Connect Home Realty

Connect Home Realty Let is help the sweety home connects you.

🏠 စည်ပင်နယ်နိမိတ်အတွင်း  အဆောက်အဦး ဆောက်တော့မယ်ဆိုရင်ပထမဆုံး ဆောက်လုပ်ခွင့်တင်ပြရပါတယ်။မြေယာဌာနမှာ---------------------...
21/06/2024

🏠 စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦး ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦးဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦး ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှူကိစ္စ
အဝဝ ပြီးမြောက်၏။

21/06/2024

တိုက်နံရံသားအသစ်ကို ဆေးမသုတ်ခင် အရင်ဆုံးပြုလုပ်ရမည့် အရာများ...

1. ဆေးမသုတ်ခင် နံရံသား မခြောက်လို့ အစိုဓာတ်ရှိ မရှိစစ်ရပါတယ်
အစိုဓာတ်15%ထက်ကျော်လွန်နေသေးရင် ဆေးမသုတ်သင့်သေးပါ။

2.ဆေးမသုတ်ခင် နံရံချောသားတွေ လေခိုတာရှိ မရှိ စစ်သင့်ပါတယ် လေခိုနေတဲ့ နံရံချောသားပေါ် ဆေးမသုတ်သင့်ပါ။

3. ဆေးမသုတ်ခင် နံရံအပ်ကွဲကြောင်းတွေ ရှိ မရှိ စစ်ရပါမယ် အတွင်းအပြင် နှစ်ဖက်ရှိတဲ့ အပ်ကွဲကြောင်းမျိုးတွေက
မိုးတွင်းရောက်ရင် ရေစိမ့်ဝင်နိုင်တာမို့
အတွင်းအပြင်အပ်ကွဲကြောင်းတွေပေါ် ဆေးမသုတ်သင့်ပါ။

4.ဆေးမသုတ်ခင် နံရံချောသားပေါ် သဲစကာမချပဲချောထားလို့ သစ်စတွေရှိမရှိ စစ်သင့်ပါတယ် ။

5.ဆေးမသုတ်ခင် နံရံကို ချိန်ကျ မျဥ်းကျချောထားတာလား သို့မဟုတ် နံရံလှိုင်းတွေရှိနေလား စစ်သင့်ပါတယ်
နံရံတွေ ကြိုးလိုင်းတွေ ချိန်ကျမျဥ်းကျ ချောထားတာမဟုတ်ရင် ပတ်တီးရိုက်ဆေးသုတ်တော့မှ ချိန်ကျမျဥ်းကျ ညီချင်လို့မရတော့ပါ
ပတ်တီးက နံံရံသား လှိုင်းတွေ ညီညာမှုမရှိတဲ့ နံရံသားပေါ် ညီညာသွားအောင်တင်ရိုက်လို့မရပါ
ချိန်ကျမျဥ်းကျ ညီညာအောင်ချောသားထားတဲ့ နံရံကို ချောမွေ့သွားအောင် အများဆုံး 3mmလောက်သာတင်ရိုက်သင့်ပါတယ်။

6.ဆေးတွေကို မသန့်တဲ့ရေနဲ့ မရောစပ်သင့်ပါ ဆေးပုံးအညွှန်းမှာပါတဲ့ %ထက်ရေကို ပိုပြီးမရောစပ်သင့်ပါ ။

7.ပတ်တီးတွေကို ကိုယ်ရိုက်နိုင်သလောက်ပဲ ဖျော်စပ်ပါ ပိုသွားလို့နောက်နေ့ပြန်ရိုက်မယ်ဆိုရင် မရပါ
ခဲသွားပြီး ပစ္စည်းလေလွင့်နိုင်ပါတယ်။

8.ဆေးတစ်ထပ်သုတ်ပြီးလို့မခြောက်ခင် နောက်တစ်ထပ် တန်းပြီးမသုတ်သင့်ပါ ဆေးခြောက်အောင် အနည်းဆုံး နှစ်နာရီလောက်ထားသင့်ပါတယ်။

