Seagull Service

Seagull Service ​Your Trusted Travel Partner! 🕊️
We help you soar above challenges.
✈️ Passport • Visa • Study Abroad • Tour
📱 09 798 338 900 | 09 400 59 49 59
(1)

နိုင်ငံရပ်ခြားကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အလည်အပတ် ဒါမှမဟုတ် ပညာသင်ဖို့ပဲဖြစ်ဖြစ် သွားရောက်ဖို့ စိတ်ကူးထားတဲ့အခါ ဗီဇာငြ...
25/08/2026

နိုင်ငံရပ်ခြားကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အလည်အပတ် ဒါမှမဟုတ် ပညာသင်ဖို့ပဲဖြစ်ဖြစ် သွားရောက်ဖို့ စိတ်ကူးထားတဲ့အခါ ဗီဇာငြင်းပယ်ခံရတာဟာ အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်လာတတ်ပါတယ်။

လူတော်တော်များများက "ငါ့မှာ စာရွက်စာတမ်းတွေ အကုန်စုံနေတာပဲ ဘာလို့ reject ဖြစ်တာလဲ" လို့ မေးလေ့ရှိကြပါတယ်။ တကယ်တော့ ဗီဇာအရာရှိတွေက စာရွက်စုံမစုံတင်မကဘဲ အသေးစိတ် အချက်အလက်တွေကြားက ယုတ္တိရှိမှုကို အဓိက ကြည့်ရှုစစ်ဆေးတာပါ။

*အဓိက ငြင်းပယ်ခံရလေ့ရှိသော အကြောင်းအရင်း (၅) ချက်*

(၁)ဘဏ်စာရင်း (Bank Statement) နှင့် ငွေကြေးစီးဆင်းမှု မရှင်းလင်းခြင်း

ငွေပမာဏ များပြားရုံတင် မလုံလောက်ဘဲ လျှောက်ထားသူရဲ့ အလုပ်အကိုင်၊ ဝင်ငွေနဲ့ ကိုက်ညီမှုမရှိဘဲ ရုတ်တရက် အလုံးအရင်း ဝင်ထွက်ထားတဲ့ ငွေကြေးတွေဟာ သံသယဖြစ်စေနိုင်ပါတယ်။

(၂)ခရီးစဉ်အပြီး မိခင်နိုင်ငံသို့ ပြန်လာမည့် အထောက်အထား (Strong Ties) အားနည်းခြင်း

မိသားစု၊ အလုပ်အကိုင်၊ ပိုင်ဆိုင်မှု သို့မဟုတ် စီးပွားရေးဆိုင်ရာ ခိုင်မာတဲ့ ချိတ်ဆက်မှုမပြနိုင်ပါက Overstay ဖြစ်နိုင်ခြေရှိတယ်လို့ သတ်မှတ်ခံရတတ်ပါတယ်။

(၃)ခရီးစဉ်ရည်ရွယ်ချက် (Purpose of Travel) မပြတ်သားခြင်း

Travel Itinerary, Hotel Booking, Flight Reservations တွေက တိကျမှုမရှိခြင်း (သို့မဟုတ်) Statement of Purpose (SOP) မှာ ရည်ရွယ်ချက် မခိုင်လုံခြင်း။

(၄)စာရွက်စာတမ်း အချက်အလက်များ မကိုက်ညီခြင်း

လျှောက်လွှာဖောင်ပါ အချက်အလက်များနှင့် ပူးတွဲစာရွက်စာတမ်းများကြား ရက်စွဲ၊ နာမည်၊ လိပ်စာ ကွဲလွဲနေခြင်း။

(၅)ဗီဇာအမျိုးအစား ရွေးချယ်မှု မှားယွင်းခြင်း

မိမိသွားရောက်မည့် အကြောင်းအရင်းနှင့် ကိုက်ညီသော ဗီဇာအမျိုးအစားကို တိကျစွာ မရွေးချယ်မိခြင်း။

ဗီဇာလျှောက်ထားခြင်းဟာ စာရွက်တင်ရုံသက်သက် မဟုတ်ဘဲ မိမိရဲ့ Profile ကို အကောင်းဆုံး နည်းလမ်းတကျ တင်ပြရတဲ့ အနုပညာတစ်ခုပါ။

ခရီးစဉ်တွေ မနှောင့်နှေးစေဖို့နဲ့ ပထမဆုံးအကြိမ်မှာတင် အဆင်ပြေပြေ အောင်မြင်နိုင်ဖို့အတွက် Seagull Service က စာရွက်စာတမ်း ပြင်ဆင်မှု၊ Profile စစ်ဆေးမှုနှင့် လိုအပ်သည့် အကြံဉာဏ်များကို တိကျသေချာစွာ ကူညီဆောင်ရွက်ပေးနေပါတယ်။ 🕊️

📞 Phone / Viber: +95 9798338900, +95 9400594959

✉️ Email: [email protected]

🌐 page: Seagull Service

💬 Messenger: Seagull Service Page သို့ တိုက်ရိုက် Message ပို့၍ ဆွေးနွေးမေးမြန်းနိုင်ပါသည်။

💬 သင်ရော ဗီဇာလျှောက်ထားရင်းနဲ့ ဘယ်အဆင့်မှာ အခက်အခဲဆုံး ကြုံတွေ့ခဲ့ရဖူးလဲ?

