thukhadan real estate

thukhadan real estate May they have a peaceful home.

30/03/2025

ကမ္ဘာသူ၊ကမ္ဘာသား၊ ပြည်သူပြည်သား၊ သတ္တဝါအားလုံး ကပ်ကြီး (၃) ပါး ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ကြပါစေ🙏🙏🙏

04/03/2025

✴တချိန်ချိန်မှာအသုံးဝင်လာမည့်
ဗဟုသုတများအား မျှဝေပါရစေ....💁‍♂️

***စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦး
ဆောက်တော့မယ်ဆိုရင်***....👷👷

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
~~~~~~~~~

- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
~~~~~~~~~~~~~~
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

==================================

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။


02/03/2025

ဂရန်သက်တမ်းကုန်သွားပါက ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများ ပြန်လည်ရုပ်သိမ်းခံရနိုင်သောကြောင့် ဝယ်ယူသူအနေဖြင့် သတိထားဆောင်ရွက်သင့်ပါသည်။ အောက်ပါအဆင့်များကို အကြံပြုအပ်ပါသည်။

# # # ၁။ **ဂရန် အမျိုးအစားနှင့် ဥပဒေအခြေအနေကို စစ်ဆေးပါ။**
- ဂရန်သည် အစိုးရထံမှ ငှားရမ်းထားသော **ဌာနဆိုင်ရာဂရန် (Leasehold)** လား၊ သို့မဟုတ် **အပြီးအပိုင်ဂရန် (Freehold)** လား သိရှိရန် လိုအပ်ပါသည်။
- သက်တမ်းကုန်သော ဂရန်သည် များသောအားဖြင့် ဌာနဆိုင်ရာ (ဥပမာ-မြေနုဂရန်) ဖြစ်နိုင်ပြီး၊ ဤအခြေအနေတွင် မြေအသုံးပြုခွင့်ကို အစိုးရသို့ ပြန်လည်အပ်နှံရနိုင်သည်။

# # # ၂။ **ဂရန် သက်တမ်းတိုးခြင်း ဖြစ်နိုင်မလား စုံစမ်းပါ။**
- သက်တမ်းကုန်သွားသော ဂရန်ကို **သက်တမ်းတိုး၍ရနိုင်/မရနိုင်** ဆိုသည်မှာ ဂရန်အမျိုးအစား၊ မူဝါဒနှင့် သက်ဆိုင်ရာမြို့နယ်မြေစီမံခန့်ခွဲမှုအဖွဲ့ (သို့) ဌာနဆိုင်ရာများနှင့် ညှိနှိုင်းရမည်။
- သက်တမ်းတိုးရန် လိုအပ်ပါက **ဂရန်ရှင်ဟောင်း (ရောင်းသူ)** မှ ဦးစွာ လျှောက်ထားရနိုင်ပါသည်။

# # # ၃။ **အမည်ပြောင်းလဲခြင်း လုပ်ငန်းစဉ်။**
- ဂရန်သက်တမ်း **မကုန်မီ** ဝယ်ယူပါက အမည်ပြောင်းလဲရန် လွယ်ကူသော်လည်း၊ သက်တမ်းကုန်ပါက **ပထမဦးစွာ သက်တမ်းတိုးရမည်**။
- ဂရန်သက်တမ်းတိုးပြီးမှသာ ဝယ်သူအနေဖြင့် အမည်ပြောင်းလဲလျှောက်ထားနိုင်ပါသည်။

# # # ၄။ **ဥပဒေအကူညီယူပါ။**
- မြေယာဥပဒေနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများရှိပါက **မြေယာရှေ့နေတစ်ဦး** နှင့် တိုင်ပင်ပါ။
- သက်ဆိုင်ရာ **မြို့နယ်မြေစာရင်းဦးစီးဌာန** တွင် ဂရန်၏လက်ရှိအခြေအနေကို အတည်ပြုစစ်ဆေးပါ။

# # # ၅။ **သတိထားရန် အချက်များ။**
- သက်တမ်းကုန်ဂရန်ဖြင့် ငွေပေးချေပြီး ဝယ်ယူပါက နောင်တွင် ဥပဒေအရ အခက်တွေ့နိုင်သည်။
- အစိုးရသည် သက်တမ်းကုန်ဂရန်မြေကို ပြန်လည်သိမ်းယူနိုင်ပြီး ဝယ်သူ၏ငွေများ ဆုံးရှုံးနိုင်သည်။

**အရေးအကြီးဆုံးမှာ** ဂရန်၏တရားဝင်မှုနှင့် သက်တမ်းတိုးနိုင်ခြေကို ဌာနဆိုင်ရာမှ အတည်ပြုချက်ရယူပြီးမှသာ လွှဲပြောင်းဝယ်ယူသင့်ပါသည်။

CRT.