9.ပတ်တီးတစ်ထပ်ရိုက်ပြီးလို့ နောက်တစ်ထပ် တန်းပြီးမရိုက်သင့်ပါ ပတ်တီးခြောက်အောင် အနည်းဆုံး လေးနာရီလောက် အခြောက်ခံပြီးမှ နောက်တစ်ထပ် ပတ်တီးရိုက်သင့်ပါတယ်။

၁၀.ပတ်တီးရိုက် ချောမွေ့အောင်ကော်ပတ်တိုက်ပြီးသွားရင် ပတ်တီးအမှုန့်အမွားတွေပြောင်အောင်ခါ သန့်ရှင်းရေးလုပ်ပြီးမှ ဆီလာခံဆေးချုပ် ဆေးသုတ်သင့်ပါတယ်
ဆီလာခံဆေးကို ခြောက်သွေ့အောင် အနည်းဆုံး နှစ်နာရီလောက်ထားပြီးမှ အပေါ်မှ ဆေးသုတ်နိုင်ပါတယ်
ဆီလာခံဆေးမခြောက်ခင် ဆေးတန်းမသုတ်သင့်ပါ။

 #အကျိုးတူရပါတယ် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ်6လမ်း အပိုင်း3၊ 12 ပေခွဲ 50၊ 6ထပ်တိုက်ရဲ့5လွှာ အပေါ်...
08/06/2024

#အကျိုးတူရပါတယ်
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ်6လမ်း အပိုင်း3၊ 12 ပေခွဲ 50၊ 6ထပ်တိုက်ရဲ့5လွှာ အပေါ် 1လွှာကျန်ပါတယ်

ပါကေးခင်း၊ အခန်း1ခန်း၊ ဘေးတိုက်လွတ် ရှေ့/နောက် တိုက်ကွယ်မရှိ လေဝင်လေထွက်ကောင်း၊ တိုက်သားကောင်း

ရတနာလမ်းမကြီးနှင့်လေးထောင့်ကန်လမ်းမကြီးကြား၊ မလိခအိမ်ယာနီး စျေးနီး၊ ကျောင်းနီး၊ မှတ်တိုင်နီး၊ မီးအားပြည့်

BCCကျပြီး၊ စာရွက်စာတမ်းအစုံ၊ အရှုပ်အရှင်းကင်း

စျေးနှုန်း 800သိန်း (အလျော့အတင်းရှိ)

09961924256 09989430128(အကျိုးဆောင်)
အခန်းကြည့်မယ်ဆိုကြိုချိန်းပေးပါ

29/05/2024

ကြိုပွိုင့်တိုက်ခန်း စာချုပ်ချုပ်ဆိုရာတွင် ဝယ်ယူသူ၏အခွင့်အရေးထည့်ချုပ်ဆိုရန် မမေ့သင့်။
=========================================

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးကုမ္ပဏီကြီးများနှင့် မြေရှင် အခန်းပေး၊ အခန်းယူတိုက်ခန်းများဆောက်လုပ်၍ ရောင်းချသည့်တိုက်ခန်းများရှိကြသလို၊ တစ်နိုင်တစ်ပိုင်ဆောက်လုပ်သည့် ကန်ထရိုက်တာများလည်း ရှိကြပါသည်။

ယင်းတိုက်ခန်းများအား ကြိုပွိုင့်စနစ်ဖြင့်လည်း ရောင်းချ၍ ဝယ်ယူသူများလည်းရှိကြပါတယ်။

