Htun Tauk Kyal Real Estate

Htun Tauk Kyal Real Estate Htun Tauk Kyal Real Estate

11/11/2024

တိုက်ခန်းဝယ်တဲ့အခါ BCCနဲ့အစိမ်းဘုတ် ကွဲပြားစွာသိရအောင် တင်ပြလိုက်တယ်။

#မူလရေးသားသူ ကို လေးစားစွာ Credit ပေးပါတယ်။

BCC နဲ့ အစိမ်းဘုတ်

1--BCCဆိုသည်မှာ Building Completion Certificateဟုအဓိပ္ပါယ်ရပြီး စည်ပင်ဌာနကထုတ်ပေးသည့် အဆောက်အဦးပီးစီးကြောင်း အသိအမှတ်ပြုလွှာ ဖြစ်ပါသည်။

အဆောက်အဦးတစ်ခုဆောက်လုပ်ရန်လိုအပ်ချက်များ

အဆောက်အဦးတခုဆောက်လုပ်တော့မည်ဆိုပါက ပိုင်ရှင်မှစည်ပင်ဌာနသို့အဆောက်အဦးဆောက်လုပ်ခွင့်ပြုပါရန်တင်ပြလျှောက်ထားရပါသည်။
လျှောက်လွှာနှင့်အတူ
1-မြေပိုင်ဆိုင်မှုအထောက်အထား(ပုံစံဂရန်)
2-မြေပုံ(မြေစာရင်းပုံစံ ၁၀၅)
3-မြေရာဇဝင်(မြေစာရင်းပုံစံ ၁၀၆)
4-ဆောက်လုပ်မည့်လိုင်စင်ရအင်ဂျင်နီယာ
5-အဆောက်အဦးပုံစံ(BQ)
6-ကုန်ကျစရိတ်တွက်ချက်မှုစာရင်း
7-အဆောက်အဦးဧရိယာအကျယ်အဝန်း တို့ကိုတင်ပြလျှောက်ထားရပါသည်။

ဆောက်လုပ်ခွင့်ပြုခြင်း အစိမ်းဘုတ်

စည်ပင်(အင်ဂျင်နီယာဌာန)မှကွင်းဆင်းစစ်ဆေးကြည့်ရှုပြီးနောက်ကျေနပ်မှုရှိပါက၄င်းတို့ခွင့်ပြုသောပုံစံအတိုင်း
လူနေထိုင်ရန် (သို့) လုပ်ငန်းလုပ်ရန် စည်းကမ်းချက်များနှင့်အညီ "ဆောက်လုပ်ခွင့်ပြုသည့်အမိန့်"
ထုတ်ပေးပါသည်။
ထိုစာရွက်ကိုအများက ဘုတ်စိမ်းစာရွက်(အစိမ်းဘုတ်) ဟုခေါ်ကြသည်။
ထိုစာရွက်သည် ကနဦး အဆောက်အဦးဆောက်လုပ်ရန်ခွင့်ပြုမိန့်သာဖြစ်ပြီး၊ လူနေထိုင်ရန်ခွင့်ပြုမိန့်မဟုတ်ချေ။

အဆောက်အဦးပြီးစီးခြင်း BCC

အဆောက်အဦးများ ဆောက်လုပ်ပြီးစီးသည့်အခါပိုင်ရှင်က ကန်ထရိုက်တာနှင့် အင်ဂျင်နီယာများ၏ထောက်ခံတင်ပြချက်အရ စည်ပင်(အင်ဂျင်နီယာဌာန)မှ ပြီးစီးသည့်အဆောက်အဦးကိုလာရောက်စစ်ဆေးပါသည်။ ကျေနပ်မှုရှိပါက စစ်ဆေးရေးအဖွဲ့၏
စစ်ဆေးတင်ပြချက်အရ စည်ပင်သာယာကော်မတီ အင်ဂျင်နီယာဌါန(အဆောက်အအုံ) က ''အဆောက်အဦးပြီးစီးကြောင်း'' သက်သေခံလက်မှတ်၊ BCC (Building Completion Certificate)
ထုတ်ပေးပါသည်။
ထိုသက်သေခံလက်မှတ်ရှိပါမှအဆိုပါအဆောက်အဦးတွင်
လူနေခွင့်ရှိပါသည်။
BCC လက်မှတ်မရှိပဲနေထိုင်ပါကစည်ပင်မှအရေးယူခြင်းကိုခံရပါမည်။

