတ်မှတ်သည့်တန်ဖိုးရဲ့0-5% /သိန်း100လျင်50000နုန်း၊)ထပ်မံထမ်းဆောင်မှတ်ပုံတင်ရပါမည်။

လိုအပ်သောစာရွက်စာတမ်းများ
- ပိုင်ဆိုင်မူ့အထောက်ထား(ဂရန်၊အမည်ပေါက်စာချုပ်)
- ဘဏ်ငွေသွင်းထားသည့်ချလံ
- တံဆိပ်ဂေါင်း၊4%နှင့်မေတ္တာပေးစာချုပ်၊မေတ္တာပေးမြေပုံတွဲချုပ်
- သက်သေနှစ်ယေက်နှင့်မှတ်ပုံတင်မူရင်း
- ပေးသူ၊ယူသူ နှင့်မှတ်ပုံတင်မူရင်း
- အစိုးရရုံးဖွင့်ရက်တိုင်း နံနက်၉:၀၀မှစတင်မှတ်ပုံတင်ပေးပါသည်။
- မှတ်ပုံတင်စာချုပ်မှာ(၃) ပတ်နေလျင်ပြန်ရွေးရပါမည်

၄-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မြေအမည်ပြောင်းဆောင်ရွက်ခြင်း

လိုအပ်သောစာရွက်စာတမ်များ
- မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင်မူရင်း၊မိတ္တူ
- မေတ္တာဖြင့်ပေးကမ်းခြင်းစာမှတ်ပုံတင်စာချုပ် မူရင်း၊မိတ္တူ
- လက်ခံရရှိသူမှတ်ပုံတင် မူရင်းမိတ္တူ
- မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ
အမူ့တွဲဖွင့်ပြီး၄၅ရက်ကြာရင်အမည်ပြောင်းလို့ပြီးပါပြီ။

ယနေ့(၂၂-၁၁-၂၀၁၉)လက်ရှိဆောင်ရွက်နေသည့်အကြောင်းအရာများပါ။တခါတရံ ရုံးတွင်းညွန်ကြားချက်များကြောင့်အပြောင်းလဲရှိနိုင်ပါတယ်။

လေးစားစွာဖြင့်မျှဝေခြင်းပါ

Credit : UTZ Lawfirm(UTO)

ပြန်လည်ကူးယူဖော်ပြပါသည်။

🟢ဂရန်သက်တမ်းကုန်ဆုံးသွားတဲ့ အိမ်ခြံမြေကို အမွေဆက်ခံခွင့်ရှိပါသလား❓🟢🟩ဂရန်မြေဆိုတာက လူနေထိုင်ရန်အတွက်ဖြစ်စေ၊ စက်မှုလုပ်ငန်...
16/11/2022

🟢ဂရန်သက်တမ်းကုန်ဆုံးသွားတဲ့ အိမ်ခြံမြေကို အမွေဆက်ခံခွင့်ရှိပါသလား❓🟢

🟩ဂရန်မြေဆိုတာက
လူနေထိုင်ရန်အတွက်ဖြစ်စေ၊
စက်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက်ဖြစ်စေ
နှစ်ကာလ အပိုင်းအခြားဖြင့်
သက်တမ်းကုန်ဆုံးလျှင်
လဲလှယ်ခွင့်ပြုသည့် မြေငှားစာချုပ်ကို
ဂရန်ဟုခေါ်သည်။
ဂရန်မြေကို အမွေဆက်ခံခွင့်ရှိသည်။
ဂရန်ရသူက လွှဲပြောင်းခွင့်လည်း ရှိသည်။🟩

