Eainchanmyay.com

Eainchanmyay.com EainChanMyay.com - our unique real estate brand is dedicated to providing a seamless experience.

အိမ်ခြံမြေ.com က အိမ်တွေ ခြံတွေ တိုက်ခန်းတွေပဲ ရောင်းပေးနေတယ်လို့ မှတ်ယူထားကြတယ်ဆိုရင် မှားယွင်းနေပါတယ်လို့ပြောပါရစေ 🤔🏠အ...
13/05/2024

အိမ်ခြံမြေ.com က အိမ်တွေ ခြံတွေ တိုက်ခန်းတွေပဲ ရောင်းပေးနေတယ်လို့ မှတ်ယူထားကြတယ်ဆိုရင် မှားယွင်းနေပါတယ်လို့ပြောပါရစေ 🤔

🏠အိမ်ခြံမြေက တိုက်ခန်း အိမ်ခန်းအရောင်းများသာမက ငှားရမ်းခြင်းဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးပါတယ် အိမ်ပိုင်ရှင်စိတ်တိုင်းကျ လိုအပ်ချက်များနှင့်ကိုက်ညီတဲ့ တိုက်ခန်းကို သေချာရွေးချယ် ပြသပေးပြီးငှားရမ်းရာတွင်လည်း လိုအပ်တဲ့ စာရွက်စာတမ်း အချက်အလက်အပြည့်အစုံဖြင့် အပြီးအစီး‌ဆောင်ရွက်ပေးလျက်ရှိပါတယ် 💯

အခု ငှားရမ်းပြီးသွားတဲ့ အငှားတိုက်ခန်းဟာဆိုရင် ငှားရမ်းလိုတဲ့ အိမ်ရှင်ဘက်က cozy ဖြစ်တဲ့ ကော်ဖီဆိုင် ☕ 🍀 ဖွင့်ဖို့ရည်ရွယ်ချက်နဲ့ ရှာပေးဖို့ ပြောလာတဲ့အတွက် အကိုက်ညီဆုံးဖြစ်မယ့် ဒီအငှားတိုက်ခန်းလေးကို ပြပေးဖြစ်ခဲ့တာပဲဖြစ်ပါတယ် ☺️

အရင်ကတော့ တထပ်မြင့်ထပ်ခိုးပါ တိုက်ခန်းဆိုပေမယ့် အခုချိန်မှာတော့ Instagrammable cozy cafe တစ်ခုအဖြစ် ပဉ္စလက်ဆန်ဆန်ပြောင်းလဲဖွင့်လှစ်ထားပြီပဲဖြစ်ပါတယ် ☕🏠📸

အိမ်ခြံမြေအနေနဲ့ အခန်းအငှားလုပ်ငန်းပြီးမြောက်သွားတာနဲ့ မပြီးသေးပါဘူး ဒီလိုလှပတဲ့ cafe တစ်ခုဖြစ်လာဖို့အတွက် decoration ၊ branding အပိုင်းများကိုပါ တာဝန်ယူ‌ဆောင်ရွက်ပေးထားပါတယ်☺️

အိမ်ခြံမြေအနေနဲ့ အိမ်ရောင်း/ အိမ်ဝယ်/ အိမ်ငှား လုပ်ငန်းများသာမက လူကြီးမင်းတို့စိတ်ကြိုက် ဝယ်ယူ/ငှားရမ်းထားတဲ့ နေရာနဲ့ လိုက်ဖက်ညီမယ့် interior decorations အပိုင်းကိုလည်း အကြံပြုဆောင်ရွက်ပေးနိုင်ပါသေးတယ် ဆိုင်ခန်းဖွင့်လှစ်ချင်သူများအတွက်လည်း ကိုယ်ရဲ့ ဆိုင် branding ကောင်းမွန်စေရန် လိုအပ်တဲ့ branding materials design များကိုလည်း အိမ်ခြံမြေ.com မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ် ✔️✔️✔️

✨ ဒီလို ခမ်းနားနဲ့ အသွင်အပြင်နဲ့ လူကြီးမင်းတို့ အပြည့်အဝ စိတ်အေးချမ်းစေမယ့် အပြင်အဆင်၊ branding များကိုပါ အိမ်ခြံမြေ မှ ဝန်ဆောင်မှု ပေးလျက်ရှိတာကြောင့် အခုပဲ EainChanMyay.com ကိုဆက်သွယ်လိုက်ပါ❗