ထိုသို့ဝယ်ယူရာတွင် ဝယ်ယူသူများအနေဖြင့် ငွေပေးချေသည့်စနစ်မှာ အရစ်ကျစနစ်ဖြင့် ပေးချေးကြသည်ကို မြင်တွေ့လေ့ရှိပါသည်။
နမူနာအနေဖြင့်တင်ပြရမည်ဆိုပါက-
၁။ ပထမအရစ်အနေဖြင့် ဤစာချုပ်ချုပ်ဆိုသည့်နေ့ (...%) ငွေပေးချေ။
၂။ ဒုတိယအရစ်အနေဖြင့် (......) ရက်နေ့ (%) မည်မျှ ငွေပေးချေ။
၃။ တတိယအရစ်အနေဖြင့် (....) ရက်နေ့ (%)မည်မျှ ငွေပေးချေ။
၄။ စတုတ္ထမှ နောက်ဆုံးအရစ်ထိ ရက်စွဲများသတ်မှတ်၍ ငွေပေးချေကြလေ့ရှိပါသည်။

ဝယ်ယူသူများအနေဖြင့်လည်း တိုက်ခန်းပါဝင်သုံးစွဲမည့် အရာဝတ္တုပစ္စည်းများကိုလည်း အကြိုက်တွေ့ကြမည်ဖြစ်သည်က တစ်ကြောင်း၊ ကုမ္ပဏီကြီးတစ်ခုက ဆောက်လုပ်သည်ဖြစ်၍ ယုံကြည်စိတ်ချရသည်က တစ်ကြောင်း အစရှိသဖြင့် ငွေပေး ချေမူအပိုင်းတော့ ပူပန်စရာပင် မရှိသဖြင့် စာချုပ်တွင်ထည့်သွင်းချုပ်ဆိုသင့်သည့်အချက်များအား သတိမထားဖြစ်လေ့ရှိကြပါတယ်။

ဝယ်ယူသူများအနေဖြင့် ထိုကုမ္ပဏီကြီး၊ကန်ထရိုက်တာများနှင့် ကြိုပွို့င့်တိုက်ခန်းစာချုပ်ချုပ်ဆိုရာဝယ် အောက်ပါအချက်ပါ၊ မပါ သတိပြုသင့်ပါတယ်။

တိုက်ခန်းအရစ်ကျဝယ်ယူသူထံမှ (.......) ရက်နေ့တွင် % မည်မျှအနေဖြင့် စဥ်ဆက်မပြတ်ပေးချေရပြီး ရောင်းချသူ (ကန် ထရိုက်၊ ကုမ္ပဏီ) များက ရယူနေသော်လည်း အချို့ရောင်းဖိုးငွေသာ ကျေသည်၊ တိုက်ခန်းအခြေအနေက လုံးဝတိုးတတ်မှုမရှိသည်ကို မြင်တွေ့ ကြားသိနေရပါသည်။

အဘယ်ကြောင့်ဆိုသော် စာချုပ်တွင် ငွေပေးချေသည့်စနစ်သာပါရှိပြီး ဘယ်အရစ်ငွေပေးချေလျှင် တိုက်၏တိုးတတ်မှုအခြေအနေ ဘယ်အဆင့်ရောက်ရှိနေရမည့်စနစ် မပါခဲ့သောကြောင့် ကြိုပွိုင့်ဖြင့် တိုက်ခန်းဝယ်ယူသူများ ရှေ့တိုးမရ၊ နောက်ဆုတ် ဖြစ်နေကြရပါသည်။

ထို့ကြောင့် ကြိုပွိုင့်ဖြင့် တိုက်ခန်းဝယ်ယူသူများအနေဖြင့် စာ ချုပ်တွင် ငွေပေးချေမှုစနစ်ပါဝင်သလို တိုက်ခန်းအား ငွေမည်မျှပေးရမည့်အဆင့်တွင် တိုက်ခန်း၏တိုးတတ်မှုအခြေအနေ မည်မျှထိပြီးစီးရမည်၊ ဘယ်အဆင့်တွင် တိုက်ခန်းအပ်ရမည်စသည့်စနစ်များလည်း ပါဝင်ရန်ချုပ်ဆိုဖော်ပြထားသင့်ကြောင်း အကြံပြုတင်ပါရပေသည်။

