SoHo Bo Myat Tun Tower

SoHo Bo Myat Tun Tower A Commercial, Office and Apartment Complex in the heart of Yangon Central Business District. Perfect

Mixed-used Retail, Office & Apartments Building with Restaurants

31/03/2025
06/10/2022

သာမန်ထက်ကောင်းမွန်သော ဝန်ဆောင်မှုများရရှိနိုင်တဲ့ ဆံသစတူဒီယို ရဲ့ တည်နေရာကို လွယ်ကူစွာရှာဖွေနိုင်ရန် ရည်ရွယ်ပါသည်။💈💈📍📍
#ဆံသစတူဒီယို

04/10/2022

ဗိုလ်မြတ်ထွန်းလမ်းပေါ်မှာ အသစ်ဖွင့်လှစ်ထားတဲ့ ဆံသစတူဒီယို ဆိုင်ကို သိပြီးပြီလား?

ဆိုင်နာမည်လေးအတိုင်းပဲ မိမိဆံပင်နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို အတွေ့အကြုံ အရည်အချင်းပြည့်ဝတဲ့ Hairstylists တွေ၊ အရည်အသွေး ပြည့်မှီတဲ့ products တွေနဲ့ ပုံမှန်ထက်ကောင်းမွန်သော ဝန်ဆောင်မှုတွေ ပေးနေပါပြီ။

Book now: 09 40 8888 550
No(16/G-02), SOHO Bo Myat Htun Tower, Bo Myat Htun Road, Botahtaung Tsp.

တန်​​ဆောင်မုန်းလပြည့်​နေ့သာမည ဖလ အခါ​သမယတွင် မြန်မာပြည်သူ/ပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ​ဘေးရန်အ​ပေါင်းမှ...
18/11/2021

တန်​​ဆောင်မုန်းလပြည့်​နေ့
သာမည ဖလ အခါ​သမယတွင် မြန်မာပြည်သူ/
ပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ​ဘေးရန်အ​ပေါင်းမှ ကင်း​ဝေးကြပါ​စေ​ကြောင်း
SoHo Bo Myat Tun Team မှ ဆုမွန်​ကောင်း​တောင်းအပ်ပါသည်။🙏🙏🙏

ဝါဆိုလပြည့် ၁၃၈၃သာသနာနှစ် ၂၅၆၅'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို' ဒီနေ့ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်...
23/07/2021

ဝါဆိုလပြည့် ၁၃၈၃
သာသနာနှစ် ၂၅၆၅

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို'

ဒီနေ့ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့
ဖြစ်ပါသည်။

ထူးမြတ်လှတဲ့ 🌝 ဝါဆိုလပြည့်နေ့ မှ စ၍ မြန်မာပြည်သူ ပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာအေးချမ်းပြီး ဒုဗ္တိက္ခန္တရကပ်၊ ရောပါန္တရကပ်၊ သတ္ထန္တရကပ် ဘေးဆိုးများမှ အမြန်ဆုံးကင်းလွတ်ကြပါစေကြောင်း SoHo Team မှ ဆု​တောင်း ​မေတ္တာပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏


လက်ရှိအခုအချိန်မှာ COVID-19 တတိယလှိုင်း ကူးဆက်ပျံ့နှံ့မှုနှုန်းဟာဆိုရင် ပြန်လည်မြင့်တက်လာ​နေပြီဖြစ်တာ​ကြောင့် အတတ်နိုင်ဆ...
03/07/2021

လက်ရှိအခုအချိန်မှာ COVID-19 တတိယလှိုင်း ကူးဆက်ပျံ့နှံ့မှုနှုန်းဟာဆိုရင် ပြန်လည်မြင့်တက်လာ​နေပြီဖြစ်တာ​ကြောင့် အတတ်နိုင်ဆုံး အိမ်ထဲမှာ ​နေပါ၊ မဖြစ်မ​နေ အိမ်ပြင်ထွက်ရမယ်ဆိုပါက Mask နှစ်ထပ် တပ်ပါ၊ လက်​ကို မိနစ် (၂၀) တစ်ကြိမ် ​ဆေးပါ၊ ကိုယ်ခံအား​ ကောင်းမွန်​​အောင်​နေပါ ❤