☎️ +95 9 755 262 520
☎️ +95 9 765 551 550
📩 [email protected]




အိမ်လေးတစ်လုံးဝယ်တဲ့အခါ၊ ငှားတဲ့အခါ အိမ်တစ်အိမ်ရဲ့ အပေါ်ယံမှာတွေ့ရတတ်တဲ့ အလှအပတွေကို ကြည့်ပြီး ရွေးချယ်တတ်ကြတာ ပုံမှန်ပါ...
30/04/2024

အိမ်လေးတစ်လုံးဝယ်တဲ့အခါ၊ ငှားတဲ့အခါ အိမ်တစ်အိမ်ရဲ့ အပေါ်ယံမှာတွေ့ရတတ်တဲ့ အလှအပတွေကို ကြည့်ပြီး ရွေးချယ်တတ်ကြတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ကိုယ်က နှစ်ရှည်လများ ဒီအိမ်လေးမှာ နေရမှာဆိုတော့ အပေါ်ယံမြင်ရတဲ့အရာတွေအပြင် အခြား လွယ်လွယ်ကူကူနဲ့ မမြင်နိုင်တဲ့ အရာတွေကိုလည်း စစ်ဆေးပြီးမှသာ ဝယ်ယူငှားရမ်းသင့်တာပေါ့။ ဘာတွေ စစ်ဆေးသတိပြုသင့်လဲဆိုတော့ -

(၁) တည်နေရာ
ကိုယ်နေထိုင်မယ့်အိမ်ရဲ့ တည်နေရာက အရမ်းကို အရေးကြီးပါတယ်။ လမ်းမ (သို့) ဘတ်စ်ကားဂိတ်နဲ့နီးလား၊ ဈေးနဲ့နီးလား၊ ဒါ့အပြင် ရပ်ကွက် ဆိတ်ငြိမ်ရပ်ကွက်လား၊ စည်ကားတဲ့ ရပ်ကွက်လားဆိုတာနဲ့ နောက်ဆုံး လုံခြံမှုအပြည့်အဝပေးနိုင်တဲ့ တည်နေရာဟုတ်မဟုတ်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် မြေညီနဲ့ ခြံဆိုရင်လည်း မြောင်းနဲ့ ဘယ်လောက်အကွာအဝေးရှိတယ်ဆိုတာနဲ့ ကိုယ့်အိမ်က မြောင်းထက်နိမ့်လား၊ မြင့်လားဆိုတာကိုပါ စစ်ဆေးသင့်ပါတယ်။

(၂) သန့်ရှင်းမှု
ဒါကတော့ ကိုယ်ဝယ်မယ့် အိမ်မှာ မှိုရှိမရှိ စစ်တာမျိုးနဲ့ ရေဆင်းကောင်းမကောင်း၊ အိမ်သာရေချိုးခန်းတွေနဲ့ ကိုယ့်အိမ်ကရေတိုင်ကီတို့ရဲ့ သန့်ရှင်းမှုတွေအပြင် နောက်ဖေးလမ်းကြားက သန့်မသန့်ကိုပါ စစ်ဆေးရမှာဖြစ်ပါတယ်။ ကိုယ်က ဒီအိမ်မှာ ရေရှည်နေရမှာဆိုတော့ကာ နောက်ပိုင်းကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့်ပါ။

(၃) အဝီစိနဲ့ ဂျိုးဖြူ
ရေရရှိမှုကလည်း အရမ်းအရေးကြီးတဲ့အတွက် တိုက်ခန်းတွေဝယ်ငှားတဲ့အခါမှာ ကိုယ့်အိမ်အတွက် ရေက အဝီစိတွင်းကလား၊ ဂျိုးဖြူပိုက်ကလားဆိုတာကိုတော့ သိဖို့လိုပါတယ်။

(၄) လျှပ်စစ်မီးအခြေအနေ
မီးကို အချိန်နဲ့ပေးနေတဲ့ ဒီကာလမှာ ကိုယ်နေမယ့်ရပ်ကွက်က မီးပေးချိန်တွေ မှန်မမှန်ကလည်း သေချာပေါက် ထည့်သွင်းစဉ်းစားရမယ့်အချက်ပဲဖြစ်ပါတယ်။

