Home & Services

Home & Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Home & Services, Estate agent, Yangon.

ဇော်ဝင်းနှင့် ညီများ၊ TV၊ VCR၊ Audi၀ Mechanic ရဲ့ ဦးဆောင်သူ ဦးဇော်ဝင်းနှင့် တွေ့ဆုံခြင်း“နောက်စက်တစ်လုံးက ကိုယ့်ရဲ့ဆရာ...
11/02/2017

ဇော်ဝင်းနှင့် ညီများ၊ TV၊ VCR၊ Audi၀ Mechanic ရဲ့ ဦးဆောင်သူ ဦးဇော်ဝင်းနှင့် တွေ့ဆုံခြင်း

“နောက်စက်တစ်လုံးက ကိုယ့်ရဲ့ဆရာပဲ”

Home & Services Journal (No.116-Feb-2017)

- မောင်စည်သူ နှင့် ဘုန်းမြတ်ပိုင် - တွေ့ဆုံမေးမြန်းသည်။

CD၊ DVD ဆိုတဲ့ ခေတ်မီ ရုပ်မြင်သံကြားဆိုင်ရာ ပစ္စည်းတွေ မတိုင်ခင်က သီချင်းနားထောင်တာဖြစ်ဖြစ် ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် တိတ်ခွေကိုရစ်ပြီး ကြည့်ရတဲ့အချိန်ကို မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီတုန်းက ယနေ့လို အာမခံ စနစ်ဆိုတာနဲ့ အရောင်းဆိုင်ကြီးကြီးတွေ ခေတ်မစား သေးတော့ ရပ်ကွက်ထဲက Mechanic ဆိုင်တွေဟာ တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ Mechanic သမားတော်တော်များများလည်း ပေါ်ထွက်ခဲ့တဲ့ခေတ်လို့ ယင်းနယ်ပယ်က လူတွေက ပြောကြပါတယ်။..... ဆက်လက်ဖတ်ရှုရန်
http://www.homeandservicesjournal.com/posts/722

“နောက်စက်တစ်လုံးက ကိုယ့်ရဲ့ဆရာပဲ” Home & Services Journal (No.116-Feb-2017) မောင်စည်သူ နှင့် ဘုန်းမြတ်ပိုင် - တွေ့ဆုံမေးမြန်းသည်။ CD၊ DVD ဆိုတဲ့ ခေတ်မီ ရုပ်မြင်သံကြားဆိုင်ရာ ပစ္စည်းတွေ မတိုင်ခင်က သီချင်းနားထောင်တာဖြစ်ဖြစ် ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် တိတ်ခွေကိုရစ်ပြီး ကြည့်ရတဲ့အချိန်ကို မှတ

ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့ အခြေစိုက် Tour Manager  Mr.Paul Chia နှင့် တွေ့ဆုံမေးမြန်းခြင်းK သက်Home & Services Journal...
10/02/2017

ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့ အခြေစိုက် Tour Manager Mr.Paul Chia နှင့် တွေ့ဆုံမေးမြန်းခြင်း

K သက်

Home & Services Journal (No.116 - Feb - 2017)

ထိုင်ဝမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းစီးပွားရေး အခြေအနေနဲ့ ရှေ့အလားအလာကို သိလိုပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် လည်ပတ်စရာတွေ အလွန်ပဲ ပေါပါတယ်။ တစ်ချိန်က ဖော်ဆိုဆာကျွန်းဆိုပြီး ရှိခဲ့ရာမှ ၁၉၁၂ ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံအဖြစ် ပြောင်းလဲထူထောင်ခဲ့ပါတယ်။ သမိုင်းဖြစ်စဉ် များအရ ချင်ဒိုင်နစ်စတီ ကာလမှာ တရုတ်ပြည်မကြီးထံမှ ခွဲထွက်ခဲ့တာဖြစ်ပြီး ဒတ်ခ်ျ ကိုလိုနီ၊ ဂျပန်ကိုလိုနီဘ၀များကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ .....
ဆက်လက်ဖတ်ရှုရန် ....
http://www.homeandservicesjournal.com/posts/718

K သက် Home & Services Journal (No.116 - Feb - 2017) ထိုင်ဝမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းစီးပွားရေး အခြေအနေနဲ့ ရှေ့အလားအလာကို သိလိုပါတယ်။ ထိုင်ဝမ်နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် လည်ပတ်စရာတွေ အလွန်ပဲ ပေါပါတယ်။ တစ်ချိန်က ဖော်ဆိုဆာကျွန်းဆိုပြီး ရှိခဲ့ရာမှ ၁၉၁၂ ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံအြ

08/02/2017

Cloud နည်းပညာသုံး ဝန်ဆောင်မှုများပါဝင်သည့် Office 365 ကို မြန်မာနိုင်ငံ၌မိတ်ဆက်
မောင်စည်သူ
ရန်ကုန်
စီးပွားရေး လုပ်ငန်းများအား ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲလုပ်ကိုင်ရန်အတွက် Cloud နည်းပညာသုံး ဝန်ဆောင်မှုများပါဝင်သည့် Office 365 ကို မြန်မာနိုင်ငံတွင် ရယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း Microsoft မှ သတင်းထုတ်ပြန်ကြေညာခဲ့ပြီး မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
Cloud အခြေခံ နည်းပညာဝန်ဆောင်မှုသည် ကမ္ဘာ့အဆင့်မီ လုံခြုံစိတ်ချရသည့် ဆောင်ရွက်ချက်များကို ဆောင်ကျဉ်းပေးမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီနှင့် လုပ်ငန်း အဖွဲ့အစည်းများ ပိုမိုအောင်မြင်စေရန် လုပ်ဆောင်နိုင်စွမ်းမြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
အာရှနိုင်ငံသား မိုဘိုင်းကျွမ်းကျင်ပညာရှင်ဦးရေ ၅၀,၀၀၀ က ကောက်ယူရရှိခဲ့သည့် Microsoft’s New World of Work Study အမည်ရှိ သဘောထားစစ်တမ်းတစ်ခုအရ စစ်တမ်းကိုဖြေဆိုသည့် ၀န်ထမ်းအများစုသည် ၄င်းတို့အနေဖြင့် လုပ်ငန်းခွင်တွင် အောင်မြင်မှုများရရှိရန် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ မရှိကြောင်း ဖြေဆိုပြီး ၊ ဝန်ထမ်း အယောက် ၁၀၀ တိုင်းတွင် ၄၄ ဦးကသာ လိုအပ်သည့် အစီအမံများ ရရှိထားကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။
“မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အလုပ်လုပ်ကိုင်ပုံတွေ၊ အလုပ်ကိစ္စ အဆက်အသွယ်ပြုလုပ်ပုံတွေကို ဒီဂျစ်တယ်အသွင် ပြုပြင်ပြောင်းလဲလာတာကို အထောက်အကူပြုစေဖို့ ကျွန်တော်တို့အနေနဲ့ ခုလို Microsoft ရဲ့ လုံခြုံစိတ်ချရတဲ့ Cloud နည်းပညာသုံးဝန်ဆောင်မှုတွေ ပေးအပ်နိုင်တာကို စိတ်လှုပ်ရှားမိပါတယ်။ Mobile-First, Cloud-First ဆိုတဲ့အတိုင်း မိုဘိုင်းနည်းပညာတွေ၊ Cloud နည်းပညာတွေက ရှေ့တန်းရောက်နေတဲ့ ကမ္ဘာကြီးမှာ အောင်မြင်မှုတွေပိုပိုပြီးရယူနိုင်ဖို့ သူတို့ရဲ့ဒီဂျစ်တယ်ကူးပြောင်းခရီးစဉ်မှာ ခုလိုတစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာမိပါတယ် Cloud စနစ်သုံး ကွန်ပျူတာနည်းပညာတွေကို စတင် အသုံးပြုလာသည့်အတွက် အဖွဲ့အစည်းတွေဟာ ကြီးမားလေးလံတဲ့ နည်းပညာအခြေခံအဆောက်အအုံ တွေအပေါ် ရင်းနှီးမြှုပ်နှံ စရာမလိုဘဲ ကျွန်တော်တို့ရဲ့ ယုံကြည်ရတဲ့ Cloud စနစ်သုံးတဲ့ ဖြေရှင်းမှု နည်းလမ်းတွေကို အားကိုး အားထားပြုနိုင်ကြပါပြီ။ ဝန်ထမ်းတွေအနေနဲ့လည်း သုံးစွဲသူတွေရဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ တန်ဖိုး၊ အတွေးအမြင်နဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းတို့အတွက် ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို ရရှိနိုင် ကြမှာဖြစ်ပါတယ်” ဟု Microsoft Myanmar ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲဖြစ်သူ Mr. Sy Wann က ပြောသည်။
Office 365 တွင် ရုံးလုပ်ငန်းများအတွက် အသင့်တော်ဆုံး အသုံးကျဆုံးသော Microsoft Word ၊ Excel ၊ PowerPoint တို့ ပါဝင်သည့်အပြင် Microsoft Flow နှင့် PowerApps တို့၏ အလိုလျောက်စီးပွားရေးဆောင်ရွက်ချက်များ၊ Sharepoint တွင် ရှိသည့် People Cards၊ OneDrive အစရှိသည့် စွမ်းဆောင်ရည်မြင့်မားသည့် Software များ၊ လူအင်အားအစား စက်အင်အားကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းစဉ်များအတွက် Microsoft Flow နှင့် PowerApps စသည်တို့ ပါဝင်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို အကျယ်ပြန့်ဆုံးနှင့် အနက်နဲဆုံး မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းများအနေဖြင့် Microsoft ၏ OneDrive တွင် ပေးအပ်ထားသည့် သိုလှောင်မှုပမာဏ 1Terabyte ကို ရရှိခံစားနိုင်မည်ဖြစ်ပြီး အမျိုးအမည်မသိသော အွန်လိုင်းမှ ခြိမ်းခြောက်မှု အန္တရာယ်အမျိုးမျိုးတို့ကို ရှာဖွေထောက်လှမ်းပေးခြင်း၊ ယင်းတို့၏ ရန်မှကာကွယ်ပေးခြင်းနှင့် တုံ့ပြန် ပေးခြင်းတို့ စွမ်းဆောင်ပေးသည့် အဆင့်မြင့် Threat Protection လုပ်ဆောင်ချက်များလည်းပါဝင်သည်။
Office 365 ကို အဖွဲ့အစည်းကြီးတစ်ခုလုံးအတွက် အသုံးပြုခဲ့သည့် Grand Royal Group မှ ဒေါ်သီတာအောင်က “ကျွန်မတို့ရဲ့ ဈေးကွက်ဦးဆောင်နိုင်မှုကို ခိုင်မာအောင် ကုန်ကျစရိတ်ကို ပဓာနမထားဘဲ အရည်အသွေးတန်ဖိုးကိုသာ မြှင့်တင်ဖို့အတွက် နည်းပညာကို အကျိုးရှိရှိ အသုံးချပါတယ်။ ဈေးကွက်ချဲ့ထွင်ဖို့ အခွင့်အလမ်းတွေကို အမြဲတစေ ရှာဖွေနေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အလုံးစုံသော ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနဲ့ အသိဥာဏ်မြင့်မားမှုတွေ ရှိဖို့က အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကုမ္ပဏီအတွက်လည်း ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သုံးစွဲသူတွေအတွက်လည်း အကျိုးရှိစေမယ့် Office 365 ကို အဖွဲ့အစည်းတွင်းမှာ အကောင် အထည်ဖော်အသုံးပြုခဲ့တာဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပါတယ်” ဟု ပြောကြားသည်။
Microsoft Office 365 ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၀ နှုန်း သို့မဟုတ် တစ်လလျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့်မူ မိမိတို့ လိုအပ်သည့် ဆော့ဝဲများကို သုံးသလောက်ကျသင့်မည့် ငွေပေးချေစနစ်ဖြင့် ယုံကြည်စိတ်ချရသော platform ကိုအသုံးပြုကာဝယ်ယူနိုင်မည်ဖြစ်သည်။