အတွေ့အကြုံလေးတွေကို Comment မှာ မျှဝေဆွေးနွေးသွားကြပါဦး!

DTV Visa ဆိုတာ လူတိုင်းအတွက်လား? 🤔ထိုင်းနိုင်ငံ ကို ခဏခဏသွားချင်တယ်…Remote Work လုပ်ရင်း ထိုင်း မှာနေချင်တယ်…Freelance (...
19/08/2026

DTV Visa ဆိုတာ လူတိုင်းအတွက်လား? 🤔

ထိုင်းနိုင်ငံ ကို ခဏခဏသွားချင်တယ်…
Remote Work လုပ်ရင်း ထိုင်း မှာနေချင်တယ်…
Freelance (or) Online Business လုပ်နေတယ်…
ဒါမှမဟုတ် Muay Thai, Cooking Class လိုမျိုး Activity တွေကို သွားတက်ချင်တယ်ဆိုရင်…

👉 DTV Visa ကို သိထားသင့်ပါတယ်။

DTV (Destination Thailand Visa) က Thailand မှာ Long Stay လုပ်ချင်သူတွေအတွက် လူစိတ်ဝင်စားမှုများလာတဲ့ Visa အမျိုးအစားတစ်ခုပါ။

ဒါပေမယ့်…

❓ ကိုယ်က DTV လျှောက်လို့ရမရ?
❓ ဘာ Documents တွေလိုအပ်လဲ?
❓ Financial Documents ဘယ်လိုပြင်ဆင်ရမလဲ?
❓ ကိုယ့်အခြေအနေက DTV နဲ့ ကိုက်ညီရဲ့လား?

ဒီအချက်တွေကို မသေချာသေးဘူးဆိုရင် ကိုယ်တိုင်စမ်းလျှောက်ပြီး အချိန်ကုန်ခံစရာမလိုပါဘူး။

📌 Seagull Service မှာ DTV Visa လျှောက်ထားနိုင်ပါတယ်။

ကျွန်တော်တို့ဘက်က
✅ DTV Eligibility စစ်ဆေးပေးခြင်း
✅ လိုအပ်တဲ့ Documents တွေ စစ်ဆေးပေးခြင်း
✅ Application Process အတွက် ပြင်ဆင်ပေးခြင်း
✅ Visa Application အတွက် လိုအပ်သလို Consultation ပေးခြင်း

စတဲ့ Service တွေနဲ့ ကူညီပေးနေပါတယ်။

💬 DTV Visa လျှောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်
“DTV” လို့ Comment ချန်ခဲ့ပါ
ဒါမှမဟုတ် Seagull Service Messenger ကနေ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📩

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘန်ကောက် မြန်မာသံရုံးမှာ PV (Passport for Visit) ကိုင်ထားသူတွေကို မည်သည့် ဗီဇာအမျိုးအစား...
18/08/2026

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘန်ကောက် မြန်မာသံရုံးမှာ PV (Passport for Visit) ကိုင်ထားသူတွေကို မည်သည့် ဗီဇာအမျိုးအစားပဲ ရှိရှိ ပတ်စပို့စာအုပ်သစ် တိုက်ရိုက်လဲမပေးတော့ဘူးလို့ သိရပါတယ်။

စာအုပ်အသစ် လျှောက်ချင်ရင် နေပြည်တော်အထိ ပြန်တင်ပြပြီး စိစစ်ခွင့်ပြုချက် ရမှသာ ဆက်လုပ်ပေးမယ့် ပုံစံမျိုး ဖြစ်လာနိုင်ပါတယ်။

ဒီသတင်းကြောင့် PV နဲ့ လာပြီးမှ အလုပ်ဗီဇာ (Non-B) ဒါမှမဟုတ် ကျောင်းသားဗီဇာ (Non-ED) ပြောင်းထားတဲ့ မိတ်ဆွေတွေအတွက် အခက်အခဲလေးတွေ ရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နေပြည်တော်အထိ ပြန်တင်ရမယ်ဆိုရင် အချိန်တွေ အများကြီး ကြန့်ကြာနိုင်ပြီး ပတ်စပို့ သက်တမ်းကုန်ခါနီးသူတွေအနေနဲ့ ဗီဇာပါ သက်တမ်းလွန်သွားမှာကို အဓိက စိုးရိမ်နေကြရလို့ပါ။