Crd
U Zin Lin Aung- Legal Service

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြော...
25/05/2024

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေး လိုက်ပါတယ်။

လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"

မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပ ညာစာအုပ်မှာတော့ ...(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာအတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်း ရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဈေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။
စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။
အမှန်တော့ "ဈေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း (3 D) ဖြစ်နေတယ်။"ဈေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဉ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ၀ှကျခွငျ၊ လုယက်တိုက် ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်းဝင်လာမှာပဲ။ ရှေ့တူရှုလမ်းက အသု ဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။
ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံဝင်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။
ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။
~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။
~ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိ မ်အ၀င်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိ တ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအ ကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။
~အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

အရေးကြီးဆုံးကတော့ ... ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်ကအရှောင် သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ
#မူရင်းစာရေးသူ ကိုဝင်းဇော်(သစ်တော)ကို Credit ပေးပါတယ်

မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ် လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ🙏🙏

မီးဖိုခန်းမှာထားရှိရမဲ့ အတိုင်းအတာများ
25/05/2024

မီးဖိုခန်းမှာထားရှိရမဲ့ အတိုင်းအတာများ

 #အိမ်ခြံမြေတိုက်ခန်း၀ယ်ယူရာတွင် ဘာကြောင့်သတင်းစာကြော်ငြာထည့်သင့်တာလဲ။+++++++++++++++++++++++++++++++++++++လွန်ခဲ့တဲ့ (၃...
24/05/2024

#အိမ်ခြံမြေတိုက်ခန်း၀ယ်ယူရာတွင် ဘာကြောင့်သတင်းစာကြော်ငြာထည့်သင့်တာလဲ။
+++++++++++++++++++++++++++++++++++++

လွန်ခဲ့တဲ့ (၃)လလောက်ကပေါ့။
ရန်ကုန်မြို့တွင်းက
#ကွန်ဒိုတိုက်ခန်းကိုမှ ဝယ်ချင်ပါတယ်လို့ ဆိုလာသူ ကိုကောင်းစံ ရဲ့ ဆန္ဒကိုပါရမီဖြည့်ဖို့ အိမ်ခြံမြေအကျိုးဆောင်ကို ညီဇော်တို့ဇနီးမောင်နှံက အကျိုးဆောင်ချင်း ချိတ်ဆက်ပြီး ကြိုးစားရှာဖွေပေးကြပါတယ်။ ဒါနဲ့ ပန်းဘဲတန်းမြို့နယ်က ကွန်ဒိုပိုင်ရှင်တစ်ဦးနဲ့ ချိတ်ဆက်မိလို့ အိမ်ရာတစ်ခုကိုရောက်ခဲပါတယ်။

#အပြီးလက်ငင်းပေးချေဖို့တောင်းဆိုတဲ့ရောင်းသူ

ရောင်းမယ့် ကွန်ဒိုနှစ်ခန်းက ဘယ်ခန်း၊ ညာခန်း နှစ်ခန်းတွဲဖြစ်လို့ ကိုကောင်းစံက ပိုပြီးသဘောကျတယ်။ သိန်းတစ်ရာလောက်ပဲ စရန်ပေးပါရစေလို့ ပြောတော့ရောင်းသူက စရန်မလိုပါဘူး။ တစ်ခါတည်း အပြီးငွေချေတာ အကြိုက်ဆုံးပါ လို့ ပြောပါတယ်။ ဒါဆိုရင် (၁၀)ရက်လောက်တော့ ခေတ္တစောင့်ပါ။ သတင်းစာမှာ ကန့်ကွက်မယ်သူ ရှိမရှိ ကြော်ငြာကြည့်ချင်လို့ပါ။ တောင်ဆိုတဲ့အခါ ရောင်းသူကလည်း ခဏဆိုတော့ ခွင့်ပြုပါတယ်။