👉မြန်မာနိုင်ငံအတွင်းလက်ရှိဖြစ်ပွား​နေတဲ့ COVID-19 တတိယလှိုင်း နှင့် ပတ်သက်ပြီး

- လိုက်နာသင့်သည့် အချက်များ
- Mask နှစ်ထပ်တပ်နည်း
- COVID-19 Virus ပိုး အ​ဟောင်း နှင့် အသစ် ၏ ​ရောဂါလက္ခဏာများ
- ရာသီတုပ်​ကွေး နှင့် COVID-19 ၏ ကွဲပြား​သော ​ရောဂါလက္ခဏာရပ်များ
- အကယ်၍ Positive ဖြစ်ခဲ့လို့ ​ဆေးရုံမသွားနိုင်တဲ့အခါ အိမ်တွင်းပြုစုကုသနိုင်မယ့် နည်းလမ်းများကို
မျှဝေပေးလိုက်ပါတယ်။👈

မြန်မာနိုင်ငံသူ နိုင်ငံသား များအားလုံး ယခုကြုံ​တွေ့​နေရတဲ့ ကပ်ဆိုး အ​ပေါင်းများ အမြန်ဆုံး လွတ်​မြောက်ကြပါ​စေ​​ကြောင်း SOHO Team မှ ဆုမွန်​ကောင်း​တောင်း​လိုက်ပါတယ်🙏

Urgently hiring! Vacancy announcement position: “BATCHING PLANT MANAGER”Please call: 09796300005/0926230005 /09775200302...
14/01/2021

Urgently hiring!
Vacancy announcement position:
“BATCHING PLANT MANAGER”

Please call:
09796300005/0926230005 /09775200302

Please email CV to
Email: [email protected]

"အမြန်အလိုရှိသည်"
Be a Super Team Member! We are Hiring!!!!!
Super Piling & Concrete Co.,Ltd တွင်တာဝန်ထမ်းဆောင်ရန်အောက်ဖော်ပြပါဝန်ထမ်းအလိုရှိပါသည်။
1. Batching Plant Manager(၁)ဦး (**ဘွဲ့တစ်ခုခုရရှိရပါမည်) သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံငါးနှစ်အထက်ရှိရပါမည်/ အထက်အောက်စီမံခန့်ခွဲအုပ်ချုပ်နိုင်သူဖြစ်ရပါမည်
ဆက်သွယ်ရန်
09796300005/0926230005 /09775200302
CVကို email ပို့ပေးရန်
Email: [email protected]

Wishing you a Happy New Year and be A Healthier You! 🥳🍂✨🍂 လုံခြုံပြီးပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေးကို 2021 နှစ်သ...
01/01/2021

Wishing you a Happy New Year and be A Healthier You! 🥳🍂✨

🍂 လုံခြုံပြီးပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေးကို 2021 နှစ်သစ်မှာ SoHo နဲ့အတူ ဖန်တီးလိုက်ကြရအောင်။ 🥰

🍂 ယနေ့မှစ၍ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ SoHo Bo Myat Tun Tower ရှိ အိမ်ခန်း၊ ဆိုင်ခန်း၊ ရုံးခန်းများကို အသစ်ငှားရမ်းမည့် ဧည့်သည်တော်လူကြီးမင်းများအတွက် နှစ်သစ်ကူးလက်ဆောင်လေးတွေ စီစဉ်ပေးထားပါတယ်နော်။ 🤩

🍂 အခုအချိန်မှာ လူတိုင်းအတွက် အသုံးဝင်စေမဲ့ UV sterilizer လေးတွေကို လက်ဆောင်ပေးသွားမှာပါ။ 🤗

🍂 ဒီ UV sterilizer လေးတွေက လေထဲမှာ ရှိနေတတ်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ မှိုတွေကို သေစေတဲ့ UVC ရောင်ခြည်လေးတွေနဲ့ ကိုယ့်ရဲ့ အိမ်ခန်း၊ ရုံးခန်း၊ စားသောက်ဆိုင်ခန်းများအတွက် ပိုးမွှားကင်းစင်တဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးပေးနိုင်မှာပါ။ ဒါ့အပြင် သူ့မှာ Human Sensor, Remote Control နဲ့ 360 Degree Rotate စတဲ့ Function တွေလည်း ပါဝင်သေးတာမို့ အသုံးပြုရတာ အရမ်းအဆင်ပြေစေမှာပါ။ ✅💯

