Thet Paing Soe - Industrial specialize

Thet Paing Soe - Industrial specialize Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Paing Soe - Industrial specialize, Estate agent, Yangon.

 #ဥပဒေအရအကျုံးဝင်သောမြေ၉မျိုး🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖ...
30/11/2023

#ဥပဒေအရအကျုံးဝင်သောမြေ၉မျိုး
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၉) မျိုး အကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။

၁။ မြေပိုင်မြေ
==========
မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း
စနစ္တက် မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယယွူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

၂။ ဘိုးဘပိုင်မြေ
===========
ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ္မခြဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးခ်" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကို ဆိုလိုသည်။

၃။ ဂရန်ရှိမြေပိုင်မြေ
==============
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒပုဒ္မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကို ဆိုလိုသည်။

၄။ လိုင်စင်မြေ
==========
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာ မြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့် ပေးထားသော မြေကို ဆိုလိုသည်။

၅။ ပါမစ်မြေ
=========
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့်
စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့ "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကို ဆိုလိုသည်။

၆။ မြေငှားဂရန်မြေ
=============
မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့်
အငှားချထားသည့် မြေကိုဆိုလိုသည်။

၇။ စကွာတာမြေ
===========
စကွာတာမြေဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေကို
ဆိုလိုသည်။

၈။ ကျူးလွန်ခြင်းမြေ
==============
ကျူးလွန်ခြင်းမြေ ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံသည့် မြေမျိုးကို ဆိုလိုသည်။

၉။ ကျူးကျော်မြေ
=============
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရွိသူမ်ား ၀ငရွောကနွထေိုငလွှှကရွှိသော မြေကို ဆိုလိုသည်။

မြို့ကွက်မြေပုံ
==========
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ m ဖြင့် စနစ္တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။

မြို့မြေစာရင်း
==========
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရ မြို့ကွက် မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။တင်ပြပြီးနောက်

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများ ဖြစ်ပါသည်။

ယင်းသို့မြေ အမျိုးမျိုးအကြောင်း သာသနာမြေ (၄) မျိုး အကြောင်းလည်း ရှင်းပြလိုပါသေးသည်။

၁။ အခွန်လွတ်သာသနာ့မြေ
===================
အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကို ဆိုသည်။

၂။ အခွန်လွတ်သာသနာ့မြေဂရန်
======================
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူ အလို့ငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင် ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။
(၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) (အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

၃။ အခွန်လွတ်ဗဒ္ဓသိမ်မြေ
==================
အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့် ရှိသည့် မြေကိုဆိုသည်။

၄။ အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
=====================
အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "ဝိသုံဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကို ဆိုသည်။
(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင် ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ
လျှောက်ထားခွင့်ရှိသော မြေနှင့် "ဝိသုံဂါမသိမ်" အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါ၀င်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

photo
🙏🙏🙏🙏🙏🙏🙏
Thet Paing Soe Real Estate
☎09781999334
☎09258921100Viber

ကျွန်ုပ် စောင့်ကြည့်သူ ၆၀၀ ဦး ရရှိခဲ့ပါပြီ။ သင်တို့ရဲ့ အဆက်မပြတ် ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ တစ်ဦးချင်း...
29/10/2023

ကျွန်ုပ် စောင့်ကြည့်သူ ၆၀၀ ဦး ရရှိခဲ့ပါပြီ။ သင်တို့ရဲ့ အဆက်မပြတ် ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ တစ်ဦးချင်းစီရဲ့ အကူအညီ မပါဘဲ ကျွန်ုပ် ဒါကို လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ 🙏🤗🎉

 ုန်းဘေးလက်ဆောင်ယူပါ
16/08/2023

ုန်းဘေးလက်ဆောင်ယူပါ

 #လိူင်သာယာစက်မူဇုန်မြေနှင့်ဂိုဒေါင်အငှားစာရင်းUpDate🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰 ိူင်သာယာစက်မူဇုန်မြေအကျယ်1Acreဂိုဒေါင်(80×120) မီး31...
15/08/2023

