ILoveMyanmar Property Real Estate Co.,Ltd

ILoveMyanmar Property Real Estate Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ILoveMyanmar Property Real Estate Co.,Ltd, Property management company, Yangon.

မင်္ဂလာပါ လူကြီးမင်းများ ခင်ဗျာ အိမ်ခြံမြေ နဲ့ ပတ်သက်လာရင် ဘာပဲလိုလို ILoveMyanmar Property Real Estate Co.,Ltd. အမြဲတမ်း အဆင်အသင့်ရှိတယ်ဆိုတာမ‌မေ့ပါနဲ့ခင်ဗျ။ ရောင်း / ၀ယ် / ငှား အတွက် အမြန်ဆုံး ဆက်သွယ်လိုက်ပါဗျာ။ အားလုံးကို ကြိုဆိုပါတယ်ခင်ဗျ။ 09403775667

25/03/2026
18/11/2025

ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့်ရမယ့်သူလို့ ထင်ကြေးပေးခံနေရတဲ့ ခရိုနီ

ဓာတုရေးသားသည်

ပြီးခဲ့တဲ့ နှစ်လလောက်က စစ်ခေါင်းဆောင်က တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားခဲ့ပါတယ် ။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်ပါ။

အဲ့ဒီခရီးစဥ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က “တရုတ်ပြည်ကိုကျွန်တော်ရောက်တာ ၁၂ ကြိမ်မြောက်ရှိပါပြီ။ ဒီ ၁၂ ကြိမ်အတွင်းအခုတကြိမ်မှာ ဒီခရီးစဥ်ကအအောင်မြင်ဆုံးပဲ”လို့ တရုတ်မီဒီယာများရှေ့မှာ ပြောကြားခဲ့ပါတယ်။

အဲ့ဒီခရီးစဥ် အပြီးမှာတော့ ရန်ကုန်မြို့သစ်စီမံကိန်းတခု အပါအဝင်ဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို အမြန်ဆုံး အကောင်းအထည်ဖော်ဖို့ နှစ်ဖက် အတည်ပြုခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်အုပ်စုလက်အောက်ခံမီဒီယာများသို့တဆင့်ဖြေကြားခဲ့တာပါ။

အဲ့ဒီဖြစ်ရပ်နဲ့အတူ ရပ်တန့်ထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ခွင့်ရမယ့်ဟာ ဒီခရိုနီဖြစ်မယ်လို့ စီးပွားရေး အသိုက်အဝန်းက ယူဆပြောဆိုနေပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်း ဦးဆောင်မည့်သူအဖြစ် ထင်ကြေးပေးခံရသူ

ယမန်နှစ် နိုဝင်ဘာလက စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ခရီးစဥ်အတွင်း လိုက်ပါခွင့်ရခဲ့တဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အရေအတွက်က အနည်းငယ်သာဖြစ်ပါတယ်။

အဲ့ဒီသူတွေထဲမှာ စစ်အာဏာသိမ်းပြီးနောက် သိုသိုသိပ်သိပ်သာ နေခဲ့တဲ့ တရုတ်သူဋ္ဌေးကြီးလည်း ပါဝင်ပါတယ်။
အခု ၂၀၂၅ ဩဂုတ်လ နှောင်းပိုင်း စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်မှာလည်း သူပါတယ်လို့ သတင်းသဲ့သဲ့ထွက်ပါသေးတယ်။

စစ်ခေါင်းဆောင်ရဲ့ အဲ့ဒီိခရီးစဥ်တွေမှာ သူပါဝင်တာကို မီဒီယာအချို့က သတင်းအဖြစ်ဖော်ပြတာရှိပေမယ့် ဓာတ်ပုံမှတ်တမ်းတော့ မထုတ်လွှင့်နိုင်ခဲ့ကြပါဘူး။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်တွေအတွင်းမှာ ချုပ်ဆိုနိုင်ခဲ့တဲ့ စာချုပ်တွေဟာ မြန်မာပြည်က တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကြီးအကျယ်ဆက် နွှယ်မှုရှိတယ်လို့ စီးပွားရေးအသိုက်အဝန်းက ဆိုကြပါတယ်။