Crt   https://www.facebook.com/share/1EHVxeGigp/?mibextid=wwXIfr
10/02/2025

Crt

https://www.facebook.com/share/1EHVxeGigp/?mibextid=wwXIfr

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား။

Have a Great Happy New Year thukhadan real estate
31/12/2024

Have a Great Happy New Year

thukhadan real estate

Wishing you a happy full moon day of Tazaungmone. thukhadan real estate U Linn Linn Htwe
15/11/2024

Wishing you a happy full moon day of Tazaungmone.

thukhadan real estate
U Linn Linn Htwe

05/11/2024

မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်)

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်းစျေးတွေနဲ့ရတဲ့မြေတိုင်းကတော့ 100% အာမမခံနိုင်ပါဘူးဗျာ.. 😎

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်းများစွာရှိပါသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည် ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျနှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့်မှအပ အခြားစီးပွား
ရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေးပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင်အိမ်ဂရံ 🔹
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ်ပြုရန်သော်၄င်း လုံးဝကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ
များသော ဂရံ မြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါကသိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရပါသည်)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသောမြေပါ သို့သာ် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံးရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင်ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။(မှတ်ချက်-ပါမစ်မြေသည် အတုပေါများသည်)

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်
ရိုက် ရာင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ။ #အိမ်ခြံမြေဂျာနယ်

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့
ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေ
မယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်
သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်
(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင်အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ 7သာ ထွက်ရှိထားသော လယ်များရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအားစုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား
ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ်ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည် သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံး
ပါမည်။ ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည် လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။

thukhadan real estate


"Happy Diwali! 🎉💡🕯️Wishing you light, love, and happiness.🤩🤩🤩  thukhadan real estate
01/11/2024

"Happy Diwali! 🎉💡🕯️

Wishing you light, love, and happiness.🤩🤩🤩


thukhadan real estate

သီတင်းကျွတ်ကာလအခါသမယတွင်မိသားစုအားလုံး…စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍စီးပွါးဥစ္စာ တိုးတက်ကြပါစေ🙏🙏🙏thukhadan real estate U Li...
17/10/2024

သီတင်းကျွတ်ကာလ

အခါသမယတွင်

မိသားစုအားလုံး…

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍

စီးပွါးဥစ္စာ တိုးတက်ကြပါစေ

🙏🙏🙏

thukhadan real estate
U Linn Linn Htwe

16/09/2024

#အရောင်းအဝယ်စာချုပ်အား"စာချုပ်စာတမ်းမှတ်ပုံတင်လိုလျှင်"

စာချုပ်မှတ်ပုံတင်ချုပ်ချင်လျှင်
အခွန်တော် တံဆိပ်ခေါင်း ကပ်။

အခွန်တော်တံဆိပ်ခေါင်းကပ်ဖို့
မြေကွက်တန်ဖိုးသိရမယ်။

မြေကွက်တန်ဖိုးသိဖို့က
ရာဖြတ်တင်ရမယ်။

ရာဖြတ်တင်ဖို့က
မြေပုံမြေရာဇဝင် လိုပါတယ်။

အရောင်းအဝယ်စာချုပ် ချုပ်ပြီးဆိုလျှင် -

(ပထမအဆင့်အနေနဲ့)
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကိုသွားရပါမည်။
ရန်ကုန်နဲ့မန္တလေးမှာဆို "စာချုပ်စာတမ်းမှတ်ပုံတင်ရုံး" ဆိုပြီး သီးသန့်ရှိတယ်။ အခြား မြို့တွေမှာဆို မြေစာရင်းရုံးကို သွားရလိမ့်မယ်။

လိုအပ်မည့်စာရွက်စာတမ်းတွေကတော့

၁။ စာချုပ်နှင့် မြေပုံမြေရာဇဝင်
၂။ မြေငှားဂရန် နှင့် ဆက်စပ်စာချုပ် (မိတ္တူ)
၃။ ရောင်းသူရဲ့မှတ်ပုံတင် (မိတ္တူ)
၄။ ဝယ်သူရဲ့မှတ်ပုံတင် (မိတ္တူ)
၅။ ဝယ်သူရဲ့အိမ်ထောင်စုစာရင်း (မိတ္တူ)
#၎င်း(၅)မျိုးကို မိတ္တူ (၆)စုံဆွဲရမယ်။
( ၆စုံ ဆိုတာ စစ်ဆေးမည့်အဖွဲ့က ၆ဖွဲ့မို့ပါ)

၆။ မြေကွက်နှင့်အိမ်ဖြစ်လျှင် (ရှေ့ဖက်မှ) (ဓာတ်ပုံ၂ပုံ)
၇။ မြေကွက်နှင့်အိမ်ဖြစ်လျှင်(အနောက်ဖက်မှ) (ဓာတ်ပုံ၂ပုံ)

အဲ့ဒီ ၇ မျိုး ပါကိုပါရမယ်။ ဝယ်သူကိုယ်တိုင်ပါရမယ်။ ဝန်ခံချက်ပုံစံမှာ လက်မှတ်ထိုးရမယ်။ အများအားဖြင့် ရက်ချိန်း(၂)ပတ် ဝန်းကျင်လောက်ပေးလိမ့်မယ်။

(ဒုတိယအဆင့်အနေနဲ့)
လုပ်ဆောင်ရမှာတွေကတော့....

