စိန်ဥဩ - Diamond Koel Real Estate

စိန်ဥဩ - Diamond Koel Real Estate Yangon - Bangkok Property

လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်ဆင့်၏ တာ၀န်နှင့်လုပ်ပိုင်ခွင့်များသတ်မှတ်ခြင်းအကြောင်းအရာများ၊
31/08/2025

လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်ဆင့်၏ တာ၀န်နှင့်လုပ်ပိုင်ခွင့်များသတ်မှတ်ခြင်းအကြောင်းအရာများ၊

အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်အလက်များ
22/08/2025

အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်အလက်များ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဆောက်လုပ်ခွင့်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ
14/08/2025

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ဆောက်လုပ်ခွင့်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ  “မြန်မာ့နှစ်ဆန်းတစ်ရက်နေ့” နှစ်သစ်မင်္ဂလာ🌿🌿နှစ်သစ်အချိန်အခါသမယ မြန်မာသက္ကရာဇ် ၁၃၈၇ ခု...
17/04/2025

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ “မြန်မာ့နှစ်ဆန်းတစ်ရက်နေ့” နှစ်သစ်မင်္ဂလာ🌿🌿

နှစ်သစ်အချိန်အခါသမယ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံစွာ ဘေးအန္တရာယ်ခပ်သိမ်းကင်းဝေးကြပါစေ၊

နှစ်သစ်ကို လန်းဆန်းသောခွန်အားအသစ်ဖြင့် ကြိုဆိုနိုင်ကြပါစေကြောင်း Diamond Koel မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ခင်ဗျာ 🙏

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။ လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျ...
04/03/2025

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။

လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျှောက်ထားရမှာပါ။ လယ ၃၀ ခွင့်ပြုချက် (အရင်က လ/န ၃၉) လျောက်တယ် ခေါ်ပါတယ်။ ခွင့်ပြုချက် ရရင် သတ်မှတ်တဲ့ နည်းအတိုင်း သုံးလို့ရပါပြီ။ လယ်မြေအမျိုးအစားကို ဗဟိုထိတင်ပြ ခွင့်ပြုချက်ရမှ အသုံးပြုနိုင်မှာဖြစ်ပြီး လယ်မြေမဟုတ်တဲ့ ကျန်လယ်ယာမြေတွေကိုတော့ ပြည်နယ်တိုင်းအဆင့်က ခွင့်ပြုချက်ရရင် အသုံးပြုနိုင်ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန်ပါ ဆက်လျောက်လိုက်ပါ။ ဒါဆိုရင် တရားဝင်လဲ သုံးလို့ရသလို့ အမည်ပေါက် မြေပိုင်ဆိုင်မှုလည်း ခိုင်မာသွားပါပြီ။

လယ်ယာမြေမှာ မစိုက်ပျိုးပဲ အခြားနည်းသုံး (အိမ်ဆောက်၊ ဆိုင်ဆောက်၊ စီပွားရေး လုပ်ငန်းအတွက် စိုက်ပျိုးခြင်းမှအပ အသုံးပြု) ချင်ရင် မြို့နယ် မြေစာရင်းဦးစီးဌာနကတဆင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ လျှောက်ရပါတယ်။ မြို့နယ်မြေစာရင်း ဦးစီးဌာနနဲ့ လယ်စီအဖွဲ့ အဆင်ဆင့်တို့ကပဲ အမှုတွဲဖွင့်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။