“သူက စစ်အာဏာသိမ်းပြီးကတည်းက ခြေရာဖျောက်နေတဲ့သူ၊ လူမြင်ကွင်းရှေ့လုပ်တဲ့ စစ်တပ်ရဲ့ ဘယ်ပွဲလမ်းကိုမှ မတက်ဘ ဲရှောင်နိုင်ခဲ့တဲ့သူ။ အမှန်ကသူက နောက်ကွယ်မှာရှိပြီးသား။ မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ်တွေမှာ လိုက်ပါရတဲ့ UMFCCI ဥက္ကဋ္ဌ ကိုအေးဝင်းနဲ့လည်း နီးကပ်တဲ့ဆက်ဆံရေး ရှိတယ်။ တရုတ်သွေးစပ်ကြတာကို။ ဒီတော့ ရွှေသံလွင်ကျော်ဝင်းတို့ ဦးဆောင်တဲ့ ကုန်သည်ကြီးတွေအဖွဲ့နဲ့ မနှစ်က ကူမင်းက မင်းအောင်လှိုင်နဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေသွားတဲ့ ပွဲကိုတက်ခဲ့တယ်။ အဲ့ဒီအချိန်ကဆိုဘာ မှတ်တမ်းဓာတ်ပုံမှ မပေါ်အောင်သူ ရှောင်ပုန်းနိုင်ခဲ့တဲ့အထိ ခြေလှမ်းကြီးခဲ့တာ”လို့ အဲ့ဒီခရိုနီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

မြှုပ်ကွယ်ရာမှ ပြန်ပေါ်လာသောသူ

အဲ့ဒီ တရုတ်သူဋ္ဌေးကြီးကတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဖွား တရုတ်လူမျိူးစစ်စစ်ဖြစ်တဲ့ အသက် ၄၅ နှစ် ဝန်းကျင်ရှိ ဦးရှောက်စန်း ဖြစ်ပါတယ်။

သူက ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သူပါ။ အရပ်သား အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့နီးကပ်သည့်ဆက်ဆံရေးရှိခဲ့ပါတယ်။

တရုတ်သူဋ္ဌေးကြီးရှောက်စန်းဟာ နအဖ စစ်အစိုးရလက်ထက်က တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ရောက်ရှိလာသူပါ။

လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်က သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့ဖူးပြီး ဇနီးဖြစ်သူရဲ့ ဖခင်မှာလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဖြစ်တယ်လို့ ဆိုကြပါတယ်။

သူဟာ ကွယ်လွန်သွားတဲ့ ယာယီသမ္မတဦးမြင့်ဆွေ (ယခင် ဦးသိန်းစိန်လက်ထက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်) နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ခင်မောင်မြင့်ကိုလည်း ချဉ်းကပ်ကာ ဆောက်လုပ်ရေးနှင့်စီမံကိန်းတွင် လုပ်ပိုင်ခွင့် လုပ်ကွက်များ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ကိုလည်း နအဖစစ်အစိုးရခေတ် မြို့တော်ဝန်အောင်သိန်းလင်းလက်ထက်က ငွေကြေးအနည်းငယ်နဲ့ နှစ်ရှည်ငှားရမ်းခွင့်ရခဲ့ပါတယ်။

စေတနာမြို့သစ်အများပိုင် ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်ပြီး ဝါယာကြိုး၊ကေဘယ်လ်ကြိုးများထုတ်လုပ်တဲ့ ရန်ကုန်တိုင်း၊မြောင်းတကာကျေးရွာက Yangon Crown သံမဏိစက်ရုံ ပိုင်ရှင်လည်းဖြစ်ပါတယ်။

“သူ့ရဲ့မြန်မာနိုင်ငံကလုပ်ငန်းတွေက တော်တော်လေးကို ကြီးကြီးမားမားရှိခဲ့တယ်။ ငမိုးရိပ်တံတား ၊ပခုက္ကူတံတား ၊ညောင်တုန်းတံတား ၊ဗိုလ်ကလေးဘက်က တံတားတွေရဲ့ ဘိုးပိုင်လုပ်ငန်းတွေ(Bored Pile Construction) တံတားလုပ်ငန်းတွေသူပဲရခဲ့တာပဲ Time City လည်းသူ့ဟာပဲ။ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကမြေတူးဖော်ရေး လုပ်ငန်းတွေမှာလည်း ထဲထဲဝင်ဝင်ပါခဲ့တဲ့အထိ သူ့ရဲ့ကြွယ်ဝမှုက အံ့မခန်းကိုရှိခဲ့တာ”ဟု ၎င်းနှင့်နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