#စရန်ငွေတစ်ဝက်ပေးထားရတဲ့ဝယ်ယူသူ

ဒါနဲ့ ဝမ်းသာအားရ သတင်းစာမှာ ကြော်ငြာကြည့်တဲ့အခါမှာတော့ မထင်မှတ်ဘဲ ကန်ကွက်ချက်တွေ ပေါ်လာပါတော့တယ်။ တစ်ယောက်သောသူက A , B အခန်း (၂) ခန်း ရှိတဲ့အနက် A အခန်းကို သူတို့ဝယ်ထားတာတဲ့။ ပထမအရစ် တိုက်ခန်းတန်ဖိုးရဲ့ တစ်ဝက်ကိုပေးထားတဲ့ နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ် (မူရင်း) ကို ထုတ်ပြပါတယ်။ သူထုတ်ပြတဲ့ စာချုပ်ကြည့်လိုက်တော့ အမှန်တကယ် ချုပ်ဆိုထားတဲ့ စာချုပ် ဖြစ်နေတယ်။ ဒါဆို ဒုတိယအရစ်ကျန်ငွေ မပေးဘဲ ဘာဖြစ်လို့ လက်ရောက် မယူခဲ့တာလဲလို့ မေးကြည့်တော့ ကျန်းမာရေးမကောင်းလို့ စင်ကာပူမှာ ဆေးကုသွားနေတာ (၃)လကြာသွားပါတယ်။ ပြန်လာတဲ့အခါကျတော့ (၃)လအထိ မစောင့်နိုင်လို့ အခု ကိုကောင်းစံတို့ကို ရောင်းမယ့်သူက ဝယ်သွားတယ်လို့ သိရပါတယ်။ အဲဒါ မူလပိုင်ရှင် ကန်ထရိုက်တာနဲ့ အဆက်ဆက် ဝယ်ထားသူတွေကို တိုင်းတရားရုံးမှာ တရားစွဲထားတယ်လို့ ပြောပြီး တရားမကြီးအမှုတွဲကို ထုတ်ပြပါတယ်။

ဟင် ဒါဆို အခုဝယ်မယ့် ကွန်ဒိုတိုက်ခန်းက ရှင်းရှင်းလင်းလင်း မဟုတ်ဘဲ ဖြစ်နေတာကို တွေ့ရပါတယ်။ စောစောစီးစီး နောက်ဆုတ်တာက အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်ရတယ်။ ဒါပေမဲ့ ကန့်ကွက်ရက်က (၇)ရက် အပြည့်ပေးလို့နောက်တစ်နေ့မှာ စာပို့လုလင်တစ်ယောက်က နို့တစ်စာတစ်စောင်လာပို့ပြန်ပါတယ်။

ဝယ်သူထံက နို့တစ်စာ လာပြန်တာလဲလို့ဆိုတဲ့ အတွေးနဲ့ စာအိတ်ကို ဖောက်ဖက်ကြည့်လိုက်တဲ့အခါ သတင်းစာက ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာနဲ့ ပတ်သက်ပြီး ရှေ့နေကြီးတစ်ဦးရဲ့ အသိပေး အကြောင်းကြားစာ ဖြစ်နေပါတယ်။