ပုံစံ (၇)မရသေးတဲ့ လယ်ယာမြေကို လယ်ယာမြေဥပဒေပါ ပြဌာန်းချက်အရဆိုရင် လျောက်လို့ မရနိုင်ပါဘူး။ ဥပဒေ ပုဒ်မ ၃ (ဃ) လယ်ယာမြေ လုပ်ပိုင်ခွင့်မှာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေကို လက်ရှိထားပြီး စိုက်ပျိုးလုပ်ကိုင် အသုံးချခြင်းလို့ ဆိုပါတယ်။ ပုံစံ (၇) ရှိသူမှာ အခွင့်အရေး (၃) ရပ်ရပါတယ်။ လက်ရှိထားခွင့်၊ စိုက်ပျိုးခွင့်၊ မြေအသုံးချခွင့် ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူဆိုတာ ပုံစံ (၇) ရသူ၊ သူ့မှာသာ ဒီအခွင့်အရေး (၃) ခုရတဲ့အတွက် ပုံစံ (၇) ရမှသာ အခြားနည်းသုံးနိုင်ခွင့် လျှောက်လို့ ရမဲ့သဘော ဖြစ်ပါတယ်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျောက်ထားလာရင် စိစစ်ရမယ့် စီစစ်ချက်မှာတော့ ပထမ ပုံစံ (၇) ရ/မရ စိစစ်ပါ။ မရရင် ဘာကြောင့် မရတာလဲ၊ ဘာကြောင့် ထုတ်မပေးတာလဲ ဆိုတာကို စီစစ်ပါ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်တွေ ရယူပါလို့ ဆိုတဲ့အတွက် ပုံစံ (၇) မရသေးလည်း လျှောက်နိုင်တဲ့ သဘောတွေ ပါနေတာ တွေ့ရပါတယ်။ လက်ရှိ မြေပြင်မှာလည်း ပုံစံ (၇) ရှိရှိ မရှိရှိ အခြားနည်းသုံးဖို့ လျှောက်ထား ကြပါတယ်၊ မြေစာရင်း ဌာနနဲ့ လယ်စီအဖွဲ့က စိစစ်တဲ့အခါ မရှိဘူး ဆိုရင်လည်း ဘာကြောင့် ပုံစံ (၇) မရှိတာလဲ ဆိုတာကိုဖော်ပြ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်ယူပြီး တင်ပြ လျှောက်ထားကြပါတယ်။ ခွင့်ပြုနေတာလဲ ရှိပါတယ်။

အချုပ်အားဖြင့် တင်ပြချင်တာက မိမိအသုံးပြုနေတဲ့ လယ်ယာမြေကို တရားဝင် အခြားနည်းသုံးလို့ရအောင် ပုံစံ ၇ ရှိရှိ မရှိရှိ လယ ၃၀ လျောက်လိုက်ပါ။ ခွင့်ပြုချက် ရရင် သုံးလို့ရပါပြီ။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန် ဆက်လျောက်ပြီး ဂရန်အမည်ပေါက်ယူလိုက်ပါ။ စိတ်ချလက်ချ ခိုင်ခိုင်မာမာ သုံးနိုင် ငှားနိုင် ရောင်းနိုင်ပါပြီ။

ပူးတွဲ....
၁။ လျှောက်လွှာပုံစံ
၂။ လျောက်ထားနည်း/ဆောင်ရွက်ပုံ
၃။ ဗဟိုလယ်စီ၏ ညွှန်ကြားချက်
၄။ ခွင့်ပြုချက်ပုံစံ

၂၁-၃-၂၀၂၅ ရက်နေ့အထိသာ ကာလတန်ဖိုးစိစစ်သတ်မှတ်ခြင်းကိစ္စများကို နောက်ဆုံးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။  #၂၀၂၄ - ၂၀၂၅...
04/03/2025

၂၁-၃-၂၀၂၅ ရက်နေ့အထိသာ ကာလတန်ဖိုးစိစစ်သတ်မှတ်ခြင်းကိစ္စများကို နောက်ဆုံးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

#၂၀၂၄ - ၂၀၂၅ အတွက်

မြန်မာနိုင်ငံရဲ့ မြေအမျိုးအစားများနဲ့သင်္ကေတများဖြစ်ပါတယ်။
02/02/2025

မြန်မာနိုင်ငံရဲ့ မြေအမျိုးအစားများနဲ့သင်္ကေတများဖြစ်ပါတယ်။

အိမ်သုတ်ဆေး တွက်နည်း~~~~~~~~~~~~~~~~~~အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံမျာ...
23/12/2024