06/11/2024

ကိုယ်ပိုင်ခြံဝန်းလေးနဲ့ luxury ကျကျလေးနေဖို့ အိမ်မတွေ့လို့စိတ်ညစ်နေတယ်ဆိုရင် 🫦

မင်မင်တို့က ဒီတစ်ခါမှာ ဒေါပုံမြို့နယ် ထဲက ပေ ၂၅ × ၅၀ ပေ (RC 3 ထပ် ) အိမ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါပြီနော် 🫶

သူငယ်ချင်းတွေတူတူစုနေလို့ရမယ်✅
မိသားစုများလည်းပူစရာမလိုပဲ ကျယ်ကျယ်ဝန်ဝန်းနေနိုင်မယ်✅
အဆောင်ဖွင့်စားပြီး စီးပွားရေးပဲလုပ်မလား✅

ဘေဘီကြိုက်တာပြောပဲနော်💋

တစ်ထပ်ချင်းစီတိုင်းမှာ အိမ်သာ ၊ရေချိုးခန်း အပြင် အခန်းတွေအများကြီးထပ်ဖွဲ့လို့ရတဲ့အတွက် အရမ်းကိုအဆင်ပြေပါတယ်

ဧည့်သည့်တွေလာရင်လည်း အေးဆေး တည်းလို့ရအောင် Master bedroom လည်းပါရှိပါသေးတယ်

ဈေးနှုန်းလေးအနေနဲ့ကတော့ သိန်း 6⃣0⃣0⃣0⃣ ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းလို့ရပါမယ်✨

အိမ်ကြည့်မယ်ဆိုရင် (၂) နာရီခန့် ကြိုချိန်းပေးပါ နော်💁‍♂

လမ်းကြုံဝင်ကြည့်ခြင်း သည်းခံပါဗျ
📌📌

အိမ်လေးရဲ့ပုံစံကိုတော့ Video လေးထဲမှာ အသေးစိတ်လေးရှင်းပြထားပါတယ်နော်👇

📞ဆက်သွယ်ရန်📞

𝟬𝟵𝟰𝟬𝟬𝟬𝟵𝟰𝟴𝟳𝟬✨
𝟬𝟵𝟳𝟱𝟳𝟵𝟳𝟵𝟱𝟬𝟴✨
𝟬𝟵𝟰𝟮𝟴𝟭𝟵𝟭𝟴𝟲𝟰 (𝗢𝗳𝗳𝗶𝗰𝗲)✨

အိမ်ခြံမြေ၊ ကွန်ဒိုတိုက်ခန်း ရောင်း/ဝယ်/ငှား ချင်တယ်ဆိုရင် 𝗛𝘁𝘂𝗻 𝗧𝗮𝘂𝗸 𝗞𝘆𝗮𝗹 𝗥𝗲𝗮𝗹 𝗘𝘀𝘁𝗮𝘁𝗲 ကိုသာ သတိရလိုက်ပါ💕

#အိမ်ခြံမြေရောင်းဝယ်ငှား

🙅 မတန်ဘူး မတန်ဘူး🙅👉 ပေအကျယ်အခန်း အပေါ်ထပ်တွေသိန်း ထောင်ကျော် ခေါ်နေကြတဲ့ အချိန် ပေကျယ် အလွှာနိမ့် အခန်းလေးကို သိန်း ၁ ထေ...
23/10/2024

🙅 မတန်ဘူး မတန်ဘူး🙅
👉 ပေအကျယ်အခန်း အပေါ်ထပ်တွေသိန်း ထောင်ကျော် ခေါ်နေကြတဲ့ အချိန် ပေကျယ် အလွှာနိမ့် အခန်းလေးကို သိန်း ၁ ထောင်ကျော်နဲ့ ရမယ်ဆိုတော့...🤔🤔🤔

🍀သာကေတမြို့နယ်ရဲ့ စိတ်ငြိမ်ရပ်ကွက်ဖြစ်တဲ့ (၅) ရပ်ကွက်၊ သုမန (...) လမ်း၊ ကား ၂ စီး ရှောင်လို့ရတဲ့ လမ်းကျယ်ဖြစ်ပြီး၊ မြင်တော်သာလမ်းမကြီး၊ ရှု့ခင်းသာလမ်းမကြီးများအနီးဖြစ်တဲ့အတွက် သွားရေးလာရေးလဲ အဆင်ပြေ👌👌👌