သံရုံးဘက်က တရားဝင် ထုတ်ပြန်ချက်တော့ အတိအကျ မထွက်သေးပေမဲ့ လက်ရှိ ပတ်စပို့ သက်တမ်း ကုန်ခါနီးနေတဲ့ မိတ်ဆွေတွေအနေနဲ့

မိမိတို့ရဲ့ ပတ်စပို့နဲ့ လက်ရှိ ဗီဇာသက်တမ်းတွေကို သေချာ ပြန်စစ်ထားပါ။
စာအုပ်လဲဖို့ လိုအပ်ပါက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါ။

သံရုံးရဲ့ နောက်ဆုံးရ ညွှန်ကြားချက်တွေကို အမြဲ မျက်ခြည်မပြတ် စောင့်ကြည့်ပေးပါ။
အားလုံးပဲ စိတ်အေးအေးထားပြီး အခြေအနေကို စောင့်ကြည့်ကြပါနော်။ Seagull Service ဘက်ကလည်း တရားဝင် အချက်အလက်သစ်တွေ ထပ်သိရတာနဲ့ အမြန်ဆုံး ပြန်လည်မျှဝေပေးသွားပါမယ်။

🛂 Passport ရုံး ရောက်မှ “ဒီတစ်ခု မပါလာလို့ အိမ်ပြန်လာရတယ်...” မဖြစ်ရအောင် ဒီ Checklist လေးကို Save ထားပါနော်! 😄Passport ...
17/08/2026

🛂 Passport ရုံး ရောက်မှ “ဒီတစ်ခု မပါလာလို့ အိမ်ပြန်လာရတယ်...” မဖြစ်ရအောင် ဒီ Checklist လေးကို Save ထားပါနော်! 😄

Passport လျှောက်ဖို့ Appointment ရပြီးပြီဆိုရင် အဆင်ပြေပြီလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရုံးသွားတဲ့နေ့မှာ စာရွက်စာတမ်းတစ်ခုခု မပြည့်စုံရင် အချိန်ကုန် လူပင်ပန်းပြီး ပြန်လာရတဲ့ အခက်အခဲဖြစ်နိုင်ပါတယ်။

ဒါကြောင့် မသွားခင် ဘာတွေယူသွားရမလဲ တစ်ချက်ချင်း စစ်ကြည့်ရအောင် 👇

🪪 ၁။ မှတ်ပုံတင်
မှတ်ပုံတင် မူရင်း + မိတ္တူ (၂) စုံ ယူဆောင်လာပါ။
(၁၈နှစ် ပြည့်ပြီးသူများ ၁၈နှစ်ပြည့် မှတ်ပုံတင်လုပ်သွားပါ ။)

💳 ၂။ Smart Card
UID နံပါတ်ပါရှိသော Smart Card
မူရင်း + မိတ္တူ (၂) စုံ ယူဆောင်လာပါ။

🏠 ၃။ အိမ်ထောင်စုစာရင်း
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ (၂) စုံ လိုအပ်ပါတယ်။

📄 ၄။ Appointment Letter
(Appointment ရထားရုံနဲ့ မပြီးသေးပါဘူးနော် 😄)
Appointment Letter ကို Print ထုတ်ပြီး မိတ္တူ (၂) စုံ ယူဆောင်လာရပါမယ်။

📋 ၅။ ကိုယ်ရေးမှတ်တမ်း
သတ်မှတ်ထားတဲ့ ကိုယ်ရေးမှတ်တမ်းပုံစံကို ကြိုတင်ပြင်ဆင်ထားပါ။ ရုံးမှဖောင်ဝယ်ပြီး ဖြည့်လို့လည်းရပါတယ် ။

👶 အသက်အပိုင်းခြားအလိုက်လည်း သတိထားပါ

အသက် ၁၀ နှစ်အောက် ဖြစ်ပါက
မွေးစာရင်း မူရင်း + မိတ္တူ (၂) စုံ လိုအပ်နိုင်ပါတယ်။

၁၈ နှစ်အောက် ဖြစ်ပါက
👉 အိမ်ထောင်စုစာရင်းပါ အုပ်ထိန်းသူ တစ်ဦးကို အတူခေါ်ဆောင်လာရပါမယ်။

🎓 ကျောင်း / သင်တန်းများ တက်ရောက်လိုသူများ (PE Passport)

သက်ဆိုင်ရာကျောင်း၏ ခေါ်စာ မူရင်း + မိတ္တူ (၂) စုံ
ငွေသွင်းပြေစာ
အထက်တန်းအောင်လက်မှတ် မိတ္တူ

🔄 Passport သက်တမ်းတိုးမယ်ဆိုရင်?