08/02/2017

အိမ်ခြံမြေ ရာသီဥတု

- ဆရာဟုမ်း

(Home & Services Journal - No.116 - Feb - 2017)

စီမံကိန်းသတင်းအပေါ် အခြေပြု

လက်ရှိမြန်မာပြည်၏ အိမ်ခြံမြေဈေးကွက်သည် နိုင်ငံတော်စီမံကိန်းများအပေါ် အခြေပြု၍ အတက်အကျ ကြမ်းတတ်၏။ လွန်ခဲ့သော (၂) နှစ်ခန့်က တွံတေးမြို့နယ်၊ ပန်းလှိုင်မြစ်နံဘေး မြို့သစ်စီမံကိန်းကြောင့် ၎င်းဒေသရှိ လယ်မြေ၊ ဥယျာဉ်မြေများ အဆမတန် ဈေးတက်ခဲ့ကြသည်။ မရှေးမနှောင်းမှာပင် ဘုန်းကြီးလမ်း-ဒလတံတား စီမံကိန်းသတင်းကြောင့် ဒလအနီးတစ်ဝိုက်ရှိ မြေကွက်များ၊ လယ်မြေများ ဈေးတက်ခဲ့ကြ ပြန်သည်။ ယခုအခါ လက်ခုပ်ကုန်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်းက ရေပန်းစားနေပါသည်။ ..... ဆက်လက်ဖတ်ရှုရန်
http://www.homeandservicesjournal.com/posts/712

ဆရာဟုမ်း (Home & Services Journal - No.116 - Feb - 2017) စီမံကိန်းသတင်းအပေါ် အခြေပြု လက်ရှိမြန်မာပြည်၏ အိမ်ခြံမြေဈေးကွက်သည် နိုင်ငံတော်စီမံကိန်းများအပေါ် အခြေပြု၍ အတက်အကျ ကြမ်းတတ်၏။ လွန်ခဲ့သော (၂) နှစ်ခန့်က တွံတေးမြို့နယ်၊ ပန်းလှိုင်မြစ်နံဘေး မြို့သစ်စီမံကိန်းကြောင့် ၎င်းင်းဒေသရှိ လယ်မြေ၊ ဥယ

အခြေခံလုပ်ခလစာ ၃၆၀၀ကျပ် သည် အလုပ်သမားများအတွက် ဖူလုံမှုမရှိသောကြောင့် ကြွေးမြီဒဏ်ကိုခံစားနေရမောင်စည်သူရန်ကုန်မြန်မာနိုင်င...
08/02/2017