အိမ်ဝယ်အိမ်ငှားတဲ့အခါမှာ ကိုယ်က ရေရှည်နေထိုင်မှာဖြစ်တဲ့ ဒီလိုအသေးအဖွဲအချက်လေးတွေက အစပိုင်းမှာ မသိသာပေမဲ့ ရေရှည်မှာ သိသိသာသာ ကိုယ့်အပေါ်ကို သက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ဝယ်အိမ်ငှားတဲ့ အများစုမေ့တတ်ကြတဲ့ ဒီအချက်လေးတွေကို ထည့်သွင်းစဉ်းစားဖို့ အိမ်ခြံမြေ .com ကနေ အကြံပြုလိုက်ပါတယ်နော်။

နောက်လည်း အိမ်ခြံမြေကနေ ဒီလိုမျိုး ဗဟုသုတရဖွယ်ရာတွေကို အမြဲတင်ဆက်ပေးသွားမို့လို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် ရောင်းဝယ်ငှားဖို့ပဲဖြစ်ဖြစ် လိုအပ်ချက်မှန်သမျှကို လက်တွဲဖြည့်ဆည်းပေးဖို့အတွက်လည်း EainChanMyay .com က အသင့်ရှိနေပါတယ်။
☎️ +95 9 755 262 520
☎️ +95 9 765 551 550
📩 [email protected]




#ရင်းနှီးမြှုပ်နှံမှု

အိမ်ဝယ်တာပဲဖြစ်ဖြစ် ငှားတာပဲဖြစ် BCC ကျပြီးဆိုတဲ့ အသုံးအနှုန်းလေးကို ကြားနေကျဖြစ်မှာပါ။BCC ရဲ့ အရှည်ကတော့ Building Compl...
22/04/2024

အိမ်ဝယ်တာပဲဖြစ်ဖြစ် ငှားတာပဲဖြစ် BCC ကျပြီးဆိုတဲ့ အသုံးအနှုန်းလေးကို ကြားနေကျဖြစ်မှာပါ။
BCC ရဲ့ အရှည်ကတော့ Building Completion Certificate ဖြစ်ပြီး အဆောက်အအုံပြီးစီးကြောင်း စာရွက်စာတမ်းပဲဖြစ်ပါတယ်။ အိမ်ဝယ်တဲ့အခါမှာ မစစ်မဖြစ် အရေးကြီးဆုံး စာရွက်စာတမ်းဖြစ်ပြီး ဘုတ်စိမ်း (သို့) အစိမ်းဘုတ်နဲ့လည်း မှားလေ့ရှိကြပါတယ်။

ဘုတ်စိမ်းမှာကလည်း လူနေရန်ဆိုတဲ့ စာလုံးအကြီးကြီးပါပေမဲ့ တကယ့်တကယ်မှာတော့ BCC ကျပြီးမှသာ လူနေထိုင်ခွင့်ရှိတာပါ။ ဘုတ်စိမ်းမှာပါဝင်တဲ့ လူနေရန်ဆိုတဲ့စာက အမှန်တော့ တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့သာ ဆိုလိုတာဖြစ်ပါတယ်။

မှတ်သားစရာတစ်ခုက BCC ဆိုတာ ဘုတ်စိမ်းရှိမှသာလျှင် ကျတဲ့စာရွက်ဖြစ်ပြီး BCCစာရွက် ရပြီးမှသာ မီတာကိုလျှောက်လို့ရတာဖြစ်ပါတယ်။ BCC မကျခင်ငှါးရမ်း၊ ဝယ်ယူမိရင်တော့ အဆောက်အအုံဟာ မီတာမရှိသေးခြင်းနဲ့ မြို့တော်စည်ပင်က တရားဝင်ခွင့်ပြုထားတဲ့အတိုင်း ဆောက်လုပ်ထားကြောင်းအာမခံချက်တွေမပါရှိခြင်းတွေရှိတာမို့ BCC ကျပြီးကြောင်း သေချာစီစစ်ပြီးမှသာ ငှါးရမ်း၊ ဝယ်ယူသင့်ပါတယ်။ နောက်ပိုင်း အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာလည်း BCC မရှိတဲ့အခါ ကြန့်ကြာမှုတွေရှိနိုင်တာကြောင့် အိမ်ဝယ်တဲ့အခါ BCC ကျမကျ စစ်ဆေးဖို့ EainChanMyay .com ကနေ တိုက်တွန်းလိုက်ပါတယ်နော်။

အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် ရောင်းဝယ်ငှားဖို့ပဲဖြစ်ဖြစ် လိုအပ်ချက်မှန်သမျှကို လက်တွဲဖြည့်ဆည်းပေးဖို့အတွက်လည်း EainChanMyay .com က အသင့်ရှိနေပါတယ်။
☎️ +95 9 755 262 520
☎️ +95 9 765 551 550
📩 [email protected]




#ရင်းနှီးမြှုပ်နှံမှု

နှစ်သစ်ဆုတောင်း 🌼🌟မြန်မာ့နှစ်သစ်ကူးပြောင်းတဲ့ အချိန်ကာလမှာ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး စီးပွားဥစ္စာ ဒီရေအလား တိ...
21/04/2024

နှစ်သစ်ဆုတောင်း 🌼🌟

မြန်မာ့နှစ်သစ်ကူးပြောင်းတဲ့ အချိန်ကာလမှာ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး စီးပွားဥစ္စာ ဒီရေအလား တိုးပွားပါစေ၊ ဘေးဘယာတွေ ဝေးကွာပြီး ကောင်းသောလိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း EainChanMyay.com မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🏻🙏🏻🙏🏻

#နှစ်သစ်ဆုတောင်း


#အိမ်ခြံမြေ

အိမ်၊ ခြံ၊ မြေနဲ့ တိုက်ခန်း ဝယ်ယူတဲ့အချိန် စာချုပ်စာတမ်းပြင်ဆင်ကြတဲ့အခါမှာ ဝယ်သူဖက်ကနေသာ စာချုပ်ကို ပြင်ဆင်ဖို့ အရေးကြီး...
10/03/2024

အိမ်၊ ခြံ၊ မြေနဲ့ တိုက်ခန်း ဝယ်ယူတဲ့အချိန် စာချုပ်စာတမ်းပြင်ဆင်ကြတဲ့အခါမှာ ဝယ်သူဖက်ကနေသာ စာချုပ်ကို ပြင်ဆင်ဖို့ အရေးကြီးပါတယ်။
အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းသူဖက်က ကြည့်မယ်ဆိုရင် ရောင်းချတဲ့ပစ္စည်းရဲ့ တန်ဖိုးအပြည့်အဝရပြီးတဲ့အခါ ကိစ္စပြီးမြောက်ပြီဆိုပေမဲ့လည်း ဝယ်သူဖက်ကကြည့်တဲ့အခါမှာတော့ ပစ္စည်းရပြီးတာနဲ့ ပြီးပြီလို့ မဆိုလိုသေးပါဘူး။ အကြောင်းကြောင်းကြောင့် ရောင်းသူဖက်က ကတိပေးထားတဲ့အရာများ ချို့ယွင်းတာတွေ၊ အခြားသူများက နှောင့်ယှက်၊ စွက်ဖက်၊ ဟန့်တားတာတွေ … စတဲ့ အကြောင်းအရာတွေပေါ်လာတဲ့အခါ ဖြေရှင်းရဦးမှာဖြစ်ပြီး ဝယ်သူဖက်က ပစ္စည်းကို လက်လွှတ်ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေလည်း ကျန်ရှိသေးတာကြောင့်ပဲဖြစ်ပါတယ်။
ဒါကြောင့် ဝယ်သူဖက်က ကြည့်တဲ့အခါ အရေးကြီးဆုံးအချက်ကတော့ ဝယ်တဲ့ပစ္စည်းကို လက်ခံရရှိဖို့အပြင် ပစ္စည်းလက်ဝယ်ရှိနေတဲ့အချိန်မှာရော၊ ပြန်လည်ရောင်းချတဲ့အချိန်မျိုးမှာပါ မူလရောင်းသူရဲ့ ပိုင်ဆိုင်မှုချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စတိုင်းအတွက် စာချုပ်မှာ အပြည့်အဝထည့်သွင်းချုပ်ဆိုဖို့က အရေးကြီးပါတယ်။ အကယ်၍များ ရောင်းသူဖက်က စာချုပ်ရေးသားဖို့ ဖြစ်ပေါ်လာတဲ့အခါမှာလည်း ဝယ်သူဖက်ကနေ ကိုယ်လိုအပ်တဲ့ အချက်အလက်တွေပါစေရန် မဖြစ်မနေ ဖြည့်စွက်ရေးသားခိုင်းဖို့အပြင်၊ စည်ပင် အိုးအိမ်မှာပါ ရောင်းသူရဲ့ ပိုင်ဆိုင်မူ့ခိုင်မာကြောင်းနှင့် အမူ့များရှင်းလင်းကြောင်းပါစစ်ဆေးဖို့အလွန့်အလွန်ကို အရေးကြီးပါတယ်လို့ အိမ်ခြံမြေ .com ကနေ သတိပေးလိုက်ပါရစေ။
နောက်လည်း အိမ်ခြံမြေ .com ကနေ ဒီလိုမျိုး ဗဟုသုတရဖွယ်ရာတွေကို အမြဲတင်ဆက်ပေးသွားမို့လို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် ရောင်းဝယ်ငှားဖို့ပဲဖြစ်ဖြစ် လိုအပ်ချက်မှန်သမျှကို လက်တွဲဖြည့်ဆည်းပေးဖို့အတွက်လည်း EainChanMyay .com က အသင့်ရှိနေပါတယ်။
☎️ +95 9 755 262 520
☎️ +95 9 765 551 550
📩 [email protected]