ဦးရှောက်စန်းက ညီဖြစ်သူနှင့်အတူ Time City အုပ်စုကိုလည်း တည်ထောင် ထားပါတယ်။ ပရလောကသားတွေ ခြောက်လှန့်မှုရှိတယ်လို့ လူပြောများနေတဲ့ ရန်ကုန်မြို့က Time City ကို တည်ဆောက်ခဲ့ရာမှာလည်း တရုတ်နိုင်ငံက ပညာရှင်၊ ဝန်ထမ်း၊ အင်ဂျင်နီယာ၊ အလုပ်သမားများကို အသုံးပြုခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်စတင်ဖို့ Time City အုပ်စု နဲ့အတူ ဘိန်းဘုရင်လောစစ်ဟန်ရဲ့ သားဖြစ်သူ Asia World ကုမ္ပဏီက ဦးထွန်းမြင့်နိုင်(ခ) စတီဗင်လောတို့ ခြေလှမ်းလှမ်းထားနိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုထောက်တိုင် သတင်းဌာနဖြစ်တဲ့ NP News မှာလည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ဖော်ပြရေးသားထားပါတယ်။

စစ်ခေါင်းဆောင်ဟာ နှစ်နိုင်ငံသဘောတူထားတဲ့ CMEC စီမံကိန်းများဖြစ်မြောက်ဖို့ ဖိအားပေးခံနေရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူများက တွက်ဆကြပါတယ်။

ယူနန်ပြည်နယ်ဟာ ကျောက်ဖြူမြို့က ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တန်ချိန်သန်းပေါင်းများစွာကို နှစ်စဥ်သယ်ယူပို့ဆောင်လျက်ရှိပါတယ်။

ထောက်ပံ့ရေးကွင်းဆက်အတွင်း ကွာဟချက်များကိုဖြည့်ဆည်းဖို့ မြန်မာနိုင်ငံကို ယူနန်ပြည်နယ်ရဲ့စက်မှုလုပ်ငန်းများအဖြစ်ပြောင်းလဲရန် ကြိုးစားနေတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ယူနန်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့စီပွားရေးအတွင်းသို့ ပိုမိုစိမ့်ဝင်ထိုးဖောက်လာနိုင်ပုံကို တရုတ်နိုင်ငံရေးလေ့လာသုံးသပ်တဲ့ ပညာရှင်တဦးကလည်း “How Yunna can seize the initiative”ဆိုတဲ့ ဆန်းစစ်ချက်ဆောင်းပါးတွင်ထည့်သွင်းဖော်ပြထားပါတယ်။

သုံးသပ်ချက်အရ ယူနန်ပြည်နယ်ဟ, မြန်မာနိုင်ငံရဲ့စီးပွားရေးဆက်သွယ်မှုမှာ နက်ရှိုင်းစွာပါဝင်နေတယ်လို့ ယူဆရကြောင်း နိုင်ငံရေးလေ့လာသူ၊တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကဆိုပါတယ်။

“ဦးစားပေးတဲ့ပြည်နယ်တွေထဲက ယူနန်တို့ ကွမ်ကျိုးတို့ ပါတယ်။ ယူနန်အတွက် ပင်လယ်ထွက်ပေါက်က သိပ်အရေးကြီးတယ်လေ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ သူတို့မီးရထားလမ်းဖွင့်နိုင်ဖို့ အများကြီးကြိုးစားနေတယ်။ ကျွန်မကြည့်တာတော့ ယူနန်ပြည်နယ်ကမြန်မာပြည်ရဲ့ စီးပွားရေးထဲမှာ တော်တော်ကိုထဲထဲဝင်ဝင်ပါနေပြီထင်တယ် ။ တရုတ်ကဒီလိုဗျ တချို့အလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်သိပ်မပြောဘူး သူတို့အထက်စီးရမ ှပြောတတ်တာ”လို့သူကပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဇာတ်ကြောင်း

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)၏တစိတ်တဒေသဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ကနဦးစတင်စဉ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံလျာထားခဲ့ပါတယ်။