🍂 လူကြီးမင်းများအားလုံး ပိုးမွှားကင်းစင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ SoHo မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ 🙏
_____

Hello Everyone, Happy New Year! 🥳🍂✨

🍂 We are planning to give New Year Gifts for New customers who rent shops, offices, and residences from now till 31st January 2021. 🤩

🍂 As SoHo Bo Myat Tun Tower Team, we always for our customers’ safety and happiness. So, we will give UV Sterilizers as New Year Gifts. 🤗

🍂 UV Sterilizers contain UVC rays that can kill bacteria, viruses, and fungi in the air. It will create a germ-free environment, whether it's your home or workplace. Moreover, it has useful functions like Human Sensor, Remote Control, 360 Degree Rotate. ✅💯

🍂 With this New Year Gift, we wish you a safe and happy New Year Holiday. 🙏



🌟 Happy New Year Everyone !!! အခုလို နှစ်သစ်အချိန်အခါကာလလေးမှာ Soho မှာနေထိုင်တဲ့မိတ်ဆွေတွေကော မိဘပြည်သူများအားလုံးပါစိတ...
01/01/2021

🌟 Happy New Year Everyone !!!

အခုလို နှစ်သစ်အချိန်အခါကာလလေးမှာ Soho မှာနေထိုင်တဲ့မိတ်ဆွေတွေကော မိဘပြည်သူများအားလုံးပါ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေခင်ဗျာ. . .

" သာယာပျော်ရွှင်ပြီး ရောဂါဘယကင်းစင်သော နေ့သစ်လေးများကိုဖြတ်သန်းနိုင်ကြပါစေ "

🌟 May you have a great year filled with immense happiness and luck! Stay in good health and achieve greater heights of success. Wishing you a wonderful year ahead!




#2020


#2021

🎊 နှစ်သစ်မှာ ဇနီးမောင်နှံတို့ အိမ်ငှားတာပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း (သို့) မိသားစုနဲ့ပဲ နေနေ အိမ်ခန်းငှားတော့မယ်ဆိုရင် ဒီမေ...
30/12/2020

🎊 နှစ်သစ်မှာ ဇနီးမောင်နှံတို့ အိမ်ငှားတာပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း (သို့) မိသားစုနဲ့ပဲ နေနေ အိမ်ခန်းငှားတော့မယ်ဆိုရင် ဒီမေးခွန်းလေးတွေကိုတော့ မဖြစ်မနေ ဖြေကြည့်ထားဖို့ လိုမယ်နော်။ 👈🧐

🍂 (၁) ငွေဘယ်လောက်သုံးမှာလဲ?
အိမ်ခန်းငှားဖို့ ကိုယ်သတ်မှတ်ထားတဲ့ ငွေပမာဏကို ချိန်ဆပြီး ကိုယ့်ဝင်ငွေရဲ့ လစဉ် (၃၀) ရာခိုင်နှုန်းကို အိမ်ငှားဖို့အတွက် ပုံမှန်စုဆောင်းထားပါ။ ကိုယ်မှန်းထားတာထက် အကြောင်းအမျိုးမျိုးကြောင့် ငွေပိုသုံးရမယ်ဆိုရင် ကိုယ့်အတွက် တန်မတန်ကို ပြန်လည်တွက်ချက်ပါ။

🍂 (၂) ဘယ်နေရာမှာ နေမှာလဲ?
ကိုယ်နဲ့ ကိုယ့်မိသားစုနေ့စဉ် မဖြစ်မနေသွားလာရမဲ့နေရာတွေကို ကိုယ်ငှားမဲ့နေရာက သွားဖို့၊ လာဖို့အဆင်ပြေမပြေ ထည့်စဉ်းစားပါ။ ဥပမာ - အလုပ်၊ ရုံး၊ ကျောင်း၊ ဈေး၊ ဆေးရုံဆေးခန်း။ ပတ်ဝန်းကျင်ကလည်း ထည့်သွင်းစဉ်းစားရမဲ့ အချက်တစ်ချက်ပါပဲနော်။