#လိူင်သာယာစက်မူဇုန်မြေနှင့်ဂိုဒေါင်အငှားစာရင်းUpDate
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
ိူင်သာယာစက်မူဇုန်
မြေအကျယ်1Acre
ဂိုဒေါင်(80×120)
မီး315KVA ခွဲသုံး
အငှါ✅ =35 Ls

ိူင်သာယာစက်မူဇုန်
မြေအကျယ်(0.67ဧက)
ဂိုဒေါင်အကျယ်(80×100)Sqft
မီး100KVA
✅ #အငှာစျေး=35LS

ိူင်သာယာစက်မူဇုန်
မြေအကျယ်(140×200)
ဂိုဒေါင်အကျယ်10000Sqft
မီး=Power
✅ #အငှာစျေး=35Ls

ိူင်သာယာစက်မူဇုန်
မြေအကျယ်(0.85 ဧက)
ဂိုဒေါင်အကျယ်(50×100)
မီး315KVAခွဲသုံး
✅ #အငှာစျေး=25 Ls

ိူင်သာယာစက်မူဇုန်
မြေအကျယ် 2Acres
ဂိုဒေါင်အကျယ်=(100×100)
မီး = Light
အငှားစျေး✅= 45Ls

ိူင်သာယာစက်မူဇုန်
မြေအကျယ်2ဧက
ဂိုအကျယ်=(50×100)
မီး = Light
✅ #အငှာစျေး=35 Ls

ိူင်သာယာစက်မူဇုန်
မြေအကျယ်=1"ဧက
ဂိုအကျယ်=(21000)Sq
မီး=315KVAခွဲသုံး
✅ #အငှာစျေး=85Ls

ိူင်သာယာစက်မူဇုန်
မြေအကျယ်=1ဧက
ဂိုအကျယ်=(175×200)
မီး=315KVA
အငှား✅=1sq 400Ks±±
ှိုင်သာယာစက်မှုဇုန်
မြေအကျယ်=(0.8)ဧက
ဂိုအကျယ်=(50×150)2Off
မီး=200KVA ခွဲသုံး
အငှားစျေး✅=35Ls

ိူင်သာယာစက်မူဇုန်
မြေအကျယ်1Acre
ဂိုအကျယ် 80×200--20×80RC(2)Office
315KVA
အငှားစျေး✅70သိန်း

ိူင်သာယာစက်မူဇုန်
ဂိုဒေါင်အကျယ် 100×100RC1
✅ #အငှားစျေး40သိန်းတစ်လလျှင်

ိူင်သာယာစက်မူဇုန်
ဂိုဒေါင်အကျယ် 55×100
✅ #အငှားစျေး25သိန်းတစ်လလျှင်

ိူင်သာယာစက်မူဇုန်
ဂိုဒေါင်အကျယ် 65×100
✅ #အငှားစျေးနူန်း35သိန်းတစ်လလျှင်

✅ ိူင်သာယာစက်မူဇုန်
မြေအကျယ်1Acre
ဂိုဒေါင်အကျယ်80×160
မီး315KVA
✅ #အငှားစျေး1Sqft350ကျပ်

ိူင်သာယာစက်မူဇုန်
မြေအကျယ်1Acre
ဂိုဒေါင်အကျယ်100×150(15000Sqft)
315KVA
✅ #အငှားစျေး1Sqft350ကျပ်

#ဆက်သွယ်ရန်ကိုသက်ပိုင်စိုး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
☎09258921100Viber
☎09781999334Viber

ဂရန်မြေကို ဝယ်ယူလျှင်➢ အဆင့် (၁၀) ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။➢ ဤ (၁၀) အဆင့်ကို (၁) ဆင့်မျှ ဈေးမဆစ်ပါနှင့် အခက်အ...
15/08/2023

ဂရန်မြေကို ဝယ်ယူလျှင်

➢ အဆင့် (၁၀) ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

➢ ဤ (၁၀) အဆင့်ကို (၁) ဆင့်မျှ ဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။

➢ အရောင်းအဝယ်စရန်ကြီး (စရန်ငွေ) မပေးမီ (၃) ဆင့် လုပ်ဆောင်ရပါမည်။

1. ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2. စရန်ကြီးပေးခါနီး မူရင်းဂရန်ကိုမြင်တွေ့ရမှသာလျှင် စရန်ချပါ။