• ယခင် မြန်မာနိုင်ငံကူးလက်မှတ် (Passport) အဟောင်း

PJ အသစ် / PJ သက်တမ်းတိုး

• Labour Card

PJ / PS သက်တမ်းတိုး

• အခွန်ဆိုင်ရာ စာရွက်စာတမ်းများ
• နိုင်ငံခြားထွက်ထားဖူးရင် ပြည်တွင်းကို ၂၅% ငွေလွှဲထားတဲ့ပြေစာပြရပါမယ် ။

📌 Passport ပျောက်ဆုံးသူများ

• Passport ပျောက်ဆုံးကြောင်း ကြေညာထားသည့် သတင်းစာ

💡 Passport အမျိုးအစား၊ အသက်နဲ့ လျှောက်ထားမှုအခြေအနေအလိုက် လိုအပ်ချက်တွေ ကွာခြားနိုင်ပါတယ်။

ဒါကြောင့် Appointment မတိုင်ခင် စာရွက်စာတမ်းတွေကို တစ်ခုချင်းစီ ကြိုစစ်ထားတာ အကောင်းဆုံးပါ။ ✅

မရှင်းလင်းတာရှိရင် Seagull Service ကို အားမနာဘဲ လာရောက်မေးမြန်းနိုင်ပါတယ်။ ✈️

📞 ဆက်သွယ်ရန် Hotlines
09 798 338 900
09 400 594 959

💬 Page Messenger ကနေတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📌 ဒီ Post ကို Save ထားပြီး Passport လျှောက်မယ့်သူငယ်ချင်းတွေကိုလည်း Share ပေးထားပါနော်။

#မြန်မာနိုင်ငံကူးလက်မှတ် ျှောက်မယ် ိုအပ်ချက် ်တမ်းတိုး

✈️🌍 စိတ်ကူးထဲက ခရီးစဉ်လေးကို အကောင်အထည်ဖော်ဖို့ Visa ကိစ္စက ခေါင်းခဲစရာဖြစ်နေပြီလား?နိုင်ငံခြားခရီးထွက်မယ်လို့ စိတ်ကူးလိ...
11/08/2026

✈️🌍 စိတ်ကူးထဲက ခရီးစဉ်လေးကို အကောင်အထည်ဖော်ဖို့ Visa ကိစ္စက ခေါင်းခဲစရာဖြစ်နေပြီလား?

နိုင်ငံခြားခရီးထွက်မယ်လို့ စိတ်ကူးလိုက်တာနဲ့
🏝️ သွားလည်မယ့်နေရာတွေ
🍜 စားချင်တဲ့အစားအသောက်တွေ
👗 ဝတ်မယ့်အဝတ်အစားတွေ
📸 ရိုက်မယ့်ဓာတ်ပုံတွေကို စဉ်းစားရင်း ရင်ခုန်စရာကောင်းနေမှာပါ။

ဒါပေမယ့်… Visa လျှောက်ဖို့အချိန်ရောက်လာတဲ့အခါတော့?🥹

📄 လိုအပ်တဲ့ Documents တွေ စုဆောင်းရမယ်
🏦 Bank Statement နဲ့ Financial Documents တွေ ပြင်ဆင်ရမယ်
💼 အလုပ်အကိုင်အထောက်အထား၊ ခွင့်စာတွေ စီစဉ်ရမယ်
📝 Application Form ကို မှန်ကန်အောင် ဖြည့်ရမယ်
🗓️ Appointment / Submission Date တွေ စီစဉ်ရမယ်
🏨 Hotel Booking၊ ✈️ Flight Itinerary နဲ့ ခရီးစဉ်အစီအစဉ်တွေကိုလည်း သေချာပြင်ဆင်ရပါမယ်။

အချက်အလက်တစ်ခုခု မပြည့်စုံတာ၊ မကိုက်ညီတာတွေကြောင့် ပြန်ပြင်ရတာမျိုးတွေ ဖြစ်လာရင် အချိန်လည်းကုန်၊ စိတ်လည်းပင်ပန်းရပါတယ်။😮‍💨

ဒါဆို…
Visa ကိစ္စတွေကြောင့် ကိုယ့်ရဲ့ Travel Dream ကို မနှောင့်နှေးစေချင်ဘူးဆိုရင်? ✨

🤝 Seagull Service က ကူညီပေးဖို့ အသင့်ရှိပါတယ်။

သင့်အတွက်—

✅ Visa လျှောက်ထားရာမှာ လိုအပ်တဲ့ Documents တွေကို စနစ်တကျ ပြင်ဆင်ပေးခြင်း
✅ Application Form ဖြည့်သွင်းရာမှာ လိုအပ်တာတွေကို ကူညီပေးခြင်း
✅ Documents တွေကို ပြန်လည်စစ်ဆေးပေးခြင်း
✅ Visa Application Process အဆင့်ဆင့်ကို Guide လုပ်ပေးခြင်း
✅ Appointment / Submission Process တွေမှာ လိုအပ်သလို ကူညီပေးခြင်း

အလုပ်များတဲ့သူတွေအတွက် အချိန်ကုန်၊ စိတ်ရှုပ်သက်သာပြီး Visa Process ကို ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်အောင် Seagull Service က အတူတူကူညီပေးပါမယ်။ 💙