#ရင်းနှီးမြှုပ်နှံမှု

ကွန်ဒိုဆိုတာကတော့ လက်တင် (Latin) ဘာသာစကားဖြစ်တဲ့ ကွန်ဒိုမီနီယမ် (Condominium) ကနေ ဆင်းသက်လာတာဖြစ်ပြီး မြန်မာလိုကတော့ ပူး...
27/02/2024

ကွန်ဒိုဆိုတာကတော့ လက်တင် (Latin) ဘာသာစကားဖြစ်တဲ့ ကွန်ဒိုမီနီယမ် (Condominium) ကနေ ဆင်းသက်လာတာဖြစ်ပြီး မြန်မာလိုကတော့ ပူးတွဲစီမံအုပ်ချုပ်ခွင့်ရှိခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ကွန်ဒိုဟာ မြန်မာလိုဆို စုပေါင်းပိုင်အဆောက်အဦဆိုပြီး အဓိပ္ပါယ်ရတာကြောင့် အနည်းဆုံး ၆ ထပ်နှင့်အထက် မြင့်ရပါမယ်။

ကွန်ဒိုဆောက်လုပ်နိုင်တဲ့မြေတွေကတော့
✅အစိုးရက စုပေါင်းပိုင်မြေလို့ သတ်မှတ်ထားတဲ့‌ နေရာတွေနဲ့
✅အစိုးရခွင့်ပြုတဲ့ အစိုးရမြေတွေပေါ်မှာသာ ဆောက်လုပ်လို့ရနိုင်ပါတယ်။
အစိုးရခွင့်ပြုတဲ့ အစိုးရမြေကိုတော့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ (၁၅) ပိုဒ်ခွဲမှာ “ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်ပိုင်မြေ သို့မဟုတ် နိုင်ငံတော်ကိုယ်စား အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ စည်ပင် သာယာရေးကော်မတီ၊ စည်ပင်သာ ယာရေးအဖွဲ့တစ်ခုခုက ထိန်းသိမ်း စောင့်ရှောက်ခွင့်ပြုထားသော မြေတစ်ခုခု” ဆိုပြီး ဖော်ပြထားပါတယ်။

ကွန်ဒိုဆောက်တဲ့အခါ ကွန်ဒိုမြေဧရိယာဟာ အနည်းဆုံး စတုရန်းပေ ၂၀,၀၀၀ နဲ့ အထက်(အနည်းဆုံး ပေ ၁၀၀ x ပေ ၂၀၀) ရှိဖို့လိုအပ်ပြီး လုပ်ငန်းလိုင်စင်အနေနဲ့ကတော့ ငါးနှစ်သက်တမ်းသတ်မှတ်ထားပါတယ်။ ဒါပေမဲ့ သက်တမ်းကုန်ဆုံးသွားတဲ့အခါမှာတော့ စီမံခန့်ခွဲရေး ကော်မတီထံ လျှောက်ထားပြီး ထပ်မံတိုးမြှင့်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ ကွန်ဒိုနဲ့ ပတ်သက်လို့ တော်တော်လေး သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ နောက်လည်း အိမ်ခြံမြေကနေ ဒီလိုမျိုး ဗဟုသုတရဖွယ်ရာတွေကို အမြဲတင်ဆက်ပေးသွားမို့လို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် ရောင်းဝယ်ငှားဖို့ပဲဖြစ်ဖြစ် လိုအပ်ချက်မှန်သမျှကို လက်တွဲဖြည့်ဆည်းပေးဖို့အတွက်လည်း EainChanMyay .com က အသင့်ရှိနေပါတယ်။
☎️ +95 9 755 262 520
☎️ +95 9 765 551 550
📩 [email protected]