3. စရန်ချပြီးသည်နှင့်တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

➢ ​အောက်ပါ ( ၄ ) မျိုးရမှ ငွေပြေချေပါ။

1. အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2. မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3. မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4. မြေကွက်နှင့်အိမ် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် အဆင့် ( ၃ ) ဆင့်။

1. တန်ဘိုးလျော့ချုပ်သည့်စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2. “ရာဖြတ်” ၏ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3. အားလုံးပြီးမှ မြို့တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။


Paing Soe Real Estate
☎09258921100Viber
☎09781999334Viber

 #ဘာလို့ပါမစ်မြေကိုအရောင်းအဝယ်အများဆုံးလုပ်ဖြစ်ကြသလဲ ??✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅ဂရန်မြေ၊ ဘိုးဘွားပိုင် မြေ၊ ပါမစ်မြေ၊ စလစ်မြေ စသဖ...
03/01/2023

#ဘာလို့ပါမစ်မြေကိုအရောင်းအဝယ်အများဆုံးလုပ်ဖြစ်ကြသလဲ ??
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅

ဂရန်မြေ၊ ဘိုးဘွားပိုင် မြေ၊ ပါမစ်မြေ၊ စလစ်မြေ စသဖြင့် မြေအမျိုးအစားအမျိုးမျိုးရှိသည့်အနက် ဘာလို့ ပါမစ်မြေကို အရောင်း အဝယ် အများဆုံးလုပ်ဖြစ်ကြသလဲ ?

ပါမစ်မြေကို ရောင်းလို ဝယ်လိုအားများရတဲ့ အကြောင်းအရင်းကိုလေ့လာကြည့်ရမယ်ဆိုရင်

၁။ အရောင်းအဝယ်လွယ်ကူခြင်း
အရောင်းအဝယ်စာချုပ်ကို အရပ်ကတိ စာချုပ်ဖြင့် ချုပ်ဆိုနိုင်ပြီး အဆင့် ဆင့်လွှဲပြောင်း ရောင်းချနိုင်တာဖြစ်လို့ ရောင်းချသူများအနေနဲ့
အရောင်းအဝယ် အဆက်အစပ် ကွင်း ဆက်မပြတ် အရောင်းအဝယ် ကတိ စာချုပ်များ ရှိရန်သာလိုသည်။

၂။ အမည်ဖောက် ဂရန်သစ်လျှောက်ထားနိုင်ခြင်း
အခြား သူအမည်ပေါက် ဂရန်မြေကို ဝယ်ယူ အမည်ပြောင်းပါက ထိုမြေ ကိုရောင်းသည့် ငွေကာလတန်ဖိုးပေါ်မူတည်ပြီး အခွန်ဆောင်ရခြင်း၊မှတ်ပုံတင် အ ရောင်းအဝယ် စာချုပ် ချုပ်ရခြင်း၊ စသဖြင့် လုပ်ဆောင်ရမယ့် အဆင့်များ များပြားကာ ကုန်ကျစရိတ်မှာမြင့်မားသည်။
သို့သော်ပါမစ်မြေကို ဝယ်ရာတွင် ပါမစ်မြေ စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချခွင့် ရှိသလို မိမိအမည်ပေါက် နှစ် ၆ဝ ဂရန်လည်း လျှောက်ထားနိုင်သည်။
တရားဝင်ကုန်ကျစရိတ်မှာ ၃/၄ သိန်း ဝန်းကျင်သာရှိမည် ဖြစ်သည်။

၃။ မြေချပါမစ် မှန်ကန်မှု ရှိ မရှိ စစ်ဆေးနိုင်ခြင်း
ပါမစ်မြေကွက်ကို ဝယ်ယူရန် စရန်ပေးလိုက်သည်နှင့် ရောင်းသူကိုင်ဆောင်ထားသည့် မြေချပါမစ်မှာ အစစ် အမှန်ဟုတ်မဟုတ်ကို သက်ဆိုင်ရာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊မြေယာ ရုံးခွဲများတွင်
သွားရောက်စစ်ဆေးနိုင်သည်။ သက်ဆိုင်ရာ မြို့နယ် မြေနှင့် အခွန်မြေယာရုံးခွဲတာဝန်ရှိ လက်ခံစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက် ကာ ပိုင်ဆိုင်မှု မှန်ကန်မှုရှိမရှိကို စစ်ဆေးကာ အတည်ပြုနိုင်သည်။