၂၀၁၃ ခုနှစ် သမ္မတဟောင်းဦးသိန်းစိန်အစိုးရခေတ်၊ ဦးမြင့်ဆွေရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့စဥ်က စတင်လျာထားပြီးနောက် စီမံကိန်းတွင် ပါဝင်ပတ်သတ်မှုတွေရဲ့ ရှုတ်ထွေးပွေလီသည့်ဇာတ်ကြောင်းကြောင့်ရပ်ဆိုင်းခဲ့ရပါတယ်။

အဲ့ဒီစီမံကိန်းကို ဆက်မလုပ်တော့ကြောင်း ၂၀၁၄ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက်မှာ ရန်ကုန်တိုင်း၊ လွှတ်တော်အစည်းအဝေး မှာ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ရုတ်တရက်ကြေညာခဲ့ပါတယ်။

ရပ်ဆိုင်းလိုက်ရတဲ့အကြောင်းရင်းကို ရန်ကုန်တိုင်းအစိုးရနှင့် မြို့တော်ဝန်က တစုံတရာပြောကြားခြင်းမရှိခဲ့ပါဘူး။
အစိုးရဘက်က စီမံကိန်းကို ဦးရှောက်စန်းပိုင်တဲ့ မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီကိုတဦးတည်း လုပ်ဆောင်ခွင့်ပေးလိုက်ကြောင်း ကြေညာခဲ့ရာကနေ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီးတဲ့နောက် လုပ်ထုံးလုပ်နည်းများပွင့်လင်းမြင်သာမှုမရှိခြင်းနဲ့လက်သိပ်ထိုးတဲ့ကိစ္စရပ်တွေကိုသတင်းမီဒီယာတွေကဖော်ထုတ်ခဲ့ခြင်းကြောင့်လို့အများပြည်သူကယူဆခဲ့ကြပါတယ်

ဦးသိန်းစိန်လက်ထက်က ရပ်တန့်ခဲ့တဲ့ ထိုစီမံကိန်းကို NLD အစိုးရ က ၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်မှာဆက်လက်အကောင်ထည်ဖော်ဖို့ အတည်ပြုခဲ့တယ်။

စီမံကိန်းအတွက် ရန်ကုန်အနောက်တောင်ဘက် ကမ်းတကျောက ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကြည့်မြင်တိုင်မြို့နယ်တို့ကနေ မြေဧကစုစုပေါင်း ၃၀၀,၀၀၀ ထက်မနည်း သိမ်းယူခဲ့ပါတယ်။ မြေပိုင်ရှင်တွေကို တိုင်းအစိုးရက ပြန်လည်နေရာချထားပေးခဲ့ပါတယ်။

မြစ်တဖက်ကမ်းကို ကူးဖို့ တံတား ငါးစင်း၊ တန်ဖိုးနည်းတိုက်ခန်းတွေ၊ ပြည်ပ သင်္ဘောများဆိုက်ကပ်ရန် ဆိပ်ကမ်း၊ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံတွေ ကို တည်ဆောက်ဖို့ စီမံကိန်းကာလကို ၁၀ နှစ်တာသတ်မှတ်ထားခဲ့ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC )ကဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းရဲ့နယ်မြေအကျယ်အဝန်းက စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်တယ်။ အမေရိကန်ဒေါ်လာ ငါးဘီလျံကုန်ကျနိုင်မယ်လို့ တွက်ဆထားပြီး လူ၂,၀၀၀,၀၀၀ ( နှစ်သန်)းကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမယ်လို့ NYDC ကစီမံကိန်းအကောင်ထည်ဖော်သည့်ကာလက ကြေညာထားပါတယ်။
အဲ့ဒီတုန်းက NYDC က ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရာနှုန်းပြည့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ကြောင်းဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ISP China Desk ရဲ့ မှတ်တမ်းအရ အရပ်သားအစိုးရ NLD လက်ထက် ၂၀၂၀ ခုနှစ် ၊ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို ရောက်လာပြီး အဲ့ဒီ စီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်မှာ ထည့်သွင်းဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်ကို အကောင်အထည်ဖော်ခွင့်ရရှိထားတဲ့ ပြည်တွင်း ကုမ္ပဏီသုံးခုကို NLD လက်ထက် တိုင်းအစိုးရက လုပ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသုံးခုအနက် ရန်ကုန်အနောက်တောင်ဒေသအများနှင့် သက်ဆိုင်သော ကုမ္ပဏီက ဦးသိန်းစိန်လက်ထက်ဝေဖန်မှုကြောင့်ရပ်ဆိုင်းခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ဦးရှောက်စန်းပိုင်ဆိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အဲ့ဒီအပေါ် မီဒီယာတွေက ကုမ္ပဏီကိုအတည်ပြုရန်မေးမြန်းခဲ့ပေမဲ့ ဦးရှောက်စန်းနဲ့သက်ဆိုင်မှုမရှိလို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဦးရှောက်စန်းမှာ NLD အစိုးရလက်ထက်က Time City စီမံကိန်းအတွက်သာ လူလုံးပြခဲ့ပေမယ့် နောက်ကွယ်မှာ ရန်ကုန်မြို့သစ်စီမံကိန်းများကို တနည်းတဖုံနဲ့ တဆင့်ခံ ပါဝင်ပတ်သက်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့ကဆိုပါတယ်။

