RE-Yangon

RE-Yangon I am ready to negotiate and serve according to the market price to ensure that both seller & buyer.

အောက်ပါပုံသည် ဟော်တယ်တစ်ခုရှေ့တွင်ရှိသော သူ့ရုပ်ထုအောက်တွင် အိပ်နေသော ကမ္ဘာကျော်ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး အားနိုးလ်...
04/08/2024

အောက်ပါပုံသည် ဟော်တယ်တစ်ခုရှေ့တွင်ရှိသော သူ့ရုပ်ထုအောက်တွင် အိပ်နေသော ကမ္ဘာကျော်ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး အားနိုးလ်၏ ပုံဖြစ်သည်။သူဒီပုံကို တင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘယ်အရာမှ မမြဲခြင်းသဘောရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။ သူအောင် မြင်စဉ်အခါက ယခု ဟော် တယ်မှ တာဝန်ရှိသူများသည် သူ၏ကြေးသွန်းရုပ်ကို ဟော်တယ်ရှေ့မှာ ထားခွင့်တောင်းပြီး သူတို့ဟော် တယ်သို့ မင်းသားကြီးအာနိုးအား တခါးမရှိ ဓါးမရှိ အမြဲလာနိုင်ကြောင်း၊ လာရောက်သည့်အခါတိုင်းလည်း အခန်းတခန်း အဆင်သင့်ပြင်ပေးကာ လို လေသေးမရှိ ပြုစုမည့်အကြောင်း ပြောကြား ဂတိပေးခဲ့ဘူးလေသည်၊၊ သို့သော် နှစ်များစွာကြာပြီး တနေ့ မင်းသားကြီးအာနိုး ဟိုတယ်သို့သွားရာ ဟိုတယ်ဝန်ထန်းများ၊ တာဝန်ရှိသူများမှ အခန်းလွတ်မရှိတော့ကြောင်း၊

ဟိုတယ်မှ ဝန်ထမ်းသစ်များဖြစ်သောကြောင့် အရင်က ဂတိ ကဝတ်များကို မသိကြောင်း တာဝန်မဲ့စွာ ပြောကြားလေသည်။ထို့ ကြောင့် အာနိုးသည် အိပ်ဖျာတစ်ချပ်ကို ယူကာ သူ၏ကြေးရုပ်ရှေ့တွင် အိပ်စက်ခဲ့လေသည်။ဒီနေရာတွင် အာနိုးပေးချင်သော မက်ဆေ့ချ်မှာကား ရှင်းလှပေ၏။ သင် ယခုရရှိနေသော ရာထူး၊ စည်းစိမ်၊ အာဏာတို့သည် သင်နှင့်အတူအမြဲ ကြာရှည်ခံမည် မဟုတ်ပေ။ အရာရာသည် ပြောင်းလဲနေပေ၏။ထို့ကြောင့် သင်လဲပြောင်းလဲရပေမည်။ သင့်တွင် ရာထူး၊ စည်းစိမ်၊ အာဏာရှိနေစဉ်တွင် သင့်သဘောကျ အကြိုက်ဆောင်ဖားမြောင် ကြမည် ဖြစ်သော်လည်း သင် ဘာမှ မဟုတ်တော့တဲ့အခါမှာဖြင့် သင့်ကို ပစ်ပယ်ကြပေလိမ့်မည်၊၊ ထို့ကြောင့် ဘာကိုမှ မဖက်တွယ်ထားသလို ဘာကိုမှလဲ မမှီခိုပါနဲ့၊ အရာရာသည် ပြောင်းလဲနေသောကြောင့်တည်း..။

Credit – Ko Min

မိုးတွင်းကာလ ‌ ရေကြီးရေလျှံ ‌သုံးရေ အခက်အခဲ ဖြစ်လာခဲ့လျှင် ပြုလုပ်လို့ရသော  ပြင်ဆင်ပုံ      . 🌐
31/07/2024

မိုးတွင်းကာလ ‌ ရေကြီးရေလျှံ ‌သုံးရေ အခက်အခဲ ဖြစ်လာခဲ့လျှင် ပြုလုပ်လို့ရသော ပြင်ဆင်ပုံ
.

🌐

31/07/2024

🏊🏊🏊🏊🏊
Rain 31. july
🚣🚣🚣🚣🚣🚣
DagonMyothit (south)
××ward💧💦😀

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲတိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်...
02/10/2023

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ.......

တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက်တိုက်ခန်းတစ်ခု ပြပေးရတုံးက လာကြည့်တဲ့ဧည့်သည်က တိုက်ခန်းအမည်ပေါက်ရမှာလားလို့ မေးတာ ကြုံဖူးပါတယ်။ အမည်ပေါက်ဖောက်ချင် ဖောက်လို့ရပါတယ်။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြောလိုက်တော့ ငြိမ်သွားပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား........? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ.......? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ?