🍀 အကျယ်အဝန်းက ၁၈/၅၄ ပေ၊ မှန်ခန်း အပေါ် ပထမထပ်
🍀 သံပန်း၊ Sunshade တပ်ဆင်ထားပြီး
🍀 ကိုရီးယား ပါကေးခင်ထား၊ ‌အခန်း (၁) ခန်း အုတ်ဖြင့်ဖွဲ့ထား
🍀 မီးဆိုင်းအလှ၊ ဘိုထိုင်၊ ရေချိုးခန်း အုတ်ကန်ပါ
🍀 စာရွက်စာတမ်းအစုံ၊ အရှုပ်အရှင်းကင်း💯💯💯

💰 ဈေးနှုန်းလေးကတော့ 1️⃣5️⃣0️⃣0️⃣
ပိုင်ရှင်တိုက်ရိုက် ညှိနှိုင်းလို့ ရပါတယ် ခင်ဗျာ👌👌

အိမ်ကြည့်မယ်ဆို (၂) နာရီခန့် ကြိုချိန်းပေးပါ ခင်ဗျာ🙏🙏🙏
လမ်းကြုံဝင်ကြည့်ခြင်း သည်းခံပါခင်ဗျာ❌❌❌

www.facebook.com/Htuntaukkyalrealestate1
Htun Tauk Kyal Real Estate
09400094870
09757979508
09428191864 (Office)

လူကြီးမင်းတို့၏ အိမ်ခြံမြေ၊ ကွန်ဒိုတိုက်ခန်း ရောင်း/ဝယ်/ငှား များ ယုံကြည်စွာ အပ်နှံနိုင်ပါသည် ခင်ဗျာ🙏🙏🙏

27/09/2024

"လူ့တန်ဖိုး" ( 9 ) ချက်

1" ပညာတွေတတ်ပြီး အကောင်းအဆိုးကို မခွဲခြားနိုင်ရင် အလကားပါပဲ။

2" ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။

3" အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်ပေးတတ်တဲ့ နှလုံံးသားမရှိရင် အလကားပါပဲ။

4" ရုပ်ရည် ဘယ်လောက်ချောချော
လူတစ်ယောက်ကို လူလို့မမြင်တတ်ရင် အလကားပါပဲ။

5" အသိပညာ ဘယ်လောက်ရှိရှိ
တစ်ခြားသူပြောတဲ့စကားကို
တန်ဖိုးမထားတတ်ရင် အလကားပါပဲ။

6" အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ။

7" ဘယ်လောက်ပဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ်မရှိရင် အလကားပါပဲ။

8" ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို ကြွေးကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။

9" အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ
မကြိုက်ရင် အလကားပါပဲ။

တကယ်တော့
လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်း မဟုတ်ပါဘူး။

တခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသား...
ဂရုစိုက်နားထောင်ပေးတတ်တဲ့ စာနာတတ်တဲ့ နား...
ပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ...
အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့...
အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့

လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ ပျောက်ကွယ်လာပြီး
လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

12/09/2024

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ.......

တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက်တိုက်ခန်းတစ်ခု ပြပေးရတုံးက လာကြည့်တဲ့ဧည့်သည်က တိုက်ခန်းအမည်ပေါက်ရမှာလားလို့ မေးတာ ကြုံဖူးပါတယ်။ အမည်ပေါက်ဖောက်ချင် ဖောက်လို့ရပါတယ်။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြောလိုက်တော့ ငြိမ်သွားပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား........? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ.......? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ?

ဝါရင့်အိမ်ခြံမြေ ရှေ့နေတစ်ယောက်ကလည်း ရိုးရိုးကန်ထရိုက်တိုက်ခန်းက နာမည်ပေါက်ဖောက်စရာမလို..၊ အခွန်ဆောင်စရာမလိုလို့ ပြောနေတာ ကြားခဲ့ရဖူးပါတယ်..။တစ်ခြားရှေ့နေတစ်ယောက်ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်..။ ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက်ရတယ်ဆိုတာ ဥပဒေကျွမ်းကျင်သူတွေတောင် မသိတာ ဘာကြောင့်လဲ.......?

အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်..၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင်နာမည်ပေါက် ဖောက်ခိုင်းပါတယ်..။ အောက်မှာပြထားတဲ့ ပုံ(၁)အရ အလုံ၊တာမွေ၊ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊လှိုင်၊ရန်ကင်း၊အင်းစိန်မြို့နယ်တွေမှာရှိတဲ့ အတွင်းလမ်းက မြေညီတိုက်ခန်းတစ်ခန်းကို ၁စတုရန်းပေ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်..။

၁၂ခွဲ x ၅၀ပေရှိတဲ့ မြေညီထပ်တစ်ခန်းဆိုပါစို့..။ စုစုပေါင်း ၆၂၅ စတုရန်းပေရှိပါတယ်..။ ၆၂၅ x ၄၅,၀၀၀=၂၈,၁၂၅,၀၀၀ သိန်းရှိပါတယ်..။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁သိန်းကျော်ပါတယ်..။ ၂၈၁.၂၅သိန်းပေါ်မှာ အခွန် ၁၅%+ တံဆိပ်ခေါင်းခွန် ၄% = စုစုပေါင်း ၁၉%ဖြစ်တဲ့ ၅,၃၄၃,၇၅၀ သိန်း အခွန်ဆောင်ရပါမယ်..။(အခွန် ၁၅% က ငွေဖြူရှိရင် ချေ(Claim)လို့ရပါတယ်..။ ၄%ဖြစ်တဲ့ တံဆိပ်ခေါင်းခွန်ကတော့ မဆောင်မနေရပါ..။ ချေလို့မရပါ..။)

မြေညီတိုက်ခန်းတစ်ခန်းဝယ်ပြီး နာမည်ပေါက်ဖောက်ချင်ရင် သိန်း ၅၀ကျော် အခွန်ဆောင်ရမယ်လို့ ဖြစ်လာပါတယ်..။

ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက်နဲ့ စီးပွားရေးတွက် တွက်တတ်ချက်တတ်တဲ့ အဝယ်တို့ လက်ဝါးရိုက်ပါပြီ..။ အခွန်ဘာလို့ ဆောင်နေမလဲ??? မြေရှင်ကို လက်မှတ်ထိုးခိုင်းလိုက်..၊ ပိုက်ဆံနည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရောမဟုတ်လား..။ အမည်ပေါက် ဘာလို့ ဖောက်နေမလဲဆိုတဲ့ ရောင်းသူဝယ်သူ အသံတူတာတွေ ဖြစ်ကြပါလိမ့်မယ်..။

တိုက်ခန်းအရေအတွက်က များတာရယ်..၊ အမည်ပေါက်ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်..၊ ရုံးမသွားချင်ကြတာရယ်..၊ ငွေမကုန်ချင်တာရယ်..၊ အခွန်ဆောင်လည်း ဘာအကျိူးရလဒ်မှ ထူးခြားထွက်ပေါ်မလာတာရယ်ကြောင့် အခွန်ဆောင်မနေတော့ပဲ မြေရှင်ကိုပဲ ခေါင်သူကြီးနေရာထားပြီး နှစ်ယောက်ရောင်း..၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင် မြေရှင် အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင် စသဖြင့် သူ့အရပ်နဲ့သူ့ဇာတ် လုပ်ကြရင်း မြေရှင်လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်..။တိုက်ခန်းဥပဒေက အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်..။(အစိုးရရဲ့ စည်းမျဉ်းဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက်တစ်ချက်ပါ..။)

အိုးအိမ်ဌာနကပိုင်တဲ့တိုက်ခန်းတွေမှာတော့ အမည်ပေါက်စာအုပ်ထုတ်ပေးထားပါတယ်..။ အမည်ပေါက်ဖောက်ချင်ရင် အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ရပါတယ်..။ တစ်ချို့လည်း အမည်ပေါက်မပြောင်းပဲ စာချုပ်အဆက်ဆက်နဲ့ ဆက်ဝယ်သွားကြတာလည်း ရှိပါတယ်..။ အိုးအိမ်တိုက်တွေမှာတော့ မြေရှင်လက်မှတ်ထိုးပေးဖို့ မလိုပါဘူး..။ဌာနမှာ အမည်ပေါက်စစ်ဆေးလို့ရပါတယ်..။

