Dragon Eyes Real Estate Co.,Ltd.

Dragon Eyes Real Estate Co.,Ltd. Dragon Eyes Real Estate Co.,Ltd.

Dragon Eyes အိမ် ခြံ မြေ ဥပဒေအကြံပေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းမှ လူကြီးမင်းတို့၏ ၀ယ် ရောင်း ငှားလိုသော မြေကွက်၊ တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းအိမ်ရာများအတွက် လျင်မြန်သော အချိန်နှင့် သင့်တင့်သော ဈေးနှုန်းရရှိရေးအတွက် အကောင်းဆုံးဝန်ဆောင်မှုများနှင့်အတူ လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးပါသည်။ ထို့အပြင် လူကြီးမင်းတို့၏ အိမ် ခြံ မြေနှင့်ပတ်သက်သော ဥပဒေဆိုင်ရာ အကြံပေးဆွေးနွေးမှုများကိုလည်း အကောင်းဆုံးဝန်ဆောင်မှု ပေးပါသည်။ အဆောက်အဦ ဆောက်လုပ်လိုသူများအတွက်လည်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်နှင့် ခိုင်ခံ့မှုရရှိစေရန်အတွက် Dragon Eyes ကုမ္ပဏီမှ လိုင်စင်ရ အင်ဂျင်နီယာများဖြင့် အကောင်းဆုံး တည်ဆောက်ပေးနေပါသည်။

■ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင် ယာဉ်များ လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရ...
05/03/2026

■ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင် ယာဉ်များ လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဥ်များ ​မောင်းနှင်အသုံးပြုရန် ထုတ်ပြန်

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိက ပိုင်ယာဉ်များ လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဥ်များ ​မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ယ​နေ့(မတ် ၃ ရက်)တွင် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်သည်။

ပြည်သူသို့ အသိပေးကြေညာချက်တွင် လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိ​ကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်​ကြောင်း ​ဖော်ပြထားသည်။

အဆိုပါ စည်းကမ်းသတ်မှတ်ချက်များမှာ လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/---- 4A/---စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်​ကြောင်းနှင့် ယင်းသို့ကန့်သတ်ချက်တွင် EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များမပါဘဲ EV မော်တော် ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်​ကြောင်း သိရသည်။

သို့ရာတွင် နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်​ကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်​ကြောင်းနှင့် သို့ဖြစ်၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

■ Website Link >>>> https://news-eleven.com/article/310261

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

Address

Yangon

Telephone

+959960932556

Website

Alerts

Be the first to know and let us send you an email when Dragon Eyes Real Estate Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share