ဝါရင့်အိမ်ခြံမြေ ရှေ့နေတစ်ယောက်ကလည်း ရိုးရိုးကန်ထရိုက်တိုက်ခန်းက နာမည်ပေါက်ဖောက်စရာမလို..၊ အခွန်ဆောင်စရာမလိုလို့ ပြောနေတာ ကြားခဲ့ရဖူးပါတယ်..။တစ်ခြားရှေ့နေတစ်ယောက်ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်..။ ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက်ရတယ်ဆိုတာ ဥပဒေကျွမ်းကျင်သူတွေတောင် မသိတာ ဘာကြောင့်လဲ.......?

အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်..၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင်နာမည်ပေါက် ဖောက်ခိုင်းပါတယ်..။ အောက်မှာပြထားတဲ့ ပုံ(၁)အရ အလုံ၊တာမွေ၊ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊လှိုင်၊ရန်ကင်း၊အင်းစိန်မြို့နယ်တွေမှာရှိတဲ့ အတွင်းလမ်းက မြေညီတိုက်ခန်းတစ်ခန်းကို ၁စတုရန်းပေ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်..။

၁၂ခွဲ x ၅၀ပေရှိတဲ့ မြေညီထပ်တစ်ခန်းဆိုပါစို့..။ စုစုပေါင်း ၆၂၅ စတုရန်းပေရှိပါတယ်..။ ၆၂၅ x ၄၅,၀၀၀=၂၈,၁၂၅,၀၀၀ သိန်းရှိပါတယ်..။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁သိန်းကျော်ပါတယ်..။ ၂၈၁.၂၅သိန်းပေါ်မှာ အခွန် ၁၅%+ တံဆိပ်ခေါင်းခွန် ၄% = စုစုပေါင်း ၁၉%ဖြစ်တဲ့ ၅,၃၄၃,၇၅၀ သိန်း အခွန်ဆောင်ရပါမယ်..။(အခွန် ၁၅% က ငွေဖြူရှိရင် ချေ(Claim)လို့ရပါတယ်..။ ၄%ဖြစ်တဲ့ တံဆိပ်ခေါင်းခွန်ကတော့ မဆောင်မနေရပါ..။ ချေလို့မရပါ..။)

မြေညီတိုက်ခန်းတစ်ခန်းဝယ်ပြီး နာမည်ပေါက်ဖောက်ချင်ရင် သိန်း ၅၀ကျော် အခွန်ဆောင်ရမယ်လို့ ဖြစ်လာပါတယ်..။

ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက်နဲ့ စီးပွားရေးတွက် တွက်တတ်ချက်တတ်တဲ့ အဝယ်တို့ လက်ဝါးရိုက်ပါပြီ..။ အခွန်ဘာလို့ ဆောင်နေမလဲ??? မြေရှင်ကို လက်မှတ်ထိုးခိုင်းလိုက်..၊ ပိုက်ဆံနည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရောမဟုတ်လား..။ အမည်ပေါက် ဘာလို့ ဖောက်နေမလဲဆိုတဲ့ ရောင်းသူဝယ်သူ အသံတူတာတွေ ဖြစ်ကြပါလိမ့်မယ်..။

တိုက်ခန်းအရေအတွက်က များတာရယ်..၊ အမည်ပေါက်ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်..၊ ရုံးမသွားချင်ကြတာရယ်..၊ ငွေမကုန်ချင်တာရယ်..၊ အခွန်ဆောင်လည်း ဘာအကျိူးရလဒ်မှ ထူးခြားထွက်ပေါ်မလာတာရယ်ကြောင့် အခွန်ဆောင်မနေတော့ပဲ မြေရှင်ကိုပဲ ခေါင်သူကြီးနေရာထားပြီး နှစ်ယောက်ရောင်း..၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင် မြေရှင် အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင် စသဖြင့် သူ့အရပ်နဲ့သူ့ဇာတ် လုပ်ကြရင်း မြေရှင်လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်..။တိုက်ခန်းဥပဒေက အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်..။(အစိုးရရဲ့ စည်းမျဉ်းဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက်တစ်ချက်ပါ..။)

အိုးအိမ်ဌာနကပိုင်တဲ့တိုက်ခန်းတွေမှာတော့ အမည်ပေါက်စာအုပ်ထုတ်ပေးထားပါတယ်..။ အမည်ပေါက်ဖောက်ချင်ရင် အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ရပါတယ်..။ တစ်ချို့လည်း အမည်ပေါက်မပြောင်းပဲ စာချုပ်အဆက်ဆက်နဲ့ ဆက်ဝယ်သွားကြတာလည်း ရှိပါတယ်..။ အိုးအိမ်တိုက်တွေမှာတော့ မြေရှင်လက်မှတ်ထိုးပေးဖို့ မလိုပါဘူး..။ဌာနမှာ အမည်ပေါက်စစ်ဆေးလို့ရပါတယ်..။