#နောက်တစ်ခါလာပြန်ပြီရှေ့နေကြီးရဲ့နို့တစ်စာ

သူရဲ့ အမှုသည်ကလည်း ကိုကောင်းစံကြော်ငြာတဲ့ တိုက်ခန်း(၂)ခန်းလုံးကို ဝယ်ထားတဲ့သူ ဖြစ်နေပြန်ပါတယ်။ သူက တော့ အခြားကန်ထရိုက်တာတစ်ဦးထံက ဝယ်ထားတယ်လို့ သိရပါတယ်။ ဒါဆိုရင် ဒီကွန်ဒိုတိုက်ခန်းတွေက ကန်ထရိုက်တာတစ်ဦးလည်း မဟုတ်ဘူးဆိုတာ သိလာရပြန်ပါတယ်။ ရှေ့နေကြီးက အသိပေးတဲ့အချက်ကတော့ ဒီတိုက်ခန်း (၂)ခန်း နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ တရားမကြီးအမှုအမှတ် ( ) နဲ့ တရားစွဲပြီး သူပိုင်ငါပိုင်အငြင်းပွားနေတဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။ လက်ရှိနစ်နာသူက ကန်ထရိုက်တာများ အပါအဝင် စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူ (၉)ဦးခန့်ကို တရားပြိုင်ထားပြီး တရားစွဲဆိုထားတာလို့ဆိုပါတယ်။ ဒါကြောင့် ရှေ့နေကြီးက အမှုတန်းလန်းကြီးနဲ့ အဲဒီတိုက်ခန်းကို ဝယ်ခဲ့ရင် လူကြီးမင်းကိုလည်းတရားပြိုင် (၁၀)ယောက်နဲ့ နောက်တိုး တရားပြိုင်အဖြစ် တရားစွဲဆိုခြင်း ခံရပါလိမ့်မယ်လို့ မေတ္တာနဲ့ အသိပေးထားတာကို တွေ့ရပါတယ်။

ဟိုက်. တော်ပါသေးရဲ့။ နို့တစ်စာနဲ့ အသိပေးတဲ့ ရှေ့နေကြီးကို အထူးကျေးဇူးတင်နေမိပါတယ်။ ဒါဟာ ကန့်ကွက်ရန် ရှိမရှိ သတင်းစာမှာ ကြော်ငြာမိလို့သာပေါ့။ နို့မဟုတ်ရင် အမှုတွဲမှာ ပါသွားပြီး တရားပြိုင်(၁၀)နဲ့ အမှုရင်ဆိုင်ရတော့မှာ ။ ဒါကြောင့် ပြောတာပေါ့ ။ အိမ်ခြံမြေတိုက်ခန်းတွေဝယ်ကြရင် ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြော်ငြာသင့်ပါတယ်။ တကယ်လို့ ရှေ့နေငှါးရမ်းခ ဈေးကြီးတယ်ဆိုရင်လည်း မိမိအစီအစဉ်နဲ့ အခြားရှေ့နေတွေ ကြော်ငြာထားတဲ့ နမူနာယူပြီး မိမိနာမည်နဲ့ ကြော်ငြာရင်းhတွေ ဝယ်ရင် ကြေးမုံ ၊ မြန်မာ့အလင်း သတင်းစာမှာ ကြော်ငြာဖို့ မမေ့ပါနဲ့လို့အသိပေးတိုက်တွန်းလိုက်ရပါတယ်။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

ကဲနောက်ကျတဲ့ ခြေထောက်သစ္စာဖေါက်ပဲနော်....တန်ရင်မြန်တယ်ဆိုတာဒါမျိုးအခန်းလေးတွေကိုပြောတာ မလို့ စရံသာကိုင်ပြီးသာကြည့်လိုက်တ...
22/05/2024

ကဲနောက်ကျတဲ့ ခြေထောက်သစ္စာဖေါက်ပဲနော်....
တန်ရင်မြန်တယ်ဆိုတာဒါမျိုးအခန်းလေးတွေကိုပြောတာ မလို့ စရံသာကိုင်ပြီးသာကြည့်လိုက်တော့....
Fully Funiture ပါ ရှားပါးပေးကျယ် 23ပေ55ပေ အလွှာနိမ့် (တတိယထပ်) Master Bedroom ပါ အခန်း ကျယ်လေးကို သိန်း 1600 ညှိနှိုင်းနဲ့ ရောင်းချပေးမှာနော်...