Visa ကိစ္စကို စိတ်ပူနေမယ့်အစား
ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်မြင်ချင်တဲ့အရာတွေအကြောင်းပဲ စိတ်ကူးလိုက်ပါ။✈️🌏

🌟 သင့်ရဲ့ Next Trip ကို စတင်ဖို့ Visa Service လိုအပ်နေပြီဆိုရင် Seagull Service ကို ယခုပဲ ဆက်သွယ်လိုက်ပါ။

💬 Visa ဘယ်နိုင်ငံအတွက် လျှောက်ချင်တာလဲ?
Comment မှာ နိုင်ငံနာမည်လေး ရေးခဲ့ပါ။
Seagull Service မှာ လျှောက်ထားနိုင်မယ့် Visa Process နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ပါတယ်။ 👇

📞 Seagull Service သို့ ဆက်သွယ်ရန်

09 798 338 900
09 400 594 959

📌 UID (ကတ်) ပျောက်သွားရင် ဘာလုပ်ရမလဲ? 🤔"ကတ်ပျောက်သွားပြီ... Passport လုပ်လို့ရဦးမလား?""နယ်ကနေလာရတာ... ဘယ်ကိုသွားရမလဲ?"ဒီ...
07/08/2026

📌 UID (ကတ်) ပျောက်သွားရင် ဘာလုပ်ရမလဲ? 🤔

"ကတ်ပျောက်သွားပြီ... Passport လုပ်လို့ရဦးမလား?"

"နယ်ကနေလာရတာ... ဘယ်ကိုသွားရမလဲ?"

ဒီလိုမေးခွန်းတွေကို Seagull Service မှာ နေ့တိုင်းနီးပါး လက်ခံရရှိနေပါတယ်။

အမှန်တော့ UID (ကတ်) ပျောက်သွားတယ်ဆိုတာ စိုးရိမ်စရာမလိုပါဘူး။မှန်ကန်တဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရင် အဆင်ပြေပါတယ်။

✅ UID (ကတ်) ပျောက်ဆုံးပါက လုပ်ဆောင်ရမည့် အဆင့်များ

① ပထမဦးစွာ
လဝကရုံးတွင် ကတ်ပျောက်ဆုံးကြောင်း သတင်းပို့ရပါမည်

② Biometric ပြန်လည်အတည်ပြုခြင်း
Fingerprint နှင့် မျက်နှာအချက်အလက်များကို ပြန်လည်စစ်ဆေးပြီး e-ID စနစ်တွင် အတည်ပြုပါမည်။

③ UID Reprint ထုတ်ယူခြင်း
အတည်ပြုပြီးနောက် UID (Reprint) ကို ပြန်လည်ထုတ်ယူနိုင်ပါသည်။

---

📍 နယ်မှလာရောက်သူများအတွက်

ရန်ကုန်မြို့ပြင် (နယ်) မှ လာရောက်သူများ အနေဖြင့် ဗဟန်း လဝကရုံးတွင် လာရောက်ဆောင်ရွက်နိုင်ပါသည်။

---

✨ Seagull Service မှ ကူညီဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများ

✅ Passport Consultation

✅ Passport Appointment Booking

✅ Passport Application Assistance

✅ Visa Consultation

✅ Thailand / India / Vietnam / Malaysia / Hong Kong Visa

✅ Flight Ticket Booking

✅ Hotel Reservation

---

📩 မရှင်းလင်းတာများရှိပါက Messenger မှ အခမဲ့ လာရောက်မေးမြန်းနိုင်ပါသည်။

📞 Hotlines
09 798 338 900
09 400 594 959

Seagull Service
"From Passport to Visa, We Make Your Journey Easier." ✈️

---

🇹🇭 25 MORE THAILAND VISAS APPROVED! ✈️Visa တစ်စောင် Approved ဖြစ်ဖို့ဆိုတာ ကံကောင်းရုံနဲ့ မလုံလောက်ပါဘူး။Embassy (သို့) ...
07/08/2026

🇹🇭 25 MORE THAILAND VISAS APPROVED! ✈️

Visa တစ်စောင် Approved ဖြစ်ဖို့ဆိုတာ ကံကောင်းရုံနဲ့ မလုံလောက်ပါဘူး။

Embassy (သို့) Consular Officer အနေနဲ့ လျှောက်လွှာတစ်စောင်ကို စိစစ်တဲ့အခါ စာရွက်စာတမ်းများ၏ ပြည့်စုံမှု၊ အချက်အလက်များ၏ ကိုက်ညီမှု (Consistency) နှင့် လျှောက်ထားသူ၏ Eligibility ကို အဓိကထား သုံးသပ်ကြပါတယ်။

ဒါကြောင့် Seagull Service မှာ Visa Application တိုင်းကို Document Accuracy, Information Consistencyနဲ့ Complete Supporting Documentsကို အဓိကထား ပြင်ဆင်ပေးပါတယ်။