🍂 (၃) ဘာတွေ ပါမှာလဲ?
ကိုယ်ငှားနေမဲ့နေရာက Hall Type လား၊ Fully Furnished လား၊ အခြား Facilities တွေရော ပါသေးလား။ ရေ၊ မီး၊ လေအေးပေးစက်၊ TV ၊ Internet စတာတွေ ပါ၊ မပါ ထည့်တွက်ပါ။ အဲဒီအတွက် လစဉ် အပိုကုန်ကျနိုင်မယ့် စားရိတ်ကိုလည်း ကြိုတင်တွက်ချက်ထားသင့်ပါတယ်။

🍂 (၄) ကိုယ့်အတွက် တကယ်အဆင်ပြေပါ့မလား?
အိမ်ငှားခ၊ တည်နေရာ စတာတွေ စိတ်ကြိုက်ဖြစ်ပြီးနောက် ကိုယ့်အတွက် တကယ်အဆင်ပြေမှု ရှိ မရှိ သိရအောင် ကိုယ်ငှားမဲ့အခန်း၊ အိမ်ကို တစ်ခါလောက် သွားရောက်စစ်ဆေးပါ။ အဓိကအနေနဲ့ ရေပိုက်၊ ဂတ်စ်ပိုက်၊ ရေပိုက်ခေါင်း၊ ဘေစင်၊ လျှပ်စစ်မီးကြိုး၊ ဝါယာကြိုး၊ ပြတင်းပေါက်၊ တံခါး၊ နံရံ စတာတွေ ကောင်း မကောင်း၊ ပြင်ပဆူညံသံ ရှိမရှိ စတာတွေပေါ့။

🍂 (၅) စာချုပ်မှာ ဘာတွေကြည့်ရမလဲ?
အိမ်ငှားဖို့ စာချုပ်ချုပ်ပြီဆိုရင်
- အိမ်စငှားရက်၊ စာချုပ်ပြည့်ရက်
- အိမ်ငှားခ၊ စပေါ်ငွေ
- အိမ်ငှားနေစဉ် ကာလအတွင်း ကိုယ့်ဘက်က ဘာတွေတာဝန်ယူရမလဲ? (ပြင်ဆင်စားရိတ် တာဝန်ယူဖို့ လို မလို)
- လွှဲပြောင်းငှားရမ်းခွင့် ပြု မပြု
- ညအိပ် ဧည့်သည်လက်ခံခွင့် ပြု မပြု စတာတွေကို သေချာအောင် စစ်ဆေးပါ။

🍂 (၆) ဆုံးဖြတ်ချက် ချတော့မလား?
ကိုယ်စိတ်ကျေနပ်တဲ့အထိ အားလုံးအဆင်ပြေပြီဆိုရင် အိမ်ရှင်နဲ့ တာဝန်ခွဲဝေယူရမဲ့အပိုင်းတွေ၊ နောက်ပိုင်းစာချုပ်ဆက်ချုပ်မယ်ဆို ဈေးအပြောင်းအလဲ ရှိမရှိဆိုတာတွေကို သေချာရှင်းလင်းအောင် လုပ်ပါ။

ဒီမေးခွန်းတွေအတွက် စိတ်ရှုပ်မခံချင်ရင်တော့
SoHo Bo Myat Tun Tower ရဲ့ အောက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။ 🤙🥰

☎️ Contact: 09 261 716751, 09 432 02589, 09 768 502421

လူကြီးမင်းတို့ အဆင့်မြင့်မြင့်နေထိုင်နိုင်ဖို့အတွက် SoHo က အစဉ်အမြဲ အကောင်းဆုံး စီစဉ်ပေးလျက် ရှိပါတယ်ရှင်။ 🤗
_____

🎊 In the upcoming new year for a single person, couple, and family, there have a few questions to answer yourself for considering renting a place. 👈🧐

🍂 (1) How much money will you spend?
Set aside 30% of your monthly income to rent a home on a regular basis. If you have to spend more money than you ever thought possible, reconsider what you're worth.

🍂 (2) Where will you live?
You and your family have to go to places where you have to go every day. Consider whether it is convenient to come. For example work, office, school, market, hospital, clinic.
The environment is also a factor to consider.