ကန်ထရိုက်တိုက်ခန်းနဲ့ အိုးအိမ်တိုက်ခန်းလို့ (၂)မျိူးရှိရာမှာ ကန်ထရိုက်တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ လိုပါတယ်..။အကြောင်းအမျိူးမျိူးကြောင့် မြေရှင်လက်မှတ်မထိုးချင်ရင်ဖြစ်ဖြစ်..၊ မြေရှင်က လက်မှတ်ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နူန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက်ဖောက်လို့ရပါတယ်..။အစိုးရဆီမှာ တရားဝင်အမည်ပေါက်ပြီးသားတိုက်ခန်းဆိုရင် မြေရှင်လက်မှတ်မလိုပါဘူး..။

(ကန်ထရိုက်တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက်ပြောင်းထားတယ်ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ပါတယ်..။တကယ့် တစ်ခါမှ တစ်ခါပါပဲ..။ မိသားစုအမွေအရှုပ်အရှင်းရှိလို့လို့ သိရပါတယ်..။)

ငွေကုန်ကြေးကျပိုများတာ..၊ အလုပ်ပိုတာရှိလာနိုင်တာမို့ မြေရှင်လက်မှတ်ပဲ တောင်းမလား..၊ အမည်ပေါက်ပဲ ဖောက်မလားဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာဖော်ပြလိုက်ပါတယ်။

Credit : Myanmar Builders Guide
ပြန်လည်ကူးယူဖော်ပြပါသည်။
ကျေးဇူးပါ🌿🌿🌿

12/09/2024

အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ဆိုတာဘာလဲ ?
-------------------------
အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) မရသေးဘဲ လူနေထိုင်ခွင့်မရှိပါဘူး။ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါကတည်ဆောက်ခြင်းအတွက် အခွန်ပေးဆောင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ထံတင်ပြပြီး ကျသင့်အခွန်ပေးဆောင်ရမှာဖြစ်ပါသည်။ ထိုသို့ပေးဆောင်ထားသည့် အခွန်စည်းကြပ်ပြီးကြောင်း ထောက်ခံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနတွင် အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကတော့

၁။ ဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ

၂။ ဆောက်လုပ်ခွင့်ပြုပုံစံ (Drawing) မိတ္တူ

၃။ ဆောက်လုပ်ခွင့်ပုံစံစစ်ဆေးခငွေသွင်းချလံမိတ္တူ

၄။ အဆောက်အအုံပြီးစီးကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်စစ်ဆေးရေး အင်ဂျင် နီယာများ၏မှတ်ချက်ပါရှိသောမှတ်တမ်းစာအုပ် (Log Book)

၅။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ်/အောက်ကူးရန်)

၆။ စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံပုံစံဖြစ်ပါက မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်းနှင့် Fire Safety Certificate မိတ္တူ

၇။ အဆောက်အအုံ၏ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓါတ်ပုံများ

၈။ ရာပြတ်ဌာန၏အခွန်စည်းကြပ်ပြီးကြောင်းထောက်ခံချက်

၉။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင်သန့်ရှင်းရေးဌာန၏ အမှိုက်စွန့်ပစ်ရန်လုံလောက်သည့် အမှိုက်ပုံးထားရှိမည်ဖြစ်ကြောင်းခံဝန်

၁၀။ Lift ပါဝင်သောအဆောက်အအုံဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဓါတ်လှေကား အသုံးပြုခွင့်လက်မှတ်

၁၁။ (၁၈) ခန်းနှင့်အထက် အဆောက်အအုံဖြစ်ပါကTransformer တပ်ဆင်သုံးစွဲခွင့်ပြုကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၏ထောက်ခံချက် စသည့်တို့ဖြင့် လျှောက်ထားရမှာ ဖြစ်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာCreditပေးပါသည်

Credit to original uploader with respect

🏢 ဒေါပုံမြို့နယ် မှာ ပေအကျယ်၊ အလွှာနိမ့် အခန်းလေး ရောင်းဖို့ရှိနေတာ လူကြီးမင်း သိပါရဲ့လား??✨ ဒေါပုံမြို့နယ်၊ လမုတန်း ရပ်...
10/09/2024

🏢 ဒေါပုံမြို့နယ် မှာ ပေအကျယ်၊ အလွှာနိမ့် အခန်းလေး ရောင်းဖို့ရှိနေတာ လူကြီးမင်း သိပါရဲ့လား??