သဃ်န်းကျွန်မြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ်လမ်း သွယ်၊ သံသုမာလမ်းမကြီးဒဲ့ပေါက်၊ ရတနာလမ်းမကြီးမှ ၀ငျရငျတဈဆဈခြိုးလေးနောျ..လေးထောင့်ကမ်လမ်းမကြီးအနီး၊ စံပြစျေးကြီးနှင့်နီးသောကြောင့် လမ်းလျှောက်သွားလာနိုင်၊(စျေး၊ကျောင်း၊ဘဏ်၊ကားဂိတ်)များနှင့် အလွန်နီး၊ Locationအထူးကောင်းမွန်ပြီး မိန်းလမ်းမကြီး ၃ခုနဲ့ အလွန်နီးသောကြောင့် သွားရေးလာရေးလွယ်ကူတဲ့ နေရာကောင်းလေးပါနော်...

23ပေ 55ပေ အခန်းကျယ်
တတိယထပ် (4လွှာ) ၆ထပ်တိုက်မလို့အပေါ် ၂လွှာကျန်
သိန်း 1600 ညှိနှိုင်း
တိုက်မျက်နှာစာ အရှေ့လှည့်

တစ်အိမ်လုံးကြွေပြားအပြည့်ခင်းပြီး/နံရံပြည့်ကပ်ပြီး
Master Bedroom 1ခန်း(ရေချိုးခန်း+ဘိုထိုင်)
Single Bedroom 2ခန်း
Ac 4 လုံးပါ
TV စင်ပါ
ဆိုဖာစတီ ၁စုံးပါ
King Size နှစ်ယောက်အိပ်ကုတင်/မွှေ့ယာ ၂စုံပါ
ရေ၊မီး၊ဆေးပိုင်များ အားလုံး အသစ်ပြင်ဆင်ပြီး
ရေချိုးခန်း ရေပူရေအေးစက်/ Pressure Pump တပ်ဆင်ပြီး
တစ်အိမ်လုံး သံပန်း/Sun Shade ပတ်ပတ်လည် အပြည့်တပ်ဆင်ပြီး
BCC ကျပြီး စာရွက်စာတမ်းစုံ
ကိုယ်ရေမီတာ၊ ကိုယ်ပိုင်ရေမော်တာ
ကားပါကင်အတွက်လဲ အဆင်ပြေတယ်နော်

( ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းနိုင်ပါတယ် )
( ၀ယျယူသူဘကျမှ အကြိုဆောင်ခ လုံး၀ပေးစရာမလို )

09764369997-0943093149-agent

သင်္ကန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် ဒုတိယထပ်တိုက်ခန်းအငှား၊ချက်ချင်းတက်။(18-54)ပေMaster 1,single 1air con 2ရေပူ ရေအေးပါwif...
22/05/2024

သင်္ကန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် ဒုတိယထပ်တိုက်ခန်းအငှား၊ချက်ချင်းတက်။

(18-54)ပေ
Master 1,single 1
air con 2
ရေပူ ရေအေးပါ
wifi အပါ
တစ်လ-6သိန်း

09-254379610

ပါရမီလမ်းမပေါ် တိုက်ခန်းရောင်းမည်ပါရမီ နဲ့ ဝေဇယန္တာထောင့်Innoncity ရှေ့၂၅x၅၅ ပေကျယ်အခန်း(၃) ခန်းမာစတာ (၁) ရိုးရိုး (၂)BC...
22/05/2024

ပါရမီလမ်းမပေါ် တိုက်ခန်းရောင်းမည်
ပါရမီ နဲ့ ဝေဇယန္တာထောင့်
Innoncity ရှေ့
၂၅x၅၅ ပေကျယ်
အခန်း(၃) ခန်း
မာစတာ (၁) ရိုးရိုး (၂)
BCCပါ
စတုထ္ထထပ်
အပေါ်တစ်ထပ်ကျန်
၂၇၅၀ သိန်း
092132446
ပိုက်ရှင်တိုက်ရိုက်
အကျိုးဆောင်လက်ခံပါတယ်။

Address

Thingan Gyun Tsp
Yangon
11071

Website

Alerts

Be the first to know and let us send you an email when Connect Home Realty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category