#ရင်းနှီးမြှုပ်နှံမှု

Gong Xi Fa Chai 🧨️🐉ပျော်ရွှင်ဖွယ်ရာတရုတ်နှစ်သစ်ကူးအခါသမယမှာ ကျန်းမာရွှင်လန်းပြီး၊ စီးပွားလာဘ်လဘများတိုးပွားကာ၊ အရောင်းအဝ...
10/02/2024

Gong Xi Fa Chai 🧨️🐉

ပျော်ရွှင်ဖွယ်ရာတရုတ်နှစ်သစ်ကူးအခါသမယမှာ ကျန်းမာရွှင်လန်းပြီး၊ စီးပွားလာဘ်လဘများတိုးပွားကာ၊ အရောင်းအဝယ်တိုင်း အဆင်ပြေချောမွေ့စေဖို့ EainChanMyay .com ကနေ ဆုတောင်းပေးလိုက်ပါရစေ။




#အိမ်ခြံမြေ

🏖️ကမ်းခြေဒေသမှာ စီးပွားရေးလုပ်ကိုင်ဖို့ အသင့်တော်ဆုံး ငပလီမှာရှိတဲ့ "၁၅ ဧက" မြေကွက်ကြီးကို ရောင်းချပေးနေပါပြီ။✅ ဒီမြေကွက...
19/01/2024

🏖️ကမ်းခြေဒေသမှာ စီးပွားရေးလုပ်ကိုင်ဖို့ အသင့်တော်ဆုံး ငပလီမှာရှိတဲ့ "၁၅ ဧက" မြေကွက်ကြီးကို ရောင်းချပေးနေပါပြီ။

✅ ဒီမြေကွက်က ဂရံအမည်ပေါက် ဖြစ်ပြီး ကိုယ့်စိတ်တိုင်းကျ Hotel ဆောက်လုပ်ဖို့လည်း အဆင်သင့်

✅ ငပလီကနေ နာရီဝက်ကျော်ပဲ သွားရတာကြောင့် ဖွံ့ဖြိုးလာမယ့် ဒေသလည်း ဖြစ်သလို
နာမည်ကြီး အဘဲရွာမှာ အခု Develop လုပ်နေတဲ့ Camping Site နဲ့လည်း သိပ်မဝေးတာကြောင့်

✅ စီးပွားရေးအရ အရေးပါသလို ငပလီမှာ အခုရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်၊ မိုတယ်ပေါင်း အလုံးပေါင်း (၅၀) ကျော်အထိ ရှိလာပြီဖြစ်လို့ ဒီအချိန်မှာ ဆုံးဖြတ်ချက်မှန်မှန်ချပြီး ဝယ်ထားမယ်ဆိုရင် ရေရှည်တက်လာနိုင်ခြေ အများကြီး ရှိလာပါလိမ့်မယ်။

အခုအချိန်မှာ "၁၅ ဧက" လုံးကို 💰သိန်း 90,000 (ညှိနှိုင်း) နဲ့သာ ရောင်းစျေးခေါ်ထားတာကြောင့် အကျိုးတူဆောင်ရွက်လိုတဲ့ အကျိုးဆောင်များကိုလည်း Eainchanmyay.com မှ ဖိတ်ခေါ်လျက်ရှိပါတယ်။

ငပလီ "အဘဲကမ်းခြေ" မြေကွက်ကို စိတ်ဝင်စားလို့ အသေးစိတ် မေးမြန်းလိုရင်တော့ Eainchanmyay.com ရဲ့ Message Box နှင့် Hotline Phone ☎️09 755 262 520 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။



#အိမ်ခြံမြေ #မြေကွက် #အရောင်း #ငပလီ #အဘဲကမ်းခြေ

ရင်းနှီးမြှုပ်နှံ၊ စီးပွါးရေးလုပ်ကိုင်ဖို့ ရန်ကုန်မြို့နဲ့ မနီးမဝေးက “၁၂.၈၄ ဧက” မြေကွက်ကြီးကို ရောင်းချပေးနေပါပြီ❗️📍မှော...
16/01/2024

