08/01/2026
ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်တွင် ရန်ကုန်မြို့၊ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့သော Steel Stone Group of Companies ၏ နှစ် ၃၀ ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ဒုဥက္ကဌ ဒေါ်လွင်လွင်ဦး၏ ၆၃ နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲမှ အောင်မြင်ပျော်ရွှင်ဖွယ်ရာ ပုံရိပ်များ ဖြစ်ပါသည်။ 🎂🏢
နှစ်ပတ်လည် ဝန်ထမ်းပျော်ပွဲရွှင်ပွဲ (Annual Staff Party) အခမ်းအနား၌ ကုမ္ပဏီ၏ အားထားရသော ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး မြေကွက်ဆုကြီးများမှစ၍ ဆုငွေအသီးသီး ရရှိခဲ့ကြသော ဝန်ထမ်းများကိုလည်း စီမံခန့်ခွဲမှုဒါရိုက်တာအဖွဲ့ (BOD) မှ လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 🏆🌟🎁 ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်ရည်များကို အမြဲတမ်းတန်ဖိုးထားဂုဏ်ပြုလျက်ရှိပါသည်။
တန်ဖိုးထားရပါသော အဆိုပါအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည့် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များ၊ ကုမ္ပဏီဝန်ထမ်းဟောင်းများ၊ တတ်သိပညာရှင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံးကို Steel Stone Group of Companies မှ စိတ်ရင်းမှန်ဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 🙏❤️
Steel Stone Group of Companies သည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ကြိုးပမ်းအားထုတ်မှုများကို အမြဲတန်ဖိုးထားဂုဏ်ပြုလျက်၊ အနာဂတ်တွင်လည်း ပိုမိုမြင့်မားသော အောင်မြင်မှုများဆီသို့ အတူတကွ ဆက်လက်ချီတက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။ 💪🚀