စီမံကိန်းဟာ NLD အစိုးရလက်ထက် ၂၀၂၀ နှစ် ၊ ရွေးကောက်ပွဲကာလမတိုင်ခင် စပ်ကြားမှာ (CCCC) ရဲ့ အဆိုပြုချက်ကို အခြားသောပြည်တွင်း၊ပြည်ပ ကုမ္ပဏီကိုးခုတို့က အပြိုင်တင်သွင်းလာတဲ့ အဆိုပြုချက်တွေကို စိစစ်ရွေးချယ်ရမယ့်အဆင့်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

အလျင်အမြန်စတင်ဖို့ တရုတ်အစိုးရကဖိအားပေးခဲ့ပေမယ့် NLD တိုင်းအစိုးရက စီမံကိန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့နောက်ကြောင်းရာဇဝင်ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မီဒီယာတွေကထောက်ပြခဲ့မှတွေကြောင့် စနစ်တကျတွက်ချက်ဖို့ စိစစ်နေဆဲဖြစ်နေလို့ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။

စီမံကိန်းကိုစစ်ကော်မရှင်က ဆက်လက်အသက်သွင်း

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကော်မရှင်တပ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အသက်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။

စီမံကိန်းကို အဓိကကိုင်တွယ်နေတဲ့ NYDC ရဲ့မူလဒါရိုက်တာအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ အဖွဲ့ဝင်အသစ်တွေနဲ့ အစားထိုးခဲ့ကြောင်း NYDC ဝက်ဘ်ဆိုက်မှာထုတ်ပြန်ခဲ့ပါတယ်။

အရင်က NLD လက်ထက် NYDC ဒါရိုက်တာအဖွဲ့မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ၊စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ရဲ့ အကြီးတန်းအရာရှိဟောင်း ဦးထွန်းမြတ်နဲ့ ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်းဝေ(ခ) Serge Punတို့ ဖြစ်ပါတယ်။

ဦးသိမ်းဝေနေရာမှာ ရန်ကုန်စည်ပင်အတွင်းရေးမှူး ဦးညွန့်ဖေကို အစားထိုးတာအပြင် စစ်အုပ်စုလက်အောက်ခံတွေကို အသီသီး အစားထိုးပြောင်းလဲခန့်အပ်လိုက်ပါတယ်။

ခန့်အပ်ပြီး နှစ်နှစ်အကြာ ၂၀၂၄ ခုနှစ်၊နှစ်ကုန်ပိုင်းမှာ ဦးရှောက်စန်းတို့ပြန်လည်ပါဝင်ပတ်သက်လာတယ်လို့ စီးပွားရေးအသိုက်အဝန်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အထက်ဖော်ပြပါကိစ္စများအရ အချုပ်ဆိုရမယ်ဆိုရင် ဦးရှောက်စန်းဟာ ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရဖို့ NLD အစိုးရ၊ ယခုစစ်ကော်မရှင်လက်ထက်အထိ အာဏာပိုင်အဆက်ဆက်ကို နည်းလမ်းစုံသုံး ချဉ်းကပ်ခဲ့ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာတော့ အမှန်တကယ်လုပ်ခွင့်ရနိုင်တော့မည်လို့ စီးပွားရေးအသိုင်းအဝိုင်းကမှန်းဆတွက်ချက်နေကြပါတော့တယ်။