ကန်ထရိုက်တိုက်ခန်းနဲ့ အိုးအိမ်တိုက်ခန်းလို့ (၂)မျိူးရှိရာမှာ ကန်ထရိုက်တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ လိုပါတယ်..။အကြောင်းအမျိူးမျိူးကြောင့် မြေရှင်လက်မှတ်မထိုးချင်ရင်ဖြစ်ဖြစ်..၊ မြေရှင်က လက်မှတ်ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နူန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက်ဖောက်လို့ရပါတယ်..။အစိုးရဆီမှာ တရားဝင်အမည်ပေါက်ပြီးသားတိုက်ခန်းဆိုရင် မြေရှင်လက်မှတ်မလိုပါဘူး..။

(ကန်ထရိုက်တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက်ပြောင်းထားတယ်ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ပါတယ်..။တကယ့် တစ်ခါမှ တစ်ခါပါပဲ..။ မိသားစုအမွေအရှုပ်အရှင်းရှိလို့လို့ သိရပါတယ်..။)

ငွေကုန်ကြေးကျပိုများတာ..၊ အလုပ်ပိုတာရှိလာနိုင်တာမို့ မြေရှင်လက်မှတ်ပဲ တောင်းမလား..၊ အမည်ပေါက်ပဲ ဖောက်မလားဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာဖော်ပြလိုက်ပါတယ်။

အသိ​ပေး​ကြေညာခြင်း📣°°°°°°°°°°°°°°°°°°°°°°°°°°°၁.၁၀.၂၀၂၃ရက်၊ တနင်္ဂ​နွေ​နေ့မှစတင်ပြီး ​ခေတ်သစ်ဘုရင့်​နောင်ကုမ္ပဏီလိမိတက်ပ...
27/09/2023

အသိ​ပေး​ကြေညာခြင်း📣
°°°°°°°°°°°°°°°°°°°°°°°°°°°
၁.၁၀.၂၀၂၃ရက်၊ တနင်္ဂ​နွေ​နေ့မှစတင်ပြီး ​
ခေတ်သစ်ဘုရင့်​နောင်ကုမ္ပဏီလိမိတက်ပိုင် ယာဥ်လိုင်းများဖြစ်​သော YBS 15(ကြိုးတံတား) ယာဥ်လိုင်းအား YBS 137 အဖြစ်​လည်း​​ကောင်း၊ YBS 21(​မော်တင်) ယာဥ်လိုင်းအား YBS 131 အဖြစ်လည်း​ကောင်း ​နံပါအသစ်ဖြင့်မူလလမ်း​ကြောင်းအတိုင်းသာ ပြေးဆွဲ​ပေး​တော့မည်ဖြစ်​ကြောင်းအသိ​​ပေးအပ်ပါသည်။

်းညွှန်

🏆🏆🏆🏆🏆စကာ့စျေး(ဗိုလ်ချုပ်စျေး)စတင်ဆောက်လုပ်တုန်းကမြင်ကွင်းအင်္ဂလိပ်ခေတ် စကော့ဈေး၊ ဂျပန်ခေတ် ဗိုလ်ရန်နိုင်ဈေး၊ လွတ်လပ်ပြီး...
23/07/2023

🏆🏆🏆🏆🏆
စကာ့စျေး(ဗိုလ်ချုပ်စျေး)
စတင်ဆောက်လုပ်တုန်းကမြင်ကွင်း
အင်္ဂလိပ်ခေတ် စကော့ဈေး၊ ဂျပန်ခေတ် ဗိုလ်ရန်နိုင်ဈေး၊ လွတ်လပ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်းဈေးလို့ ခေါ်တယ်လို့ မှတ်သားထားဖူးပါတယ်။

Credit ~ Photo Owner
Soon Pat Street

24/06/2023
••••••••••ဘုမ္မိအရပ် •••••••••••••မြန်မာလူမျိုးများအတွက် ဘုမ္မိအရပ်ဟာကြောက်စရာကောင်းတဲ့ အရပ်မျက်နှာဖြစ်ပါတယ်...မိမိပိုင်...
14/06/2023

••••••••••ဘုမ္မိအရပ် •••••••••••••
မြန်မာလူမျိုးများအတွက် ဘုမ္မိအရပ်ဟာ
ကြောက်စရာကောင်းတဲ့ အရပ်မျက်နှာဖြစ်ပါတယ်...
မိမိပိုင်ဆိုင် နေထိုင်တဲ့အိမ်၊ ဆိုင်ခန်း စသည်တို့

⚠️ဘုမ္မိအရပ်မျက်နှာလှည့် ဖြစ်နေရင်
⛔စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တို့
တခုမဟုတ်တခု အဆင်မပြေ ဖြစ်တတ်ပါတယ်...
ဘုမ္မိအရပ်မျက်နှာကို ရှောင်သင့်ပါတယ်...