🟩ဂရန်သက်တမ်းကုန်ဆုံးနေရင်
သက်တမ်းတိုးလျှောက်ရပါမယ်။
ထိုသို့လျှောက်ထားရာမှာ
အပိုင်း(၂)ပိုင်း ရှိပါတယ်။
ပထမက နှစ်(၃၀)ပဲ ပေးသလား?။
နှစ်(၃၀)ကိုမှ ဂရန်လဲခွင့်မရှိဘူးဆိုရင်
လုပ်ထုံးလုပ်နည်းအရ ဂရန်ကို
အသစ်ပြန်လျှောက်ရပါမယ်။
သို့မဟုတ် နှစ် (၆၀)၊ နှစ်(၉၀)ဆိုရင်
(with renewable)ဆိုပြီး ပါပါတယ်။
ပြန်ပီးတော့ သက်တမ်းတိုးလျှောက်ထားရပါမယ်။
ဂရန်အသစ်ပြန်လျှောက်စရာမလိုပါဘူး။🟩

🟩အဲ့ဒီလိုလျှောက်တဲ့အခါ
ဂရန်အမည်ပေါက်သူ ပိုင်ရှင်ကိုယ်တိုင်က
လျှောက်ထားရမှာ ဖြစ်ပါတယ်။
အနှစ်(၃၀)ဂရန်ဆိုရင်တော့
ဂရန်အသစ် ပြန်လျှောက်ရပါမယ်။
ဒီလိုမှ မဟုတ်ရင်
အစိုးရမြေဖြစ်သွားတဲ့အတွက်
သူရဲ့အခွင့်အရေးတွေ
ဆုံးရှုံးရပ်စဲသွားပါတယ်။🟩

🟩ဂရန်သက်တမ်းကုန်ဆုံးသွားတဲ့
မြေပေါ်မှာတော့ နဂိုရှိထားတဲ့
အခွင့်အရေးတွေက မရရှိနိုင်တော့ပါဘူး။
အမွေဆက်ခံတာတွေ၊ ပိုင်ဆိုင်ခွင့်တွေက
ရပ်ဆိုင်းသွားတဲ့အတွက် ဖြစ်ပါတယ်။
ဒါ့ကြောင့် ဂရန်သက်တမ်းတိုးလျှောက်ရပါမယ်။🟩

🟩အမှုတွဲလုပ်စရာမလိုပဲနဲ့ သက်တမ်းတိုးပေးဖို့
အခွင့်အရေးရပါတယ်။ မဟုတ်ရင်တော့
အစိုးရပိုင်မြေဖြစ်သွားတဲ့အတွက်
အခွင့်အရေးတွေ ဆုံးရှုံးမှု ရှိနိုင်ပါတယ်။
ဒါ့ကြောင့် နှစ်(၃၀)ဂရန်ဆိုရင်
အသစ်ပြန်လျှောက်ရမယ်။
တခြား နှစ်(၆၀)၊ နှစ်(၉၀)ဆိုရင်
အသစ်လဲလှယ်ရပါမယ်။🟩

🟩ဒီလိုမှမလုပ်ရင်
သက်တမ်းကုန်ဆုံးနေတဲ့အတွက်
ဂရန်မြေကို အမွေဆက်ခံခွင့်ရနိုင်သလား
လက်ရောက်ရနိုင်သလားဆိုရင်တော့
အစိုးရမြေဖြစ်သွားတဲ့အတွက်
လုပ်ထုံးလုပ်နည်းအရ မပြုလုပ်ပါက
အမွေဆက်ခံခွင့်တော့
ခက်ခဲသွားပါလိမ့်မယ်။🟩

#မူရင်း‌ရေးသားသူအား_Credit_‌ပေးပါတယ်

မြေဧက ဘယ်လိုတွက်မလဲ ? *****************၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =   ၄၃၅၆၀ ...
16/11/2022

မြေဧက ဘယ်လိုတွက်မလဲ ?
*****************
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ

၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ်

ဒါ့ကြောင့််
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ
ဖြစ်ပါတယ်

၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Address

O-33, Panda Orchid & Yamin Shwe Wa Corner, Orchid Fontana Garden, FMI CITY, Hlaingtharyar Township
Yangon

Telephone

+95943033688

Website

Alerts

Be the first to know and let us send you an email when Yadanar Eain Real Estate ရတနာအိမ် အိမ်ခြံမြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category