ယခုအခါ Thailand Visa Approved (၂၅ ဦး ထပ်တိုး)ကို ဝမ်းမြောက်စွာ မျှဝေပေးလိုက်ပါတယ်။ 🎉

📊 Latest Approved Results

🎓 ED Plus Visa — 14 ဦး

🏖TR (Tourist) Visa — 11 ဦး

---

🏆 Our Track Record

🎓 ED Plus Visa — 99% Approval Rate

🏖 TR Visa — 98% Approval Rate

💻 DTV Visa — 100% Approval Rate (No Reject Record )

Approval သည် သံရုံး၏ နောက်ဆုံးဆုံးဖြတ်ချက်အပေါ် မူတည်ပါသည်။ အထက်ပါအချက်အလက်များမှာ Seagull Service ၏ ယနေ့အထိ လျှောက်ထားပေးခဲ့သော Case များအပေါ် အခြေခံထားသော မှတ်တမ်းဖြစ်ပါသည်။

---

🌏 Visa Services

🇹🇭 Thailand ED Plus Visa (All Universities)

🇹🇭 Thailand TR Visa

🇹🇭 Thailand DTV Visa

🇮🇳 India 1-Year Multiple Entry Visa

🇻🇳 Vietnam 3-Month E-Visa

🇲🇾 Malaysia Visa

🇭🇰 Hong Kong Visa

---

✈️ Complete Travel & Visa Support

Seagull Service မှာ Visa လျှောက်ပေးရုံသာမက—

✔ Passport Consultation

✔ Passport Appointment Booking

✔ Visa Eligibility Assessment

✔ Document Review & Preparation

✔ Flight Ticket Booking

✔ Hotel Reservation

✔ Complete Travel Itinerary Planning

✔ Application Follow-up

---

💼 Our Working Process

📋 လျှောက်ထားသူ၏ Eligibility ကို အရင်သုံးသပ်ပေးခြင်း။

📑 စာရွက်စာတမ်းများကို ပြည့်စုံမှန်ကန်အောင် စစ်ဆေးပြင်ဆင်ပေးခြင်း။

📝 Embassy တွင် တင်သွင်းမည့် အချက်အလက်များကို တစ်သမတ်တည်း (Consistent) ဖြစ်စေရန် စီစဉ်ပေးခြင်း။

📌 လျှောက်လွှာကို သက်ဆိုင်ရာ Embassy Requirement များနှင့် ကိုက်ညီအောင် ပြင်ဆင်ပေးခြင်း။

---

နိုင်ငံခြားခရီးစဉ်တစ်ခုရဲ့ အစက Visa Application ဖြစ်ပြီး၊ Visa Application တစ်ခုရဲ့ အခြေခံကတော့ မှန်ကန်ပြီး ပြည့်စုံတဲ့ စာရွက်စာတမ်းများ ဖြစ်ပါတယ်။

အဲဒီအတွက် Seagull Service က အတွေ့အကြုံ၊ စနစ်တကျပြင်ဆင်မှုနဲ့ Professional Service ကို အမြဲ ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါတယ်။

📩 Messenger မှ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

📞 **Hotlines**
09 798 338 900
09 400 594 959

---

📢 CEIR ဖုန်းမှတ်ပုံတင် (Tax) နောက်ဆုံး Update (August 2026)ပြည်ပမှ ယူဆောင်လာသော မိုဘိုင်းဖုန်းများအတွက် CEIR မှတ်ပုံတင်န...
05/08/2026

📢 CEIR ဖုန်းမှတ်ပုံတင် (Tax) နောက်ဆုံး Update (August 2026)

ပြည်ပမှ ယူဆောင်လာသော မိုဘိုင်းဖုန်းများအတွက် CEIR မှတ်ပုံတင်နှင့် အခွန်ပေးဆောင်ခြင်း ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။

✅ အရေးကြီးတဲ့ Update

* PD Form ပါရှိပြီး လိုအပ်သောစာရွက်စာတမ်းများ အပြည့်အစုံတင်ပြပါက အခွန်ပေးဆောင်ခြင်းလုပ်ငန်းစဉ်က မြန်ဆန်ပါတယ်။
* ဥပမာအားဖြင့် iPhone 17 တစ်လုံးအတွက် 196,010 ကျပ် ကျသင့်ခဲ့ပြီး KBZPay (KPay) ဖြင့် ပေးဆောင်နိုင်ပါတယ်။
* ယခင်က Online တွင် သိန်း ၆ ကျော်ကျသင့်ခဲ့သည့် Case များရှိသော်လည်း လက်ရှိတွင် ဖုန်းအမျိုးအစားနှင့် တန်ဖိုးပေါ်မူတည်၍ ကွဲပြားနိုင်ပါတယ်။

📄 CEIR ဆောင်ရန် လိုအပ်သောစာရွက်စာတမ်းများ

* Passport
* Boarding Pass
* Air Ticket
* Passenger Declaration Form (PD Form)
* CEIR လျှောက်လွှာ
* မှတ်ပုံတင်မည့် ဖုန်း (မဖြစ်မနေ ယူဆောင်လာရမည်)

👥 ကိုယ်စားသွားဆောင်လို့ရပါသလား?

