11/03/2026
မဖြစ်မနေထွက်ရမည့် လုပ်ငန်းသုံးကားများအတွက်
၁) ဖော်ပြပါစာအတိုင်း ကိုးကားပြီးအချက်အလက်များ ဖြည့်ပြီးရိုက်ပြီးရင် ပြည့်စုံအောင် Company Letterhead, YCDC License/ Business License, DICA Extract and Certificate Of Incorporation တွေကို ပူးတွဲအနေနဲ့ ယူသွားပါ
၂) ရပ်ကွက်ရုံးကို တစ်စောင် + မြို့နယ်ထွေအုပ်ကို တစ်စောင် ပြင်ဆင်ပါ
၃) ရပ်ကွက်ရုံးကို အဲ့စာနဲ့ ပူးတွဲပါတွေ ပေးပြီး ရပ်ကွက်ရုံးရဲ့ Endorsement/ လက်မှတ်/တုံး/ထောက်ခံချက် ရယူပါ
၄) ရပ်ကွက်ရုံးစာ နဲ့ မြိုု့နယ်ထွေအုပ်ရုံးကို သွားပြီး တင်ပါ .... (မြို့နယ်က စီစစ်ပြီး သူတို့ Format နဲ့စာပြန်ထုတ်ပေးပါတယ် ...)
၅) အပေါ်က (၁-၄)ထိ စာကိုကားပေါ်တင်ထားလိုက်ပါ.....
လိုအပ်မှထွက်ပါ.... စက်သုံးဆီအား ခြိုးခြံချွေတာပါ.....
အားလုံးအဆင်ပြေစေဖို့ပါ...
မှတ်ချက်။ မြို့နယ်တစ်ခုနဲ့တစ်ခု ကွာခြားနိုင်ပါသည်။
လူတိုင်းအဆင်ပြေစေဖို့ဆုတောင်းလျှက်
လွတ်လပ်စွာShare နိုင်ပါသည်။ Feel free to share if helpful. Please don’t just copy and paste.
For company vehicles that must go out for essential business purposes:
1. Prepare a letter by filling in the required information as referenced. After completing and printing it, attach the following documents and bring them together: YCDC License / Business License, DICA Extract, other permits (if you have), and Certificate of Incorporation
2. Prepare two copies of the letter:
• One for the Ward Administration Office
• One for the Township General Administration Office
3. Submit the letter and the attached documents to the Ward Administration Office and obtain their endorsement / signature / stamp / recommendation.
4. Then go to the Township General Administration Office and submit the endorsed ward letter. (The township office will review it and issue a letter in their official format.)
5. Keep the documents obtained from steps (1) to (4) in your car.
Please only go out when necessary.
This is to ensure everything goes smoothly for everyone.
Note: Procedures may vary from township to township.
Not for Commercial purposes.
Feel free to share if it helps, but please don’t just copy and paste.