၁။ ရာဖြတ်တန်ဖိုးသိရလျှင် ဝယ်သူနေထိုင်ရာ မြို့နယ်အခွန်ဦးစီးဌာန ကိုသွား။

၂။ ရာဖြတ်တန်ဖိုးရဲ့ %ကို တွက်။
ကျသင့်ငွေကို တံဆိပ်ခေါင်းအခွန်အဖြစ် ဝယ်။
ချလန်တစ်စောင်ရလိမ့်မယ်။

၃။ ရာဖြတ်တန်ဖိုးအတွက် ငွေဖြူ/ ဝင်ငွေရလမ်း ဖော်ပြနိုင်တဲ့ငွေ/ အခွန်စည်းကြပ်ပြီးသောငွေကို ပြရမယ်။ ချလန်တစ်စောင် ထပ်ရမယ်။

၄။ မပြနိုင်လျှင် ဝယ်ယူတဲ့ပစ္စည်းတန်ဖိုး(ရာဖြတ်တန်ဖိုး) က
သိန်း ၁၀၀၀ အောက် - ၃%
သိန်း ၁၀၀၀ - ၅၀၀၀ ကြား - ၅%
သိန်း ၅၀၀၀ - ၁၀၀၀၀ ကြား - ၁၀%
သိန်း ၁၀၀၀၀ - ၁၅၀၀၀ ကြား - ၂၀%
သိန်း ၁၅၀၀၀ အထက် ဆို - ၃၀% အဝယ်ခွန် ပေးဆောင်ရမယ်။

၅။ စုစုပေါင်း ချလန်၂စောင်ဖြစ်မယ် မြို့နယ်အခွန်ဦးစီးဌာနက ညွှန်တဲ့ ဘဏ်ကိုသွား။ ငွေသွင်း။

၆။ ငွေသွင်းပြီးရင် ချလန်မူရင်း၂စောင်ပြန်ရလာမယ်။ မိတ္တူ ၂ စုံကူး။ မြို့နယ်အခွန်ဦးစီးဌာနကို ပြန်ပေး။

၇။ အခွန်တံဆိပ်ခေါင်းယူဖို့ ရက်ချိန်းပေးလိမ့်မယ်။

၈။ ထိုချိန်းတဲ့ရက် မြို့နယ်အခွန်ဦးစီးဌာနကို သွား၊ အခွန်တံဆိပ်ခေါင်း ယူ။ ၅% အတွ​က် တံဆိပ်ခေါင်း ရမယ်။ ကျန်တာအတွက် မရ။

(တတိယအဆင့်အနေနဲ့)

၁။ အခွန်ရုံးကထုတ်ပေးတဲ့ အခွန်တော်ခေါင်း၊
၂။ ဂရန်မူရင်း/မိတ္တူ ၊ ဆက်စပ်စာချုပ် မူရင်း/မိတ္တူ၊ အခွန်ဆောင်ရမယ့်အရောင်းအဝယ်စာချုပ်၊ မြေခွန် ကွာတားကြေး ပြေစာ၊ ရာဖြတ်ကစာရွက်။
၃။ ရောင်းသူ၊ ဝယ်သူ၊ သက်သေ၂ဦးရဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ။

အထက်ပါစာရွက်စာတမ်းတွေနဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကိုသွား-

-မူရင်းနဲ့ မိတ္တူတွေ တိုက်စစ်၊
-ပြည့်စုံလျှင် လက်ဗွေနိုပ်(ရောင်းသူ၊ ဝယ်သူ၊ သက်သေအမှတ်၁)
- အလုံးစုံ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင် ဦးစီးအရာရှိက လက်မှတ်ထိုး။
- စာရေးမက ယာယီစာချုပ်နံပါတ် ထုတ်ပေး/ ရက်ချိန်းပေး။
- စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အခွန်ပြေစာနံပါတ်၃ ( အခမ-၃) ရမှ ရုံးကနေ " မှတ်ပုံတင်ပြီးပြတ်သွားတဲ့အရောင်းအဝယ်စာချုပ်" ပြန်ပေးပါလိမ့်မယ်။


thukhadan real estate
Linn Linn Insurance Solutions Advisor

Address

No. 25A, Khwar Nyo Street, 14/3 Ward, South Okkalapa Township
Yangon
11091

Telephone

+9595419004

Website

Alerts

Be the first to know and let us send you an email when thukhadan real estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to thukhadan real estate:

Share

Category