အိမ်သုတ်ဆေး တွက်နည်း
~~~~~~~~~~~~~~~~~~
အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြတ် အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ဆေးသုတ်ရမည့် square footage ဖြစ်ပါတယ်

ဆေးသုတ်ရမည့် square footage တွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (20) square feet နှင့်ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (15) square feet နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည် ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (350) square feet ရှိတဲ့အတွက် (350) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (0.5) ထက်နည်းပါက ကွာတား (2) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (0.5) ထက်များပါက (1) ဂါလံ ဝယ်ရပါမည်။

14 × 20 ပေအခန်း အမြင့် (8) ပေ တံခါး (2) ပေါက်၊ ပြူတင်းပေါက် (2) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

ceiling ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~
ceiling ၏ အလျားပေ x အနံပေ = ceiling area

14 × 20 = 280 Square feet

Ceiling အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)

280 ÷ 350 = 0.8

ထိုအဖြေအရ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ လိုအပ်ပါမည်၊ (2) ထပ်သုတ်လျင် (2) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~~~~~~~~~
နံရံတစ်ချပ်ချင်းစီ၏ အလျားပေကို ပေါင်းပါ။

14 + 20 + 14 + 20 = 68 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။

68 × 8 = 544 square feet

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (1) ချပ်စီတိုင်း အတွက် (20 ) ft နုတ်ပါ ( 20 × 2 = 40 ) ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် (15) ft နုတ်ပါ ( 15×2 = 30 )

544 - 70 = 474 square feet

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
474 ÷ 350 = 1.4


ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ (2) ကွာတားနှင့် (2) ထပ်သုတ်လျင် (2) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~
20 square feet = တံခါး (1) ချပ်
တံခါးအရေအတွက်ကို (20) ဖြင့် မြှောက်ပါ။

2 ×20= 40 square feet

ပြုတင်းပေါက် အရေအတွက်ကို (7.5) ဖြင့်မြှောက်ပါ။
.
2 × 7.5 = 15 square feet

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
40 + 15 = 55

ပြီးလျှင် 350 ဖြင့်စားပါ။
54 ÷ 350 = 0.16

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (1) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (2) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။

မူရင်း​ရေးသားသူအား​လေးစားလျှက်

23/12/2024

ခုရက်တွေထဲ ဂယက်ထနေတဲ့ဂရန်ဂတုံးဆိုတာဘာလဲဆိုတာကို ဖတ်ထားမှတ်ထားသမျှသိသလောက်ပြန်မျှဝေပေးခြင်းပါ..

#ဂရန်ဂတုံး

▪️ဂရန်ဂတုံး ဆိုတာ အရပ်အခေါ်ဂရန်အမည်ပေါက်သေဆုံးသွားခြင်း၊ ထိုသူအားဆက်သွယ်၍ ဘယ်လိုမှမရနိုင်တော့ခြင်း၊ထိုဂရန် အမည်ပေါက်သူထံမှ အရပ်စာချုပ်ဖြင့်သာ ဝယ်ယူထားခြင်းစသည့် မြေဂရန်အား တစ်ဆင့်ဝယ်ယူထားသူမှရောင်းသည့် ဂရန်မြေ(ဂရန်စာအုပ်)ကို အရပ်အခေါ် ဂရန်ဂတုံးလို့ ခေါ်ကြပါတယ်။

▪️ဂရန်ဂတုံးဆိုတာ ရောင်းသူသည် ဂရန်၊မြေပိုင်မြေကို ကတိစာချုပ်ဖြင့် ဝယ်ခဲ့ပြီး နည်းလမ်းတကျ မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ပြန်မရောင်းပေးနိုင်သော မြေကို ဂရန်ကတုံးဟုခေါ်ပါသည်။


▪️ဂရန်ဂတုံးဆိုတာ နှစ်သက်တမ်းအလိုက်အစိုးရကသတ်မှတ်ပေးထားသောဂရန်သက်တမ်းပြည့်ပြီးသော်လည်းနိုင်ငံတော်ထံအခွန်မဆောင်ထားသော၊သတ်မှတ်သက်တမ်းကုန်ပြီးသက်တမ်းလုံး၀မတိုးထားသောမြေကိုဆိုလိုပါသည်။

© Wai Mar

🏡 *ဂိုထောင် နှင့် ခြံကျယ် ငှါးရန်ရှိသည်၊*✅(14) သိန်း (per month) (1 year contract)✅ အကျယ် အဝန်း : (5,010 Sqft)/(ပေ ၅၀ x ...
29/11/2024

🏡 *ဂိုထောင် နှင့် ခြံကျယ် ငှါးရန်ရှိသည်၊*

✅(14) သိန်း (per month) (1 year contract)

✅ အကျယ် အဝန်း : (5,010 Sqft)/(ပေ ၅၀ x ပေ ၁၀၀.၂)

✅ အမှတ် (၂) Highway လမ်းမကြီးမေးတင်၊ December Garden City/Platinum Garden Estate/Ruby Villa အိမ်ယာဝန်း၊ လမ်းမကျယ်၊ တောင်ဒဂုံ၊ ရန်ကုန်

✅ Company Office ၊ စားသောက်ကုန်လုပ်ငန်း၊ Warehousing & Logistics လုပ်ငန်း လုပ်ကိုင်ရန်အတွက် သင့်တော်သောနေရာ၊

✅ ဂိုထောင် (SS) (အကျယ် 22’x70’) (အမြင့် 15’)

✅ လူနေထပ်ခိုး (22’x15’)၊ အောက်ထပ်တွင် Office အခန်းတခန်း၊ နောက်ဖက်တွင် Kitchen ပါရှိသည်၊

✅ ခြံစည်းရိုး RC အုတ်တံတိုင်း, လမ်းမြေပြင်မှ အမြင့်(9’) ပေ ဝန်းကျင်၊

✅ ရှေ့မျက်နှာစာကို Stainless Steel (202) ဘလိတ်ဓါးဆူးကြိုး (၂ လွှာ) ခတ်ထားသည်။

✅ မိန်းတခါးမကြီး (Steel Door) - (16’) ပေ 🚚(Container ကားဝင်လို့ရ)

✅ ကားအစီးရေ များစွာရပ်လို့ရပါသည်၊