အခြေခံလုပ်ခလစာ ၃၆၀၀ကျပ် သည် အလုပ်သမားများအတွက် ဖူလုံမှုမရှိသောကြောင့် ကြွေးမြီဒဏ်ကိုခံစားနေရ
မောင်စည်သူ
ရန်ကုန်
မြန်မာနိုင်ငံ၌ သတ်မှတ်ထားသော အခြေခံလုပ်ခလစာ တစ်ရက် (၃၆၀၀ကျပ်) သည် အလုပ်သမားများအတွက် ဖူလုံမှုမရှိသောကြောင့် အလုပ်သမားအများစုသည် ကြွေးမြီဒဏ်ကိုခံစား နေရကြောင်း The Myanmar Dilemma သုတေသန အစီရင်ခံစာက ထုတ်ပြန်ပြောဆိုထားသည်။
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇွန်လအတွင်း အထည်ချုပ်စက်ရုံ ၁၂ ရုံ၏ လုပ်ငန်းခွင် အခြေအနေနှင့် စပ်လျဉ်းသည့် သုတေသနလုပ်ငန်းစဉ်ကို Labour Rights Defender and Promotor ၊ SOMO နှင့် Action Labor Rights တို့က ပူးပေါင်းပြီး သုတေသန အစီရင်ခံစာကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာတွင် စက်ရုံအများစုသည် အခြေခံလုပ်ခလစာ ဥပဒေ၏ ယာယီခန့်ထားမှုဆိုင်ရာ ပြဌာန်းချက်များနှင့် အလုပ်သင်ကာလဆိုင်ရာ ပြဌာန်းချက်များကို အလွဲသုံးစား ပြု၍ လုပ်ခလစာကို ချိးနှိမ်ထားသည်ကိုတွေ့ရှိရကြောင်း ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများမှ ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့် စုစုပေါင်းတန်ဖိုး ပမာဏမှာ အမေရိကန်ဒေါ်လာ(၉၈၆)သန်းထိရောက်ရှိခဲ့ပြီး ၎င်းပမာဏသည် ၂၀၁၀ ခုနှစ်တွင် တင်ပို့ရောင်းချနိုင်ခဲ့သည့် ပမာဏထက် (၃)ဆခန့် များပြားခဲ့သည်။ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ မှတ်တမ်းများအရ ၂၀၁၅ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းများ၏ ပြည်ပသို့တင်ပို့ရောင်းချငွေမှာ အမေရိကန်ဒေါ်လာ (၁.၄၆)ဘီလီယံရှိခဲ့ပြီး နိုင်ငံတော် တစ်နှစ်တာဘဏ္ဍာ၏ ၁၀ ရာခိုင်နှုန်းခန့်ပမာဏရှိခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
၂၀၁၆ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းများ၌ အလုပ်သမားပေါင်း (၃၅၀၀၀၀)ကျော်ကို အလုပ်ခန့်ထားလျက်ရှိရာ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီး လုပ်သားများဖြစ်ပြီး မြန်မာအထည်ချုပ် လုပ်ငန်းရှင်များအဖွဲ့ချုပ်၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၄ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းများ၌ အလုပ်သမား(၁.၅)သန်းခန့် ခန့်ထားနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများမှ အ၀တ်အထည်များကို မှာယူသော အနောက်နိုင်ငံရှိ အ၀ယ်တော်များမှာ တစ်နေ့တစ်ခြား တိုးပွားလျက်ရှိပြီး H&M နှင့် C&A ကုမ္ပဏီများသည် မြန်မာ နိုင်ငံရှိအထည်ချုပ်လုပ်ငန်းများမှ ထုတ်ကုန်များကို အမြောက်အများ ၀ယ်ယူ ထုတ်လုပ်နေသော ကုမ္ပဏီများဖြစ်ကြောင်း သုတေသနစာတမ်းက ဖော်ပြထားသည်။
သုတေသနပြုချက်ကို ရန်ကုန်၊ ပဲခူးနှင့် ပုသိမ်ပတ်ဝန်းကျင်တွင် တည်ရှိသော အထည်ချုပ်လုပ်ငန်း (၁၂)ခုကို အခြေပြုလေ့လာထားပြီး ၎င်းလုပ်ငန်းများမှ အလုပ်သမား(၄၀၀)ကျော်ကို ၂၀၁၆ ဖေဖော်ဝါရီမှ ဇွန်လအတွင်း တွေ့ဆုံမေးမြန်းချက်များကို အခြေခံထားသည့်အပြင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့အလုပ်သမားသမဂ္ဂများ၊ နိုင်ငံတကာဖက်ဒရေးရှင်းများ၊ သမဂ္ဂအထောက်အကူပြုအဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ NGOS များ၊ နိုင်ငံတကာအဖွဲ့အစည်းများ (ILO)၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ်၊ Fair Wear Foundation, Ethical Trading Initiative နှင့် အမှတ်တံဆိပ်ဆိုင်ရာအရင်းအမြစ်ဌာနများမှ သတင်းအချက်အလက်များ၊ တွေ့ဆုံမေးမြန်းမှုများကို အသုံးပြုထားကြောင်း သိရသည်။
အလုပ်သမားအများစုသည် အခြေခံလစာကိုပြည့်ပြည့်၀၀ရရှိရန်နှင့် အလုပ် တည်မြဲရန်အတွက် အချိန်ပိုအလုပ်ဆင်းရခြင်းတို့အပြင် လုပ်ငန်းခွင်အတွင်း အလုပ်သမားများ၏ လုပ်အားဝန်အားနှင့်မမျှသော လုပ်ငန်းများကို ဆောင်ရွက်စေခိုင်းသည့် ဖြစ်စဉ်များ၊ ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ရက်ပျက်မရှိစေပဲ လုပ်ခိုင်းစေမှုများ၊ စက်ရုံအများစုတွင် ကျန်းမာရေးအခြေအနေကြောင့် အလုပ်တစ်ရက်ပျက်ကွက်ခဲ့လျှင်ပင် လုပ်ခလစာ၏ရာနှုန်းအများစုကို ဖြတ်တောက် အပြစ်ပေးသည့်စနစ်များနှင့် အလုပ်သမားများအနေဖြင့် ကျန်းမာရေးအခြေအနေ၊ ထိခိုက်ဒဏ်ရာရရှိမှု စသည်တို့ကိုပင်လျစ်လျှူရှု့ကာ လုပ်ငန်းခွင်သို့ ရက်မပျက်လာရောက်လုပ်ကိုင်ရေးအတွက် တွန်းအားပေးသည့် မက်လုံးစနစ် များကိုလည်း ကျင့်သုံးကြောင်း အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
သုတေသနအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် အလုပ်သမားအရေအတွက်၏ ထက်ဝက်ခန့်မှာ စာချုပ်ချုပ်ဆိုမှုမရှိပဲ ၀င်ရောက် လုပ်ကိုင်နေကြသူများဖြစ်ပြီး စာချုပ်ချုပ်ဆိုလုပ်ကိုင်သည့် အလုပ်သမားများ၏(၅)ရာခိုင်နှုန်းခန့်သာ မိမိတို့စာချုပ်၏ မိတ္တူကိုရရှိကြသည်။ လေ့လာစမ်းစစ်မှုပြုလုပ်ခဲ့သည့် စက်ရုံ(၁၂)ရုံအနက် (၄)ခုတွင်နေ့စားလုပ်သားအများစုကို ခိုင်းစေထားပြီး ၎င်းအလုပ်သမားများသည် နေ့စဉ်လုပ်ခလစာ ရရှိသော်လည်း သတ်မှတ်ထားသည့်(၃၆၀၀)ထက် နည်းပါးစွာ ရရှိကြကြောင်းသိရသည်။

မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် GIZ မှ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် နည်းပညာပံ့ပိုးမှုအကူ...
31/01/2017

မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် GIZ မှ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် နည်းပညာပံ့ပိုးမှုအကူအညီများပေးမည်

မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် GIZ မှ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ နည်းပညာပံ့ပိုးမှုအကူအညီ များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ GIZ သည် ကြာရှည်ခံအမြဲစိမ်းလန်း ပြီး စဉ်ဆက်မပျက်လုပ်ဆောင်နိုင်သော အောင်မြင်မှုရှိသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်ပေါ်လာ စေရန်ရည်ရွယ်ပြီး EU ၏ အကူအညီဖြင့် မဟာမဲခေါင်ဆာဒေသ ၅ နိုင်ငံကို နည်းပညာအကူအညီများ ပေးအပ်သွားမည့်အဖွဲ့အစည်းဖြစ်ပြီး အဆိုပါငါးနိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း သိရသည်။
““အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းလေးတွေ SMEs လေးတွေကို ကူညီထောက်ပံ့ပေးဖို့ပါ။ အဓိကထောက်ပံ့ပေးတဲ့ ကဏ္ဍကလည်း လောင်စာဆီသုံးစွဲမှုနဲ့ ပတ်သက်ပြီးလုပ်မှာ ဒီလုပ်ငန်းတွေဆိုရင် လောင်စာဆီနဲ့ပတ်သက်ပြီး သူတို့ရဲ့ စုစု ပေါင်းကုန်ကျစရိတ်နဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ဒီဟာကိုပဲ သုံးနေရတယ်။ သူတို့လောင်စာဆီကို အကြိုးရှိရှိနဲ့အသုံးပြုပြီးတော့ သူတို့ရဲ့ ကုန်ကျ စရိတ်တွေကိုလည်း သက်သာသွားစေချင်ပါတယ်။ ဒီလိုသက်သာသွားချင်းအားဖြင့် သူတို့ရဲ့ လုပ်ငန်းတွေလည်းပိုမိုတိုးတက်လာမယ်။ အဲ့ဒီဟာတွေကို ဆောင်ရွက်ပေးဖို့ ပရောဂျက်ကို စတင်ရခြင်း ဖြစ်ပါတယ်”” ဟု GIZ Thailand မှ Willsinee က ပြောသည်။
GIZ အနေဖြင့် မြန်မာနိုင်ငံတွင် ရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်းကို အများနှင့် ရှင်ပြိုင်နိုင်သော အနေအထားမျိုးဖြစ်အောင် လုပ်ဆောင်ပေးရန် ရည်ရွယ်ထားပြီး လုပ်ငန်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် လိုအပ်သောငွေကြေးကို ဘဏ်များမှ ချေးယူနိုင်ရန် ကူညီ မှုများလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မော်တော်ယာဉ်မောင်းများကိုလည်း လောင်စာဆီကို အကျိုးရှိရှိ အသုံးချနိုင်အတွက် သင်တန်းများလည်း ပို့ချပေးသွားမည်ဖြစ်သည်။
GIZ သည် အလုံးစုံသော ရည်မှန်းချက်စီမံကိန်းတစ်ခုအနေဖြင့် မဲခေါင်ဒေသတွင်း ကုန်စည်သယ်ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ရေရှည်ရှင်သန်မှုတိုးတက်ရန်အတွက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများရှိ အသေးစားနှင့် အလတ်စားစက်မှုလက်မှု လုပ်ငန်းများအား အဓိကအားဖြင့် စွမ်းအင်အကျိုးရှိစေရန်နှင့် အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
ကျော်မာဃ

ဒုတိယအကြိမ်မြောက် Classic Car Show ပြပွဲကျင်းပMyanmar Classic Car club မှ ဦးစီးကျင်းပသည့် ရှေးဟောင်းကားများကို ပြသသည့် ...
31/01/2017

ဒုတိယအကြိမ်မြောက် Classic Car Show ပြပွဲကျင်းပ

Myanmar Classic Car club မှ ဦးစီးကျင်းပသည့် ရှေးဟောင်းကားများကို ပြသသည့် Classic Car Show ပြပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ဒုတိယအကြိမ်မြောက် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းကားပြပွဲတွင် ချက်ပလက်၊ မာစီဒီး၊ ဘီအမ်ဒဗလျူ၊ ဖို့စ်၊ မောရစ်၊ အော်စတန်၊ တိုယိုတာ၊ ဒေါ့၊ ပလိုင်းမောက် စသည့် ကားအမျိုးအစားများ ပါဝင်ပြီး ကားအစီးရေ ၃၅ စီးခန့် ပါဝင်ပြသခဲ့ကြောင်း သိရသည်။
““ဒီကားတွေက အရင်တုန်းကတော့ အခုအချိန်မှာ အသက် ၆၀ လောက်ရှိတဲ့လူပဲဖြစ်ဖြစ်၊ ၇၀ တန်းကလူပဲဖြစ်ဖြစ်၊ ၃၀ တန်းက လူပဲ ဖြစ်ဖြစ်၊ ၄၀ တန်းပဲဖြစ်ဖြစ် အဲ့ဒီလူတွေအားလုံး သူတို့ငယ်စဉ်ဘ၀တွေတုန်းက စီးခဲ့ဖူးတဲ့ ကားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက် ကတော့ အဲ့ဒီလူတွေကို ဒီကားတွေပြန်မြင်ပြီးတော့ သူတို့ငယ်ဘ၀ရဲ့ အမှတ်တရလေးတွေ ပြန်ဖော်တာရယ်၊ နောက်ပြီးတော့ ဒီကားတွေက အစုတ်ကြီးတွေ မဟုတ်ပါဘူး။ Classic Show ဆိုတာ မြေကြီးထဲကို စိုက်ဝင်နေတဲ့ ကားကိုဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတန်ဖိုးထားပြီး ဒီလို တွေ ပြန်ရွှိုင်းပြီးတော့ ပြသတဲ့သဘောပါပဲဟု “Myanmar Classic Show” မှကို ဇဗ်္ဗူလက်ယာက ပြောသည်။
အဆိုပါရှေးဟောင်းကားပြပွဲတွင် ပြသထားသော ကားများမှာ နှစ်ပေါင်း ၄၀ ဆယ် ၅၀ နှင့် နှစ် ၈၀ ခန့် သက်တမ်း ကြာမြင့်နေပြီဖြစ်သော ကားများပါဝင်ပြသထားခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်၊ မေလက ပထမအကြိမ်ထက် ပြသခဲ့ပြီး ယခုဒုတိယအကြိမ် ပြသခဲ့ခြင်းဖြစ်ကာ ပထမအကြိမ်ထက် ကားအမျိုးအစားနှင့် အစီးရေတိုးလာကြောင်း သိရသည်။
ကျော်မာဃ

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေ အနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကဦးဆောင်ကျင်းပသော ထမနဲပွဲ နှင့် စာပေဟောပြောပွဲ ကို  စိ...
22/01/2017