ရပါတယ်။
သို့သော် အောက်ပါစာရွက်စာတမ်းများကို ယူဆောင်လာရပါမယ်။

* ဖုန်း
* Passport မိတ္တူ
* Air Ticket (မူရင်း + မိတ္တူ)
* Boarding Pass (မူရင်း + မိတ္တူ)
* မြန်မာနိုင်ငံဝင်တံဆိပ်ပါ Passport စာမျက်နှာ မိတ္တူ
* PD Form
* CEIR လျှောက်လွှာ

❓ PD Form မလုပ်ခဲ့ရင်?

* ရက် ၃၀ မကျော်သေးပါက
* CEIR Website မှတဆင့် Online လျှောက်ထားနိုင်သလို
* Customs ရုံးတွင်လည်း လာရောက်ဆောင်ရွက်နိုင်ပါတယ်။
* ဒဏ်ကြေးရှိပါက အခွန်နှင့်အတူ တစ်ခါတည်းပေါင်းတွက်ပေးပါတယ်။

❓ ရက် ၃၀ ကျော်ပြီး SIM ပိတ်သွားရင်?

* Online သို့မဟုတ် ရုံးတွင် ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။
* Website တွင် Approval စောင့်ရသည့် Case များလည်း ရှိနိုင်ပြီး နေပြည်တော်ဘက်မှ အတည်ပြုပြီးမှ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။

🌍 Foreigner များအတွက်

မြန်မာ SIM Card အသုံးပြုမည့် နိုင်ငံခြားသားများလည်း ရက် ၃၀ ကျော်ပါက CEIR မှတ်ပုံတင်နှင့် အခွန်ပေးဆောင်ရန် လိုအပ် ပါတယ်။

⚠️ Dual SIM ဖုန်းများ သတိပြုရန်

IMEI နှစ်ခုရှိသင့်သော ဖုန်းများတွင် System တွင် IMEI တစ်ခုပဲ ပေါ်နေပါက Case အလိုက် စစ်ဆေးမှုများ လိုအပ်နိုင်ပြီး Officer ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သင့်ပါတယ်။

မှတ်ချက်: အခွန်နှုန်းထားများသည် ဖုန်းအမျိုးအစား၊ တန်ဖိုးနှင့် သက်ဆိုင်ရာ စည်းမျဉ်းများအပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။

📩 CEIR၊ PD Form၊ Passport၊ Visa နှင့် Travel Service များအတွက် Seagull Service သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🇻🇳 ဗီယက်နမ်ကို သွားမယ်ဆိုရင် ဘယ်မြို့ကို ရွေးချယ်မလဲ?ဗီယက်နမ်ဟာ မြို့တစ်မြို့နဲ့ တစ်မြို့ မတူညီတဲ့ အတွေ့အကြုံတွေကို ပေးစ...
04/08/2026

🇻🇳 ဗီယက်နမ်ကို သွားမယ်ဆိုရင် ဘယ်မြို့ကို ရွေးချယ်မလဲ?

ဗီယက်နမ်ဟာ မြို့တစ်မြို့နဲ့ တစ်မြို့ မတူညီတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။

သမိုင်းနဲ့ ယဉ်ကျေးမှုကို နှစ်သက်သူပဲဖြစ်ဖြစ်၊ ခေတ်မီမြို့ပြဘဝကို ခံစားချင်သူပဲဖြစ်ဖြစ်၊ သဘာဝနဲ့ ကမ်းခြေအလှကို ရှာဖွေနေသူအတွက် ကိုက်ညီတဲ့ မြို့တစ်မြို့ အမြဲရှိနေပါတယ်။

🏛️ Hanoi – ယဉ်ကျေးမှုနဲ့ သမိုင်းကို ချစ်သူများအတွက်


ဗီယက်နမ်ရဲ့ မြို့တော်ဖြစ်တဲ့ Hanoi က နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်းကို ထိန်းသိမ်းထားတဲ့ မြို့ပါ။

✨ မဖြစ်မနေ သွားသင့်တဲ့နေရာများ
• Hoan Kiem Lake
• Old Quarter
• Train Street
• Halong Bay

🍜 မလွတ်တမ်း မြည်းစမ်းသင့်တဲ့ အစားအသောက်
• Pho
• Bun Cha
• Egg Coffee

📸 Photo Spot
Hoan Kiem Lake နဲ့ Train Street က Instagram မှာ လူကြိုက်များတဲ့ နေရာတွေပါ။