🍂 (3) What will be included?
Are you renting a hall type? Fully Furnished? Are there any other facilities? water, fire, Air Conditioner TV Internet and so on. You should also prepare for additional monthly expenses.

🍂 (4) Will it really work for you?
Once you like the location for rent, you can find out if it is really convenient for you. Visit your home at least once. Mainly check the water pipeline, gas pipeline, basin, electrical wiring, windows, door, and wall. You should also check whether there is noise from outside.

🍂 (5) What to look for in a contract?
When signing a lease, please check
- House for rent Contract expiration date
- House rent Deposit
- What are your responsibilities while renting a house? (Whether it need to be responsible for repair cost)
- Transfer or lease to another is not allowed
- Make sure you are not allowed to receive overnight guests.

🍂 (6) Will you make a decision?
If all goes well until you are satisfied, you will be able to share responsibilities with your landlord. Make sure you clarify whether the price will change if you renew your contract later.

If you do not want to be confused by these questions
You can contact SoHo Bo Myat Tun Tower at the following phone numbers. 🤙🥰

☎️ Contact: 09 261 716751, 09 432 02589, 09 768 502421

SoHo is always providing the best for you to live in premium. 🤗



Merry Christmas and A Happy New Year! 🎅🎄☃️🍂 ပျော်ရွှင်စရာ ခရစ်စမတ် အားလပ်ရက်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင...
25/12/2020

Merry Christmas and A Happy New Year! 🎅🎄☃️

🍂 ပျော်ရွှင်စရာ ခရစ်စမတ် အားလပ်ရက်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ မိတ်ဆွေများအားလုံး ၂၀၂၀ ခုနှစ်ကို အားလုံးအတူတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလို လာမဲ့နှစ်သစ်မှာလည်း အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်သွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။ 🥰🥰
_____

🍂 May your holiday season be filled with fun times, warm memories, and lots of rest and relaxation! 🎅🎄☃️

🍂 On behalf of our entire team at The Residences at SoHo, we would like to wish all of our residents, future residents, vendors, partners, neighbors, and friends the happiest of holidays!
Thank you for a wonderful 2020 no matter what happened. It’s been a tough year we faced together and we look forward to serving you in the New Year. 🥰🥰




တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ နေရာသန့်သန့်လေးမှာ နေချင်တယ်ဆိုရင်တော့ SoHo Bo Myat Tun Tower က 1 Bedroom အခန်းတွေ ကျန်သေးလ...
23/12/2020

တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ နေရာသန့်သန့်လေးမှာ နေချင်တယ်ဆိုရင်တော့ SoHo Bo Myat Tun Tower က 1 Bedroom အခန်းတွေ ကျန်သေးလားလို့သာ ဖုန်းဆက်လိုက်ပါ။ 😉😊

👉 24 hr Security နဲ့
👉 Shops/ Restaurants တွေလည်း နီးနီးလေး
👉 အခန်းတွေကလည်း ကျယ်ကျယ်ဝန်းဝန်း၊ လင်းလင်းချင်းချင်း၊ လေလေးတဖြူးဖြူးနဲ့
ဒီလိုမျိုး အနေအထားတွေကြောင့် တစ်ယောက်တည်းနေချင်သူများအတွက် လုံးဝအဆင်ပြေစေမှာပါနော်။

✅ 1 Bedroom Unit Rental (850 sqft) - $650 ✅
*minimum 6 months term

အနည်းဆုံး (၆) လ စာချုပ်ချုပ်ဆိုငှားရမ်းရုံနဲ့ ဒီဈေးနှုန်းနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ 😍

