13/03/2026
ခရစ်ယာန်တွေထဲမှာ လေးစားရတဲ့ တစ်ဦးကတော့ မာသာ ထရီဆာ-လို့ ပြောရမှာပဲ။
“Love until it hurts - နာကျင်တဲ့အထိ ချစ်ပါ”ဆိုတာက သူ့ရဲ့ နာမည်ကျော် စကား။
လူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်။
ကိုယ့်အတွက်ကိုယ် စေတနာ ရှိတယ်။ သုံးတယ်။ ဖြုန်းတယ်။ ပျော်တယ်။ ပါးတယ်။ အခြားသူအတွက် စေတနာကို သီးသန့်မွေးမြူရတယ်။
ဒါက ဖြစ်တတ်တဲ့ သာမန်အချစ်။
လူဟာ အခြားသူတွေကို ချစ်တယ်။ ပိုလျှံံတာကို ပေးနိုင်တယ်။
ဒါကျတော့ ကိုယ့်ကိုယ်ကို ချစ်တာထက် လွန်သွားပြီ။
ကိုယ့်အတွက်ကိုယ် အပျော်ရှာတာထက် ပိုပြီး သိမ်မွေ့တဲ့ “အပျော်ဝေဒနာ”မျိုးတွေကို ဒီအဆင့်မှာ ခံစားရတယ်။
ကိုယ့်အတွက်ကို ငွေသုံးတယ်, ငွေဖြုန်းတယ်, ပျော်ရတယ်။
ဒါက အပျော်အဆင့် တစ်မျိုး။ သိလွယ်တယ်။ ရှင်းပြစရာ မလိုဘူး။ လူတိုင်း သိနိုင်, ခံစားနိုင်တယ်။
သူများကို ချစ်တယ်၊ ပိုလျှံတာကို ပေးတယ်။
ဝေမျှခြင်းကြောင့် ဖြစ်လာတဲ့ “သိမ်မွေ့သော အပျော်ဝေဒနာ”ကိုကျတော့ အခုနက အဆင့်သမားတွေက မလုပ်ဖူးရင် မကြုံဖူးတော့ဘူး။
===
ထရီဆာက ပိုပြီီး သိမ်မွေ့တဲ့ သဘောတရားကို ပြောဆို ကျင့်သုံးတယ်။
“နာကျင်သည်အထိ ချစ်ပါ”
ပိုမှ ပေးတာဟာ နာကျင်စရာ မရှိဘူး။ ကြည်နူးစရာ ဖြစ်တယ်။
မပိုဘဲနဲ့ နာကျင်စွာ ပေးကမ်း, ကူညီ, လှူဒါန်းရတာကျတော့ နာကျင်စရာ ဖြစ်တယ်။
နာကျင်ရသည်နှင့်အမျှ
ပိုပြီိး သိမ်မွေ့တဲ့ “အပျော်ဝေဒနာ”ဟာ ဒီအဆင့်မှာ ဖြစ်ထွန်းသွားတယ်။
ဒါပေမယ့် ဒီကျင့်သုံးမှုကို ဖြစ်စေ, ဒီဝေဒနာအဆင့်ကိုဖြစ်စေ, ခင်ဗျားရော, ကျုပ်ရောဟာ လိုက်မီသိဖို့ မလွယ်တော့ဘူး။
ဒီခံယူချက်ကို ကျင့်သုံးဖို့ ဖြန့်ဝေလာပြီဆိုရင်—
ကိုယ်တို့မှာ မကျေမနပ် တုန့်ပြန်ချင်တဲ့ စောဒက ဆင်ခြေတွေ အများကြီး ဖြစ်ထွန်းလာလိမ့်မယ်။
“ဘာလို့ နာကျင်ရမှာလဲ”
“ကိုယ်နဲ့ ဘာဆိုင်လို့ ဝင်ပြီး နာပေးရမှာလဲ”
“အဲဒီလို နာပေးတော့ ကိုယ့်အတွက် ဘာအကျိုးရှိိမှာလဲ”
“ကိုယ့်ပိုက်ဆံ ကိုယ််သုံးချင်သလို သုံးမှာပေါ့”
“သူတို့ မငတ်အောင် ကိုယ်က ငတ်ပေးရမှာလား”
===
ထရီဆာတို့ကို လေးစားရတယ်ဆိုတာက အဲဒါပေါ့။
တကယ်တော့ နာကျင်သည်အထိ ပေးဆပ်ရတယ်ဆိုတာ “နောင်တရနိုင်ခြေ” သိပ်မြင့်မားပါတယ်။
ဘုရားရှင်ကိုယ်တိုင်တောင်မှ အခြေခံဒါနပြုတဲ့အဆင့််မှာ “အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ - ကိုယ့်ကိုယ်ကိုယ်နဲ့ သူတပါးကို မထိခိုက်အောင် လှူပါ”လို့ လမ်းညွှန်တော်မူရတယ်။
ကိုယ်တော်တိုင် ပါရမီဖြည့်တုန်းကတော့ မိမိကိုယ်ကိုယ် ထိခိုက်စေ၍ လှူတော်မူခဲ့သေးတယ်လို့လည်း ကျမ်းဂန်တွေထဲမှ ဖတ်ရပါသေးတယ်။
ဘယ်လိုနေရာမှာ နောင်တရတတ်သလဲ?
ရိုးရိုးပေးဆပ်တာ မဟုတ်ဘဲ “မျှော်ကိုးမှု”နဲ့ ပေးဆပ်မိကြတာ။
အနည်းဆုံး “အသိအမှတ်”တော့ အပြုခံချင်ကြသေးတယ််။
ဒီလိုနဲ့ အသိအမှတ် အပြုမခံရဘူးဆိုရင် နောင်တ ရသွားတတ်ကြတယ်။
===
ထရီဆာတို့က ပေးဆပ်တယ်။
မျှော်ကိုးမှု မပါဘဲ နာကျင်တယ်။
နောင်တ မရဘူး။ နောင်တရစရာ အကြောင်းလည်း မရှိဘူး။
ဒါ့ကြောင့်လည်း ထရီဆာတို့က လေးစားစရာ ဖြစ်သွားတယ်။
ကိုယ်တို့က မမီဘူး။
ကိုယ်တို့မမီတာကိုတော့ မမီဘူးရယ်လို့ ဝန်ခံရမှာပေါ့။
မမီဘူးလို့ သိပြီးတဲ့နောက်
ကိုယ့်အတ္တကို တတ်နိုင်သမျှ လျှော့ချပြီး အများအတွက် ငဲ့ရခြင်းသည်သာ ကိုယ်တို့ လုပ်နိုင်သမျှ အရာ….
Credit - Uvi Mala