✨ ဒေါပုံမြို့နယ်၊ လမုတန်း ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ မဟာဗန္ဓုလတံတား၊ ဂျပန်တံတားများ နဲ့ အနီးဆုံးနေရာလေးပါ ခင်ဗျာ..

✨ ၁၈/၅၄ ပေ အကျယ်အဝန်း ဆိုတော့ ဘာပြောစရာလိုဦးမလဲ၊ အလွှာကလဲ မှန်ခန်းမပါ ပထမထပ် စစ်စစ်လေးပါ၊ ဘေးတိုက်မရှိတော့ လေဝင်လေထွက်လေးလဲ ကောင်းပါတယ် ခင်ဗျာ...

✨ တစ်အိမ်လုံး ကြွေပြားလေးတွေ ခင်းထားပြီး၊ မီးလိုင်း၊ ဆေးလိုင်း အားလုံး အသစ်၊ သံပန်း၊ Sunshade လေးတွေ တပ်ထားတော့ လုံခြုံရေးအတွက်လဲ စိတ်ချရတာပေါ့...

✨ BCC၊ မီတာ ကျပြီး အရှုပ်အရှင်းကင်းသော တိုက်ခန်းလေးဆိုတော့ အဝယ်မှားမှာ စိတ်မပူရတော့ဘူးပေါ့...💯💯💯

✨ ဈေးနှုန်းလေးကလဲ ပထမထပ်စစ်စစ်လေးကို 1️⃣3️⃣3️⃣5️⃣ သိန်း ပါ ခင်ဗျာ...

✨ ဒီလို အခန်းလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ 09400094870, 09757979508 ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ် ခင်ဗျာ...
Htun Tauk Kyal Real Estate
09400094870, 09757979508
လူကြီးမင်းတို့ရဲ့ အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်း ရောင်းဝယ်ငှားများ ယုံကြည်စွာ အပ်နှံနိုင်ပါတယ် ခင်ဗျာ🙏🙏🙏

တိုက်အသစ် လူမနေရသေးBCC မီတာကပြီးအရှေ့မြောက်အလှည့်အိမ်နံပါတ်ပေါင်းခြင်း ၃၀၆ လေးပါ ခင်ဗျာ🥰🥰🥰 #တိုက်အသစ်စက်စက်လူမနေရသေးသောမ...
29/08/2024

တိုက်အသစ် လူမနေရသေး
BCC မီတာကပြီး
အရှေ့မြောက်အလှည့်
အိမ်နံပါတ်ပေါင်းခြင်း ၃၀၆ လေးပါ ခင်ဗျာ🥰🥰🥰

#တိုက်အသစ်စက်စက်လူမနေရသေးသောမြေညီထပ်ခိုးပါအရောင်း

#လုံးချင်းနဲ့နေရသကဲ့သို့
ကိုယ့်ခြံ ကိုယ့်ဝန်းလေးနဲ့နေရတဲ့အထိအတွေ့မျိူး ဖြစ်စေမယ့်
#တိုက်သစ်မြေညီထပ်ခိုးပါအရောင်း
#လူမနေရသေးပါ

bank ချိတ်ရ

#10ရပ်ကွက်တောင်ဥကလာပ
ဗလိက္က ၁၂ လမ်း

#သစ္စာလမ်းကပ်ရက်
ကားပါကင်၂X၃စီးစာရသော

#လမ်း၄ဖက်၅ဖက်ပေါက်လို့
လူ ​ဖြတ်သန်းသွားလာမူ့များသောကြောင့်

အိပ်ခန်း ၅ခန်း ဖွဲ့ရသောမြေညီထပ် ပါခင်ဗျာ

#ခြံတံခါး၃ထပ်ပါ

#သစ္စာလမ်းမကြီးကျောကပ်
#ဂိတ်ဟောင်းမှတ်တိုင်အနီး

အကျယ်အဝန်း17x54ပေ
ထပ်ခိုးအမြင့် 6ပေ5လက်မ

#အပေါ်ထပ်မှာတော့

Master 1

#ဧည့်ခန်းကျယ် ၁ခန်း
11ပေ9ပေ အကျယ်

#ဘုရားခန်း ၁ခန်း
11ပေ 9ပေ အကျယ်

#အောက်ထပ် မှာတော့
Single room1
(နှစ်ယောက်အိပ် အခန်းကျယ်)