အထက်ပါအချက်များကြောင့် ပါမစ်မြေ ကို အများဆုံးဝယ်ယူ ရောင်းချလေ့ရှိသည်ကို လေ့လာ ဝေမျှလိုက်ပါတယ်နော်
ရောင်းသူဝယ်သူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ရောင်းဝယ်နိုင်ကြပါစေ။

face book
#ကိုသက်ပိုင်စိုးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
☎09781999334 Viber
☎09258921100 Viber
#အိမ်ခြံမြေဗဟုသုတများသိလိုပါကpageအားlike and Followပြုလုပ်ထားနိုင်ပါသည်
#မိတ်ဆွေများသိစေလိုပါကလည်းShareပေးနိုင်ပါသည်

 #မြေအမျိုးအစားအလိုက်စာရွက်စာတမ်းစစ်ဆေးရမည့်ပုံစံများဖြစ်ပါသည်💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်း...
03/01/2023

#မြေအမျိုးအစားအလိုက်စာရွက်စာတမ်းစစ်ဆေးရမည့်ပုံစံများဖြစ်ပါသည်
💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢
အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။
Credit: The kumudra journal
#ကိုသက်ပိုင်စိုးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
☎09781999334 Viber
☎09258921100 Viber
#အိမ်ခြံမြေနှင့်ပက်သက်သောဗဟုသုတများသိလိုပါကpageအားlikeနှင့်Followပြုလုပ်ထားနိုင်ပါသည်
#မိတ်ဆွေများသိစေလိုပါကလည်းshareပေးနိုင်ပါသည်

 #ပါမစ်မြေအမျိုးစားများအားဂရန်လျောက်ထားခြင်း 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 #ပါမစ်မြေအမျိုးအစားကိုလူအများသိထားပြီးဖြစ်ပါသည် ...
03/01/2023

#ပါမစ်မြေအမျိုးစားများအားဂရန်လျောက်ထားခြင်း
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
#ပါမစ်မြေအမျိုးအစားကိုလူအများသိထားပြီးဖြစ်ပါသည်
#ပါမစ်မြေအမျိုးအစားဆိုသည်မှာ
#နိုင်ငံတော်အစိုးရကချလန်ပေးထားပြီးတော့မှမြေချပါမစ်ထုတ်ပေးထားတာဖြစ်ပါတယ်။

#မြေချပါမစ်စာရွက်စာတမ်းသည်သုံးစုံရှိပါတယ်။

တစ်စုံကို ပိုင်ရှင်အားပေးပြီး ကျန်နှစ်စုံကိုသက်ဆိုင်ရာဌာနက သိမ်းထားပါတယ်။

ပိုင်ရှင်ထံရှိ တစ်စုံမှာ ပိုင်ရှင်၏ ဓာတ်ပုံ တစ်ပုံ၊ ဝန်ခံကတိပြုတဲ့စာရွက်သုံးရွက် ပါရှိပါတယ်။

ဒီအချက်အလက်လေးတွေ စုံလင်စွာပါရှိရင်တော့ ပါမစ်မြေကို အရောင်းအဝယ်ပြုလုပ်လို့ရပါတယ်။

ပါမစ်မြေအား ဂရန်လျှောက် တော့မယ်ဆိုရင်တော့ ပိုင်ရှင်ဆီမှာရှိတဲ့ ပါမစ်စာရွက်စာတမ်း အပြည့်အစုံကို ဌာနကို ပြန်အပ်ပြီးမှသာ ဂရန်လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။

အမည်ပေါက်ပိုင်ဆိုင်သူထံမှတစ်ဆင့်၀ယ်ယူသူဖြစ်ပါက-

1 အမည်ပေါက်ပိုင်ဆိုင်သူထံမှ တစ်ဆင့်ဝယ်ယူထားသည့် အရောင်းအဝယ်ကတိစာချုပ်၊ဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်

