29/09/2026
🇹🇭 DTV ကို ထိုင်းနိုင်ငံအတွင်းမှာ နောက်ထပ် ၆ လ(ရက် ၁၈၀) ဘယ်လို သက်တမ်းတိုးမလဲ?
ထိုင်းနိုင်ငံတွင် DTV (Destination Thailand Visa) ဖြင့် နေထိုင်လျက်ရှိကြသော မိတ်ဆွေများအနေဖြင့် နိုင်ငံအတွင်း၌ Stay Extension ပြုလုပ်လိုသည့်အခါ သိရှိထားသင့်သည့် အချက်အလက်များကို Knowledge Sharing အနေဖြင့် မျှဝေပေးလိုက်ပါတယ်။
DTV Visa သည် သက်တမ်း ၅ နှစ် ရှိပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့်အခါ တစ်ကြိမ်လျှင် ရက် ၁၈၀ အထိ နေထိုင်ခွင့် ရရှိနိုင်ပါတယ်။
သတ်မှတ်ထားတဲ့ ရက် ၁၈၀ ပြည့်ခါနီးတဲ့အခါ ထိုင်းနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ Thai Immigration Office မှာ Stay Extension လျှောက်ထားပြီး နောက်ထပ် ရက် ၁၈၀ အထိ နေထိုင်ခွင့် တိုးမြှင့်လျှောက်ထားနိုင်ပါတယ်။
📌 DTV နိုင်ငံတွင်း Stay Extension အတွက် သိထားသင့်တဲ့ အချက်များ
အောက်ပါစာရွက်စာတမ်းများကို လိုအပ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ။
• TM.7 Application Form နှင့် သက်ဆိုင်ရာ Acknowledgment Form
• Passport မူရင်း နှင့် Passport Bio-data Page၊ DTV Visa Page၊ နောက်ဆုံးဝင်ရောက်ထားသော Arrival Stamp Page မိတ္တူများ
• Passport-size ဓာတ်ပုံ
• သတ်မှတ်ထားသော ငွေကြေးခိုင်မာမှု (Financial Evidence) ဘတ် ၅ သိန်း ညီမျှတဲ့ပမာဏ ကို ပြသနိုင်ရန် Bank Statement / Bank Account အထောက်အထား
• ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်နေကြောင်း ပြသနိုင်သည့် TM.30၊ အိမ်ငှားစာချုပ်၊ Hotel Accommodation အထောက်အထား စသည်များ
• လိုအပ်ပါက 90-Day Report နှင့် သက်ဆိုင်သည့် မှတ်တမ်းများ
• မိမိလျှောက်ထားထားသော DTV အမျိုးအစားနှင့် သက်ဆိုင်သည့် Supporting Documents (ဥပမာ — Digital Nomad / Remote Worker များအတွက် Employment Letter၊ Company Documents သို့မဟုတ် အလုပ်လုပ်ကိုင်နေကြောင်း သက်သေပြနိုင်သည့် စာရွက်စာတမ်းများ)
⚠️ အရေးကြီးတာတစ်ခုက Immigration Office နှင့် လျှောက်ထားသူတစ်ဦးချင်းစီအလိုက် လိုအပ်ချက်များ ကွာခြားနိုင်တာကြောင့် မိမိသွားရောက်လျှောက်ထားမည့် Immigration Office ရဲ့ လက်ရှိသတ်မှတ်ချက်များကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။
Seagull Service မှာ DTV Visa နှင့် Thailand Visa Consultation / Service များအပြင်
✈️ International Visa Services
🛂 Passport Services
✈️ Flight Booking
🏨 Hotel Booking
📋 Travel & Visa Consultation
တို့ကိုလည်း လိုအပ်ချက်အလိုက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အသေးစိတ် သိရှိလိုသည်များကို Seagull Service Page Messenger မှတစ်ဆင့် လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ❤️
📞 Seagull Service
09 798 338 900
09 400 594 959
Knowledge Sharing အနေနဲ့ မျှဝေပေးခြင်းဖြစ်ပြီး Immigration ရဲ့ လက်ရှိသတ်မှတ်ချက်များအပေါ် မူတည်၍ လိုအပ်ချက်များ ပြောင်းလဲနိုင်ပါသည်။