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေ အနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကဦးဆောင်ကျင်းပသော ထမနဲပွဲ နှင့် စာပေဟောပြောပွဲ ကို စိမ်းလန်းစိုပြည်ဂါးဒင်းတွင် ကျင်းပမည်
ကေအေ ၂၂ ဇန်နဝါရီ

မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်ပြီး လာမည့် ဇန်နဝါရီ ၂၈ ရက် (တနင်္ဂနွေ)နေ့တွင် စိမ်းလန်းစိုပြည် ဂါးဒင်းတွင် ထမနဲထိုးပြိုင်ပွဲ နှင့် စာပေဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မူလက ပြိုင်ပွဲဝင် အဖွဲ့ ၂၀ သာ ယှဉ်ပြိုင်ခွင့် ပြုမည်ဟု ရည်ရွယ်ထားသော်လည်း ပြိုင်ပွဲစည်းကမ်းနှင့် ညီညွှတ်သော ယှဉ်ပြိုင်မည့် အဖွဲ့ ၂၃ အထိ တိုးလာခဲ့ကြောင်း သိရသည်။အဖွဲ့တစ်ဖွဲ့တွင် ပြိုင်ပွဲဝင် ၆ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များက မိမိတို့ကိုယ်ပိုင် ရိုးရာထမနဲ ထိုးနည်းများဖြင့် ယှဉ်ပြိုင်သွားကြမည် ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲကို မနက် ၁၁ ခွဲ အချိန်တွင် စတင်မည်ဖြစ်ပြီး ၃နာရီခွဲအချိန် အထိ အုပ်စု နှစ်စုခွဲကာယှဉ်ပြိုင်မည်ဖြစ်ပြီး
၃ နာရီခွဲမှာ ၄ နာရီခွဲ အချိန်အထိ စာရေးဆရာ ချစ်ဦးညို က စာပေဟောပြောမည်ဖြစ်ကြောင်း သိရသည်။၅ နာရီအချိန်တွင် ထမနဲထိုးပြိုင်ပွဲ ဆုများကြေငြာပြီး တစ်ပါတည်းဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ထမနဲ ထိုးပွဲ ကို အစားအသောက်ပညာရှင် ၉ ဦးမှ အချက် ၉ချက်ဖြင့် အကဲဖြတ်အမှတ်ပေးကြမည် ဖြစ်ပြီး ပထမဆုကို ၁၀ သိန်း
ဒုတိယဆု ၆ သိန်း တတိယဆုကို ၃ သိန်း နှင့် နှစ်သိမ့်ဆုများကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါထမနဲထိုးပြိုင်ပွဲဝင်များထိုးသော ထမနဲများကိုလည်း ဘုန်းကြီးကျောင်းများ မိဘမဲ့ဂေဟာများ ဘိုးဘွားရိပ်သာများ မျက်မမြင်ကျောင်းများသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ပြီး လာရောက်အားပေးကြသော ပရိတ်သတ်များကိုလည်း မြန်မာ့ရိုးရာ ထမနဲများဖြင့်တည်ခင်းဧည့်ခံပြီး ယဉ်ကျေးမှုကျောင်းမှ အနုပညာရှင်များကအိုးစည် ဒိုးပတ်ဝိုင်းများ ဖြင့် ဦးရွှေရိုး ဒေါ်မိုး အကများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဌ ဒေါ်စန္ဒာခင်မှ ပြောသည်။

မူလနေရာတွင် ပြန်လည်ဈေးရောင်းချခွင့် ရရှိရေးအတွက်  လမ်းဘေးဈေးသည်များက ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်မောင်စည်သူ ရန်ကုန် ရန်ကုန်တ...
18/01/2017

မူလနေရာတွင် ပြန်လည်ဈေးရောင်းချခွင့် ရရှိရေးအတွက် လမ်းဘေးဈေးသည်များက ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်
မောင်စည်သူ
ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းဘေးဈေးသည်များကို ဖယ်ရှားခြင်းကြောင့် မူလနေရာတွင် ပြန်လည်ဈေးရောင်းချခွင့် ရရှိရေးအတွက် လမ်းဘေးဈေးသည်များက ယနေ့တွင် ဒုတိယအကြိမ်အဖြစ် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းဘေးဈေးသည်များကို ကမ်းနားလမ်းနှင့် မဟာဗန္ဓုပန်းခြံလမ်းသို့ ပြောင်းရွေ့ကာ ဖယ်ရှားနေရာပြောင်းခဲ့ခြင်းကြောင့် လမ်းဘေးဈေးသည်များက ယခုကဲ့သို့ ဆန္ဒဖော်ထုတ် တောင်းဆိုလာခြင်းဖြစ်သည်။
“ အနှစ် ၂၀ ကျော် ၂၅ ရောင်းချခဲ့တဲ့ မူလနေရာလေးကို စနစ်တကျနဲ့ ပြန်လည်ရောင်းချဖို့အတွက် ကျွန်တော်တို့ တောင်းဆိုတာပါ။ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့ပြီး ဖြေရှင်းပေးဖို့ ဈေးသည်တွေကို မှီခိုနေတဲ့ မိသားစုဝင်တွေရှိတယ် သက်ကြီးရွယ်အိုတွေရှိတယ်။ ကျောင်းသားကျောင်းသူတွေရှိတယ်။ ဒီစားဝတ်နေရေးကိစ္စတွေဟာ တော်တော် ဒုက္ခရောက်နေတဲ့ အတွက် အထက်ကလူတွေသိအောင် ဒီဆန္ဒဖော်ထုတ်ပွဲလေး ကျင်းပရတာဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲတါင် ပါဝင်ခဲ့သည့် ဖန်စီပစ္စည်းရောင်းချသူ ဦးဝင်းအောင်က ပြောသည်။
လက်ရှိအချိန်တွင် လမ်းဘေးဈေးသည်များကို ရန်ကုန်မြို့လယ်ခေါင်မှ ဖယ်ရှားကာ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းသို့ ပြောင်းရွေ့နေရာပေးသော်လည်း အရောင်းအ၀ယ် မကောင်းကြောင်း ဆန္ဒဖော်ထုတ်သည့် လမ်းဘေးဈေးသည်များက ပြောသည်။
ဆန္ဒဖော်ထုတ်ခြင်းကို ရန်ကုန်မြို့လယ်ခေါင်းအတွင်း လှည့်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းဘေးဈေးသည်များ မူလနေရာမှာ စည်းကမ်းတကျ ပြန်လည်ရောင်းချရရေး ခွင့်ပြုပေးရန်၊ လမ်းဘေးဈေးသည်များကို ကြမ်းတမ်းစွာ ပြောဆိုဖမ်းဆီးခြင်း မပြုလုပ်ရန်၊ တာဝန်ရှိလူကြီးမင်းများနှင့် NLD လွှတ်တော်ကိုယ်စားလှယ်များက ဈေးသည်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းပေးရန်နှင့် လမ်ဘေးဈေးသည်များကို မှီခိုနေသော အသက်ကြီးရွယ်အို၊ ကျောင်းသား/သူ ကလေးငယ်များရဲ့ စားဝတ်နေရေးများကို ငဲ့ညှာစွာ စဉ်းစားပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ခရီးသွားပြည်သူများနှင့်အတူအများပြည်သူသယ်ယူပို့ဆောင်ရေးယဉ်လိုင်းသစ်YBSအားလိုက်ပါစီးနင်းရန...
17/01/2017

