15/09/2026
👉 “အိမ်ဝယ်ပြီးပြီ… ဒါပေမယ့် အိမ်ထဲမှာ အိမ်ငှားရှိနေတယ်ဆိုရင် ကိုယ်ဝယ်ထားတဲ့အိမ်ကို ချက်ချင်းအသုံးပြုလို့ရပြီလား”
အိမ်ငှားရှိပြီးသား အိမ်ခြံမြေကို ဝယ်ယူမယ်ဆိုရင် အိမ်ပိုင်ရှင်နဲ့ ဝယ်သူကြား အရောင်းအဝယ်စာချုပ်တင်မကဘဲ လက်ရှိအိမ်ငှားဆိုင်ရာ အချက်အလက်တွေကိုပါ ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။
မဝယ်ခင် စစ်ဆေးသင့်တဲ့အချက်တွေကတော့
• လက်ရှိ အိမ်ငှားစာချုပ် ရှိ/မရှိ
• စာချုပ်အရ ငှားရမ်းကာလဘယ်လောက်ကျန်သေးလဲ
• စပေါ်ငွေ၊ ငှားရမ်းခ တွေနဲ့ ပတ်သက်ပြီး ဘယ်သူက ဘယ်လိုတာဝန်ယူမလဲ ဆိုတာတွေ
• အိမ်ငှါးကို လက်လွဲယူဖို့ စာချုပ်အသစ် ချုပ်ဖို့ အရေးကြီးပါတယ်
“အိမ်ဝယ်ပြီးတာနဲ့ ချက်ချင်းကိုယ်တိုင်နေထိုင်/အသုံးပြုနိုင်မယ်” လို့ မယူဆဘဲ လက်ရှိငှားရမ်းမှုအခြေအနေကို စာချုပ်စာတမ်းတွေနဲ့အတူ သေချာစစ်ဆေးသင့်ပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်နဲ့ စာချုပ်စာတမ်းပိုင်းဆိုင်ရာ အကူအညီလိုအပ်ရင် Sabei Real Estate ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
👉ပြည်တွင်းသာမက ပြည်ပက လူကြီးမင်းများအတွက်ပါ အဆင်ပြေအောင် ဆောင်ရွက်ပေးဖူးတဲ့ မှတ်တမ်းကောင်းတွေရှိပါတယ်
ကဲ အခုပဲ လာအပ်လိုက်တော့နော် 🙏
မိတ်ဟောင်းမိတ်သစ်များကို နွေးထွေးစွာကြိုဆိုလျက်ပါ☺️
- - - - - - - - - - ♦ - - - - - - - - - -
🍀 စံပယ်အိမ်ခြံမြေ 🍀
🏡မြေကွက်ရောင်းဝယ်ရေးနှင့် ဉပဒေပိုင်းဆိုင်ရာ အကျိုးဆောင်လုပ်ငန်း⚖
☎ 09-5032315
☎ 09-76 5032315
☎ 09-88 5032315
☎ 09-95 5032315
☎ 09-42 5004322
🏠 အမှတ်(၇၂၇)၊ ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
#မြောက်ဒဂုံ #အိမ်ခြံမြေ #စာချုပ်စာတမ်း #2026