2 သက်ဆိုင်ရာ မြေယာကော်မတီသို့ မြေယာဖော်ထုတ်စရိတ် နှင့် မြေယာစီမံခန့်ခွဲခွင့်စရိတ်ပေးသွင်းထားသည့် ငွေသွင်းချလန်မူရင်း နှင့်မိတ္တူ

3 အမည်ပေါက်ပိုင်ဆိုင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ

4 ဝယ်ယူသည့်မြေ (သို့မဟုတ်) မြေ နှင့် အဆောက်အဦးအတွက် ရှေ့၊ နောက်၊ဘေး၂ဖက် စုစုပေါင်း ဓာတ်ပုံ ( ၄ ) ပုံ အစရှိသည့် အချက်အလက် များ ဂရန်လျှောက်ထားရာတွင် လိုအပ်ပါသည်။

အထူးသတိပြုရမည့် အချက်ကတော့ မြေကွက် မဝယ်မီ သက်ဆိုင်ရာ ဌာနမှာ ပိုင်ဆိုင်မှုအထောက်အထားမှန်မှန် စစ်ဆေးပြီးမှသာ စရံငွေ ပေးချေခြင်း၊ဝယ်ယူခြင်း ပြုလုပ်သင့်ပါသည်။
#ပါမစ်မြေအမျိုးအစားအများစုကိုလိူင်သာယာအရှေ့ဒဂုံတောင်ဒဂုံမြေဒဂုံ
#ရွှေပြည်သာစသဖြင့်လူမစည်ကားသေးသောမြို့နယ်အများစုတွင်တွေ့ရှိရပါသည်

fbမြို့တော်စည်ပင်သာယာရေးကော်မတီ
#ကိုသက်ပိုင်စိုးအိမ်ခြံမြေအကျိုးဆောင်
☎09781999334 Viber
☎09258921100 Viber
#အိမ်ခြံမြေဗဟုသုတများသိလိုပါကpageအားlikeနှင့်followပြုလုပ်ထားနိုင်ပါသည်
#မိတ်ဆွေများသိစေလိုပါကလည်းshareပေးနိုင်ပါသည်

 #အိမ်ခြံမြေဟုဆိုရာတွင်မြေအမျိုးစားများစွာရှိပါသည် #အခြေခံအားဖြင့်ပါမစ်မြေစလစ်မြေဂရန်မြေဘိုးဘွားပိုင်မြေအမျိုးစားများကတေ...
03/01/2023

#အိမ်ခြံမြေဟုဆိုရာတွင်မြေအမျိုးစားများစွာရှိပါသည်
#အခြေခံအားဖြင့်ပါမစ်မြေစလစ်မြေဂရန်မြေဘိုးဘွားပိုင်မြေအမျိုးစားများကတော့လူသိများပါတယ်
#မြေကွက်များဝယ်ယူမည်ဆိုပါကမိမိဝယ်ယူမည့်မြေသည်ဂရန်လားပါမစ်လားဘိုးဘွားလားသိထားရပါမည်

#မြေအမျိုးစားများစွာရှိသည့်အနက်ဂရန်လျှောက်နိုင်သောမြေအမျိုးစားများမှာ
#ဂရန်လျှောက်နိုင်သည့်မြေ
1)လိုင်စင်မြေ
2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
3)စကွာတာမြေ
စသည့်မြေအမျိုးစားများကိုဂရန်လျှောက်ယူနိုင်ခွင့်ရှိပါသည်

#ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
1)နိုင်ငံသားစီစစ်ရေးကတ်ပြား
2)ပါမစ်(သို့)လိုင်စင်မြေ
3)မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
4)နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

#စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။ တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက #၁၄ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

#ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

#ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။ သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

#မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင်သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။ ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင်မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြား၊မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ၊ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်၊ မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

#စီစစ်ထုတ်ပေးခြင်း
-ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
-မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း -ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
-ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် -သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။
-မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

#မြေငှားစာချုပ်(ဂရန်) #သက်တမ်းတိုးခြင်း
-သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
-အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် -ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက -ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။
-သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