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ခရီးသွားပြည်သူများနှင့်အတူအများပြည်သူသယ်ယူပို့ဆောင်ရေးယဉ်လိုင်းသစ်YBSအားလိုက်ပါစီးနင်း

ရန်ကုန်

ွှရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည်ဇန်နဝါရီလ၁၇ရက်ခရီးသွားပြည်သူများနှင့်အတူအများပြည်သူသယ်ယူပိုဆောင်ရေးယဉ်လိုင်းသစ်ဖြစ်သောYBS၅၆ယဉ်လိုင်းပေါ်တွင်ခရီးသွားပြည်သူများနှင့်အတူရန်ကုန်မြို့တွင်းသို့လိုက်ပါစီးနှင်းခဲ့ကြောင်းသိရသည်။
သခင်မပန်းခြံမှစတင်ပြေးဆွဲသောYBS၅၆ယဉ်လိုင်းအားလိုက်ပါစီးနင်းရင်းခရီးသွားပြည်သူများ၏ကြုံတွေရသည်အခက်အခဲ့များအားလိုက်ပါမေးမြန်းနူတ်ဆက်ခဲ့ကြောင်းသိရသည်။
အဆိုပါYBS၅၆ယဉ်လိုင်းစတင်ပြေးဆွဲရာ
သခင်မြပန်းခြံမှစတင်ကာဗိုလ်ချုပ်အောင်ဆန်းလမ်းဗိုလ်တထောင်ဘုရားလမ်းကုန်သည်လမ်းကမ်းနားလမ်းတလျာက်ခရီးစဉ်များအားလိုက်ပါစီးနင်းရင်းမြို့တွင်းခရီးသွားလာမူအခြေနေများအားလိုက်ပါကြည့်ရူခဲ့ကြောင်းသိရသည်။
ကျော်မာဃ

16/01/2017
လိုအပ်ချက်ပေါ်အခြေခံ၍ YBS ယာဉ်လိုင်း ၉ လိုင်း ထပ်တိုးမောင်စည်သူရန်ကုန် အများပြည်သူနှင့် ကျောင်းသူ/သားများ၏ လိုအပ်ချက်ပေါ် ...
16/01/2017

