Kyaw Sann - Real Estate

Kyaw Sann  - Real Estate မိမိတို့အိမ်များဝယ်ယူ/ရောင်းချလိုပါကယုံကြည်စွာဖြင့်ဆက်သွယ်လိုက်ပါ

Kyaw sann- Real Estate မှ အိမ်၊ခြံ၊မြေတွေကို ကာလပေါက်ဈေးအတိုင်းဝယ်ယူနေတာကို သိပြီးပြီလား 😍ကျွန်တော်တို့ Kyaw Sann -Real ...
06/02/2024

Kyaw sann- Real Estate မှ အိမ်၊ခြံ၊မြေတွေကို ကာလပေါက်ဈေးအတိုင်းဝယ်ယူနေတာကို သိပြီးပြီလား 😍

ကျွန်တော်တို့ Kyaw Sann -Real Estate ❤️ မှ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်း ၄မြို့နယ်မှ လူကြီးမင်းတို့ရဲ့ အိမ်၊ ခြံ၊ မြေတွေကို 🏡 ကာလပေါက်ဈေးအတိုင်းဝယ်ယူနေပါပြီ။

ဒါ့အပြင် လူကြီးမင်းတို့ရဲ့ ငွေကြေးတွေကို အိမ်။ခြံ၊မြေဘက်မှာ ဝယ်ယူ ရင်းနှီးမြှပ်နှံဖို့ အိမ်၊ခြံ၊မြေ အကျိုးဆောင်တစ်ခုကို ရှာဖွေနေတယ်ဆိုရင်လည်း ကျွန်တော်တို့ ကိုဆက်သွယ်နိုင်ပါတယ်။👌

ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်း ၄မြို့နယ်မှာ အိမ်၊ခြံ၊မြေ ရောင်းဝယ်တာ နဲ့ပတ်သက်ပြီး လွယ်ကူလျင်မြန်စိတ်ချစွာ ဆောင်ရွက်ပေးနေပါတယ်။ 💯💯💯

➡️ Kyaw Sann -Real Estate နဲ့
ဆက်သွယ်လိုပါက

ဖုန်းနံပါတ်☎️ 09-777746890

သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။😘

Sann - Real Estate

06/02/2024

💢အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ💢

အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ ထင်ပါတယ်။

လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကိုတွေ့ရပြန်ပါတယ်။

ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။

အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'×60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'×60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'×60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'×60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'×60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။

ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20'×60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။

မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'×60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။

အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'×60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။

ခြေရင်းဘက်ခြမ်း (20'×60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။

ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။

ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ “သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို” ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်း​ခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် “ဘယ်သူသေသေ ငတေမာရင် ပြီးရော’ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။

အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ တွေးမိတယ်ဗျာ။

ဒီတော့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေ…မြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။
Crd:

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတ...
06/02/2024

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ်
လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"

အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့
အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့
အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ
လုပ်ဆောင်ရာမှာ နှစ်ဦးနှစ်ဖက်သတိထားသင့်၊ သိထားသင့်တဲ့
အချက်တွေ ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က
ပြောပါတယ်။

အိမ်ခြံမြေရောင်း၀ယ်ရာမှာ တချို့ ၀ယ်လက်တွေက
အခွန်ရှောင်ချင်တဲ့အခါမှာ အရောင်းအ၀ယ်စာချုပ်နဲ့ တစ်ခါတည်း
လွှဲပြောင်း မချုပ်ဆိုကြဘဲ ဒီလို အထွေထွေ ကိုယ်စားလှယ်လွှဲစာ
တွေ၊အထူးကိုယ်စားလှယ် လွှဲစာတွေနဲ့သာ အလုပ်လုပ်ထား
ကြလေ့ ရှိပါ တယ်။

အခွန်ရှောင်ချင်တဲ့အတွက် ဒီလို အလွယ်တကူ လုပ်ထားပေမဲ့
တကယ်တမ်း မှာ သိထားရမယ့် အရေးကြီးတဲ့အချက်တွေ
ရှိနေပါတယ်။

* အထူးကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိုယ်စားလှယ်လွှဲစာ
တွေ လုပ်ဆောင်ရာမှာ အကြီးအကဲ
(လွှဲပေးတဲ့သူ၊ တစ်နည်းအားဖြင့် ရောင်းချသူပိုင်ရှင်) ဟာ
- သေဆုံးခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်သွားခြင်းကြောင့်
ဖြစ်စေ၊
- ထောင်နှစ်ရှည်ကျလျှင်ဖြစ်စေ၊
- ကြွေးမြီမှ ကင်းလွတ်စေရန်အတည်ဖြစ်လျက် ရှိတဲ့ ဥပဒေ
တစ်ရပ်ရပ်အရ ကြွေးမဆပ်နိုင်တဲ့ လူမွဲစာရင်းဖြစ်ကြောင်း
စီရင်ဆုံးဖြတ်ခြင်းခံ ရခြင်းကြောင့်ဖြစ်စေ၊
ဒီလိုအကြောင်းတရား တွေကြောင့် အထူးကိုယ်စားလှယ်လွှဲစာ၊
အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေဟာ ဆုံးခန်းတိုင်ပြီး
ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ဒီအချက်တွေကို
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀၁ မှာ အတိအလင်း ဖော်ပြ
ထားကြောင်းလည်းအိမ်ခြံမြေလောကမှာ နှစ်ပေါင်း ၃၀ နီးပါး
အတွေ့အကြုံရှိထားတဲ့ ကြည်စိုး (IC) က ပြောပါတယ်။