စာတည်း။ ။အောင်ကျော်ဖြိုး

#သတင်းဆောင်းပါး
#ရန်ကုန်မြို့သစ်စီမံကိန်း
#ခရိုနီ
#တရုတ်ပြည်ခရီးစဥ်

11/10/2025
11/10/2025

#ရတနာလမ်းမကြီးပေါ် ၊ ၁၄/၁၅ လမ်းစုံနားမှာ ရှယ် နေရာကောင်း အမြန် ရောင်းမည်

▪️ပေ ( ၄၂ x ၉၀ ) (မြေပိုပါ)

▪️ #ဂရန်အမည်ပေါက်

💰ဈေး💰 သိန်း ( 108,000 ) သိန်း

➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️
☎️ အသေးစိတ်📱09 403 775 667 📞
➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️

04/10/2025

#တဥက #သစ္စာလမ်းမပေါ် CITY Sports Bar အနီး ရှယ် နေရာကောင်း ရောင်းမည်။
ပေ ( 20 × 60 ) ( ဂရန်မြေ )
ဈေး သိန်း ( 25,000 ) L
09403775667

#တဥက ( #သစ္စာလမ်းမပေါ် ) CITY Sports Bar အနီး ရှယ် နေရာကောင်း ရောင်းမည်။
▪️( 2 ) RC ( တိုက်ကောင်း )
▪️ပေ ( 40 × 60 ) ( ဂရန်မြေ )
💰ဈေး💰 သိန်း ( 65,000 ) L
📱09 403 775 667 📞

✨ ္စာလမ်းမ‌ပေါ်_တောင်ဥက္ကလာ_လုံးချင်း_အရောင်း✨

💸 #အရောင်းစျေးနှုန်း_သိန်း_65000_ညှိနှိုင်း

📍ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ သုမင်္ဂလာလမ်းမအနီး၊ #သစ္စာလမ်းမမေးတင် လုံးချင်း အမြန်ရောင်းမည်။

• မြေအကျယ်အဝန်း 40' × 60' (2400.Sqft)
• မြေပိုင်ဆိုင်မှု နှစ် ၆၀ ဂရန်မြေ အမည်ပေါက်
• အိမ်က 2.RC (အိမ်ကြီးအိမ်ကောင်း)
• အခန်းဖွဲ့စည်းပုံက
- Prayer Room ဘုရားခန်း
- Living Room ဧည့်ခန်း
- Master Bedrooms (4) ခန်း
- Dining Room ထမင်းစားခန်း
- Kitchen မီးဖိုခန်း
• Aircons လေအေးပေးစက်များ
• ရေမီးစုံ အသင့်နေရုံ

💸 #အရောင်းစျေးနှုန်း_သိန်း_65000_ညှိနှိုင်း

🙏 #ခေါတ်ကာလ_အခြေအနေအရ
#စျေးနှုန်း_အပြောင်းအလဲ_ရှိနိုင်ပါသည် 🙏

➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️
☎️ Contact📱09 403 775 667 📞
➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️

တဥက #သစ္စာလမ်းမပေါ် အရောင်း
▪️ပေ ( 40 × 60 ) ( ဂရန်မြေ )
▪️( 2 ) RC တိုက်ကောင်း
💰ဈေး💰 သိန်း ( 65,000 ) L

တဥက #ရတနာလမ်းမပေါ် အရောင်း
▪️ပေ ( 30 × 60 ) ( ဂရန်မြေ )
💰ဈေး💰 သိန်း ( 35,000 ) L

တဥက #ဝေဇယန္တာလမ်းမပေါ် အရောင်း
▪️ပေ ( 40 × 60 ) ( ဂရန်မြေ )
💰ဈေး💰 သိန်း ( 70,000 ) L

တဥက #ဝေဇယန္တာလမ်းမပေါ် အရောင်း
▪️ပေ ( 90 × 70 ) ( ဂရန်မြေ )
💰ဈေး💰 သိန်း ( 150,000 ) L

တဥက #ဝေဇယန္တာလမ်းမပေါ် အရောင်း
▪️ပေ ( 60 × 80 ) ( ဂရန်မြေ )
💰ဈေး💰 သိန်း ( 110,000 ) L

➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️

#လူကြီးမင်းစီးပွားရေး_လုပ်ငန်းများ_အတွက်

✅လုပ်ငန်းသုံးမလား ?

✅ ွက်_၀ယ်ထားမလား ?