🍂 SoHo Bo Myat Tun Tower က ရန်ကုန်မြို့ရဲ့ အချက်အချာနေရာတစ်ခုဖြစ်တဲ့ မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့်မှာ တည်ရှိပါတယ်။
🍂 SoHo မှ သင်နဲ့သင့်မိသားစုအတွက် ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှုကို အမြဲ‌လေးထားပြီး အခုလိုကိုဗစ်ကာလမှာလည်း SoHo ဘက်မှ ပါ၀င်ကူညီဆောင်ရွက်ပေးနိုင်တဲ့အပိုင်းအနေနဲ့ ကျန်းမာရေးအတွက်အထူးသင့်တော်တဲ့ လူနေရှင်းတဲ့နေရာမှာသီးခြားတည်ရှိတဲ့ SoHo မှာ နေထိုင်ရန် ဈေးနှုန်းများကို လျှော့ချပေးထားတာဖြစ်ပါတယ်။
🍂 SoHo ရှိအခန်းတွေဟာ သဘာ၀နေအလင်းရောင် လုံလောက်စွာရရှိဖို့နဲ့ လေ၀င်လေထွက်ကောင်းမွန်ဖို့အတွက် သေချာတည်ဆောက်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
🍂 ၂၄နာရီလုံခြုံ‌ရေး၊ အဆောက်အဦးသန့်ရှင်းရေး၊ မြေညီထပ်ရှိ စားသောက်ဆိုင်များနဲ့ ဈေးဆိုင်တို့‌ကြောင့် သင့်ရဲ့ SoHo မှာနေထိုင်မှုက ပိုမိုပြည့်စုံပြီး စိတ်ကျေနပ်လုံခြုံမှု ပေးစွမ်းနိုင်မှာပါ။
🍂 SoHo မှ အထူးသဖြင့်ဒီလိုကာလမှာ အဆောက်အဦးတစ်ခုလုံးကို Sanitizing ပိုးမွှားကာကွယ်ခြင်း သန့်ရှင်းရေးအစီအစဉ်များ ပုံမှန်ပြုလုပ်ပါတယ်။
🍂 သင်နဲ့သင့်မိသားစုအတွက် လိုအပ်တဲ့ဆေးပစ္စည်းတွေကိုလည်း SoHo မှာ အလွယ်တကူ၀ယ်ယူနိုင်သလို ဖုန်းဆက်ရုံနဲ့လည်း သင့်အခန်းကို လာရောက်ပို့ဆောင်ပေးပါတယ်။
🍂 အစားအသောက်အတွက်လည်း အပြင်ထွက်စရာမလိုဘဲ SoHo အောက်ထပ်ရှိ စားသောက်ဆိုင်များမှ ဖုန်းဆက်ရုံဖြင့် အခန်းရှေ့ထိ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
SoHo နဲ့လက်တွဲပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို လုံခြုံမှုအပြည့်အ၀နဲ့ နေထိုင်သွားကြရအောင်။ 😊😊 👍

☎️ Contact: 09 261 716751, 09 432 02589, 09 768 502421
_____

If you want to live by yourself in a quiet and clean place, just call SoHo Bo Myat Tun Tower if there are any 1 Bedroom rooms left. 😉😊

👉 With 24 hr Security
👉 Shops / Restaurants nearby
👉 The rooms are spacious & neutral daylight + windy room types.
For those who want to live independently, this 1 BedRoom Unit is absolutely convenient for you.

✅ 1 Bedroom Unit Rental (850 sqft) - $650 ✅
*minimum 6 months term

Start living at SoHo by making a contract of a minimum of six months only. 😍

🍂 As SoHo always cares for the health and wellbeing of the residents, we are contributing to the bright side of this Coronavirus situation by doing our part, and thus SoHo has reduced the accommodation prices with new promotions.
🍂 Additional to being situated in an accessible but non-crowded location, rooms at SoHo are specifically designed for generous natural sunlight and good ventilation, all serving your healthiness.
🍂 24 hours security, regular building cleaning, and shopping and dining amenities on the ground floor are other facilities that residents of SoHo enjoy.
🍂 For the safety and assurance of people at SoHo at this time, virus protection and sanitizing activities are regularly practiced in the whole building.
🍂 You can buy personal hygiene and medical stuff from SoHo, or get it delivered to your room with a phone call.
🍂 Restaurants on the ground floor of the building deliver your orders with a phone call and will be the most effective nowadays.
Choose SoHo as your family’s residence and enjoy happy family life. 😊😊👍

☎️ Contact: 09 261 716751, 09 432 02589, 09 768 502421

Address

222/226 Corner Of Mahar Bandoola Road And Bo Myat Tun Road
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 12:00

Telephone

959261716751

Website

Alerts

Be the first to know and let us send you an email when SoHo Bo Myat Tun Tower posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SoHo Bo Myat Tun Tower:

Share