လိုအပ်ချက်ပေါ်အခြေခံ၍ YBS ယာဉ်လိုင်း ၉ လိုင်း ထပ်တိုး
မောင်စည်သူ
ရန်ကုန်
အများပြည်သူနှင့် ကျောင်းသူ/သားများ၏ လိုအပ်ချက်ပေါ် အခြေခံ၍ မြို့ပြင်ချိတ်ဆက်လိုင်းများနှင့် တက္ကသိုလ်ကျောင်းများသို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၉ လိုင်းကို YBS က ထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။
ယနေ့ ဇန်န၀ါရီ ၁၆ ရက်မှ စတင်၍ ယာဉ်လမ်းကြောင်း ၆၁ ကြောင်းဖြင့် အသစ်ပြေးဆွဲခဲ့သော YBS အနေဖြင့် ယာဉ်လမ်းကြောင်း လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ ယာဉ်လိုင်း ၉ လိုင်းကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
စတင်ပြောင်းလဲလိုက်သည့် ယာဉ်လမ်းကြောင်းများတွင် ယာဉ်မောင်းများ၏ မှတ်တိုင်အကျွမ်းဝင်မှု နည်းပါးခြင်းနှင့် ပြည်သူများအနေဖြင့် ခရီးစဉ်ကို ကောင်းစွာ နားမလည်ခြင်းများ ရှိနေသောကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
“ ဒီနေ့မှ စပြီး ပြောင်းတာဆိုတော့ အခက်အခဲတော့ အနည်းအပါးရှိမှာပေါ့။ ဒါပေမယ့် စနစ်ဆိုးမှာ ရှင်သန်ခဲ့တဲ့ကျွန်တော်တို့အတွက်ကတော့ ရေရှည်မှာ အဆင်ပြေမယ့် စနစ်ဖြစ်ဖို့ပဲ လိုပါတယ်။ လတ်တလော ပြဿနာဖြစ်တာက အဓိက မကျပါဘူး။ ဒီလိုပဲ အားလုံးပူးပေါင်းပြီး ကျော်ဖြတ်ရမှာပေါ့။ နောက်ပိုင်းမှာ အဆင်ပြေသွားမယ်ဆိုရင်တော့ အခုခံရတဲ့ ဒုက္ခက မပြောသာပါဘူး”ဟု မင်္ဂလာဒုံမြို့နယ်မှ ခရီးသွားပြည်သူ ကိုလှမြင့်က ပြောသည်။
YBS မှ ထပ်မံတိုးချဲ့လိုက်သည့် ယာဉ်လိုင်းများမှာ ယာဉ်လိုင်းအမှတ် (၆၂ ) -
ဒဂုံတောင် (၁၀၄)-လှော်ကားလမ်း-ရတနာပုံလမ်း-အမှတ် ၂ လမ်း-စံပြဈေး-လေးထောင့်ကန်လမ်း-ဇဝန၊ယာဉ်လိုင်းအမှတ်(၆၃)-သင်္ဃန်းကျွန်းစံပြဈေး-သံသုမာ-ကြက်ဘဲဈေး-သမိန်ဗရမ်း-အထက်ဇွန်တောင်လမ်း-ရာဇာဓိရာဇ်-ကမ်းနားလမ်း-သံလျှက်စွန်း၊ ယာဉ်လိုင်းအမှတ်(၆၄)-ဝေဘာဂီ-သုဓမ္မာလမ်း-ခေမာသီ-မြောက်ဥက္ကလာအဝိုင်း-သုဓမ္မာလမ်း-နဝဒေး-ကမ္ဘာအေးဘုရားလမ်း-စက်မှု (၁) လမ်း-ဦးချစ်မောင်လမ်း-ဗညားဒလလမ်း-မင်္ဂလာဈေး-သိမ်ဖြူလမ်း-ဗိုလ်တထောင်-နန်းသီတာ၊ ယာဉ်လိုင်းအမှတ်(၆၅) -
ရွှေပြည်သာ (အိမ်မဲကြီး)-ထန်းခြောက်ပင်-ပုဂံလမ်း-၁၄လမ်းဆုံ-ဒညင်းကုန်း-ပြည်တော်သာ-ကြို့ကုန်း-အင်းစိန်ပန်းခြံ-ဘီအိုစီ-သမိုင်းလမ်းဆုံ-လှည်းတန်း-မြေနီကုန်း-ရွှေဂုံတိုင်-တာမွေအဝိုင်း-တာမွေဈေး-မင်္ဂလာဈေး-ပုဇွန်တောင်ဈေး-သီတာဆိပ်-လင်းစဒေါင်း-ဗိုလ်တထောင်၊ ယာဉ်လိုင်းအမှတ်(၆၆) -
၁၃၃ ရပ်ကွက်-၇/၈လမ်းဆုံ-၅၀ကွေ့-ကန်သာယာ-၆ကွေ့-အမှတ် ၃ လမ်းဆုံ-ပေါက်တန်းအဝိုင်း-အောင်မင်ဂလာအဝေးပြေး၊ ယာဉ်လိုင်းအမှတ် (၆၇) -
ညောင်ရွာ-ပန်းလှိုင်လမ်း-ပုသိမ်လမ်း-တပင်ရွှေထီးလမ်း-တောင်ငူလမ်း-ကျန်စစ်သားလမ်း-ဆိပ်ကမ်းသာလမ်း-ညောင်ရွာ၊ ယာဉ်လိုင်းအမှတ် (၆၈) - ရွှေပြည်သာအိမ်မဲကြီး-ထန်းခြောက်ပင်-ပုလဲလမ်း-ပြည်တော်သာ-အင်းစိန်ပန်းခြံ-YTU-သမိုင်းလမ်းဆုံ-ဘုရင့်နောင်တံတား-အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ ယာဉ်လိုင်းအမှတ်(၆၉) -
ရွှေပြည်သာအောက်ထိပ်-လှော်ကားလမ်း-လှော်ကားတာဆုံ-အမှတ် (၄) လမ်း-ရွှေပြည်သာကွေ့-ဒညင်းကုန်းလမ်းဆုံ-အောက်မင်္ဂလာဒုံလမ်း-ဘုရင့်နောင်လမ်း-ပေါက်တောဝ-အောင်ဇေယျတံတား-ညောင်တုန်းလမ်း-ဘီအိုစီအဝိုင်း-ဒဂုံဧရာအဝေးပြေး-အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် ယာဉ်လိုင်းအမှတ်(၇၀) -
သန်လျင်နည်းပညာတက္ကသိုလ်-ကျောက်တန်းလမ်း-ဆေးရုံကွေ့-ဗိုလ်ချုပ်နေဝင်းလမ်း-သန်လျင်ဈေး-မီးပွိုင့်-သန်လျင်တတား-သာကေတအဝိုင်း-ဧရာဝဏ်လမ်း-မြင်တော်သာလမ်း-ယမုံနာလမ်း-မဟာဗန္ဓလတံတား-ဗိုလ်တထောင်ဘုရားလမ်း-ကုန်သည်လမ်း-ဗိုလ်တထောင်ဈေးလမ်း-ဗန္ဓလတံတား တို့ဖြစ်သည်။
နှစ်ပေါင်းများစွာ ပြေးဆွဲနေသော မထသအဖွဲ့အစည်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ဖျက်သိမ်းခဲ့ပြီး ယနေ့ ဇန်န၀ါရီ ၁၆ ရက်နေ့တွင် ယာဉ်လမ်းကြောင်း အသစ်များဖြင့် ပြောင်းလဲ ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ခရီးသွားပြည်သူများအနေဖြင့် ခရီးစဉ် အခက်အခဲ မဖြစ်အောင် စေတနာ့ဝန်ထမ်းများကို ဖိတ်ခေါ်ခဲ့ခြင်းကြောင့် စေတနာ့များက ဘတ်စ်ကား မှတ်တိုင်များတွင် ခရီးစဉ် လမ်းညွှန်မှုများ လုပ်ဆောင်ခဲ့ကြသည်။

Address

Yangon
00246

Alerts

Be the first to know and let us send you an email when Home & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category