ဒီလို ကိုယ်စားလှယ်လွှဲစာတွေ ပျက်ပြယ် ရတဲ့ အထက်မှာ
ဖော်ပြခဲ့တဲ့ အကြောင်းရင်း တွေထဲကတစ်ခုကို ဥပမာပြရရင်
လူတစ် ယောက်က အိမ်မြေပိုင်ရှင်တစ်ယောက်ဆီက
သိန်း ၁၀၀ တန်အိမ်မြေကို အထူးကိုယ်စား လှယ်လွှဲစာနဲ့
စာချုပ်ချုပ်ပြီး ငွေချေလိုက်ပါ တယ်။ နောက်တစ်နေ့မှာ
အဲဒီရောင်းချလိုက်တဲ့ ပိုင်ရှင်က သေဆုံးသွားခဲ့တယ်ဆိုရင်
အဲဒီ အထူးကိုယ်စားလှယ်လွှဲစာကအကျုံးမ၀င် တော့ဘဲ
ပျက်ပြယ်သွားမှာမျိုးဖြစ်ပါတယ်။

ဒါ့ပြင်
- ဒီကိုယ်စားလှယ်လွှဲစာတွေကို စနစ် တကျနဲ့ ပြန်ရုပ်သိမ်း
နိုင်ရင်လည်း ပျက်ပြယ်သလို
- ကိုယ်စားလှယ် (ပိုင်ရှင်)က ကိုယ်စားလှယ်လုပ်ငန်းကို
ဆောင်ရွက်ရန် ငြင်းပယ်ခြင်းကြောင့်ဖြစ်စေ၊
- ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးခြင်းကြောင့် ဖြစ်စေလည်း
ပျက်ပြယ်ပါတယ်။

*** ဒီကိုယ်စားလှယ်လွှဲစာတွေမှာ သက်တမ်းမရှိသလို
စိတ်ပေါ့သွပ်နေသူနဲ့ အသက် ၁၈ နှစ်အောက်က လွဲပြီး
စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကာ
ကြိုက်တဲ့သူကို လွှဲနိုင်ပါတယ်။ ***

ဒါပေမဲ့ ဒီကိုယ်စားလှယ်လွှဲစာတွေဟာလွှဲတဲ့သူရော၊ အလွှဲခံတဲ့
သူပါ သတိထားကြ ရမှာ ဖြစ်ပါတယ်။
အထူးကိုယ်စားလှယ်လွှဲစာနဲ့အထွေထွေကိုယ်စားလှယ်လွှဲစာမှာ
*** အထွေ ထွေကိုယ်စားလှယ်လွှဲစာဟာ အကန့်အသတ်မရှိ
ပါဝါပေးတာဖြစ်ပြီး အလွှဲခံရသူ လုပ်သမျှ၊ ဖြစ်သမျှ ပြဿနာကို
မူလပိုင်ရှင်ဟာ ရှောင်လို့မရတာကြောင့်ပေါ့ပေါ့ဆဆ
မလုပ်သင့် ဘူး *** လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အခုလိုအချိန်အခါမှာ အိမ်ခြံမြေ ရောင်း ၀ယ်ရာမှာ ကျင့်သုံးရမယ့်
အခွန်စနစ်ဟာ ၀ယ်လက်တွေအတွက်ခေါင်းခဲစရာ ဖြစ်နေ
ပါ တယ်။ ဒါကြောင့် ကိုယ်စားလှယ်လွှဲစာတွေကို ပိုအာရုံကျနေ
ကြဖွယ်ရှိလို့သတိထားသင့်တဲ့ အချက်တွေကို သိထားပြီးမှ
အလုပ်လုပ်သင့် ကြောင်း အကျိုးဆောင်တချို့က
အကြံပြု ပါတယ်။

အဆင့်ဆင့် လက်ဆင့်ကမ်း ဝယ်ယူလာကြပြီး
နောက်ဆုံး၀ယ်ယူထားသူအနေနဲ့
မူလပိုင်ရှင် (သို့မဟုတ်) GP/SP လွှဲအပ်ခံထားရတဲ့သူ
ရှာမရခဲ့ဘူးဆိုလျှင် သက်ဆိုင်ရာတရားရုံးကနေ
အနိုင်ဒီဂရီရယူပြီး အဆိုပါ အနိုင်ဒီဂရီနဲ့
၀ယ်သူအမည်ပေါက် (အမည်ပြောင်း) လို့ ရပါသည်။