✅ Under Ground Water Tank၊ 1,000L Water Tank၊ အဝီစိတွင်း (ရေစက်ပါ ရေကြည်/ရေကောင်း)

✅ သောက်ရေသန့်စက်(အသေး)ပါသည်၊

✅ EPC - ပါဝါမီတာ (20/60) (3-Phase)

✅ Free WiFi (Fibre)

✅ Toilet - ဘိုထိုင်၊ ရိုးရိုးထိုင်

✅ အနောက်/တောင်လှည့်

✅ စီးပွါးရေးတက္ကသိုလ်၊ ရွာသာကြီးစက်မှုဇုံ၊ အရှေ့ဒဂုံစက်မှုဇုံအနီး၊ RGL (Logistics ) Dry Port အနီး

*မြောက်ဒဂုံ ပင်လုံလမ်းသို့ ကားဖြင့် (၁၅) မိနစ်ဝန်းကျင် မောင်းရုံဖြင့်ရောက်ပါသည်*

Contact : 09894238937

Koel Real Estate

 # #မြေငှားစာချုပ်(ဂရန်) ဆိုင်ရာ သိကောင်းစရာ #မြို့/မြေမှဆောင်ရွက်ပေးသည်- မြေငှားစာချုပ်(ဂရန်) အသစ်ထုတ်ပေးခြင်း- မြေငှား...
18/10/2024

# #မြေငှားစာချုပ်(ဂရန်) ဆိုင်ရာ သိကောင်းစရာ

#မြို့/မြေမှဆောင်ရွက်ပေးသည်

- မြေငှားစာချုပ်(ဂရန်) အသစ်ထုတ်ပေးခြင်း
- မြေငှားစာချုပ်(ဂရန်)မိတ္တူထုတ်ပေးခြင်း
- မြေငှားစာချုပ်(ဂရန်) သက်တမ်းတိုးပေးခြင်း
- မြေငှားစာချုပ်(ဂရန်) ခွဲစိတ်ပေးခြင်း
- အမည်ပေါက် ပြောင်းလဲပေးခြင်း

#ဒီမြေတွေကိုဂရန်လျှောက်နိုင်သည်

- လိုင်စင်မြေ
- ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
- စကွာတာမြေ

#ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ

- နိုင်ငံသားစီစစ်ရေးကတ်ပြား
- ပါမစ်(သို့)လိုင်စင်မြေ
- မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
- နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူ
ဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

#စီစစ်/လက်ခံခြင်း

- အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။

- တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။

- အမည်ပေါက် မဟုတ်ပါက (၁၄)ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

#ဂရန်သစ်ထုတ်ပေးခြင်း

- ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။

- ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။

- ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

#ဒါတွေသင်လုပ်ရမည်

- လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။

- မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။

- သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

#မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်

- မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင်သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။

- ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင် ​မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။

- နိုင်ငံသားစီစစ်ရေးကတ်ပြား

- မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ

- ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်

- မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ

- နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

#စီစစ်ထုတ်ပေးခြင်း

- ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း

- မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။

- ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။

- မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ

- ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

#မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးခြင်း

- သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။

- အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။

- ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။

- သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

#မြေငှားဂရန်စာချုပ် ခွဲစိတ်​ပေးခြင်း

- သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။

- ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။

- အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။

- ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။

- မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။

- ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

#အမည်ပေါက်ပြောင်းလဲပေးခြင်း

- မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။

- ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။

- ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း (သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။

- ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။



Address

North Dagon Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959894238937

Website

Alerts

Be the first to know and let us send you an email when စိန်ဥဩ - Diamond Koel Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category