✅ #လမ်းမတန်း_မြေနေရာများသည်_အိမ်ခြံမြေ_Investment_အတွက်

✅ #အကောင်းဆုံးသော_ရွှေးချယ်မူ_တစ်ခု_ဖြစ်ပါသည်။

#အိမ်ခြံမြေ_Investment များတွင် အဓိက " " ရွှေးတတ်ဖို့လိုပါသည်။

နှင့် #ရင်းနှီမြုပ်နှံမူ_အကောင်းဆုံး_နေရာတစ်ခုဖြစ်တဲ့
#ဝေဇယန္တာလမ်းမတန်း " #အရောင်းများ" နှင့် မိတ်ဆက်ပေးပါရ‌စေ။

တည်နေရာ - ဝေဇယန္တာလမ်းမပေါ် @ တောင်ဉက္ကလာပ။
မြေအကျယ် - ပေ ( 45' × 60' ) / ထောင့်ကွက်
Sqft - (2700') Sqft
မြေအမျိုးအစား - ဂရန်မြေ
(3)RC House + (5) Car Parking
➖➖➖➖➖➖
ခေါ်ဈေး - သိန်း ( 90,000) ညှိုနှိုင်း
➖➖➖➖➖➖

▪️တည်နေရာ - ဝေဇယန္တာလမ်းမပေါ် @ တောင်ဉက္ကလာပ။
မြေအကျယ် - ပေ ( 60' × 60' )
Sqft - (3600') Sqft
မြေအမျိုးအစား - ဂရန်မြေ
မြေကြီးသီးသန့်
➖➖➖➖➖➖
ခေါ်ဈေး - သိန်း ( 90,000) ညှိုနှိုင်း
➖➖➖➖➖➖

▪️တည်နေရာ - ဝေဇယန္တာလမ်းမပေါ် @ တောင်ဉက္ကလာပ။
မြေအကျယ် - ပေ ( 60' × 80' )
Sqft - (4800') Sqft
မြေအမျိုးအစား - ဂရန်မြေ
မြေသီးသန့် သာ
➖➖➖➖➖➖
ခေါ်ဈေး - သိန်းကြီး (115,000) ညှိုနှိုင်း
➖➖➖➖➖➖

▪️တည်နေရာ - ဝေဇယန္တာလမ်းမပေါ် @ တောင်ဉက္ကလာပ။
မြေအကျယ် - ပေ ( 60' × 80' )
Sqft - (4800') Sqft
မြေအမျိုးအစား - ဂရန်မြေ
မြေသီးသန့် သာ
➖➖➖➖➖➖
ခေါ်ဈေး - သိန်းကြီး (112,500) ညှိုနှိုင်း
➖➖➖➖➖➖

▪️တည်နေရာ - ဝေဇယန္တာလမ်းမပေါ် @ တောင်ဉက္ကလာပ။
မြေအကျယ် - ပေ ( 40' × 60' )
Sqft - (2400') Sqft
မြေအမျိုးအစား - ဂရန်မြေ
(4) RC + Showroom Type
➖➖➖➖➖➖
ခေါ်ဈေး - သိန်း (87,500) ညှိုနှိုင်း
➖➖➖➖➖➖

▪️တည်နေရာ - ဝေဇယန္တာလမ်းမပေါ် @ တောင်ဉက္ကလာပ။
မြေအကျယ် - ပေ ( 100' × 151' )
Sqft - (15100) Sqft
မြေအမျိုးအစား - ဂရန်မြေ
မြေသီးသန့် သာ
➖➖➖➖➖➖
ခေါ်ဈေး - (1) Sqft - သိန်း (20) ညှိုနှိုင်း
➖➖➖➖➖➖


▪️တည်နေရာ - ဝေဇယန္တာလမ်းမပေါ် @ တောင်ဉက္ကလာပ။
မြေအကျယ် - ပေ ( 41' × 162' )
Sqft - (6642) Sqft
မြေအမျိုးအစား - ဂရန်မြေ
Showroom ပါ၀င်ပြီးသာ
➖➖➖➖➖➖
ခေါ်ဈေး - (1) Sqft - သိန်း (20) ညှိုနှိုင်း
➖➖➖➖➖➖

➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️

#စီးပွားရေး_လုပ်ရန်_အထူးကောင်း

➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️
☎️ အသေးစိတ်📱09 403 775 667 📞
➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️

Address

Yangon

Alerts

Be the first to know and let us send you an email when ILoveMyanmar Property Real Estate Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share