#မြေငှားဂရန်စာချုပ်ခွဲစိတ်ပေးခြင်း
-သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် -မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။
-အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းမပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက -သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။
-ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။
-မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

#အမည်ပေါက်ပြောင်းလဲပေးခြင်း
-မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ -တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
-ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း -(သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
-ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

fb ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
#အိမ်ခြံမြေဗဟုသုတများလေ့လာလိုပါကpageအားlikeနှင့်followပြုလုပ်ထားနိုင်ပါသည်

#အခြားသူများလည်းသိရှိလေ့လာနိုင်စေရန်လည်းshareပေးနိုင်ပါသည်

#ကိုသက်ပိုင်စိုးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
☎09781999334 Viber
☎09258921100 Viber

 #လိူင်သာယာတွင်ဂိုဒေါင်အသစ်ငှားမည်25သိန်း✅✅✅✅✅✅✅✅✅✅✅✅✅✅ #မြေအကျယ်                   80×120(9600Sqft) #ဂိုဒေါင်အကျယ်     ...
27/12/2022

#လိူင်သာယာတွင်ဂိုဒေါင်အသစ်ငှားမည်25သိန်း
✅✅✅✅✅✅✅✅✅✅✅✅✅✅
#မြေအကျယ် 80×120(9600Sqft)
#ဂိုဒေါင်အကျယ် 70×100(7000Sqft)
#မီးLighting
#တစ်လလျှင်25သိန်း
#ဆက်သွယ်ရန်
☎09781999334. Viber
☎09258921100. Viber

#ကြော်ငြာတွင်မပါဝင်သောအခြားသောစက်ရုံဂိုဒေါင်များငှားရန်ရှိပါသည်
#ဂိုဒေါင်များအမြန်အရောင်းအငှားလိုအပ်ပါကဆက်သွယ်နိုင်ပါသည်။
#အကျိုးဆောင်ခတစ်လစာယူပါသည်

 #လိူင်သာယာလမ်းမတန်းဂိုဒေါင်ငှားမည်35သိန်း✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅ #မြေအကျယ်                       100×90(9000Sqft) #ဂိုဒေါင်အကျ...
27/12/2022

#လိူင်သာယာလမ်းမတန်းဂိုဒေါင်ငှားမည်35သိန်း
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅
#မြေအကျယ် 100×90(9000Sqft)
#ဂိုဒေါင်အကျယ် 90×80(7200Sqft)ရုံးခန်းပါ
ီး
#တစ်လ35သိန်းညှိနိူင်း

#ဆက်သွယ်ရန်ကိုသက်ပိုင်စိုး
☎09781999334Viber
☎09258921100Viber
#အကျိုးဆောင်ခတစ်လစာယူပါသည်🙏
Rent
#စက်မူဇုန်အငှား
#ဂိုဒေါင်အငှား
Zone
#အိမ်ခြံမြေအကျိုးဆောင်

 #လိူင်သာယာဂိုဒေါင်အသေးမီး200KVAပါငှားမည်✅✅✅✅✅✅✅✅✅✅✅✅✅✅ #မြေအကျယ်                   100×100 #ဂိုဒေါင်အကျယ်              ...
27/12/2022

#လိူင်သာယာဂိုဒေါင်အသေးမီး200KVAပါငှားမည်
✅✅✅✅✅✅✅✅✅✅✅✅✅✅
#မြေအကျယ် 100×100
#ဂိုဒေါင်အကျယ် 55×100ရုံးခန်းနှစ်ထပ်ပါ
#မီး200KVA
#တစ်လလျှင်25သိန်းနောက်ဆုံးစျေးဖြစ်ပါသည်

#ဆက်သွယ်ရန်ကိုသက်ပိုင်စိုး
☎09781999334. Viber
☎09258921100. Viber

#အခြားသောစက်ရုံဂိုဒေါင်အငှားများရှိပါသောကြောင့်ဖုန်းဆက်ပြီးမေးမြန်းစုံစမ်းနိုင်ပါသည်။

#အကျိုးဆောင်ခတစ်လစာယူပါသည်🙏

Address

Yangon
95

Telephone

09258921100

Website

Alerts

Be the first to know and let us send you an email when Thet Paing Soe - Industrial specialize posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category