🔖သီရိအရပ်မျက်နှာလှည့်မှာ
✅ကျက်သရေမင်္ဂလာရှိခြင်း ဆိုတဲ့အဓိပ္ပါယ်ရပါတယ်...
နေ့သားအလိုက် ဘုမ္မိအရပ်နှင့် သီရိအရပ်ကို
ဖော်ပြပေးလိုက်ပါတယ်....
ကိုယ် စိတ် နှလုံး သုံးပါးလုံး
ကြည်သာရွှင်ပျ
ရှိကြပါစေ
#ဘုမ်မိ

01/06/2023
 !(18 )ရပ်ကွက်နေရာကောင်း အရောင်း...စည်ပင်လမ်း ၊ပုလဲရတနာလမ်း၊မောင်းမကန်လမ်းမကြီးတို့ဆုံရာ ထောင့်ကွက်လှလှလေး..ပိုပြီးကောင်...
21/05/2023

!
(18 )ရပ်ကွက်နေရာကောင်း အရောင်း...
စည်ပင်လမ်း ၊ပုလဲရတနာလမ်း၊မောင်းမကန်လမ်းမကြီးတို့ဆုံရာ ထောင့်ကွက်လှလှလေး..ပိုပြီးကောင်းတာက မောင်းမကန်အဆင်းပေ၆၀ အတင် ကျောကပ်ထော့င်ကွက်ဆိုတော့...
မြေကွက်အကျယ်၊၂၀×၆၀
ဈေး၊သိန်း ၁၆၀၀ ညှိနှိုင်းပါးပါး
09966915489 ..အကျိုးဆောင်ပါ။

စိတ်ကူးထဲကအိမ်ကလေး၊.....🏠
16/05/2023

စိတ်ကူးထဲကအိမ်ကလေး၊.....🏠

ဆွီဒင်က လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ လမ်းကို ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မည်=======================================...
08/05/2023

ဆွီဒင်က လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ လမ်းကို ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မည်
================================================

ဆွီဒင်က လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ လမ်းကို တည်ဆောက်နေပါတယ်။ အဲဒီ လမ်းကို E-motorway လို့ ခေါ်ပြီး အိမ်သုံးလျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး လမ်း ဖြစ်လာမှာပါ။

အဲဒီ လမ်းကို Hallsberg နဲ့ Orebro မြို့တွေအကြားက ဥရောပလမ်း E20 တစ်လျှောက် တည်ဆောက်မှာ ဖြစ်ပြီး အရှည်က ၂၁ ကီလိုမီတာ (၁၃ မိုင်)ရှည်လျားမှာပါ။ ဆွီဒင်ရဲ့ လူအထူထပ်ဆုံး မြို့တော် ၃ ခု ဖြစ်တဲ့ Stockholm, Gothenburg နဲ့ Malmo အကြားက လမ်းဖြစ်တဲ့အတွက် အဲဒီ တည်နေရာကို ရွေးချယ်တာပါ။

လက်ရှိမှာတော့ လျှပ်စစ်ကား ပိုင်ရှင်တွေဟာ Plug-in EV Chargers တွေကိုပဲ အားကိုးနေရပြီး ဆွီဒင်က လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ လမ်းကို အစောဆုံး အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ဆွီဒင်က ၂၀၄၅ ခုနှစ်မှာ စမ်းသပ်ဧရိယာကို ၃,၀၀၀ ကီလိုမီတာ ( ၁,၈၆၄ မိုင်) အထိ တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

၂၀၁၃ ခုနှစ်မှာ တောင်ကိုရီးယားက လျှပ်စစ်ကားတွေကို အားသွင်းပေးတဲ့ လမ်းကို ကမ္ဘာ့ပထမဆုံး အနေနဲ့ပြသခဲ့ပါတယ်။ Gumi ရဲ့ အများသုံးဘတ်စ်ကားတွေ ပြေးဆွဲတဲ့ နေရာမှာ တည်ဆောက်ထားပြီး ၂၄ ကီလိုမီတာ (၁၅ မိုင်) ရှည်လျားပါတယ်။ အင်ဒီယားနား သယ်ယူပို့ဆောင်ရေးဌာနကလည်း အမေရိကန်မှာ အလားတူ လမ်းမျိုး တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

Ref : extremetech
Credit....📝

Address

50 Street , Pazuntaung T/s
Yangon

Alerts

Be the first to know and let us send you an email when RE-Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RE-Yangon:

Share

Category