#ဧည့်ခန်းကျယ် ၁ခု

#စတိုခန်း၁ခန်း

#ရေစိုခံပါကေးများကို ခင်းထားပါတယ်

#၁၀သိန်းကျော်တန် ခန်းစီးလိုက်ကာ အထူစားများတပ်ဆင်ထားပြီး

1စုံ ကိုပါထည့်ပေးထားပါတယ်

#ဆေးကောနပ်မီးဆိုင်းများပန်းချီကားချပ်များ

#အလှပန်းအိုးများပါရှိ

#သံဗန်းဆန်းရှိတ် ပတ်ပတ်လည်ပါ သော
ကြောင့် လူနေမူ့အတွက်
လုံခြုံစိတ်ချမူ့ကိုပါခံစားစေရပါမယ်

#နောက်ဖေးမြေပိုက ၁၉ပေx၂၀ပေ ပတ်လည် ပါ ရှိပြီးခြံ ခတ်ပြီးနော်

#ရေချိူးခန်းအိမ်သာ ဘိုထိုင်၂စုံပါ

#ရေတိုင်ဂီ ၂လုံးပါရှိ

#တိုက်ဘေး​​မြောင်းများရေဆင်း၍တိုက်ရှေ့လမ်းရေမတင်မဝပ်ပါ👍

#ကား၃စီးရပ်လို့ရသော👍

#တောင်ဥကလာ #သဃန်းကျွန်း
#အိမ်ခြံမြေအရောင်း


စျေးနူန်း🤑3600သိန်းညှိနိုင်း

ရှာနေတာလေးနဲ့တိုက်ဆိုင်မူ့ရှိခဲ့ပါက အောက်ပါဖုန်းအားဆက်သွယ်မေးမြန်းနိုင်ပါသည်

☎️09 400094870
Htun Tauk Kyal Real Estate

12/03/2024

👉 ကော်ဖီဆိုင်/ လက်ဘက်ရည်ဆိုင်ဖွင့်ချင်သူများအတွက် သတင်းကောင်းလေး ပါးလိုက်ပါတယ် ခင်ဗျာ 🤔🤔🤔

☕ တောင်ဥက္ကလာပမြို့နယ်၊ ရပ်ကွက်မိန်းလမ်းမပေါ်၊ နေရာကောင်း👍👍👍
☕ ၄၀/၆၀ ပေ၊ အကျယ်ကြီးပဲ😲😲😲
☕ Private Room, Private Toilet
☕ အများသုံး ရေချိုးခန်း၊ အိမ်သာ
☕ ဝန်ထမ်းများ နေရန်အတွက် အပေါ်ထပ်လဲ ပါတယ်နော်
☕ မီးပျက်လဲ စိတ်ပူစရာမလိုအောင် မီးစက်ပါ ထားပေးထားတယ်
☕ For Security (above 5 CCTV)
☕ TV၊ စားပွဲ၊ ရေခဲသေတ္တာ
☕ ဆိုင်အတွက်လိုအပ်မယ့် ပန်းကန်၊ ခွက် မျိုးစုံ
☕ အဆင်သင့် ဆိုင်ဖွင့်ရုံ 👌👌👌
💰💰ဈေးနှုန်းလေးကတော့ တစ်လကို သိန်း 2️⃣0️⃣
📅 နှစ်ချုပ်လေးပါ ခင်ဗျာ🙏🙏🙏

🌟 Htun Tauk Kyal Real Estate
☎️09400094870, 09757979508
🕒 (၃) နာရီ ကြိုချိန်းပေးပါ ခင်ဗျာ

🌟 လူကြီးမင်းတို့၏ အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်း၊ ဂိုဒေါင်၊ ရောင်း/ဝယ်/ငှား များ စိတ်ချယုံကြည်စွာဖြင့် အပ်နှံနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏

Address

Bogyoke Street
Yangon
11241

Website

Alerts

Be the first to know and let us send you an email when Htun Tauk Kyal Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category