ရင်းနှီးမြှုပ်နှံ၊ စီးပွါးရေးလုပ်ကိုင်ဖို့ ရန်ကုန်မြို့နဲ့ မနီးမဝေးက “၁၂.၈၄ ဧက” မြေကွက်ကြီးကို ရောင်းချပေးနေပါပြီ❗️

📍မှော်ဘီမြို့နယ်ထဲက အမှတ် (၄) လမ်းမကြီးပေါ်မေးတင် “၁၂.၈၄ ဧက” ကျယ်ဝန်းတဲ့ မြေကွက်ကျယ်ကို ပိုင်ရှင်ကိုယ်တိုင် အရောင်းဖွင့်ထားပါတယ်။

B - Toll Gate နဲ့ ကပ်လျက်ဖြစ်တာကြောင့် မှော်ဘီမြို့နယ်ထဲမှာ ရင်းနှီးမြှုပ်နှံထားဖို့ အကောင်းဆုံးဖြစ်လာမယ့် မြေကွက်ဖြစ်သလို မြေဖို့၊ ခြံခတ် အ​ဆောက်ဦး​ဆောက်ဖို့ အဆင်သင့်၊ ဧကများများ​ ရင်းနှီးမြှုပ်နှံထားမယ် စိတ်ကူးထားရင်တော့ 💰သိန်း 𝟒𝟓,𝟎𝟎𝟎 (ညှိနှိုင်း) နဲ့ အမြန်ဆုံး ဝယ်ယူထားသင့်ပါတယ်။

🤝အကျိုးတူ ဆောင်ရွက်လိုတဲ့ အကျိုးဆောင်များကိုလည်း ဖိတ်ခေါ်လျက်ရှိပြီး အသေးစိတ်သိလိုရာတွေအတွက် Eainchanmyay .com ရဲ့ Message Box နှင့် Hotline Phone ☎️09 755 262 520 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။



#အိမ်ခြံမြေ #မြေကွက် #အရောင်း #မှော်ဘီမြို့နယ်

အိမ်ခြံ‌မြေ အကျိုးဆောင်ဆိုတာ ရောင်းသူနဲ့ ဝယ်ယူသူအကြား 🤝နှစ်ဦးနှစ်ဖက်အဆင်ပြေစေဖို့ ယုံကြည်မှုကို အရင်းခံကာ အကျိုးဆောင်ပေး...
06/01/2024

အိမ်ခြံ‌မြေ အကျိုးဆောင်ဆိုတာ ရောင်းသူနဲ့ ဝယ်ယူသူအကြား 🤝နှစ်ဦးနှစ်ဖက်အဆင်ပြေစေဖို့ ယုံကြည်မှုကို အရင်းခံကာ အကျိုးဆောင်ပေးကြသူတွေပါ။

အခုအချိန်အထိ ၂၀ ရာစုက အတွေးဟောင်းတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေအပေါ် မြင်နေတုန်းလား❓

Professional လုပ်ကိုင်နေတဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေက အရောင်းအဝယ် ကိစ္စတစ်ခုချင်းဆီအတွက် ✅စစ်မှန်ပြီး မိတ်ဆွေတို့ရဲ့ အချိန်တွေ၊ ငွေတွေ မလိုအပ်ဘဲ မကုန်အောင် အကြံပေးဆွေးနွေးမှုတွေနဲ့ ရောင်းမှား၊ ဝယ်မှားမဖြစ်စေဖို့ ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော မိတ်ဆွေတွေပါ😇

ဒါကြောင့် ဒီခေတ်မှာရော အိမ်ခြံမြေ အကျိုးဆောင်တွေက အရေးပါရဲ့လား🤔

ဘာကြောင့်အရေးပါတာလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်လဲ၊ ဝယ်သူ/ရောင်းသူတွေအတွက် ဘာတွေသက်သာစေနိုင်လဲဆိုတာ 👇အောက်မှာတစ်ပုံချင်း မျှဝေပေးထားတာကြောင့် ဖတ်ရှုကြည့်ဖို့ တိုက်တွန်းပါတယ်။

မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင်တော့ ပြန်လည်မျှဝေပေးသွားဖို့လည်း မမေ့ပါနဲ့ဦး။



#အိမ်ခြံမြေ #အကျိုးဆောင်

Address

Yangon
11121

Alerts

Be the first to know and let us send you an email when Eainchanmyay.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eainchanmyay.com:

Share