Crd

05/02/2024

မြေ(၁) ဧကမှာ ရှိတဲ့ အတိုင်းအတာ ယူနစ်များ
===============================
၁ ဧက = ၄၃,၅၆၀ စတုရန်းပေ
၁ ဧက = ၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ
၁ ဧက = ၆၆ ပေ × ၆၆၀ ပေ
၁ ဧက = ၁ သံကြိုး (အလျား) × ၁ ဖာလုံ (အနံ)
၁ ဧက = ၄၀,၄၇ စတုရန်းမီတာ

၁ စတုရန်းပေ = ၀.၀၉၂၉ စတုရန်းမီတာ
၁ စတုရန်းမီတ = ၁၀.၇၆၄ စတုရန်းပေ
၁ မီတာ = ၃.၂၈၁ ပေ

Sq.ft ကို ဧကဖြင့် သိလိုလျှင်...
Sq.ft ÷ 43,560 = ( ) ဧက
ဥပမာ: 20,000 Sqft ကို ဧကဖြင့် သိလိုရင်
20,000 ÷ 43,560 = 0.459 ဧက

ဧကကို Sq.ft ဖြင့် သိလိုလျှင်...
ဧကအကျယ် × 43,560 = ( ) Sq.ft
ဥပမာ - 0.5 ဧကကို Sq.ft ဖြင့် သိလိုရင်
0.5 × 43,560 = 21780 Sqft

၁ ဧက = ၄၃,၅၆၀ စတုရန်းပေ ဆိုတာက လက်မ၊ ပေ၊ ကိုက်၊ သံကြိုး၊ ဖာလုံ၊ မိုင် စတဲ့ အတိုင်းအတာ ယူနစ်များနဲ့ တွက်ချက်ထားတာ ဖြစ်ပါတယ်။

၁၂ လက်မ = ၁ ပေ
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး ( ၆၆ ပေ )
၁၀ သံကြိုး = ၁ ဖာလုံ ( ၆၆၀ ပေ )
၈ ဖာလုံ = ၁ မိုင် ( ၅,၂၈၀ ပေ )

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၁ ဟက်တာ = ၂.၄၇၁ ဧက
၁၀၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

- မူရင်းရေးသားသူ

02/06/2023

ဒဂုံမြို့သစ် လေးမြို.နယ်ရှိ***ဆိပ်ကမ်း/တောင်ပိုင်း/အရှေ့ပိုင်း-မြေကွက်များကိုရောင်းဝယ်လိုပါက အဆင်ပြေစွာဆောင်ရွက်ပေးပါသည်။

ဒဂုံဆိပ်ကမ်း🏘️🏡🏘️မြို.နယ်ရှိ ရပ်ကွက်များ
--------------
58-59-59-60-61-69-77-78-79-80-81-82-83-84-85-86-87-88-89-90-91-148-149-150-151-168- လူနေရပ်ကွက်များနှင့်စက်ရုံအဆောင်ဆောက်ရန်မြေကွက်များ

ဒဂုံအရှေ့ပိုင်း🏫💒🏠မြို.နယ်ရှိ ရပ်ကွက်များ
---------------
120 , 121 .122 .123 .
124 .125 .126 : 127 : 128 :129 :130 .131 .132 .133
134 :135 .136 137: 138 :139 .155 .157 .118 .119
108 .52 .5. 6.7 .8. 9 .13 .14 :15
လူနေရပ်ကွက်များနှင့်

ဒဂုံတောင်ပိုင်း🏘️🏡🏡🏠
----------------
55-69-70-71-72-104-105-106-140-145-146-147-152-153-154
ရပ်ကွက်များမှပေ(40'-60')မြေကွက်များအားလုံး
❤️💛💚💙

ရောင်း/ဝယ်လိုပါကဆက်သွယ်နိုင်ပါသည်။

☎️
09 777746890
😍😍😍😍

ကျေးဇူးတင်ပါသည်။

အားလုံးမဂ်လာပါခင်ဗျာမိမိတို့အိမ်နဲ့ခြံများဝယ်ချင်/ရောင်းချချင်ပါကဆက်သွယ်နိုင်ပါတယ်☎️ 09-777746890 / 09-777833584
02/06/2023

အားလုံးမဂ်လာပါခင်ဗျာ
မိမိတို့အိမ်နဲ့ခြံများ
ဝယ်ချင်/ရောင်းချချင်ပါက
ဆက်သွယ်နိုင်ပါတယ်
☎️ 09-777746890 / 09-777833584

Address

Yangon

Telephone

+959777746890

Website

Alerts

Be the first to know and let us send you an email when Kyaw Sann - Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Sann - Real Estate:

Share

Category