🌆 Ho Chi Minh City – ခေတ်မီမြို့ပြဘဝကို နှစ်သက်သူများအတွက်

ဗီယက်နမ်ရဲ့ အကြီးဆုံး စီးပွားရေးမြို့ဖြစ်တဲ့ Ho Chi Minh City ဟာ Shopping၊ Café Culture နဲ့ Nightlife ကို နှစ်သက်သူတွေအတွက် အကောင်းဆုံးနေရာပါ။

✨ မဖြစ်မနေ သွားသင့်တဲ့နေရာများ
• Landmark 81
• Nguyen Hue Walking Street
• Saigon Central Post Office
• Cu Chi Tunnels

🍜 နာမည်ကြီး အစားအသောက်
• Cơm Tấm (Broken Rice)
• Bánh Xèo
• Vietnamese Iced Coffee

📸 Photo Spot
Landmark 81 နဲ့ Nguyen Hue Walking Street က ညအချိန်မှာ အထူးလှပပါတယ်။

🏖️ Da Nang – အပန်းဖြေခရီးအတွက် အကောင်းဆုံးရွေးချယ်မှု

သန့်ရှင်းတဲ့ ကမ်းခြေတွေ၊ အေးချမ်းတဲ့ မြို့ပတ်ဝန်းကျင်နဲ့ အထင်ကရ Golden Bridge ကြောင့် Da Nang ဟာ ခရီးသွားတွေ အကြိုက်ဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။

✨ မဖြစ်မနေ သွားသင့်တဲ့နေရာများ
• Ba Na Hills
• Golden Bridge
• My Khe Beach
• Hoi An Ancient Town

🍜 နာမည်ကြီး အစားအသောက်
• Mi Quang
• Fresh Seafood
• Coconut Coffee

📸 Photo Spot
Golden Bridge နဲ့ Hoi An Lantern Street က မမေ့နိုင်တဲ့ ဓာတ်ပုံတွေအတွက် အကောင်းဆုံးနေရာတွေပါ။

💙 ဘယ်မြို့က သင့်အတွက် အသင့်တော်ဆုံးလဲ?

🏛️ Hanoi – သမိုင်းနဲ့ ယဉ်ကျေးမှုကို စူးစမ်းချင်သူများ

🌆 Ho Chi Minh City – Shopping၊ Café Hopping နဲ့ မြို့ပြဘဝကို နှစ်သက်သူများ

🏖️ Da Nang – ကမ်းခြေ၊ သဘာဝရှုခင်းနဲ့ အေးအေးချမ်းချမ်း အပန်းဖြေချင်သူများ

✈️ Seagull Travel နဲ့အတူ သင့်စိတ်ကြိုက် ဗီယက်နမ်ခရီးစဉ်ကို အလွယ်တကူ စီစဉ်နိုင်ပါတယ်။

📩 အသေးစိတ်အစီအစဉ်များ၊ ဈေးနှုန်းများနှင့် Promotion များကို သိရှိလိုပါက Seagull Travel ကို Message ပို့ပြီး ဆက်သွယ်
လိုက်ပါ။ 🇻🇳

03/08/2026

New Zealand ကနေ ရောက်လာတဲ့ ချစ်စရာ ဇနီးမောင်နှံရဲ့ Da Nang - Hoi An - Ba Na Hills ခရီးစဉ်လေး အောင်မြင်စွာ ပြီးဆုံးသွားပါပြီခင်ဗျာ။ 🇳🇿✨

ဒီပုံလေးကတော့ Da Nang ရဲ့ နာမည်ကျော် Dragon Bridge ရှေ့မှာ စိတ်ကျေနပ်မှုအပြည့်နဲ့ ပြုံးပျော်နေကြတဲ့ ကျွန်တော်တို့ရဲ့ ဧည့်သည်တော်တွေပါပဲ။ 😁

ခရီးစဉ်အစ၊ အလယ်၊ အဆုံး အရာရာ အဆင်ပြေချောမွေ့အောင် တာဝန်ယူ စီစဉ်ပေးခဲ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။

ခရီးသွားဖို့ ပြင်ဆင်နေတယ်ဆိုရင် Visa, Ticket, Hotel နဲ့ Tour ကိစ္စတွေအတွက် ခေါင်းစားမနေပါနဲ့တော့။

ကျွန်တော်တို့ Seagull Service ကိုသာ အမြန်ဆုံး ဆက်သွယ်လိုက်ပါ။
One Stop စီစဉ်ပေးနေပါပြီဗျ။

Your Trusted Travel Partner! 🕊️
We help you soar above challenges.
✅ Visa 🇲🇲🇹🇭🇻🇳🇲🇾🇮🇳🇰🇭 | Passport | Flight | Hotel | Tour
📱 09 798 338 900 | 09 400 59 49 59
📨 Messenger: http://m.me/seagullxservice

#ဗီယက်နမ်ခရီးစဉ် #ဒါနန်း #ခရီးသွားဝန်ဆောင်မှု #လေယာဉ်လက်မှတ် #ဟိုတယ်ဘိုကင်

Address

Yangon

Alerts

Be the first to know and let us send you an email when Seagull Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share